es
Feedback
NOM

NOM

Ir al canal en Telegram

NOM Official Backup Channel - 2

Mostrar más
Birmania38 251La categoría no está especificada
201
Suscriptores
Sin datos24 horas
-17 días
-830 días
Archivo de publicaciones
NOM
201
ယူကရိန်းမှာ အမေရိကန်ကြေးစားစစ်သားတဦးက ကနေဒါကြေးစားစစ်သားကို မှားယွင်းပစ်ခတ်ခဲ့လို့ ဦးခေါင်းခွံတဝက် ပေါက်ထွက်သွားတဲ့အထိဖြစ်သွာ
ယူကရိန်းမှာ အမေရိကန်ကြေးစားစစ်သားတဦးက ကနေဒါကြေးစားစစ်သားကို မှားယွင်းပစ်ခတ်ခဲ့လို့ ဦးခေါင်းခွံတဝက် ပေါက်ထွက်သွားတဲ့အထိဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ရုရှားဘာသာစကားနဲ့ ပြောဆိုခဲ့တဲ့ စကားစုတခုကြောင့် အမေရိကန်စစ်သားက ကနေဒါနိုင်ငံသားကို ရုရှားစစ်သားထင်ပြီး မှားယွင်းပစ်ခတ်ခဲ့တာဖြစ်ပြီး အမှန်တကယ်အားဖြင့် နှစ်ဦးစလုံးက ယူကရိန်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ပေးနေသူ အချင်းချင်းဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခံရမှုကြောင့် ကနေဒါသားဟာ လက်မောင်းနဲ့ ဦးခေါင်းဒဏ်ရာတွေ ရခဲ့ပြီး ဦးခေါင်းခွံတစိတ်တပိုင်း ဆုံးရှုံးသွားပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇦🇫 🇷🇺 တာလီဘန်ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးတို့ ရုရှားနိုင်ငံတွင်တွေ့ဆုံ NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ တာလီဘန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုဟာမက်ကာဆင် ဖာရစ် (Mohammad Qasim Farid)သည် တာလီဘန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ မော်စကိုမြို့သို့ သွားရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အော်စမကော့ (Osmakov) နှင့် ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံစလုံးက ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းရန်နှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ပြုလုပ်ခဲ့သော သဘောတူညီချက်များ၏ အသေးစိတ်အချက်အလက်များကိုမသိရပေ။ News Of Myanmar NOM

NOM
201
နိုင်ဂျာနိုင်ငံမှာ မြို့တော်လေဆိပ်အနီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၁၀ ဦးအထိကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့
+1
နိုင်ဂျာနိုင်ငံမှာ မြို့တော်လေဆိပ်အနီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၁၀ ဦးအထိကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ မြေပြင်မှာ ရှိနေတဲ့ RT သတင်းရင်းမြစ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သေနတ်ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သတင်းပေးပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။ ယူရေနီယမ် အဓိကထုတ်လုပ်တဲ့ နိုင်ငံမှာ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
တရုတ်နိုင်ငံဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီး Nvidia ကနေ Al ချစ်ပ်တွေ ဝယ်ယူဖို့အတွက် နည်းပညာကုမ္ပဏီကြီး ၃ ခုကို ခွင့်ပြုလိုက်တယ်လ
တရုတ်နိုင်ငံဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီး Nvidia ကနေ Al ချစ်ပ်တွေ ဝယ်ယူဖို့အတွက် နည်းပညာကုမ္ပဏီကြီး ၃ ခုကို ခွင့်ပြုလိုက်တယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။ ByteDance, Alibaba နဲ့ Tencent တို့ဟာ H200 ချစ်ပ်ပေါင်း ၄ သိန်းကျော်ကို ဝယ်ယူမှာဖြစ်ပြီး Nvidia က ထုတ်လုပ်တဲ့ ကမ္ဘာပေါ်မှာ ဒုတိယအစွမ်းထက်သုံး ဉာဏ်ရည်တုချစ်ပ်တွေလို့ဆိုပါတယ်။ အတည်ပြုထားခြင်းမရှိသေးတဲ့ စည်းကမ်းချက်တွေနဲ့ ခွင့်ပြုမိန့်တွေကို ထုတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောဆိုခဲ့တယ်လို သိရပါတယ်။ News Of Myanmar NOM

NOM
201
“အလုပ်တွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေက GAY ဖြစ်စေနိုင်တယ်”လို့ မလေးရှား သာသနာရေးဝန်ကြီး ဒေါက်တာ Zulkifli Hasan
“အလုပ်တွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေက GAY ဖြစ်စေနိုင်တယ်”လို့ မလေးရှား သာသနာရေးဝန်ကြီး ဒေါက်တာ Zulkifli Hasan ရဲ့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်နေပါတယ်။ News Of Myanmar NOM

NOM
201
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြီမိသားစုဝင် ၁၁ ဦးကို ကွပ်မျက်လိုက်ပြီလို
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြီမိသားစုဝင် ၁၁ ဦးကို ကွပ်မျက်လိုက်ပြီလို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ကျားဖြန့်လို့ ခေါ်တဲ့ တရားမဝင်လုပ်ငန်းက ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၊ နယ်စပ်ဒေသတွေမှာ တော်တော်လေးကို ကျယ်ပြန့်စွာနဲ့ ရှိနေခဲ့တာပါ။ ကျားဖြန့်စင်တာတွေမှာ တရုတ်လူမျိုး အများအပြားအပါအဝင် နိုင်ငံခြားသားတွေက လူကုန်ကူးခံရပြီး အွန်လိုင်းကတဆင့် လူပေါင်းများစွာကို လိမ်လည်လှည့်ဖြားဖို့ အတင်းအဓမ္မခိုင်းစေခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘေဂျင်းက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ကာ ဖမ်းဆီးရမိထားတဲ့ ဩဇာကြီး မိသားစုတွေထဲက တခုဖြစ်တဲ့ မြီမိသားစုဝင်တွေကို ကွပ်မျက်လိုက်တာလည်း ဖြစ်ပါတယ်။ ကျဲ့ကျန်းပြည်နယ်၊ တရားရုံးတခုက အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး လူသတ်မှု၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်မှု၊ လိမ်လည်မှုနဲ့ လောင်းကစားရုံတွေ တည်ထောင်မှုတွေ ပါဝင်တဲ့ ရာဇဝတ်မှုအမျိုးမျိုးနဲ့ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
ရုရှား FSB က ဒါဂက်စတန်ပြည်နယ်တွင် အကြမ်းဖက်သမားများ​၏ ဗုံးဖောက်ခွဲတိုက်ခိုက်ရန်စီစဉ်နေမှုကို ဟန့်တားနိုင်ခဲ့ပြီး အကြမ်းဖက်များကို ချေမှုန်းသုတ်သင်ခဲ့သည်။ တယ်လီဂရမ်ချန်နယ်မှတဆင့် လူသစ်စုဆောင်းခံရသောအစွန်းရောက်ဝါဒီများသည် ဘာသာရေးနေရာတစ်ခုနှင့် ရထားလမ်းတစ်ခုကို ဗုံးခွဲရန်စီစဉ်နေခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်သမားများကိုဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။ ဗီဒီယို- ရုရှား FSB News Of Myanmar NOM

