NOM
Ir al canal en Telegram
201
Suscriptores
Sin datos24 horas
-17 días
-830 días
Archivo de publicaciones
201
Repost from News Of Myanmar
အီရန်ကလပ်စတာ ဒုံးကျည်များထိမှန်ပြီးတွေ့ရသည့် အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့
NOM
201
Repost from News Of Myanmar
အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ အီရန်ကလပ်စတာဒုံးကျည်များထိမှန်မှုကြောင့် မြို့လယ်ခေါင်တွင် လူထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်းနှင့် အဆောက်အဦးအချို့ ထိမှန်ပျက်စီးမှုများရှိကြောင်းသိရသည်။
NOM
201
Repost from News Of Myanmar
အစ္စရေးနိုင်ငံ၊ တယ်လ်အဗီးဗ် (Tel Aviv) မြို့ပေါ်ရှိကောင်းကင်ယံတွင်တွေ့ရသည့် အီရန်ကလပ်စတာဒုံးကျည်များ။
NOM
201
Repost from News Of Myanmar
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ၏ အတွင်းရေးမှူး အလီလာရီဂျာနီ၏ ယခင်တင်ခဲ့သည့်ပို့စ်
အမေရိကန်အစိုးရက ၎င်းအား ရှာဖွေဖော်ထုတ်နိုင်သူကို အမေရိကန်ဒေါ်လာ (၁၀) သန်း ဆုကြေးပေးမည်ဟု ကြေညာခဲ့မှုအပေါ် အာဇာနည် အလီလာရီဂျာနီ (Ali Larijani) ၏ တုံ့ပြန်ချက်မှာ -
"ကျွန်ုပ်အဖို့ သေခြင်းတရားဆိုသည်မှာ ပျော်ရွှင်ခြင်းတစ်မျိုးသာဖြစ်ပြီး ဖိနှိပ်သူများနှင့်အတူ ယှဉ်တွဲနေထိုင်ရခြင်းသည်သာ အဆိုးရွားဆုံး ဆင်းရဲဒုက္ခ ဖြစ်ပေသည်။"
NOM
201
Repost from News Of Myanmar
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ၏ အတွင်းရေးမှူး အလီလာရီဂျာနီ သည် ၎င်း၏သားဖြစ်သူ (ဒုတိယအရာရှိတစ်ဦး) နှင့် သက်တော်စောင့်အဖွဲ့ဝင်အချို့နှင့်အတူ ပါဒစ်ဧရိယာရှိ ၎င်း၏သမီးဖြစ်သူ နေအိမ်၌ ရှိနေစဉ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ တိုက်လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရပြီး ကျဆုံးသွားခဲ့သည်။
အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ကွပ်ကဲမှု ယန္တရားမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် မရှိဘဲ
အရေးကြီးပြီး အမိန့်ပေးကွပ်ကဲရသည့် ရာထူးနေရာများအတွက် အဆင့်ဆင့်သော အစားထိုး အရာရှိများနှင့် ဒုတိယအရာရှိများကို ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သောကြောင့် အကြပ်အတည်းကာလများတွင် လုပ်ငန်းတာဝန်များကို ချက်ချင်း ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်သည်။
ပုံ- အလီလာရီဂျာနီ (ဘယ်ဘက်အစွန်)
NOM
201
Repost from News Of Myanmar
သည်ဂါးဒီးယန်း (The Guardian) သတင်းဌာန၏ ဖော်ပြချက်အရ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိုနသန် ပါဝဲလ် (Jonathan Powell) သည် ဂျီနီဗာတွင် ပြုလုပ်သည့် နောက်ဆုံးအဆင့် အမေရိကန်-အီရန် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး တီဟီရန်၏ နျူကလီးယားဆိုင်ရာ အဆိုပြုချက်သည် သံတမန်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပဋိပက္ခအရှိန်မြင့်တက်လာမှုကို ရှောင်ရှားနိုင်ရန် လုံလောက်သော အရေးပါမှုရှိသည်ဟု ယုံကြည်ခဲ့ကြောင်း သိရသည်။ အီရန်၏ ကမ်းလှမ်းချက်သည် မမျှော်လင့်ထားဘဲ သိသာထင်ရှားပြီး တိုးတက်မှုများ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါအစီရင်ခံစာတွင် အစ္စရေးနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ဂျဲရက် ကွတ်ရှ်နာ (Jared Kushner) နှင့် အထူးကိုယ်စားလှယ် စတီးဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ ဦးဆောင်သော အမေရိကန်ညှိနှိုင်းရေးအဖွဲ့အပေါ် စိုးရိမ်မှုများကိုလည်း မီးမောင်းထိုးပြထားသည်။
