EIO
Ir al canal en Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Mostrar más1 055
Suscriptores
Sin datos24 horas
Sin datos7 días
+730 días
Archivo de publicaciones
1 052
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 052
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 052
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 052
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 052
Repost from EIO
📌 ဘဝအတွက် မှတ်သားဖွယ်ရာ လမ်းညွှန်ချက် (၃) သွယ်။
မိမိတို့ ရောက်ရာအရပ်မှာ အေးချမ်းစွာ ရှင်သန်နိုင်ဖို့နဲ့ အမှားအယွင်းကင်းတဲ့ လူမှုဘဝကို တည်ဆောက်နိုင်ဖို့ ရှေးလူကြီးသူမတို့ ပေးခဲ့တဲ့ အဖိုးတန် လမ်းညွှန်ချက် (၃) ခုကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။
🛑 ၁။ ထမင်းပူကို မစားပါနဲ့။
"ထမင်းပူ" ဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရှာဖွေကျွေးမွေးရတဲ့ ထမင်း (သို့မဟုတ်) မတရားတဲ့နည်းနဲ့ ရရှိလာတဲ့ အရာတွေကို ဆိုလိုတာပါ။ လက်ရှိအချိန်မှာ စားကောင်းသောက်ကောင်း ဖြစ်နေနိုင်ပေမဲ့ သံသရာမှာတော့ ပူလောင်ရပါလိမ့်မယ်။ ဒါကြောင့် ချစ်လို့ ခင်လို့ ကြည်ကြည်ဖြူဖြူ ကျွေးမွေးတဲ့ "ထမင်းအေး" ကိုသာ သုံးဆောင်သင့်ပါသည်။
⚠️ ၂။ ကြွေသီးကို စားပါ။ (ဒါပေမဲ့ ခူးမစားပါနဲ့)
"ကြွေသီး" ဆိုတာ ချစ်ခင်မြတ်နိုးလို့ ပေးကမ်းတဲ့အရာကို ဆိုလိုတာမို့ လက်ခံရယူနိုင်ပါသည်။ သို့သော်... အဲဒီပေးကမ်းခြင်းထဲမှာ မျှော်လင့်ချက်တွေနဲ့ အကျိုးအမြတ် ပြန်လိုချင်စိတ်တွေ ပါနေရင်တော့ မစားသုံးသင့်ပါဘူး။
အထူးသဖြင့် "ခူးမစားပါနဲ့" ဆိုတာကို သတိပြုရပါမယ်။ မိမိက တစ်ပါးသူကို ကူညီတဲ့အခါ ကူညီခ၊ လုပ်ပေးခ ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး (သို့မဟုတ်) အခွင့်အရေးကို အတင်းအဓမ္မ ဖန်တီးယူတာမျိုးကို ရှောင်ကြဉ်ဖို့ သတိပေးထားခြင်း ဖြစ်ပါသည်။
✨ ၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ။
မိမိရောက်ရှိရာ အရပ်ဒေသတိုင်းမှာ ကောင်းမွန်တဲ့ အပြုအမူ၊ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့သာ အများအကျိုးပြုပြီး ရှင်သန်ပါလို့ နှိုးဆော်ထားခြင်း ဖြစ်ပါသည်။
လောကီလူမှုပတ်ဝန်းကျင်မှာ ရှင်သန်လှုပ်ရှားတဲ့အခါ မိမိကြောင့် သူတစ်ပါး မနစ်နာစေဖို့နဲ့ မိမိရဲ့ လုပ်ဆောင်ချက်တိုင်းဟာ သမိုင်းကောင်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ဖို့ ဆင်ခြင်နေထိုင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#EIO #Eagle_Information_Operator #SpringMyanmarRevolution #RevolutionHonorable #LifeLessons #Wisdom #MyanmarProverbs
