ar
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

الذهاب إلى القناة على Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

إظهار المزيد
236
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
-630 أيام
أرشيف المشاركات
ကဗျာဆရာ ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ ကဗျာဆရာပါပေါ့လေ စကားအပြောကောင်းပြီး စာလေးကလည်းစီတတ် မြန်မာစာလေးကလည်းတော် ကာရန်လေးကမတောက်တခေါက်နဲ့ ဝတ္ထုတို... ဝတ္ထုတိုဆိုပြီးလည်း အချစ်အကြောင်းတွေက ရေးလာသေးတယ် သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ချိမ့်ကဗျာလေးဖတ်လိုက် ကဗျာရေးနည်းလေးပြေးကြည့်လိုက်နဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ကာရန်ကြတော့ ၄-၃-၂ကမတက်ဘူး မော်ဒန်ရေးရင်လည်း အချစ်ရေးက မထွက်တဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ကဗျာဆရာနာမည်နဲ့ မျက်နှာတောင် တွဲမမှတ်မိတဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ တိုတိုထွာထွာလေးတွေရေးပြီး သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သတ်ပုံတောင်ကိုယ့်ဘာသာ စစ်ရမှာပျင်းတဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ နူးနူးညံ့ညံ့လေးရေးတတ် ချစ်ကြောင်းကြိုက်ကြောင်းလေး လှအောင်စီတတ်လာတော့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ရယ်ရပါတယ်... ကဗျာဆရာတွေများတဲ့လောကကြီးက ဆရာတွေ‌... ဆရာတွေ... သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ဆရာတွေ... ဆရာမတွေ... တပည့်မရှိ‌တဲ့လောကကြီးမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ကျောင်းစာကြတော့သေချာမလုပ်ချင် ကဗျာပဲစပ်ချင်နေတဲ့ကောင်က သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ဆရာတွေ... ဆရာမတွေ... တပည့်မရှိ‌တဲ့လောကကြီးမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ အမှောင်ဖုံးနေတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ စိတ်တူကိုယ်တူရှိတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ အေးချမ်းမှုနည်းတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ စိတ်ညစ်စရာတွေများတဲ့အဝန်းဝိုင်းထဲမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ဆရာတွေ... ဆရာမတွေ... တပည့်မရှိ‌တဲ့လောကကြီးမှာ သူ့ကိုယ်သူတော့ကဗျာဆရာတဲ့ ရယ်ရပါတယ် အားရပါးရရယ်ချလိုက်ရင်း သူ့ကိုယ်သူတော့ကဗျာဆရာတဲ့။ - လိပ်ပြာ ၁၁ရက်၊ ၆လ၊ ၂၀၂၆ [ ၉နာရီ ၂၅မိနစ် မနက် ]

ကျွန်တော်ခင်ဗျားကို မချစ်ဘူး ကမ္ဘာကြီးရဲ့ မတူညီတဲ့ အပိုင်းခြားက ကျွန်တော်တို့ ၂ယောက်ဟာ အချိန်တွေ လွဲခဲ့ကြတယ် ထင်တယ်။ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မထင်မှတ်ထားပဲ ဆုံတွေ့ခဲ့ပြီး မထင်မှတ်ထားပဲ... ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ ကျွန်တော်တို့ မချစ်ခဲ့ကြပါဘူး။ မချစ်ခဲ့ဖူးဘူး... မတွေ့ခဲ့ဖူးဘူး... အတူတူမရယ်မောခဲ့ကြဘူး... အိပ်မက်တွေပါ.. အိပ်မက်... တကယ် မဟုတ်ခဲ့ဘူးလို့ မှတ်ပေးလိုက်ပါ... မှတ်လိုက်ပါ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ နေဝင်ချိန်နဲ့ နေထွက်ချိန် မတူဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ အိပ်မက်လေးတစ်ခုပမာ အိပ်မက်လေးတစ်ခုသာသာ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ ကျွန်တော်တို့ တွေ့လိုက်တိုင်း အတူတူမရယ်မောခဲ့ကြဘူး စကားကောင်းကောင်းမပြောခဲ့ကြဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ အချိန်တွေလွဲကောင်း လွဲသွားပါလိမ့်မယ် အချစ်တွေကတော့ တကယ်မစစ်ခဲ့ကြပါဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မမုန်းပေမဲ့ မချစ်ပါဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မာနကြီးတဲ့မိန်းမ.. အတ္တတွေနဲ့မိန်းမ ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ မာနတွေကြောင့်... မာနတွေကြောင့်... ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ ချစ်တယ်လို့ မပြောမချင်း Relationship မဟုတ်ပါဘူး ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ အချစ်တွေကတော့ တကယ်မစစ်ခဲ့ကြပါဘူး မာနတွေ... အတ္တတွေ... ကျွန်တော်ခင်ဗျားကို မချစ်ဘူး။ - လိပ်ပြာ ၁၀ရက်၊ ၆လ၊ ၂၀၂၆ [ ၁၁နာရီ ၂၁မိနစ် ည ]

