ch
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

前往频道在 Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

显示更多
缅甸33 142未指定类别
314
订阅者
+124 小时
-57 天
-1930 天
帖子存档
မိုးရွာတဲ့အခါ အေးစက်မှုတွေ နွေး‌ပါစေ။ နေပူတဲ့အခါ အပူလုံးတွေ အေးပါစေ။ မင်းအချစ်ရေးကံဆိုးတဲ့အခါ ကိုယ်လိုလူနဲ့ ဝေးပါစေ။ -အံ့လွန်းပျို

ရန်ကုန်မှာနေရင်း Gym ဆော့စရာမလို့ပဲ ဗလထွက်နည်း ၄၀၀သာလိုသည် မနက်၄၀၀ ညနေ၄၀၀။

ပါကျဲ

ရည်းစားရဖို့ဘာတွေလိုအပ်လဲ ပြောပြကျအုံး

‎ ‎ကိုယ့်စိတ်ကိုယ်ညှဉ်းမယ့်လမ်းကို ‎နောင်တမဲ့စွာ မြတ်မြတ်နိုးနိုးလျှောက်တယ်။ ‎ ‎ငါတို့ချစ်မိခဲ့ကြတယ်ပေါ့။ ‎ ‎ဦးနှောက်မဲ့ရင်မဲ့မယ် ‎နှလုံးသားဟာပြုံးမြဲ။ ‎ ‎ငါတို့ချစ်မိခဲ့ကြတယ်။ ‎ ‎နှလုံးသားကို မင်းမျက်ဝန်းတွေက ‎လာဘ်ထိုးတဲ့အခါ ဆင်ခြင်တုံတရားဟာ ‎မမျှမတရှုံးရတယ်။ ‎ ‎ငါတို့ချစ်မိခဲ့ကြတယ်။ ‎ ‎ဖိနပ်မပါ ‎သေနတ်မပါ ‎မေတ္တာလှလှ ၊လိပ်ပြာလှလှနဲ့။ ‎ ‎ငါတို့ချစ်မိခဲ့ကြတယ်။ ‎ ‎ဒိဗ္ဗနိဗ္ဗာန်ဟာဝေးတယ်။ ‎ကိုယ်နီးချင်တဲ့ နိဗ္ဗာန်ဟာ မင်းပဲ။ ‎ ‎ငါတို့ချစ်မိခဲ့ကြတယ်။ ‎ ‎အချစ်ဆိုတာ ပြန်ထွေးမရတဲ့ ‎ပဒိုင်းသီးတစ်လုံးပဲ ‎လှလှပပကြီးကို ခါးသက်တယ်။ ‎ ‎ငါတို့ချစ်မိခဲ့ကြတယ်။ ‎ ‎အဲ့နောက် ချစ်မိနေ‌ဆဲ ‎သံဆူးကြိုးကို ပျော်ပျော်ကြိးဆုပ်ကိုင်ထားတဲ့ ‎လူရူးဟာ ငါတို့ကိုရယ်တယ် ‎အရူးတွေတဲ့ ‎ဒါပေါ့ ‎ငါတို့ချစ်မိခဲ့ကြတယ်။ ‎ ‎-မြတ်နွယ်

ဘုန်းဘုန်းလဲမပြောတတ်တော့ဘူး
ဘုန်းဘုန်းလဲမပြောတတ်တော့ဘူး

လွမ်းခြင်း - ၁၁ အလွမ်းတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပိုကျယ်ပြန့်လာတယ်။ လွမ်းခြင်း - ၁၂ လူတစ်ယောက်ကိုသိမ်းထားပါ ကော်ဖီခါးခါးတွေ နေ့တိုင်းသောက်ပါ ကဗျာရေးပါ အသက်ရှည်အောင်နေထိုင်ပါ။ လွမ်းခြင်း - ၁၃ တိမ်တွေ... ကြယ်တွေနဲ့... အခိုးအငွေ့တွေ... တရွေ့ရွေ့ တရွေ့ရွေ့ပါပဲ။ လွမ်းခြင်း - ၁၄ ဝမ်းနည်းခြင်း ဝမ်းသာခြင်းထက် တစ်ယောက်အပေါ်ထားတဲ့ တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကသာ အချစ်စစ်ဖြစ်ပါကြောင်း။ လွမ်းခြင်း - ၁၅ သတိရစိတ်ကို အိတ်ထဲထည့်လို့ မမြင်နိုင်တဲ့ လမ်းတွေ ငါဆက်လျှောက်နေစဲ။ လွမ်းခြင်း - ၁၆ ဝေးသွားပြီးနောက် သတိတရရှိခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ အမျှည်တန်းပဲ။ လွမ်းခြင်း - ၁၇ တယုတယ ယုယပြနေလို့ အချစ်ဖြစ်မလာပါဘူး။ လွမ်းခြင်း - ၁၈ သတိရတိုင်း နားထောင်ပါ အချိန်မှန်မှန်အိပ်ပါ စားပါ ငါ့ကို မေ့ပစ်ပါ။ လွမ်းခြင်း - ၁၉ လေပြေသွေးလို အသက်ရဲ့ နှုတ်ခမ်းပါးက စကားသံတွေကို ငါ့ကော်ဖီခွက်ထဲထည့်ဖျော်ချင်မိတုန်းပဲ။ လွမ်းခြင်း - ၂၀ အချစ်ဟာ တာဝန်မဟုတ်ကြောင်း ပေးစပ်ခြင်းသာဖြစ်ကြောင်း ကဗျာတွေထဲက ငါသိခဲ့တယ်။ - လိပ်ပြာ

လွမ်းခွင့်ပဲ ရှိတာပါ ပေါက်ဖက်ဖို့မှ ကံပါမလာပဲ.

