NOM
Ir al canal en Telegram
202
Suscriptores
-124 horas
+27 días
-430 días
Archivo de publicaciones
202
ဂါဇာက အစ္စရေးသုံ့ပန်းအများစုဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ရတယ်လို့ IDF ရဲ့ ဓါးစာခံပြန်လည်ရရှိရေး အကြီးအကဲဟောင်း Nitzan Alon က ပြောဆိုခဲ့ပါတယ်။
NOM
202
‘စစ်ပွဲဆိုတာ ဘယ်တော့မှ ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ ပဋိပက္ခကို လျှော့ချဖို့ ကျနော်တို့ အမြဲတမ်းကြိုးစားနေပြီး ညှိနှိုင်းဖို့အတွက်လည်း တံခါးဖွင့်ထားပါတယ်”
- RT နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုမှာ ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Pen Bona က ပြောဆိုခဲ့တာပါ။
NOM
202
ဖန်တီးထားတဲ့ တင့်ကားတခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ရုရှားတပ်ဖွဲ့က လေ့ကျင့်နေတာဖြစ်ပါတယ်။ ယူကရိန်းဆီမှာ နေတိုးရဲ့ ခေတ်မီလက်နက်တွေ ရှိနေပြီး တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် နည်းဗျူဟာအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
NOM
202
အီရန်ရဲ့ Fordwo စက်ရုံကို တိုက်ခိုက်မှုအတွင်း အမေရိကန်ရဲ့ GBU-57 ဗုံးအများအပြားဟာ ရည်ရွယ်ထားသလို အလုပ်မဖြစ်ခဲ့ဘူးလို့ ယုံကြည်ကြောင်း United States Central Command ရဲ့ တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး Frank McKenzie က NBC နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ အမေရိကန်က GBU-57 ဗုံး ၁၄ လုံးအထိ ကြဲခဲ့တယ်လို့ ယူဆရပါတယ်။ ကန်အရာရှိတွေက အီရန်ဟာ အဆိုပါဗုံးနဲ့ ဆက်စပ်တဲ့ နည်းပညာကို Reverse Engineering လုပ်ရာမှာ အောင်မြင်သွားပြီး ဒုံးကျည်အသစ်တွေမှာ အသုံးပြုတာ ဒါမှမဟုတ် အလားတူဗုံးတွေကို ထုတ်လုပ်သွားနိုင်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။
NOM
202
Peaky Blinders တွေလိုမျိုး ဝတ်စားဆင်ယင်ခဲ့တဲ့ အမျိုးသား ၄ ဦးကို တာလီဘန်တွေက ဖမ်းဆီးလိုက်ပါတယ်။ Hera မှာ ဖမ်းဆိးခဲ့တာဖြစ်ပြီး နိုင်ငံခြားယဉ်ကျေးမှုကို မြှင့်တင်ပေးခဲ့တာလို့ ကိုယ်ကျင့်တရားထိန်းသိမ်းရေးသမားတွေက စွပ်စွဲခဲ့ပါတယ်။
ရှယ်လ်ဘီမိသားစုက ဇာတ်ကောင်တွေနဲ့ ဆင်တူတဲ့ ကုတ်အကျီရှည်တွေ၊ ဦးထုပ်ပြားတွေနဲ့ စတိုင်ကျကျ ဝတ်စားထားတဲ့ အမျိုးသားတွေရဲ့ ဓါတ်ပုံဟာ အာဖဂန်လူမှုမီဒီယာမှာ တော်တော်လေးပျံ့နှံ့ခဲ့ပြီး Jebrael Shelbys လို့ပါ နာမည်ပေးတဲ့အထိ ထင်ရှားသွားခဲ့တာပါ။
ဒါပေမယ့်လည်း အစ္စလာမ်တန်ဖိုးနဲ့ အာဖဂန်ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ တာလီဘန်တွေက ယူဆခဲ့ပြီးနောက် ဖမ်းဆီးလိုက်တာပါ။
NOM
202
စပိန်က ရုံးဝန်ထမ်းတဦးဟာ နေ့တိုင်းလိုလို အလုပ်ချိန်မတိုင်ခင် မိနစ် ၄၀ စောပြီးတော့ ရောက်လာခဲ့လို့ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဝန်ထမ်းဟာ ၂၀၂၃ ကစပြီး မနက် ၆း၄၅ ကနေ ၇း၀၀ နာရီအတွင်း အလုပ်ကို ရောက်နေခဲ့ပြီး အလုပ်ချိန်မစခင် မိနစ် ၄၀ အလိုဖြစ်ပါတယ်။
