Page to Mind
Ir al canal en Telegram
490
Suscriptores
Sin datos24 horas
-57 días
-130 días
Carga de datos en curso...
Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
diciembre '25
diciembre '25
+1
en 0 canales
noviembre '25
+14
en 0 canales
Get PRO
octubre '25
+526
en 0 canales
Get PRO
septiembre '250
en 7 canales
Get PRO
agosto '25
+2
en 8 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 12 diciembre | 0 | |||
| 11 diciembre | 0 | |||
| 10 diciembre | 0 | |||
| 09 diciembre | 0 | |||
| 08 diciembre | 0 | |||
| 07 diciembre | 0 | |||
| 06 diciembre | 0 | |||
| 05 diciembre | 0 | |||
| 04 diciembre | 0 | |||
| 03 diciembre | 0 | |||
| 02 diciembre | 0 | |||
| 01 diciembre | +1 |
Publicaciones del Canal
လူချင်းတူပေမဲ့ လူတွေကို ကွဲပြားခြားနားစေတဲ့ “အ” သုံးလုံး၁။ အတွေး ၂။ အဓိပ္ပာယ် ၃။ အက်ရှင်
"လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ"စာအုပ်မှ
| 2 | လူတွေ_မမှတ်မိလောက်အောင်_တိုးတက်ပြောင်းလဲလိုက်ပါ.pdf | 371 |
| 3 | " လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ "
#DR . Phyo Paing | 341 |
| 4 | ပြဿနာတွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ ပြဿနာ ဖြေရှင်းနိုင်သူတွေသာ ဘဝကို အဆင်ပြေ ချောမွေ့စွာနဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
မိမိကိုယ်ကို စည်းကမ်းသတ်မှတ်ခြင်း
နှင့် ပြဿနာဖြေရှင်းခြင်း
ပြဿနာဖြေရှင်းဖို့အတွက် လိုအပ်တဲ့ အရာတွေကတော့ မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်နိုင်တာ ၊ မိမိကိုယ်ကို တန်ဖိုးထား လေးစားနိုင်တာ ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိတာ စတာတွေပဲဖြစ်ပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 4 631 |
| 5 | လောကမှာ အရာရာကို လုပ်ဖို့ အချိန်မလောက်နိုင်ပေမယ့်လည်း အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဖို့အတွက်တော့ လုံလောက်တဲ့ အချိန်တွေ ရှိပါတယ်။
အချိန်ဆွဲပြီး အီးရောအီးရော လုပ်တာတွေကို ကျော်လွှားနိုင်ဖို့ လိုပါတယ်။ မိမိကိုယ်ကို စည်းကမ်းထားတတ် ရမယ်။ ဖြစ်ချင်တဲ့ ဆန္ဒရှိရမယ်။ လေ့ကျင့်မှုအနေနဲ့ နေ့စဉ်အလုပ်မစခင် အဲဒီနေ့အတွက် သင်လုပ်ရမယ့် ဟာတွေကို စတင်ပြီး စာရင်းပြုစုထားပါ။
သင်ချရေးမယ့် စာရင်းမှာ A.B.C.D.E တို့ကို အောက်ပါအတိုင်း အသုံးချပါ။
A = Must do (မဖြစ်မနေ လုပ်ရမည်)
ရည်မှန်းချက်အတွက် မဖြစ်မနေ လိုအပ်တဲ့အလုပ်။
B = Should do (လုပ်သင့်တာ)
အရေးကြီးပေမယ့် အလျင်အမြန် မလိုအပ်သေး။