အသားညိုညိုနဲ့ အပြောချိုသူလေးရယ် မင်းပြောဖူးတဲ့ အပိုစကားတွေ ငါ့ရင်ထဲ စွဲနေတုန်း...။ -အံ့လွန်းပျို

ကဗျာဆရာအသည်းကွဲနေသည် ကဗျာဆရာအသည်းကွဲနေသည် အရက်နှင့်ကုမရ ဆေးလိပ်နှင့်ကုမရ ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာဆရာအသည်းကွဲနေသည် ကဗျာနှ
ကဗျာဆရာအသည်းကွဲနေသည် ကဗျာဆရာအသည်းကွဲနေသည် အရက်နှင့်ကုမရ ဆေးလိပ်နှင့်ကုမရ ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာဆရာအသည်းကွဲနေသည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာနှင့်ကုမှသာ သက်သာမည် ကဗျာဆရာအသည်းကွဲနေသည် မျက်ဝန်းညိုညို မျက်ခုံးထူထူ ဆံနွယ်ရှည်ရှည် အရပ်မြင့်မြင့် ထိုမိန်းကလေးသိပ်ကိုလှသည် ကဗျာဆရာအသည်းကွဲနေသည် နှလုံးအထူးကုလဲ မကုနိုင် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် ကဗျာဆရာအသည်းကွဲနေသည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် နာမည်... လိပ်စာ... အသက်... ဖုန်းနံပါတ်... ကျွန်တော်မသိ ကဗျာဆရာအသည်းကွဲနေသည် မန္တလေးသူလေးသာလျှင် ကုနိုင်ပါမည် ကဗျာရေးမရ စာဖတ်မရ ကဗျာဆရာအသည်းကွဲနေသည်။ - လိပ်ပြာ ဇွန်လ၊ ၈ရက်၊ ၂၀၂၆ [ ၁၁နာရီ ၃၃မိနစ် ည ]

ရင်ခွင်တစ်စုံဟာ ခိုလှုံသူမဲ့၊ ပခုံးတစ်ဖက်ဟာ မှီခိုသူမဲ့၊ နှလုံးသားတစ်စုံဟာ ပိုင်ရှင်မဲ့..။ ချစ်ရသူရေ ငါစောင့်နေတယ်...။ -အံ့လွန်းပျို