NOM
201
အီရန်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စွန့်လွှတ်မလား ဒါမှမဟုတ် အမေရိကန်တိုက်ခိုက်မှုကို ရင်ဆိုင်မလားဆိုတာကို ဒေါ်နယ်ထရမ့်က တောင်
အီရန်အနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စွန့်လွှတ်မလား ဒါမှမဟုတ် အမေရိကန်တိုက်ခိုက်မှုကို ရင်ဆိုင်မလားဆိုတာကို ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်တယ်လို့ New York Times က ဖော်ပြခဲ့ပါတယ်။ အဆိုပါပဲ့ထိန်းဒုံးကျည်တွေဟာ အစ္စရေးရဲ့ တိုက်ခက်မှုကို အီရန်ဘက်က ပြန်ဟန့်တားနိုင်ဖို့ လက်နက်တိုက်ထဲ နောက်ဆုံးအဟန့်အတားလည်း ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
+1
💵📉"မဟုတ်ဘူး၊ ကျွန်တော်တို့ဒေါ်လာက အခြေအနေအရမ်းကောင်းတယ်” - ထရမ့် မှတ်ချက်။ ။ အဲဒီအချိန်မှာပဲ အမေရိကန်ဒေါ်လာက လေးနှစ်အတွင်း အနိမ့်ဆုံးအဆင့်အသစ်ကို ကျဆင်းသွားခဲ့တာ။ News Of Myanmar NOM

NOM
201
စစ်တမ်းတွေမှာဆို ဒေါ်နယ်ထရမ့်က အမြဲတမ်းဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဒီတခါ သူ ဦးဆောင်လိုက်တာက ကမ္ဘာ့ငြိမ်းချမ်းရေးကို အခြိမ်းခြေ
စစ်တမ်းတွေမှာဆို ဒေါ်နယ်ထရမ့်က အမြဲတမ်းဦးဆောင်နေခဲ့တာပါ။ ဒါပေမယ့် ဒီတခါ သူ ဦးဆောင်လိုက်တာက ကမ္ဘာ့ငြိမ်းချမ်းရေးကို အခြိမ်းခြောက်နိုင်ဆုံးက ဘယ်သူလဲဆိုတဲ့ စစ်တမ်းမှာပါ။ စစ်တမ်းတွေရဲ့ ဖော်ပြချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ထရမ့် - ၄၁% ကင်ဂျုံအမ် - ၁၇% အလီခါမေနီ - ၈% ပူတင် - ၈% ရှီကျင့်ဖျင် - ၇% အနောက်အုပ်စုနဲ့ မဟာမိတ်တွေက အာဏာရှင်တွေလို့ သမုတ်ထားတဲ့ ခေါင်းဆောင်တွေထက် ဒီမိုကရေစီရဲ့ ဘိုးအေလို့ တင်စားနေတဲ့ နိုင်ငံကြီးရဲ့ သမ္မတက ငြိမ်းချမ်းရေးကို အခြိမ်းခြောက်ဆုံးသူ ဖြစ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
ဒေါ်နယ်ထရမ့်ဟာ အီရန်ခေါင်းဆောင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် စဉ်းစားနေပြီး ဒီလိုလုပ်ဆောင်ခြင်း
ဒေါ်နယ်ထရမ့်ဟာ အီရန်ခေါင်းဆောင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် စဉ်းစားနေပြီး ဒီလိုလုပ်ဆောင်ခြင်းဖြင့် အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ဆောင်ခဲ့သူတွေက အစိုးရ၊ လုံခြုံရေးအဆောက်အအုံတွေကို သိမ်းပိုက်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အာရပ်နဲ့ ဥရောပအရာရှိတွေကတော့ ထရမ့်ရဲ့ အစီအစဉ်အပေါ်မှာ မယုံမကြည်ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု တခုတည်းလုပ်ရုံနဲ့ ဆူပူအကြမ်းဖက်ဆန္ဒပြပွဲတွေ ပြန်ဖြစ်ပွားလာဖို့ အားပေးနိုင်ရင်တောင် အီရန်အစိုးရကို ဖြုတ် ချဖို့အတွက် မလုံလောက်ဘူးလို့ ယုံကြည်နေကြပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇺🇸☢️🐀"အမေရိကန်ရဲ့ လျှို့ဝှက်အနူမြူစမ်းသပ်မှုတွေအောက်မှာ ဓါတ်ခွဲခန်းအတွင်းက ကြွက်တွေသဖွယ်ဖြစ်ခဲ့တဲ့ နိုင်ငံသားများ" ၁၉၄၄ ကန
