es
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Ir al canal en Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Mostrar más
8 234
Suscriptores
-424 horas
-517 días
-16030 días
Archivo de publicaciones
Repost from MWD News
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များမသန်စွမ်းအားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးပြီးဆုများပေးအပ်ချီးမြှင့်သည်။ နေပြည်တော် ဒီဇင်ဘာ ၅

ပြည်သူ့စစ်မှုထမ်းတွေ တိုင်းပြည်အခြေအနေအရ လိုအပ်နေတာ အများစု လက်ခံကြတယ်။ ဒါပေမဲ့ စစ်မှုထမ်း လက်ရှိ ခေါ်ယူနေတဲ့ ပုံစံ၊ အခြေအနေတွေကို ကျေနပ်ကြလား သိချင်ပါတယ်။
Anonymous voting

ပြည်သူ့စစ်မှုထမ်း ပြည်သူ့စစ်မှုထမ်းတွေအဖြစ် ဝင်ဖို့ရှောင်နေကြတဲ့ အဓိက အကြောင်းအရင်းတစ်ခုရှိတယ်။ အဲ့ဒါကတော့ သင်တန်းပြီးပြီးချင်း တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းကို ပို့ပစ်တာပါ။ တချို့ဆိုရင် အဝိုင်းခံနေရတဲ့ စခန်းထဲ တန်းပို့တာ။ သင်တန်းဘယ်လောက် တက်တက် လက်တွေ့စစ်မြေပြင်ဆိုတာ အပုံကြီးကွာပါတယ်။ တချို့က ကလေးသာသာရယ်ပါ။ အဲ့ဒီတော့ အသေအပျောက်များပါတယ်။ တကယ်ဆို ပထမအသုတ်စခေါ်တဲ့ အချိန်က နောက်တန်းမှာပဲ နေရမယ်။ ဂိတ်စခန်း လုံခြုံရေးအဖြစ် တာဝန်ပေးမယ်ဆိုပြီး ခေါ်ခဲ့တာပါ။ အခုက လိမ်ခေါ်ခံသလို ခံစားနေကြရတဲ့သူတွေ အများကြီးရှိတယ်။ ဂိတ်လုံခြုံရေးတွေမှာတော့ ဝါရင့်တဲ့သူတွေပဲ ဆက်ပြီးနေရာချထားပါတယ်။ စားတာ ဝါရင့်တာပြောပါတယ် 🤭 အဲ့ဒီအစား စားဖားကြီးတွေကို ရှေ့တန်းပို့ပြီး လုံခြုံရေးအဖြစ် စစ်မှုထမ်းတွေကို နေရာချကြည့်ပါ။ လူငယ်တွေဖြစ်လို့ ရိုးသားတက်ကြွကြပါတယ်။ လခရ အတွေ့အကြုံများလာမှ ရှေ့တန်းပို့ရင် အထိအခိုက်လဲ ပိုနည်းလာပါမယ်။ ဖိုးထောင် https://t.me/privatephoehtaung

ပြည် ဒကစမှူးကတော့ နဝဒေးတံတားကို စိုးမိုးထားတဲ့ ဧရာဝတီကမ်း မင်းကြီးတောင်ပေါ်မှာ စတင် ခံစစ်ပြင်နေပြီလို့ သိရပါတယ်။ တောင်ကုတ်လမ်းအတိုင်း ဆင်းလာနိုင်တဲ့ ဓာတ်ခဲများကို ရင်ဆိုင်ဖို့ပါ။ စစ်ဆိုတာ ပြင်ဆင်မှုအားကောင်းတဲ့သူ အနိုင်ရမှာပဲ။ နီးတယ် ဝေးသေးတယ်လုပ်‌နေတာထက် ပြင်ဆင်ထားတာ အလုပ်လုပ်တာကို အားပေးရပါမယ်။ Info crd - အမွှေစိန် https://t.me/privatephoehtaung

Repost from Thazin Oo 🇲🇲
❗️❗️❗️❗️❗️❗️ တတက(၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဦးဆောင်တဲ့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့များမှ သပိတ်ကျင်းမြို့
+6
❗️❗️❗️❗️❗️❗️ တတက(၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဦးဆောင်တဲ့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့များမှ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကို 5.12.2024 မနက် (၁၀) နာရီတွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ 🇲🇲သဇင်ဦး https://t.me/Thazinoo969

