NOM
Ir al canal en Telegram
201
Suscriptores
Sin datos24 horas
-17 días
-830 días
Archivo de publicaciones
201
Repost from News Of Myanmar
အီရန်က တတိယမြောက် ရေနံတင်သင်္ဘောတစ်စီးကို တိုက်ခိုက်
အီရန်နိုင်ငံသည် ဟော်မုဇ် ရေလက်ကြားအတွင်းရှိ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းခြေမှရေမိုင် ၁၇ မိုင်အကွာတွင် ရေနံတင်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းစု (UKMTO) က ထုတ်ပြန်သည်။
ယနေ့အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခံရသည့် တတိယမြောက် သင်္ဘောဖြစ်ပြီး၊ ၎င်းသည် ဟော်မုဇ် ရေလက်ကြားကို ကုန်သွယ်ရေး သင်္ဘောများအားလုံး ဖြတ်သန်းခွင့် ပိတ်ပင်ရန် အီရန်၏ လုပ်ဆောင်ချက် တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
NOM
201
Repost from News Of Myanmar
အီရန်က အမေရိကန်၏ MQ-9 ရီပါ 'Reaper' အမျိုးအစား မောင်းသူမဲ့ ဒရုန်းတစ်စီးကိုပစ်ချ
NOM
201
Repost from News Of Myanmar
"ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် နောက်ထပ် သင်္ဘောတစ်စီးကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က တိုက်ခိုက်လိုက်ကြောင်းသိရသည်။"
NOM
201
Repost from News Of Myanmar
အစ္စရေးနိုင်ငံ၊ ဘိတ်ရှီးမက်ရှ်မြို့သို့ အီရန် ဟိုက်ပါ ဆိုးနစ်ဒုံးကျည်ကျရောက်ပေါက်ကွဲသည့် ဗီဒီယို။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံများထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်းဆယ်ဂဏန်းခန့် သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေကြောင်းသိရသည်။
NOM
201
Repost from News Of Myanmar
အစ္စရေးနိုင်ငံ ဘိတ်ရှီးမက်ရှ်မြို့ကို အီရန်ဒုံးကျည်ထိမှန်ထားသည့် မြင်ကွင်း
NOM
201
Repost from News Of Myanmar
+1
အစ္စရေးနိုင်ငံ ဘိတ်ရှီးမက်ရှ်မြို့တွင် ထိခိုက်သေဆုံးမှုများရှိ
ဟီဘရူး (အစ္စရေး) မီဒီယာများ၏ ဖော်ပြချက်အရ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ဘိတ်ရှီးမက်ရှ်မြို့တွင် လူအမြောက်အမြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။
NOM
201
Repost from News Of Myanmar
ရုရှားနိုင်ငံရဲ့ ယူရေးရှားလှုပ်ရှားမှု ကို တည်ထောင်သူ ဒဿနပညာရှင် အလက်ဇန္ဒား ဒူဂင် (Alexander Dugin) က X လူမှုကွန်ရက်မှာ အောက်ပါအတိုင်းရေးသားခဲ့ပါတယ် 👇
"အီရန်ခေါင်းဆောင် ခါမေနီ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်လို့ရတယ်လို့ ယုံကြည်နေတဲ့သူတွေအတွက် သင်ခန်းစာတစ်ခုပဲ။"
NOM
201
Repost from News Of Myanmar
ယူအေအီးနဲ့ အိုမန်ကမ်းရိုးတန်းအနီး၊ ဟော်မုဇ် ရေလက်ကြားရဲ့ အပြင်ဘက်မှာ ရေနံတင်သင်္ဘော အစီး ၁၀၀ လောက် ဆိုက်ရပ်ထားပါတယ်။ အဆိုပါသင်္ဘောတွေဟာ ရေလက်ကြားကို ဖြတ်သန်းသွားလာခွင့်ရဖို့အတွက် အီရန်တော်လှန်ရေးအစောင့်တပ် ဆီက အမိန့်ကို စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
အိုမန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု
အိုမန်ပင်လယ်ကွေ့အတွင်း အီရန်ရဲ့ သင်္ဘောဖျက်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ပလောင်းကျွန်းနိုင်ငံ (Palau) အလံလွှင့်ထူထားတဲ့ စကိုင်းလိုက် အမည်ရှိ ရေနံတင်သင်္ဘော မီးလောင်ကျွမ်းခဲ့ပါတယ်။
သင်္ဘောပေါ်မှာရှိတဲ့ အမှုထမ်း ၂၀ ဦးစလုံးကို ဘေးလွတ်ရာသို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ကယ်ထုတ်နိုင်ခဲ့တဲ့ အမှုထမ်းတွေထဲက ၄ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
NOM
201
Repost from News Of Myanmar
အရှေ့အလယ်ပိုင်း အခြေအနေ သတင်းအကျဉ်း
လေဆိပ်များ ပိတ်မှု -
ဒူဘိုင်း၊ အဘူဒါဘီ၊ ဒိုဟာ၊ ကူဝိတ်နဲ့ ဘာရိန်း လေဆိပ်တွေအားလုံး ပိတ်ထားရပါတယ်။
