es
Feedback
EIO

EIO

Ir al canal en Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Mostrar más
1 055
Suscriptores
Sin datos24 horas
Sin datos7 días
+730 días
Archivo de publicaciones
EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(4)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 10, 7:30PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ Eagle Information Operator (#EIO) Date - Jun 10, 7:29PM 📌 မုံရွာ၊ နမခမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate

EIO
1 052
📌 မိဘတိုင်းအတွက် သတိပေးခေါင်းလောင်းသံ သို့မဟုတ် မေတ္တာထက် သတိကို ရှေ့တန်းတင်ရမယ့်အချိန်။ ရန်ကုန်တိုင်း၊မြောက်ဒဂုံမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသားလူငယ်လေးတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းဟာ မိဘတိုင်းအတွက် ကြီးမားတဲ့ သတိပေးနှိုးဆော်သံ (Wake-up call) တစ်ခု ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလဟာ မိမိတို့ရဲ့ သားသမီးတွေကို "သူတစ်ပါးအပေါ် မေတ္တာထားဖို့" ထက် "ပတ်ဝန်းကျင်ကို သတိထားတတ်ဖို့" မလွဲမသွေ သွန်သင်ရမယ့် အချိန်အခါကို ရောက်ရှိလို့နေပါပြီ။ ကျွန်တော်တို့ သားသမီးတွေ သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်အကိုင်မရှိဘဲ ခိုးဆိုးလုနှိုက်ဖို့ ချောင်းနေတဲ့ ဒုစရိုက်သမားတွေ၊လောင်းကစားနွံနစ်ပြီး ငွေကြေးအကျပ်အတည်းကြောင့် ဘာမဆိုလုပ်ဝံ့နေတဲ့ လောင်းကစားသမားတွေ၊စိတ်အခြေအနေ မမှန်ကန်တော့တဲ့မူးယစ်ဆေးဝါး သားကောင်တွေနဲ့၊အတားအဆီးမဲ့ ဇောင်းကြွသောင်းကျန်းနေတဲ့ လူမိုက်တွေ အချိန်မရွေး ရှိနေနိုင်ပါတယ်။ အများပြည်သူ သွားလာနေတဲ့ လမ်းမတွေပေါ်မှာ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာ မျက်နှာကြည့်ရုံနဲ့ မခွဲခြားနိုင်တာမို့... မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေကို ယခင်ကထက် အဆပေါင်းများစွာ ပိုမိုဂရုစိုက် စောင့်ရှောက်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ⚠️ ထိရောက်သော ဆောင်ရန်နှင့် ရှောင်ရန်များ။ (Do's & Don'ts) မိဘများနှင့် အရွယ်ရောက်ပြီးသူများအကြား ဤသတင်းစကား ထိရောက်စေရန် အောက်ပါအချက်များကို တိတိကျကျ သတိပြုပါ။ 🔵 ဆောင်ရန် (Do's) ✅ လက်တွေ့ကျကျ သင်ကြားပါ။ ကလေးများကို အမြဲကြောက်လန့်နေစေဖို့ မဟုတ်ဘဲ၊ အရေးကြုံရင် ဘယ်လိုအော်ဟစ်အကူအညီတောင်းရမယ်၊ ဘယ်လိုလူမျိုးတွေကို ရှောင်ရမယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ ✅ အချိန်နှင့်နေရာကို စောင့်ကြည့်ပါ။ ကလေးများ သွားလာတတ်သည့် အချိန်ဇယား၊ သူငယ်ချင်းအပေါင်းအသင်းနှင့် လမ်းကြောင်းကို မိဘက အမြဲအတည်ပြုနိုင်ပါစေ။ ✅ ဒေသတွင်းသတင်းကို နားစွင့်ပါ။ မိမိတို့ရပ်ကွက်/မြို့နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့် ဒုစရိုက်မှုပုံစံများကို မျက်ခြေမပြတ်လေ့လာပြီး ကြိုတင်ကာကွယ်ပါ။ 🔴 ရှောင်ရန် (Don'ts) ❌ တန်ဖိုးကြီးပစ္စည်းများ ဆင်ယင်ခြင်းမှ ရှောင်ကြဉ်ပါ။ ကလေးများကို ဖုန်းအကောင်းစားများ၊ ရွှေထည်ရတနာများနှင့် ငွေသားအမြောက်အမြား လက်ဝယ်ကိုင်ဆောင်ပြီး အပြင်ပေးမထွက်ပါနဲ့။ ဒုစရိုက်သမားများ၏ ပစ်မှတ်ဖြစ်စေပါတယ်။ ❌ အထီးကျန် သွားလာခြင်းကို မြေတောင်မမြှောက်ပါနဲ့။ လူသူပြတ်လပ်သည့် လမ်းကြိုလမ်းကြားများမှတစ်ဆင့် ကလေးတစ်ဦးတည်း ဖြတ်သန်းသွားလာခြင်းမျိုး လုံးဝမရှိပါစေနှင့်။ ❌ ပေါ့ဆမှုကို အခွင့်အရေးမပေးပါနဲ့။ "ခဏလေးပဲ သွားတာပဲ" ဆိုသည့် စိတ်ဖြင့် ကလေးကို လူစိမ်းများကြားထဲ ပစ်မထားပါနဲ့။ အန္တရာယ်ဆိုသည်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားနိုင်လို့ ဖြစ်ပါတယ်။ #EIO #CommunitySafety #ChildSafety #ParentalAwareness #SecurityAwareness #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
photo content

EIO
1 052
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော လူနာတင်ကား(4)စီးသည် ချောင်းဦးနယ်၊ခင်မွန်ရွာအနီး၌ Car Accident ဖြစ်ခြင်းကြောင့်သာ ပြည်သူလူနာများအားတင်ဆောင်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 10, 4:26PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခပါ လူနာတင်ကား(4)စီးသည် မုံရွာနယ်၊တောင်ခြမ်း မုံရွေးရွာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 10, 4:23PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခပါ လူနာတင်ကား(2)စီးသည် မုံရွာနယ်၊တောင်ခြမ်း ကူတောရွာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 10, 4:13PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံ မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ Jun 10, 4:13PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ဆင်မြေရွာသို့ရောက်ရှိနေသောစခများသည် ရွာမြောက်ပိုင်းရှိ ပြည်သူနေအိမ်များအား ထပ်မံ၍ မီးရှိူ့နေကြောင်းသတင်းရရှိထားပါသည်။ Jun 10, 4:11PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးနယ်၊ နတ်ရေကန်အထိုင်မှ ပြန်လည်၍ ထွက်လာသော စခများသည် အနောက်တောင်ဘက်သို့ ဦးတည်‌‌နေကြောင်းသတင်းရရှိထားပါသည်။ Jun 10, 4:09PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးနယ်၊ နတ်ရေကန်အထိုင်မှ တောင်ဘက်ထွက်သော စခကင်းများသည် နတ်ရေကန် အထိုင်သို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိထားပါသည်။ Jun 10, 4:00PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိ
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။ ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 📲 သတင်းပေးပို့ရန် 👉🏻 @EIO2021_bot | @EagleInformationOperator_bot 👉🏻 eagleinformationoperators@gmail.com 🔵 Facebook – https://www.facebook.com/eagleinformation 🌐 Telegram – t.me/eagleinformationoperator #EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe

EIO
1 052
photo content

EIO
1 052
အရေးပေါ် ဆုတ်ခွာရပါက မိမိတို့၏ အရေးကြီး စာရွက်စာတမ်းများ၊ ဖုန်းများနှင့် ဆက်သွယ်ရေး ကိရိယာများကို ရန်သူ့လက်ထဲ မပါသွားစေရန် ချက်ချင်း ဖျက်ဆီးပစ်နိုင်မည့် အစီအစဉ် ရှိရပါမည်။ ⚠️ စစ်ရေးသတိပေးချက်။ "စစ်မြေပြင်တွင် စကားကျွံခြင်း၊ ဓာတ်ပုံတစ်ပုံ အလောတကြီး တင်မိခြင်းသည် ရန်သူ့ထံသို့ လေကြောင်းဗုံးကြဲရန် ဖိတ်ခေါ်စာ ပို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။" တိုက်ပွဲတစ်ပွဲ၊မစ်ရှင်တစ်ခု ဖော်ဆောင်နိုင်ခြင်းသည် အလုံးစုံ တော်လှန်ရေးပြီးသွားတာမျိုးမဟုတ်သည့်အတွက် အစစအရာရာ ဂရုစိုက်ကြဖို့ရန် အထူးလိုအပ်ပါသည်။ #OPSEC သည် ရှုပ်ထွေးပြီး စည်းကမ်းများလှသည်ဟု ထင်ရသော်လည်း စစ်အာဏာရှင်ကို အမြစ်ပြတ် တော်လှန်ရာတွင် မိမိတို့ဘက်က အထိအခိုက် အနည်းဆုံးဖြင့် အောင်ပွဲရရှိရန်အတွက် အခြေခံအကျဆုံး စစ်ဦးစီးအတတ်ပညာ ဖြစ်ပါသည်။ "စစ်ရေးသတိ အမြဲရှိပါ၊ အချက်အလက်ကို မြှုပ်နှံပါ၊ စစ်ဆင်ရေး လျှို့ဝှက်ချက်ကို ထိန်းသိမ်းပြီး အောင်ပွဲဆီသို့ အတူချီတက်ကြပါစို့"လို့တိုက်တွန်းနှိုးဆော်ရင်း....... #OPSEC #MilitarySecurity #Eagle_Information_Operator #EIO #SpringRevolution #DigitalSecurity #WhatsHappeningInMyanmar

EIO
1 052
"နွေဦးတော်လှန်ရေးနှင့် စစ်ရေးဆိုင်ရာ" #OPSEC (Operational Security) ⚠️ စစ်ဆင်ရေးအောင်မြင်မှုနှင့် ရဲဘော်များ၏ အသက်ကို ကာကွယ်ခြင်း။ နွေဦးတော်လှန်ရေး၏ စစ်ရေးလှုပ်ရှားမှုများ၊ ပြောက်ကျားစစ်ဆင်ရေးများနှင့် စစ်ကြောင်းလှုပ်ရှားမှုများတွင် အောင်ပွဲရရှိရန်နှင့် ရဲဘော်များ၏ အသက်ကို ကာကွယ်ရန်အတွက် #OPSEC (Operational Security) သည် မရှိမဖြစ် အရေးအကြီးဆုံး လက်နက်တစ်ခု