1 052
Repost from တယ်လီကျန်းမာ - Telekyanmar
❌ အယူအဆလွဲ >>> ပြတ်ရှဒဏ်ရာ ဒါမှမဟုတ် ပွန်းပဲ့ဒဏ်ရာ ရလာရင် ပိုးသေအောင် အရက်ပြန် (Alcohol) ဒါမှမဟုတ် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (Hydrogen Peroxide) တွေကို အနာပေါ် တိုက်ရိုက်လောင်းထည့်မှ ပိုးသေပြီး စိတ်ချရမယ်။
☑️ အမှန် >>> အရက်ပြန်ကို အနာရဲ့ဘေးပတ်ပတ်လည်ကို သန့်ရှင်းရေးလုပ်ဖို့အတွက်ပဲ သုံးသင့်ပါတယ်။ အနာထဲကို တိုက်ရိုက်ထည့်လိုက်ရင် သူက ပိုးမွှားတွေကို သတ်ပေးရုံတင်မကဘဲ အနာကျက်ဖို့ ကြိုးစားနေတဲ့ အသားနုဆဲလ်အသစ်တွေကိုပါ လောင်ကျွမ်းပျက်စီးစေပါတယ်။ ဒါကြောင့် အနာကျက်တာ ပိုနှေးသွားတတ်ပါတယ်။ အကောင်းဆုံးကတော့ သန့်ရှင်းတဲ့ရေနဲ့ ရေဘုံဘိုင်အောက်မှာ ဆပ်ပြာနဲ့ ကနဦး အသာအယာ ဆေးကြောပေးလို့ ရပါတယ်။
အရက်ပြန်ဟာ ဆဲလ်အတွင်းက ပရိုတင်းဓာတ်တွေကို ခဲသွားစေနိုင်တဲ့အတွက် အနာရဲ့တစ်ရှူးတွေကို ခြောက်သွေ့စေပြီး အမာရွတ်ပိုထင်စေနိုင်ပါတယ်။ ခေတ်မီဆေးပညာအရ အနာကို စိုစွတ်သန့်ရှင်းနေအောင် ထားခြင်းကသာ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတာကြောင့် ပြင်းထန်တဲ့ ပိုးသတ်ဆေးတွေအစား ရေကျက်အေး ဒါမှမဟုတ် အနာဆေးရည် (Normal Saline) ကိုသာ အသုံးပြုသင့်ပါတယ်။
1 052
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာနယ်၊တောင်ခြမ်း မြေနဲ ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Jun 9, 7:59PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
Repost from EIO
🚨 [ ရန်သူ အကြောက်ဆုံးအရာ (၂) မျိုးနှင့် ငါတို့ ဆက်လျှောက်ရမယ့် လမ်းခရီး ] 🚨
တော်လှန်ရေးရဲ့ အစောပိုင်း သန္ဓေတည်စ ကာလကတည်းက ဒီနေ့အထိ... လက်နက်အင်အား၊ လူအင်အား သာလွန်ပါတယ်ဆိုတဲ့ ရန်သူဟာ ငါတို့အပေါ် တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ အရာ (၂) မျိုးပဲ ရှိပါတယ်။
အဲဒါတွေကတော့ — "မိုင်း" နဲ့ "စိတ်အားထက်သန်မှု" ပဲ ဖြစ်ပါတယ်။
💥 "မိုင်း" ဆိုတာ မြေပြင်မှာ သူတို့ကို အမြဲတမ်း ထိတ်လန့်နေစေတဲ့ ရုပ်ဝတ္ထုပြောင်းလဲမှုဆိုရင်...
🔥 "စိတ်အားထက်သန်မှု" ဆိုတာကတော့ သူတို့ ဘယ်လိုမှ မဖျက်ဆီးနိုင်တဲ့ ငါတို့ရဲ့ စိတ်ဓာတ်ခံတံတိုင်းကြီး ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေကြတဲ့ မိဘပြည်သူများနှင့် ရဲဘော်များအားလုံး...
📌 "မမေ့နဲ့"
ငါတို့ ဘာကြောင့် စခဲ့သလဲဆိုတဲ့ နာကျည်းမှုနဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ပါနဲ့။
📌 "မျက်ကွယ်မပြုနဲ့"
ငါတို့ဘေးနားမှာ ကြွေလွင့်သွားခဲ့ရတဲ့ ကြယ်ပွင့်တွေနဲ့ ပေးဆပ်နေရဆဲ အောက်ခြေက ပေးဆပ်မှုတွေကို မျက်ကွယ်မပြုပါနဲ့။
📌 "အောက်ခြေမလွတ်နဲ့"
အောင်မြင်မှုအချို့အပေါ်မှာ သာယာပြီး ဖြစ်တည်လာခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ သွေးမကွဲပါစေနဲ့။
🛣️ ငါတို့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေး လမ်းခရီးက အဝေးကြီး ကျန်ပါသေးတယ်။ ခရီးကြမ်းလေလေ... အချင်းချင်း လက်ချင်း ပိုတွဲထားဖို့ လိုလေလေပါပဲ။
"စိတ်ဓာတ်ကို အမြဲတမ်း တင်းထားကြစို့။" 💪
#EIO #Eagle_Information_Operator #SpringMyanmarRevolution #RevolutionHonorable #StayStrong #NoNeedDictator #RejectOfMilitary #WhatsHappeningInMyanmar
1 052
Repost from EIO
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️
ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။
📖 ၁။ သုတမယပညာ (#Learning)
သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။
🤔 ၂။ စိန္တာမယပညာ (#Thinking)
ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။
🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation)
သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။
⚠️ "သင်လို့မရတဲ့ လူစားမျိုး"
လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။
ဒါပေမဲ့...
ကိုယ်ကျင့်တရား ညံ့ဖျင်းသူ
ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ)
ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။
ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။
✨ ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️
ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။
"ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..."
တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။
မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻
#EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar
1 052
Repost from EIO
📢 သတိပေးနှိုးဆော်ချက်⚠️
တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ သတင်းလုံခြုံမှု (#Information_Security) နှင့် စစ်ဆင်ရေးလုံခြုံမှု (#OPSEC) တို့တွင် သတိပေါ့လျော့မှုများ ရှိလာနေသည်ကို နေ့စဉ် စိတ်မကောင်းဖွယ် တွေ့မြင်နေရပါသည်။
မိမိတို့ သတင်းလက်ဦးမှုရယူရန်နှင့် နာမည်ကြီးရန်အတွက်သာ ရှေ့တန်းတင်ပြီး စစ်ဆင်ရေးရည်မှန်းချက် မပြီးမြောက်သေးမီ သတင်းဌာနများသို့ အသိပေးခြင်း၊ မိမိတို့၏ ကိုယ်ပိုင် #Social Media ပေါ်တွင် ဓာတ်ပုံနှင့် #Video များ တင်ခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီအတွက် လေကြောင်းပစ်မှတ်နှင့် လက်နက်ကြီးပစ်မှတ်များကို မြေပုံညွှန်းပေးနေသကဲ့သို့ ဖြစ်နေပါသည်။
