es
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Ir al canal en Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Mostrar mĂĄs
232
Suscriptores
Sin datos24 horas
Sin datos7 dĂ­as
-430 dĂ­as
Archivo de publicaciones
သွေးရောင်လွှမ်းတဲ့ခေတ် အလံလွှင့်ဖို့ ရောင်နီတို့ သွေးစို့ဓားကိုယ်စီ။ လျင်မြန်အောင်ပြေး တို့မနှေး အဝေးကခေတ်ဆီ။ တို့ပြန်ရှာမိ အတိတ်၏ လွှမ်းတိရွှေရောင်ခြည်။ ခေတ်နှင့်စနစ် ပြောင်းပြန်ဖြစ် လက်သစ်သွေးရောင်နီ။ အနာဂတ်ဝယ် ဘယ်မှာကွယ် ရှာဖွယ်မကောင်းသည်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

မင်းကြောင့်ရတဲ့ ဒဏ်ရာဆိုတော့လည်း ‎ကိုယ့်မှာ မပျောက်အောင် ယုယရတယ်။ ‎အမှတ်တရဆိုလို့ ဒါပဲကျန်တာမဟုတ်လား။ ‎ ‎- မြတ်နွယ် မင်းမုန်း
မင်းကြောင့်ရတဲ့ ဒဏ်ရာဆိုတော့လည်း ‎ကိုယ့်မှာ မပျောက်အောင် ယုယရတယ်။ ‎အမှတ်တရဆိုလို့ ဒါပဲကျန်တာမဟုတ်လား။ ‎ ‎- မြတ်နွယ် မင်းမုန်းတာလေးကအစ ချစ်နေရတာမျိုးဆိုတော့လဲ မင်းဆီကဘာပဲရရ တယုတယသိမ်းထားရတာမျိုးပေါ့။ - လိပ်ပြာ

လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာထက် သူမရှိတော့တဲ့ ကမ္ဘာကြီးနဲ့ နေသားကျသွားရတာက ပိုဝမ်းနည်းဖို့ ကောင်းတယ်။ -မြနန်းစံ

ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၃ ] အပြုံးနုနုနဲ့ ပါးချိုင့်ကွက်နေရာလေးကို ကိုယ့်အတွက်ချန်ပေးထားပါ။ ကျန်တာကိုတော့ မင်းစိတ်ကြိုက
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၃ ] အပြုံးနုနုနဲ့ ပါးချိုင့်ကွက်နေရာလေးကို ကိုယ့်အတွက်ချန်ပေးထားပါ။ ကျန်တာကိုတော့ မင်းစိတ်ကြိုက် လုပ်ပါ အသက်။ - လိပ်ပြာ

ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၂ ] အဝါရောင်ပန်းတွေအစား အသက်အပြုံးတွေကို အစားထိုးထားတယ်။ ကိုယ့်ကမ္ဘာက နူးညံ့ပါတယ်... အသက် ရှိနေ
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၂  ] အဝါရောင်ပန်းတွေအစား အသက်အပြုံးတွေကို အစားထိုးထားတယ်။ ကိုယ့်ကမ္ဘာက နူးညံ့ပါတယ်... အသက် ရှိနေသ၍ပေါ့ကွယ်။ - လိပ်ပြာ

