The Legend Of Rosy Clouds(2026)
前往频道在 Telegram
显示更多
未指定国家未指定类别
680
订阅者
+324 小时
+287 天
+9730 天
帖子存档
+5
Blossom through the cloud (飞到我心上) (တိမ်လွှာထက်မှချစ်ငှက်ငယ်)
"သူ ငါ့ကို သဘောကျနေတယ်လို့ ထင်ခဲ့ပေမဲ့... တကယ်တမ်း သူ့ကို မျက်စိအောက်က အပျောက်မခံနိုင်ဘဲ အရိပ်တစ်ကြည့်ကြည့်နဲ့ သဘောကျမှန်းမသိကျနေတဲ့သူက ငါကိုယ်တိုင်ဖြစ်နေပါလား"
--- ဖုမင်ယွီ ---
"ကျွန်မအိပ်မက်တွေကို ရှင် ရိုက်ချိုးခဲ့ဖူးပေမဲ့... ကိုယ်ပိုင် အတောင်ပံနဲ့ ပျံသန်းပြီး ကျွန်မဘယ်လောက်တော်လဲဆိုတာ ရှင့်ကို သက်သေပြမယ်"
--- ရွမ်စီးရှန် ---
ပရိသတ်ကြီးကရော ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းတဲ့ ဘော့စ်ကိုကိုတွေနဲ့ အလုပ်လုပ်ဖူးကြလား....
အလုပ်ထဲမှာ အဲဒီလို အထက်စီးကနေဆက်ဆံတတ်တဲ့ ဘော့စ်မျိုးကို အလုပ်ထွက်စာနဲ့ ပေါက်ချင်စိတ် ပေါက်ဖူးကြလေသလား....
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ အပြင်ပန်းမှာ အေးတိအေးစက်နဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလှတဲ့ လေကြောင်းလိုင်း CEO ကြီးနဲ့... မတရားတာတွေ့ရင် ဒဲ့ပြောတတ်ပြီး ကိုယ့်အိပ်မက်အတွက် အပြင်းအထန် ကြိုးစားတဲ့ မိန်းမလှလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး Blossom through the Cloud
(တိမ်လွှာထက်မှ ချစ်ငှက်ငယ်)ပဲဖြစ်ပါတယ်ရှင့်....
ဇာတ်လမ်းအကျဉ်းလေးကတော့.......
ရွမ်စီးရှန်ဆိုတဲ့ ကောင်မလေးဟာ ဟန်ရှစ်လေကြောင်းလိုင်းမှာ အလုပ်လုပ်နေတဲ့ လေယာဉ်မယ်လေးတစ်ဦးပါ။ သူမရဲ့ အကြီးမားဆုံး အိပ်မက်ကတော့ လေယာဉ်မှူးတစ်ယောက် ဖြစ်လာဖို့ပါပဲ။ ဒါပေမဲ့ ကုမ္ပဏီက လေယာဉ်မှူးသင်တန်းအစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်တဲ့အတွက် သူမရဲ့ အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဖုမင်ယွီနဲ့ နားလည်မှုလွဲပြီး သူမကပဲ သူ့ကို ကြိုက်နေတယ်လို့ ဖုမင်ယွီက ထင်သွားပါတော့တယ်။ ကိုယ့်သိက္ခာကိုယ် နည်းနည်းလေးမှ အထိမခံနိုင်တဲ့ ရွမ်စီးရှန်ဟာ ဒေါသထွက်ထွက်နဲ့ အလုပ်ကနေ ချက်ချင်းထွက်လိုက်ပြီး လေကြောင်းအကယ်ဒမီကို ဝင်ရောက်ကာ လေယာဉ်မှူးသင်တန်းကို အပြင်းအထန် တက်ရောက်ပါတော့တယ်။
သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ ရွမ်စီးရှန်းဟာ လေကြောင်းအကယ်ဒမီကနေ ပထမအဆင့်နဲ့ ဘွဲ့ရခဲ့ပြီး လေကြောင်းလိုင်းတိုင်းက အလုအယက်ခေါ်ချင်နေတဲ့ ထိပ်တန်းလေယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း CEO ကြီး ဖုမင်ယွီက သူတို့လေကြောင်းလိုင်းအတွက် လေယာဉ်အသစ်တွေ ပြေးဆွဲဖို့ရာ အတော်ဆုံးလေယာဉ်မှူးတွေကို လိုက်လံရှာဖွေနေချိန်မှာပဲ ရွမ်စီးရှန်နဲ့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ပါတော့တယ်။ ယခင်က နားလည်မှုလွဲခဲ့တာတွေ တခြားလေကြောင်းလိုင်းတွေကပါ အပြိုင်အဆိုင်ခေါ်နေတာတွေကြောင့် ဖုမင်ယွီတစ်ယောက် သူ့ရဲ့ မာနတွေကိုချကာ အကောင်းဆုံး အခွင့်အရေးတွေပေးပြီး ရွမ်စီးရှန်ကို သူ့ကုမ္ပဏီဆီ ပြန်လည်ခေါ်ယူနိုင်ဖို့ကြိုးစားရတဲ့အခါ...........
~ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ခဲ့ကြတဲ့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ ဘယ်လိုမျိုး ပဋိပက္ခတွေဖြစ်လာမလဲ~
~ အရင်က ကိုယ့်ကို သဘောကျနေတယ်လို့ ထင်ခဲ့တဲ့ ကောင်မလေးကို ဖုမင်ယွီတစ်ယောက် ဘယ်လိုတွေ အသည်းအသန် ပိုးပန်းရမလဲ~
~ လုပ်ငန်းခွင်က အခက်အခဲတွေ၊ မတော်တဆမှုတွေနဲ့ ကောလာဟလတွေကြားထဲမှာ သူတို့နှစ်ယောက် အတူတူ လက်တွဲပြီး ဘယ်လိုတွေ ရုန်းကန်ကျော်ဖြတ်သွားကြမလဲ~
အိပ်မက်နဲ့ လက်တွေ့ဘဝရဲ့ ရုန်းကန်မှုတွေကြားမှာ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှု၊ ရည်မှန်းချက်နဲ့ ဖြူစင်တဲ့ အချစ်စစ်အချစ်မှန်ကို ရင်ခုန်ဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးတို့အနေနဲ့ ဒီရင်ခုန်ဖို့ကောင်းတဲ့ လေကြောင်းလိုင်းနောက်ခံ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုဖို့အတွက် GC Chinese Drama မှ အစွမ်းကုန်ကြိုးစားပြီး တင်ဆက်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
Reviewd by soethinzar
Translated by GC Chinese Team
Encoded by Wobushi
#Blossomthroughthecloud
#တိမ်လွှာထက်မှချစ်ငှက်ငယ်
#飞到我心上
Repost from N/a
Second Sister (2025)
ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အထက်တန်းကျောင်းသူလေး ဂျီအွန်း...
ကျူးလွန်သူ ရှင်းဂျောင်မန်က ထောင်ဒဏ် ၆ လ ကျခံလိုက်ရပြီး အမှုလည်း ပြီးပြတ်သွားပြီလို့ ထင်ထားခဲ့ပေမဲ့ တစ်နေ့မှာ ရှင်းဂျောင်မန်ရဲ့ တူမဆိုသူက သူ့ဦးလေးက အပြစ်ကင်းကြောင်း ဂျီအွန်းရဲ့ ချောက်ချမှုသက်သက်သာဖြစ်ကြောင်း online community တစ်ခုမှာ ပို့စ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အင်တာနက် အသုံးပြုသူတွေရဲ့ မုန်းတီးရေးမှတ်ချက်တွေကြားမှာ ဂျီအွန်းလည်း မခံသာတော့တဲ့အဆုံး အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ်။
ဂျီအွန်းရဲ့အစ်မဖြစ်သူ ဆိုအွန်း (Kang Seo-Ha) ကတော့ ပို့စ်တင်သူအကြောင်းကို စုံစမ်းဖို့အတွက် ထူးချွန်တဲ့ ဟက်ကင်းအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက် ဆောဂျွန်ဂယောင်း (Kim Min-Gue) ဆီ အလုပ်အပ်လိုက်တဲ့အခါမှာတော့...
