A poem that is not a poet's poem
رفتن به کانال در Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
نمایش بیشترميانمار33 142دسته بندی مشخص نشده است
314
مشترکین
+124 ساعت
-57 روز
-1930 روز
آرشیو پست ها
မိုးရွာတဲ့အခါ
အေးစက်မှုတွေ နွေးပါစေ။
နေပူတဲ့အခါ
အပူလုံးတွေ အေးပါစေ။
မင်းအချစ်ရေးကံဆိုးတဲ့အခါ
ကိုယ်လိုလူနဲ့ ဝေးပါစေ။
-အံ့လွန်းပျို
ရန်ကုန်မှာနေရင်း Gym ဆော့စရာမလို့ပဲ
ဗလထွက်နည်း
၄၀၀သာလိုသည်
မနက်၄၀၀
ညနေ၄၀၀။
ကိုယ့်စိတ်ကိုယ်ညှဉ်းမယ့်လမ်းကို
နောင်တမဲ့စွာ မြတ်မြတ်နိုးနိုးလျှောက်တယ်။
ငါတို့ချစ်မိခဲ့ကြတယ်ပေါ့။
ဦးနှောက်မဲ့ရင်မဲ့မယ်
နှလုံးသားဟာပြုံးမြဲ။
ငါတို့ချစ်မိခဲ့ကြတယ်။
နှလုံးသားကို မင်းမျက်ဝန်းတွေက
လာဘ်ထိုးတဲ့အခါ ဆင်ခြင်တုံတရားဟာ
မမျှမတရှုံးရတယ်။
ငါတို့ချစ်မိခဲ့ကြတယ်။
ဖိနပ်မပါ
သေနတ်မပါ
မေတ္တာလှလှ ၊လိပ်ပြာလှလှနဲ့။
ငါတို့ချစ်မိခဲ့ကြတယ်။
ဒိဗ္ဗနိဗ္ဗာန်ဟာဝေးတယ်။
ကိုယ်နီးချင်တဲ့ နိဗ္ဗာန်ဟာ မင်းပဲ။
ငါတို့ချစ်မိခဲ့ကြတယ်။
အချစ်ဆိုတာ ပြန်ထွေးမရတဲ့
ပဒိုင်းသီးတစ်လုံးပဲ
လှလှပပကြီးကို ခါးသက်တယ်။
ငါတို့ချစ်မိခဲ့ကြတယ်။
အဲ့နောက် ချစ်မိနေဆဲ
သံဆူးကြိုးကို ပျော်ပျော်ကြိးဆုပ်ကိုင်ထားတဲ့
လူရူးဟာ ငါတို့ကိုရယ်တယ်
အရူးတွေတဲ့
ဒါပေါ့
ငါတို့ချစ်မိခဲ့ကြတယ်။
-မြတ်နွယ်
လွမ်းခြင်း - ၁၁
အလွမ်းတွေဟာ
တစ်နေ့ထက် တစ်နေ့
ပိုပိုကျယ်ပြန့်လာတယ်။
လွမ်းခြင်း - ၁၂
လူတစ်ယောက်ကိုသိမ်းထားပါ
ကော်ဖီခါးခါးတွေ နေ့တိုင်းသောက်ပါ
ကဗျာရေးပါ အသက်ရှည်အောင်နေထိုင်ပါ။
လွမ်းခြင်း - ၁၃
တိမ်တွေ...
ကြယ်တွေနဲ့...
အခိုးအငွေ့တွေ...
တရွေ့ရွေ့ တရွေ့ရွေ့ပါပဲ။
လွမ်းခြင်း - ၁၄
ဝမ်းနည်းခြင်း ဝမ်းသာခြင်းထက်
တစ်ယောက်အပေါ်ထားတဲ့ တစ်ယောက်ရဲ့
ချစ်ခြင်းမေတ္တာကသာ အချစ်စစ်ဖြစ်ပါကြောင်း။
လွမ်းခြင်း - ၁၅
သတိရစိတ်ကို
အိတ်ထဲထည့်လို့
မမြင်နိုင်တဲ့ လမ်းတွေ
ငါဆက်လျှောက်နေစဲ။
လွမ်းခြင်း - ၁၆
ဝေးသွားပြီးနောက်
သတိတရရှိခြင်းဟာ
ချစ်ခြင်းမေတ္တာရဲ့ အမျှည်တန်းပဲ။
လွမ်းခြင်း - ၁၇
တယုတယ
ယုယပြနေလို့
အချစ်ဖြစ်မလာပါဘူး။
လွမ်းခြင်း - ၁၈
သတိရတိုင်း နားထောင်ပါ
အချိန်မှန်မှန်အိပ်ပါ စားပါ
ငါ့ကို မေ့ပစ်ပါ။
လွမ်းခြင်း - ၁၉
လေပြေသွေးလို
အသက်ရဲ့ နှုတ်ခမ်းပါးက
စကားသံတွေကို
ငါ့ကော်ဖီခွက်ထဲထည့်ဖျော်ချင်မိတုန်းပဲ။
လွမ်းခြင်း - ၂၀
အချစ်ဟာ
တာဝန်မဟုတ်ကြောင်း
ပေးစပ်ခြင်းသာဖြစ်ကြောင်း
ကဗျာတွေထဲက ငါသိခဲ့တယ်။
- လိပ်ပြာ
ငွေရှိရင် လူရာဝင်
ငွေမရှိရင် လူရာမဝင်တဲ့ခေတ်...