လူမှုကွန်ယက်အသုံးပြုရာတွင် မိမိတို့၏ ဂုဏ်သိက္ခာထက် ရဲဘော်များနှင့် ပြည်သူတို့၏ အသက်လုံခြုံရေးကို အလေးထားကြရန် #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🚫 ရှောင်ရန် (Don'ts)
❌ အချိန်နှင့်တပြေးညီ (Real-time) တင်ခြင်း။
စစ်ဆင်ရေး လှုပ်ရှားမှုများကို ဖြစ်ပွားနေဆဲအချိန်တွင် ရှေ့တန်းတွင် မပါဝင်သူများ အနေဖြင့် လုံးဝ (လုံးဝ) #Post မတင်ပါနှင့်။သတင်းဖြန့်ဝေခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်။
❌ တည်နေရာ အမှတ်အသားများ။
ဓာတ်ပုံများတွင် နောက်ခံတောင်တန်း၊ ထူးခြားသော အဆောက်အအုံနှင့် လမ်းဆုံလမ်းခွများ မပါဝင်ပါစေနှင့်။ (#Metadata ပါသော မူရင်းပုံများကို တိုက်ရိုက်မတင်ပါနှင့်)။
❌ အင်အားနှင့် လက်နက်ထုတ်ဖော်ပြသခြင်း။
မိမိတို့ဘက်မှ အင်အား မည်မျှရှိသည်၊ မည်သည့်လက်နက် အမျိုးအစားများ အသုံးပြုနေသည်ကို ထုတ်ဖော်မပြပါနှင့်။
❌ အောင်ပွဲခံစောခြင်း။
ရည်မှန်းချက် မပြီးမြောက်မီ "သိမ်းနိုင်ပြီ" ဟု ကြေညာခြင်းသည် ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။
✅ ဆောင်ရန် (Dos)
✅ အချိန်ဆိုင်းပြီးမှ တင်ပါ။
စစ်ဆင်ရေးပြီးဆုံး၍ ရဲဘော်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးနောက် (အနည်းဆုံး ၂၄ နာရီ/ ၄၈ နာရီ) ကြာမှသာ သတင်းထုတ်ပြန်ပါ။
✅ မျက်နှာနှင့် အမှတ်အသားများကို ဖျောက်ပါ။
ဓာတ်ပုံတင်လျှင် ရဲဘော်များ၏ မျက်နှာ၊ တက်တူးနှင့် ယူနီဖောင်းပေါ်မှ တံဆိပ်များကို #Blur လုပ်ပါ။
✅ #Chain of Command ကို လေးစားပါ။
အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ၏ ခွင့်ပြုချက်ရမှသာ သတင်းပေးပို့/တင်ပြပါ။
✅ Digital Security သတိပြုပါ။
ဖုန်းထဲရှိ ဓာတ်ပုံများမှ #GPS_Location များကို ပိတ်ထားပါ။
#Record #Report #News ကိုခွဲခြားသိရှိထားပြီး
"မလိုအပ်ဘဲ မပြောပါနှင့်၊ မဆိုင်လျှင် မတင်ပါနှင့်၊ အောင်ပွဲရမှ ဂုဏ်ယူပါ"
မိမိ၏ လက်ချောင်းလေးတစ်ခုကြောင့် မြေပြင်က ရဲဘော်များ အသက်မဆုံးပါစေနှင့်။ သတိရှိရှိဖြင့် တော်လှန်ကြပါစို့။ ✊
#EIO #InformationSecurity #OPSEC #Digital_Security #RevolutionSafety #WhatsHappeningInMyanmar
1 052
Repost from EIO
⚠️ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေခြင်း။
ဒရုန်းဝဲနေသည့် အချက်အလက်များကို လူသိရှင်ကြား online ပေါ်ဖြန့်ဝေခြင်းသည် အဆိုပါနေရာရှိ ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်မှု မြင့်တက်စေရုံသာမက၊ စစ်ကောင်စီ၏ ပစ်မှတ်ရှာဖွေရေးကိုပါ ကူညီပေးရာရောက်ပါသည်။
⚠️ကင်းထောက်မှု၏ ရည်ရွယ်ချက်ကို လမ်းကြောင်းလွှဲခြင်း။
စကောက်ဒရုန်းများ၏ လှုပ်ရှားမှုကို လူမှုကွန်ရက်ပေါ်တွင် အလွယ်တကူ တွေ့ရှိရပါက ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင် အာရုံစိုက်နေသည်ကို ရန်သူက သဘောပေါက်သွားနိုင်ပြီး၊ နည်းဗျူဟာကို ချက်ချင်းပြောင်းလဲကာ အခြားနေရာများကို ပစ်မှတ်ထားလာနိုင်ပါသည်။
🛡️ အများပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ
✅ ဆောင်ရန်အချက်များ။
🗣️သက်ဆိုင်ရာထံ သတင်းပေးပို့ပါ။
