es
Feedback
The Standard Time Digital

The Standard Time Digital

Ir al canal en Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Mostrar más
El país no está especificadoLa categoría no está especificada
273
Suscriptores
-124 horas
+47 días
+2530 días
Archivo de publicaciones
photo content

◾️မက္ကဆီကိုစီးတီးမြို့တော် တစ်နှစ်လျှင် ၁၀လက်မနှုန်းဖြင့် မြေအောက်ကျွံဝင်နေ အမေရိကန် အမျိုးသားအာကာသအေဂျင်စီ(နာဆာ)က ယခုသီတင်းပတ်တွင် ထုတ်ပြန်ထားသောဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး မြို့တော်သည် တစ်နှစ်လျှင် ၁၀လက်မနီးပါး (၂၅ စင်တီမီတာ)နှုန်းဖြင့်မြေအောက်ကျွံဝင်နေကြောင်း မေ ၂ရက်သတင်းများတွင် ရေးသား တင်ပြထားသည်။ အထက်ပါ မြေအောက် ကျွံဝင်မှုနှုန်းအရ မက္ကဆီကို စီးတီးမြို့တော်သည် ကမ္ဘာပေါ်၌ မြေအောက်ကျွံဝင်မှုနှုန်း အမြန်ဆုံးမြို့တော်ကြီးများထဲတွင်ပါဝင်လာခဲ့ပြီဖြစ်သည်။ အကျယ်အဝန်း ဧရိယာ စတုရန်း မိုင် ၃၀၀၀ ရှိပြီး လူဦးရေ ၂၂ သန်းနေထိုင်သော မက္ကဆီကိုစီးတီး မြို့တော်နှင့် ပတ်ဝန်းကျင် မြို့တော်ကြီးများသည် ရှေးဟောင်းရေကန်ကြီးတစ်ကန်၏ ကန်ကြမ်းပြင်ပေါ်၌ တည်ထားသည့် မြို့ကြီးများဖြစ်ကြသည်။ မက္ကဆီကို စီးတီးမြို့တော်သည်လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်လောက်ကပင် မြေအောက်စကျွံဝင်ခဲ့ရာ ၁၅၇၃ခုနှစ်တွင် တည်ဆောက်ခဲ့သော မြို့မဘုရားကျောင်းကဲ့သို့ ရှေးဟောင်းအဆောက်အအုံကြီးများမှာ သိသိသာသာ တိမ်းစောင်းခဲ့ရသည်။ နာဆာက ထုတ်ပြန်ထားသောဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ မက္ကဆီကိုစီးတီးမြို့တော်၏တချို့ အစိတ်အပိုင်းများမှာ ပျမ်းမျှအားဖြင့် တစ်လလျှင် သုည ဒသမ ၇၈လက်မနှုန်းဖြင့် ကျွံဝင်နေကြောင်းသိရသည်။ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုလွန်ကဲခြင်းနှင့် မြို့ပြဒေသ ဖွံ့ဖြိုးလာမှုတို့ကြောင့် မြေအောက်ရေ ပမာဏကျုံ့ဝင်လာခဲ့ပြီး မက္ကဆီကို စီးတီးမြို့တော်မှာလည်း မြေအောက်ကျွံဝင်မှုနှုန်း မြန်လာရခြင်းဖြစ်သည်။ မက္ကဆီကို စီးတီးမြို့တော်အနေဖြင့် နှစ်စဉ် တစ်နှစ်လျှင် ၉ ဒသမ၅ လက်မနှုန်းဖြင့် ကျွံဝင်နေခဲ့ပါက နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ၃၉ ပေကျော်အထိ နိမ့်ဆင်းသွားနိုင်ကြောင်းကျွမ်းကျင်သူများက ပြောကြားထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️အငှားလိုက်ဖို့ငြင်းတဲ့တက္ကစီကိုဒဏ်ကြေးတပ်တဲ့ထိုင်းရဲ