တိုက်ခိုက်မှုများ -
အမေရိကန် စစ်အခြေစိုက်စခန်း ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ခံနေရသလို၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
ကာလကြာရှည်နိုင်မှု -
အီရန်နိုင်ငံအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို လပေါင်းများစွာကြာအောင် ဆက်လက်လုပ်ဆောင်သွားနိုင်တဲ့ အင်အားရှိပါတယ်။
NOM
201
Repost from News Of Myanmar
🇮🇷 💬"အီရန်နိုင်ငံက ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပိတ်ပစ်ရန် တိုက်တွန်း"
အီရန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့ဒေသတွင်းရှိ နိုင်ငံများထံ ဆက်သွယ်ကာ ၎င်းတို့နိုင်ငံများရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပိတ်ပစ်ရန် တိုက်တွန်းလိုက်ကြောင်းသိရသည်။
အကယ်၍ ထိုစခန်းများကို မပိတ်ပါက အီရန်အစိုးရအနေဖြင့် "ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိ" ဖြစ်လာလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ဆာအိဒ် ခါတစ်ဘ်ဇာဒေး က ပြောကြားခဲ့သည်။
၎င်းက CNN နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် "အီရန်အနေနဲ့ အမေရိကန်ပြည်မကြီးထဲကို ထိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်တာကြောင့် အမေရိကန်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာရှိတဲ့ ဘယ်စစ်အခြေစိုက်စခန်းကိုမဆို တိုက်ခိုက်ဖို့ကလွဲလို့ ကျွန်တော်တို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး" ဟု ထည့်သွင်းပြောကြားခဲ့သည်။
NOM
201
Repost from News Of Myanmar
🇮🇷 - အမေရိကန်နှင့် အစ္စရေးပူးပေါင်းတပ်ဖွဲ့များသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ အီရန်ကြက်ခြေနီအသင်း (Red Crescent Society) ၏ ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
NOM
201
Repost from News Of Myanmar
🇮🇷 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်သေနာပတိချုပ်သစ်အဖြစ် အာမက် ဗာဟီဒီ (Ahmad Vahidi) ကို ခန့်အပ်
အီရန်နိုင်ငံသည် ၎င်း၏ အထူးတပ်ဖွဲ့ဖြစ်သော အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အကြီးအကဲအဖြစ် ဝါရင့်တော်လှန်ရေးသမားတစ်ဦးကို အစားထိုးခန့်အပ်လိုက်ပြီ ဖြစ်သည်။
အာမက် ဗာဟီဒီ နှင့် ပတ်သက်သည့် အချက်အလက်များ 👇
ကိုယ်ရေးရာဇဝင် - အသက် (၆၇) နှစ်ရှိပြီဖြစ်သော ဗာဟီဒီသည် IRGC ကို စတင်တည်ထောင်သူတစ်ဦးဖြစ်ပြီး အီရန်-အီရတ်စစ်ပွဲတွင် ပါဝင်ခဲ့သူ ဝါရင့်တစ်ဦးဖြစ်သည်။
ယခင်တာဝန်များ - ၎င်းသည် ယခင်က ကဒ်စ်တပ်ဖွဲ့ (Quds Force) ကို (၁၉၈၈-၁၉၉၇) အထိ ကွပ်ကဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီး (၂၀၀၉-၂၀၁၃) နှင့် ပြည်ထဲရေးဝန်ကြီး (၂၀၂၁-၂၀၂၄) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုရာထူးမတိုင်မီ ၂၀၂၅ အောက်တိုဘာလတွင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။
နိုင်ငံတကာ ဝရမ်းနှင့် အရေးယူပိတ်ဆို့မှု - ၁၉၉၄ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့ရှိ အာဆိုစီယာစီယွန်း မူတူရယ် အစ္စရေးလ်လီတာ အာဂျင်တီးနား (Asociación Mutual Israelita Argentina) (AMIA) အမည်ရှိ အာဂျင်တီးနား-အစ္စရေး အပြန်အလှန်ကူညီရေးအသင်း အဆောက်အအုံ ဗုံးခွဲမှု (လူ ၈၅ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော်ဒဏ်ရာရမှု) တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိခြင်းကြောင့် ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံတကာရဲတပ်ဖွဲ့၏ အလိုရှိစာရင်းတွင် ပါဝင်နေသူဖြစ်သည်။
ထို့အပြင် အမေရိကန်နှင့် အီးယူ (EU) တို့၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း ခံထားရသည်။