#UAV Scout Drone ဒရုန်းများ ဝဲပျံနေသည်ကို တွေ့ရှိပါက လူမှုကွန်ရက်တွင် တင်မည့်အစား သက်ဆိုင်ရာ မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သို့မဟုတ်) ဒေသခံ လုံခြုံရေးတာဝန်ရှိသူများထံ သီးသန့် အကြောင်းကြားပါ။
🔐လုံခြုံရေး အသိတရား ထားရှိပါ။
သတင်းဖြန့်ဝေရာတွင် နေရာ၊ အချိန်နှင့် ပတ်ဝန်းကျင် အချက်အလက်များကို တိကျစွာ မဖော်ပြဘဲ "သတိထားကြရန်" သတိပေးချက်အဆင့်သာ ထုတ်ပြန်ပါ။
❌ ရှောင်ရန်အချက်များ
အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ခြင်း (#Live/#Real-time #updates) ကို ရှောင်ကြဉ်ပါ။ဒရုန်းပျံဝဲနေချိန်တွင် ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း မလုပ်ပါနှင့်။နေရာအတိအကျ ဖော်ပြခြင်း၊ အများပြည်သူမြင်နိုင်သော နေရာတွင် ရေးသားဖော်ပြခြင်း လုံးဝ မပြုလုပ်ပါနှင့်။
"မိဘပြည်သူအားလုံး အကြမ်းဖက် စစ်ကောင်စီ၏ ဒရုန်းအန္တရာယ်မှ ကင်းဝေးကြပါစေ" 🙏🏻
#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar
1 052
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။
လက်ရှိကာလတွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ ကင်းထောက်ရေးနှင့် တိုက်ခိုက်ရေးလုပ်ငန်းများတွင် ဒရုန်းနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကို မြေပြင်မှာ တွေ့ရှိလာရပါသည်။
မိဘပြည်သူလူထုအနေဖြင့် ဒရုန်းအန္တရာယ်ကို သတိပြုနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၎င်းတို့နှစ်ခု၏ ကွာခြားချက်များနှင့် လိုက်နာရမည့် အချက်များကို မိမိတို့ #EIO_Admin_Team မှ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
🔍 ကင်းထောက်ဒရုန်း (#Scout_Drone) ဆိုသည်မှာ
ကင်းထောက်ဒရုန်းများသည် နယ်မြေဒေသအတွင်းရှိ လှုပ်ရှားမှုများကို အဝေးမှ လေ့လာရန်၊ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးရန်နှင့် သတင်းအချက်အလက် စုဆောင်းရန် အဓိက အသုံးပြုသော ဒရုန်းများ ဖြစ်ပါသည်။
👂🏻အသံနှင့် ပုံသဏ္ဌာန်။
အများအားဖြင့် အရွယ်အစား သေးငယ်ပြီး ပျံသန်းသည့်အခါ အသံတိတ်ဆိတ်ခြင်း (သို့မဟုတ်) တိုးညင်းသောအသံသာ ထွက်တတ်ပါသည်။
⚠️လုပ်ဆောင်ချက်။
လူအုပ်စုများ၊ ယာဉ်တန်းများ (သို့မဟုတ်) နေရာဒေသများကို အဝေးမှ အချိန်အကြာကြီး စောင့်ကြည့်လေ့ရှိသည်။
🚨အန္တရာယ်အမျိုးအစား။
၎င်းတို့ကိုယ်တိုင် တိုက်ရိုက် မပေါက်ကွဲသော်လည်း စစ်ကောင်စီတပ်ဖွဲ့များထံ တည်နေရာ အချက်အလက် (#Coordinates) များကို ပေးပို့ခြင်းဖြင့် လက်နက်ကြီး၊ လေကြောင်း (သို့မဟုတ်) မြေပြင်တပ်ဖွဲ့များ၏ ပစ်မှတ်ဖြစ်လာစေနိုင်သည်။
💣 တိုက်ခိုက်ရေးဒရုန်း (#Attack Drone) ဆိုသည်မှာ
တိုက်ခိုက်ရေးဒရုန်းများ (အထူးသဖြင့် #Kamikaze_Drone များ) သည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားပြီး ပစ်မှတ်ကို တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထားသော ဒရုန်းများ ဖြစ်ပါသည်။
👂🏻အသံနှင့် ပုံသဏ္ဌာန်။
ကင်းထောက်ဒရုန်းများထက် အရွယ်အစား ပိုကြီးနိုင်ပြီး၊ ပျံသန်းသည့်အခါ ဆူညံသောအင်ဂျင် (သို့မဟုတ်) ပန်ကာလည်ပတ်သံ ပြင်းထန်စွာ ထွက်တတ်ပါသည်။