ငွေရှိရင် လူရာဝင် ငွေမရှိရင် လူရာမဝင်တဲ့ခေတ်... အမှန်တရားထက် အာဏာက ပိုကျယ်လောင်နေတယ်။ ကြီးသူရဲ့ အမှားကို "အတွေ့အကြုံ" လို့ ခေါ်ကြပြီး ငယ်သူရဲ့ အမှန်ကိုတော့ "စည်းကမ်းမရှိဘူး" လို့ စွပ်စွဲကြတယ်။ လက်ခုပ်သံက အောင်မြင်သူဘက်ကိုပဲ လှည့်သွားပြီး လက်ကမ်းပေးတဲ့လက်တွေက ရှုံးနိမ့်သူဆီ မရောက်တတ်ဘူး။ -ကျူး

^^လောက^^ ငွေရှိရင် လူရာဝင် ငွေမရှိရင် လူရာမဝင်တဲ့ခေတ်... အမှန်တရားထက် အာဏာက ပိုကျယ်လောင်နေတယ်။ ကြီးသူရဲ့ အမှားကို "အတွေ့အကြုံ" လို့ ခေါ်ကြပြီး ငယ်သူရဲ့ အမှန်ကိုတော့ "စည်းကမ်းမရှိဘူး" လို့ စွပ်စွဲကြတယ်။ -ကျူး

လမ်းခွဲ - ၁ ချစ်လွန်း၍ လွမ်းခွဲခြင်းသာဖြစ်သည်။ လမ်းခွဲ - ၂ ပျော်ရွှင်စရာများကိုသာ အမှတ်ရပေးပါ ချစ်သူ။ လမ်းခွဲ - ၃ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ငါ့ကိုဂရုစိုက်တာနဲ့ညီမျှပါတယ်။ လမ်းခွဲ - ၄ ဖိုးကာရဲ့ " လမ်းခွဲ " သီချင်းကို နားမထောင်ခြင်းဖြင့် ငါ့ကိုအမှတ်ရပေးပါ ချစ်သူ။ လမ်းခွဲ - ၅ ပြုံးပါ.. ပြုံးပြပါ ငါ့ကိုမေ့ပစ်ဖို့ ကြိုးစားရင်း မင်းပြုံးပြပါ။ - လိပ်ပြာ

ကဗျာထဲက သူရဲကောင်း ရွာဦးကျောင်းမှာ ရေတွင်းတူး‌တုန်းက မင်းမပါဘူး ...။ ငါတို့လယ်တွေ ပျိုးကြဲတုန်းက မင်းမပါဘူး ...။ လွင်တီးခေါင်တွေ သစ်ပင်စိုက်တုန်းက မင်းမပါဘူး ...။ ခုတော့ မင်းက ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို ဟိုချီမင်းက မင်းဘကြီးလိုလို မင်းကဗျာတွေဖတ်ရတာ အသက်ရှူကြပ်ပြီး မနေတတ်ဘူး။ ဪ ... ဪ ... ဪ ... မင်းကဗျာတွေက ဘာလိုလို။ -အောင်ဘညို

ဖလစ်နည်း လာယူပါ owner 😂

ရည်းစားမထားတာကြာတော့ ဘလိုဖလစ်ရမှန်းတောင်မသိတော့ဘူး

语音消息00:11

语音消息00:07

မေလမှာမွေးတဲ့ ကိုယ့်ရဲ့ တနင်္လာနာမ်မိန်းကလေးရေ အသေးလေးလို့ခေါ်တိုင်း ပြုံးနေတတ်ပြီး အဒေါ်ကြီးလို့ခေါ်ရင် နှုပ်ခမ်းလေးဆူသွားတာကို ချစ်တယ် ဘယ်သူ့လက်သီးပိုပြင်းလဲဆိုပြီး ကိုယ့်လက်မောင်းကိုထိုးတာ မင်းမလား ဘယ်သူအရပ်ရှည်လဲဆိုပြီး အုတ်ခုံပေါ်တက်ပြီးပြိုင်ခဲ့သေးတယ်မလား။ မင်းခေါင်းလေးမှီခဲ့တဲ့ဒီရင်ခွင် တစ်နည်းပြောရင် အဲ့နေ့ကကိုယ်ဝတ်တဲ့အင်္ကျီ မင်းကိုယ်သင်းရနံ့စွဲကျန်နေတုန်းပဲ။ - နေကြာဖြူ

အုံနာရည်းစားရှာခြင်းနှင့်အတူ ချန်နယ်၌ဂယက်ထနေ

ထားမနေနဲ့ မရဘူး owner