es
Feedback
NOM

NOM

Ir al canal en Telegram

NOM Official Backup Channel - 2

Mostrar más
Birmania37 735La categoría no está especificada
203
Suscriptores
Sin datos24 horas
+37 días
-330 días
Archivo de publicaciones
NOM
203
ရုရှားဆီကနေ ရေနံဝယ်ယူနေတာကို ရပ်တန့်ဖို့အတွက် ဝါရှင်တန်က ဖိအားပေးနေချိန်မှာပဲ ဒေလီကို ရောက်ရှိနေတဲ့ ပူတင်က ရုရှားအနေနဲ့ အိန္ဒ
ရုရှားဆီကနေ ရေနံဝယ်ယူနေတာကို ရပ်တန့်ဖို့အတွက် ဝါရှင်တန်က ဖိအားပေးနေချိန်မှာပဲ ဒေလီကို ရောက်ရှိနေတဲ့ ပူတင်က ရုရှားအနေနဲ့ အိန္ဒိယအတွက် လောင်စာဆီတွေကို အဆက်မပြတ်ပို့ဆောင်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံချိန်အတွင်း ပူတင်က ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်ကိုယ်တိုင်က ရုရှားဆီကနေ ရေနံတွေ ဝယ်ယူနေချိန် ဘာကြောင့် အိန္ဒိယကို အပြစ်တင်နေရတာလဲလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ရုရှားရေနံဝယ်ယူမှုဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ထောက်ပံ့ဖို့ အထောက်အကူဖြစ်စေတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲထားပြီး ဒေလီကတော့ ဒါကို ငြင်းဆိုထားပါတယ်။ NOM

NOM
203
New Orleans မြို့ခံတွေဟာ သူတို့မြို့အတွင်း လူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုတွေ ပေါ်ပေါက်လာလို့ ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်
New Orleans မြို့ခံတွေဟာ သူတို့မြို့အတွင်း လူဝင်မှုကြီးကြပ်ရေးနှိမ်နှင်းမှုတွေ ပေါ်ပေါက်လာလို့ ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်အရ အရာရှိတွေဟာ မြို့တော်မှာ ရာဇဝတ်သားတွေကို ဦးတည်ပြီး ဖမ်းဆီးမှု အများအပြားပြုလုပ်သွားဖို့ ပစ်မှတ်ထားနေပါတယ်။ New Orleans ဆင်ခြေဖုံးနေရာတွေမှာ နေထိုင်တဲ့ လက်တင်အမေရိကန်လူမျိုး အများစုကတော့ ဝင်ရောက်စီးနင်းမှုတွေကို ကြောက်ရွံ့တာကြောင့် နေအိမ်ထဲကနေ အပြင်မထွက်တဲ့အထိ ဖြစ်နေတယ်လို့ သိရကာ ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထားနေတဲ့ ဒီ စစ်ဆင်ရေးအတွင်း ပါဝင်မှာကိုလည်း ထိတ်လန့်နေကြပါတယ်။ NOM

NOM
203
Donbas ဒေသကနေ ယူကရိန်းတပ်တွေ အပြီးတိုင်ဆုတ်ခွာရမယ်လို့ ပူတင်က သတိပေးလိုက်ပြီး ဒါကို မလိုက်နာဘူးဆိုရင် ရုရှားက အင်အားသုံးပြီး
Donbas ဒေသကနေ ယူကရိန်းတပ်တွေ အပြီးတိုင်ဆုတ်ခွာရမယ်လို့ ပူတင်က သတိပေးလိုက်ပြီး ဒါကို မလိုက်နာဘူးဆိုရင် ရုရှားက အင်အားသုံးပြီး သိမ်းပိုက်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူကရိန်းအနေနဲ့ ဆုတ်ခွာမလား၊ ရုရှားတိုက်ခိုက်တာကို ရင်ဆိုင်မလား ကြိုက်ရာရွေးဆိုတဲ့ သဘောမျိုးကို ပူတင်က ပြောဆိုခဲ့တာပါ။ ယူကရိန်းဟာ Donbas ဒေသရဲ့ ၁၅% ခန့်ကို ထိန်းချုပ်ထားပြီး ယူကရိန်းသမ္မတ ဇယ်လင်စကီးကတော့ နယ်မြေလွှဲပြောင်းပေးဖို့ကို အရင်ကတည်းက ငြင်းဆိုထားခဲ့ပါတယ်။ NOM