ဆွေးနွေးပွဲများကို သိရှိနားလည်သည့် သံတမန်တစ်ဦးက သည်ဂါးဒီးယန်း သို့ ပြောကြားရာတွင် "ကျွန်ုပ်တို့ကတော့ ဝစ်ကော့ဖ် နဲ့ ကွတ်ရှ်နာတို့ကို သမ္မတကိုယ်တိုင်က ရှောင်လွှဲလိုတဲ့ စစ်ပွဲတစ်ခုထဲကို သမ္မတကို ဆွဲသွင်းနေတဲ့ အစ္စရေးရဲ့ အသုံးချခံတွေ (Israeli assets) အဖြစ်ပဲ ရှုမြင်ပါတယ်” ဟု ဆိုသည်။
ဝစ်ကော့ဖ် သည် ကျွမ်းကျင်မှုပိုင်းအတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီ (Rafael Grossi) ကိုသာ အားကိုးနေရပြီး အမေရိကန်ဘက်မှ သီးသန့်နည်းပညာရှင်အဖွဲ့ မပါဝင်ခြင်းအပေါ် ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။
ဆွေးနွေးပွဲအပြီး မကြာမီမှာပင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ထိုလုပ်ရပ်အပေါ် ဗြိတိန်က သံတမန်ရေးရာ ရွေးချယ်စရာများ မကုန်ဆုံးသေးဘဲ ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်း ပွင့်နေဆဲဖြစ် သည့်တိုင် အချိန်မတိုင်မီ စောလွန်းသည့် လုပ်ရပ်အဖြစ်ရှုမြင်ခဲ့သည်။
NOM
201
Repost from News Of Myanmar
+2
အီရန်စစ်ပွဲကိုဆန့်ကျင်သည့်အနေဖြင့် အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးရာထူးမှ နုတ်ထွက်
ထရမ့်မှ ခန့်အပ်ထားသည့် အမေရိကန်အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးဇက်ကန့် (Joseph Kent) သည် အီရန်အပေါ် ဖန်တီးပြုလုပ်ထားသည့် စစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။
"အီရန်တွင် ဖြစ်ပွားနေသော စစ်ပွဲကို ကျွန်ုပ်၏ ကိုယ်ကျင့်တရားအရ ဆက်လက် ထောက်ခံခြင်း မပြုနိုင်ပါ။ အီရန်သည် ကျွန်ုပ်တို့ နိုင်ငံအပေါ် မကြာမီ ကျရောက်တော့မည့် ခြိမ်းခြောက်မှုမျိုး မရှိခဲ့ဘဲ ဤစစ်ပွဲကို အစ္စရေးနှင့် အမေရိကန်ရှိ အင်အားကြီး အစ္စရေးလိုလားသော အုပ်စုများ (Lobby) ၏ ဖိအားပေးမှုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းနေပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။"
NOM
201
အီရန်ကို တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်သားပေါင်း ၂၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ U.S. Central Command က ပြောဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၇ နိုင်ငံမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အများစုက အသေးစားဒဏ်ရာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူ ကန်တပ်သားအရေအတွက်ကတော့ ၈ ဦးသာ ရှိတယ်လို့ ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အိန္ဒိယတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုနှင့် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များထံဒရုန်းများ တရားမဝင်တင်ပို့နေသည့် ယူကရိန်းနိုင်ငံသား (၆) ဦးနှင့် အမေရိကန်နိုင်ငံသား (၁) ဦးကို NIA ကဖမ်းဆီး
အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် နိုင်ငံခြားသား ၇ ဦး (ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး) ကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသားကို ကိုလ်ကတ္တားလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသားများကို လတ်ခနောင်း (Lucknow) နှင့် ဒေလီလေဆိပ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာသော်လည်း ခွင့်ပြုချက်မရှိဘဲ မီဇိုရမ် (Mizoram) ပြည်နယ်သို့ သွားရောက်ခဲ့သည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်ဟု NIA က စွပ်စွဲထားသည်။
ဥရောပမှ ဒရုန်းအမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့များထံသို့ တရားမဝင် တင်ပို့ပေးနေကြောင်း စုံစမ်းသိရှိရသည်ဟုဆိုသည်။
မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းအချို့သည် အိန္ဒိယအစိုးရက ပိတ်ပင်ထားသော အိန္ဒိယသူပုန်အဖွဲ့များကို လက်နက်ထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်ရာတွင် ကူညီပေးနေသည်ဟု NIA က ပြောကြားထားသည်။
ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်ထားပြီး ဒေလီတရားရုံးက ၎င်းတို့အား မတ်လ ၂၇ ရက်နေ့အထိ (၁၁ ရက်ကြာ) ချုပ်မိန့်ပေးထားကာ NIA က ဆက်လက်စစ်ဆေးလျက်ရှိသည်။
NOM
201
Repost from News Of Myanmar
ဂါဇာတွင် အပစ်အခတ်ရပ်စဲထားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က အစ္စရေးကျူးကျော်ရေးတပ်ဖွဲ့များသည် ဂါဇာဒေသရှိ ရဲတပ်ဖွဲ့မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ ရဲအရာရှိ ၉ ဦး ကျဆုံးခဲ့သည်။
NOM
201
ကဘူးလ်မြို့က လူပေါင်း ၂၀၀၀ ကျော် ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တယ်လို့ တာလီဘန်တွေက စွပ်စွဲလိုက်ပါတယ်။ ပါကစ္စတန်ကတော့ ဒါကို ငြင်းဆန်ခဲ့ပြီး တိုက်ခိုက်မှုတွေကို နောက်ဆက်တွဲပျက်ဆီးဆုံးရှုံးမှုတွေ မဖြစ်စေဖို့ တိကျစွာ လုပ်ဆောင်ခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။
မြို့ခံတွေရဲ့ ပြောဆိုချက်အရ ဒေသစံတော်ချိန် ည ၉ နာရီခန့်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတွေကို ကဘူးလ်တမြို့လုံးမှာ ကြားခဲ့ရပြိး လေယာဉ်ပျံသန်းနေတဲ့အသံတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ အသံကိုလည်း ကြားခဲ့တယ်လို့ သိရပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရတ်တော်လှန်ရေးအဖွဲ့သည် မတ်လ ၁၆ ရက်နေ့တွင် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးဝန်းအတွင်း အတားအဆီးမရှိ ပတ်ပတ်လည် လှည့်လည်ကြည့်ရှုထားသည့် FPV ဒရုန်းမှတ်တမ်းဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။
FPV ဒရုန်းများသည် အမေရိကန်ကို တိုက်ခိုက်ရာတွင် အတော်ပင် အသုံးဝင်သည်။
NOM
201
လက်ဘနွန်ကို မြေပြင်ထိုးစစ်ဆင်နေတဲ့ အစ္စရေးလုပ်ရပ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်လို့ ရှောင်ရှားရလိမ့်မယ်ဆိုပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန်တို့က မနေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့က စစ်ပွဲအတွင်း ပါဝင်လာခဲ့ပြီးနောက် အစ္စရေးက လက်ဘနွန်ကို လူပေါင်း ၈၀၀ ကျော် သေဆုံးစေခဲ့တဲ့ ထိုးစစ်ဆင်နွှဲခဲ့ပြီး လူတသန်းကျော်က နေအိမ်တွေကနေ ထွက်ပြေးနေရတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🌟 ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေး၏ မာကာဗာ တင့်ကားတစ်စီးကို အယ်လ်မတ်စ် Almas အမျိုးအစား တင့်ကားဖျက်လမ်းညွှန်ဒုံးကျည် (ATGM) ဖြင့် ပစ်ခတ်ထိမှန်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်သည်။
NOM
201
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေကို လုံခြုံရေးပေးဖို့ ထရမ့်ရဲ့ တောင်းဆိုချက်ကို နေတိုးမဟာမိတ်အဖွဲ့တွေက ငြင်းဆန်ခဲ့ကြပြီး ဒါဟာ နေတိုးရဲ့ စစ်ပွဲမဟုတ်ဘူးလို့ ဂျာမနီက ပြောဆိုလိုက်ပါတယ်။
“ဒီစစ်ပွဲက နေတိုးနဲ့ ဘာမှမဆိုင်ပါဘူး၊ နေတိုးရဲ့ စစ်ပွဲမဟုတ်ပါဘူး” လို့ ဂျာမန်ဝန်ကြီးချုပ် Merz က ဒီနေ့မှာ သတင်းထောက်တွေကို ဘာလင်မြို့မှာ ပြောဆိုခဲ့ပါတယ်။
“နေတိုးက ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဖြစ်ပြီး သူ့ရဲ့နယ်မြေကို ကာကွယ်တဲ့ အဖွဲ့သာဖြစ်ပါတယ်” လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🚨 🇺🇸 🇮🇷 ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ထရမ့်၏ အကူအညီတောင်းခံမှုကို နိုင်ငံတိုင်းက ငြင်းဆိုလိုက်ကြသည်။
🇩🇪 ဂျာမနီ - "အင်အားကြီးတဲ့ အမေရိကန်ရေတပ်တောင် မလုပ်နိုင်တာကို ဥရောပရဲ့ စစ်သင်္ဘောအနည်းငယ်ဆီကနေ ထရမ့်က ဘာတွေမျှော်လင့်နေတာလဲ? ဒါဟာ ငါတို့ရဲ့စစ်ပွဲမဟုတ်သလို၊ ငါတို့စတင်ခဲ့တာလည်း မဟုတ်ဘူး"