🇺🇸☢️🐀"အမေရိကန်ရဲ့ လျှို့ဝှက်အနူမြူစမ်းသပ်မှုတွေအောက်မှာ ဓါတ်ခွဲခန်းအတွင်းက ကြွက်တွေသဖွယ်ဖြစ်ခဲ့တဲ့ နိုင်ငံသားများ" ၁၉၄၄ ကနေ ၁၉၇၄ အတွင်း အဏုမြူစွမ်းအင်ကော်မရှင် (AEC) ၊ ကာကွယ်ရေးဌာနနဲ့ NIH တို့က အမေရိကန်နိုင်ငံသားတွေအပေါ် ရေဒီယိုသတ္တိကြွစမ်းသပ်မှုပေါင်း ၄၀၀၀ ကျော်ကို လျှို့ဝှက်စွာပြုလုပ်ခဲ့ပါတယ်။ လူပေါင်း ၁၆၀၀ ကျော်က သူတို့မသိလိုက်ဘဲ ဒါမှမဟုတ် သဘောတူညီချက်မရှိဘဲ စမ်းသပ်ခံတွေဖြစ်ခဲ့ပါတယ်။ သေဆုံးစေနိုင်တဲ့ စမ်းသပ်ချက်တွေကို ရိုချက်စတာ၊ နယူးယောက်၊ အုတ်ရစ်ချ်၊ တန်နက်ဆီ၊ ချီကာဂို၊ အီလီနွိုက်စ်နဲ့ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုက ဆေးရုံတွေ၊ ကျောင်းတွေ၊ အကျဉ်းထောင်တွေနဲ့ စစ်စခန်းတွေမှာ ပြုလုပ်ခဲ့ပါတယ်။ အရပ်သားတွေကို သက်ရှိ Data (Living Data) တွေအဖြစ် အသုံးပြုခဲ့တာပါ။ "ပလူတိုနီယမ်အဆိပ်သင့်လူနာများ" အဆိုးရွားဆုံး အစီအစဉ်တွေထဲကတခုဆိုရင်နောက်ဆုံးအဆင့်ရောဂါခံစားနေရတဲ့ လူနာ ၁၈ ဦးကို ခန္ဓာကိုယ်အတွင်း ရေဒီယိုသတ္တိကြွပစ္စည်းများ ဘယ်လိုရွေ့လျားလဲ ခြေရာခံဖို့အတွက် ပလူတိုနီယမ် (ဒါမှမဟုတ်) ယူရေနီယမ်တွေ ထိုးသွင်းခဲ့ပါတယ်။ လူနာတဦးဆိုရင် ၄ နှစ်သား ယောက်ျားလေးဖြစ်ပြီး သေဆုံးပြီးနောက် အရိုးတွေမှာ ရေဒီယေးရှင်းကြာရှည်တည်ရှိမှုကို လေ့လာဖို့အတွက် ခြေလက်တွေကို ဖြတ်တောက်တာမျိုးတောင် လုပ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားက ဆေးသုတ်သမား Albert Stevens က ခန္ဓာကိုယ်ထဲမှာ ပလူတိုနီယမ်တွေနဲ့အတူ နှစ် ၂၀ လောက်အထိ နေထိုင်ခဲ့ရပြီး သူ့အရိုးတွေကို မိသားစုမသိဘဲ အစိုးရဓါတ်ခွဲခန်းဆီ ပို့ဆောင်ခဲ့ပါတယ်။ "ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့မွေးကင်းစကလေးငယ်တွေ" ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၀ ကျော်ကို မွေးဖွားခြင်းမပြုခင် ဗီတာမင်တွေလို့ဆိုကာ ရေဒီယိုသတ္တိကြွသံဓါတ်တွေပေးခဲ့ပြီး မွေးကင်းစကလေးငယ်တွေကိုလည်း ရေဒီယိုတ္တိကြွအိုင်အိုဒင်းများကျွေးပြီး စောင့်ကြည့်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ မိသားစုတွေဟာ ဒီအန္တရာယ်တွေကိုမသိရှိခဲ့ကြဘဲ ရေရှည်အကျိုးသက်ရောက်မှုတွေက မသေချာမရေရာဖြစ်နေဆဲပါ။ မက်ဆာချူးဆက်မှာလည်း ဖွံ့ဖြိုးမှုဆိုင်ရာ မသန်စွမ်းကလေးငယ်တွေကို ရေဒီယိုသတ္တိကြွ ကယ်လ်ဆီယမ်နဲ့ သံဓါတ်ခြေရာခံပစ္စည်းတွေ ရောစပ်ထားတဲ့ cereal တွေကို ကျွေးမွေးခဲ့ပါတယ်။ သူတို့ကို သိပ္ပံကလပ်အဖွဲ့အစည်းတခုထဲ ဝင်ရောက်နေတယ်လို့ မိဘတွေကို လှည့်စားခဲ့ပြီး အရိုးကြီးထွားမှု၊ ဇီ၀ဖြစ်စဉ်နဲ့ ရေဒီယေးရှင်းကြာရှည်တည်ရှိမှုတွေကို သဘောတူညီချက်မရှိဘဲ ခြေရာခံခဲ့ကာ လုပ်ရပ်အားလုံးက ကလေးတွေကို ရေရှည်အကျိုးဆက်တွေကျန်ရစ်စေခဲ့ပါတယ်။ "Fallout Zone က စစ်သားများ" အမေရိကန်စစ်သားတွေကိုလည်း Operation Desert Rock နဲ့ ပစိဖိတ်ဒေသက နူကလီးယားစမ်းသပ်မှုတွေဆီ သွားရောက်စေခဲ့ပါတယ်။ စမ်းသပ်မှုတွေက ဘေးကင်းကြောင်း ပြောဆိုခဲ့ပေမယ့် ထောင်နဲ့ချီတဲ့သူတွေဟာ ထိတွေ့ခံရမှုတွေကြောင့် တိုက်ရိုက်ရလဒ်အနေနဲ့ ရေဒီယိုသတ္တိကြောင့်ဖြစ်သောကင်ဆာ၊ သိုင်းရွိုက်ရောဂါတွေနဲ့နာတာရှည်ရောဂါတွေ ဖြစ်ပွားခဲ့ပါတယ်။ "အကျဉ်းသားများနဲ့ ဆင်းရဲသားများ" အများစုအဖြစ် အာဖရိကန်-အမေရိကန် ကင်ဆာရောဂါရှင် ၈၈ ဦးကို ခန္ဓာကိုယ်တခုလုံး ဓါတ်ရောင်ခြည်ကုသမှု ခံယူစေခဲ့ပါတယ်။ အန္တရာယ်ရှိကြောင်း အပြည့်အ၀မပြောဆိုဘဲ စေတနာ့ဝန်ထမ်းအဖြစ် ဓါတ်ရောင်ခြည်စမ်းသပ်မှုတွေမှာပါဝင်ဖို့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ချပေးတာ ဒါမှမဟုတ် ငွေအနည်းငယ်ပေးချေတာမျိုးတွေ လုပ်ခဲ့ပါတယ်။ "လျှို့ဝှက်ချက်နဲ့ ဖုံးကွယ်မှုများ" ပလူတိုနီယမ်သားကောင်တွေကို HP1-HP18 တို့လို ကုဒ်တွေအောက်မှာ မှတ်တမ်းတင်ထားပြီး အစမ်းသပ်ခံလူပေါင်း ၁၆,၀၀၀ အပေါ်မှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုပေါင်း ၄,၀၀၀ ကျော်ကို မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်းတွေကို ဆယ်စုနှစ်များစွာ လျှို့ဝှက်ထားခဲ့ပါတယ်။ ၁၉၈၆ မှာ လွှတ်တော်အမတ် Edward J.Markey က အမေရိကန်ရဲ့ "နူကလီးယားအစမ်းသပ်ခံရသူများ" (America's Nuclear Guinea Pigs) အကြောင်းကြားနာမှုတွေလုပ်ခဲ့ပေမယ့် အများအားဖြင့် လျစ်လျူရှုခံခဲ့ရပါတယ်။ ၁၉၉၃ မှာ သတင်းထောက် Eileen Welsome က ခံစားခဲ့ရတဲ့ သားကောင်တွေကို ဖော်ထုတ်ခဲ့ပြီး သူမရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိမှုတွေကို ထုတ်ဝေခဲ့ကာ အမေရိကန်အစိုးရရဲ့ အလွဲသုံးစားလုပ်မှုတွေကို အများပြည်သူသိစေခဲ့ပါတယ်။ ၁၉၉၅ မှာ သမ္မတ ကလင်တန်က အစိုးရလုပ်ဆောင်ချက်တွေက မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီး လျော်ကြေးနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပေမယ့် သားကောင်အများစုကတော့ သေဆုံးသွားခဲ့ပြီးဖြစ်ကာ တရားမျှတမှုက အချိန်နောက်ကျပြီးမှ ရောက်လာခဲ့ရပါတော့တယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
‼️🇮🇷🇺🇸 အမေရိကန်နှင့် အီရန်အကြား အိုမန်မှတဆင့် သံတမန်ရေးရာ ဆက်သွယ်မှုများကို အီရန်ကရပ်ဆိုင်းလိုက်ပြီဟု သတင်းထုတ်ပြန်လိုက်သည်။ Axios မှ အမေရိကန်အရာရှိကြီးများကို ကိုးကားပြီး အတည်ပြုချက်အရ လက်ရှိတွင် ညှိနှိုင်းမှုများ လုံးဝ မရှိတော့ဘဲ အီရန်အနေဖြင့် အမေရိကန်​၏ ဖိအားပေးတောင်းဆိုနေမှုများကို သဘောတူလက်ခံမည် မဟုတ်ကြောင်းသိရသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷/🇺🇸 အီရန်စစ်တပ်အရင်းအမြစ်တစ်ခု၏ပြောကြားချက်- ရန်သူ(အမေရိကန်)၏ ဒေသအတွင်းစစ်ရေးတည်ဆောက်မှုကြီးမားလာနေသဖြင့် ဆွေးနွေးညှိနှိုင်းမှုကို ကျွန်ုပ်တို့ဦးစားပေးမည်မဟုတ်ပါ။ ထိုအစားပြတ်သားသော ကာကွယ် ရေးကို ကျွန်ုပ်တို့၏ ထိပ်တန်းဦးစားပေးအဖြစ်ထားရှိပါမည်။ • အမေရိကန်၏ဒေသအတွင်း စစ်အင်အားစုဖွဲ့နေမှုကို ရင်ဆိုင်ရန်အတွက် ကျွန်ုပ်တို့၏ ကာကွယ် ရေးအဆင်သင့်ဖြစ်မှုကို အမြင့်ဆုံးအဆင့်သို့မြှင့်တင်ပါမည်။ • အမေရိကန်တို့က ရလဒ်များကို ကြိုတင်သတ်မှတ်မထားဘဲ ညှိနှိုင်းလိုပါက