1 437
Suscriptores
+224 horas
-107 días
-2730 días
Archivo de publicaciones
1 437
Repost from နရီမိုး
"လာအိုခရီးစဉ်၏သက်ရောက်မှု၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ဒေသတွင်း Geo-economics အပြောင်းအလဲ"
သမ္မတကြီးရဲ့ လာအိုခရီးစဉ်က နိုင်ငံရေး၊ စီးပွားရေးနဲ့ ကဏ္ဍစုံအတွက် ဘာတွေ Impact ဖြစ်စေသလဲ?
မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်စေဖို့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ကြား ဘယ်အရာတွေက ချိတ် ဖြစ်စေခဲ့သလဲ?
ကျိုင်းလပ်ကုန်သွယ်ရေးစခန်းက ဘယ်လောက်အရေးပါလာနိုင်သလဲ?
၂၇၀၀ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်းနဲ့ လာအိုရဲ့ ရေအားလျှပ်စစ်အတွေအကြုံက ဒေသတွင်း Geo-economics ကို ဘယ်လို သက်ရောက်မလဲ?
အပြည့်အစုံကို မနက်ဖြန်ထွက်မယ့် Trend News Journal မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
(နရီမိုး)
1 437
Repost from နရီမိုး
လူမှုရေး ရှု့ထောင့်အရကြည့်ရင် ယုန်လေး လုပ်ရပ်က ချီးကျူးစရာ သိပ်ကောင်းတယ်။
နိုင်ငံရေးရှုထောင့်အရကြည့်ရင် ...ဒီလိုလူတွေနဲ့ ပူးပေါင်းပြီး အစိုးရပုံရိပ်ကို မြှင့်တင်သင့်တယ်။ Social Influencer တွေရဲ့ လွှမ်းမိုးမှုပုံရိပ်နဲ့ယှဉ်တွဲပြီး လမ်းစည်းကမ်း၊ အမှိုက်စနစ်တကျပစ်ဖို့၊ သန့်ရှင်းသာယာရေးတွေမှာ အသုံးချသင့်တယ်။
အရင်မြင်ခဲ့ရ၊ ကြုံခဲ့ဖူးတဲ့ကာလတခုမှာ အစိုးရ ဘာလုပ်လုပ် ဝန်းရံတဲ့ Organization ရှိတယ်ဆိုတာ၊ ဒီလိုရှိအောင်လည်း နောက်ကွယ်က Support တွေရှိတယ်။ ပိုက်ဆံ မသုံးရင်၊ ဒီလိုအတွေး မရှိရင်....အစိုးရလုပ်ရပ်ကို ပြည်သူကြားမှာ ပြန့်ဖို့ဆိုတာ မလွယ်ဘူး။
ကိုယ့်လူကိုယ့်ဘက်သားဆိုတဲ့ လူ မွေးဖို့ လိုတယ်။ မီဒီယာတွေကို ပေးလိုတဲ့ မက်ဆေ့ခ်ျ ကျွေးပြီး သတင်းချပြတတ်ဖို့လိုတယ်။ ရန်သူလို ဆက်ဆံရင်...ကိုယ့်လူတွေရဲ့ အမှားကို မမြင်နိုင်တော့ဘူး။
(နရီမိုး)
1 437
Repost from နရီမိုး
+2
ဘီးလင်း၊ ခဲမောက်နားက KNU ရဲ့စခန်းကို တပ်က သိမ်းတော့ ...တရားမဝင် ကမ်းကူးပစ္စည်းတွေ အချီကြီး ရတာ တွေ့လိုက်ရတယ်။
တရားဝင်ကုန်သွယ်ရေးမစနိုင်တော့ လက်နက်ကိုင်ကိုယ်တိုင် တရားမဝင်ကုန်သွယ်ရေးကို ခိုးလုပ်နေပုံပဲ။ သဘောက ထိုင်းကလာတဲ့ ပစ္စည်းတွေကို တထောက်နားရပ်စု၊ ပြီးမှ ပြည်မနဲ့ချိတ်ပြီး ကဲ့နေပုံရတယ်။ ဒီစခန်းတစ်ခုတည်းမှာတင် အမယ်စုံ ဖမ်းမိတာထောက်ရင်....KNU အနေနဲ့ ဘယ်လောက်တောင် ပါဝင်ပတ်သက်လဲ ဆိုတာ တွေးလို့ရပြီ။
ဖက်ဒရယ်တွေ၊ ကော်သူလေးတွေ ခဏထား။ EAO တွေ ဘာကြောင့် လက်နက်ကိုင်ချင်သလဲ ဆိုတာ...ဒါက အဖြေပဲ။
(နရီမိုး)
1 437
Repost from နရီမိုး