🇦🇺သြစတြေးလျ - "ဟော်မုဇ်ရေလက်ကြားဆီကို ငါတို့သင်္ဘောတွေ စေလွှတ်မှာမဟုတ်ဘူး"
🇬🇧 ယူကေ - "ရေလက်ကြားကို ပြန်ဖွင့်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး။ ယူကေအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲထဲကို ဆွဲသွင်းခံမှာမဟုတ်ဘူး"
🇫🇷 ပြင်သစ် - "ဟော်မုဇ်ရေလက်ကြားဆီကို ဘယ်သင်္ဘောမှ စေလွှတ်ဖို့ အစီအစဉ်မရှိပါဘူး"
🇯🇵 ဂျပန် - "လက်ရှိအခြေအနေတွေအရ ဂျပန်အနေနဲ့ စစ်ရေးအရ ပါဝင်ပတ်သက်ဖို့ အကြောင်းပြချက် မခိုင်လုံပါဘူး"
🇰🇷 တောင်ကိုရီးယား - "သမ္မတထရမ့်ရဲ့ ပြောကြားချက်တွေကို ငါတို့ အနီးကပ်စောင့်ကြည့်နေပါတယ်"
🇨🇳 တရုတ် - မှတ်ချက်ပေးခြင်းမရှိ (မျှော်လင့်ထားသည့်အတိုင်းပင်)
NOM
201
Repost from News Of Myanmar
ကာတာနိုင်ငံက အီရန်အနေဖြင့်တိုက်ခိုက်မှုများ ရပ်တန့်ရန် တိုက်တွန်းထားပြီး မိမိတို့အနေဖြင့် အဆိုပါပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် တောင်းဆိုလိုက်သည်။
NOM
201
Repost from News Of Myanmar
ဖူဂျေရာ (Fujairah) ရှိ လောင်စာဆီ သိုလှောင်ကန်များသည် မီးလောင်ကျွမ်းနေဆဲ ဖြစ်သည်။
အီရန်သည် ပင်မပိုက်လိုင်းအတွက် ထိန်းချုပ်စနစ်များကိုလည်း ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ဆိပ်ကမ်း ၁ နှင့် ၂ တို့သည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားပြီဖြစ်သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ADNOC ကုမ္ပဏီသည် ဖူဂျေရာမှတစ်ဆင့် မည်သည့် ရေနံတင်ပို့မှုကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံအချို့မှ သင်္ဘောများသည် အီရန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းသွားလာခဲ့ကြကြောင်း အတည်ပြုပြောကြားခဲ့သည်။
မကြာသေးမီက အိန္ဒိယနှင့် တူရကီပိုင် သင်္ဘောအချို့ကို အီရန်အာဏာပိုင်များက ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သတင်းများအရ သိရသည်။
NOM
201
Repost from News Of Myanmar
အီရန်ဒုံးကျည်ရန်ကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စင်း မူလတပ်စွဲထားရာနေရာများမှ ရွှေ့ပြောင်း
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်း USS Abraham Lincoln (CVN-72) သည် အီရန်ကမ်းရိုးတန်းမှ ဝေးရာသို့ ရွှေ့ပြောင်းသွားပြီး ယခုအခါ အိုမန်နိုင်ငံ၊ ဆာလာလာမြို့အနီး ကမ်းရိုးတန်းတောင်တန်းများ၏ နောက်ကွယ်တွင် ရောက်ရှိနေသည်။
အဆိုပါ လေယာဉ်တင်သင်္ဘောသည် ယခင်က ကမ်းရိုးတန်းမှ ၃၅၀ ကီလိုမီတာခန့်အကွာတွင် ရှိနေခဲ့သော်လည်း ယခုအခါ အီရန်နှင့် ၁,၁၀၀ ကီလိုမီတာကျော် အကွာအဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။
လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်လ် အာရ် ဖော့ဒ် USS Gerald R. Ford (CVN-78) သည်လည်း နေရာပြောင်းရွှေ့ခဲ့ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျက်ဒါ မြို့ကမ်းရိုးတန်းအနီး ပင်လယ်နီတောင်ပိုင်းသို့ ရောက်ရှိနေသည်။
အစောပိုင်းတွင် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က လေယာဉ်တင်သင်္ဘောများ အာရေးဗီးယန်းပင်လယ်အတွင်းမှ ဆုတ်ခွာသွားသည်ဆိုသော အီရန်၏ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။
သို့သော်လည်း အများပြည်သူကြည့်ရှုနိုင်သည့် (Open-source) ဂြိုဟ်တုဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘောနှစ်စင်းလုံးသည် နေရာပြောင်းရွှေ့သွားကြပြီး အီရန်ဒုံးကျည်များ၏ လက်လှမ်းမီရာ အကွာအဝေးပြင်ပသို့ ရောက်ရှိသွားကြောင်းပြသနေသည်။
NOM
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