NOM
203
ဂျာမနီအရှေ့ပိုင်းက Burg မြို့မှာ ပို့ဆောင်ရေးထရပ်ကားတစီးပေါ်က ဂျာမနီစစ်တပ်အတွက် ပေးပို့မယ့် ကျည်ဆန်တွေ ခိုးယူခံခဲ့ရပါတယ်။ ဘယ်
ဂျာမနီအရှေ့ပိုင်းက Burg မြို့မှာ ပို့ဆောင်ရေးထရပ်ကားတစီးပေါ်က ဂျာမနီစစ်တပ်အတွက် ပေးပို့မယ့် ကျည်ဆန်တွေ ခိုးယူခံခဲ့ရပါတယ်။ ဘယ်လောက်အထိ ခိုးယူခံရလဲဆိုတာကို တိတိကျကျ မပြောခဲ့ပေမယ့် သတင်းရင်းမြစ်တွေကတော့ ကျည်ဆန်ပေါင်း ၂၀၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ အရပ်ဘက်သယ်ပို့ကုမ္ပဏီရဲ့ ယာဉ်မောင်းဟာ နိုဝင်ဘာ ၂၅ ရက်နေ့က သူတည်းခိုရာ ဟိုတယ်နဲ့အနီးက ကားပါကင်တခုမှာ ကားကိုထားခဲ့ပြီးနောက် ခိုးယူခံခဲ့ရတာပါ။ ဒီနောက် Clausewitz တပ်စခန်းဆီ ပို့ဆောင်ပေးခဲ့ပြီးနောက် ကျည်ဆန်တွေ ပျောက်ဆုံးတာကို သိရှိခဲ့ရတာပါ။ ပစ္စတိုကျည်ဆန်ကျည် ၁၀၀၀၀၊ ချေမှုန်းရေးရိုင်ဖယ်တွေအတွက် အသုံးပြုတဲ့ ကျည်ဆည် ၉၉၀၀၀ နဲ့ မီးခိုးဗုံးတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ စစ်တပ်နဲ့ ရဲ ပူးပေါင်းကာ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ NOM

NOM
203
အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဗင်နီဇွဲလားနိုင်ငံတဝှမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖြန့်ကျက်လိုက်ပြီလို
အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဗင်နီဇွဲလားနိုင်ငံတဝှမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖြန့်ကျက်လိုက်ပြီလို့ သမ္မတမာဒူရိုက ပြောဆိုလိုက်ပါတယ်။ NOM

NOM
203
အင်္ဂါနေ့ အာဖဂန်အရှေ့ပိုင်းမှာ ကလေးငယ်တွေနဲ့ အမျိုးသမီး ၃ဦး အပါအဝင် မိသားစုဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ မန်ဂယ်လ်ဆိုတဲ့ အမျိုးသားကို အဆိုပါမိသားစုဝင်တွေရဲ့ ဆွေမျိုးဖြစ်သူ အသက် ၁၃ နှစ်အရွယ် ကောင်လေးက လူပေါင်း ၈၀၀၀၀ ရှေ့မှာ ကွပ်မျက်ခဲ့ပါတယ်။ ဒါဟာ တာလီဘန်တွေ ချမှတ်ထားတဲ့ Qisas ဆိုတဲ့ စည်းကမ်းကို အကောင်အထည်ဖော်မှုနဲ့ တစိတ်တပိုင်းဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် မျက်လုံးတလုံးအတွက် မျက်လုံးတလုံးဆိုတဲ့ လက်စားပြန်ချေခွင့်အတိုင်း လုပ်ဆောင်ခဲ့တာပါ။ ကွပ်မျက်ခံရတဲ့ မန်ဂယ်လ်မှာ သား ၂ဦး ရှိပြီး အဆိုပါ သားနှစ်ဦးကိုလည်း ဖခင်နည်းတူ ကွပ်မျက်ဖို့ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လက်ရှိမှာ သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှာတော့ သေနတ်သံတွေ ကြားရပြီး လာရောက်ကြည့်ရှုတဲ့ လူတွေက Allahu Akbar လို့ အော်ဟစ်နေခဲ့ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးတွေဆီကို တရားရုံးက အသက်ချမ်းသာခွင့်ပေးမလားလို့ မေးမြန်းခဲ့ပေမယ့် သေဒဏ်ပေးဖို့ကိုသာ တောင်းဆိုခဲ့ကြပါတယ်။ ဒီနောက်မှာ မန်ဂယ်လ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူတွေရဲ့ ဆွေမျိုးတွေထဲက အသက် ၁၃နှစ်အရွယ် ကောင်လေးဖြစ်သူက သေနတ်နဲ့ ပစ်ခတ်ပြီး ပြန်လည် လက်စားချေခဲ့တာပဲ ဖြစ်ပါတယ်။ NOM