အမှန်တရားထက်
အာဏာက ပိုကျယ်လောင်နေတယ်။
ကြီးသူရဲ့ အမှားကို
"အတွေ့အကြုံ" လို့ ခေါ်ကြပြီး
ငယ်သူရဲ့ အမှန်ကိုတော့
"စည်းကမ်းမရှိဘူး" လို့ စွပ်စွဲကြတယ်။
လက်ခုပ်သံက
အောင်မြင်သူဘက်ကိုပဲ လှည့်သွားပြီး
လက်ကမ်းပေးတဲ့လက်တွေက
ရှုံးနိမ့်သူဆီ မရောက်တတ်ဘူး။
-ကျူး
^^လောက^^
ငွေရှိရင် လူရာဝင်
ငွေမရှိရင် လူရာမဝင်တဲ့ခေတ်...
အမှန်တရားထက်
အာဏာက ပိုကျယ်လောင်နေတယ်။
ကြီးသူရဲ့ အမှားကို
"အတွေ့အကြုံ" လို့ ခေါ်ကြပြီး
ငယ်သူရဲ့ အမှန်ကိုတော့
"စည်းကမ်းမရှိဘူး" လို့ စွပ်စွဲကြတယ်။
-ကျူး
လမ်းခွဲ - ၁
ချစ်လွန်း၍
လွမ်းခွဲခြင်းသာဖြစ်သည်။
လမ်းခွဲ - ၂
ပျော်ရွှင်စရာများကိုသာ
အမှတ်ရပေးပါ ချစ်သူ။
လမ်းခွဲ - ၃
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက
ငါ့ကိုဂရုစိုက်တာနဲ့ညီမျှပါတယ်။
လမ်းခွဲ - ၄
ဖိုးကာရဲ့ " လမ်းခွဲ " သီချင်းကို
နားမထောင်ခြင်းဖြင့် ငါ့ကိုအမှတ်ရပေးပါ ချစ်သူ။
လမ်းခွဲ - ၅
ပြုံးပါ.. ပြုံးပြပါ
ငါ့ကိုမေ့ပစ်ဖို့ ကြိုးစားရင်း
မင်းပြုံးပြပါ။
- လိပ်ပြာ
ကဗျာထဲက သူရဲကောင်း
ရွာဦးကျောင်းမှာ
ရေတွင်းတူးတုန်းက
မင်းမပါဘူး ...။
ငါတို့လယ်တွေ ပျိုးကြဲတုန်းက
မင်းမပါဘူး ...။
လွင်တီးခေါင်တွေ
သစ်ပင်စိုက်တုန်းက
မင်းမပါဘူး ...။
ခုတော့ မင်းက
ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို
သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို
သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို
ဟိုချီမင်းက မင်းဘကြီးလိုလို
မင်းကဗျာတွေဖတ်ရတာ
အသက်ရှူကြပ်ပြီး မနေတတ်ဘူး။
ဪ ...
ဪ ...
ဪ ...
မင်းကဗျာတွေက ဘာလိုလို။
-အောင်ဘညို
မေလမှာမွေးတဲ့
ကိုယ့်ရဲ့ တနင်္လာနာမ်မိန်းကလေးရေ
အသေးလေးလို့ခေါ်တိုင်း
ပြုံးနေတတ်ပြီး
အဒေါ်ကြီးလို့ခေါ်ရင်
နှုပ်ခမ်းလေးဆူသွားတာကို
ချစ်တယ်
ဘယ်သူ့လက်သီးပိုပြင်းလဲဆိုပြီး
ကိုယ့်လက်မောင်းကိုထိုးတာ
မင်းမလား
ဘယ်သူအရပ်ရှည်လဲဆိုပြီး
အုတ်ခုံပေါ်တက်ပြီးပြိုင်ခဲ့သေးတယ်မလား။
မင်းခေါင်းလေးမှီခဲ့တဲ့ဒီရင်ခွင်
တစ်နည်းပြောရင်
အဲ့နေ့ကကိုယ်ဝတ်တဲ့အင်္ကျီ
မင်းကိုယ်သင်းရနံ့စွဲကျန်နေတုန်းပဲ။
- နေကြာဖြူ