ကဗျာ ဆရာ ကဗျာဆရာ၊စာရေးတာသည် ဥစ္စာမမက်၊ဉာဏ်များထက်အောင် သူဆက်ရေးကာ၊လူငယ်ဟာလည်း ကဗျာစာကြောင့်၊လမ်းမှန်ဖြောင့်လို့ ရောင့်ရဲတတ်လေ။ ငါဆရာဟု၊‌မောင်းတိုင်းထုလို့ အတုယူလျှင်၊လမ်းဘေးတွင်သာ ‌အရင်‌တောင်းစား၊အာဏာအားလျှော့ အမှားပြင်ပေး၊လေ‌သံအေးနှင့် ဖာထေးအမှား၊ဆရာကားမှာ အများကိုးကွယ်ရာဖြစ်၏။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၁ ] သံယော‌ဇဉ်ရှိတာနဲ့ ချစ်တာကို ကောင်းကောင်းခွဲခြားတတ်ရတယ်။ အခုတော့... အသက်က ငါ့ကိုမျှော်လင့်ချ
ဒိုင်ယာရီထဲက ဖဲကြိုးဝါဝါတွေ [ ၁ ] သံယော‌ဇဉ်ရှိတာနဲ့ ချစ်တာကို ကောင်းကောင်းခွဲခြားတတ်ရတယ်။ အခုတော့... အသက်က ငါ့ကိုမျှော်လင့်ချက်တွေ ပေးပြီးမှ ရိုက်ချပစ်လိုက်တာ ငါ့နှလုံးသားလေးက ရိုင်နဲ့နဲ့။ - လိပ်ပြာ

" ကျေနပ်ပါတယ် အသက် " ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ မင်းမှာ သူရှိပြီးသားပဲ ငါ့မှာတော့ မင်းပဲရှိတာခက်တယ်။ ဒီပွဲမှာ မင်းနိုင်ပါတယ် မပြိုင်ခင်ထဲက ရှုံးတာကတော့ ပြောနေစရာမလိုအောင်ကို ငါ့ဆီ အကြည့်တွေရောက်နေပြီးသားပါ။ အပြုံးချိုချို စကားချိုချိုတွေနဲ့ လွယ်လွယ်လေးကစားသွားတဲ့ မင်းကိုလည်းငါ မမုန်းနိုင်ခဲ့ပါဘူး။ ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ အဲ့ဒီနေ့က... အရာအားလုံးကို အပိုင်ရခဲ့ပြီလို့ ငါထင်လိုက်မိတယ်.... အဲ့မှာ ငါရှုံးသွားတာပဲ ငါမင်းကို သူ့ထက်ပိုချစ်ပေးနိုင်ပါတယ် နားလည်ပေးနိုင်ပါတယ် အလိုလိုက်နိုင်ပါတယ်... ဒါပေမဲ့.... မင်းကို သူကပိုင်နှင့်ပြီးသားလေ ငါဆိုတာ နောက်မှရောက်လာတဲ့ ဒုတိယလူ မဟုတ်သေးဘူး.... ငါက ဒုတိယလူမဟုတ်ဘူး ငါက မင်းအတွက်တော့ အရံလူ.. အရံလူတစ်ယောက်ပဲ.... အဲ့ဒီနေ့က... အရာအားလုံးကို အပိုင်ရခဲ့ပြီလို့ ငါထင်လိုက်မိတယ်.... အဲ့မှာ ငါရှုံးသွားတာပဲ..... ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ မင်းကတော့ သူ့ကိုချစ်ပါ ငါကတော့ မင်းကိုချစ်မယ် သူပျော်နေတာကို ငါမမြင်သလိုနေမယ် ငါငိုနေတာကို မသိဟန်ပြုမယ် မင်းပျော်နေတာကိုပဲ ငါမှတ်ထားလိုက်မယ်။ အလှဆုံးပြုံး... အကောင်းဆုံးတောက်ပ... မင်းချစ်သူနဲ့ ပျော်ပျော်နေအသက်ရဲ့... ဒါဆို ငါလည်းပျော်နေရမှာပဲ.. မျက်ရည်တွေနဲ့ပေါ့ မျက်ရည်တွေနဲ့ ပျော်နေမှာ။ - လိပ်ပြာ

ကိုယ့်အချစ်က ကိုယ့်ကိုချစ်လိုက်ပုံများ မာနလေးကလဲ မလျှော့ဘူး အတ္တလေးကလဲ ရှိတုန်း ဪ... လူတွေရယ် ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ က
ကိုယ့်အချစ်က ကိုယ့်ကိုချစ်လိုက်ပုံများ မာနလေးကလဲ မလျှော့ဘူး အတ္တလေးကလဲ ရှိတုန်း ဪ... လူတွေရယ် ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ ကျွန်တော့်မှာ ဒါလေးကို ချစ်နေရတာ နှစ်နဲ့ချီနေပြီ။ - လိပ်ပြာ