အင်တာနက်ကွန်ရက်ပေါ်က မုသားတွေ၊ အမည်မသိအကောင့်တွေကို ခြေရာခံလိုက်ရင်း သူတို့ ရင်ဆိုင်လိုက်ရတဲ့ အမှန်တရားက ဘာဖြစ်နေမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။
Repost from N/a
The Face Reader (2013)
အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။
ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကိုပြောနိုင်တဲ့ Face Reader ကြီးပါ။
လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။
ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။
သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့.....
ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။
IMDb rating လည်း 6.8/10 ရရှိထားပါတယ်။
အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကိုအကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။
Repost from N/a
My Phone S*x Partner (2012)
ဒီကိုရီးယားဇာတ်ကားက Phone Sex အပြောအဆိုတွေနဲ့အဖော်အချွတ်ဇာတ်ဝင်ခန်းတွေပါတာကြောင့် မိသားစုနဲ့ မကြည့်သင့်ပါ။ 18+movie အချစ်ဇာတ်ကားသန့်သန့်လေးလိုခံစားရမဲ့အနေအထားမျိုးပါ။ဒီဇာတ်ကားလေးကသာမန်၁၈အပေါင်းဇာတ်ကားတွေနဲ့မတူပဲရိုမန့် ဒရမ်မာ ဟာသ အစုံရောသုပ်ထားတဲ့ ဇာတ်ကားဖြစ်နေတာပါ။ အပြင်လောကမှာပါ ဖြစ်တတ်တဲ့ အကြောင်းတရားတွေကို ပေါ့ပေါ့ပါးပါးပဲရိုက်ကူးတင်ဆက်ထားတယ်။ဒီတော့ကြည့်ရှုသူပရိတ်သတ်ကြီးအနေနဲ့ ကြည့်ရတာပျင်းစရာကြီးလိုတောင် သတိရမှာမဟုတ်ပါဘူး။ ဇာတ်လမ်းလေးကတော့ မတော်တဆလွဲချော်မှုလေးတစ်ခုကြောင့်လူနှစ်ယောက်တွေ့ဆုံခဲ့ကြပြီး၊သူတိုနှစ်ယောက်စလုံးမှာလည်း ကြေကွဲစရာ ဖြစ်ရပ်ကိုယ်စီနဲ့ပါ။ နှစ်ယောက်သားရင်းနှီးတာကြာလာတော့သံယောဇဉ်ဖြစ်လာပြီးတစ်ယောက်နဲ့တစ်ယောက်မသိစိတ်ထဲမှာချစ်နေကြရင်းနဲ့ သူတိုကြားမှာမမျှော်လင့်ထားတဲ့အဖြစ်တွေဖြစ်ပေါ်လာခဲ့တဲ့အခါမှာတော့။ ဒီဇာတ်ကားလေးကိုပရိတ်သတ်ကြီးသဘောကျမယ်လိုမျှော်လင့်ပါတယ် ၁၈+ ဆိုနေပေမယ့်လိုပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပြီးကြည့်ရတာတန်ပါတယ
Repost from N/a
By Quantum Physic A Nightlife Venture (2019) WEB-DL 720p
Repost from N/a
By Quantum Physics: A Nightlife Venture (2019)