နောက်ဆုံးမှာ အလုပ်ရှင်က သူမရဲ့ ဒီလုပ်ရပ်အပေါ် စိတ်မရှည်နိုင်တော့ဘဲ အလုပ်ကနေ ထုတ်ပယ်လိုက်ပါတော့တယ်။ ဒီလိုမျိုး စောစောလာနေခဲ့ပေမယ့် ကုမ္ပဏီအတွက် အမှန်တကယ် အားထုတ်မှုမရှိခဲ့ဘူးလို့လည်း အလုပ်ရှင်က ပြောဆိုခဲ့ပါတယ်။
အလုပ်ဖြုတ်ခံရမှုအတွက် သူမက Alicante မြို့ လူမှုရေးတရားရုံးမှာ အယူခံဝင်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက ကုမ္ပဏီကို ထောက်ခံခဲ့ပြီး သူမဟာ အလုပ်ခွင်စည်းမျဉ်းကို မလိုက်နာဘဲ အလုပ်သမားဥပဒေကို ချိုးဖောက်ခဲ့တာမို့ နစ်နာသူလို့ သတ်မှတ်ခံရမှာမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
NOM
202
တကျော့ပြန်စစ်ပွဲအတွင်း ထိုင်းစစ်သား ၃ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိထားပြီး ကမ္ဘောဒီးယား အရပ်သား ၉ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နှစ်ဖက်ပြောဆိုချက်တွေအရ သိရပါတယ်။
NOM
202
ဖလော်ရီဒါမှာ လေယာဉ်တစီး ဟိုင်းဝေးလမ်းပေါ် ပျက်ကျခဲ့လို့ လူတဦးနဲ့ ကားတစီးထိခိုက်မိတယ်လို့ သိရပါတယ်။
NOM
202
အင်ဒိုနီးရှားက အသွားအလာများတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မြေပြိုကျပြီး ကြီးမားတဲ့ ချိုင့်ကြီး ဖြစ်ခဲ့တာပါ။ ရေစီးရေလာကောင်းဖို့ ဆောက်လုပ်ရေးသမားတွေက မြောင်းဖောက်ရာကနေ ဖြစ်ခဲ့တာပါ။ လက်ရှိမှာ အသွားအလာလုပ်လို့ မရတော့ဘဲ ပြန်လည်ပြင်ဆင်ဖို့ အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။
NOM
202
ပိုလန်နိုင်ငံအတွင်း သူလျှိုထောက်လှမ်းရေးကိရိယာတွေနဲ့ haking ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယူကရိန်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ရဲတွေက သူတို့ကို မေးမြန်းချိန်မှာလည်း ဘာသာစကားနားမလည်ချင်ယောင်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူလျှိုလုပ်ဖို့ ဆက်စပ်မှုနဲ့ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။
NOM
202
ရုရှား blogger တဦးဟာ hot-air balloon နဲ့ ချိတ်ဆွဲထားတဲ့ လေထဲက ဘောလုံးကွင်းပေါ်မှာ ဘောလုံးကစားပြခဲ့ပါတယ်။ မြေပြင်ကနေ အမြင့် ၁.၇ ကီလိုမီတာ (ပေ ၁၇၀၀) ရှိပြီး သူဟာ မြေပြင်ပေါ်က မဟုတ်တဲ့ ဘောလုံးပွဲတွေမှာ အမြင့်ဆုံးကစားခဲ့သူဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ဖွယ်ရှိနေပါတယ်။ ဂိုးသွင်းယူပြီးနောက်မှာတော့ သူက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နာမည်ကျော်စူးဝီးအောင်ပွဲခံဟန်ကို လုပ်ပြသွားခဲ့ပါသေးတယ်။
NOM
202
ကမ္ဘောဒီးယားစစ်တပ် အခြေစိုက်စခန်းအဖြစ် ပြောင်းလဲထားတဲ့ ကာစီနိုရုံတခုကို ထိုင်းက F-16 တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။
NOM
202
ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ချာနိုဘိုင်းနူကလီးယားစက်ရုံကို ဖုံးအုပ်ပေးထားတဲ့ အလွှာပျက်စီးမှုရှိခဲ့တယ်လို့ ကုလစောင့်ကြည့်ရေးအဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့်မို့ ဘေးကင်းရေးလုပ်ဆောင်ချက်နဲ့ ပိတ်ဆို့နိုင်စွမ်းတွေ ဆုံးရှုံးနေတယ်လို့ IAEA စစ်ဆေးရေးမှူးတွေက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ဓါတ်ရောင်ခြည်တွေ ဆိုးရွားစွာ စိမ့်ထွက်လာတာမျိုးမရှိပေမယ့် အမြန်ဆုံးပြန်လည်ပြုပြင်ဖို့တော့ လိုအပ်တယ်လို့လည်း သိရပါတယ်။ ၁၉၈၆ ခုနှစ်က ဓါတ်ပေါင်းဖိုယိုစိမ့်မှုဖြစ်ပွားခဲ့တဲ့ ဒီစက်ရုံကို ယူရို ၁.၅ ဘီလျံတန်ကြေးရှိတဲ့ အလွှာနဲ့ ဖုံးအုပ်ကာ ကာကွယ်ထားခဲ့တာပါ။