💥လုပ်ဆောင်ချက်။
သတ်မှတ်ထားသော ပစ်မှတ်များကို အမြင့်ပေနိမ့် (သို့မဟုတ်) မြင့်သောနေရာမှ အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခြင်း (သို့မဟုတ်) ဗုံးသီးကြဲချခြင်း ပြုလုပ်ပါသည်။
🚨အန္တရာယ်အမျိုးအစား။
ထိခိုက်ပျက်စီးမှုနှင့် အသက်အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသည်။
🛡️ မိဘပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ။
✅ ဆောင်ရန်အချက်များ
⚠️သတိရှိပါ။
မိမိတို့ပတ်ဝန်းကျင်တွင် ထူးဆန်းသော အသံ (သို့မဟုတ်) ဒရုန်းများ ပျံသန်းနေသည်ကို တွေ့ရှိပါက အနီးအနားရှိ ပြည်သူများအား ချက်ချင်း သတိပေးပါ။ မိမိဒေသအတွင်းရှိ မြေပြင်ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးများကို အချိန်နဲ့တပြေးညီသတင်းပို့ပါ။
⚠️ခိုလှုံရန်နေရာ ကြိုတင်ပြင်ဆင်ပါ။
ဒရုန်းအန္တရာယ်ကို ကာကွယ်နိုင်မည့် မြေအောက်ခန်း၊ ကွန်ကရစ် အဆောက်အအုံ၏ အောက်ထပ် (သို့မဟုတ်) လုံခြုံသော ဘန်ကာများကို ကြိုတင်ရှာဖွေထားပါ။
⚠️လုံခြုံရေး သတိရှိပါ။
အသွားအလာ ပြုလုပ်သည့်အခါ အစုလိုက်အပြုံလိုက် စုဝေးခြင်းကို ရှောင်ကြဉ်ပြီး ပွင့်လင်းသောနေရာများတွင် ကြာမြင့်စွာ မရပ်တန့်ပါနှင့်။
❌ ရှောင်ရန်အချက်များ
🚫ဓာတ်ပုံ၊ ဗီဒီယို မရိုက်ပါနှင့်။
ဒရုန်းများ ပျံသန်းနေစဉ် အာရုံစိုက်ခြင်း (သို့မဟုတ်) ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။
🚫အလင်းရောင်နှင့် မီးကို ရှောင်ပါ။
ညအချိန်တွင် အလင်းရောင် ပေါ်လွင်နေခြင်းသည် ဒရုန်းများ၏ ပစ်မှတ်ဖြစ်စေနိုင်သဖြင့် မီးကို လုံခြုံစွာဖုံးအုပ်ပါ။
🚫ကွင်းပြင်ကျယ်များကို ရှောင်ပါ။
ကင်းထောက်ဒရုန်းများ၏ မျက်စိမှ လွတ်ကင်းစေရန် သစ်ပင်ရိပ်၊ အမိုးအကာ (သို့မဟုတ်) အဆောက်အအုံများအောက်တွင်သာ သွားလာပါ။
🚨 အကြမ်းဖက် စစ်ကောင်စီ၏ ကင်းထောက်ဒရုန်း (#UAV_Scout_Drone) များ ဝဲပျံနေမှုကို အင်တာနက် သတင်းမီဒီယာများပေါ်တွင် အချိန်နှင့်တပြေးညီ မဖြန့်ဝေသင့်သည့် အကြောင်းရင်းများ။
လက်ရှိကာလတွင် စစ်ရေးအသိ သတိရှိမှုသည် အလွန်ပင် အရေးကြီးပါသည်။ မိမိတို့နယ်မြေ ဒေသ အတွင်း စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းများ (Scout Drones) ဝဲပျံနေသည်ကို တွေ့ရှိပါက သတင်းမီဒီယာ (သို့မဟုတ်) မိမိ၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ အချိန်နဲ့နေရာကို ဖော်ပြခြင်းတို့ လုံးဝ-လုံးဝ မပြုလုပ်သင့်ပါ။
အဘယ်ကြောင့်ဆိုသော် အောက်ပါအချက်များသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် စစ်ရေးအရ အလွန်ထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။
📌 အဘယ်ကြောင့် အချိန်နှင့်တပြေးညီ မဖော်ပြသင့်သနည်း။
⚠️ ရန်သူအတွက် တည်နေရာအတိအကျ (#Coordinates) ပေးသလို ဖြစ်သွားနိုင်ခြင်း။
မီဒီယာများပေါ်တွင် စကောက်ဒရုန်းပျံဝဲနေသည့် နေရာကို ဖော်ပြခြင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ကင်းထောက်မှု မည်မျှထိရောက်သည်ကို သိရှိသွားစေနိုင်ပြီး နောက်ဆက်တွဲ လက်နက်ကြီးပစ်ခတ်မှု (သို့မဟုတ်) လေကြောင်းတိုက်ခိုက်မှုများအတွက် ပစ်မှတ်အချက်အလက်ကို ပံ့ပိုးပေးသလို ဖြစ်သွားနိုင်ပါသည်။