အခုတစ်ခေါက်မှာတော့ မင်းသား Park Hae Soo, မင်းသမီး Seo Yeji တို့ အဓိကပါဝင်ထားတဲ့အပြင် မင်းသား Choi Tae Joon ပါ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Mystery, Crime ဇာတ်လမ်းအမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း အလယ်တန်းမှာတင် ကျောင်းထွက်ခဲ့ပြီး .. ငွေတိုးချေးစားသူ ကိုယ်စားလှယ်ဂျောင်ဂါ့ထက်ရဲ့ ထောက်ပံ့မှုနဲ့အတူ စားပွဲထိုးဘဝမှ ကလပ်ပိုင်ရှင်တစ်ဦးဖြစ်လာသူ အီချန်းအူ (Park Hae Soo) ဟာ သူ့ကလပ်မှာ မန်နေဂျာအဖြစ် လုပ်ကိုင်ဖို့အတွက် နာမည်ကြီး ပီဒီဆောင်းအွန်းယောင်း (Seo Yeji) ကိုကမ်းလှမ်းခဲ့ပါတယ်... တစ်နေ့မှာတော့ အီချန်းအူရဲ့ အသိ ရဲဌာနမှ ဌာနခွဲမှူးဘတ်ဂီဟွန်းရဲ့ အကူအညီတောင်းမှုကြောင့် rapper ဖရက်တယ် ရဲ့ မူးယစ်ဆေးဝါးအမှုကို စုံစမ်းစစ်ဆေးရာ .. ပါဝင်ပတ်သက်သူတွေဟာ ထင်သလောက် မရိုးရှင်းလာရာမှာတော့ ..အီချန်းအူတစ်ယောက် ဘယ်လိုဖြေရှင်းသွားမလဲ ..ဆောင်းအွန်းယောင်းကရော နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေရှိနေတာလဲဆိုတာကို By Quantum Physics: A Nightlift Venture ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးနော် ..
Repost from N/a
Beasts Clawing at Straws (2020)
ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်..ချို့တဲ့ပြီး အရာရာအဆင်မပြေတဲ့မိသားစုကိုဦးဆောင်နေတဲ့သူ..တစ်နေ့ဆိုင်ပိတ်ချိန် လော်ကာတွေကို ဧည့်သည်ပစ္စည်းကျန်မကျန်စစ်တော့အိပ်ကြီးတစ်လုံးနဲ့ ငွေထုပ်ကြီးသွားတွေ့တယ်…သိမ်းထားပေးပေမဲ့ ငွေထုပ်ကိုလာစုံစမ်းတဲ့သူမရှိဘူးဖြစ်နေတယ်…
သူဘယ်လိုဆက်လုပ်မလဲ….
တစ်ဆက်ထဲမှာပဲ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူ အရာရှိတစ်ယောက်ရဲ့နာမည်နဲ့ ငွေတွေလူဆိုးအဖွဲ့ဆီကနေချေးရင် ထွက်ပြေးသွားတယ်..
ဒီအရာရှိဟာ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ ပြန်မဆပ်နိုင်ရင်
သူ့ကလီဇာတွေထုပ်ပြီး အစိမ်းစားဖို့ဝန်မလေးတဲ့ လူဆိုးအဖွဲ့နဲ့
ဇောချွေးပြန်နေတယ်…သူတို့ဘယ်လိုဆက်ရုန်းကန်လှုပ်ရှားကြမလဲဆိုတာခံစားကြည့်ကြပါ…
Money Is The Second God ..ဆိုတာမျိုးက တစ်ချို့ယုံကြည်ကြတယ်….ယုံရလောက်အောင်လည်း ငွေရှိရင် အတော်များများ အဆင်ပြေနေတာကိုး…..ဒါ့ကြောင့် ငွေနောက်ကို လိုက်ရင်း အလိုက်မတတ်တော့ ကိုယ်က သားကောင်ပြန်ဖြစ်သွားကြတဲ့ သူတွေဒုနဲ့ဒေး…..ဒီကားက နည်းနည်းတော့ သွေးပျက်ချင်စရာကောင်းတယ်…အဓိကမင်းသားကတော့ The King ,Steel Rain,The Divine Move,Cold Eyes တို့နဲ့မြန်မာပရိတ်သတ်တွေလူသိများတဲ့ ကိုရီးယားရဲ့အထင်ကရမင်းသား Woo-sung Jung သရုပ်ဆောင်ထားပါတယ်….