NOM
202
ထိုင်း-ခမာနယ်စပ်မှာ တိုက်ပွဲဖြစ်နေချိန် ကျောင်းသားကလေးတွေ ဘေးလွတ်ရာကို ရှောင်နေကြတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။ (RT)
NOM
202
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ တကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားနေပြီး ထိုင်းဘက်က လေယာဉ်နဲ့ ဗုံးကြဲမှုတွေလုပ်ခဲ့သလို ကမ္ဘောဒီးယားကလည်း ရုရှားထုတ် BM-21 ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ပိုမိုပြင်းထန်လာပြီး ကမ္ဘောဒီးယားက စခန်းချထားတဲ့ ကာစီနိုရုံတခုကို ထိုင်းက ဗုံးကြဲခဲ့ကာ ဒုံးကျည်တွေနဲ့ ကမ္ဘောဒီးယားက ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာလည်း ထိုင်းစစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
NOM
202
အိန္ဒိယနိုင်ငံ၊ ဂိုအာက နိုက်ကလပ်တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနဲ့ ကမ္ဘာ့လှည့်ခရီးသည် စုစုပေါင်း ၂၅ ဦးအထိ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကလပ် မီးဖိုခန်းအတွင်းက ဂက်စ်အိုးပေါက်ကွဲရာကနေ မီးလောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပြီး စနေနေ့ ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူဦးရေက တိုးပွားလာခဲ့ရာကနေ ၂၅ ဦးအထိ ဖြစ်လာခဲ့ပြီး ဖြစ်ပွားချိန်မှာ အလုအယက်ထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြားခဲ့ပါတယ်။
NOM
202
+1
အစ္စရေးစစ်သားတဦးဖြစ်တဲ့ Nahra Barzan ဟာ ဂါဇာကနေ ပြန်လာခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
NOM
202
ယူကရိန်းစစ်တပ်ဟာ ပြိုလဲနေပြီး ဒီတနှစ်အတွင်းမှာပဲ စစ်ပြေး ၁၈၀၀၀၀ ကျော်အထိရှိတယ်လို့ နော်ဝေသတင်းထောက် Paul Steigan က ရေးသားခဲ့ပါတယ်။ သေဆုံးနှုန်းကလည်း အရမ်းမြင့်မားတယ်လို့ သူက ထပ်မံရေးသားထားပါတယ်။
NOM
202
ကနေဒါ၊ ပြင်သစ်တို့နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေမှုစာချုပ်တွေကို ရပ်ဆိုင်းလိုက်တယ်လို့ ရုရှားက ပြောဆိုလိုက်ပါတယ်။
NOM
202
ဂျာမနီဟာ အသက်အရွယ်ပြည့်ပြီးသူတိုင်း ဆန္ဒအလျောက် စစ်မှုထမ်းနိုင်မယ့် ဥပဒေကို မဲခွဲပြီး အတည်ပြုဆုံးဖြတ်လိုက်ပြိဖြစ်ပါတယ်။ ဇန်နဝါရီအတွင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဆီ ဆန္ဒသဘောထား ဖြည့်စွက်ဖို့အတွက် ပေးပို့သွားမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ မဖြေဆိုချင်လည်း ရပေမယ့် အမျိုးသားတွေကတော့ မဖြစ်မနေ ဖြည့်စွက်ဖြေဆိုရမှာပါ။
ဂျာမနီလူငယ်အများစုကတော့ ဒီ ဥပဒေကို ကန့်ကွက်ပြီး လူသတ်ဖို့ သင်ကြားခံရမှုနဲ့ သူတို့ဘ၀ကို မကုန်ဆုံးနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဂျာမနီဟာ အမြဲတမ်းတပ်ဖွဲ့ဝင် ၁ သိန်းကျော်အထိ ရှိပေမယ့် ၂၆၀၀၀၀ အထိ တိုးချဲ့ဖို့ကို ပစ်မှတ်ထားနေပြီး ဥရောပမှာ အင်အားအကြီးမားဆုံးစစ်တပ်ကို ပိုင်ဆိုင်ဖို့ မျှော်လင့်ထားပါတယ်။
NOM