အီရန်က သေချာပေါက် လက်ခံပါမည်။ • စစ်အင်အားစုဖွဲ့ခြင်းဖြင့် ကျွန်ုပ်တို့ကို ညှိနှိုင်းရန် အတင်းအကြပ် ပြုလုပ်လို့မရပါ။ • စစ်ပွဲဖြစ်နိုင်ခြေကို ကျွန်ုပ်တို့အလေးအနက်ထားပြီး အမေရိကန်ထံမှ သတင်းစကားများကြောင့် ကျွန်ုပ်တို့၏အာရုံ ပျံ့လွင့်သွားမည်မဟုတ်ပါ။ • ကျွန်ုပ်တို့ကို တိုက်ခိုက်သည့် ရန်သူများနှင့် ၎င်းတို့အခြေစိုက်ရာစခန်းများကိုသာ ပစ်မှတ်ထားပါမည်။ အခြားမဆိုင်သည့် နိုင်ငံများကို ပစ်မှတ်မထားပါ။ • ရန်သူအနေဖြင့် အကန့်အသတ် တိုက်ခိုက်မှုများကို နောက်တစ်ကြိမ်ထပ်မံပြုလုပ်ရန်ပင် မစဉ်းစားရဲအောင် ကျွန်ပ်တို့တုံ့ပြန်မည့်ပုံစံကို အစီအစဉ်ရေးဆွဲထားပြီးဖြစ်ပါသည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
‼️🇪🇺🇺🇸 နေတိုးအတွင်းရေးမှူးချုပ်က အမေရိကန်နှင့် ထရမ့်အပေါ် ထောက်ခံမှုနှင့်ပတ်သက်၍ ဥရောပခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်ပွာ
‼️🇪🇺🇺🇸 နေတိုးအတွင်းရေးမှူးချုပ်က အမေရိကန်နှင့် ထရမ့်အပေါ် ထောက်ခံမှုနှင့်ပတ်သက်၍ ဥရောပခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်ပွား ▪️ နေတိုးအတွင်းရေးမှူးချုပ် ရူးတေး (Rutte) က ဥရောပသည် အမေရိကန်ပေါ် မှီခိုနေရသည်ဟု ပြောကြားချက်များအတွက် ဥရောပနိုင်ငံရေးသမားများထံမှ ပြင်းထန် သော ဝေဖန်မှုများခံခဲ့ရသည်။ ▪️ အကြောင်းရင်းမှာ ရူးတေးက ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားချိန်တွင် "ဥရောပသည် အမေရိကန်မပါဘဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မည်ဟု တစ်စုံတစ်ဦးက ထင်နေပါက အိပ်မက်မက်နေတာပဲ ဆက်မက်ပါစေ။" ဟူ၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ ▪️ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot က ဥရောပသည် "ကိုယ့်လုံခြုံရေးအတွက် တာဝန်ယူရှိပြီး တာဝန်ယူနိုင်ရမည်"ဟု တုံ့ပြန်ခဲ့သည်။ ဥရောပပါလီမန်အမတ် Nathalie Loiseau က ရူးတေး၏ စကားများကို "ရှက်စရာ" ဟု ခေါ်ဆိုကာ နေတိုးတွင် "ထရမ့်ပရိသတ်တစ်ဦး မလိုအပ်" ဟု ပြောကြားခဲ့သည်။ စပိန်ပါလီမန်အမတ် Nacho Sánchez Amor က ရူးတေးသည် နေတိုးကို ကိုယ်စားပြုနေခြင်း (သို့မဟုတ်) အမေရိကန်ကို ကိုယ်စားပြုနေခြင်းလားဟူ၍မေးခွန်းထုတ်ခဲ့သည်။ ဥရောပသံတမန်များက ရူးတေးသည် ဂရင်းလန်း အရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန်နှင့် တင်းမာမှုများကို လျှော့ချရာတွင် ကူညီခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရင်း မဟာမိတ်အတွင်း ရေရှည်ယုံကြည်မှုကို ထိခိုက်စေခဲ့သည်ဟု ဝန်ခံကြသည်။ သံတမန်တစ်ဦးက ဂရင်းလန်းအကျပ်အတည်းသည် "ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သည်" ဟုဆိုကာ ရူးတေး​၏ ချဉ်းကပ်ပုံက "မဟာမိတ်များကို ဝေးကွာစေခဲ့သည်" ဟုပြောကြားခဲ့သည်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
"တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို အလျင်အမြန် ရောင်းချနေပြီး ရွှေကို အစုလိုက်အပြုံလိုက် စုဆောင်းနေ" တရုတ်နိုင်ငံက
"တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို အလျင်အမြန် ရောင်းချနေပြီး ရွှေကို အစုလိုက်အပြုံလိုက် စုဆောင်းနေ" တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်တွေကို အလျင်အမြန် ရောင်းချနေပြီး ရွှေကို အစုလိုက်အပြုံလိုက် စုဆောင်းနေပါတယ်။ အချက်အလက်တွေက တရုတ်ဟာ အမေရိကန် ဒေါ်လာစနစ်ကနေ မြန်မြန်ဆန်ဆန် ထွက်ခွာနေကြောင်းပြသနေပါတယ်။ တရုတ်ရဲ့ အမေရိကန်အစိုးရ ငွေတိုက်စာချုပ် ဝယ်ယူထားမှုက ဒေါ်လာ ၆၈၀ ဘီလီယံအထိ ကျဆင်းသွားပြီး ၁၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိသွားပါပြီ။ အခြားတစ်ဖက်မှာတော့ ရွှေသိုလှောင်မှုက လအဆက်ဆက် ၁၄ လကြာ ဝယ်ယူလာပြီးနောက် တန်ချိန် ၂,၃၀၆ တန်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ Goldman Sachs ရဲ့ ခန့်မှန်းချက်အရ တရုတ်ရဲ့ အမှန်တကယ် ရွှေစုဆောင်းမှုက တရားဝင် ကိန်းဂဏန်းထက် ၁၀ ဆ ပိုများနိုင် ပါတယ်။ ၂၀၂၅ ခုနှစ်အတွက် တရားဝင်ဖော်ပြထားတဲ့ ဝယ်ယူမှုက တန်ချိန် ၂၇ တန်သာ ဖြစ်ပေမယ့် အမှန်တကယ်ရရှိထားတဲ့ ရွှေအရေအတွက်က တန်ချိန် ၂၇၀ ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ စစ်ကာလ အဆင့်အထိ ရောက်တဲ့ မဟာဗျူဟာဆိုင်ရာ အန္တရာယ်လျှော့ချရေး (strategic de-risking) ဖြစ်ပါတယ်။ ဒေါ်လာအကြွေးစာချုပ်တွေကို နိုင်ငံပိုင်ထိန်းချုပ်နိုင်တဲ့ ရွှေနဲ့ လဲလှယ်ခြင်းအားဖြင့် ဘေဂျင်းဟာ အနောက်နိုင်ငံများရဲ့ အရေးယူပိတ်ဆို့မှုတွေကနေ ကိုယ်ကိုယ်တိုင် ကာကွယ်နေပြီး ငွေကြေးစနစ် ပြောင်းလဲလာမယ့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ News Of Myanmar NOM

NOM
201
Repost from News Of Myanmar
🇮🇷 ⚔️🇺🇸 အမေရိကန်သို့ အီရန် တော်လှန်ရေးအစောင့် တပ်မှ တပ်မှူးတစ်ဦး​၏ပြောကြားချက် "အီရန်သင်္ဘောတွေကို ဘယ်လိုအတိအကျပိတ်ဆို့မှာလဲ။ အီရန်သင်္ဘောတစ်စီး ဖမ်းဆီးခံရတိုင်း ကျွန် တော်တို့ (အီရန်)က အမေရိကန်သင်္ဘောတစ်စီးကို ပြန်ဖမ်းဆီးလိုက်မယ်။ ဒါက အရင်ကလည်းဖြစ်ခဲ့ဘူးတာပဲ။ အမေရိကန်ဘက်က လက်တွေ့မှာ တားဆီးဖို့ နည်းလမ်းသိပ်မရှိဘူး။ အကယ်၍ တင်းမာမှုတွေကနေ အီရန်သင်္ဘောတွေကို နှစ်မြှုပ်တဲ့အဆင့်ထိ လုပ်လာရင်ကျွန် တော်တို့မှာ ရွေးချယ်စရာအများကြီးရှိတယ်။ အမေရိကန်ရေတပ်က စစ်ပွဲကာလမှာ ပါးရှားပင်လယ်ကွေ့ထဲ ဝင်လို့မရဘူး။ ဝင်လာရင်အမေရိကန်သင်္ဘောတွေက အီရန်ရဲ့သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ အီရန်အမြန် သွားတိုက်ခိုက်ရေးရေယာဉ်တွေအတွက် အလွန်လွယ်ကူတဲ့ပစ်မှတ်တွေဖြစ်ကုန်မယ်။ ဒါ့အပြင် အီရန်ရဲ့အကြီးစားအသေခံမောင်းသူမဲ့ဒရုန်းတွေကလည်း အမေရိကန်ရေတပ်အတွက် အဓိက ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်။ ပင်လယ်နီမှာ ဘာဖြစ်ခဲ့လဲကြည့်ပါ။ အမေရိကန်အနေနဲ့ ဘာလို့ မအောင် မြင်ခဲ့တဲ့ အတွေ့အကြုံကို ထပ်လုပ် မှာလဲ။ အီရန်က ဗင်နီဇွဲလားမဟုတ် ဘူး။ အီရန်ကို အနိုင်ရမယ့်အခြေအနေမရှိပါဘူး။" News Of Myanmar NOM

NOM
201
Repost from News Of Myanmar