photo content

◾️အကျဉ်းချခံထားရသော အီရန် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်မိုဟမ်မာဒီ နှလုံးပြဿနာကြောင့် ဆေးရုံတက်ရောက်နေရ ထောင်သွင်းအကျဉ်းကျခံထားရသော အီရန်အမျိုးသမီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နာဂျက်စ် မိုဟမ်မာဒီသည် နှလုံးရောဂါကြောင့် အကျဉ်းထောင်မှတစ်ဆင့် အီရန်အနောက်မြောက်ပိုင်းဆေးရုံတစ်ရုံသို့ တင်ပို့ထားရကြောင်း မေ ၂ ရက် သတင်းများတွင် ရေးသားတင်ပြထား သည်။ အီရန်အစိုးရသည် လူ့အခွင့်အရေးလှုပ်ရှားသူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် နာဂျက်စ်မိုဟမ်မာဒီကို အီရန်နိုင်ငံ အနောက်မြောက်ပိုင်း ဇန်ဂျန် မြို့အကျဉ်းထောင်တစ်ခု၌ ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် မေ ၁ ရက် နံနက် ပိုင်းတွင် နာဂျက်စ်မိုဟမ်မာဒီသည် နှလုံးကျန်းမာရေး ပြဿနာတစ်ရပ် ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး နှစ်ကြိမ်တိုင်တိုင်သတိလစ်မေ့မြောခဲ့ရကြောင်း နာဂျက်စ်မိုဟမ်မာဒီ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားသည်။ အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ရက်ပေါင်း၁၄၀ ကြာမျှ ဆေးဝါးကုသခွင့်ပေးရန် ငြင်းပယ်ခဲ့ပြီးခြင်းကြောင့် နာဂျက်စ်မိုဟမ်မာဒီမှာ နှလုံးကျန်းမာရေးပြဿနာဖြင့် ဆေးရုံသို့ ရောက်ရှိနေရခြင်းဖြစ်ကြောင်းအထက်ပါ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် နာဂျက်မိုဟမ်မာဒီသည် ယခုနှစ် မတ်လကုန်ပိုင်းတွင် နှလုံးရုတ်တရက်ဖောက်မှုနှင့် ရင်ဆိုင်ရခဲ့ဖွယ်ရှိကြောင်း ၎င်း၏ရှေ့နေများက ပြောကြားထား သည်။ အသက် (၅၃) နှစ်အရွယ် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ မိုဟမ်မာဒီသည် ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ထောင်သွင်း အကျဉ်းကျ ခံထားရချိန်တွင် ရရှိခဲ့သူဖြစ်သည်။ အီရန်အစိုးရသည် မိုဟမ်မာဒီကို အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ပါဝင်မှုဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ထပ်မံဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ခုနစ် နှစ်ထပ်မံချမှတ်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ထိုင်းနိုင်ငံမှဆေးခြောက် ကီလို ၁၀၀ ကျော် သယ်ဆောင်လာသော သံဃာ ၂၂ ပါးကို သီရိလင်္ကာဖမ်းဆီး ထိုင်းနိုင်ငံမှ ဆေးခြောက် ၁၁၀ ကီလိုဂရမ်ကို မှောင်ခိုသွင်းရန် ကြိုးစားခဲ့သည်ဟု စွပ်စွဲခံထားရသော ဗုဒ္ဓ ဘာသာဘုန်းတော်ကြီး ၂၂ ပါးကို သီရိလင်္ကာ ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဌာန က ဖမ်းဆီးလိုက်ပြီး မေးမြန်းစစ်ဆေးရန် ထိန်းသိမ်းထားကြောင်း သိရသည်။ သီရိလင်္ကာာနိုင်ငံမှ လေဆိပ်တစ်ခုတွင် ၎င်းတို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဆေးခြောက်အထုတ်များကို တာဝန်ရှိသူများက တွေ့ရှိခဲ့ပြီးနောက် သံဃာများကို ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီက ဧပြီ ၂၇ ရက် က ဖော်ပြခဲ့သည်။ သံဃာတစ်ပါးစီ က ဆေးခြောက် ၅ ကီလိုဂရမ်ဆီ သယ်ဆောင်လာကြောင်းကို ရှာဖွေမှုများပြုလုပ်စဉ် အကောက်ခွန်အရာရှိများက တွေ့ရှိခဲ့သည်။ စနေနေ့က ကိုလံဘိုမြို့သို့ ရောက်ရှိလာခဲ့ချိန်တွင် သံဃာ များ၏ ခရီးဆောင်အိတ်များတွင် အသစ်ထည့်ချုပ်ထားသည့် ဘေးနံရံများအတွင်း၌ ဆေးခြောက်များကို သိုဝှက်ထားသည်ဟု ဆိုပြီး အထုတ်များကို စားစရာများ၊ စာအုပ်များကြားတွင် ဖွက်ထားသည်ဟု ဆိုသည်။ အများအားဖြင့် စာသင်သားများဖြစ်သော