" ကဗျာဆရာမဟုတ်တော့ဘူး အမေ " အမေ့သား ကဗျာဆရာမဟုတ်တော့ဘူး အမေ ငယ်ငယ်တုန်းက အချိန်တွေကိုလွမ်းတယ် အမေ အမေ့ရင်ခွင်ထဲတိုးလို့ အသံဗြဲကြီးနဲ့ အော်ငိုလို့ရခဲ့တဲ့ အချိန်ကာလတွေကိုပေါ့ အခုများတော့ ခိုးငိုတတ်နေပြီ ငိုချင်စိတ်ကိုထိန်းထားတတ်နေပြီ လူအများရှေ့ပြုံးပြတတ်နေပြီ စကားတွေဖောင်ဖွဲ့ မပြောဖြစ်တော့သလို လူတွေကိုလည်းရွေးချယ်ပေါင်းသင်း တတ်နေပါပြီ အတ္တတွေကိုလည်း အိတ်ထဲထည့်ထားတတ်နေပြီ လုံလုံခြုံခြုံပေါ့ မာနတွေကိုလဲခေါင်းအုံးအောက်ထဲ ခဏထည့်သိမ်းထားလိုက်တယ် လုံလုံခြုံခြုံပေါ့ အချစ်နဲ့လဲ ထိတွေ့ပြီးပါပြီ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပါပဲ နာကျင်မှုတွေကိုလဲ မထုတ်ပြတတ်တော့တာကြာပြီ စကားတွေများများပြောရင် အမှားတွေများများပါမှာစိုးလို့ ဘာမှသိပ်မပြောဖြစ်တော့ဘူး စာပြီးပြီလား... နေကောင်းလား.. ဒီအပတ်ဆန်းဒေးတွေ့မယ်နော်.. ဒီစကားတွေဟာ အပိုတွေပဲ အမေ သားအချိန်ကုန်ခံမမေးတော့ဘူး အချစ်ကိုမရှာတော့ဘူး အချစ်ကရှာခဲ့ရင်တော့ ပါမိလေဦးမယ် ထင်တယ် ထိုင်နေကြ လက်ဖက်ရည်ဆိုင် မထိုင်တော့ဘူး ပြောင်းထိုင်ဖြစ်တယ် သောက်နေကြ ချိုစိမ့်တွေအစား ပုံမှန်ပဲသောက်ဖြစ်တော့တယ် ဂျာနယ်တွေမဖတ်တော့ဘူး ချိမ့်ကဗျာတွေ သိမ်းလိုက်ပြီ သားကဗျာတွေကိုတော့ အမှိုက်တွေနဲ့အတူမီးရှို့လိုက်ပြီ နာရေးရော သာရေးရော ဘာအရေးမှမပါဝင်တော့ဘူး လူမှုရေးဆိုရင်တော့ အလုပ်ရှင်အပေါ်ကလွဲလို့ ဘယ်သူ့အပေါ်မှမရှိတော့တာကြာပြီ ရတဲ့ လစာနဲ့ လောက်အောင်စားပါတယ် စာအုပ်တွေမဝယ်တော့ဘူး ပန်းတွေမစိုက်တော့ဘူး အင်္ကျီတွေမီးပူတိုက်ဝတ်နေပြီ တစ်ပတ်တစ်ခါအခန်းရှင်းတဲ့ အလုပ်လုပ်တတ်နေပြီ အမေ မရှိတဲ့ဘဝက အဆင်မပြေပေမဲ့ ပြေပါတယ် ဂျာနယ်တွေမဖတ်တော့ဘူး ချိမ့်ကဗျာတွေ သိမ်းလိုက်ပြီ သား ငါးပိရည်နဲ့ ထမင်းစားတတ်နေပြီ ထမင်းချက်တတ်နေပြီ ကြက်ဉကြော်တတ်နေပြီ အမေ ရတဲ့ လစာနဲ့လည်း လောက်အောင်စားတတ်နေပါပြီ စိတ်ချလို့ရပါပြီ အမေ အမေ့သား ကဗျာဆရာမဟုတ်တော့ဘူး သားကဗျာတွေအကုန် အမှိုက်တွေနဲ့အတူမီးရှို့လိုက်ပါပြီ။ - လိပ်ပြာ ဇွန်လ၊ ၈ရက်၊ ၂၀၂၆ [ ၉နာရီ ၅၉မိနစ် ည ]

ချစ်နေရခြင်းမှာပျော်မွေ့နေပါပြီ။ ပြန်မချစ်နိုင်မှန်းလဲသိတယ်။ ဂရုမစိုက်မှန်းလဲသိပါတယ်။ ကိုယ့်လောဘနဲ့ ကိုယ်မလို့ မျှော်လင့်ချက်လေးထားမိရုံပါ။ -အံ့လွန်းပျို

"အာဏာရှင်ကျင့်ဝတ်" နိုင်ငံ့ဂုတ်သွေး၊စုပ်ပေးကာမူ အသက်မငဲ့၊ကုန်ထည့်ဒင်္ဂါး ရမှန်သမျှ၊လိုချင်ကြ ကျင့်ဖွယ်အာဏာသား။        ။ ~ မြနန်းစံ

ပထမဝါဆို ဝါဆိုစပြီ ဝါဆိုမိုးစပြီပေါ့။ လေတွေကတိုက် မိုးတွေကရွာလို့ ကောင်းကင်ကြီးတစ်ခုလုံးအုံ့မှိုင်း ချစ်ရသူကို လွမ်းလို့ကောင်
ပထမဝါဆို ဝါဆိုစပြီ ဝါဆိုမိုးစပြီပေါ့။ လေတွေကတိုက် မိုးတွေကရွာလို့ ကောင်းကင်ကြီးတစ်ခုလုံးအုံ့မှိုင်း ချစ်ရသူကို လွမ်းလို့ကောင်းတဲ့ရာသီပေါ့ နွေမှာလည်း တစ်မျိုးလွမ်းရသလို မိုးရွာတော့လည်း တစ်မျိုးလွမ်းရပါတယ်။ - လိပ်ပြာ