ဇန်နဝါရီလ ၂၈ ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ အစ္စရေးထောက်လှမ်းရေးမော့ဆက်အတွက် သူလျှိုလုပ်ပေးသူတ စ်ဦးကို အီရန်တရားရုံးကယနေ့က
ဇန်နဝါရီလ ၂၈ ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ အစ္စရေးထောက်လှမ်းရေးမော့ဆက်အတွက် သူလျှိုလုပ်ပေးသူတ စ်ဦးကို အီရန်တရားရုံးကယနေ့ကြိုးပေးကွပ်မျက်လိုက်သည်။ ၂။ ယူကရိန်း-ရုရှားစစ်ပွဲအတွင်း လူနှစ်သန်းကျော်သေဆုံးထိခိုက်ဒဏ်ရာရနေပြီး တစ်နေ့လျှင်သေဆုံးနှင့်ဒဏ်ရာရသူတစ်ထောင်နှုန်းရှိသည်ဟု နယူးယောက်တိုင်းမ်သတင်းစာကဖော်ပြသည်။(ဓါတ်ပုံ) ၃။ ဆလိုဗားကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက သူတို့၏ ဖလော်ရီဒါပြည်နယ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတဒေါ်နယ်ထရမ့်၏ "စိတ်ပိုင်းဆိုင်ရာ အခြေအနေ" နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး ထရမ့်အား "အန္တရာယ်ရှိသူ" အဖြစ် သတ်မှတ်ခဲ့ကြောင်း ပိုလစ်တီကိုသတင်းစာက ဖော်ပြသည်။ ၄။ အင်ဒိုနီးရှားတွင် မိုးသည်းထန် ပြီးမြေပြိုမှုကြောင့် ၃၄ ဦးသေဆုံးပြီး ၃၂ ဦးပျောက်ဆုံးဆဲဖြစ်သည်။ ၅။ အာရှဖလား ခြေစစ်ပွဲ၌ပြည်ပမွေးစားသား ၇ ဦးကိုမလေးရှားဘောလုံးအသင်းတွင်ထည့်သွင်းကန်စေသဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က မလေးရှားဘောလုံးအဖွဲ့ချုပ်ကိုဒေါ်လာလေးသိန်းဒဏ်ရိုက်ပြီးယနေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များနှုတ် ထွက်သွားသည်။ News Of Myanmar NOM

NOM
201
ထိုင်းနိုင်ငံက ကွန်ဆာဗေးတစ်ပါတီတခုဖြစ်တဲ့ Thai Pakdee ပါတီဟာ မနေ့က သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကဆင့် မဲဆွယ်စည်းရုံးရေးဗီဒီယို
ထိုင်းနိုင်ငံက ကွန်ဆာဗေးတစ်ပါတီတခုဖြစ်တဲ့ Thai Pakdee ပါတီဟာ မနေ့က သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကဆင့် မဲဆွယ်စည်းရုံးရေးဗီဒီယိုတခုကို ထုတ်ပြန်ခဲ့ရာမှာ သူတို့သာ ရွေးကောက်ခံခဲ့ရပါက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်သမားအခွင့်အရေးအတွက် လုပ်ဆောင်ပေးနေပြီး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနေရာမှာ ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအတွင်းက မြန်မာ NGOs တွေကို နှိမ်နှင်းပေးမယ်ဆိုတဲ့ ကတိပေးတဲ့ အချက် ပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အစိတ်အပိုင်းတွေကို မြန်မာလူမျိုးတွေက သိမ်းပိုက်မှာကိုလည်း စိုးရိမ်မိကြောင်း ကိုးကားဖော်ပြထားပါတယ်။ အမည်မဖော်ပြထားတဲ့ ထိုင်းနိုင်ငံရေးပါတီနှစ်ခုက အဆိုပါ NGOs တွေကို ထောက်ခံနေတယ်လို့လည်း Thai Pakdee ပါတီက ဆိုပါတယ်။ ဒါ့အပြင် မွတ်စလင်ရွှေ့ပြောင်းအလုပ်သမားဦးရေ များပြားတဲ့ ဥရောပက နိုင်ငံတွေရဲ့ အခြေအနေနဲ့လည်း နှိုင်းယှဉ်ပြောဆိုမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ NOM

NOM
201
Repost from News Of Myanmar
🇮🇱 ဂျူးဘုန်းကြီးတစ်ပါး ဝတ်ပြုဆုတောင်းနေသည့် ဗီဒီယို News Of Myanmar NOM