1 052
Repost from EIO
🔊 လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ⚠️ ဝပ်နေပါ။ ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ 🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨Emergency Kit ပြင်ထားပါ။ အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 စုဝေးခြင်း ရှောင်ပါ။ အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ မီးအမှောင်ချပါ။ ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ 🚫 စူးစမ်းခြင်း မပြုပါနှင့်။ ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း (သို့မဟုတ်) ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ 📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 #EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
1 052
Repost from တယ်လီကျန်းမာ - Telekyanmar
"လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)"
အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပတ်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။
“လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။
..
..
❗️Gambling disorder ဆိုတာ လောင်းကစားစွဲလမ်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။
💸 လောင်းကစားစွဲလမ်းတယ်ဆိုတာ…
⦿ လောင်းကစားဆော့တာကို အချိန်အတော်ကြာ စွဲလမ်းလာပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲလာမယ်။
⦿ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ လောင်းကစားပဲ လုပ်ချင်နေတယ်။
⦿ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့လက္ခဏာတွေ ပြလာမယ်။
⦿ ကိုယ်တိုင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေထက် လောင်းကစားကပဲ အရေးကြီးဆုံးလို့ ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။
..
..
🎰 လောင်းကစားအမျိုးမျိုး…
လောင်းကစားလို့ဆိုရင် ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊ ၂ လုံး/၃ လုံး ထီထိုးတာတင်မက အခုဆိုရင် ဖုန်းနဲ့ အလွယ်တကူဆော့လို့ရပြီး ပရိုဂရမ်ဆွဲထားတဲ့ အွန်လိုင်းဂိမ်း၊ စလော့ (slot) ဂိမ်းတွေကြောင့် ဘဝပျက်နေသူတွေ ပိုများလာပါတယ်။
..
..
💸 လောင်းကစားစွဲလမ်းစေနိုင်တဲ့ အကြောင်းအရင်းတွေက...
🂱 ‘အတုမြင် အတတ်သင်’ သဘောနဲ့ လောင်းကစားလုပ်တတ်တဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေရှိတာ
🂱 ငွေကြေးအခက်အခဲရှိသူ၊ လုပ်ငန်းခွင် ဖိအားများနေသူ၊ လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိသူ
🂱 အခြားစွဲလမ်းမှု ရောဂါတစ်ခုခုရှိနေသူ (ဆေးစွဲတာ၊ အရက်စွဲတာ)
🂱 တစ်ကြိမ်တစ်ခါ အနိုင်ရခြင်းက စိတ်လှုပ်ရှားစေပြီး ဆုလာဘ်တစ်ခုရသလို ခံစားရစေတဲ့ dopamine ဟော်မုန်းရဲ့ ဦးနှောက်ကို လှုံ့ဆော်တာ
🂱 စိတ်ထိခိုက်စရာရှိသူ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ နေမကောင်းသူတွေမှာ စွဲလမ်းနိုင်ခြေများပါတယ်။
..
..