တုနှိုင်းမဲ့ ပင်လယ်ပြင်တွေပြာတယ်ဆိုလဲ မင်းမျက်လုံးပြာလဲ့လဲ့ကို မကျော်လွန်ပါ။ နှင်းဆီနီတွေရဲတယ်ဆိုလဲ မင်းနှုတ်ခမ်းဖူးဖူးတွေထက်မပိုပါ။ ဆိုးသွမ်းပါတယ်ဆိုတဲ့ငါလဲ မင်းနှုတ်ခမ်းကဆုံးမစကားတွေကို မလွန်ဆန်နိုင်ပါ။ လမင်းကြီးလှတယ်ဆိုလဲ မင်းအလှကိုမအံတုနိုင်ပါ။ ရေခဲတွေအေးတယ်ဆိုလဲ မင်းပေးဖူးတဲ့မေတ္တာတွေလောက် မအေးချမ်းပါ။ နေမင်းကြီးကပူတယ်ဆိုလဲ မင်းပေးခဲ့တဲ့အချစ်တွေလောက် မလောင်ကျွမ်းစေပါ။ သစ်ရွက်တွေစိမ်းတယ်ဆိုပြန်ရင်လဲ မင်းသူစိမ်းဆန်တာကိုမမီခဲ့ပါ...။ -အံ့လွန်းပျို ၆ရက်၊ ၃လ၊ ၂၀၂၅ခုနှစ်

🌊🌊🔤 🔤🔤 🌊🔤 🌊ယောက်ပေးမှာဖြစ်ပါတယ်🤩 𝗣𝝾ֺ𝘀ׅ𝘁ֺ 𝗥𝝴ֵ𝗰🤩 ပေး 𝗡𝝾ֺ 1to100အစဉ်လိုက်မန့် 𝗡𝝾ֺ. ထပ်ရင် အရင်မန့်သူပဲရပါမယ်"🤩 ချယ်နယ်ကို JOIN တဲ့သူပဲရမှာပါ🤩 ဒီည 10 နာရီမှာကဗျာရွှတ်နေရင်းနဲ့ မဲဖောက်ပေးသွားပါမယ်ဗျ💸🎁 CHANNAL JOIN ရန်လင့် https://t.me/WhiteSunflowe share ပေးကြအုံးနော်🥰

ကဲ မမခင်ရေ အိမ်မက်တွေလည်းမရှိတော့ မျှော်လင့်ချက်တွေလည်း ပျောက်ဆုံး "မင်းဟာ ကလေးသိပ်ဆန်တာပဲ" အဲ့လိုမဟုတ်ရပါဘူး မမခင် အချစ်အတွက် မမခင်အတွက် အသက်ကိုမငဲ့ အရှက်ကိုမညှာခဲ့တာပါ။ စီနီယာတွေပေါများတဲ့ခေတ် မျက်နှာချိုပန်းနုသွေးတွေ များတဲ့ခေတ် လူရိုသေရှင်ရိုသေ ဖြစ်ချင်‌တဲ့ကောင်တွေ များတဲ့ခေတ် အဲ့လိုခေတ်ကြီးတဲ့မှာ မမခင်‌အပေါ်ထားတဲ့ ကျွန်တော့်အချစ်တွေ စစ်ခဲ့ပါတယ်။ ကျွန်တော့်အချစ်တွေက မျက်နှာဖုံးမပါခဲ့ပါဘူး မမခင်.....။ -လင်းသစ်

အမြင့်ကိုပျံလေ အတောင်ကျိုးဖို့နီးစပ်လေတဲ့ ဒါဆို ကဗျာဆရာတွေကရော ကဗျာဆရာတွေနေရာပျောက်လို့ စဆရက တွေကြီးစိုးနေတဲ့ခေတ်ပါလား။ - လိပ
အမြင့်ကိုပျံလေ အတောင်ကျိုးဖို့နီးစပ်လေတဲ့ ဒါဆို ကဗျာဆရာတွေကရော ကဗျာဆရာတွေနေရာပျောက်လို့ စဆရက တွေကြီးစိုးနေတဲ့ခေတ်ပါလား။ - လိပ်ပြာ