◾သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက် သွားတွေ့တယ်။ ဒါက ရှမ်းမြောက်နဲ့ပတ်သက်တဲ့ အချက်အလက်လေးပါ။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ CMEC က (BRI ရဲ့အစိတ်အပိုင်း) လတ်တလော ရှမ်းမြောက်ပဋိပက္ခကြောင့် အကောင်အထည်မဖော်နိုင်သေးပါဘူးဆိုပြီး ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တာ မြင်လိုက်ရတယ်။
-----
◾ဒီနေရာမှာ ကိုယ့်ကို သီပေါတံတား ဘာလို့ မဖွင့်တာလဲဆိုပြီး မန့်တဲ့သူကို ဒီနေရာက အဖြေပေးရရင်…နိုင်ငံတော်မူဝါဒ လို့ပဲ ပြောရလိမ့်မယ်။ ဆိုလိုတာက…. အစိုးရဘက်က ယူဆပုံက ရှမ်းမြောက်ကို ဒီလက်နက်ကိုင်ပဋိပက္ခ မပြီးမချင်း တရားဝင်ကုန်သွယ်ရေး ပေးမလုပ်ဘူးဆိုတဲ့ သဘောပဲ။ အောက်ခြေမှာ တရားမဝင်/တရားဝင် ပေးဖြတ်တာ တွေက တစ်ပိုင်းသပ်သပ်ပါ။ နိုင်ငံတော်ဘက်ကတော့…တရားဝင်ကုန်သွယ်ရေးမဟုတ်ဘဲ ပေးဖြတ်ခွင့် မပေးဘူးလို့ပဲ ဒီလိုပဲ နားလည်ရတယ်။
-----
◾စိတ်ဝင်စားစရာကောင်းတာက…ဗဟိုအစိုးရအာဏာမသက်ရောက်သေးတဲ့ ကွတ်ခိုင်၊ သိန္နီမှာ MNDAA က ရေအားလျှပ်စစ်ထုတ်နေတာတွေ၊ တစ်ဖက်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ အတားအဆီးမရှိ လာရောက်နေတာတွေ၊ စော်ဘွားတွေနေခဲ့တဲ့ သိန္နီကို ဒီ(၂)နှစ်အတွင်းမှာ ရှမ်းစာတွေဖျောက်ပြီး “မူပန်”ဆိုပြီး နာမည်ပြောင်းလိုက်တာတွေ၊ MNDAA ရဲ့အထူးဒေသ(၁)ဆိုတဲ့ ဒေသခံစိစစ်ရေးကဒ်တွေလုပ်ပေးနေတာတွေက ဒေသခံပြည်သူတွေကြားမှာ သို့လော၊ သို့လော ဖြစ်စေနေတာပါ။
------
◾လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ…MNDAA ရဲ့ လက်ရှိလုပ်ဆောင်ချက်အားလုံးက ဘယ်လိုမှ တရားဝင်နေစရာ အကြောင်းမရှိနေဘူး။ ကုန်ကုန်ပြောရရင်…လောက်ကိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတောင် အရင်မျိုးနွယ်စု တွေ က ကျားဖြန့်မှာ ပတ်သက်ခဲ့ကြလို့သာ MNDAA က နေရာရလာတာလို့ ပြောလို့ရ တယ်။ တရုတ်ကြားဝင်စေ့စပ်နေတဲ့ ရှမ်းမြောက်အရေးမှာ… MNDAA လက်ရှိထိန်းချုပ် နေတဲ့ ဒီနေရာတွေကို အစိုးရဘက်ကလည်း လက်လွှတ်ပေးမှာ မဟုတ်သလို…MNDAA ဘက်ကလည်း ငါတို့ စစ်နိုင်လို့ ရထားတာပဲဆိုတဲ့အမြင်ရယ်၊ ဒီ(၂)နှစ်အတွင်းမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ ပိုက်ဆံရနေတဲ့ အနေအထားကနေလည်း အလွယ် တကူ လက်လွှတ်မှာ မဟုတ်ပြန်ဘူးလို့ တွေး ချင်စရာရှိတယ်။
-----
◾အပေါ်ကစကားကိုပြန်ဆက်ရင်…တရုတ်ဘက်က ဘယ်လောက်ပဲ CMEC ကို လုပ်ချင်နေနေ၊ ဒီစီမံကိန်းက မြန်မာအတွက် ဘယ်လောက်ပဲ အကျိုးရှိတယ်လို့ ပြောနေနေ၊ ဖွဲ့စည်းပုံကိုကျော်လွန်တဲ့ လုပ်ရပ်ကိုတော့…ဒီ(၃)ပွင့်ဆိုင်အနေအထားက ကျော်လို့ မရတာ တွေ့ရတယ်။ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အပြန်အလှန်ဆွေးနွေး နေကြတာ အောင်မြင်ရင်တော့ ကောင်းတယ်။ တကယ်လို့ ဆွေးနွေးနေတဲ့အတိုင်း မဖြစ်လာဘူးဆိုရင်…ဘာဆက်လုပ်ကြမလဲ။ ဒီမေးခွန်းအတွက်လည်း ကြိုပြင်ထားဖို့ လိုလိမ့်မယ်။