NOM
203
ဗာဂျီးနီးယားပြည်နယ်၊ Ashland မြို့က စတိုးဆိုင်တခုအတွင်းမှာ အရက်မူးပြီး ပစ်လဲနေတဲ့ ရက်ကွန်းဝက်ဝံငယ်လေးတကောင်ကို မြင်တွေ့ခဲ့ရတာ
ဗာဂျီးနီးယားပြည်နယ်၊ Ashland မြို့က စတိုးဆိုင်တခုအတွင်းမှာ အရက်မူးပြီး ပစ်လဲနေတဲ့ ရက်ကွန်းဝက်ဝံငယ်လေးတကောင်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိမ်သာဘေးမှာ မူးပြီးလဲနေခဲ့တာဖြစ်ပြီး အဲလိုမဖြစ်ခင် စတိုးဆိုင်အတွင်းမှာ‌ မွှေနှောက်ခဲ့တာကို CCTV ကနေ မြင်တွေ့ခဲ့ရပါတယ်။ သူ့ကိုတွေ့ရှိခဲ့ပြီးနောက် စောင့်ကြည့်နေခဲ့ပြီး အရက်မူးပြေသွားချိန်မှာ တောထဲပြန်လွှတ်ပေးခဲ့တယ်လို့ Hanover County Animal Protection က ပြောဆိုခဲ့ပါတယ်။ NOM

NOM
203
ထိုင်ဝမ်ကို တရုတ်က ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် ဘေဂျင်းဟာ အောင်မြင်တဲ့ စမ်းသပ်မှုတွေ လုပ်နိုင်ခဲ့ပြ
+1
ထိုင်ဝမ်ကို တရုတ်က ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာချိန် ဘေဂျင်းဟာ အောင်မြင်တဲ့ စမ်းသပ်မှုတွေ လုပ်နိုင်ခဲ့ပြီးနောက် Dirt Cheap ဒုံးကျည်တွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နေခဲ့ကာ အခု ထုတ်ဖော်ပြသခဲ့ပြီဖြစ်ပါတယ်။ ဘေဂျင်း အာကာသကုမ္ပဏီ Lingkong Tianxing က ထုတ်လုပ်တာဖြစ်ပြီး ဒုံးကျည်တစင်းအတွက် ဒေါ်လာ ၉၉၀၀၀ ကုန်ကျပြီး မိုင် ၈၀၀ အကွာအဝေးကို ပစ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။ အရပ်ဘက်အဆင့် ပစ္စည်းတွေနဲ့ ထုတ်လုပ်တာကြောင့် ကုန်ကျစရိတ်သက်သာကာ ပေါပေါများများထုတ်လုပ်နိုင်စွမ်းရှိပြီး ပရိုမိုးရှင်းဗီဒီယိုတခုမှာဆို အဆိုပါဒုံးကျည်တွေကို ဂျပန်အပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ပုံဖော်ပြသခဲ့ပါတယ်။ NOM