ငှက်လွှတ်လိုက်တာမဟုတ်ဘဲ လက်လွှတ်လိုက်ရတာပါ။ လွတ်မြောက်သွားတာချင်းအတူတူ သူကပြန်မ‌လာတော့ဘူး။ -အံ့လွန်းပျို

အဏ္ဏဝါဂယက်စာစောင်မှ မိတ်ဆွေတို့နဲ့အတူ ဒုတိယအကြိမ်မြောက် ကဗျာရွတ်ဖတ်ခြင်းအစီစဉ် စတင်နေပါပြီ Notice: ရွတ်ဖတ်စေချင်သော ကဗျာရှိပါ
အဏ္ဏဝါဂယက်စာစောင်မှ မိတ်ဆွေတို့နဲ့အတူ ဒုတိယအကြိမ်မြောက် ကဗျာရွတ်ဖတ်ခြင်းအစီစဉ် စတင်နေပါပြီ Notice: ရွတ်ဖတ်စေချင်သော ကဗျာရှိပါက ပေးပို့ရန် - @Latepyar_023 https://t.me/AnNaWarGaYat_sarsaung?livestream=19aca41b0d0b1b17ff

စိမ်းကားခြင်းမှာ နေသားတကျပါပဲ။ သူစိမ်းအဖြစ်ကနေ သူစိမ်းပြန်ဖြစ်သွားတဲ့ ဆက်ဆံရေးတွေဟာ အစိမ်းသက်သက်..။ ဥပေက္ခာတရားမှာ ကိုယ်ချင်းစာစိတ်ပါရင် ဘယ်လောက်ကောင်းမလဲ။ -အံ့လွန်းပျို

ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ - လိပ်ပြာ
ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ - လိပ်ပြာ

မင်္ဂလာနံနက်ခင်းပါ ဒီနေ့ည ၈နာရီတိတိမှာ အဏ္ဏဝါဂယက်ချန်နယ်ရဲ့ ဒုတိယအကြိမ် ကဗျာရွတ်ပွဲလေးရှိပါတယ်။ ကလောင်ရှင်များ၊ စာပေဝါသနာရှင်
မင်္ဂလာနံနက်ခင်းပါ
ဒီနေ့ည ၈နာရီတိတိမှာ အဏ္ဏဝါဂယက်ချန်နယ်ရဲ့ ဒုတိယအကြိမ် ကဗျာရွတ်ပွဲလေးရှိပါတယ်။ ကလောင်ရှင်များ၊ စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များနှင့် အတူ အဏ္ဏဝါဂယက်စာစောင်မှ ကဗျာရွတ်ဖတ်ချင်ပါတယ်။ ဒါကြောင့်... စာဖတ်သူ ပရိသတ်တို့ လာရောက်အားပေး ဝန်းရံကြဖို့ အဏ္ဏဝါဂယက်စာစောင်မှ ဖိတ်ကြားပါတယ်။ မေတ္တာရင်းဖြင့် - အဏ္ဏဝါဂယက်စာစောင် #anawargayat #sarsung

အမုန်းတွေကို အပြုံးတွေဖြစ်လာအောင် ငါမလုပ်နိုင်ခဲ့တာဟာ ငါ့အမှားပါလို့ မှတ်ယူပြီး မင်းအနားက ထွက်လာခဲ့တယ်။ - လိပ်ပြာ
အမုန်းတွေကို အပြုံးတွေဖြစ်လာအောင် ငါမလုပ်နိုင်ခဲ့တာဟာ ငါ့အမှားပါလို့ မှတ်ယူပြီး မင်းအနားက ထွက်လာခဲ့တယ်။ - လိပ်ပြာ