(နရီမိုး)
1 437
Repost from နရီမိုး
◾တရုတ်ကို တခြားဥရောပနိုင်ငံတွေက စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပဲ။ မနေ့က တောင်တရုတ်ပင်လယ်ထဲကနေ တောင်ပစိဖိတ်ဆိုတဲ့ အကွာအဝေးကို SLBM ဆိုတဲ့ ရေငုပ်သင်္ဘောပစ် Ballistic ဒုံးကျည်ကို ပစ်ပြလိုက်တယ်။ နျူစွမ်းအင်သုံး ဒုံးကျည်တင် ရေငုပ်သင်္ဘောကနေ ပစ်တာဆိုတော့လည်း ပစ်မှတ်ကို ထောက်လှမ်းဖို့ဆိုတာကလည်း ခက်နေဦးမှာပဲ။
----
◾တရုတ်ဘက်က ပုံမှန်စစ်ရေးလေ့ကျင့်ခန်းတစ်ခုပါလို့ ခေါင်းစဉ်တပ်ထားပေမယ့် ပစ်ခတ်တဲ့ လမ်းကြောင်းပစ်မှတ်ရွေးချယ်မှုနဲ့ အချိန်အခါအရဆိုရင်တော့…ဒီဒုံးကျည်ရဲ့ နောက်ကွယ်မှာ ဆက်စပ်စဉ်းစားရမယ့် အချက်တွေတော့ ရှိလာခဲ့ပြီလို့ပြောလို့ရတယ်။
----
◾တကယ်သတိထားဖို့လိုတဲ့ အချက်က ဒုံးကျည်ရဲ့ ရောက်နိုင်စွမ်း ပမာဏပါ။ ကီလိုမီတာ ၁၀၀၀၀ ကနေ ၁၂၀၀၀ ကျော်အထိ ရှိလာမယ့် ဒီအကွာအဝေးက…AUKUS နဲ့ QUAD အတွက်တော့…သတိထားစောင့်ကြည့်ရစေဖို့ အချက်ပြမှုတစ်ခု သေချာပေါက် ဖြစ်လာ စေတော့မှာပါ။ ကြည့်ရတာ…အင်ဒို-ပစိဖိတ်ဒေသမှာ လက်နက်ပြိုင်ဆိုင်မှုဆိုတဲ့ အခင်းအကျင်းအသစ်တစ်ခု မြင်ဖို့ရ တဖြည်းဖြည်း နီးလာနေပြီလို့ ပြောရမှာပဲ။
(နရီမိုး)
1 437
Repost from နရီမိုး
❝ထုတ်ကုန်ပထမ…❞
=====
◾ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ…ကုန်ဈေးနှုန်းတွေ သိပ်ကြီးနေတယ်လို့ သမ္မတကြီး က ပြောလာတယ်။ ဘာလို့ကုန်ဈေးနှုန်းကြီးသလဲပေါ့။ တဆက်တည်း အဓိက ပြဿနာက ငွေကြေးတန်ဖိုးပြောင်းလဲတာရယ်၊ သွင်းကုန်စရိတ်မြင့်မားမှုနဲ့ ဝယ်လိုအား-ရောင်းလိုအား မမျှတကြောင့်ဖြစ်တယ်လို့ ပြောသွားတယ်။
----
◾ဒီနေရာမှာ သမ္မတကြီးကတော့ ထုတ်ကုန်များများထုတ်နိုင်ဖို့ ဦးစားပေး ပြောသွားတာ လည်း မြင်ရတယ်။ ခက်တာက…မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်မှုကွင်းဆက် မှာ ..မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီနဲ့ လျှပ်စစ်ဆိုတဲ့ ကွင်းဆက်က သွားချိတ်နေပြန် တယ်။ ငွေကြေးဖောင်းပွတဲ့အခါ…သွင်းအားစရိတ်တွေမြင့်တက်ကုန်တော့ ပြည်တွင်း ကုန်ထုတ်လုပ်မှုစရိတ်တွေပါ တက်ကုန်ကြတယ်။ နောက်ဆုံး ပြည်သူတွေဆီ ဝန်ထုပ် ဝန်ပိုး တစ်ခုအနေနဲ့ ပြန်ဆောင့်တယ်ပေါ့။
----
◾ပြည်ထောင်စုအစိုးရအနေနဲ့ ဒီပြဿနာ ဖြေရှင်းတဲ့နေရာမှာ သွင်းအားစုစရိတ်ကို ဘယ်လိုလျှော့ချကြမလဲ၊ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်ကို ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတာက အဓိက အဖြေဖြစ်မယ်ထင်တယ်။ တစ်ချို့အရာတွေကို အစိုးရအနေနဲ့ အခွန် zero လုပ်ပေးနေတာလည်းတွေ့ရတယ်။ ဒါပေမယ့် တကယ်ထိရောက်မှု ရှိ/မရှိဆိုတာ သမ္မတရုံးဖြစ်ဖြစ် Recheck လုပ်ဖို့လိုမယ်ထင်တယ်။ ဒုတိယအချက်က လျှပ်စစ်ပဲ။ စက်မှုဇုန်နဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တဲ့ MSME တွေအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ ပံ့ပိုးပေးဖို့လိုအပ်လိမ့်မယ်။ ရေအားလျှပ်စစ်က ကြာမယ်ဆိုရင်၊ မြန်မြန်နဲ့ ရမယ့် ဆိုလာစနစ်ကို အမျိုးသားအဆင့်ပုံစံနဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခပ်မြန်မြန် အကောင်အထည်ဖော်ပေါ့။ တတိယအချက်က ရင်းနှီးမြှုပ်နှံမှု ဝင်အောင် ဘယ်လိုလုပ်နိုင်မလဲပေါ့။
-----
◾နောက်…သမ္မတကြီးပြောသလို တိုင်း/ပြည်နယ်အစိုးရတွေ တကယ်အလုပ်လုပ်ဖို့ လိုတာ မြင်ရတယ်။ လိုအပ်ရင် စိုက်ပျိုးရေးနဲ့ ပို့ကုန်တိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနအစုံပါ တဲ့ One Stop Services ဖွင့်ပြီး လုပ်ငန်းရှင်နဲ့ တောင်သူတွေအတွက် ဘာအခက်အခဲ ဖြစ်နေသလဲဆိုတာ တိုက်ရိုက်အဖြေရှာကြည့်စေချင်တယ်။ အရေးအကြီးဆုံးကတော့… ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ စရိတ်သက်သက်သာသာ သယ်ပို့နိုင်ဖို့လည်းလိုပါလိမ့်မယ်။
(နရီမိုး)
1 437
Repost from နရီမိုး
နောက်ဖေးလမ်းကြား အမှိုက်မပစ်သင့်ဘူးဆိုတာက လူ့ကျင့်ဝတ်စံနှုန်းအရကို မဖြစ်သင့်တာပါ။ မြို့နေထူထပ်တဲ့ နေရာတွေမှာဆိုရင် ပိုဆိုးပေါ့လေ။ အမှိုက်သိမ်းစနစ်ရှိမယ်။ စနစ်တကျ အမှိုက်ပစ်မယ်။ ဒီလိုပဲ လည်ပတ်ရမှာပါ။
ခု မီးရထားမှာလည်း အလားတူ ပြဿနာ ပေါ်လာပြန်ပါပြီ။ မီးရထားဆိုတာ ကိုယ့်ရဲ့ စားကျွင်း၊ စားကျန် ပစ်ချထားခဲ့ရမဲ့ နေရာ မဟုတ်ပါဘူး။ DEMU လိုမျိုးရထားမှာ ကွမ်းစားတာကို မဖြစ်မနေ တားမြစ်ချက် ထုတ်ရမှာပါ။
နောက်...တာဝန်ရှိသူများအပိုင်းက သတိပေးအဆင့် ထုတ်ပြန်ပြီးရင်...အရေးယူမှု ဆိုတဲ့ အပိုင်းကိုလည်း ဆက်သွားသင့်ရင် ဆက်သွားပါ။ ဥပဒေနဲ့ ထိန်းကျောင်းသင့်ရင် ထိန်းကျောင်းပါ။ ခေတ်မီတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု ရဖို့အတွက်ဆိုတာ ငွေကြေးစိုက်ထုတ်ရုံနဲ့ လုံလောက်တဲ့အရာ မဟုတ်ဘူး။ အပြန်အလှန်အားဖြင့် သုံးစွဲမယ့် ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်စံနှုန်းကလည်း မြင့်မားနေဖို့ လိုအပ်တယ်။
စည်းကမ်းဆိုတာ တားမြစ်ချက်နဲ့ တိုက်တွန်းချက်ဖြစ်သလို လိုအပ်ရင် ....ဥပဒေနဲ့ ထိန်းကျောင်းပြီး ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ခြင်းကသာ ရေရှည်အတွက်ပိုကောင်းပါလိမ့်မယ်။
(နရီမိုး)
1 437
Repost from နရီမိုး
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
1 437
Repost from လောကသစ္စာ
တပ်မတော်သားတစ်ဦးလျင်
တစ်လ လစာ၊စားရိတ်၊ရိက္ခာ၊ စသည့်လစာစားရိတ် ၅သိန်း ၁သောင်း ရရှိခံစားရပါမည်။
မြန်မာ့တပ်မတော် တွင်ဝင်ရောက်တာဝန်ထမ်းဆောင်လိုသူများအတွက်
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️🕊️
👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️
🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️
အေးချမ်းသာယာ ခေတ်မီ
ဖွံ့ဖြိုးတိုးတက်သောဒီမိုက ရေစီမြန်မာနိုင်ငံတော် ကြီးအဖြစ်ကမ္ဘာတည်သ ရွေ့တည်ရှိဘို့
နိုင်ငံတော်နှင့်ပြည်သူကို
ကာကွယ်စောင့်ရှောက်ရန်
တပ်မတော်သို့ ဝင်ရောက်
အမှုထမ်းဆောင်ကြပါစို့
💵စားပြီးသောက်ပြီးစားရိတ်ငြိမ်း တစ်လဝင်ငွေ
၃သိန်းကျော်မှ ၃သိန်း၆သောင်းကျော်ရရှိမည်။ စုစုပေါင်း လစာစားရိတ်တန်ဘိုး ၅သိန်း ၁သောင်းကျော်ခံစားခွင့်ရရှိမည်။
🏘️🏘️💡🚰လူပျိုများအတွက်ရိပ်သာ၊ အိမ်ထောင်သည်များအတွက် တိုက်ခန်းများနေအိမ်လိုင်းခန်းများတွင် ရေ၊မီး၊အိမ်လခ အခမဲ့နေထိုင်ခွင့်ရရှိမည်။
💊🏨မိမိအပါအဝင် မိသားစုဝင်များအား တပ်မတော်ဆေးရုံ၊ဆေးခန်းများတွင် ဆေးကုသခွင့်အခမဲ့ ကုသပေးသည်။
👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️👮♀️
🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳🇺🇳
🌏🌏🌏🌏🌏🌏🌏🌏🌏🌏
📱09-256810507
1 437
Repost from ရဲဝံ့စွန့်စား ပြည်ချစ်သား
+9
တပ်မတော်စစ်ကြောင်းများက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်းများအား စစ်စခန်းအဖြစ် အသုံးပြုနေထိုင်လျက်ရှိသော PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်း
1 437
Repost from ရဲဝံ့စွန့်စား ပြည်ချစ်သား
+6
ကလေးဝ- ယာကြီး- မုံရွာ ဆက်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ဖို့ နယ်မြေရှင်းနေတဲ့ တပ်မတော်စစ်ကြောင်းများဟာ ယနေ့ ညနေပိုင်းမှာ ကလေးဝမြို့မှာရှိတဲ့ လုံခြုံရေးအဖွဲ့များနှင့် လက်ချင်းချိတ်ဆက်ပူးပေါင်းနိုင်ပြီဖြစ်၍ အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်းအား မကြာမီပြန်လည်အသုံးပြုနိုင်မှာဖြစ်သည့်အတွက် ကလေးဝမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းသိရှိရ။
1 437
Repost from နရီမိုး
+3
❝လာအိုချစ်ကြည်ရေးခရီးစဉ်၏ သက်ရောက်မှု❞
သမ္မတကြီး၏ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို Strategic Partnership အဆင့်သို့ မြှင့်တင်ရန် သဘောတူညီခဲ့ပြီး ခရီးသွားလုပ်ငန်း၊ ဗီယင်ကျန်းနှင့် နေပြည်တော်တို့ကို ညီအစ်မ မြို့တော်များအဖြစ်သတ်မှတ်ရေး၊ မဲခေါင်ရေအားလျှပ်စစ် ဖြစ်နိုင်ခြေလေ့လာရေး အပါအဝင် သဘောတူ ညီချက်များစွာ ရရှိခဲ့သည်။