ဖြစ်သည်။ စစ်ရေးတွင် #OPSEC အားနည်းပါက ရန်သူ့ထံ စစ်ရေးလျှို့ဝှက်ချက်များ ပေါက်ကြားပြီး စစ်ဆင်ရေးတစ်ခုလုံး ပျက်စီးရုံသာမက တန်ဖိုးမဖြတ်နိုင်သော ရဲဘော်များ၏ အသက်ပေါင်းများစွာ ဆုံးရှုံးရနိုင်ပါသည်။ 🚨 စစ်ရေးဆိုင်ရာ #OPSEC ဆိုတာ ဘာလဲ ⁉️ စစ်ရေးဆိုင်ရာ #OPSEC (Operational Security) ဆိုသည်မှာ မိမိတို့ တော်လှန်ရေးအဖွဲ့အစည်းများ၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေးရည်ရွယ်ချက်၊ စစ်ကြောင်းလှုပ်ရှားမှု၊ အင်အားဖြည့်တင်းမှု၊ စစ်လက်နက်ပစ္စည်း တည်နေရာ၊စခန်းချရာတည်နေရာများ နှင့် စစ်ဆင်ရေးအစီအစဉ် အစရှိသည့် "အရေးကြီး သတင်းအချက်အလက်များ (Critical Information)" ကို ရန်သူက ကြိုတင်ရယူ မသိရှိနိုင်အောင် စနစ်တကျ ကာကွယ်၊ ဖုံးကွယ်ပြီး ထိန်းချုပ်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ စစ်မြေပြင်တွင် မိမိဘက်က မည်မျှပင် လက်နက်အင်အား သာလွန်ပါစေ၊ #OPSEC ပေါက်ကြားသွားပါက ရန်သူ၏ ကြိုတင်ပြင်ဆင်မှု (သို့မဟုတ်) လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံရပြီး စစ်ရှုံးနိုင်ခြေ အလွန်များပါသည်။ 🚨 စစ်ရေးတွင် #OPSEC ဘာကြောင့် အသက်တမျှ အရေးကြီးရသလဲ ⁉️ လက်ရှိတော်လှန်ရေးတွင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းများအပြင် နည်းပညာမြင့် ကိရိယာများဖြစ်သော #Drone များ၊ တိုက်လေယာဉ်များ၊ လေကြောင်းကင်းထောက်မှုများနှင့် ဖုန်းလိုင်း/အင်တာနက် ကြားဖြတ်နားထောင်မှုများကို အလွန်အကျွံ အသုံးပြုလာပါသည်။ မိမိတို့ဘက်မှ အချက်အလက် အစအနတစ်ခုလေး ပေါက်ကြားသွားရုံဖြင့် ရန်သူသည် ကွန်ပျူတာဗေဒ (Computer Vision) နှင့် အချက်အလက်ဆန်းစစ်မှုများ အသုံးပြုကာ မိမိတို့တပ်စခန်းများ၏ တည်နေရာကို ရှာဖွေပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် လှမ်းထုခြင်းများ လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ 🛡️ စစ်ရေးအောင်မြင်မှုအတွက် မဖြစ်မနေ လိုက်နာရမည့် #OPSEC စည်းကမ်းများ။ ၁။ စစ်ကြောင်းလှုပ်ရှားမှုနှင့် တည်နေရာ လျှို့ဝှက်ခြင်း။ (Movement & Location Security) ⚠️ စစ်ကြောင်းသွားမည့် လမ်းကြောင်းကို ကြိုတင်မပြောပါနှင့်။ မည်သည့်စစ်ကြောင်း၊ မည်သည့်အဖွဲ့ မည်သည့်နေရာသို့ ချီတက်မည်၊ မည်သည့်အချိန်တွင် ရွှေ့ပြောင်းမည်ကို ကာယကံရှင် ရဲဘော်များပင် ကြိုတင်မသိရှိစေဘဲ အမိန့်ပေးချိန်မှသာ သိရှိစေသည့် စနစ်ကို ကျင့်သုံးရပါမည်။ ⚠️ စခန်းချသည့်နေရာများကို သတိပြုပါ။ မိမိတို့ ယာယီစခန်းချသည့် နေရာများ၊ ကင်းပုန်းဝပ်သည့် နေရာများကို