NOM
Ir al canal en Telegram
201
Suscriptores
Sin datos24 horas
-17 días
-830 días
Archivo de publicaciones
201
Repost from News Of Myanmar
အီရန်နိုင်ငံတွင်း လက်ရှိအခြေအနေအပေါ် CNN သတင်းထောက်၏ တင်ပြချက်
CNN သတင်းထောက်တစ်ဦးသည် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး လက်ရှိအခြေအနေနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
ဗုံးကြဲတိုက်ခိုက်ခံထားရသည့် နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး သွားရာလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် (Checkpoints) များရှိနေသည်ကို တွေ့ရသည်။
သို့သော်လည်း ဆိုင်များအားလုံး ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး စက်သုံးဆီဆိုင်များတွင်လည်း လူတိုးကြိတ်နေခြင်း မရှိသည်ကို တွေ့ရသည်။
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော လတ်ဆတ်သည့် စားသောက်ကုန်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်အပြင် ကော်ဖီဆိုင်များပင် ဖွင့်လှစ်ထားသည်။
အီရန်ပြည်သူများသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။
NOM
201
Repost from News Of Myanmar
ကူဝိတ်နိုင်ငံရှိ အမေရိကန်လေတပ်တပ်ဖွဲ့များအခြေစိုက်ရာ အရေးပါသည့်စခန်းတစ်ခုဖြစ်သော အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်စခန်းရှိ လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများတွင် ပေါက်ကွဲမှုများဖြစ်ပွားပြီး မီးဟုန်းဟုန်းတောက်ကာ လောင်ကျွမ်းနေသည်ကို တွေ့ရသည်။
NOM
201
Repost from News Of Myanmar
📡 ရေဒါစနစ်များ ပျက်စီးလာမှုကြောင့် ဒုံးကျည်သတိပေးချိန် တိုတောင်းလာ
ဇီယွန်ဝါဒီ (အစ္စရေး) သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ 👇
👉သတိပေးချိန် လျော့ကျလာခြင်း - ယခင်က ဒုံးကျည်သတိပေးချက်များကို ၅ မိနစ်မှ ၁၅ မိနစ်အထိ ကြိုတင်ရရှိခဲ့သော်လည်း ယခုအခါ ၁ မိနစ်မှ ၂ မိနစ်ခန့်သာ ကြိုတင်သတိပေးနိုင်တော့သည့် အခြေအနေသို့ ကျဆင်းသွားသည်။
👉အကြောင်းရင်း - ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့၏ ကာကွယ်ရေးရေဒါစနစ်များမှာ တဖြည်းဖြည်းချင်း ဖျက်ဆီးခံနေရခြင်းကြောင့် ဖြစ်သည်။
NOM
201
Repost from News Of Myanmar
ယနေ့ အစ္စရေးနိုင်ငံ တဲလ်အဗီးဗ်မြို့အား တိုက်ခိုက်မှုများတွင် အီရန်ဟာ ခိုရမ်ရှာ (Khorramshahr) ကလပ်စတာ ဒုံးကျည်များ (Cluster Missile) ကို အသုံးပြုခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရန် မီနပ်ဘ် (Minab) မိန်းကလေးမူလတန်းကျောင်း တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် အမေရိကန်ဖြစ်ကြောင်း ပေါ်ထွက်လာ