C = Nice to do (လုပ်ဖို့ကောင်းတာ)
မလုပ်ရင် အကျိုးဆက်မရှိသေးပေမယ့် လုပ်နိုင်ရင် သေးငယ်တဲ့ အကျိုးရှိမယ်။
D = Delegate
(အခြားသူကိုပေးလုပ်ခိုင်းခြင်း)
ကိုယ်တိုင်မလုပ်ရလည်း အခြားသူနဲ့ ဆက်လက်လုပ်ဆောင်နိုင်သည့် အလုပ်။
E = Eliminate (ဖယ်ရှားရန် အလုပ်)
အချိန်ကုန်သက်သာမှု မရှိဘဲ ရည်မှန်းချက်မဖြည့်ဆည်းနိုင်သည့် အလုပ်။ မလိုအပ်သည့် Habit, Activity, Low-value tasks ကို စာရင်းမှ ဖယ်ထုတ်ပါ။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 576 |
| 6 | ငွေကြေးကျပ်တည်းရတဲ့ အခြေခံအကြောင်း အရင်းကတော့ မိမိကိုယ်ကို စည်းကမ်းမသတ်မှတ်နိုင်တာ မိမိကိုယ်မိမိတာဝန်ထားနိုင်စွမ်းနဲ့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတာတွေကြောင့် အများဆုံး ဖြစ်ရပါတယ်။ ဘယ်သူမဆို ရလာတဲ့ ဝင်ငွေအပေါ် စည်းကမ်းထား သုံးစွဲရင် ငွေကြေးအကျပ်အတည်းက လွတ်မြောက်ပြီး စည်းကမ်းမရှိရင်တော့ အကြွေးပင်လယ်ဝေနေမှာ သေချာနေပါတယ်။ ဘယ်သူမဆို ငွေကြေးသုံးစွဲပြီး ပျော်ရွှင်မှု ရှာချင်တယ်ဆိုရင် သူတကာ ထက် အလုပ်ပိုလုပ်ပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုရဖို့အတွက် ငွေစုဆောင်းထားဖို့ လိုပါတယ်။ တဒင်္ဂ ပျော်ရွှင်မှုထက် ထာဝရ ပျော်ရွှင်မှုရရေးအတွက် ပို ကြိုးစားသင့်ပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 652 |
| 7 | မိမိကိုယ်မိမိ စည်းကမ်းထားခြင်းနှင့်
မဆုတ်မနစ်ကြိုးစားခြင်း
- မဆုတ်မနစ် ကြိုးစားသည့်သူ မှန်သမျှက မိမိကိုယ်မိမိ စည်းကမ်းထား စွမ်းဆောင်သူများ ဖြစ်တယ်။
- အောင်မြင်မှု အကျိုးတရားဟာ မဆုတ်မနစ်ကြိုးစားတဲ့ အကြောင်းတရားပဲ ဖြစ်တယ်။
- ကျရှုံးခြင်း အကျိုးဟာ မဆုတ်မနစ် ကြိုးစားဖို့ လုံးဝလိုအပ်နေ တဲ့ အကြောင်းတရားအပေါ် အခြေခံပါတယ်။
- မဆုတ်မနစ်ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ သင့်ရဲ့ ကိုယ်ပိုင် ဆုလာဘ် တစ်ခုလည်း ဖြစ်ပါတယ်။
- အချိန်တိုင်းလိုလို သင်က မဆုတ်မနစ် ကြိုးစားအားထုတ်ဖို့ ကိုယ့် ကိုယ်ကိုယ် တွန်းအားပေးနေမယ်ဆိုရင် လုပ်ငန်း အကြွေးမတင်တော့ဘဲ ပျော်ရွှင်မှုပါ ရလာမှာဖြစ်ပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 586 |
| 8 | မိန်းမသားဆန်ခြင်း(Feminine)ဆိုတာ
မိန်းကလေးဆန်တယ်ဆိုတာ
အပြင်ပုံပန်းသဏ္ဌာန်ကပဲ
မိန်းကလေးဆန်တာမဟုတ်ဘူး။
အရည်အသွေး၊ အပြုအမူ၊ အနေအထိုင်၊ အတွေးအခေါ်တွေကလည်း သိပ်အရေးကြီးတယ်။
မိန်းမသားဆန်ခြင်းက အားနည်းခြင်း
လုံးဝမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်ဟာ ယောင်္ကျားလေးတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့စွမ်းအင်ရှိပါတယ်။ အဲ့တာက လူသားတစ်ယောက်ကိုဖန်တီးနိုင်တဲ့ စွမ်းအားပါ။
မိန်းမသားဆန်တယ်ဆိုတာ