သံဃာများ သည် ထိုင်းနိုင်ငံတွင် လေးရက်ကြာ နေထိုင်ပြီးနောက် ပြန်လာကြခြင်းဖြစ်ကာ ၎င်းတို့၏ခရီးစဉ် ကုန်ကျစရိတ်ကို မည်သူမည်ဝါမှန်းမသိသော စပွန်ဆာတစ်ဦးက ကျခံခဲ့သည်ဟု ဆိုသည်။ ၎င်းတို့၏ ခရီးစဉ်ကို စီစဉ်ပေးခဲ့သည်ဆိုသော အခြားရဟန်းတစ်ပါးကို ကိုလံဘိုမြို့ ဆင်ခြေဖုံးဒေသတစ်ခု၌ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ က သီရိလင်္ကာ ဘီဘီစီသတင်းကို ပြောကြားသည်။ အုပ်စုနှင့်အတူ လိုက်ပါခဲ့ခြင်း မရှိသော အခြားသံဃာတစ်ပါးက ၎င်းအထုတ်များမှာ လှူဒါန်းမှုများဖြစ်ပြီး ဗင်ကားတစ်စီးက လာရောက် ယူဆောင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားသည်။ နိုင်ငံတစ်ဝန်း ဘုန်းကြီးကျောင်းများမှဖြစ်သော သံဃာအချို့၏ မိုဘိုင်းဖုန်းများတွင် လူဝတ်ကြောင်အဝတ်အစားများဖြင့် အပန်းဖြေနေသည့် ဓာတ်ပုံများကိုလည်း သီရိလင်္ကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအရာရှိများက တွေ့ရှိခဲ့ကြသည်။ ဘုန်းကြီး ၂၂ ပါးကို ဧပြီ ၂၆ ရက် က တရားရုံးထုတ်ခဲ့ပြီး ထပ်မံ၍ စုံစမ်းစစ်ဆေးရန် ရီမန်ဖြင့် ၇ ရက် ထိန်းသိမ်းထားကြောင်း သိရသည်။ ၎င်းတို့ မည်သည့်ပစ္စည်းသယ်ဆောင်လာသည် ဆိုခြင်းကို သံဃာများက သိချင်မှ သိမည်ဟု ရဲတပ်ဖွဲ့က ယူဆသည်။ ယခုကဲ့သို့ သံဃာတစ်စုက လေဆိပ်မှနေ၍ နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် မသင်္ကာမှုဖြင့် ဖမ်းဆီးရမိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်းက ဖော်ပြသည်။ သတင်း-ရဲမင်း ကိုးကား-The Nation #နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️နေပြည်တော် မြို့နယ်ခြောက်ခု၌ လေပြင်းတိုက်ခတ်၊ ရပ်ကွက်၊ ကျေးရွာ ၃၇ ခုတွင်ပျက်စီးမှုများဖြစ် နေပြည်တော်ကောင်စီနယ်မြေအတွင်း ယမန်နေ့ (ဧပြီ ၂၈ ရက်) ညနေ (၄) နာရီခွဲခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်မြို့နယ် ခြောက်ခုရှိ ရပ်ကွက်၊ ကျေးရွာ ၃၇ ခုထက်မနည်းပျက်စီးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်များ အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၃၇ ခု၌ဓာတ်တိုင်များပြိုလဲခြင်း၊ သစ်ပင်ကြီးများ လဲကျခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းများ၊ အဆောက်အအုံများနှင့် မော်တော်ယာဉ်များပေါ် ပိမိခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင်အချို့နေရာများတွင် လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ "လေပြင်းတိုက်ခက်တာ မြို့နယ်ခြောက်မြို့နယ်က သစ်ပင်တွေ ဓာတ်တိုင်တွေလဲအများဆုံလဲတာပါ။ နေအိမ်ပျက်စီးမှုတွေကတော့နည်းပါတယ်။ အများဆုံဖြစ်တာကတော့ သစ်ပင်တွေ ဓာတ်တိုင်တွေလဲလို့ နေအိမ်တွေ၊ ကားတွေပေါ်ပိမိ ဖြစ်တာက ပိုများတယ်။ လမ်းပိတ်ဆို့မှုတွေလည်းဖြစ်လို့သွားရောက်ရှင်းလင်းပေးခဲ့ပါတယ်"ဟု မိုးစေတနာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒဏ္ခိဏသီရီမြို့နယ်၊ ရာဇသင်္ကြန်လမ်းရှိ Junction Nay Pyi Taw အတွင်း ဂျပ်ဆင်ဘုတ်များဖြင့်ယာယီကာရံမှုပြုလုပ်ထားသည့် နံရံတစ်ခုမှာပြိုကျ ပွင့်ထွက်သွားခြင်းကြောင့် အတွင်းရှိလူများ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ ပျက်စီးမှုများကို နေပြည်တော်ရှိ တာဝန်ရှိသူများနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက စုပေါင်းကာ လမ်းများပေါ်ရှိ သစ်ပင်သစ်ကိုင်းများကို ဖယ်ရှားခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - MFSD #ပြည်တွင်းသတင်း

