The Standard Time Digital
Ir al canal en Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
Mostrar másEl país no está especificadoLa categoría no está especificada
274
Suscriptores
+124 horas
+37 días
+2630 días
Archivo de publicaciones
◾️အိန္ဒိယသင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့
အိန္ဒိယနိုင်ငံမှတ်ပုံတင် သဘာ၀ဓာတ်ငွေ့ရည် (အယ်လ်ပီဂျီ) တင်သင်္ဘောတစ်စင်းသည် ဧပြီ ၄ ရက်တွင် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းလုံခြုံစွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်းအိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို ပိတ်ဆို့ထားခဲ့သည်။
ပါရှန်ပင်လယ်ကွေ့ကို အိုမန်ပင်လယ်ကွေ့၊ အာရေးဗီးယန်းပင်လယ်တို့နှင့် ချိတ်ဆက်ပေးထားသော
ဟော်မုဇ်ရေလက်ကြားသည် အရှေ့အလယ်ပိုင်း ရေနံနှင့်သဘာ၀ဓာတ်ငွေ့များ ကမ္ဘာ့ဈေးကွက်အတွင်းသို့ဝင်ရောက်ရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်ရာ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံထားရမှုကြောင့် အာရှနိုင်ငံများအနေဖြင့် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
သို့ရာတွင် အိန္ဒိယအစိုးရအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်သုံးပတ်အတွင်း အိန္ဒိယမှတ်ပုံတင် သင်္ဘောအချို့ ဟော်မုဇ်ရေလက်ကြားကိုဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းနိုင်ခဲ့သည်။
အိန္ဒိယအစိုးရ၏ အဆိုအရဂရင်းစန်ဗီ အမည်ရှိ သဘာ၀ဓာတ်ငွေ့ရည်တင် သင်္ဘောသည် ဧပြီ
၄ ရက်တွင် ဟော်မုဇ်ရေလက်ကြားကိုဘေးကင်းလုံခြုံစွာ ဖြတ်ကျော်နိုင်ခဲ့ကြောင်း သိရသည်။
ဂရင်းစန်ဗီ သင်္ဘောသည်သဘာ၀ဓာတ်ငွေ့ရည် မက်ထရစ်တန် ၄၆၆၅၀ သယ်ဆောင်ထားပြီး
သင်္ဘောသား ၂၅ ဦး လိုက်ပါလာကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိအချိန်တွင် ပါရှန်ပင်လယ်ကွေ့ အနောက်ပိုင်း ရေပြင်များ၌အိန္ဒိယမှတ်ပုံတင် သင်္ဘော ၁၇ စင်း
နှင့် အိန္ဒိယသင်္ဘောသား ၄၆၀ တို့ပိတ်မိနေဆဲဖြစ်သည်။
အိန္ဒိယနိုင်ငံသည် သဘာ၀ဓာတ်ငွေ့ရည်ကို ကမ္ဘာပေါ်၌ ဒုတိယအများဆုံး ဝယ်ယူတင်သွင်းနေရသော နိုင်ငံဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန်စွမ်းအင်လုပ်ငန်းများကို တိုက်ရန် အမေရိကန်ခွင့် ပြုချက် အစ္စရေးစောင့် ဆိုင်းနေ
အီရန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားအခြေခံအဆောက်အအုံများကို တိုက်ခိုက်ရေးအတွက်အစ္စရေးနိုင်ငံကပြင်ဆင်နေပြီး အမေရိကန်အစိုးရ၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း အစ္စရေးစစ်ဘက် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ဧပြီ၄ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
ယင်းအပြင်အီရန်၏လျှပ်စစ်ဓာတ်အားအခြေခံအဆောက်အအုံများတိုက်ခိုက်မှုမျိုးကိုလာမည့် သီတင်းပတ်အတွင်း ပြုလုပ်နိုင်ခြေရှိ ကြောင်း အစ္စရေးစစ်ဘက်တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
စစ်ပွဲကို အဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ်ရယူရန် အမေရိကန်သမ္မတဒေါ်နယ်
ထရန့်က အီရန်ကို ၄၈ နာရီ အချိန်ပေးထားပြီးနောက်အီရန်လျှပ်စစ်ဓာတ်အားအခြေခံအဆောက်အအုံများ တိုက်ခိုက်ရန် အစ္စရေးစစ်ဘက်က ပြင်ဆင်နေမှုသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
အီရန်နိုင်ငံအနေဖြင့် ၄၈ နာရီအတွင်း အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်ရယူရန်
သမ္မတ ဒေါ်နယ်ထရန့်က ဧပြီ ၄ ရက်တွင် ရာဇသံပေးထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သောအီရန်စစ်ပွဲမှာ သီတင်းခြောက်ပတ်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော်လည်း ဒေါ်နယ်ထရန့်၏ တောင်းဆိုချက်များကို လိုက်လျောမည့်
လက္ခဏာမျိုး အီရန်အစိုးရက မပြသသေးပေ။
အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ၂၈ ရက်တွင် အီရန်ကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ရာ အီရန်နိုင်ငံကလည်း ပင်လယ်ကွေ့ဒေသနိုင်ငံများမှ အမေရိကန်စစ်စခန်းများနှင့် ရေနံလုပ်
