fa
Feedback
Dr Khaing Khaing Soe

Dr Khaing Khaing Soe

رفتن به کانال در Telegram

Official Spokesperson for the President of the Republic of the Union of Myanmar

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
3 195
مشترکین
-224 ساعت
+107 روز
+40530 روز
آرشیو پست ها
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု နေပြည်တော်၊ ဇွန် - ၁၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမို ရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတခဲနက် ဆန္ဒမဲပေးရွေးချယ် ခဲ့သည့် ဒီမိုကရေစီအစိုးရဖွဲ့စည်း တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော် ထံသို့လာရောက်အပ်နှံခဲ့ပါသည်။ အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊  နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ ဦးစွာ နိုငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီး နှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။ ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိသော နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်း မှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း သတင်းရရှိသည်။    

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ က နိုင်ငံတော်သမ္မတကြီးအား လာအိုနိုင်ငံသို့တရားဝင်ခရီးစဉ် လာရောက်ရန် အထူးကိုယ်စားလှယ်မှတစ်ဆင့် ဖိတ်ကြား နေပြည်တော်၊ ဇွန်လ (၁၂) ရက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. ThongsavanPHOMVIHANE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားနိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲ၌ နှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာ-အာဆီယံ ဆက်ဆံရေး မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ လာအိုနိုင်ငံဒုတိယဝန်ကြီးချုပ်က ပြောကြားရာမှာ မိမိအနေဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအား လာအိုနိုင်ငံသို့နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်ရန် မိမိတို့နိုင်ငံသမ္မတကြီး၏ အထူးကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် လာရောက်ဖိတ်ကြားခြင်းဖြစ်ပါကြောင်း၊ တတ်နိုင်သမျှ အစောဆုံးလာရောက်စေလိုပါကြောင်း၊ ယင်းသိုလာရောက်ခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာအထောက်အကူပြုမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထိုအပြင် မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ လာအိုအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရကို အပြည့်အဝထောက်ခံကြောင်းလည်းပြောကြားခဲ့ပါသည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ကာလရှည်ကြာတည်တံ့ခိုင်မြဲခဲ့သည့် မြန်မာ-လာအို ချစ်ကြည်ရေးမှတစ်ဆင့် ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်သို ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်

မြန်မာနိုင်ငံ၏ အနာဂတ် ရောင်ခြည်လင်း : ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား ၃၅၀,၀၀၀ ကျော် တိုးတက်လာ နေပြည်တော်၊ ဇွန်လ (၁၂) ရက် နိုင်ငံတော်သမ္မတကြီးသည် ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခင်ပညာသင်နှစ်နှင့် နှိင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ကျောင်းသား ၃၅၀,၀၀၀ (သုံးသိန်းငါးသောင်း) ကျော် တိုးတက်လာကြောင်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရသည်။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ကျောင်းသားဦးရေ သိသိသာသာ တိုးလာခြင်းက ထိုဒေသရှိ ကလေးငယ်များ၏ အနာဂတ် ရောင်ခြည်လင်းဖြာလာပြီဟု ဆိုနိုင်ပါသည်။ ယခုနှစ် ကျောင်းအပ်နှံရက်ကို ဩဂုတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်ပေးထားကြောင်း သတင်းရရှိသည်။ ယင်းသို တိုးမြှင့်ပေးခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရန် နောက်ကျနေသည့် ကလေးများအတွက် ပညာသင်ကြားခွင့် အခွင့်အလမ်း မဆုံးရှုံးစေရန် ရည်ရွယ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ က ယနေ့နံနက်ပိုင်းတွင် ဂါရဝပြုတွေ့ဆုံမည်ဖြစ်။

Repost from Head of State
အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကိုဖွံဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ထိန်းသိမ
အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကိုဖွံဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား နိုင်ငံတော်တွင် အတန်းပညာမြင့်မားပြီး အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ များစွာရရှိရန်လိုအပ်ကြောင်း၊ မိမိတိုနိုင်ငံ၏ပညာရေးကို ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မေလ ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါသည်။ https://www.facebook.com/profile.php?id=61566096501996 https://www.tiktok.com/@headofstatemyanmar https://www.youtube.com/@headofstatemyanmar https://x.com/Head_of_State19 https://t.me/leaderaung

Repost from PPIB.Official
သီလနှင့်လည်းကောင်း၊ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံသောတရား၌တည်သော၊ အမှန်တရား ကိုသိတတ်သော၊မိမိပြုရမည့်ကိစ္စကို သိတတ်သောသူကို လူ
သီလနှင့်လည်းကောင်း၊ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံသောတရား၌တည်သော၊ အမှန်တရား ကိုသိတတ်သော၊မိမိပြုရမည့်ကိစ္စကို သိတတ်သောသူကို လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။ PPIB Links Youtube | Tiktok | Telegram

Good morning! မင်္ဂလာပါရှင့်။

Repost from PPIB.Official
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်စို🌲🌲🌲 🌎ရာသီဥတုပြောင်းလဲမှု (Climate Change) သည် ကမ္ဘာတစ်ဝန်းရှိ လူသားများ၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးကဏ္ဍများအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။ 🌎အပူချိန်မြင့်တက်လာခြင်း၊ ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများနှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်းတိုသည် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များဖြစ်သည်။ 🌎သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော အနာဂတ်အတွက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြပါစို။ PPIB Links Youtube | Tiktok | Telegram