လူတွေက ဝိုင်းပြောကြတယ် မမခင် မတူသလိုတန်သလိုပြုမူကြတယ် မမခင် ပါမရှိရင် မောင့် ဘဝအကျည်းတန်သွားမှာ မောင် က မမခင် ကိုပဲ စွဲစွဲမြဲမြဲ သဲသဲကွဲကွဲ ချစ်လာခဲ့တာပါ မောင် ကတကယ်ပဲ မတန်ဘူးလား‌ဗျ ဘေးလူတွေဝိုင်းသမုတ်ကြပါစေ မောင် အပြုံးမပျက်ဘူး ဘာပဲဖြစ်ဖြစ် မောင့် ဘဝရဲ့ကောင်းကောင်းဆိုးဆိုး ရှိရှိသမျှ အရာတွေက မမခင် တစ်ယောက်ထဲကြောင့်သာ ဖြစ်လာခဲ့ရတာပါ။ -လင်းသစ် -ဝမ်းနည်းခြင်းများစွာဖြင့်

"သူ့အကြောင်းသူမသိ မင်္ဂလာမရှိ" တစ်နေ့တစ်မျိုး သူမရိုး အချိုးများစွာပြောင်းပါ၏။ လူပေါ်ထင်ထင် သူနေချင် အမြင်မှန်သူမဟုတ်ပါ၏။ မှန်တကယ်တမ်း ပညာစမ်း ဘာစွမ်းရည်မှမရှိပါ၏။ လူများရှေ့တွင် သူပြုံးမြင် စိတ်တွင်မပါရှိပါ၏။ ပဲစေ့အတွေး စိတ်မှာထေး သူတွေးငါဆရာကြီးပါ၏။ ~ စိန်သရ

ကြက်သားဟင်းကိုကြိုက်တယ် မမခင် ကိုချစ်တယ်။ ဘောလုံးကန်ရတာကိုကြိုက်တယ် မမခင် ကိုချစ်တယ်။ သီချင်းဆိုရတာကိုကြိုက်တယ် မမခင် ကိုချစ်တယ်။ ကဗျာရေးရတာကိုနှစ်သက်တယ် မမခင် ကိုချစ်တယ်။ ဘုရားတရားလုပ်ရတာကို နှစ်သက်တယ် မမခင် ကိုချစ်မယ်။ ဪ အရာရာဟာ မမခင် နဲ့စပြီး မမခင် နဲ့ဆုံးနေရတာပါပဲလား ကျေနပ်ဖို့ကောင်းလိုက်တာ။ -လင်းသစ်

အမှန်ပြောလို့ သေရကြေးဆို ကျွန်တော့်ကိုသတ်လိုက်ပါ။ သူ့ကိုတော့လွှတ်ပေးလိုက်ပေါ့။ - လိပ်ပြာ

နှင်း‌ဆီနီနီ ဆူးများကာရံ သူစီမံ သူ့ထံရောက်လာ လိုသူက။ နီရဲလွန်းမှ သူ့အလှ သူမျှဝေလို့ ခံစားရ။ ပန်းများထဲတွင် သူပေါ်လွင် သူ့မြင်သူများ ပန်ချင်ကြ။ ပေါ်လွင်နီရဲ သူ့သာစွဲ သူဆွဲဆောင်လို့ စင်ပေါ်ပြ။ မွှေးရနံ့ထုံ သင်းပျံ့ဖုံ အစုံလှလို့ ငါ့မှာတ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

FIFA World Cup ပြိုင်ပွဲမှာ Argentina အသင်းကို အားပေးမယ် မမခင် ကိုများများချစ်မယ် မဆိုင်တဲ့စကားတွေပါ မမခင်ရယ် ဒါပေမဲ့ အပိုင်တွက်ထားတာမို့ နားလည်ပေးပါ မမခင် အချစ်ကဘာလဲဆိုရင် မမခင် ကိုလက်ညိုးထိုးမယ် မျက်စောင်းတစ်ချက်နဲ့တော့ မောင့်ကိုမပစ်ပယ်လိုက်ပါနဲ့ အသာတကြည်လက်ခံမလား အခါခါငိုပြပြီးမှလက်ခံမလား ကြိုက်ရာလမ်းကို ရွေးလိုက်ပါ မမခင်။ -လင်းသစ်

လုပ်လို့ရမှန်းသိလို့ လုပ်ကြတာမဆန်းပါဘူး။ လုပ်ခွင့်ပေးလိုက်တာ ချစ်လို့ဆိုတာကိုတော့ ကိုယ်တိုင်ပဲသိမယ်။ - လိပ်ပြာ
လုပ်လို့ရမှန်းသိလို့ လုပ်ကြတာမဆန်းပါဘူး။ လုပ်ခွင့်ပေးလိုက်တာ ချစ်လို့ဆိုတာကိုတော့ ကိုယ်တိုင်ပဲသိမယ်။ - လိပ်ပြာ