ငန်းများကို တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းတွင် ဧပြီ ၂၁ ရက်အထိ ရွှေ့ပြောင်းလုပ်သားများအား Work Permit သက်တမ်းတိုးခွင့် ထပ်ပေး
ထိုင်းနိုင်ငံ၌ ဧပြီ ၇ ရက် မှ ၂၁ ရက်အထိ e-Work Permit စနစ်တွင်သက်တမ်းတိုးခွင့်ထပ်ပေးမည် ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန(DOE e-Work Permit )၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ် ၃၁ ရက် နောက်ဆုံးထားပြီးWork Permit သက်တမ်းတိုးရန် မမီလိုက်သည့် အလုပ်သမားများအတွက် ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ e-Work Permitစနစ်တွင် သက်တမ်းတိုးခွင့် ထပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
သက်တမ်းတိုးလျှောက်ထားရာတွင် အခက်အခဲရှိခဲ့သော အသုံးပြုသူများအနေဖြင့် e-Work
Permit Website (eworkpermit.doe.go.th)မှတစ်ဆင့် ၁၅ ရက်အတွင်း (ဧပြီ ၇ ရက် မှ ၂၁ ရက်
အထိ) အသနားခံစာတင်ပြရန် ထုတ်ပြန်ထားသည်။
လုပ်ဆောင်ရမည့် အဆင့်များမှာ Website သို့ Log in ဝင်နိုင်သူ များအတွက် (၁) e-Work Website သို့ Login ဝင်ပါ (၂)အသုံးပြုမှုပြဿနာများအား အကြောင်းကြားရန် ](แจ้งปัญหาการใช้งาน) မီနူးကို ရွေးချယ်ပါ (၃)အသနားခံစာတင်ပြပြီး အခြေအနေကို စောင့်ကြည့်စစ်ဆေးပါ၊အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။
အသနားခံစာ တင်ပြထားသူများအား ဧပြီ၂၂ ရက်မှ ၃၀ ရက်အတွင်း သက်ဆိုင်ရာက အချက်
အလက်များကို စစ်ဆေးပြီး အတည်ပြုချက်ပေးမည်ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန(DOE)က ထုတ်ပြန်ထားသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ- CJ
◾️မြန်မာအပါ အာဆီယံမြောက်ပိုင်းဒေသ မဲခေါင်ဒေသခွဲနိုင်ငံများတွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းဖြစ်ပေါ်မှုသတိပေးချက်အဆင့် ၃ (Alert Level 3) သို့ စတင်ရောက်ရှိ
မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့်မဲခေါင်ဒေသခွဲနိုင်ငံများတွင် Fire Hotspot နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းဖြစ်ပေါ်မှုသတိပေးချက်အဆင့် ၃ (Alert Level 3) သို့ စတင်ရောက်ရှိနေကြောင်း မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့်အခြေအနေများနှင့် စပ်လျဉ်း၍စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေ၀သစောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center ASMC)၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံအပါအဝင် အာဆီယံမြောက်ပိုင်းဒေသဖြစ်သည့်မဲခေါင်ဒေသခွဲနိုင်ငံများတွင် ၂၀၂၆ ခုနှစ် မတ်၂၇ ရက်မှစ၍ Fire Hotspotနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု သတိပေးချက်အဆင့် (၃) (Alert Level 3) အခြေအနေသို့ စတင်ရောက်ရှိပြီဖြစ်ပါကြောင်း၊
မဲခေါင်ဒေသတွင် ခြောက်သွေ့ရာသီဥတု ဆက်လက်ဖြစ်ပေါ်နေပြီး Fire Hotspotနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေသည်ပိုမိုများပြားလာနိုင်ပါကြောင်း၊ NOAA-20 ဂြိုဟ်တုမှ စောင့်ကြည့်လေ့ လာမှုအရ ၂၀၂၆ခုနှစ် မတ် ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် မဲခေါင်ဒေသအတွင်း Fire Hotspot ၂၈၀၆ ခုနှင့် ၃၁၃၉ ခု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိပြီး မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် နေရာအနှံ့အပြား၌ တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် မဲခေါင်ဒေသခွဲတွင်လည်းအလယ်အလတ်မှ သိပ်သည်းသည့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုများကို လေ့လာ တွေ့ရှိခဲ့ကြောင်း၊လာမည့် သီတင်းပတ်များအတွင်း မဲခေါင်ဒေသခွဲ၏ နေရာအများစုတွင် မိုးခေါင်သော အခြေအနေများ ဆက်လက်တည်ရှိမည်ဟုခန့်မှန်းထားပြီး လေတိုက်ခတ်မှုများသည်အများအားဖြင့် တောင်ဘက် (သို့)အနောက်တောင်ဘက်မှ တိုက်ခတ်မည်ဟု ခန့်မှန်းထားကြောင်း၊