ရာထူးအပြောင်းအလဲ - ၎င်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယစစ်သေနာပတိချုပ် ဖြစ်လာခဲ့ပြီး လအနည်းငယ်အကြာ (ယနေ့ ၂၀၂၆ မတ်လ ၁ ရက်) တွင် IRGC ၏ အမြင့်ဆုံးရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။
NOM
201
Repost from News Of Myanmar
🇦🇪 🔥 - ဒူဘိုင်းမြို့ မီးလောင်ကျွမ်းနေ၊ ဒေသတွင်းရှိ အမေရိကန် အကျိုးစီးပွားများကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိ
NOM
201
Repost from News Of Myanmar
"အီရန်ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းရာမှာ အမေရိကန်ထုတ် ပေထရီယော့ (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်က မအောင်မြင်ခဲ့တဲ့ အခိုက်အတန့်ကို ကာတာနိုင်ငံ၊ အယ်လ်အူဒိုက် လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်သည်တွေက ရိုက်ကူးထားနိုင်ခဲ့ပါတယ်။"
NOM
201
Repost from News Of Myanmar
🇮🇷 🇮🇷 - "အီရန်လေတပ်က အမေရိကန်အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်"
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ လေတပ်မှ လေသူရဲများသည် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ တပ်မတော်က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ကြေညာခဲ့သည် -
လွန်ခဲ့သော မိနစ်ပိုင်းခန့်က အီရန်လေတပ်မှ ကျွမ်းကျင်လေသူရဲများသည် ပင်လယ်ကွေ့နိုင်ငံများနှင့် အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို စစ်ဆင်ရေးအဆင့်ဆင့်ဖြင့် အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့သည်။
အီရန်တပ်မတော်က အလေးပေးပြောကြားသည်မှာ - ဒေသတွင်းရှိ ရန်သူ့စစ်ဘက်ဆိုင်ရာ ဗဟိုဌာနအားလုံးသည် အီရန်လေတပ်တိုက် လေယာဉ်များ၏ လက်လှမ်းမီရာ အကွာအဝေးအတွင်း၌သာ ရှိနေသည်။
NOM
201
Repost from News Of Myanmar
🇦🇪 - ယနေ့ နံနက် ဒူဘိုင်းအား အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း အမေရိကန်နိုင်ငံသားများ ထိခိုက်ဒဏ်ရာရ။
NOM
201
Repost from News Of Myanmar
"အီရန်အဓိပတိခေါင်းဆောင်ကြီးခါမေနီ လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းကြားပြီးနောက် ဒေါသထွက်နေသည့် ပါကစ္စတန်ပြည်သူများက ကရာချီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို မီးရှို့ဖျက်ဆီးနေကြစဉ်"
NOM
201
Repost from News Of Myanmar
🇮🇷 🇮🇷 - သတင်းများအရ ကွယ်လွန်သူ အီရန်အဓိပတိခေါင်းဆောင် ကြီး၏နေရာတွင် ၎င်း၏သားဖြစ် သူ မော်ဂျတာဘာ ခါမေနီ (Mojtaba Khamenei) ကို အီရန်နိုင်ငံ၏ အဓိပတိခေါင်းဆောင်သစ် အဖြစ် အမည်စာရင်း တင်သွင်းတော့မည် ဖြစ်ကြောင်းသိရသည်။
ဖခင်ထံမှ သားထံသို့ အာဏာလွှဲပြောင်းခြင်းပင် ဖြစ်သည်။ မော်ဂျတာဘာသည် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ၏ အဓိကခန့်အပ်မှုများကို ထိန်းချုပ်ခြင်း၊ ထောက်လှမ်းရေး လုပ်ငန်းများကို ကြီးကြပ်ခြင်းနှင့် သူ၏ဖခင်ဖြစ်သူ၏ အတွင်းလူများကို စီမံခန့်ခွဲခြင်းတို့ဖြင့် အစိုးရယန္တရား၏ နောက်ကွယ်မှ အာဏာရှိသူတစ်ဦးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံထားရသူဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ စတိုင်အတိုင်း ခါမေနီကို ဖြုတ်ချပြီး နောက်ထပ် ခါမေနီတစ်ယောက်နှင့် ပင် ပြန်လည်အစားထိုးလိုက်ခြင်း ဖြစ်သည်။
အာဖဂန်နစ္စတန် ဖြစ်ရပ်ကို မှတ်မိကြသေးရဲ့လား။ အမေရိကန်ဟာ ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ကျူးကျော်ပြီး တာလီဘန် အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်တွေ ပြန်လည်ဆုတ်ခွာသွားတဲ့အခါ တာလီဘန်တွေကပဲ အာဏာကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
NOM
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