အပစ်ရပ်ဖို့ ရည်ရွယ်ပြီး ဖမ်းဆီးခံရတဲ့ စစ်သည်နဲ့ ရဲတွေ MNDAA က လွှတ်ပေးဖို့ လုပ်နေပါတယ်။ ဒီဖက်ပြန်ရောက်ဖို့တော့ အချိန်တစ်ခု စောင့်ရမှာပါ။ မကြာလောက်ဘူး မျှော်လင့်ပါတယ်။ ပြန်ဆုံစည်းမဲ့ မိသားစုတွေ အတွက်တော့ ဝမ်းသာစရာပါပဲ။ https://t.me/privatephoehtaung

Repost from ShwePoe Oo
အသိအုပ်ကြီးတွေတော့ အကုန်လုံး ငြီး နေကြပြီ တချို့ဆို ထွက်စာပါတင်ထားကြတယ် " ပြည်သူ့စစ်မှုထမ်း ၁ လ ၂ယောက်ရှာမရလို့ " တဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စက တကယ်တမ်းလုပ်မယ်ဆို လွယ်လွယ်လေးရယ် ပထမဆုံး ထိပ်တန်းအနုပညာရှင်တွေရယ် ထိပ်တန်းလူကြီးသားတွေရယ် ထိပ်တန်းသူဌေးသားတွေရယ် ကိုအလှည့်ကျစစ်မှုထမ်းခိုင်းလိုက် လူငယ်တွေအားကျပြီး ဝင်လာလိမ့်မယ် " ငါက တပ်ချုပ်ကြီးသားနဲ့တစ်ပတ်စဉ်တည်းကွ " " ငါက ဦးတေဇရဲ့သားနဲ့ တစ်ပတ်စဉ်တည်း " " ငါကကျတော့ ဂျီဖတ်နဲ့တပတ်စဉ်တည်း " ဆိုတာမျိုးတွေ ဖြစ်လာလိမ့်မယ် အခုတော့ မေမြို့ကသူဌေးတစ်ယောက်က သူ့သားမဲပေါက်လို့ သိန်း ၈၀ နဲ့အခြားလူတစ်ယောက်အစားထိုးလိုက်ရတယ် တဲ့ ဆိုတော့ လူကြီးရေးဆွဲတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက အနှစ်သာရတွေ ပျောက်သွားသလိုပဲ ပိုက်ဆံရှိရင် လူစားဝယ်ထည့်လို့ရတယ် အစားဝင်မယ်ဆို သိန်း ၈၀ ရမယ် အဲဒီ ၂ချက်နဲ့တင် အခြေခံလူတန်းစားတွေချည်းပဲ ပြည်သူ့စစ်မှုထမ်း ဝင်နေရသလိုဖြစ်နေတယ် လူငယ်တွေ အားကျလောက်တဲ့ အနေအထားတစ်ခုကို ရောက်မှ ဒီစနစ်ကြီးက အောင်မြင်လာမှာ တချို့ကိစ္စတွေ လူကြီးတွေမသိဘူး အောက်မှာပဲ အဆင်ပြေသလိုလုပ်နေကြတာ လုပ်မရတဲ့ ရပ်ကွက်နယ်မြေတွေက အုပ်ကြီးတွေ ထွက်စာတင်ကုန်ကြပြီ အခြေခံအုပ်ချုပ်ရေးယန္တယားကို ပဒက်တွေကဖျက်လိုက် သူ့ဖာသာပျက်လိုက်ဖြစ်နေပြီ

ဖလမ်းမှာလဲ ချင်းတွေ တိုက်ပွဲပြန်စနေပါပြီ။ ရန်သူအင်အားများပါတယ်။ တပ်က စစ်မျက်နှာများနေတာကို အခွင့်အရေးယူပြီး ပွဲဖြတ်ဖို့ ကြိုးစားမဲ့ပုံပါ။ လုပ်နိုင်တာ ကူညီပေးကြပါဦး။ https://t.me/privatephoehtaung

ဒီနေ့တော့ ငှက်တွေ ဆောင်းမခိုဘူး။ အကုန်ရခိုင်မှာ ဝဲနေတယ်။ ရခိုင်သားစားမယ်။ https://t.me/privatephoehtaung

အမ်းအခြေအနေ ဖိုးထောင် မသိတော့ပါဘူး။ ဖိုးထောင်ရဲ့ သတင်းပေးနဲ့ အဆက်အသွယ်နဲ့ ပြတ်သွားပါပြီ။ နောက်ဆုံးသိခဲ့ရသလောက် တိုင်းထဲမှာ ပိတ်မိနေကြပါတယ်။ ဆင်းပြေးစရာ အမ်းမြစ်တောင် မရှိပါ။ ဟိုဖက်ကမ်းမှာ ရန်သူရှိပါတယ်။ https://t.me/privatephoehtaung