◾️ရုရှားဘီလျံနာတစ်ဦး၏ဇိမ်ခံရွက်လှေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း ရုရှားနိုင်ငံသား ဘီလျံနာသူကြွယ်အလက်ဆီမော်ဒါရှော့ဗ်နှင့် ဆက်စပ်နေသောဇိမ်ခံရွက်လှေ သင်္ဘောတစ်စင်းသည် ဧပြီ ၂၆ရက်တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း သင်္ဘောခရီးစဉ် ခြေရာခံစောင့်ကြည့်ရေး သတင်းဝက်ဘ်ဆိုက်များ၏ အဆိုအရ သိရသည်။ နော့ဒ်အမည်ရှိ အဆိုပါ ဇိမ်ခံရွက်သင်္ဘောသည် အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်း ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းနိုင်ခဲ့သော သင်္ဘောစင်းရေအနည်းငယ်ထဲတွင် ပါဝင်သည်။ ကိုယ်ထည်အလျား မီတာ ၁၄၂ မီတာရှိသော နော့ဒ်ဇိမ်ခံရွက်သင်္ဘောသည် ဧပြီ ၂၄ ရက်တွင် အာရပ် စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံ ဒူဘိုင်းမြို့ ဆိပ်ကမ်းတစ်ခုမှ စတင်ထွက်ခွာခဲ့ပြီး ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ နော့ဒ်ဇိမ်ခံရွက်သင်္ဘောကို ရုရှားဘီလျံနာမော်ဒါရှော့ဗ်၏ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ကြောင်း သိရသည်။မော်ဒါရှော့ဗ်သည် ရုရှားသမ္မတပူတင်နှင့်နီးစပ်သူတစ်ဦးဖြစ်ပြီး အမေရိကန်အစိုးရနှင့်ဥရောပနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့်ရင်ဆိုင်နေရသူဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားသည် အီရန်စစ်ပွဲမဖြစ်ပွားမီက တစ်ရက်လျှင် ရေကြောင်းခရီးစဉ်၁၂၅ ခုမှ ၁၄၀ အထိ ပျမ်းမျှအားဖြင့် ဖြတ်သန်းနေသော ရေလမ်းကြောင်းဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