ခရီးစဉ်၏ သက်ရောက်မှုအနေဖြင့် အာဆီယံအတွင်း ယုံကြည်မှု တည်ဆောက်ရေး၊ စွမ်းအင်လုံခြုံရေး မြှင့်တင်ရေးနှင့် မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ နိုင်ခြေရှိခြင်းတို့တွင်လည်း များစွာ သက်ရောက်မှုရှိစေခဲ့သည်ဟု သုံးသပ်နိုင်သည်။အထင်ရှားဆုံးသော သဘောတူညီချက်မှာ မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်ဆည် ဖြစ်နိုင်ခြေလေ့လာရေး ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးသဘောတူညီချက် (Joint Development Agreement) ဖြစ်သည်။ အဆိုပါသဘောတူညီချက်အရ မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း မဂ္ဂါဝပ် ၂,၇၉၀ ထုတ်လုပ် နိုင်မည့် ဆည်တစ်ခု ဆောက်လုပ်ရန် ဖြစ်နိုင်ခြေကို ၃၄ လကြာ လေ့လာကြမည်ဖြစ်သည်။ အပြည့်အစုံအား 👇👇👇ဤနေရာမှတစ်ဆင့် Download လုပ်၍ ဖတ်ရှုနိုင်ပါသည်။ https://t.me/myanmarpoliticalanalysisteam/131 (နရီမိုး)
1 437
Repost from နရီမိုး
“ကျယ်ပြောတဲ့ဘဝကြီးကို ဘာနဲ့ဖြတ်ကူးမလဲ”
ဘဝကြီးတစ်ခုကို ဖြတ်ကူးနေရတယ်။ ဘာနဲ့ ဖြတ်ကူးကြမလဲ။
မြတ်စွာဘုရားက “အပ္ပမာဒေန အဏ္ဏဝံ” ကာမဂုဏ် အာရုံတွေပေါ်မှာ စိတ်လွှတ်မထားဘဲနဲ့ ကုသိုလ်ကောင်းမှုပေါ်မှာ အမြဲတမ်းသတိရနေတဲ့ အပ္ပမာဒ ဆိုတဲ့သတိနဲ့ ဖြတ်ကူးရမယ်တဲ့။
ကြည့်လေ၊ အဲဒီလို မကူးနိုင်ဘူးဆိုရင် လူတွေရဲ့ဘဝဟာ ဘယ်လောက် ကျယ်ပြောတာလဲဆိုရင် မျက်စိကမြင်ရတဲ့အရာတွေဟာ အများကြီး ကျယ်ပြောတယ်၊ နားကကြားရတဲ့ အသံတွေဟာလည်း အများကြီး ကျယ်ပြောတယ်။ ဒါကို ဖြတ်ကူးဖို့ရန် တော်တော်ခက်တယ်၊ ဟုတ်ရဲ့လား။ မျက်စိနဲ့မြင်ပြီးတော့ဖြစ်တဲ့ ပျော်ရွှင်မှုကြီးကို ဖြတ်ကျော်ဖို့ခက်တယ်။ နားက ကြားပြီးတော့ သာယာတဲ့အသံတွေပေါ်မှာ ပျော်မြူးနေတာကို ဖြတ်ကျော်ဖို့ရာခက်တယ်။ လျှာက အရသာခံနေတာတို့၊ နှာခေါင်းက မွှေးကြိုင်တဲ့အနံ့ပေါ်မှာ ပျော်ရွှင်နေတာတို့၊ ခန္ဓာကိုယ်ကနေ ထိတွေ့ တဲ့ အရာတွေပေါ်မှာ ပျော်ရွှင်နေတာတို့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ ဖြတ်ကျော်သွားဖို့ အင်မတန်ခဲယဉ်းတယ်။ ကျယ်ပြောနေတယ်။ အဲဒါတွေကို ဖြတ်ကျော်ချင်ရင် သတိကြီးစွာထားပြီး ဖြတ်ကျော်ရမယ်။
သတိကို တည်ဆောက်တယ်ဆိုတာ ကြည့်လေ၊ သတိပဋ္ဌာန်တရားပွားတဲ့ အခါမှာ လူတွေဟာ ဘယ်လောက် သတိမေ့တတ်သလဲဆိုတာ သတိပဋ္ဌာန်တရား ပွားကြည့်တဲ့အခါမှာ ကိုယ့်နှာခေါင်းက အမြဲ လေလေးထွက်နေတာကိုပဲ အစဉ် ထာဝရ ထွက်တိုင်းထွက်တိုင်း သိရဲ့လား၊ မသိဘူးနော်၊ မေ့သွားတာချည်းပဲ၊ ကိုယ် ဘာလုပ်နေတယ်ဆိုတာ မေ့နေတယ်။
လူတွေကတော့ ကိုယ့်ကိုယ်ကို သတိရှိတယ်လို့ ထင်နေကြတယ်။ သို့သော် လူတွေလုပ်နေတာနဲ့ တွေးနေတာက တခြားစီ။ ဥပမာ-လူကတော့ ထိုင်နေတယ်၊ စိတ်ကတော့ တခြားရောက်နေတယ်။ လူက အိပ်နေတယ်၊ စိတ်က တခြားရောက်နေတယ်။ အဲဒါဟာ မေ့နေတယ် ခေါ်တယ်နော်။ ဒါပေမယ့် လူတွေက အဲဒါကို မေ့နေတယ်လို့မထင်ဘူး၊ သတိရှိနေတယ်လို့ပဲထင်တယ်။
ကိုယ်ထိုင်နေတာ ထိုင်နေတယ်လို့ မသိဘူးလေ၊ အိပ်နေရင်လည်း အိပ်နေတယ်လို့ မထင်ဘူး၊ သွားနေရင်လည်း သွားနေတယ်လို့ မထင်ဘူး။ ဘာလို့တုန်းဆို စိတ်ကအမြဲတမ်း တစ်နေရာရောက်နေတယ်။ ဘာနဲ့ဥပမာတူတုန်းဆို အိမ်တံခါး ဖွင့်ပစ်ခဲ့ပြီး သွားချင်ရာသွားနေတာနဲ့ မတူဘူးလား။ ကိုယ့်ခန္ဓာကိုယ်ထဲ စိတ်မရှိဘူး၊ တခြားရောက်နေတယ်။
အဲဒါကြောင့်မို့ အင်မတန်ကျယ်ပြောတဲ့ ဘဝခရီးကြီးကို ဖြတ်ကူးတဲ့နေရာမှာ ကိုယ်ဘာလုပ်နေလဲဆိုတဲ့အပေါ်မှာ ထားနိုင်တဲ့ သတိဟာ အင်မတန်မှ အရေးပါတယ်လို့ဆိုပြီး မြတ်စွာဘုရားက ဒါကိုပြောတာ။
- ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ -
1 437
Repost from နရီမိုး
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။
🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။
🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။
🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
1 437
Repost from နရီမိုး
+1
ရုရှား-တရုတ်ရဲ့ Joint Sea Operation က ရည်ရွယ်ချက် ၃ ခု ကြောင့်လို့ အကြောင်းပြထားတယ်။
ပထမအချက်က နှစ်နိုင်ငံကြားက စစ်ဆင်ရေးညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေဖို့၊
ဒုတိယအချက်က ဒေသတွင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှု တွေကို တုံ့ပြန်မှုတဲ့အပိုင်းနဲ့ပတ်သက်ပြီး မြှင့်တင်ဖို့၊
တတိယအချက်က အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ကာကွယ်ဖို့။
တကယ်တော့ ဒေသ တည်ငြိမ်ရေးဆိုပေမယ့် ပူပူနွေးနွေးလုပ်ထားတဲ့ အမေရိကန်-ဂျပန် ပူးတွဲစစ်ဆင်ရေးကို ချက်ချင်း တုံ့ပြန်တဲ့ လုပ်ရပ်ပါပဲ။
(နရီမိုး)
1 437
Repost from အဖိုးလေးးး🇲🇲
တို့မြန်မာတွေလည်း လက်သံ ပြောင်ပါလားးးဟ
😁😁😁😁😁
ဘင်္ဂလားနယ်စပ် မြန်မာဖက်ခြမ်း ဘူးသီးတောင်- မောင်တော ဖက် AA ထိမ်းချုပ်ရာဒေသမှာ မြန်မာ့တပ်မတော်လေကြောင်းတိုက်ခိုက်မှု့ကြောင့် ခဲယမ်းအများအပြားပေါက်ကွဲမှု့များဖြစ်ပေါ်နေကြောင်း ဘင်္ဂလားသတင်းများကဖော်ပြ…
AA တော့ ပြပုံဘဝရောက်တော့မှာ မြင်ယောင်သေးတယ်…
cred
1 437
Repost from နရီမိုး
◾မဲခေါင်မြစ်က ကမ္ဘာပေါ်မှာ ၁၂ ခုမြောက်အရှည်ဆုံးမြစ်ဖြစ်သလို စီးဆင်းတဲ့ရေက ၁၆၀၀၀ ကုဗမီတာရှိတယ်လို့ဆိုတယ်။ ဒီမြစ်ပေါ်မှာ တရုတ်က ရေကာတာ (၁၂)ခု တည် ဆောက်ထားသလို လာအိုကလည်း ရေကာတာ နှစ်ခုဆောက်ပြီး စီးပွားဖြစ် လည်ပတ် နေတယ်။ ဒီရေအားလျှပ်စစ် ၂ ခုကနေ ၁၅၀၀ ကျော် မဂ္ဂါဝပ်ရထားသလို ဆောက်နေဆဲနဲ့ ထပ်ဆောက်ဖို့ရှိတဲ့ ပရောဂျက်တွေလည်း အများကြီး ရှိနေသေးတယ်။ မဲခေါင်မြစ်လက် တက်တွေမှာလည်း Hydropower Project ၉၀ ကျော် တည်ဆောက်ထားတယ်။ ဆိုတော့…ဒီလိုအနေအထားမှာ လာအိုက လျှပ်စစ်ရောင်းစားနိုင်တာ သိပ်အဆန်းကြီး မဟုတ်ဘူး။ မဲခေါင်မြစ်ပေါ်ကရတဲ့ ၁၅၀၀ ကျော် မဂ္ဂါဝပ်ဆိုတာ ရဲရွာ (၂)ခုစာလောက် ရှိတယ်။
------