နယူးယောက်တိုင်းမ်စ် The New York Times သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ အီရန်နိုင်ငံရှိ မီနပ်ဘ် (Minab) မိန်းကလေးမူလတန်းကျောင်းကို တိုက်ခိုက်ခဲ့ပြီး ကျောင်းသူလေး ၁၇၅ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ယခင်က ထင်မှတ်ထားသလို အစ္စရေးရဲ့ လက်ချက်မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
ဂျော်ဒန်ရှိ အမေရိကန် သတ် THAAD ရေဒါစနစ် ဖျက်ဆီးခံရမှုကို ဂြိုဟ်တုဓာတ်ပုံများက အတည်ပြု
ဂျော်ဒန်နိုင်ငံ၊ မုဝါဖတ် ဆာလ်တီ (Muwaffaq Salti) အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန်ရဲ့ AN/TPY-2 သတ် (THAAD) ရေဒါစနစ်ဟာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း အဲယားဘတ်စ် (Airbus) က ထုတ်ပြန်တဲ့ အရည်အသွေးမြင့် ဂြိုဟ်တုဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အီရန်ဘက်က အထောက်အထားခိုင်လုံတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အစောကတည်းက ထုတ်ပြန်ခဲ့ပေမဲ့ အမေရိကန်ဘက်ကတော့ ဒါကို ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
အမေရိကန် အထက်လွှတ်တော်အမတ် ခရစ် ဗန် ဟော်လန် (Chris Van Hollen) ရဲ့ ထရမ့်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ဝေဖန်ပြောကြားချက်
အထက်လွှတ်တော်အမတ် ခရစ် ဗန် ဟော်လန် က — အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဟာ အီရန်နဲ့ စစ်ဖြစ်ဖို့အတွက် အမေရိကန်ကို စစ်ပွဲထဲ ဆွဲသွင်းနိုင်လောက်အောင် "မိုက်မဲ" တဲ့ အမေရိကန်သမ္မတတစ်ဦးကို နှစ်ပေါင်း ၄၀ ကြာမှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
"နေတန်ယာဟုက သူဟာ ဒီလိုအခြေအနေမျိုးရောက်ဖို့ နှစ်ပေါင်း ၄၀ ကြာအောင် စောင့်နေခဲ့ရတာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောခဲ့ပါတယ်။ အမေရိကန်ကို ဒီစစ်ပွဲထဲ ဆွဲသွင်းနိုင်လောက်အောင် မိုက်မဲတဲ့ အမေရိကန်သမ္မတတစ်ဦးကို ရှာတွေ့ဖို့ သူ (နေတန်ယာဟု) မှာ နှစ်ပေါင်း ၄၀ ကြာခဲ့တာပါပဲ။"
NOM
201
Repost from News Of Myanmar
🤬 အီရန်ခေါင်းဆောင်သစ် ရွေးချယ်ရေးတွင် ၎င်းကိုယ်တိုင် ပါဝင်ပတ်သက်ရန် လိုအပ်ကြောင်း ထရမ့် ပြောကြား
ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ Axios နဲ့ အင်တာဗျူးတစ်ခုမှာ ထရမ့်က — ဗင်နီဇွဲလားနိုင်ငံမှာ သူလုပ်ဆောင်ခဲ့သလိုမျိုးပဲ အီရန်ရဲ့ နောက်ထပ်တက်လာမယ့် ခေါင်းဆောင်ကို ရွေးချယ်တဲ့နေရာမှာ သူကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ လိုအပ်တယ် လို့ ပြောကြားခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
🚨 Breaking
အရှေ့အလယ်ပိုင်းဒေသတွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၆၇,၀၀၀ ခန့် ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံကြီး တိုက်ခိုက်ခံရမှုများကြောင့် မီးလောင်ကျွမ်းလျက်ရှိ
ဘာရိန်းနိုင်ငံ၊ စီထရာ (Sitra) မြို့မှာရှိပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၆၇,၀၀၀ ခန့် ချက်လုပ်နိုင်စွမ်းရှိတဲ့ BAPCO ရေနံချက်စက်ရုံကြီးမှာ လက်ရှိတွင် တိုက်ခိုက်ခံရမှုများကြောင့်မီးလောင်ကျွမ်းလျက်ရှိသည်။
NOM
201
Repost from News Of Myanmar
🚨 Breaking
ဘာရိန်းရှိ ရေတပ်အခြေစိုက်စခန်းနှင့် ရေနံလုပ်ငန်းခွင်များ တိုက်ခိုက်ခံရ
ဘာရိန်းနိုင်ငံရှိ အမေရိကန် အမှတ် (၅) ရေတပ်ဌာနချုပ်ရှိရာ အယ်လ်-ဂျူဖဲယားရေတပ်အခြေစိုက်စခန်း နှင့် BAPCO (ဘာရိန်း ရေနံကုမ္ပဏီ) ၏ ရေနံလုပ်ငန်းခွင်များသို့ တိုက်ရိုက်ထိမှန်မှုများစွာ ရှိခဲ့ကြောင်း သိရသည်။
NOM
201
Repost from News Of Myanmar
ယူအေအီး စီးပွားရေးလုပ်ငန်းရှင်မှ ထရမ့်ထံသို့ ပေးစာ
"ခင်ဗျားအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ဆိုပြီး ကြေညာခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ် (Peace Initiative) ပေါ်က ကလောင်မင်တောင် မခြောက်သေးခင်မှာပဲ၊ ဒေသတစ်ခုလုံးကို အန္တရာယ်ဖြစ်စေမယ့် စစ်ရေးအရ တင်းမာမှုတွေနဲ့ ကျွန်ုပ်တို့ ရင်ဆိုင်နေရပါပြီ။
ဒီအစီအစဉ်တွေအတွက် လျာထားတဲ့ ဘတ်ဂျက်အများစုကို ဒေသတွင်းနိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေကပဲ စိုက်ထုတ်ပေးခဲ့တာပါ။ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် ကျွန်ုပ်တို့နိုင်ငံတွေက ဒေါ်လာ ဘီလီယံပေါင်းများစွာ ထည့်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အဲဒီနိုင်ငံတွေအနေနဲ့ အခုလို မေးခွန်းထုတ်ပိုင်ခွင့် ရှိနေပါပြီ -
'ဒီငွေတွေ ဘယ်ရောက်ကုန်ပြီလဲ။ ကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေးအတွက် ငွေကြေးထောက်ပံ့နေတာလားဒါမှမဟုတ် ကျွန်ုပ်တို့ကို အန္တရာယ်တွင်းထဲ ဆွဲနှစ်မယ့် စစ်ပွဲတစ်ခုအတွက် ရန်ပုံငွေ စိုက်ထုတ်ပေးနေတာလား ဆိုတာပါပဲ။"
NOM
201
Repost from News Of Myanmar
🇮🇷🇮🇷 - အီရန်အဆင့်မြင့်ဗိုလ်ချုပ်ကြီး ကီယူးမားစ် ဟေဒရီ က အခုလို ပြောကြားခဲ့ပါတယ် -
"ကျွန်ုပ်တို့ဟာ အရင်တုန်းက ဆဒမ်ဟူစိန်ကို ၈ နှစ်ကြာ တိုက်ခိုက်ခဲ့ရတဲ့ စစ်ပွဲလိုမျိုး ရှည်လျားတဲ့ စစ်ပွဲအတွေ့အကြုံတွေ ရှိခဲ့ဖူးပါတယ်။
ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အားလုံး ပြည့်ဝပြီး ရန်သူက သူတို့ရဲ့ လုပ်ရပ်အပေါ် နောင်တရ စိတ်ပျက်အားလျော့သွားတဲ့အထိ ဒီစစ်ပွဲကို ကျွန်ုပ်တို့ လက်လျှော့မှာ မဟုတ်ပါဘူး။"
NOM
201
Repost from News Of Myanmar
ပါရှန်းပင်လယ်ကွေ့အတွင်းရှိ ဘဟားမားအလံလွှင့်ထားတဲ့ရေနံတင်သင်္ဘောတစ်စင်းကို အီရန်နိုင်ငံထုတ် အဝေးထိန်းစနစ်သုံး အသေခံဒရုန်းလှေတစ်စင်းဖြင့်တိုက်ခိုက်ခဲ့ပါတယ်။
NOM
201
Repost from News Of Myanmar
🇮🇱= 🐍 အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ပြည်သူတွေအပေါ် ထားရှိတဲ့ စံနှစ်မျိုး (Double Standard) သဘောထားနဲ့ ပတ်သက်ပြီး အယ်လ်ဂျာဇီးရား Al Jazeera သတင်းဌာနက ဖော်ပြ
နေတန်ယာဟုက အီရန်ပြည်သူများကို မည်သို့ရှုမြင်သနည်း?