photo content

photo content

◾️ပန်းချီဦးလှတင်ထွန်း ဈာပနမြင်ကွင်း ဝါရင့်ပန်းချီပညာရှင်တစ်ဦးဖြစ်သည့် ပန်းချီဦးလှတင်ထွန်း၏ ဈာပနအခမ်းအနားကို ရေဝေးသုဿာန်၌ ယနေ့ ဧပြီ ၂၉ရက် တွင် ပြုလုပ်ခဲ့သည်။ စံတော်ချိန်သတင်းစာ၏ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သည့် ပန်းချီဦးလှတင်ထွန်းသည်ဧပြီ ၂၇ ရက် နံနက် ၂ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိနေအိမ်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ပန်းချီဦးလှတင်ထွန်း၏အမည်ရင်းမှာ ဦးသန့်စင်ဖြစ်ပြီး အနုပညာနှင့်ပတ်သက်သည့်ဆောင်းပါးများကို ‘ဝင်းပ’ ကလောင်အမည်ဖြင့်ရေးသားခဲ့သည်။ အဆိုပါ ‘ဝင်းပ’ ကလောင်အမည်ဖြင့် ပီကာဆို၏ အတ္ထုပ္ပတ္တိကိုရေးသားခဲ့ပြီးနောက် ပန်းချီလှတင်ထွန်းကလောင်အမည်ဖြင့် မြန်မာပန်းချီဆရာကြီးများ ဖြစ်သည့် ပန်းချီဦးဘကြည်၊ ပန်းချီဦးစံဝင်း၊ ဆရာလွန်းမှသည် ဒေါက်တာလွန်းသို့၊ မြန်မာ့ပန်းချီ ရေစီးကြောင်း စသည့်စာအုပ်များရေးသားခဲ့သည်။ ထို့ပြင် စံတော်ချိန်သတင်းစာတွင်အပတ်စဉ်ရေးသားခဲ့သည့်ပန်းချီအကြောင်းဆောင်းပါးများစွာကိုစုစည်းပြီး စံတော်ချိန်ဆောင်းပါးများဟုအမည်ပေးကား ၂၀၁၆ ခုနှစ်တွင်ထုတ်ဝေခဲ့သည်။အလားတူ မကွယ်မီအချိန် အထိလည်း ပန်းချီဝင်္ဂဘာဟုအမည်ပေးထားသည့်ဆောင်းပါးများကို ရေးသားခဲ့သည်။ ပန်းချီဦးလှတင်ထွန်းသည် ပြင်သစ်နိုင်ငံပါရီမြို့၌ပန်းချီသင်တန်းကို ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တက်ရောက်ခဲ့ပြီး ပြင်သစ်၊ အီတလီ၊ အင်္ဂလန်၊ တရုတ် စသည့်နိုင်ငံတို့တွင် ပန်းချီပြပွဲများ ခင်းကျင်း ပြသခဲ့ဖူးသည်။ #ပြည်တွင်းသတင်း ဓာတ်ပုံ- စံတော်ချိန်ဒစ်ဂျစ်တယ်

◾️အင်ဒိုနီးရှား၌ ရထားနှစ်စင်း ဝင်တိုက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်အနီး မြို့ငယ်တစ်မြို့၌ ရထားနှစ်စင်းဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၄ ဦး သေဆုံးခဲ့ရကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ဧပြီ ၂၈ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။ ဂျကာတာမြို့ပြင် ဘီကာဆီအမည်ရှိမြို့အနီး ဧပြီ ၂၇ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့သော အထက်ပါ ရထားနှစ်စင်းဝင်တိုက်မှု ဖြစ်စဉ်ကြောင့် လူပေါင်း ၈၄ဦးလည်း ဒဏ်ရာများရရှိခဲ့ကြောင်း အင်ဒိုနီးရှား မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ရထားနှစ်စင်းဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးနေသော ရထားတွဲများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ထုတ်ရေးလုပ်ငန်းကို အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးသမားများက ဧပြီ ၂၈ ရက်တွင် အပြီးသတ်နိုင်ခဲ့ကြောင်းသိရသည်။ ဧပြီ ၂၇ ရက် ရထားမတော်တဆဖြစ်စဉ်တွင် အငှားယာဉ်တစ်စင်းနှင့် ဝင်တိုက်မိခဲ့သော မြို့တွင်းရထား တစ်စင်းကို အဝေးပြေးရထားတစ်စင်းက ထပ်ဆင့်ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြောကြားသည်။ လက်ရှိအချိန်တွင် ရထားနှစ်စင်းဝင်တိုက်မှုဖြစ်စဉ် နောက်ခံအကြောင်းတရားကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံ၌ ကုန်တွင်းလမ်း ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားတတ်ရာ ၂၀၂၄ ခုနှစ်ကလည်း အနောက်ဂျာဗားပြည်နယ်၌ ရထားနှစ်စင်း ဝင်တိုက်မှုကြောင့် လူပေါင်း လေးဦး သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာများရရှိခဲ့ဖူးသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း