ဒေသခံများပင် ကြိုတင်မသိရှိစေရန် အထူးဂရုစိုက်ရပါမည်။ ၂။ စစ်မြေပြင် ဒီဂျစ်တယ်နှင့် ဆက်သွယ်ရေးလုံခြုံရေး။ (Comms OPSEC) ⚠️ ဖုန်းနှင့် #Walkie-Talkie (စကားပြောစက်) အသုံးပြုမှုကို ထိန်းချုပ်ပါ။ ရန်သူသည် စစ်မြေပြင်အနီးရှိ ဖုန်းလိုင်းများနှင့် စကားပြောစက်လိုင်းများကို ကြားဖြတ်နားထောင်လေ့ရှိသည်။ ထို့ကြောင့် စစ်ဆင်ရေးကာလအတွင်း လျှို့ဝှက်ကုဒ်များ (Code Words) ကိုသာ သုံးရမည်ဖြစ်ပြီး၊ တည့်တည့်ပြောဆိုခြင်းကို လုံးဝ-လုံဝရှောင်ကြဉ်ရပါမည်။ ⚠️ ဓာတ်ပုံနှင့် ဗီဒီယို မီဒီယာထိန်းချုပ်မှု။ (Media Discipline) စစ်မြေပြင်တွင် ရိုက်ကူးသော ဓာတ်ပုံ/ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်သို့ ချက်ချင်းတင်ခြင်း လုံးဝမပြုလုပ်ရပါ။ ဓာတ်ပုံနောက်ကွယ်ရှိ တည်နေရာပြအချက်အလက် (Photo Metadata/GPS Location) များကို မဖျက်ဘဲ အင်တာနက်ပေါ် ပေးပို့ခြင်း (သို့မဟုတ်) တင်ခြင်းကို တင်းကျပ်စွာ တားမြစ်ရပါမည်။ စခန်းနောက်ခံ ရှုခင်းများ၊ တောင်တန်းပုံသဏ္ဍာန်များနှင့် အထင်ကရနေရာများ ဓာတ်ပုံထဲပါသွားပါက ရန်သူက ဂြိုဟ်တုမြေပုံ (Satellite Imagery) နှင့် တိုက်ဆိုင်စစ်ဆေးကာ စခန်းတည်နေရာကို ဖော်ထုတ်နိုင်ပါသည်။ ၃။ စစ်ဆင်ရေးအပြီး ပျက်စီးဆုံးရှုံးမှု ဆန်းစစ်ခြင်း (Battle Damage Assessment - BDA) #ရန်သူ့စခန်းကိုတိုက်ခိုက်ပြီးနောက် (သို့မဟုတ်) #မိမိတို့ဘက်ကတိုက်ခိုက်ခံရပြီးနောက် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အွန်လိုင်းပေါ်တွင် စာဖြင့်ဖြစ်စေ၊ ဓာတ်ပုံဖြင့်ဖြစ်စေ အသေးစိတ် သတင်းထုတ်ပြန်ခြင်း မပြုရပါ။ မိမိတို့ဘက်က မည်မျှထိခိုက်သွားသည်ကို ရန်သူသိရှိသွားပါက ၎င်းတို့၏ တိုက်ခိုက်မှု မည်မျှထိရောက်သည်ကို တွက်ချက်နိုင်သွားပြီး နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းစပေးသလို ဖြစ်သွားတတ်ပါသည်။ ၄။ အရေးပေါ် ဆုတ်ခွာခြင်းနှင့် လုံခြုံရေးအစီအစဉ်။ (Extraction & Contingency Plan) စစ်ဆင်ရေးတိုင်းတွင် Plan A အပြင် အခြေအနေ မဟန်ပါက ဘေးကင်းစွာ ဆုတ်ခွာနိုင်မည့် လမ်းကြောင်းနှင့် အစီအစဉ် (Extraction Plan) ကို ကြိုတင်စနစ်တကျ ရေးဆွဲထားရပါမည်။

EIO
1 052
photo content

EIO
1 052
ခေတ်ဆိုးစနစ်ဆိုးလို့ ပြောလိုက်ရင် ကြွေလွင့်သွားတဲ့ အသက်တွေ၊ ကျဆင်းလာတဲ့ စီးပွားရေးတွေ၊ ပျက်စီးသွားတဲ့ ဘဝတွေပဲ မြင်ကြတယ်။ စုတ်ပြတ်သတ်အောင် ဒဏ်ရာရသွားတဲ့ စိတ်တွေအကြောင်းတော့ ထည့်မပြောဖြစ်ကြဘူး။ 🔳 ဒီလိုအလားတူကိစ္စမျိုး ကြုံခဲ့ရတဲ့ အစ်မတစ်ယောက်ကတော့ ပြောဖူးတယ်။ “ဒါမျိုးအနာက ဘယ်တော့မှ မပျောက်ဘူး” တဲ့။ Time will heal