အယ်လ်ဂျာဇီးရား ၏ ဖော်ပြချက် အရ -
နေတန်ယာဟု၏ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားချက် (နိုင်ငံတကာသို့) -
"ကျွန်ုပ်တို့သည် အီရန်ပြည်သူများကို လွတ်မြောက်စေရန် ကြိုးပမ်းနေခြင်းဖြစ်သည်။"
နေတန်ယာဟု၏ ဟီဘရူးဘာသာဖြင့် ပြောကြားချက် (ပြည်တွင်းသို့) -
"ယနေ့ခေတ် အီရန်လူမျိုးများသည် အာမလက် (Amalekite) လူမျိုးများ ဖြစ်ကြသည်။"
ဘိုင်ဘဲလ်ကျမ်းစာ (Book of Deuteronomy) အခန်းကြီး ၂၅ အရ အစ္စရေးလူမျိုးများသည် အာမလက်လူမျိုးများအားလုံးကို (အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင်) သုတ်သင်ပယ်ရှင်းရမည်ဟု ဖော်ပြထားသည်။
နေတန်ယာဟုက အင်္ဂလိပ်လို ပြောတဲ့အခါမှာတော့ အီရန်အစိုးရရဲ့ ဖိနှိပ်မှုအောက်ကနေ ပြည်သူတွေကို ကယ်တင်ချင်သယောင် ပုံဖော်ထားပေမဲ့
ဟီဘရူးလို ပြောတဲ့အခါမှာတော့ ဘာသာရေးကျမ်းစာလာ ရန်သူတော် "အာမလက်" တွေနဲ့ နှိုင်းယှဉ်ပြီး အမြစ်ပြတ်ချေမှုန်းရမယ့် သဘောပြောထားပါတယ်။
NOM
201
Repost from News Of Myanmar
အစ္စရေးက အီရန်နိုင်ငံ မြို့တော် တီဟီရန် ရှိ ကြက်ကြော်ဆိုင်ကို ဗုံးကြဲ။
NOM
201
Repost from News Of Myanmar
ကနေဒါဝန်ကြီးချုပ် မက်ခ် ကာနေ (Mark Carney) က အီရန်စစ်ပွဲမှာ ကနေဒါတပ်ဖွဲ့တွေ ပါဝင်လာနိုင်ခြေကို "လုံးဝမဖြစ်နိုင်ဘူး" လို့ အပြတ်မငြင်းဆိုတော့ဘဲ လမ်းဖွင့်ထားလိုက်ပါတယ်။
အစောပိုင်းမှာတော့ ဒီစစ်ပွဲအတွက် အမေရိကန်နဲ့ အစ္စရေးတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။
အခုတော့ သူ့သဘောထားက ၁၈၀ ဒီဂရီပြောင်းသွားပါပြီ။ သူ့သဘောထားရုတ်ခြည်းပြောင်းလဲပုံက ကမ္ဘာကျော် စကိတ်စီးသမား တိုနီဟော့ခ် ရဲ့ ဝေဟင်ပျံ လှည့်ကွက်တွေထက်တောင် ပိုပြီးမြန်ဆန်လွန်းလှပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က အိမ်ခြံမြေအကျိုးဆောင် အရေအတွက်ဟာ ကနေဒါနိုင်ငံရဲ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်အင်အားထက်တောင် ပိုများနေတယ်ဆိုတာရောသင်သိပါသလား?