ပန်းတစ်ပွင့်က အရှုံးတစ်ခုနဲ့ ညီမျှခဲ့ရင် ငါဟာ အရှုံးကို လွယ်လွယ်နဲ့ ပေးတတ်တဲ့ လူညံ့မဟုတ်ဘူး။ မင်းကေသာထက်မှာတော့ ပန်းတွေဝေပါစေ ခင်...။ -အံ့လွန်းပျို

တစ်စုံနဲ့ တစ်ယောက် မဖြစ်ချင်ခဲ့လို့ ကျွန်တော်ဟာ တိတ်တိတ်ကလေး စစ်ကြေညာပြီး လှည့်ထွက်ခဲ့ပါတယ်။ - လိပ်ပြာ ပိုင်ဆိုင်ရမှ ဆိုတာမျိ
တစ်စုံနဲ့ တစ်ယောက် မဖြစ်ချင်ခဲ့လို့ ကျွန်တော်ဟာ တိတ်တိတ်ကလေး စစ်ကြေညာပြီး လှည့်ထွက်ခဲ့ပါတယ်။ - လိပ်ပြာ ပိုင်ဆိုင်ရမှ ဆိုတာမျိုး မရှိပါဘူး။ ချစ်ခွင့်ရရင်ပဲ ကျေနပ်ပြီမလို့ မင်းရဲ့လူကို စိတ်ပူမနေပါနဲ့။ ငါက ကိုယ်ချင်းစာတတ်တယ် အချစ်ရဲ့။ - အံ့လွန်းပျို မင်းဟာငါ့အတွက်လည်း နှင်းဆီပန်းတစ်ပွင့်လိုပဲ ရနံ့ဟာလည်းမွှေးနေဆဲ နှလုံးသားနဲ့လက်မှာသွေးတွေရဲ ခက်တာက ငါကနှင်းဆီပန်းရယ် အရက်ရယ်ဆို သိပ်ကြိုက်မိတာပဲ။ - ဒေါင်းနက် ‎ကိုယ့်နှလုံးသားခံတပ်ဟာ ‎ခိုင်ခံ့မှုနည်းလှတယ် ‎တိုက်စစ်မဆင်ပါနဲ့ကွယ် ‎မင်းဖြတ်လျှောက်ရုံနဲ့ကို ‎ပြိုဖို့လုံလောက်ပါတယ် ‎ ‎- မြတ်နွယ်

နွေးထွေးပါစ ဆုတောင်းပါမည်၊ ဒေါင်းစစ်သည်သို့ ရင်စည်အတွင်း၊ နှလုံးထွင်းလျက် သင်းပျံ့ပါစေ၊ ရေစင်အေးမြ ဘဝလှကို၊ ပိုင်ရပါစေ ကြာဖူးငယ်မျှ၊ ပွင့်ထုံကြွလို့ အများငြိမ်းချမ်း၊ ဆွတ်ယူလှမ်းသူ တမ်းတမှုနှင့် နွေးပါလေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