တည်ငြိမ်မှုနဲ့ စိတ်ခံစားချက်တွေကို
ထိန်းချုပ်နိုင်မှုရှိတဲ့ မိန်းကလေးမျိုး။
စကားအသုံးအနှုန်းကြမ်းကြမ်းတမ်းတမ်း
မသုံးဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့
အဆင့်အတန်းရှိရှိ ပြောတဲ့ မိန်းကလေးမျိုး။
ချက်တတ်ပြုတ်တတ်တဲ့ မိန်းကလေးမျိုး။
(သူများအတွက်မဟုတ်ဘူး)
Independency
(ကိုယ့်ဘဝအတွက်
ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချနိုင်ခြင်း)
Gracefulness (လေ့လာမှုရှိခြင်း)
Diligence (မပျင်းရိခြင်း)
Gracefulness (ပါးနပ်မှုရှိခြင်း)
Aura
(သူ့အနားရောက်သူတိုင်း
အလိုအလျောက် ခံစားမိစေတဲ့ အရာ)
သူ့မျက်နှာလေးကိုကြည့်လိုက်တာနဲ့
အလိုလိုနေရင်းစိတ်အေးချမ်းနေတဲ့
ခံစားမှုမျိုးရတဲ့ မိန်းကလေးမျိုး။
သူ့အနားကိုရောက်တာနဲ့အလိုလိုနေရင်း
ကိုယ့်ပြဿနာတွေကိုယုံကြည်ပြီး
ပြောပြချင်လာတာမျိုး။
နှစ်လိုဖွယ်ရာမျက်နှာအနေအထားရှိတယ်။
အမြဲတမ်းတည်ငြိမ် အေးချမ်းနေတဲ့
မျက်နှာလေးရှိတယ်။
အကြည်ဓာတ်လေးရှိတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှုရှိတယ်။
တတ်နိုင်သမျှ လှလှပပ
သပ်သပ်ရပ်ရပ်ကလေးနေတတ်တယ်။
ကိုယ်နဲ့လိုက်တာကို
ဝတ်တတ်စားတတ်တယ်။
အနံ့အသက်ဆိုးတွေမရှိဘဲ
သန့်ရှင်းသပ်ရပ်မှုရှိအောင်နေတယ်။ | 862 |
| 9 | ရည်မှန်းချက်၏ စွမ်းအင်
ရည်မှန်းချက်ထားရှိပါ။
ရည်မှန်းချက်တွေ နဲ့ အစီအစဉ်တွေကို
နေ့စဉ် ချရေးပြီး အလုပ်လုပ်ပါ။
ရည်မှန်းချက်မှာ စွမ်းအင်တွေရှိလာအောင်၊ ရည်မှန်းချက်ဆီ ရောက်အောင်၊ မိမိစွမ်းအင်ကောင်းတွေနဲ့ ကြိုးစားနိုင်အောင် အားထုတ်ပါ။တစ်နေ့ချင်း တစ်ရက်ချင်းအလိုက် ကြိုးစားပါ။
ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ ဘယ်လိုအခြေအနေ အခက်အခဲနဲ့ပဲ တွေ့တွေ့မရောက်ရောက်အောင် ကြိုးစားပြီး သွားပါ။
ကိုယ့်ရည်မှန်းချက်ရောက်အောင်
(အခက်အခဲတွေ ကြားက) ကြိုးစားပါ။
မိမိရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ
အကောင်းဆုံး ဖြစ်အောင် လုပ်ပါ။
လိုအပ်တဲ့ ထောက်ပံ့မှုကောင်းတွေ ရရှိအောင် အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတတို့ကို ကျွမ်းကျင်မှုတွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ပါ။
ဘယ်သူမဆို မတော်တဆတိုးတက်အောင်မြင်လာတာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ကိုင်ပြီးမှသာ ထိုက်တန်တဲ့ အောင်မြင်မှုကို ရရှိတာပါ။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 624 |
| 10 | မိမိကိုယ်ကို အစိုးရခြင်းနှင့်
မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း
မိမိကိုယ်ကို အစိုးရခြင်းနဲ့ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်သူတွေဟာ ၁ဝဝ ရာခိုင်နှုန်းတာဝန်ယူလိုစိတ် ရှိကြပြီး ဆင်ခြေဆင်လက်တွေကို ငြင်းပယ်တတ်ကြပါတယ်။