Repost from N/a
The Old Garden (2006)
– အညွှန်း
ဒီတစ်ခေါက်မှာဝောာ့ OC ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ
တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့
Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး
ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ
ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း
အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး
ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။
ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။
ဘာတွေများဆက်ဖြစ်ကြမှာလဲ။
ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။
Repost from N/a
T*A*X*I (1998)
T*A*X*I (1998)
IMDB (7/10)
ဒန်နီယယ်ဟာ ပြင်သစ်နိုင်ငံ မာဆေးမြို့မှာ တက္ကစီမောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကားမောင်းကျွမ်းကျင်မှုမှာတော့ သာမန်တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်ဘဲ အရှိန်မြင့်ကားမောင်းရာမှာ အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ် တစ်နေ့မှာတော့ ကားမောင်းတာ မကျွမ်းကျင်တဲ့ ရဲအရာရှိ အီမီလီယန်နဲ့ တွေ့ဆုံမိပြီး သူ့ဘဝဟာ မထင်မှတ်ဘဲ ပြောင်းလဲသွားပါတော့တယ်
အီမီလီယန်ဟာ မာဆေးမြို့ထဲမှာ အန္တရာယ်အရှိဆုံး ဘဏ်ဓားပြဂိုဏ်းတစ်ခုဖြစ်တဲ့ Mercedes အဖြူရောင်ကားတွေ အသုံးပြုတဲ့ ဂျာမန်ဓားပြဂိုဏ်းကို လိုက်လံဖမ်းဆီးနေပေမယ့် အကြိမ်ကြိမ် လက်လွတ်နေခဲ့ပါတယ် နောက်ဆုံးမှာတော့ ဒန်နီယယ်ရဲ့ အံ့မခန်းကားမောင်းကျွမ်းကျင်မှုကို အသုံးချဖို့အတွက် သူ့ကို ကူညီပေးရန် တောင်းဆိုလိုက်ပါတော့တယ်
အစပိုင်းမှာ ရဲတွေနဲ့ မပတ်သက်ချင်တဲ့ ဒန်နီယယ်ဟာ အခြေအနေအမျိုးမျိုးကြောင့် အီမီလီယန်နဲ့ ပူးပေါင်းပြီး ဓားပြဂိုဏ်းနောက်ကို လိုက်ဖမ်းရပါတော့တယ် အရှိန်ပြင်းပြင်းနဲ့ လမ်းမပေါ်မှာ ကားလိုက်ဖမ်းတဲ့ အက်ရှင်ခန်းတွေ ရယ်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ဒန်နီယယ်နဲ့ အီမီလီယန်တို့ရဲ့ မတူညီတဲ့ စရိုက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဟာသတွေကိုလည်း အပြည့်အဝ ခံစားရမှာဖြစ်ပါတယ်
Luc Besson ရဲ့ ဇာတ်ညွှန်းနဲ့ Gérard Pirès ရဲ့ ဒါရိုက်တာလက်ရာဖြစ်ပြီး အက်ရှင် ကားပြိုင်ပွဲ ဟာသနဲ့ ရဲမှုခင်းဇာတ်လမ်းတွေကို ပေါင်းစပ်ထားတဲ့ ပြင်သစ်ကားကောင်းတစ်ကား ဖြစ်ပါတယ် အရှိန်ပြင်းကားလိုက်ခန်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဟာသတွေကို နှစ်သက်သူတွေအတွက် ဖျော်ဖြေမှုကောင်းကောင်း ပေးစွမ်းနိုင်မယ့် Taxi ရုပ်ရှင်စီးရီးရဲ့ ပထမဆုံးကား ဖြစ်ပါတယ်
Repost from N/a
Crazy Romance (2019)
အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ် အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ A Bona Fide Killer ဇာတ်ကားထဲကမင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်….🤍ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့…ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့….ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်….