သတင်းကောင်း လားရှိုးထောင်ကနေ ဖမ်းခံထားရတဲ့ စစ်သည်တွေကို လွှတ်ပေးနေတယ် သိရပါတယ်။ မနေ့က ၄၈၉ ဦးလွတ်လာတယ် ကြားရပြီး ထပ်လွှတ်ဖို့ရှိတယ် သိရပါတယ်။ https://t.me/privatephoehtaung

ပိတ်ဆို့ ခံနေရတဲ့ တပ်စခန်း၊ မြို့တစ်ခုကို လေကြောင်းက အကူ၊ ရိက္ခာ၊ ခဲယမ်းပို့ပေးရုံနဲ့ ကာကွယ်လို့ မရဘူး။ လားရှိုးတုန်းက တစ်ခါ သိခဲ့ပြီးပြီ။ ခု အမ်းမှာလဲ ထပ်သိရပြီ။ မြေပြင်ထိုးစစ်တစ်ခုနဲ့ ဝိုင်းထားတဲ့ရန်သူတွေကို ရှင်းလင်းမှသာ ကာကွယ်နိုင်ပါမယ်။ ဗျူဟာတွေ ပြင်ဆင်သင့်နေပြီထင်ပါတယ်။ https://t.me/privatephoehtaung

တပ်မတော်အခြေအနေက နောင်ချို တောင်ခမ်းမှာ အသာရတယ်။ ပအို့ဝ်နယ်မြေမှာ PNO နဲ့ ပူးတွဲစစ်ဆင်ရေးတွေမှာ အသာရတယ်။ ကျန်တဲ့နေရာမှာတော့ ဘယ်နေရာမှ အသာရနေတာ မရှိပါဘူး။ ရခိုင်ပြည်နယ်ကတော့ အဆိုးဆုံးအခြေအနေရောက်နေပါတယ်။ တိုင်းစစ်ဌာနချုပ်နောက်တစ်ခုကျရင် ဂုဏ်သိက္ခာအရ အများကြီးရှုံးပါမယ်။ https://t.me/privatephoehtaung

KIA က အထူးဒေသ ၁ ကို ထိုးစစ်‌အောင်မြင်သွားတဲ့ အတွက် ဗန်းမော်နဲ့ မံစီကို ဒီနေ့ တိုက်နေပါပြီ။ ဗန်းမော် နဲ့ မံစီကျခဲ့ရင် ကသာနဲ့ အင်းတော်က နောက်တစ်ဆင့်ပါ။ ကသာ နဲ့ အင်းတော်ပြီးရင်တော့ ကချင်ပြည်နယ်ဟာ ပြည်မနဲ့ အဆက်ပြတ်ပြီ။ ရန်သူဟာ တစ်ဆင့်ချင်း ဗျူဟာအရ တိုက်နေတာဖြစ်ပါတယ်။ https://t.me/privatephoehtaung/1659

Repost from SittNweOo
မနေ့က Post က စတာ နော်၊ တော်ကြာ အရက် သမားကြီး ထင်နေမယ် ဆိုးလို့😂 ကျနော် တို့က အလုပ် တဖက်နဲ့ ဆိုတော့ သတင်းတွေ သိပ် မတင်ဖြစ်ရင် စိတ် မရှိပါနဲ့ လို့ ပြောလိုတာပါ၊ လစဥ် ကြေး ထားတာ မဟုတ် ကြသလို၊ သတင်း တင်ပြီး ၀င်ငွေ ရှာကြ သူတွေလည်း မဟုတ်ကြပါ၊ တဖက်မှာလည်း အလုပ်တွေ ပစ်ထားပြီး တင်ကြတယ် ဆိုပါတော့၊ တပ်မတော် ကို ချစ်လို့ အကြမ်းဖက် မလိုလား တဲ့ အတွက်ကြောင့် တဖက် တလှမ်းက သတ်နိုင် တဲ့ဖက်က လုပ်ဆောင် နေကြတာပါ။ တဖက်မှာလည်း အသက်အန္တရယ် ရှိကြတယ်၊ စစ်တပ် ထောက်ခံ သူထက် ကျနော်တို့ လော်ဘီတွေကို ပိုပစ်မှတ် ထားခံကြရတယ်၊ ဒီလို ဆိုပြန်တော့လည်း မင်းတို့က ရုပ်မှ ထွက် မပြတာ ဘယ်လို ဖမ်းမိ မလဲတဲ့ ရုပ် မမြင်ဘူး ကြပေမဲ့ ကျနော်တို့ရဲ့ ပတ်၀န်းကျင်မှာလည်း မလိုသူတွေ ရှိကြသည် အလျောက် သတိနဲ့ နေထိုင်ကြရတာပါ။ ကိုယ့် အလုပ်ကို လုပ် ကိုယ့် ထမင်းကိုယ် စားလုပ်ချင်လို့ကို လုပ်နေတယ် ဆိုပါတော့ အသက်ရှင်နေ တရွေ့ကတော့ စစ်တပ် ဘက်က ရပ်တည်ပြီး သတင်းချန်နယ် မှာ ရှိနေအုံးမှာပါ၊ အလုပ်တွေ မအားလို့ သတင်းတွေ မတင်ဖြစ်တဲ့ အခါ စိတ်မပျက်ကြဖို့ ပြောလိုတာပါ။