◾သဘာဝပတ်ဝန်းကျင်တွေ ခဏနောက်ထား။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မပြောသေးနဲ့။ ရေကာတာ ၂ ခုကို ၂၀၁၉၊ ၂၀၂၀ ကတည်းက စီးပွားဖြစ်လည်ပတ်နေလေ တော့…လာအို တောင်နဲ့မြောက် အမြန်ရထားလမ်းစီမံကိန်းတွေက ခပ်မြန်မြန်ပဲ ပေါ် ထွက်လာတာတွေ့ရတယ်။ အကျိုးဆက်က ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် ကုန်းတွင်း စီးပွားရေးစင်္ကြံလမ်း တည်ဆောက် နိုင်သွားတာပဲ။
-------
◾ဘာပဲဖြစ်ဖြစ်…သမ္မတကြီးရဲ့ လာအိုခရီးစဉ်က လာအိုရဲ့ အတွေ့အကြုံတွေကို အကောင်းဆုံးမျှဝေအသုံးချနိုင်လိမ့်လို့ မျှော်လင့်ရတယ်။ တစ်ဖက်မှာ အာဆီယံကိုလည်း တည့်တည့်မှန်တဲ့ မြှားတစ်စင်းပစ်နိုင်ခဲ့တယ်လို့ ဆိုရမလား။ ဘယ်လောက် နက်၊မနက် ဆိုတာကတော့…အချိန်ရောက်ရင် အသံတွေကြားရမယ်ထင်တယ်။ အဓိက....အကျိုးစီးပွားကိုသာ တစ်စိုက်မက်မက်လုပ်နိုင်ရင်…ရလဒ်တွေ ရလာပါလိမ့်မယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကိုလည်း ရှင်းသင့်တာရှင်းပေါ့။
(နရီမိုး)
1 437
Repost from နရီမိုး
+1
◾မူးယစ်ဆေးဝါးကို အစွမ်းကုန်တိုက်ဖျက်မယ်လို့ ပြောထားတဲ့ ထိုင်းနိုင်ငံအစိုးရက ပြည်တွင်းထုတ်ဆိုတဲ့ EV ရထားကို ထုတ်ပြလာခဲ့တယ်။ King Mongkut Institute of Technology ကနေ ဒီဇိုင်းထုတ်ထားတဲ့ ဒီ EV ရထားက နည်းပညာအခြေပြုစီးပွားရေးပုံစံ (Thailand 4.0) ဆိုတဲ့အခင်းအကျင်းဆီကို သွားဖို့ တာစူနေတာ တွေ့ရတယ်။ နိုင်ငံပိုင် နည်းပညာတက္ကသိုလ်ရဲ့ ပညာတွေရဲ့ ကြိုးစားမှုရလဒ်ဆိုတာကို ထုတ်ပြလာရင်းနဲ့ နိုင်ငံရေး မတည်ငြိမ်မှုအပေါ်မှာ ပြည်သူတွေကို Soft Power ပြတဲ့လုပ်ရပ်တစ်ခုလို့လည်း ကောက်ချက်ချလို့ ရနိုင်လောက်မယ်။
-----
◾ဒီ EV ရထားတည်ဆောက်မှုအပိုင်းမှာ ပြည်တွင်းထုတ်ကုန် ၄၁ ရာခိုင်နှုန်းအထိ သုံးထားတာဖြစ်လို့ ပြည်ပကနေ ဝယ်တာထက် ၃၀ ရာခိုင်နှုန်း သက်သာတယ်လို့လည်း ဆိုထားတယ်။ ဒါက ဘန်ကောက်-နခွန်ရက်ချာစီမာလမ်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ ပစ္စည်းမှီခိုမှုအပိုင်းမှာ သိသိသာသာ လျှော့ချနိုင်မယ့် အနေအထားမျိုးလည်း တွေ့ရတယ်။ ဒီလိုဖြစ်လာခဲ့တဲ့နောက်ခံအကြောင်းတရားတွေထဲမှာ သူတို့နိုင်ငံထဲ EV ကားတွေ ထုတ်လုပ်၊ တပ်ဆင်ခွင့် ပြုခဲ့ရင်းက နည်းပညာတွေ ရခဲ့ပုံလည်းရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းထုတ် EV ရထားပေါ်ပေါက်လာတာက နိုင်ငံရေးအရ ပြောပြော၊ စွမ်းအင်လုံခြုံရေးရှုထောင့်အရကြည့်ကြည့်…အကောင်းမှတ်ချက်တွေ ရနိုင် လောက်တယ်။
----
◾ လက်ရှိအချိန်အထိတော့ ခရီးသည် ၂၅ ဦးလိုက်ပါနိုင်သလို Tourist ရထားပုံစံနဲ့ စပြီး ပြေးမယ်လို့ ကြေညာထားတယ်။ ထိုင်းတွေရဲ့ဒီအောင်မြင်မှုက ပထမဆုံးအချက် ပြည်ပ နည်းပညာမှီခိုမှုကို လျှော့ချနိုင်မယ်။ ဒုတိယအချက် ဒေသတွင်းမှာ EV Hub ဖြစ်ဖို့ မျှော်မှန်းချက်ရှိနေတယ်။ နောက်ဆုံးအချက်က ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင် အားပေးမှုဆိုတဲ့ အချက်တွေ မြင်ရတယ်။
(နရီမိုး)
