ဖိုးမှန်
رفتن به کانال در Telegram
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
4 701
مشترکین
-124 ساعت
-447 روز
-30830 روز
آرشیو پست ها
4 701
+2
တနင်္သာရီမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ရေဝင်ရောက်ခဲ့သည့် နေရာများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ တနင်္သာရီမြစ်ရေ မြင့်တက်စဉ် ရေဝင်ရောက်ခဲ့သည့် ချောင်းကြီးရပ်ကွက်၊ ရှင်မအောင်သာလမ်း၊ ကျန်းမာရေးလမ်းနှင့် အထက-တနင်္သာရီစာသင်ကျောင်းတို့၌ မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် တင်ကျန်ရစ်သော နုန်းမြေများနှင့် အမှိုက်များ ရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အောက်တိုဘာ ၅ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့။
ထိုသန့်ရှင်းရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပြ) စုစုပေါင်းဆောင်ရွက်ခဲ့ကြ။
4 701
အကြီးအကဲပုံရိပ် Head of State၊ နိုင်ငံ့ပုံရိပ် Head of State
နိုင်ငံတော်သမ္မတကြီး၏ ( 23.9.2026 ) မှ ( 5.10.2026) အထိ နိုင်ငံ့အကျိုးဆောင်ရွက်မှုများ
4 701
သီးထပ်စိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်
𝙊𝘾𝙏~𝟔
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်ထုတ်ချေးပေးနေသည့်အပြင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအတွက်လည်း တိုးမြှင့်သတ်မှတ်ထားသည့် ချေးငွေနှုန်းထားအတိုင်း ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က အသိပေးထားသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။
4 701
ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၈၇ ဦး ဖမ်းဆီးရမိ
𝙊𝘾𝙏~𝟔
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြိုနယ် နားလုံကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၇၅ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး၊ စုစုပေါင်း ၈၇ ဦးကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သည့် ပူးပေါင်းအဖွဲသည် ဒေသခံများ၏ သတင်းပေးပိုချက်အရ ဟိုပုံးမြိုနယ်အတွင်း ယာယီတဲများဆောက်လုပ်၍ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများကို သတင်းကွင်းဆက်ရယူ စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် နံနက် ၇ နာရီခန့်တွင် နားလုံကျေးရွာအနီး၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာသည် မိုင်းပွန်မြို၏ အနောက်တောင်ဘက် ၂၁ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဖမ်းဆီးရမိသူများနှင့်အတူ အွန်လိုင်းလုပ်ငန်းလုပ်ကိုင်ရန် အသုံးပြုသည့် STARLINK စက် ၄ စုံ၊ All-in-One ကွန်ပျူတာ ၁၇ လုံး၊ လက်ပ်တော့ ၂ လုံးနှင့် ဖုန်းမျိုးစုံ ၅၂၄ လုံးတိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
4 701
တပ်မတော်သားများ စစ်ပညာနှင့် ခေတ်မီလက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ရန် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မှာကြား
𝙊𝘾𝙏~𝟔
တပ်မတော်သားများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် စစ်ပညာနှင့် ခေတ်မီစစ်လက်နက်နည်းပညာများကို အစဉ်လေ့လာလေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်သည့် စွမ်းရည်ရှိရန်လိုအပ်ကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းသို သွားရောက်၍ နည်းပြအရာရှိများ၊ စစ်သည်များနှင့် သင်တန်းသားများကို တွေ့ဆုံစဉ် ထိုသို ပြောကြားခဲ့ခြင်းဖြစ်သည်။
4 701
ဆော်ဒီကမ်းလွန်မှာ အမေရိကန်ရေတပ် ဟယ်လီကော်ပတာတစ်စီး ပျ-က်ကျသွားပုံရ
ဆော်ဒီအာရေးဗီးယား ကမ်းလွန်မှာ အမေရိကန်ရေတပ်ရဲ့ MH-60R Seahawk တို-က်ခိုက်ရေး ဟယ်လီကော်ပတာတစ်စီး အရေးပေါ် အချက်ပြစနစ် ပိုပြီးတဲ့နောက် လေကြောင်းလိုင်း စောင့်ကြည့်စနစ် (flight-tracking platforms) တွေပေါ်ကနေ ပျေ-ာက်ကွယ်သွားတယ်လို BNO News က ဖော်ပြထားပါတယ်။