the wound ဆိုပေမဲ့ အဲဒီလို အချိန်က ကုစားပေးနိုင်တဲ့ ဒဏ်ရာထဲမှာ ဒီဒဏ်ရာ မပါဘူးပေါ့။ မဖြစ်မနေ ရှေ့ဆက်နေကြရမှာပဲမို့ အခြေအနေသစ်မှာ ကျင်လည်ရင်း အဆင်ပြေအောင် နေနေကြရတာပဲ ရှိတာ။ ဘယ်တော့မှတော့ ကျက်သွားတယ်ရယ်လို့ မရှိဘူး။ 🔳 ကိုယ်တိုင်တော့ ခုထိ မကြုံရသေးပေမဲ့ ဒီလိုကိစ္စတွေ ကြားတိုင်း စိတ်ပူမိတယ်။ စိုးရိမ်မိတယ်။ မသိခြင်းငါးပါးနဲ့ ရှင်သန်နေကြရတဲ့ ကျွန်တော်တို့အတွက် ဘယ်သူနဲ့ ဘယ်အချိန်မှာ ဘယ်လိုပုံစံ ခွဲခွာရမယ် ဆိုတာ ကြိုမသိနိုင်ဘူး။ ရွေးချယ်လို့၊ ထိန်းချုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒါကြောင့် ခုနောက်ပိုင်း ဘယ်သူနဲ့ပဲ ခွဲခွာရ၊ ခွဲခွာရ၊ နောင်တရစရာ မရှိအောင် ကြိုးစားပြီးပဲ နေဖြစ်တော့တယ်။ လက်ဆောင်ပေးချင်လာရင် ပေးလိုက်တယ်။ မုန့်ပို့ပေးချင်လာရင် ပို့ပေးလိုက်တယ်။ မွေးနေ့တို့၊ ဒီမြို့ရောက်တုန်း ခဏတွေ့မယ်တို့ဆို ကြိုးစားပြီး လုပ်ပေးလိုက်တယ်။ သွားပေးလိုက်တယ်။ အဓိကက မလုပ်ပေးလိုက်ရဘူး ဆိုတဲ့ နောင်တ မရချင်လို့။ 🔳 တူမလေးတွေမိသားစု နိုင်ငံခြား ထွက်သွားတယ်။ သူတို့ ဘန်ကောက်မှာ ရှိတုန်းက ကိုယ်က မြို့ကျော်ပြီး ခရီးထွက်လို့ မရသေးဘူး။ ဦးဦးဖြိုးက လာလည်းမတွေ့ဘူး ဆိုတာကို Video call ပြောတိုင်း ထည့်ပြောတယ်။ ကိုယ့်အခက်အခဲကျတော့လည်း ကလေးတွေ နားလည်အောင် ဘယ်လိုရှင်းပြမလဲနော်။ နောက် ကိုယ့်ဘက်က အဆင်ပြေလာတော့ သူတို့က သွားကြရပြီ။ ခေတ်ကာလ အခြေအနေတွေအရလည်း နောင် ဘယ်နှနှစ်နေမှ ပြန်တွေ့ရမယ် မသိဘူး။ တွေးမိတိုင်း နောင်တရရတဲ့ အဖြစ်အပျက်တစ်ခုပေါ့။ ဒါတောင် အသက်ရှင်နေကြပါသေးတယ်။ ပြန်ဆုံမယ်ဆို ဆုံခွင့်ရှိပါသေးတယ်။ ဘယ်တော့မှ ပြန်မတွေ့ကြရတော့မယ့် သူတွေဆို ဘယ်လိုများ နေမယ် တွေးကြည့်လို့တောင် မရဘူး။ 🔳 ကျွန်တော်တို့ဟာ အမှားတွေလုပ်ရင်းနဲ့ ရင့်ကျက်လာကြတာ ဖြစ်တယ်။ လူတစ်ယောက်အပေါ် ပျက်ကွက်ခဲ့မိတာတွေ၊ မှားယွင်းခဲ့မိတာတွေအတွက် နောင်တရရင်းကနေမှ နောက်လူတွေအပေါ် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ကြတာ ဖြစ်တယ်။ ငါ ဒီလိုထပ်မလုပ်တော့ဘူး၊ ထပ်မဖြစ်စေရတော့ဘူး ဆိုတဲ့ အတွေးနဲ့ပေါ့။ နောင်တကင်းတဲ့ဘ၀ ဆိုတာတော့ မရှိနိုင်လောက်ဘူး ထင်တယ်။ နောင်တနည်းတဲ့ဘဝပဲ မျှော်လင့်လို့ ရလိမ့်မယ်။ အဲဒီအတွက်က ပြန်မဆုံနိုင်တော့တဲ့သူတွေနဲ့ ပတ်သက်လို့ ခံစားရတဲ့ နောင်တကို လက်ရှိ ကိုယ်နဲ့အတူ ရှိနေသူတွေအပေါ် ချစ်ခြင်းမေတ္တာ ပြသရင်းနဲ့ပဲ ဖြေဖျောက်ကြရမယ်လို့ မြင်ပါတယ်။ ဒေါက်တာ ဖြိုးသီဟ ၁၀.၆.၂၀၂၅ #Old Memories

EIO
1 052