Fire Hotspot များနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုလည်း ပိုမိုဆိုးရွားလာနိုင်ပြီး မဲခေါင်ဒေသအတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအန္တရာယ်မှာ ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာအာဆီယံ သဘော တူညီ ချက် (ASEAN Agreement on Transboundary Haze Pollution-AATHP) တွင် ၂၀၀၃ ခုနှစ်၌ အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီးအဆိုပါသဘောတူညီချက်အရ ၂၀၃၀ ပြည့်နှစ်တွင် မီးခိုးမြူ ငွေ့ကင်းစင်သော အာဆီယံဖြစ်စေရေး မျှော်မှန်းချက်ဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံ (၂၀၂၃-၂၀၃၀) ကိုလည်းကောင်း၊
မဲခေါင်ဒေသခွဲနိုင်ငံများအတွက် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရမည့် အညွှန်းကိန်းများသတ်မှတ်၍ ၂၀၁၇ ချင်းရိုင် လုပ်ငန်းစီမံချက်ကိုလည်းကောင်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်၌ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များအကြား ဆွေးနွေး ခဲ့သည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးနိုင်ငံညှိနှိုင်းဆွေးနွေးပွဲ၏ ရည်မှန်းချက် များနှင့်ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက် (Joint Plan of Action- Clear SKY strategy) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့်အနေဖြင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ၊မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၊
တိုင်းဒေသကြီး/ ပြည်နယ်တို့တွင်လုပ်ငန်းအဖွဲ့များကို အဆင့်အလိုက် ဖွဲ့စည်းပြီး မီးခိုးမြူငွေ့လေထုညစ် ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ပြည်သူများအနေဖြင့်လည်း စွန့်ပစ်အမှိုက်များကို မီးရှို့ခြင်းမပြုလုပ်ဘဲ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးကဏ္ဍတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း မြန်မာ-ထိုင်းနယ်နိမိတ် ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာပူးပေါင်းဖြေရှင်း ဆောင်ရွက်ရေး ကော်မတီကထုတ်ပြန်ထားသည်။
သတင်း-မေဥဩ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️အီရန်စစ်ပွဲကာလ ကြာမြင့်ပါက ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်
ယခုနှစ် မတ်လအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလနောက်ပိုင်းအမြင့်ဆုံးအဆင့်အထိ မြင့်တက်လာခဲ့ရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို)က ဧပြီ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အကယ်၍ အရှေ့အလယ်ပိုင်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း အက်ဖ်အေအို သတင်းထုတ်ပြန်ချက်တွင် သတိပေးထားသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲ၏နောက်ဆက်တွဲ အကျိုးဆက်အဖြစ်ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စစ်ပွဲစတင်ချိန်မှစ၍ ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ ဖြည်းဖြည်းမှန်မှန် မြင့်တက်လာခဲ့ရကြောင်းအက်ဖ်အေအို၏ အဆိုအရ သိရသည်။
ယခုနှစ် မတ်လအတွင်း ကမ္ဘာ့နှံစားသီးနှံ ဈေးနှုန်းများမှာ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၅
ရာခိုင်နှုန်း ထပ်မံမြင့်တက်လာခဲ့ကြောင်း အက်ဖ်အေအိုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကယ်၍ လက်ရှိဖြစ်ပွားဆဲအရှေ့အလယ်ပိုင်းစစ်ပွဲ ရက်ပေါင်း၄၀ နှင့်အထက် ကြာမြင့်ခဲ့ပါက ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ဆက်လက်မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်းအက်ဖ်အေအိုက သတိပေးထားသည်။
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့န်ိုင်ငံအများအပြားမှာလောင်စာဆီ ဖြည့်ဆည်းမှုလမ်းကြောင်းများ ကွင်းဆက်ပြတ်တောက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည်။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သောဓာတ်မြေဩဇာများ ကမ္ဘာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုလည်း ပြတ်တောက်လျက်ရှိရာ စိုက်ပျိုးရေးနိုင်ငံများမှလယ်သမားများ အနေဖြင့်ဓာတ်မြေဩဇာ ရှားပါးပြတ်လပ်မှုပြဿနာနှင့်လည်း ရင်ဆိုင်နေရသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မြန်မာနိုင်ငံက ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုအား ဗဟိုဘဏ်က အမည်မည်းစာရင်းထည့်သွင်း
လေးနှစ်ကျော်အတွင်း မြန်မာနိုင်ငံက ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များကိလိုက်နာခြင်းမရှိသာကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဧပြီ ၃ ရက်တွင် ကြေညာခဲ့သည်။
၂၀၂၆ ခုနှစ် မတ် ၂၆ ရက်စိစစ်ချက်အရ အဆိုပါကုမ္ပဏီများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ
၂၀၂၅ ခုနှစ် မတ် ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ပျက်ကွက်မှုကို စိစစ်တွေ့ရှိခဲ့သောကြောင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များကို အမည်မည်းစာရင်း ထည့်သွင်းကြောင်း သိရသည်။
နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့်အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်
တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊အမိန့်ကြော်ငြာစာအမှတ် ၂၇။၂၀၂၃တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၃၀ရက်အတွင်း အာရှနိုင်ငံများမှအပအခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၆၀အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ၃၈-ခတွင် ]မည်သူမျှ ပို့ကုန်ရငွေအား
လုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ} ဟုလည်းကောင်း၊
အဆိုပါတား မြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEMLပုဒ်မ ၄၂-က အရ ]ထိုသူကို တစ်နှစ်
ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်} ဟု လည်းကောင်းပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များသည်ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့
နိုင်ငံခြားသုံးငွေ စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သတင်း-မေဥဩ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စားအုန်းဆီတန်ချိန် ငါးသောင်းသင်္ကြန်မတိုင်မီ ရောက်ရှိမည်
စားအုန်းဆီ တန်ချိန်ငါးသောင်း သင်္ကြန်ပိတ်ရက်မတိုင်မီ ရောက်ရှိမည်ဟု မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၃ ရက်က
ကျင်းပအသိပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါရန်ကုန်မြို့ရှိ ဆိပ်ကမ်းအသီးသီးသို့ သင်္ကြန်ပိတ်ရက်မတိုင်မီဆိုက်ကပ်လာမည့် စားသုံးဆီတန်ချိန်ငါးသောင်းကို အချိန်မီထုတ်ယူနိုင်ရေး၊ လက်ရှိ ဆီသိုလှောင်ကန်များပြည့်နေ၍ နေ့စဉ် ဆီထပ်တိုး ထုတ်နိုင်ရန် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို စနစ်တကျစီစဉ်ရန် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို မိမိတို့ဒေသအသီးသီးတွင်
ပြည်သူများ၏ ဧပြီလ စားအုန်းဆီလိုအပ်ချက်နှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းဆီများကို တင်ပြထားသည့် စာရင်းများအတိုင်း စနစ်တကျခွဲဝေဖြန့်ဖြူးပေးလျက်ရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း-မေဥဩ
ဓာတ်ပုံ- MOI
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာနှင့် ဆက်လက်ထိတွေ့ဆက်ဆံမည်ဟု ဖိလစ်ပိုင် ပြောကြား
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံနှင့်ဆက်လက်ထိတွေ့ ဆက်ဆံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ကလယ်ရီကတ်စထရိုက ဧပြီ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတသစ်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင်သွင်းထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုဧပြီ ၃ ရက်တွင် ရွေးကောက် တင်မြှောက်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများကို အလေးထားစောင့် ကြည့်နေပြီးမြန်မာနိုင်ငံတွင်းရှိ သက်ဆိုင်ရာအင်အားစုအားလုံးကိုဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာပီလာဇာရိုကအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ဆက်လက်ထိတွေ့ ဆက်ဆံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် မြန်မာ့နိုင်ငံရေးအကျပ်
အတည်းကို ဖြေရှင်းရာ၌ အကူအညီ ပေးနိုင်ရေးအတွက်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို အလှည့်ကျ ဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရွေးချယ်ခန့်အပ်ခဲ့သည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်ဖြတ်နိုင်ရေးအတွက် ရယူထားသော အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ထပ်မံအားစိုက်ကြိုးပမ်းကြရန် ဖိလစ်ပိုင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက အာဆီယံနိုင်ငံများကိုတိုက်တွန်းထား သည်။
ယင်းအပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းပြေလည်ရေးအတွက် အာဆီယံ၏ စုပေါင်းဝါယမ စိုက်
ထုတ်မှုကို ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံအားပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား- ပီအင်န်အေ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ရွှေဆိုင်နှစ်ဆိုင် လုယက်သူများကို ဖမ်းမိ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေစင်ဝင်း ရွှေဆိုင်နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ ရောင်နီဦး ရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်၍ လုယက်မှုကျူးလွန်သူများအား သက်သေခံ ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ရွှေစင်ဝင်းရွှေဆိုင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်းဖြစ်သူနှင့်အတူ ဆိုင်ရှိရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန်မော်တော်ယာဉ်အား စောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ လုယက် မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၄) ရပ်ကွက်နေ ဇော်လင်းထွန်း (၃၃) နှစ် (ဘ) ဦးထွန်းသောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီလ ၁ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး (ခ) သက်နောင် (၅၈) နှစ်အား ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းရဲရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇော်လင်းထွန်းသည် ရွှေစင်ဝင်း ရွှေဆိုင်အား လုယက်မှု
မကျူးလွန်မီ ပတ်ဝန်းကျင်အခြေအနေအား စုံစမ်းလေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး မှန်ကြီး (ခ) သက်နောင်နှင့် သက်ပိုင်ဦး (ဖမ်းဆီးရန်ကျန်) တို့နှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊
ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး မှန်ကြီး (ခ) သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀ ၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတိုသေနတ် တစ်လက်၊ PAC 380 AUTO ကျည် (၁၃) တောင့်၊ THAI ARMS-380 ACP ကျည် နှစ်တောင့်၊ ကျည်ဘောက် နှစ်ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါအစိမ်းရောင်အိတ် တစ်ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ ခုတို့အားလည်းကောင်း၊
ရွှေပေါက်ကံတံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အားလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
အမှုမှ မှန်ကြီး(ခ)သက်နောင်နှင့် ဇော်လင်းထွန်းတို့၏ ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စည်သူ(၃၈)နှစ် နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နန္ဒဝန်ဈေးအနီးရှိ ရောင်နီဦး ရွှေဆိုင်အား လုယက်မှုကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် စည်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ဧပြီ ၂ ရက်တွင် ၎င်းကို မြောက်ဥက္ကလာပမြို့နယ်၊အမှတ်(၂)ရပ်ကွက်၊ ရွှေပင်လယ်ဘုန်းကြီးကျောင်းအနီး၌ သက်သေခံ ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
ရွှေစင်ဝင်းရွှေဆိုင်နှင့် ရောင်နီဦးရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့ကြသည့် မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူ တို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန် သက်ပိုင်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - moi
#ပြည်တွင်းသတင်း
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 