သတင်းဖော်ပြချက်တွေအရ ဒီဟယ်လီကော်ပတာဟာ အမြင့်ပေ ၄၇၅ ပေလောက်မှာ ပျံသန်းနေတုန်း အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြထားတဲ့ အမြင့်ပေက သုညအထိ ချက်ချင်းထိုးဆင်းသွားပြီး ရေဒါပေါ်ကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ ပိုစ်တွေမှာတော့ ဒီဟယ်လီကော်ပတာဟာ ပင်လယ်နီ (Red Sea) ထဲ ပျ-က်ကျသွားတာ ဖြစ်နိုင်တယ်လို ရေးသားနေကြကြောင်းလည်း သတင်းမှာ ပါရှိပါတယ်။
4 701
ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီး ကွယ်လွန်
မြန်မာ့ရုပ်ရှင်နှင့် ဂီတလောက၏ ဝါရင့်ဂီတပညာရှင် ထပ်ဆင့်အကယ်ဒမီ ဂီတမှူး ဦးခင်မောင်ကြီးသည် (၉၆)ပါးသော ရောဂါဝေဒနာဖြင့် ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅ နာရီတွင် ဘဝတစ်ပါးသို ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျန်ရစ်သူမိသားစု၏ အသိပေးချက်အရ သိရသည်။
ဂီတမှူး ဦးခင်မောင်ကြီးသည် မြန်မာ့ရုပ်ရှင်တေးဂီတလောကတွင် နှစ်ပေါင်းများစွာ ပါဝင်ဖြတ်သန်းခဲ့သည့် ဝါရင့်ဂီတပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများအတွက် နောက်ခံတေးဂီတနှင့် တေးသံစဉ်များ ဖန်တီးပေးခဲ့သူဖြစ်သည်။
4 701
နေပြည်တော်၊ အောက်တိုဘာ ၆
နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းများကို စနစ်တကျဖြင့် အဆင့်အတန်းမီစွာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပြောကြား
4 701
+6
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တိုက်ကြီးတပ်နယ်၊ အင်းတိုင်တပ်နယ်၊ ရဲမွန်တပ်နယ်တို့ရှိ သင်တန်းကျောင်းများအား လှည့်လည်ကြည့်ရှု စစ်ဆေး။
အောက်တိုဘာလ- ၅ ရက်။
4 701
လေယာဉ်လက်မှတ် ဈေးပိုပေးဝယ်ရပါက အထောက်အထားဖြင့် တိုင်ကြားနိုင်ကြောင်း DCA အသိပေး
လေယာဉ်လက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုပေးဝယ်ခဲ့ရပါက တိကျသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာလေကြောင်းလိုင်းများထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဈေးနှုန်းပိုမိုရောင်းချမှုများနှင့် လိမ်လည်ရောင်းချမှုများကို စိစစ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) က အသိပေးထားသည်။
4 701
ဂျာမနီထောက်လှမ်းရေးအဖွဲ အကြီးအကဲက ရုရှားဆင်နွှသည့် လျှိဝှက်စစ်ပွဲ အရှိန်မြင့်တက်လာသည်ဟု သတိပေး
မော်စကိုက ညွှန်ကြားသည့် ပေါင်းစပ်တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် ဂျာမနီသည် ရုရှားနှင့်ဖြစ်ပွားသည့် ပဋိပက္ခထဲဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေသည်ဟု ဂျာမနီ၏ပြည်ပထောက်လှမ်းရေးအကြီးအကဲက အောက်တိုဘာ ၅ ရက်တွင် သတိပေးခဲ့သည်။
4 701
Flydubai တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်သိုသွားမည့် လေယာဉ်ကို ပြန်ပေးဆွဲရန် ရည်ရွယ်ခဲ့ပြီး နောက်မှ စိတ်ပြောင်းသွားဟုဆို
Flydubai လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သူဟု စွပ်စွဲခံထားရသည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်မြိုသို ပျံသန်းမည့် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ပျက်ကျစေရန် ရည်ရွယ်ခဲ့ပြီး နောက်မှ လေယာဉ်ပေါ်တွင် မိမိနှင့်သိကျွမ်းသူတစ်ဦး လိုက်ပါလာသည်ကို သိရသဖြင့် စိတ်ပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ထုတ်ပြောခဲ့သည်။
4 701
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြိုနယ် နားလုံကျေးအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၈၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး
4 701
ရန်ကုန်-ပြည်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကား မျက်နှာချင်းဆိုင်တိုက် (၃)ဦးဒ-ဏ်ရာရ
ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ဆီဘောက်ဆာကားနှင့် စပါးများတင်လာသည့် (၆)ဘီးကားတို မျက်နှာချင်းဆိုင်တို-က်မိခဲ့မှု ယနေ့ အောက်တိုဘာ ၅ ရက်ညနေ ၄ နာရီခွဲကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားနှစ်စီးသည် အုတ်ဖိုမြိုနယ်၊ ရန်ကုန်-ပြည်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၁၈/၂ တွင် မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ကာ အုတ်ဖိုမြိုနယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Noted: ဘယ်လိုစဉ်းစား စဉ်းစားလုံးဝ စဉ်းစားမရဘူး။ မျက်နှာချင်းဆိုင်တိုက်တယ်ဆိုတာကြီးက။ အဖြစ်နိုင်ဆုံးကတော့ မင်းမတိန်းရင် ငါလည်းမတိန်းဘူးကွာဆိုပြီး လမ်းဖယ်မပေးပဲ မောင်းလို့သာဖြစ်ဖို့များပါတယ်။ ကားကြီးမောင်းတဲ့သူတွေကြည့်ရင် ဉာဏ်နည်းသူကများပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။