NOM
203
ယူကရိန်းဟာ သူတို့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ဗြိတိန်စစ်သားတဦးကို ရုရှားအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထာ
ယူကရိန်းဟာ သူတို့အတွက် ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ ဗြိတိန်စစ်သားတဦးကို ရုရှားအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားကြောင်း သိရပါတယ်။ ဒီသတင်းကြောင့် အဆိုပါစစ်သားရဲ့ ဖခင်က သူ အံအားသင့်ရကြောင်း ပြောဆိုခဲ့ပြီး သားဖြစ်သူဟာ ယူကရိန်းအတွက် အောင်ပွဲရအောင် လုပ်ပေးမယ်လို့ ပြောဆိုပြီး နေအိမ်ကနေ ထွက်ခွာခဲ့တာလို့ ဗြိတိန်သတင်းဌာနတွေကို ဖွင့်ဟခဲ့ပါတယ်။ ၂၀၂၄ ကနေ ၂၀၂၅ အတွင်း ယူကရိန်းလူမျိုး ၃ ဦး သတ်ဖြတ်ခံရမှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ဗြိတိန်စစ်သားက တင်သွင်းဖြန့်ဖြူးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ စကော့တလန်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် Cutmore ဆိုသူဖြစ်ပါတယ်။ သူဟာ ၂၀၂၄ ဇန်နဝါရီမှာ ယူကရိန်းကို ရောက်ရှိခဲ့ပြီး စစ်ရေးပြနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒီနောက် သူက နယ်ခြားစောင့်တပ်ဖွဲ့ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ စက်တင်ဘာလအတွင်း စစ်ရေးသတင်းအချက်အလက်တွေကို ငွေကြေးနဲ့ လဲလှယ်ကာ ရုရှားအတွက် သတင်းပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ လုပ်ကြံခံခဲ့ရသူတွေထဲမှာ ယူကရိန်းလွှတ်တော်ပြောရေးဆိုခွင့်ရှိသူ Andriy Parubiy ပါဝင်ခဲ့ပြီး ဒီနှစ် ဩဂုတ်လအတွင်းက Lviv မြို့မှာ နေ့ခင်းဘက်ကြီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ NOM

NOM
203
တချိန်က ရုရှားအင်ပါယာမိသားစုပိုင်ဆိုင်ခဲ့တဲ့ စိန်စီခြယ်ထားပြီး ရှားပါးတဲ့ ပုံဆောင်ခဲ Faberge ဥတလုံးကို လန်ဒန်မှာ စံချိန်တင် ပ
တချိန်က ရုရှားအင်ပါယာမိသားစုပိုင်ဆိုင်ခဲ့တဲ့ စိန်စီခြယ်ထားပြီး ရှားပါးတဲ့ ပုံဆောင်ခဲ Faberge ဥတလုံးကို လန်ဒန်မှာ စံချိန်တင် ပေါင် ၂၂.၉ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒဏ္ဍာရီတွေထဲမှာ အလှပဆုံးဖန်တီးမှုတွေထဲက တခုအဖြစ် သတ်မှတ်ခံထားရတဲ့ The Winter Egg ကို အမည်မဖော်လိုသူတဦးက အင်္ဂါနေ့မှာ လေလံစျေးအမြင့်ဆုံးပေးကာ ဝယ်ယူခဲ့တာပါ။ စိန်အလုံးပေါင်း ၄၅၀၀ နဲ့ အလှဆင်ထားပြီး ၁၉၁၃ တုန်းက Tsar Nicholas ll က သူ့ရဲ့ မိခင်အတွက် လက်ဆောင်အဖြစ် မှာယူခဲ့တာပါ။ Fabrege အတွက် အရင်တုန်းက စံချိန်တင်စျေးက ၂၀၀၇ အတွင်းက ရောင်းချခဲ့မှုမှာ ပေါင် ၈.၉ သန်း ရခဲ့တာပါ။ ကျောက်ပုံဆောင်ခဲကို ထွင်းထုထားပြီး နှင်းဆီပန်းသဏ္ဍာန်စိန်တွေအပြင် ပလက်တီနမ်နှမ်းပွင့်ပုံစံတွေလည်း ပါဝင်ကာ အတွင်းမှာတော့ အဖြူရောင် quartz ပန်းတွေပါတဲ့ ခြင်းတောင်းငယ်လေးတခုရှိပါတယ်။ Fabrege ဟာ ရုရှားအင်ပါယာ ရိုမန်နော့ဗ်မိသားစုအတွက် ဒီလိုမျိုး ဥ အလုံးပေါင်း ၅၀ ဖန်တီးခဲ့ကာ ကမ္ဘာပေါ်မှာ လက်ရှိ ၇ ဥ သာရှိတော့ပြီး ကျန်တာတွေကတော့ ပျောက်ဆုံးနေတာ ဒါမှမဟုတ် အဖွဲ့အစည်းတွေနဲ့ ပြတိုက်တွေက ပိုင်ဆိုင်တယ်လို့ ယူဆရပါတယ်။ NOM