‼️ လောင်းကစားကြောင့် စီးပွားရေးသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ ကိုယ်/စိတ်ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရရှိနိုင်ပါတယ်။
- မိသားစုဝင်တွေအပေါ် လိမ်ညာခြင်း၊ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်ခြင်း
- ငွေရေးကြေးရေး၊ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်ခြင်း
- ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း
- အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကွာရှင်းပြတ်စဲမှုတွေ စတဲ့ အိမ်ထောင်ရေးပြဿနာတွေသာမက…
- စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျမြန်တာ
- ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ
- အအိပ်ပျက်၊ အစားအသောက်ပျက်တာ
- မူးယစ်ဆေးနဲ့ အရက်စွဲလာတာ
- မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးစားတာအထိ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း အာရုံထွေပြားကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာမျိုးဖြစ်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုသာမက လူမှုရေးရာဂုဏ်သိက္ခာတွေပါ ထိခိုက်နစ်နာနိုင်ပါတယ်။
..
..
✅ အထက်ပါ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကိုယ် လောင်းကစားစွဲလမ်းမှု ပြဿနာရှိနေတယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်သူတွေထံမှ အကူအညီရယူဖို့ ကြိုးစားပါ။
🌱 အရေးအကြီးဆုံးအနေနဲ့ Self-help "မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တာမို့ မိမိစွဲလမ်းမှုကို ဦးစွာပထမ နားလည်လက်ခံပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။
🌱 Cognitive Behavioural Therapy (CBT) အတွေးနဲ့အပြုအမူကို ပြန်လည်ထိန်းညှိပေးတဲ့ ကုထုံးခံယူခြင်းဖြင့် လောင်းကစားနဲ့ပက်သက်တဲ့ နိုင်လိုစိတ်နဲ့ အတွေးအမြင်တွေ ပြောင်းလဲလာပြီး လောင်းကစားကို ရပ်တန့်ဖို့ ကြိုးစားလာပါမယ်။
🌱 မိသားစု၊ အိမ်ထောင်ရေးပြဿနာများ နှစ်သိမ့်ဆွေးနွေးခြင်း (family and couples therapy) နဲ့ ငွေရေးကြေးရေး ပြန်လည်ဆန်းစစ်ညှိနှိုင်းခြင်း (Family budgeting) နည်းလမ်းတွေနဲ့လည်း ဆွေးနွေးနှစ်သိမ့်မှု ခံယူသင့်ပါတယ်။
🌱 UK လိုမျိုး နိုင်ငံတွေမှာတော့ “လောင်းကစားသူများ အမည်ဝှက်အဖွဲ့” (Gamblers Anonymous) ဆိုပြီး အဖွဲ့တွေရှိပါတယ်။ သူတို့က ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပြီး လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံဖလှယ်ကာ ရပ်တန့်ဖို့ ကြိုးစားပုံနည်းလမ်းတွေ အချင်းချင်းမျှဝေကြပါတယ်။ ဒီနည်းလမ်းက လူနာတွေအတွက် ထိရောက်မှုရှိတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။
✅ မိမိပတ်ဝန်းကျင်မှာ လောင်းကစားစွဲလမ်းမှုပြဿနာရှိသူတစ်ဦး ရှိနေရင် ပစ်ပယ်မထားဘဲ ရောဂါရှိသူတစ်ဦးအနေနဲ့ နားလည်ပေးပြီး လိုအပ်တဲ့ကုထုံးတွေ ရယူနိုင်ဖို့ ကူညီပေးသင့်ပါတယ်။
❌ အခုလိုကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အတွေးနဲ့ အွန်လိုင်းဂိမ်းပေါင်းစုံကို ကြော်ငြာခ၊ ကော်မရှင်ခယူပြီး ကစားဖို့ မြှူဆွယ်သူတွေကိုလည်း ရှုတ်ချမိပါတယ်။
🌱 စွဲလမ်းမှုပြဿနာတိုင်းမှ ရုန်းထွက်နိုင်ကြပါစေ....။
1 052
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ တောပုပျူရွာမှ ယနေ့နံနက်ကတည်းက ထွက်လာသော စခပခများသည် တောင်ကုန်းရွာထိပ်၌ ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိထားပါသည်။
Jun 9, 12:45PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 052
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူရွာထိပ် CR7 ကွမ်းယာဆိုင်အနီးတွင်ရောက်ရှိနေသော စခကင်းပုန်းများ မအူဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။
Jun 9, 12:01PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