နောက်ပြီး သူတစ်ပါးအပေါ် အပြစ်တင်ဝေဖန်တာတွေ၊ မကျေမနပ်နဲ့ တိုင်တန်းတာတွေလည်း လုံးဝမရှိတတ်ကြပါဘူး။ ဒီလိုလူမျိုးတွေကသာ မိမိ ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 573 |
| 11 | ငွေကြေးနှင့် စိတ်ခံစားမှုများ
ငွေကြေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ စိတ်ခံစားမှုအများစုဟာလည်း ငွေကြေးနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တာဝန်ယူဖြေရှင်းနိုင်မှု မရှိတာတွေကြောင့် ဖြစ်ပေါ်လာရတာပါ။
ငွေကြေးကိစ္စအတွက် မကောင်းတဲ့ စိတ်ခံစားချက်မဖြစ်စေဖို့ သင် ကိုယ်တိုင် ရွေးချယ်ရမယ်။ ဆုံးဖြတ်ရမယ်။ ကြီးကြပ်ရမယ်။ ဒီတော့ လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်တဲ့ ဘဏ္ဍာရေးအခြေအနေတွေ ပြဿနာ တွေကို အပြစ်မတင်သင့်ပါဘူး။
ဒီတော့ ငွေကြေးနဲ့ ပတ်သက်တဲ့ စိတ်ခံစား မှုတွေကို လျှော့ချဖို့ ကိုယ်တိုင်တာဝန်ယူပြီး ခေါင်းအေးအေးနဲ့ ဖြေရှင်းရပါမယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 586 |
| 12 | စည်းကမ်းသတ်မှတ်ခြင်းနဲ့ တာဝန်ယူနိုင်ခြင်း
စည်းကမ်းမျိုးစုံရှိတဲ့အနက် တာဝန်ယူနိုင်ခြင်းဟာ အခက်ခဲဆုံးသော စည်းကမ်းတစ်ရပ် ဖြစ်ပါတယ်။
တာဝန်ယူနိုင်ခြင်း ဆိုတဲ့ စည်းကမ်းမရှိရင်လည်း စစ်မှန်တဲ့အောင်မြင်မှုဆိုတာ လုံးဝဖြစ်လာစရာအကြောင်း မရှိပါဘူး။
လူအများစုဟာ တာဝန်ယူခြင်း သဘောကို လက်မခံလိုကြပါဘူး။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 576 |
| 13 | မိမိအတွက် ပုံရိပ်ကောင်းများရှိစေခြင်း
ဘယ်အခြေအနေမျိုးမှာ မဆို မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိဖို့လည်း လိုအပ်တယ်။ ဒါမှလည်း သင့်ကို စောင့်ကြည့်နေသူတွေရဲ့ ယုံကြည်လေးစားမှုကို ရရှိမှာပါ။
မိမိဘက်က အစစအရာရာ သတိထားပြီး ကြိုးစားမယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုမြင့်တက်လာပြီး အရာရာ အောင်မြင်မှုရလာမှာပါ။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 615 |
| 14 | ဂုဏ်သိက္ခာရှိခြင်း
ဂုဏ်သိက္ခာကို ထပ်ဆင့်အဓိပ္ပါယ်ဖွင့်ရရင် အာမခံချက်ပေးနိုင်ခြင်း၊ တာဝန်ယူနိုင်ခြင်းဆိုတဲ့ သဘောကို တွေ့ရမှာပါ။ မိမိဘက်က ဂုဏ်သိက္ခာ ကြီးမြတ်လေ မိမိအပေါ် လေးစားယုံကြည်သူ များလာပြီး လုပ်ငန်းအောင် မြင်အောင် စွမ်းဆောင်ပေးမဲ့သူတွေလည်း ဝန်းရံလာမှာ ဖြစ်ပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 545 |
| 15 | အောင်မြင်မှုရဖို့အတွက်
သင်ဟာ တစ်ခါမှ မကျွမ်းကျင်ဘူးတဲ့ အလုပ် တွေ၊ မတတ်ထားခဲ့တဲ့ ပညာတွေကို သင်ယူရပါမယ်။
မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ပါ။ အဲ့ဒီအခါ အခြားလူသစ်တစ်ယောက်လိုဖြစ်သွားပြီး မိမိကိုယ်မိမိ တန်ဖိုးထားတတ်သူ၊ ကိုယ့်သိက္ခာကိုယ် လေးစားသူ ဖြစ်သွားမှာပါ။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 745 |
| 16 | အောင်မြင်တိုးတက်မှုတွေကို အစဉ်တည်မြဲနေ အောင် နေ့စဉ်နေ့တိုင်း ကြိုးစားနေရမှာ ဖြစ်ပါတယ်။
မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်နိုင်ခြင်းဟာ အောင်မြင်တိုးတက်မှု ဆိုတဲ့ အထက်တန်းကျတဲ့ နေရာဆီ သင့်ကို အတတ်နိုင်ဆုံး ခေါ်ဆောင် သွားပေးမှာ ဖြစ်ပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 751 |
| 17 | ကျွမ်းကျင်သူများထံမှ သင်ယူခြင်း
နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်သူတွေ ရေးသား ထားတဲ့စာအုပ်တွေကိုလည်း ဖတ်ရပါမယ်။ သူတို့ရဲ့ အော်ဒီယို ပရိုဂရမ်တွေ ကို နားထောင်ပြီး သူတို့ကျင်းပပြုလုပ်ပေးတဲ့ နှီးနှောဖလှယ်ပွဲတွေ ပညာပေး ဟောပြောပွဲတွေကိုလည်း တက်ရောက် နားထောင်ရပါမယ်။သူတို့ကို သွယ်ဝိုက်ပြီး ချဉ်းကပ်တာဖြစ်ဖြစ် တိုက်ရိုက်သွားရောက်တွေ့ဆုံပြီး အကြံပေးချက်တွေ တောင်းခံဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတစ်လေ အကြံကောင်းတစ်ချက်ရဲ့ ကျေးဇူးကြောင့် သင့်ဘဝစာမျက် နှာတွေ အပြောင်းအလဲ ဖြစ်သွားနိုင်ပါသေးတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 603 |
| 18 | အောင်မြင်မှုအားကြိုတင်တွက်ဆနိုင်ခြင်း
♻️ အောင်မြင်မှုဆိုတာ ဘယ်တော့မှ မတော်တဆ ရရှိတတ်တဲ့ အရာ မဟုတ်ပါဘူး။ ကျရှုံးခြင်းဟာလည်း မတော်တဆ ဖြစ်လာတဲ့ အရာ မဟုတ်ပါဘူး။
အောင်မြင်မှုရရှိဖို့အတွက် လိုအပ်ချက် ၃ ချက်
၁။ ဘဝမှာ သင်လိုချင်တဲ့ဟာအတွက် တိတိကျကျ ဆုံးဖြတ်ပြီးကြိုးစား။
၂။ သင်လိုချင်၊ ရချင်တဲ့ အရာအတွက် ပေးရမဲ့ တန်ရာတန်ကြေးကို အတိအကျ သတ်မှတ်။
၃။ ပေးဆပ်ရမဲ့ တန်ဖိုးအတွက် ဖြေရှင်းနိုင်စွမ်းရှိဖို့ လိုတယ်။
♻️ အောင်မြင်မှုရဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေထဲက တစ်ခုကတော့ သင်လိုချင်တဲ့ အရာအတွက် တိတိကျကျ ဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 676 |
| 19 | ခက်ခဲတဲ့အလုပ်က အောင်မြင်မှုရဲ့ ရှေ့ပြေး
ခက်ခဲတာကိုလုပ်ပါ။
အောင်မြင်မှုအတွက် မရှိမဖြစ်
လိုအပ်တဲ့ အရာဟာ မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ခြင်း ရှိဖို့ပဲ။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 705 |
| 20 | ကိုယ့်နည်းကိုယ်ဟန်ဖြင့် အောင်မြင်မှုရရှိခြင်း
♻️ ကျွမ်းကျင်ပိုင်နိုင်မှုတွေ ပိုရှိလေ၊ လုပ်ငန်းဆိုင်ရာမှာ အောင်မြင်မှု ပိုရရှိလေပဲ။
♻️ ထိုက်တန် တဲ့ အားထုတ်မှုကြောင့် ထိုက်တန်တဲ့ အကျိုးရလဒ်ကို ရလာကြတာပါ။
ဆင်ခြေမပေးနဲ့
No Excuse စာအုပ်မှ | 805 |