NOM
203
ဥရောပအနေနဲ့ စစ်မက်လိုလားတယ်ဆိုရင် ရုရှားက အသင့်ပဲလို့ ပူတင်က ပြောဆိုလိုက်ပါတယ်။ ဥရောပကသာ စစ်ရေးစတင်ဖို့ ဆုံးဖြတ်ခဲ့မယ်၊ စစ်ပွ
ဥရောပအနေနဲ့ စစ်မက်လိုလားတယ်ဆိုရင် ရုရှားက အသင့်ပဲလို့ ပူတင်က ပြောဆိုလိုက်ပါတယ်။ ဥရောပကသာ စစ်ရေးစတင်ဖို့ ဆုံးဖြတ်ခဲ့မယ်၊ စစ်ပွဲကို စတင်မယ်ဆိုရင် ရုရှားက အခုပဲ အသင့်ပြင်ထားပြီးသားဖြစ်တယ်လို့ ဖိုရမ်တခုမှာ ပူတင်က ပြောဆိုခဲ့တာပါ။ ဥရောပသားတွေဟာ ငြိမ်းချမ်းရေးအမြင်မရှိဘူးလို့လည်း ပူတင်က ဝေဖန်ခဲ့ပြီး ရုရှားကို အနိုင်ရလိမ့်မယ်လို့လည်း ထင်ယောင်ထင်မှားဖြစ်နေတယ်လို့ သူက ထပ်မံပြောဆိုခဲ့ပါသေးတယ်။ ယူကရိန်းကနေ ရုရှားက အပြီးတိုင်ဆုတ်ခွာပေးရမယ်ဆိုတဲ့ ဥရောပရဲ့ တောင်းဆိုမှုကိုလည်း လုံး၀လိုက်လျောမှာမဟုတ်ဘူးလို့ သူက အခိုင်အမာဆိုခဲ့ပါတယ်။ NOM

NOM
203
လူအသေအပျောက် ရာနဲ့ချီတဲ့ ရေကြီးမှု ဖြစ်ပွားနေတဲ့ အင်ဒိုနီးရှားမှာ သစ်ပင်ကို ဖက်တွယ်ပြီး မျောပါမသွားအောင် ကြိုးစားနေတဲ့ အမျိုးသားနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ပေးနေခဲ့တာ ဖြစ်ပါတယ်။ NOM

NOM
203
အိန္ဒိယနဲ့ ရုရှားတို့ကြား တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ဖြန့်ကြက်ထားဖို့ပါဝင်တဲ့ အဓိက ကာကွယ်ရေးစာချုပ်ကို ရုရှား ဒူးမားလွှတ်တော်က
အိန္ဒိယနဲ့ ရုရှားတို့ကြား တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ဖြန့်ကြက်ထားဖို့ပါဝင်တဲ့ အဓိက ကာကွယ်ရေးစာချုပ်ကို ရုရှား ဒူးမားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တွေ ပါဝင်တဲ့ သဘောတူညီချက်လည်းဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တရားဝင်ဖြစ်စေပြီး နက်ရှိုင်းတဲ့အဓိပ္ပာယ်တွေ ရှိတယ်လို့ RT က ဆိုပါတယ်။ NOM

NOM
203
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရှေ့တန်းမြို့ဖြစ်တဲ့ Pokrovsk နဲ့ Vovchansk မြို့တွေကို သိမ်းပိုက်လိုက်ပြီး အခြားနေရာတွေဆီ ချီတက်န
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရှေ့တန်းမြို့ဖြစ်တဲ့ Pokrovsk နဲ့ Vovchansk မြို့တွေကို သိမ်းပိုက်လိုက်ပြီး အခြားနေရာတွေဆီ ချီတက်နေပြီလို့ စစ်ဘက်ဆိုင်ရာအရာရှိတွေက ပူတင်ဆီ အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်မြို့တွေတွေကို ထပ်မံသိမ်းပိုက်ဖို့ ပူတင်က ပြောဆိုခဲ့ပြီး အခုအောင်မြင်မှုအတွက်လည်း ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းဘက်ကတော့ ရုရှားလက်ထဲ ကျရောက်သွားတာနဲ့ ပတ်သက်ပြီး ပြောဆိုခြင်းမရှိသေးပါဘူး။ NOM

NOM
203
ဗြိတိန်ဗလီတွေမှာ နှစ်ပေါင်းများစွာ ဗလီဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး အစွန်းရောက်ဝါဒတွေကို ဟောပြောခဲ့တဲ့ Abdul Qadir Mumin ဆိုသူဟာ
+2
ဗြိတိန်ဗလီတွေမှာ နှစ်ပေါင်းများစွာ ဗလီဆရာအဖြစ် လုပ်ကိုင်ခဲ့ပြီး အစွန်းရောက်ဝါဒတွေကို ဟောပြောခဲ့တဲ့ Abdul Qadir Mumin ဆိုသူဟာ ISIS ခေါင်းဆောင်သစ်ဖြစ်လာတယ်လို့ ယုံ‌ကြည်ရကြောင်း ဆိုပါတယ်။ သူဟာ ဆိုမာလီယာတောင်တန်းဒေသတွေမှာ နေထိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေးသမားများကွန်ရက်ကို စီမံခန့်ခွဲနေတယ်လို့ သိရပြီး ၂၀၂၄ အတွင်းမှာပဲ တိုက်ခိုက်ရေးသမားပေါင်း ၁၂၀၀ လောက်အထိကို တိုးချဲ့နိုင်ခဲ့တယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ယိုယွင်းပျက်စီးနေတဲ့ ISIS ကို ပြန်လည်တည်ဆောာက်မှုတွေ မစတင်ခင် သူဟာ ဗြိတိန်ဗလီတွေမှာ ဆယ်စုနှစ်တခုကြာ အလုပ်လုပ်ခဲ့ပါတယ်။ ဆိုမာလီယာမှာ နေထိုင်ခဲ့ပြီး ပြည်တွင်းစစ်ကြောင့် ဆွီဒင်ကို ထွက်သွားခဲ့ပြီး အဲဒီကမှတဆင့် ဗြိတိန်နိုင်ငံ လက်စတာမြို့က Quba ဗလီမှာ တရားဟောဆရာဖြစ်သူလို့လည်း သိရပါတယ်။ NOM

NOM
203
ထရမ့်ဟာ ဗင်နီဇွဲလားကို စစ်သင်္ဘော ၁၁ စီးနဲ့ ဝိုင်းရံထားဖို့အတွက် အမိန့်ပေးလိုက်ပါပြီ။ အိမ်ဖြူတော်မှာလည်း အဆင့်မြင့်အစည်းအဝေးတ
ထရမ့်ဟာ ဗင်နီဇွဲလားကို စစ်သင်္ဘော ၁၁ စီးနဲ့ ဝိုင်းရံထားဖို့အတွက် အမိန့်ပေးလိုက်ပါပြီ။ အိမ်ဖြူတော်မှာလည်း အဆင့်မြင့်အစည်းအဝေးတခုကို ပြုလုပ်နေပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုအနေနဲ့ ရင်ဆိုင်မလား၊ ဒါမှမဟုတ် တိုင်းပြည်ကနေ ထွက်ခွာသွားမလားဆိုတာကို ရွေးချယ်ရတော့မှာပါ။ (Fox) NOM