D.K.B.A ၏ထိပ်ပိုင်းရာထူး(၃)ခုအတွက် တာဝန်ပေးအပ်မှုများပြုလုပ်။ နှစ်ဖက်ချွန် စောဆန်းအောင် စစ်ဦးစီးအရာရှိချုပ် ဖြစ်လာ ဒီမိုကရေစီ
+1
D.K.B.A ၏ထိပ်ပိုင်းရာထူး(၃)ခုအတွက် တာဝန်ပေးအပ်မှုများပြုလုပ်။ နှစ်ဖက်ချွန် စောဆန်းအောင် စစ်ဦးစီးအရာရှိချုပ် ဖြစ်လာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (D.K.B.A)၏ ထိပ်ပိုင်းရာထူး(၃)ခုအတွက် ယမန်နေ့ ဒီဇင်ဘာ ၃ ရက်က ဗဟိုစစ်ဌာနချုပ်ရုံး(ဆုံဆည်းမြိုင်)တွင်ပြုလုပ်ခဲ့သည့် (၃/၂၀၂၄)ဗဟိုအလုပ်မှုဆောင်ကော်မတီ(CEC) အစည်းအဝေးအပြီးတွင် တာဝန်ပေးအပ်မှုများပြုလုပ်ခဲ့ကြောင်း ကလို့ထူးဘောစစ်ဌာနချုပ်ထံမှ သိရသည်။ D.K.B.A ၏ ဒု-စစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်နှင့် ဗဟိုအကြံ‌ပေးအဖွဲ့(နာယက)ရာထူးများနှင့်ပတ်သက်၍ အစည်းအဝေးဆုံးဖြတ်ချက်အရ တာ၀န်များပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့တာဝန်များပေးအပ်ခဲ့မှုကြောင့် D.K.B.A ၏ ဒု-စစ်ဦးစီးချုပ်မှာ ဒု-ဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ်မှာ ဗိုလ်ချုပ် စောဆန်းအောင်နှင့် ဗဟိုအကြံပေးအဖွဲ့(နာယက)မှာ ဒု-ဗိုလ်ချုပ်ကြီး စောတော့ခူး ဖြစ်လာကြောင်းသိရသည်။

ဆီးရီးယားမှာတော့ သူပုန်တွေ ထိုးစစ်ကို ဒါမျိုးတွေ သုံးပြီး အမှုန့်ကြိတ်ပစ်တာ။ မြန်မာ့တပ်မတော်မှာလဲ ဒါမျိုးတွေရှိပေမဲ့ ထုတ်မသုံးဘူး။ ဘယ်တော့မှ သုံးမလဲလဲ မသိဘူး။ https://t.me/privatephoehtaung

" စစ်မြေပြင်မှာ ငါသေသွားခဲ့ရင်... ငါ့သက်မဲ့ခန္ဓာကို ခေါင်းတလားထဲထည့်ပြီး နောက်တန်းပြန်ပို့လိုက်ပါ၊ ငါရခဲ့ဘူးတဲ့ စစ်မှု့ထမ်း တံဆိပ်တွေကို ငါ့ရဲ့ရင်ဘတ်မှာချိတ်ဆွဲလို့ ငါ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်ဆိုတာ မေမေ့ကို ပြောပေးပါ၊ ဖေဖေ့ကိုလည်း စိတ်အေးလက်အေး နေလို့ရပြီလို့ ပြောပေးပါ ဘာလို့လည်းဆိုတော့ သူငါ့အတွက် ထပ်ပူပန်စရာမလိုတော့လို့၊ ညီငယ့်ကိုလည်း စာကိုသာကြိုးစားပါလို့ပြောပေးပါ ငါ့ဆိုင်ကယ်က သူ့အတွက် ဖြစ်သွားပြီလို့၊ ညီမလေးကိုလည်း အရှိတရားကို လက်ခံဖို့ပြောပေးပါ၊ သူ့အကိုကြီးