The Legend Of Rosy Clouds(2026)
رفتن به کانال در Telegram
نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
677
مشترکین
+724 ساعت
+297 روز
+10530 روز
آرشیو پست ها
Repost from N/a
The Face Reader (2013)
အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။
ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကိုပြောနိုင်တဲ့ Face Reader ကြီးပါ။
လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။
ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။
သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့.....
ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။
IMDb rating လည်း 6.8/10 ရရှိထားပါတယ်။
အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကိုအကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။
Repost from N/a
My Phone S*x Partner (2012)
ဒီကိုရီးယားဇာတ်ကားက Phone Sex အပြောအဆိုတွေနဲ့အဖော်အချွတ်ဇာတ်ဝင်ခန်းတွေပါတာကြောင့် မိသားစုနဲ့ မကြည့်သင့်ပါ။ 18+movie အချစ်ဇာတ်ကားသန့်သန့်လေးလိုခံစားရမဲ့အနေအထားမျိုးပါ။ဒီဇာတ်ကားလေးကသာမန်၁၈အပေါင်းဇာတ်ကားတွေနဲ့မတူပဲရိုမန့် ဒရမ်မာ ဟာသ အစုံရောသုပ်ထားတဲ့ ဇာတ်ကားဖြစ်နေတာပါ။ အပြင်လောကမှာပါ ဖြစ်တတ်တဲ့ အကြောင်းတရားတွေကို ပေါ့ပေါ့ပါးပါးပဲရိုက်ကူးတင်ဆက်ထားတယ်။ဒီတော့ကြည့်ရှုသူပရိတ်သတ်ကြီးအနေနဲ့ ကြည့်ရတာပျင်းစရာကြီးလိုတောင် သတိရမှာမဟုတ်ပါဘူး။ ဇာတ်လမ်းလေးကတော့ မတော်တဆလွဲချော်မှုလေးတစ်ခုကြောင့်လူနှစ်ယောက်တွေ့ဆုံခဲ့ကြပြီး၊သူတိုနှစ်ယောက်စလုံးမှာလည်း ကြေကွဲစရာ ဖြစ်ရပ်ကိုယ်စီနဲ့ပါ။ နှစ်ယောက်သားရင်းနှီးတာကြာလာတော့သံယောဇဉ်ဖြစ်လာပြီးတစ်ယောက်နဲ့တစ်ယောက်မသိစိတ်ထဲမှာချစ်နေကြရင်းနဲ့ သူတိုကြားမှာမမျှော်လင့်ထားတဲ့အဖြစ်တွေဖြစ်ပေါ်လာခဲ့တဲ့အခါမှာတော့။ ဒီဇာတ်ကားလေးကိုပရိတ်သတ်ကြီးသဘောကျမယ်လိုမျှော်လင့်ပါတယ် ၁၈+ ဆိုနေပေမယ့်လိုပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပြီးကြည့်ရတာတန်ပါတယ
Repost from N/a
By Quantum Physic A Nightlife Venture (2019) WEB-DL 720p
Repost from N/a
By Quantum Physics: A Nightlife Venture (2019)
အခုတစ်ခေါက်မှာတော့ မင်းသား Park Hae Soo, မင်းသမီး Seo Yeji တို့ အဓိကပါဝင်ထားတဲ့အပြင် မင်းသား Choi Tae Joon ပါ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Mystery, Crime ဇာတ်လမ်းအမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း အလယ်တန်းမှာတင် ကျောင်းထွက်ခဲ့ပြီး .. ငွေတိုးချေးစားသူ ကိုယ်စားလှယ်ဂျောင်ဂါ့ထက်ရဲ့ ထောက်ပံ့မှုနဲ့အတူ စားပွဲထိုးဘဝမှ ကလပ်ပိုင်ရှင်တစ်ဦးဖြစ်လာသူ အီချန်းအူ (Park Hae Soo) ဟာ သူ့ကလပ်မှာ မန်နေဂျာအဖြစ် လုပ်ကိုင်ဖို့အတွက် နာမည်ကြီး ပီဒီဆောင်းအွန်းယောင်း (Seo Yeji) ကိုကမ်းလှမ်းခဲ့ပါတယ်... တစ်နေ့မှာတော့ အီချန်းအူရဲ့ အသိ ရဲဌာနမှ ဌာနခွဲမှူးဘတ်ဂီဟွန်းရဲ့ အကူအညီတောင်းမှုကြောင့် rapper ဖရက်တယ် ရဲ့ မူးယစ်ဆေးဝါးအမှုကို စုံစမ်းစစ်ဆေးရာ .. ပါဝင်ပတ်သက်သူတွေဟာ ထင်သလောက် မရိုးရှင်းလာရာမှာတော့ ..အီချန်းအူတစ်ယောက် ဘယ်လိုဖြေရှင်းသွားမလဲ ..ဆောင်းအွန်းယောင်းကရော နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေရှိနေတာလဲဆိုတာကို By Quantum Physics: A Nightlift Venture ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးနော် ..
Repost from N/a
Beasts Clawing at Straws (2020)
ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်..ချို့တဲ့ပြီး အရာရာအဆင်မပြေတဲ့မိသားစုကိုဦးဆောင်နေတဲ့သူ..တစ်နေ့ဆိုင်ပိတ်ချိန် လော်ကာတွေကို ဧည့်သည်ပစ္စည်းကျန်မကျန်စစ်တော့အိပ်ကြီးတစ်လုံးနဲ့ ငွေထုပ်ကြီးသွားတွေ့တယ်…သိမ်းထားပေးပေမဲ့ ငွေထုပ်ကိုလာစုံစမ်းတဲ့သူမရှိဘူးဖြစ်နေတယ်…
သူဘယ်လိုဆက်လုပ်မလဲ….
တစ်ဆက်ထဲမှာပဲ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူ အရာရှိတစ်ယောက်ရဲ့နာမည်နဲ့ ငွေတွေလူဆိုးအဖွဲ့ဆီကနေချေးရင် ထွက်ပြေးသွားတယ်..
ဒီအရာရှိဟာ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ ပြန်မဆပ်နိုင်ရင်
သူ့ကလီဇာတွေထုပ်ပြီး အစိမ်းစားဖို့ဝန်မလေးတဲ့ လူဆိုးအဖွဲ့နဲ့
ဇောချွေးပြန်နေတယ်…သူတို့ဘယ်လိုဆက်ရုန်းကန်လှုပ်ရှားကြမလဲဆိုတာခံစားကြည့်ကြပါ…
Money Is The Second God ..ဆိုတာမျိုးက တစ်ချို့ယုံကြည်ကြတယ်….ယုံရလောက်အောင်လည်း ငွေရှိရင် အတော်များများ အဆင်ပြေနေတာကိုး…..ဒါ့ကြောင့် ငွေနောက်ကို လိုက်ရင်း အလိုက်မတတ်တော့ ကိုယ်က သားကောင်ပြန်ဖြစ်သွားကြတဲ့ သူတွေဒုနဲ့ဒေး…..ဒီကားက နည်းနည်းတော့ သွေးပျက်ချင်စရာကောင်းတယ်…အဓိကမင်းသားကတော့ The King ,Steel Rain,The Divine Move,Cold Eyes တို့နဲ့မြန်မာပရိတ်သတ်တွေလူသိများတဲ့ ကိုရီးယားရဲ့အထင်ကရမင်းသား Woo-sung Jung သရုပ်ဆောင်ထားပါတယ်….
Repost from N/a
The Old Garden (2006)
– အညွှန်း
ဒီတစ်ခေါက်မှာဝောာ့ OC ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ
တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့
Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး
ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ
ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း
အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး
ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။
ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။
ဘာတွေများဆက်ဖြစ်ကြမှာလဲ။
ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။
Repost from N/a
T*A*X*I (1998)
T*A*X*I (1998)
IMDB (7/10)
ဒန်နီယယ်ဟာ ပြင်သစ်နိုင်ငံ မာဆေးမြို့မှာ တက္ကစီမောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကားမောင်းကျွမ်းကျင်မှုမှာတော့ သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်ဘဲ အရှိန်မြင့်ကားမောင်းရာမှာ အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ် တစ်နေ့မှာတော့ ကားမောင်းတာ မကျွမ်းကျင်တဲ့ ရဲအရာရှိ အီမီလီယန်နဲ့ တွေ့ဆုံမိပြီး သူ့ဘဝဟာ မထင်မှတ်ဘဲ ပြောင်းလဲသွားပါတော့တယ်
အီမီလီယန်ဟာ မာဆေးမြို့ထဲမှာ အန္တရာယ်အရှိဆုံး ဘဏ်ဓားပြဂိုဏ်းတစ်ခုဖြစ်တဲ့ Mercedes အဖြူရောင်ကားတွေ အသုံးပြုတဲ့ ဂျာမန်ဓားပြဂိုဏ်းကို လိုက်လံဖမ်းဆီးနေပေမယ့် အကြိမ်ကြိမ် လက်လွတ်နေခဲ့ပါတယ် နောက်ဆုံးမှာတော့ ဒန်နီယယ်ရဲ့ အံ့မခန်းကားမောင်းကျွမ်းကျင်မှုကို အသုံးချဖို့အတွက် သူ့ကို ကူညီပေးရန် တောင်းဆိုလိုက်ပါတော့တယ်
အစပိုင်းမှာ ရဲတွေနဲ့ မပတ်သက်ချင်တဲ့ ဒန်နီယယ်ဟာ အခြေအနေအမျိုးမျိုးကြောင့် အီမီလီယန်နဲ့ ပူးပေါင်းပြီး ဓားပြဂိုဏ်းနောက်ကို လိုက်ဖမ်းရပါတော့တယ် အရှိန်ပြင်းပြင်းနဲ့ လမ်းမပေါ်မှာ ကားလိုက်ဖမ်းတဲ့ အက်ရှင်ခန်းတွေ ရယ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ဒန်နီယယ်နဲ့ အီမီလီယန်တို့ရဲ့ မတူညီတဲ့ စရိုက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဟာသတွေကိုလည်း အပြည့်အဝ ခံစားရမှာဖြစ်ပါတယ်
Luc Besson ရဲ့ ဇာတ်ညွှန်းနဲ့ Gérard Pirès ရဲ့ ဒါရိုက်တာလက်ရာဖြစ်ပြီး အက်ရှင် ကားပြိုင်ပွဲ ဟာသနဲ့ ရဲမှုခင်းဇာတ်လမ်းတွေကို ပေါင်းစပ်ထားတဲ့ ပြင်သစ်ကားကောင်းတစ်ကား ဖြစ်ပါတယ် အရှိန်ပြင်းကားလိုက်ခန်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသတွေကို နှစ်သက်သူတွေအတွက် ဖျော်ဖြေမှုကောင်းကောင်း ပေးစွမ်းနိုင်မယ့် Taxi ရုပ်ရှင်စီးရီးရဲ့ ပထမဆုံးကား ဖြစ်ပါတယ်
Repost from N/a
Crazy Romance (2019)
အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ် အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ A Bona Fide Killer ဇာတ်ကားထဲကမင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်….🤍ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့…ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့….ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်….
Repost from N/a
The Way Home (2002)
ကြည့်လိုက်တာနဲ့ ရင်ထဲနွေးထွေးသွားစေမယ့် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မြေးအဖွား နှစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားပြီး အဖွားဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာနဲ့ မြေးအဖွားနှစ်ယောက်ကြားက သံယောဇဉ်လေးတွေကို နွေးထွေးစွာ ခံစားရစေမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆိုးလ်မြို့ကလာတဲ့ ဆန်းဝူဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ကျေးလက်ဒေသကလေးမှာ စကားမပြောနိုင်တဲ့ သူ့အဖွားနဲ့ ၂ လလောက်နေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဆန်းဝူဆိုတဲ့ ကောင်လေးက အလိုလိုက်ခံထားရတဲ့အတိုင်း အဖွားအပေါ်ကိုလည်း မရိုမသေ ပြုမူဆက်ဆံခဲ့ပါတယ်။ အဖွားဖြစ်သူကတော့ မြို့ပြရဲ့ သက်သောင့်သက်သာရှိမှုတွေကိုသာ မက်မောတဲ့ မြေးဖြစ်သူရဲ့ ရိုင်းစိုင်းမှုတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကို ဘာစကားတစ်လုံးမှ မပြောဘဲ မေတ္တာတရားနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ အဖွားဖြစ်သူရဲ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မပြောင်းလဲတဲ့ မေတ္တာက ဆန်းဝူရဲ့ မာကျောတဲ့ စိတ်ကို တဖြည်းဖြည်း ပျော့ပျောင်းလာစေမလား၊ ဆန်းဝူကရော အဖွားရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကို နားလည်လာပြီး တန်ဖိုးထားတတ်လာမလားဆိုတာကိုတော့ ဇာတ်လမ်းလေးမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကို ငယ်ဘဝအမှတ်တရတွေဆီ ခေါ်ဆောင်သွားပြီး ကြည့်ရှုသူတိုင်းရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်စတွေ ဝဲစေမယ့် ဇာတ်ကားလေးမို့ စိတ်ဝင်စားစွာနဲ့ ကြည့်ရှုပေးကြပါဦးနော်။
အခုခေတ်ကလေးတွေမသိတဲ့ဇာတ်ကားလေး
Hero (2002)
ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၀၂ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး အဓိကဇာတ်ဆောင်အနေနဲ့ Jet Li က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Action,Drama,Historical အမျိုးအစားဖြစ်ပြီး သိုင်းကားကြိုက်နှစ်သက်သူတွေကို သိုင်းကွက်လှလှလေးတွေနဲ့ ဆွဲဆောင်သွားနိုင်မဲ့ကားကောင်းဖြစ်ကြောင်း အာမခံပါတယ်။
ချင်တိုင်းပြည်ရဲ့ အမည်မသိ (Jet Li)လိုခေါ်တဲ့အမတ်တစ်ယောက်ဟာ ချင်ဘုရင်နဲ့တွေ့ဆုံဖို နန်းတော်ထဲကို ဆင့်ခေါ်ခံရပါတယ်။ အကြောင်းအရင်းကတော့ ရှင်ဘုရင်ကိုလုပ်ကြံသတ်ဖြတ်ဖိုချောင်းမြောင်းနေခဲ့တဲ့ လုပ်ကြံသူသုံးယောက်ကို သတ်နိုင်ခဲ့တဲ့အတွက်ကြောင့်ပါပဲ။ Jet Li ဟာ သူအမှန်တကယ်သတ်ခဲ့ကြောင်းကို သက်သေပြနိုင်ဖို လုပ်ကြံသူတွေကိုင်ဆောင်တဲ့ဓားတွေကို ယူဆောင်လာခဲ့ပါတယ်။ သူလို သာမန်အမတ်တစ်ယောက်က ရှင်ဘုရင်ကြောက်လန့်ရတဲ့သူတွေကို သတ်နိုင်ခဲ့ဆိုတော့ ရှင်ဘုရင်က အလွန်အံ့အားသင့်စွာနဲ့ သူဘယ်လိုသတ်နိုင်ခဲ့ကြောင်းကို အသေးစိတ်မေးမြန်းပါတော့တယ်။
သူတကယ်ပဲ သတ်နိုင်ခဲ့တာလား.... ကြည့်ရှုသူတွေကိုပါ မေးခွန်းထုတ်နိုင်လောက်အောင် ထူးခြားတဲ့ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ကြရအောင်။
Repost from N/a
ကာကွယ်ဖိုထုတ်လိုက်တာကာနဲ့ အကြမ်းဖက်တွေအကြိုက်ဖြစ်သွားတဲ့သေနတ်
Repost from N/a
ဒီသေနတ်ထုတ်တာဟာနိုင်ငံကိုကာကွယ်ဖိုဆိုပေးမဲ့လက်တွေမှာတော့အသက်ပေါင်းများစွာကိုအကြမ်းဖက်တဲ့သေနတ်ဖြစ်ခဲ့တဲ့ Ak47
Kalashnikov: AK -47 (2020)
AK-47သေနက်ဖြစ်ပေါ်လာပုံအကြောင်းကိုရိုက်ထားတဲ့ကားပါ
ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်
အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။
ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။
အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။
ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။
ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။
Repost from N/a
A Bo-na Fi-de Kil-ler (2026)
ယူဘိုနာဟာ ဥပဒေရဲ့ ဟာကွက်ကြောင့် လွတ်မြောက်သွားတဲ့ ရာဇဝတ်သားတွေကို ရှင်းလင်းပေးရတဲ့ တစ်ချက်ပစ်၊ တစ်ယောက်သေတဲ့ လက်ဖြောင့်လူသတ်သမားတစ်ဦးပါ။ ဘိုနာက ပင်ပန်းခက်ခဲခဲ့ရတဲ့ အတိတ်ကာလမှာ ရေစက်ပါပြီး ဆုံတွေ့ခဲ့တဲ့ ဂွန်ထယ်ဆောင်းနဲ့ အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားပြီး ယခုအချိန်မှာတော့ ချစ်စဖွယ် သမီးလေးတစ်ယောက်လည်း ရှိထားကြပြီဖြစ်ပါတယ်။ ဆိုးတာကတော့ ထယ်ဆောင်းက "Kingfisher" အကြောင်းကို သတင်းလိုက်ခဲ့ဖူးတဲ့ သတင်းထောက်တစ်ယောက် ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ သုံးနှစ်တာ မီးဖွားခွင့်ကာလ ပြီးဆုံးတဲ့နောက် ဘိုနာက လူသတ်သမားလောကထဲ ပြန်လည်ဝင်ရောက်လာပြီး တစ်ဖက်မှာလည်း ထယ်ဆောင်းက "Kingfisher" အကြောင်းကို တစ်ဖန် ပြန်လည်စုံစမ်းရဖို့ ဖြစ်လာတဲ့အခါမှာတော့… ဘိုနာတစ်ယောက် သူ့ရဲ့ နောက်တစ်ဖက်ခြမ်းကို ခင်ပွန်းဖြစ်သူ မသိအောင် ဖုံးကွယ်ရင်း အလုပ်နဲ့ မိသားစုနှစ်ခုစလုံးကို ဟန်ချက်ညီညီ ထိန်းသိမ်းသွားနိုင်ပါ့မလားဆိုတာကို အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြရအောင်နော်။
ကြည့်ရန်⬇️⬇️⬇️⬇️⬇️
https://t.me/kmv212
Link⬇️⬇️⬇️⬇️⬇️⬇️
https://t.me/kmv212/244
EP....9⬇️⬇️⬇️⬇️⬇️⬇️
https://t.me/kmv212/305