NOM
203
ဗင်နီဇွဲလားသမ္မတ မာဒူရိုက ၁၈ လအတွင်း သူ ရာထူးက နုတ်ထွက်မယ်လို့ အမေရိကန်ဘက်ကို ပြောဆိုခဲ့ပေမယ့် ထရမ့်က ချက်ချင်းနုတ်ထွက်ဖို့အတ
ဗင်နီဇွဲလားသမ္မတ မာဒူရိုက ၁၈ လအတွင်း သူ ရာထူးက နုတ်ထွက်မယ်လို့ အမေရိကန်ဘက်ကို ပြောဆိုခဲ့ပေမယ့် ထရမ့်က ချက်ချင်းနုတ်ထွက်ဖို့အတွက် ပြောဆိုခဲ့ကြောင်း CNN က ဖော်ပြခဲ့ပါတယ်။ NOM

NOM
203
ရုရှားနဲ့ ဆော်ဒီတို့ နှစ်နိုင်ငံကြားမှာ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပူတင်က ကြေညာလိုက်ပါတယ်။
ရုရှားနဲ့ ဆော်ဒီတို့ နှစ်နိုင်ငံကြားမှာ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပူတင်က ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရုရှားနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဝင်ရောက်လာမယ့် တရုတ်နိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ အမိန့်ကိုလည်း ပူတင်က လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
203
ပြင်သစ်နိုင်ငံ၊ Grenoble က အဆောက်အဦတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေးတဦးနဲ့ ၃ နှစ်အရွယ် ကလေးတဦးတို့ဟာ ခုန်ချခဲ့ရပါတယ်။ အမြင့်ပေ ၃၀ ကနေ ခုန်ချခဲ့ရတာဖြစ်ပြီး အောက်ကနေ လူကြီး ၆ ဦးက ဖမ်းယူဖို့ ကြိုးစားပေးခဲ့ရကာ ၂ ဦး လက်မောင်းကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
203
အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်က ကောင်းကင်စားသောက်ဆိုင်တခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပါ။ ကလေး ၂ ဦးပါဝင်တဲ့ မိသားစုတခုဟာ ကီရာလာကိ
+2
အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်က ကောင်းကင်စားသောက်ဆိုင်တခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပါ။ ကလေး ၂ ဦးပါဝင်တဲ့ မိသားစုတခုဟာ ကီရာလာကို လာရောက်လည်ပတ်ချိန်အတွင်း လေထဲမှာ စားသောက်ကာ ရှုခင်းတွေကို ကြည့်နိုင်မယ့် (sky dining restaurant) စွန့်စားခန်းလည်ပတ်မှုကို လုပ်ခဲ့ကြရင်း လေထဲမှာ အချိန်အတန်ကြာအောင် ရှိနေခဲ့ရပါတယ်။ ဒီအစီအစဉ်ကို Southern Skies Aerodynamics က မကြာခင်ကမှ စတင်ခဲ့ပြီး အိန္ဒိယမှာ ကျော်ကြားစပြုလာတဲ့ အရာပါ။ သူတို့ဟာ သောကြာနေ့က ဒီအတွေ့အကြုံကို မြည်းစမ်းဖို့ ကြိုးစားခဲ့ပြီး ဟိုက်ဒရောလစ်ချို့ယွင်းမှုကြောင့် အောက်ပြန်ဆင်းမရတော့ဘဲ လေထဲမှာ ပိတ်မိနေခဲ့တာပါ။ နေ့လည် ၁း၃၀ နာရီကတည်းက ပိတ်မိနေတာဖြစ်ပြီး ညနေ ၄ နာရီမှာမှ မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာခဲ့ပြီး ကူညီပေးလို့ အောက်ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ကယ်ဆယ်နေချိန်အတွင်း အောက်မှာ ပိုက်ကွန်တခုထားခဲ့ရပြီး အခုအခါမှာ ဒီလိုမျိုး လုပ်ဆောင်မှုအတွက် အရေးယူမှုတွေ လုပ်သွားမယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး ဒီလိုမျိုး လုပ်ဆောင်ဖို့အတွက် လမ်းညွှန်ထားမှုတွေလည်း မရှိဘူးလို့ ဆိုပါတယ်။ NOM