4 701
+3
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတ က လိုအပ်သည်များလမ်းညွှန်မှာကြား
မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညိုရာသီ ဥတုဒဏ်ကိုကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများဖွင့်လှစ်ခြင်း၊ ဆည်၊ တာတမံများ၌ရေများ စုဆောင်းခြင်း၊ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ကြာရှည်စွာအထားခံ စားသောက်၍ ရနိုင်သည်များကို စုဆောင်းထားရှိခြင်းနှင့် သီးနှံများကို တိုးချဲ့စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန်မှာကြားသည်။
ပြည်ပဈေးကွက်လိုအပ်ချက် မြင့်မားစွာ ရှိနေသည့်အတွက် နိုင်ငံ့စီးပွားရေးအားကောင်းလာနိုင်ရန် လိုအပ်နေသည်မှာ မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ က မှာကြားသည်။
4 701
+5
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျအကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲကြရန် နိုင်ငံတော်သမ္မတမှာကြား
လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတိုအတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် အဓိကကျသည့်ကဏ္ဍများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေများကိုနှစ်စဉ်တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားရာတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
4 701
ပြင်သစ်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ European Left Alliance ကို စုံစမ်းစစ်ဆေးရန် ECR ကြိုးပမ်း
𝙊𝘾𝙏~𝟓
ဥရောပပါလီမန်အတွင်းရှိ European Conservatives and Reformists (ECR) အဖွဲက ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး European Left Alliance (ELA) ကို ဥရောပသမဂ္ဂရဲ့ နိုင်ငံရေးပါတီများဆိုင်ရာ စောင့်ကြည့်ရေးအဖွဲက စုံစမ်းစစ်ဆေးနိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရန် လက်မှတ်တွေ စုဆောင်းနေတယ်လို POLITICO က ဖော်ပြပါတယ်။
4 701
ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ဆွတ်ခူး
ဆွီဒင်နိုင်ငံ၊ ကာရိုလင်စကာ အင်စတီကျု (Karolinska Institutet) ရဲ့ နိုဘယ်လ်ကော်မတီကနေ ၂၀၂၆ ခုနှစ်အတွက် ဆေးပညာနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို သိပ္ပံပညာရှင် ၃ ဦးဖြစ်တဲ့ ကားလ် ဒိုင်စရော့ (Karl Deisseroth)၊ ပီတာ ဟက်ဂ်မန်း (Peter Hegemann) နဲ့ ဂေါ့ဂျ် နာဂယ်လ် (Georg Nagel) တိုကို ချီးမြှင့်လိုက်ပါတယ်။
သူတို ၃ ဦးဟာ "အလင်းနဲ့ ထိန်းချုပ်နိုင်တဲ့ အိုင်းယွန်း လမ်းကြောင်းတွေ (light-gated ion channels) နဲ့ အော့ပ်တိုဂျင်နက်တစ် (optogenetics) နည်းပညာကို ရှာဖွေတွေ့ရှိခဲ့တာ" ကြောင့် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။
4 701
ကုလသမဂ္ဂညီလာခံ လာတက်သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်က နှင်ထုတ်
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးသည် အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသဖြင့် ၎င်းတိုကို နှင်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
“ကုလသမဂ္ဂ အထွေထွေညီလာခံ ပြီးသွားပြီးတဲ့နောက် အချိန်အတော်ကြာသည်အထိ နယူးယောက်မှာ ဆက်လက်ရှိနေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲဝင် နှစ်ဦးကို အမေရိကန်နိုင်ငံကနေ နှင်ထုတ်လိုက်ပါပြီ” ဟု အမေရိကန်အရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထိုကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေကြောင်းလည်း ၎င်းအရာရှိကပြောသည်။