“ဘယ်တော့မှ အကောင်းအတိုင်း ပြန်မဖြစ်တော့မယ့် ဒဏ်ရာတွေ” 🔳 ဒီကာလမှာ သားသမီး ဆုံးရှုံးသွားတဲ့ မိဘတွေ၊ မိဘဆုံးရှုံးသွားတဲ့ သားသမီးတွေ မြောက်များစွာရှိတယ်။ နဂိုကတည်းကလည်း ရှိတတ်တဲ့ သဘာဝတရား ဆိုပေမဲ့ ခုလိုခေတ်ပျက်အနေအထားမှာတော့ လူလုပ်ဘေးတွေကြောင့်ပါ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတယ်။ လူမမည်ကလေးတွေ၊ အရွယ်ကောင်း လူငယ်လူလတ်ပိုင်းတွေ၊ သက်ကြီးရွယ်အိုတွေ … နေ့စဉ်နဲ့အမျှပဲ။ 🔳 ကျန်ရစ်ခဲ့တဲ့သူတွေမှာလည်း ဒဏ်ရာဗရပွနဲ့။ ကိုယ်ချစ်တဲ့သူကို အပြီးအပိုင် ဆုံးရှုံးလိုက်ရလို့ ဖြစ်တဲ့ သောကနဲ့တင် အတော်ပင်ပန်းနေပြီ။ အခုကျ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကြောင့် ဖြစ်ရတယ်ဆိုတဲ့ ခံပြင်းမှု။ တရားမျှတမှုကို မရမချင်း ရတတ်မအေးနိုင်ဘူး။ 🔳 အဲဒီအကြောင်း တစ်ခါ စာရေးဖူးတယ်။ ကျွန်တော်တို့အားလုံး တစ်ဦးတစ်ယောက်က မတရားသဖြင့် လုပ်သွားတာကို အနည်းနဲ့အများ ခံကြရဖူးမှာပဲ။ ဘယ်လိုနေလဲ စဉ်းစားကြည့်။ တနုံ့နုံ့နဲ့ ဖြစ်မနေဘူးလား။ ပူလောင်မနေဘူးလား။ တစ်ခုခု ပြန်မလုပ်ချင်ဘူးလား။ တချိန်လုံး ဒါကိုပဲ တွေးနေမိတာ။ ခုလို ကိုယ့်မိသားစုဝင်တစ်ယောက်၊ ကိုယ်ချစ်တဲ့မိဘ၊ ကိုယ့်သွေးသားရင်းချာ၊ ရင်နဲ့အမျှ ချစ်ရတဲ့ သားသမီး မဖြစ်သင့်ဘဲ ဖြစ်ခဲ့ရတာမျိုးဆို ဘယ်လောက်တောင် နာကျည်းမုန်းတီးနေမလဲ။ ဘယ်လိုတရားရေအေးမှလည်း တိုက်ကျွေးလို့ ရနိုင်မယ် မထင်ဘူး။ 🔳 အဲဒါနဲ့ ဆက်စပ်ပြီးမှ ဖြစ်လာတာက Guilt လို့ ခေါ်တဲ့ အပြစ်ရှိသလို ခံစားရတဲ့စိတ်။ ငါ ကာကွယ်မပေးလိုက်နိုင်ဘူး၊ ငါ့အမေကို ခေါ်မထုတ်လိုက်နိုင်ဘူး၊ ငါ့ကလေးကို ငါ ဘာလို့ ကျောင်းလွှတ်မိလိုက်တာလဲ။ ဒီစိတ်တွေနဲ့ ရှင်ကျန်နေခဲ့ရတယ်။ 🔳 တချို့ကျ အဲဒီထက် သိမ်မွေ့တယ်။ ကိုယ်က အဝေးရောက်နေတယ်။ ရွာထဲ၊ တောထဲမှာ။ ဒါမှမဟုတ် နယ်စပ်မှာ၊ နိုင်ငံရပ်ခြားမှာ။ သွားချင်လွန်းလို့တော့ မဟုတ်ဘူး။ ယုံကြည်ချက်ကြောင့် စွန့်ခွာလာခဲ့ရတာ။ အဝေးရောက်နေသူမို့ ကျန်နေခဲ့တဲ့ မိသားစုက တော်ရုံတန်ရုံဆို ဘာမှမပြောတော့ဘူး။ စိတ်ပူနေမှာ စိုးလို့။ ကိုယ်လည်း ဒီလိုပဲ။ တော်ရုံဆို အိမ်ကို ပြောမနေဘူး။ သူတို့စိတ်ပူနေရုံအပြင် ဘာမှမတတ်နိုင်တာ သိနေလို့ အပူလှမ်းမပေးချင်တာ။ သူတို့ကလည်း အဲဒီအတိုင်းပဲ။ ဒီတော့ အဖေ နေမကောင်းလည်း မသိရဘူး။ အမေ နေမကောင်းလည်း မသိရဘူး။ မဖြစ်မနေဆိုမှ သတင်းဆိုးက ကိုယ့်ဆီ ရောက်လာတော့တယ်။ ရှော့ခ်ဖြစ်ရပြီပေါ့။ 🔳 ရောက်လာတော့ရော ကိုယ်ဘာလုပ်ပေးနိုင်လဲဆို စကားလုံးတွေအပြင် များများစားစား မရှိဘူး။ အနီးကပ် ရောက်မလာနိုင်ဘူး။ ပြုစုပေးဖို့ဝေးလို့ ပြန်လာလို့တောင် မရဘူး။ ၆ လက်မသာသာ ရှိတဲ့ ဖုန်းမျက်နှာပြင်ကနေပဲ ကိုယ်ချစ်တဲ့သူရဲ့ နောက်ဆုံးအချိန်ကို ထိုင်ကြည့်နေရတယ်။ ဖက်ငိုလို့ မရဘူး။ ထိတွေ့လို့ မရဘူး။ ထွေးပွေ့လို့ မရဘူး။ ဘယ်လောက်တောင် နာကျင်ရသလဲ။ 🔳 Work-Life Balance ဆိုတာတောင် အပြောလွယ်သလောက် အလုပ်ခက်သေးရင်၊ ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ မိသားစုဘ၀ ဆိုတဲ့နှစ်ခုကြား ဟန်ချက်ကို ရှာဖွေနိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်သလောက်ပဲ။ မိသားစုကို ငဲ့ရင် ယုံကြည်ချက်နောက် လိုက်ဖို့မှာ အနည်းနဲ့အများ အခက်အခဲ ရှိသွားတယ်။ ယုံကြည်ချက်နောက် လိုက်ရင် မိသားစုနဲ့ ပတ်သက်လို့ လစ်ဟင်းတော့တာပဲ။ 🔳 အခု ကျွန်တော်တို့မှာလည်း ဘယ်သူ့မေးလိုက်မေးလိုက် မိသားစုအပေါ် အနည်းနဲ့အများ Guilty ဖြစ်တဲ့စိတ် ရှိတာပဲ။ သားသမီးအပေါ် တာဝန်မကျေဘူးလို့ ခံစားရတဲ့သူ ရှိတယ်။ မိဘအပေါ် ဝန်ပိစေတာတွေ များနေပြီလို့ ခံစားနေရသူတွေ ရှိတယ်။ သားဆိုး သမီးဆိုးတွေ မဟုတ်ကြဘူးနော်။ ကိုယ်ယုံကြည်ရာနောက် လိုက်ခဲ့ရုံပဲ။ အဲဒါနဲ့တင် ကိုယ့်မိဘကို ထိခိုက်စေတာတွေ အများကြီး ရှိနေခဲ့တာ။ အနိမ့်ဆုံးအနေနဲ့ ကိုယ်တွေကြောင့် သူတို့မှာ စိုးရိမ်ပူပန်နေရပြီ။ ကျီးလန့်စာစား နေနေကြရပြီ။ ဟိုလူ့မျက်နှာချိုသွေး၊ ဒီလူ့အောက်ကျို့နဲ့၊ တစ်ခါမှ မလုပ်ဖူးတာတွေ လုပ်နေကြရပြီ။ သားသမီးကို လွမ်းတဲ့စိတ်တွေ၊ မြေးကို လွမ်းတဲ့စိတ်တွေနဲ့ ကျန်နေခဲ့ရပြီ။ 🔳 ဟော … အတူခေါ်ထားပြန်တော့လည်း အသက် ၆၀ ကျော် ၇၀ မှ နေရာအသစ်တစ်ခုကို ရောက်လာရတယ်။ လူကြီးတွေဆိုတာ သူတို့အရပ်ဒေသ၊ သူတို့အိမ်ကို သိပ်မက်မောတာလေ။ ဟိုအိမ်ဒီအိမ် သွားမယ်။ ထမင်းဟင်းတွေ အပြန်အလှန် ပို့ကြမယ်။ စကားစမြည် ပြောကြမယ်။ ဒီလိုနေချင်တာ။ အခု နေရာအသစ်မှာကျ ဒါတွေ မရှိဘူး။ တရားမဝင် လာကြရတာ များလို့ အမြဲထိတ်လန့်နေကြရပြန်တယ်။ အထီးကျန်ရ၊ အဖော်မဲ့ရ၊ အားငယ်ရပေါ့။ 🔳 တချို့ကျ ကိုယ့်ဟာကိုယ်တောင် အနိုင်နိုင် ရုန်းကန်နေရချိန်မှာ မိဘအတွက် ဆေးဖိုးမပံ့ပိုးနိုင်တော့ဘူး။ အဲဒါရဲ့ အကျိုးဆက်ကြောင့် မိဘဆုံးပါးသွားရသူတွေလည်း ရှိတယ်။ ကိုယ့်ကို မတွေ့လို့ တွေ့တဲ့မိဘကို ခေါ်သွားရင်း နောက်ရက်ကျ အလောင်းလာပြန်ထုတ်လိုက်ရတဲ့ သူတွေ ခံစားရတဲ့ Guilt ကတော့ အဆိုးဆုံးပေါ့။ 🔳 ဒါ မင်းတို့ရွေးချယ်မှုလေကွာ လို့ ပြောချင်သေးလား။ ဟိုရက်က ဦးလေးတစ်ယောက် ဆုံးတယ်။ သားဖြစ်သူ ပြန်လာလို့ မရဘူး။ ဘာလို့လဲ။ ပြန်လာလိုက်တာနဲ့ အရွယ်ကောင်း လူငယ်အမျိုးသားမို့ ပြန်ထွက်မရတော့မှာ၊ အတင်းအဓမ္မ စုဆောင်းခံလိုက်ရမှာ စိတ်ပူပြီး အဖေကိုယ်တိုင်က ပြန်မလာခိုင်းခဲ့တာ။

EIO
1 052
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar