es
Feedback
Let's Answer

Let's Answer

Ir al canal en Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Mostrar más

📈 Análisis del canal de Telegram Let's Answer

El canal Let's Answer (@letsanswerch) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 894 suscriptores, ocupando la posición 16 917 en la categoría Educación y el puesto 10 394 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 894 suscriptores.

Según los últimos datos del 24 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -1 053, y en las últimas 24 horas de -1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.72%. Durante las primeras 24 horas tras publicar, el contenido suele obtener 2.81% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 799 visualizaciones. En el primer día suele acumular 334 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 4.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 25 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.

11 894
Suscriptores
-124 horas
-1767 días
-1 05330 días
Archivo de publicaciones
အရွယ်ရောက်ပြီးသော ပုံမှန် လူတစ်ယောက်တွင် သွား အရေအတွက်စုစုပေါင်း.......ချောင်းပါသည်။
Anonymous voting

ဝါဂွမ်း တပိဿာ နှင့် သဲတပိဿာကို နှိုင်းယှဉ်သယ်ယူရာတွင် မည်သည်က ဝန်ပိုလေးသနည်း။
Anonymous voting

လေးခုမြောက်ကို စတုတ္ထဟုခေါ်ပြီး လေးခုလုံးကို...ဟုခေါ်သည်။ #thadar
Anonymous voting

စာလုံးပေါင်းသတ်ပုံအမှားကိုမရွေးပါနဲ့။ #thadar
Anonymous voting

စာ‌လုံးပေါင်း သတ်ပုံအမှန်ကို ရွေးပါ။ #chlish #quiz
Anonymous voting

Goodnight ပါရှင့်၊ ကောင်းသောညလေးဖြစ်ပါစေရှင့်၊ အိပ်မက်ဆိုးဆိုးလေးတွေ မက်ကြပါစေရှင့်။ 😀 #chlish

ဘာမေးရမလဲလို့ စဉ်းစားနေရင်းးးး......။ ခြင်သည် အင်းစက်မျိုးစိတ်ထဲတွင် မပါဝင်ပါ။ မှန်/ မှား #chlish #quiz
Anonymous voting

ကပျစ်ကညစ်ရဲ့ ဆန့်ကျင်ဘက် ဝေါဟာရကို ရွေးပါ။ #chlish #quiz
Anonymous voting

ဟိတ်! မအိပ်ကြနဲ့ဦး၊ Quiz ဖြေကြရအောင်။ စာလုံးပေါင်း သတ်ပုံအမှားကို ရွေးပါ။ #chlish #quiz
Anonymous voting

တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိသည်။ သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။ တောင်ငူရာဇ၀င်အကျဥ်း သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။ သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီးညို လက်ထက်တွင်ဖြစ်သည်။ သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။ တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီတွင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။ နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင် တောင်ငူကို အင်းဝမှ အနောက်ဘက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျှော့ချခံခဲ့ရသည်။ တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓာတ်ကျဆင်းကာ မပြုသင့်ဘဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဘက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။ #Venn #Knowledge

အိတ်ချ်အိုင်ဗွီပိုး နှစ်မျိုးရှိသည်။ ကမ္ဘာပေါ်တွင် အဓိက ကူးစက်ပျံ့နှံ့နေတာက အိတ်ချ်အိုင်ဗွီ-၁ ဖြစ်သည်။ အိတ်ချ်အိုင်ဗွီ-၂ ကို ၁၉၈၆ ခုနှစ်မှာ စတင်စမ်းသပ် တွေ့ရှိခဲ့သည်။ ၎င်းပိုးနှစ်မျိုးသည် ပုံစံဆင်တူသော်လည်း အသေးစိတ်မှာ ကွဲပြားခြားနားကြသည်။ အိတ်ချ်အိုင်ဗွီ-၂ သည် အိတ်ချ်အိုင်ဗွီ-၁ လောက် ကူးစက်မှုနှုန်း မမြန်ပေ။ ရောဂါလက္ခဏာများမှာလည်း အိတ်ချ်အိုင်ဗွီ-၁ လောက် မပြင်းထန်ပေ။ အိတ်ချ်အိုင်ဗွီ-၂ ကို အနောက်အာဖရိက တိုင်းပြည်အချို့မှာသာ တွေ့ရှိရသည်။ #Venn #Knowledge

အေအိုင်ဒီအက်စရောဂါကို ၁၉၈၁ ခုနှစ်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင်တွေ့ရှိ ဖော်ထုတ်နိုင်ခဲ့သည်။ အေအိုင်ဒီအက်စ်ရောဂါသည် ထိုမတိုင်မီကတည်းကပင် ကမ္ဘာပေါ်ရှိနေရာဒေသ အနှံ့အပြားတွင် ရှိနေခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ကပ်ရောဂါအသွင်ဖြင့် အာဖရိက၊ အမေရိက နိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ဖြစ်ပွားခဲ့သည်။ ရောဂါပေါ်ကာစအချိန်က အနောက်နိုင်ငံသား ယောက်ျားချင်း လိင်တူဆက်ဆံသူတွေမှာ အများဆုံး တွေ့ခဲ့ရပြီး နောက်ပိုင်းတွင်တော့ ဖိုမဆက်ဆံရာမှ၊ မူးယစ်ဆေးသုံးစွဲရမှ ကူးစက်ကုန်ကြသည်။ အာရှနိုင်ငံများတွင် မူးယစ်ဆေးအကြောထဲထိုးသုံးတဲ့ လူတွေဆီမှာ ရောဂါပိုး စတွေ့ခဲ့သည်။ ရောဂါပိုးသည် စတွေ့ခဲ့တဲ့လူတွေဆီမှာသာ ရှိနေခြင်းမဟုတ်ဘဲ ထိုမှတစ်ဆင့် ပြည့်တန်ဆာအမျိုးသမီးများဆီသို့၊ ပြည့်တန်ဆာအမျိုးသမီးများမှ လိင်အပျော်အပါးလိုက်စားတဲ့ အမျိုးသားများဆီသို့၊ လိင်အပျော်အပါး လိုက်စားသည့် အမျိုးသားများမှတဆင့် ယင်းတို့၏ ဇနီးများဆီသို့ အဆင့်ဆင့် ကူးစက်ခဲ့သည်။ အမျိုးသမီးများကို ရောဂါပိုးကူးသွားသည့်အခါ ၎င်းတို့ ကိုယ်ဝန်ဆောင်သည့်အချိန်တွင် သန္ဓေသားကိုပါ တဆင့် ကူးစက်ပြန်လေသည်။ #Venn #Knowledge

Cyber security ဆိုတာဘာလဲ? Business organization တွေမှာ cyber security ဆိုတာ ကိုယ့်ရဲ့ access, reputation တွေနဲ့ data တွေကို protect လုပ်ထားခြင်းပါ။ 2020 ရဲ့ February လမှာ cyber crime ပေါင်း 623 million အထိရှိနေခဲ့ပါတယ်။ cyber security က အလွန်အရေးကြီးကြောင်း ကျွန်မတို့တွေ သတိထားမိတာတော့ ဆယ်စုနှစ်မကရှိနေပါပြီ။ လက်ရှိလည်း အရေးကြီးဆုံးဖြစ်နေဆဲပါပဲ။ လေ့လာချက်တွေအရဆို organization ၁၀ ခုမှာ ၄ ခုက Cyber attacks တွေနဲ့ ရင်ဆိုင်ရပါသတဲ့။ အဲ့လို attack လုပ်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါသလဲ ? စဉ်းစားကြည့်ရအောင်နော် (၁) ဂုဏ်သိက္ခာညှိုးနွမ်းရခြင်း တိုက်ခိုက်ခံရပြီဆိုတည်းက ပထမဦးဆုံးကြုံတွေရမှာက ဂုဏ်သိက္ခာကျဆင်းရခြင်းပါ။ မိမိရဲ့ client တွေကိုတောင် ဆုံးရှူံးရနိုင်ပါတယ်။ client တွေက မိမိရဲ့ personal data တွေ financial details တွေ အပ်နှံထားရတာကြောင့် တစ်ခါလောက် breach ဖြစ်သွားတာနဲ့ client တွေရဲ့ ယုံကြည်မှု ကိုပြန်လည်ရရှိဖို့တောင်မလွယ်တော့ပါဘူး။ (၂) များပြားလွန်းတဲ့ ငွေကြေးဆုံးရှူံးမှုများ Hacker တဦးဟာ မိမိရဲ့ organization ကို ဝင်ရောက် နိုင်ဖို့နဲ့ ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တဲ့အတွက် တစ်ကြိမ် hack ခံရပြီဆိုတာနဲ့ မိမိ organization မှာရှိတဲ့ ငွေကြေးတွေ၊ personal information တွေကို စိတ်ကြိုက် ရောင်းချမှာ ခြယ်လှယ်မှာဖြစ်ပါတယ်။ Ponemon Institute ရဲ့ လေ့လာချက်အရ hack ခံရပြီးနောက်မှာ အသေးစား စီးပွားရေးလုပ်ငန်းတခုအတွက် mitigating cost က $69,0000 လောက်ဖြစ်ပြီးတော့ အလတ်စား စီးပွားရေးတခုအတွက်ဆိုရင် $1 million အထိရှိပါတယ်။ (၃) အဖွဲ့အစည်းအတွင်းအရေးယူရခြင်း Hack ခံရပြီးနောက်မှာ management level ဟာ ချိုးဖောက်ခံရခြင်းအတွက် တာဝန်ယူရမှာဖြစ်ပါတယ်။ ဝန်ထမ်းတယောက်ရဲ့ အမှားကြောင့်ဖြစ်တယ်ဆိုရင်တော့ အလားတူထပ်မဖြစ်ဖို့အတွက် တင်းတင်းကြပ်ကြပ် အရေးယူရတော့မှာပါ။ မိမိတို့ရဲ့ ဝန်ထမ်းတွေအတွက် စိုးရိမ်ပူပန်မှုတွေမြင့်တက်စေပြီး စိတ်ဖိစီးမှုတွေ ရှိလာတော့မှာပါ။ (၄) လုပ်ငန်းအားပိတ်သိမ်းရခြင်း U.S National Cyber Security Alliance ရဲ့ထုတ်ပြန်ချက်အရ အသေးစားစီးပွားရေးလုပ်ငန်းတွေရဲ့ ၆၀ ရာနှုန်းဟာ cyber attack နဲ့ကြုံတွေရအပြီးမှာ နာလန်ထူနိုင်ခြင်းမရှိတော့တဲ့အတွက် ၆ လအတွင်း ပိတ်သိမ်းရပါတော့တယ်။ ပြန်လည်ထူထောင်နိုင်ရင်တောင် mitigating cost ကအရမ်းများတဲ့အတွက် မိမိတို့ရဲ့ operational structure တွေကိုပြောင်းလဲရပါတော့တယ်။ service ရဲ့ quality ဟာအရင်နဲ့မတူအောင် ကျဆင်းသွားလေ့ရှိပါတယ်။ အထက်ပါ အကျိုးဆက်တွေကြောင့် cyber security ကအရေးကြီးတယ်ဆိုတာ ထပ်ပြောဖို့လိုမယ်မထင်တော့ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ရဲ့ organization အတွက် cyber security ကောင်းဖို့ အစွမ်းကုန် ပြင်ဆင်ထားဖို့လိုပါတယ်။ #Venn #Knowledge #Crd

ပညာနှင့် သညာ ခွဲခြားတတ်သူဖြစ်ပါစေ မွေးခြင်းနှင့် သေခြင်းကြားကာလကို ဘဝတစ်ခုဟု အဓိပ္ပါယ်သတ်မှတ်ကြသည်။ မွေးပြီးမှစ၍ မသေခင်အထိ အကြောင်းအရာအချက်လက်တော်တော်များများကို ကိုယ်က လက်ဆင့်ကမ်းယူခြင်းနှင့် လက်ဆင့်ကမ်းပေးခြင်း တာဝန်များကို လုပ်ဆောင်ရသည်။ ကမ္ဘာလောက သက်ရှ်တိုင်းတွင် အတွေ့အကြုံကို လက်ဆင့်ကမ်းပေးသည့် အလေ့အထမှာ မျိုးစိတ်တိုင်းတွင်ရှ်သည်။ ထို့သိုမှတ်သားထားသောအတွေ့အကြုံကို သညာ ဟူ၍သာ အဓိပ္ပါယ်ဖွင့်ချင်သည်။ ထိုသတ္တဝါများထဲမှ အများနှင့်မတူ တမူထူခြားသည်မှာ လူ ဖြစ်သည်။ လူတို့သည် အတွေ့အကြုံကိုသာမကပဲ အတွေးအကြံကိုပါ လက်ဆင့်ကမ်းလေ့ရှိသည်။ အတွေးအကြံပါမှ ပညာဟူ အဓိပ္ပါယ်ဖွင့်ချင်သည်။ ကျွန်တော်တို့သည် ရှေ့က နောင့်တော့်နောင့်တော်တွေ ကျက်ခဲ့သည့်စာတိုင်း အာဂုံဆောင်နိုင်ရုံဖြင့်ပညာတတ်မဖြစ်၊ သညာတတ်တော့ဖြစ်သည်။ သညာတတ်၏ သဘောသဘာဝအရ လောကတွင်လုပ်ကိုင်စားသောက်လ်ု့တော့ရသည်။ ဒါပေမယ့် ကျိုးကြောင်းစပ်ဆက်တတ်သော အသိဉာဏ်မပါ၍ အမှားများလာမည်။ ဥပမာဆိုရမည်ဆိုလျှင် သင်ရတာအရမ်းပျင်းဖို့ကောင်းသော မြန်မာစာတွင် ရေးတော့အမှန် ဖတ်တော့အသံဆိုသော စကားရှိသည်။ ကျွန်တော်တို့တွေဟာ ဒီစကားမှာပဲရပ်ခဲ့ကြသည်။ ဒီစာလုံးကိုဒီလိုဆင့်လိုက်ရင် ဒီအသံဘာကြောင့်ထွက်သလဲဆိုတာမသိချင်ကြပါ။ ထို့အတူပင် eng Math chem phy bioစတဲ့ ဘာသာရပ်များတွင်လဲ ဤသို့စဉ်းစားမှုမပြု၊ ကျောင်းတွင်ချပေးတဲ့အတိုင်းသာ သင်နေကြသည်။ သညာအတိုင်းသွားနေခဲ့ကြသည်မှာ ကြာမြင့်လာတော့ စာတစ်အုပ်နှစ်အုပ်မျှသာဖတ်သောသူများက မပြည့်သည်အိုးဘောင်ပင်ခတ်ကာ ကျောင်းတွင်ပညာမရှိဟု ဆိုလာကြသည်။ #thadar #knowledge

မိန်းကလေးတစ်ယောက် သေဆုံးသွားသည်။ သေမင်းက ... "လာ ... ကလေးမလေး သွားဖို့ အချိန်တန်ပြီ" မိန်းကလေး - "ဟင် ... မြန်လိုက်တာ ... သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီးကျန်သေးတယ်" သေမင်း - "တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ ..." မိန်းကလေး - "ဦးလက်ထဲက သေတ္တာထဲမှာ ... ဘာတွေထည့်ထားတာလဲ?" သေမင်း - "မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ" မိန်းကလေး - သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား ..." သေမင်း - "အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး ... အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ" မိန်းကလေး - "သမီးရဲ့ မှတ်ဉာဏ်တွေလား" သေမင်း - "မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ" မိန်းကလေး - "ဒါဆို သမီးရဲ့ ပညာလား" သေမင်း - "ပညာက...ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ" မိန်းကလေး - "သမီးရဲ့ မိတ်ဆွေတွေလား" သေမင်း - "မဟုတ်ဘူး... မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့ ဧည့်သည်တွေ" မိန်းကလေး - "ဒါဆို သမီးရဲ့ ချစ်သူ လား" သေမင်း - "မဟုတ်ဘူး ... သူက မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ" မိန်းကလေး - "ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်" သေမင်း - "ဟင့်အင်း ... ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ" မိန်းကလေး - "ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိဉာဉ်လား" သေမင်း - "သနားစရာကောင်းတဲ့ မိန်းကလေးရယ် ... မင်းရဲ့ ဝိဉာဉ်က ငါနဲ့ပဲဆိုင်တာ" မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီး ဇောချွေးပြန်လာသည်။ သူ မစောင့်နိုင်တော့ပဲ သေမင်းလက်ထဲက သေတ္တာလေးကို ဆွဲယူဖွင့်လိုက်သည်။ အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။ သူ အသည်းကွဲသွားသည်။ မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည် "သမီး ဘယ်တုန်းကမှ ... ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ ဟုတ်သလား ..." သေမင်း - "ဟုတ်တယ် ... မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး" ……………………… မိန်းကလေး - "ဒါဆို ဘယ်အရာက ... သမီးနဲ့ ဆိုင်ခဲ့သလဲ ..." သေမင်း - "မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်၊ လူ့ဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။ မှတ်ချက် ။ ။ သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူမဟုတ်ပါ၊ သင့်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။ သင့်ရဲ့ ... စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။ သေမင်းသေတ္တာထဲမှာ ထည့်သွားနိုင်တဲ့ ... ဒါန၊ သီလ၊ ဘာဝနာ များကို ပြုပါ။ Credit; #Knowledge #𝐌𝐨𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 #Ruby

မင်မင်ရဲ့ limited ပြည့်သွားပြီဗျ ၈ခုကျော်သွားပြီဖြစ်တဲ့အတွက် မင်မင်နားပါပြီ ကျေးဇူးတင်ပါတယ် bb #thadar

1963တွင် လုပ်ကြံသတ်ဖြတ်ခံရသော အမေရိကန်သမ္မတကိုရွေးပါ #thadar
Anonymous voting

ဆရာမင်းယုဝေ သည် မည့်သည်ခုနှစ်တွင် အသက်မည်မျှဖြင့် ကွယ်လွန်ခဲ့သနည်း။ #thadar
Anonymous voting

ဆရာ မင်းသုဝဏ်သည် မည်သည့် ခုနှစ်တွင် NLD ကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ် အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သနည်း။ #thadar
Anonymous voting

သမ္မတဟောင်း ဦးထင်ကျော်၏ ဖခင်မှာ.. ........ဖြစ်သည်။ #thadar
Anonymous voting