၂၀၂၆ ခုနှစ် အခြေအနေအရ ကြည့်မယ်ဆိုရင်-
တိုရွန်တိုမြို့ အိမ်ခြံမြေအကျိုးဆောင်များ Toronto Regional Real Estate Board (TRREB) မှာ အဖွဲ့ဝင် ၇၃,၀၀၀ ကျော် ရှိနေပါတယ်။
ကနေဒါရဲ့ ပုံမှန်စစ်သည်အင်အား (Regular Force) ကတော့ ၆၃,၅၀ဝ ဝန်းကျင်ပဲ ရှိပါတယ်။
NOM
201
အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့အပြီး ဂရိအာဏာပိုင်တွေဟာ အရှေ့တောင်ပိုင်း Aegean ပင်လယ်မှာရှိတဲ့ Crete ကျွန်းနဲ့ Rhodes ကျွန်းကြားက Karpathos မှာ Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ဖြန့်ကျက်လိုက်ပါတယ်။
ဂရိရဲ့ ကုန်းရေနှစ်သွယ်သွားသင်္ဘောတစင်းလည်း ဆိုက်ကပ်ထားပြီး ဖြန့်ကြက်နေရာတွေမှာ မလှုပ်ရှားခင် လေကြောင်းကာကွယ်ရေးတပ်ခွဲရဲ့ ပစ္စည်းတွေကို သယ်ဆောင်နေတဲ့ စစ်ဘက်ယာဉ်တွေကို ရုပ်သံမှတ်တမ်းမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒါဟာ ဆိုက်ပရက်စ်က Akrotiri မှာရှိတဲ့ ဗြိတိန်စစ်စခန်းအနီး အီရန်ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သတင်းတွေထွက်လာပြီးနောက် ဂရိက အလျင်အမြန်ဖြန့်ကြက်လိုက်တာလည်းဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🇮🇷 - အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ရေတပ်သည် ယမန်နေ့ညက အစ္စရေးပိုင်နက်အတွင်းရှိ ရာမော့တ်ဒေးဗစ် လေတပ်စခန်းမှ လောင်စာဆီသိုလှောင်ကန်များကို ပစ်မှတ်ထား၍ 'အာရပ်ရှ်' တိုက်ခိုက်ရေးဒရုန်း အစင်းပေါင်းများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
NOM
201
Repost from News Of Myanmar
🇨🇳🛢🛢တရုတ်နိုင်ငံမှ စက်သုံးဆီတင်ပို့မှုများ ရပ်တန့်ရန် ညွှန်ကြား - ဘလူးမ်ဘတ်ဂ် သတင်းဌာန
တရုတ်အစိုးရသည် ပြည်တွင်းရှိ ရေနံချက်စက်ရုံများကို စက်သုံးဆီနှင့် ရေနံအခြေခံ ထွက်ကုန်များ ပြည်ပသို့ တင်ပို့ခြင်း မပြုရန် တောင်းဆိုထားသည်။
စက်သုံးဆီ တင်ပို့ရန်အတွက် စာချုပ်သစ်များ ချုပ်ဆိုခြင်းကိုလည်း ရပ်တန့်ရန် ညွှန်ကြားထားသည်။
ယခင်က သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် တင်ပို့မှုများကိုပါ ပြန်လည်ဖျက်သိမ်းနိုင်ရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းထားကြောင်းသိရသည်။
ဤခြေလှမ်းသည် တရုတ်ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန် (သို့မဟုတ်) ကမ္ဘာ့ရေနံဈေးကွက် အခြေအနေအရ ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်သည်။
NOM
201
Repost from News Of Myanmar
အိမ်ဖြူတော်နှင့် အီရန်တို့ သီးခြားဆွေးနွေးနေသည်ဟု နေတန်ယာဟု သံသယရှိ
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် အိမ်ဖြူတော်နှင့် အီရန်အကြား သီးခြားဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သံသယရှိနေကြောင်း အစ္စရေးအခြေစိုက် Channel 12 သတင်းဌာနက ဖော်ပြခဲ့သည်။
အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ပတ်သက်၍ အီရန်ဘက်တော်သားများနှင့် ထရန့်အစိုးရအဖွဲ့ မှ ပုဂ္ဂိုလ်များအကြား ဆက်သွယ်မှုများ ရှိ၊ မရှိ ရှင်းလင်းပေးရန် နေတန်ယာဟုက အိမ်ဖြူတော်သို့ တောင်းဆိုထားကြောင်း မှတ်ချက်ပြုထားသည်။
NOM
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