မွေးနေ့ဆုတောင်းကဗျာစာစဉ် ယနေ့ ၁၉ရက် ၆လ ၂၀၂၆တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၁နှစ်မြောက် မွေးနေ့ရက်မြတ်၌ ကျွန်ုပ်တို
မွေးနေ့ဆုတောင်းကဗျာစာစဉ်
ယနေ့ ၁၉ရက် ၆လ ၂၀၂၆တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၁နှစ်မြောက် မွေးနေ့ရက်မြတ်၌ ကျွန်ုပ်တို့ ကဗျာဗဟိုပြု စာပေကလပ်စည်းမှ မွေးနေ့ဆုတောင်းကဗျာများကို ကဗျာစာစဉ်အနေနှင့် တင်ပြပေးသွားမည်ဖြစ်သည်။ ‌ သို့ဖြစ်ပါ၍ အမေစုအတွက် ‌မွေးနေ့ဆုတောင်းပေးလိုသော ဆန္ဒရှိသူ မည်သူမဆို ပါဝင်နိုင်ကြောင်းပြောကြားရင်း အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှစ အသက်ရာကျော်ရှည်ပါစေ၊ အနာရောဂါကင်းဝေးပါစေ ဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ ကဗျာစာမူပိတ်သိမ်းချိန် - ယနေ့ည၉နာရီ ပေးပို့ရန် - @Alp_ll2010
တင့်တယ်လှစေ အမိသခင် အမိနိုင်ငံ၊ ရွှေရောင်ဟန်နှင့် ဂုဏ်ပန်လှရန်၊ ဒေါင်းသွေးထန်ကာ မွမ်းမံကြိုးစား၊ သူတို့တားမည် ခါးသီးအမှန်၊ လက်မခံလည်း တို့စံသခင်၊ ဤအရှင်အား ဘုရင်ကဲ့သို့၊ နှလုံးပို့မည် မြင့်မြတ်သည်ထက် တင့်စေသား။ -အံ့လွန်းပျို
#poetry_series #A_poetryhub #literary_club

မွေးနေ့ ' မွေးနေ့မှာ ပျော်ရွှင်ပါစေအမေ ' ဒီစကားနဲ့ပဲ ကဗျာကိုဖွင့်ပါရစေ။ ဒီနှစ်တွေ အတွင်းမှာ.. မမြင်ရတဲ့ မျက်နှာ‌လေးကို မှန်းမျှော်ပြီး မေတ္တာပို့သမိပါတယ်။ ကျန်းမာဖို့ပါပဲ... ကျန်းမာနေဖို့ပဲလိုတာပါ။ ထောင်ကို အိမ်‌လိုနေနေရသူအဖို့ ဘယ်လောက်ခက်ခဲမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ မမြင်ရတာကြာပြီဖြစ်တဲ့ အပြုံးလေးနဲ့ နှင်းဆီပန်းလေးကိုလဲ မှန်းမျှော်ပြီး မေတ္တာပို့သမိပါတယ်။ ကျန်းမာဖို့ပါပဲ... ကျန်းမာနေဖို့ပဲလိုတာပါ။ ကံ့ကော်တွေတော့ နွမ်းပြီအမေ အမေ့သားသမီးတွေလည်း အမေ့ကို လွမ်းလှပြီ.... ရာသီစက်ဝန်းဟာ မြန်ဆန်စွာပဲလည်ပတ်ရင်း ငါးနှစ်ကျော်ခဲ့ပါပြီ အမေ.... အမေ မရှိတဲ့နေ့က မနေ့တစ်နေ့ကလိုပါပဲ သတိရစိတ်နဲ့ အားကိုးချင်စိတ်တို့ဟာ တစ်ရက်ထက်တစ်ရက်တိုးပါတယ် တစ်နှစ်ထက်တစ်နှစ်လဲ တိုးပါတယ်။ နှင်းဆီလို အမေ့အတွက် သမီးတို့ ဆုတောင်းဟာ ကံ့ကော်တွေဖြစ်မယ် အမေ။ ကျန်းမာဖို့ပါပဲ... ကျန်းမာနေဖို့ပဲလိုတာပါ။ အိမ်ပြန်လမ်းအတွက် ကံ့ကော်တွေပျိုးထားမယ် နှင်းဆီနီနီတွေစိုက်ထားမယ်။ အပြုံးတွေအတွက် စောင့်နေမယ် ရောင်နီတွေအတွက် စောင့်နေမယ်။ နှင်းဆီလို အမေ့အတွက် သမီးတို့ ဆုတောင်းဟာ ကံ့ကော်တွေဖြစ်မယ် အမေ။ ကျန်းမာဖို့ပါပဲ... ကျန်းမာနေဖို့ပဲလိုတာပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေအမေ။ - လိပ်ပြာ ကဗျာအမျိုးအစား - မော်ဒန်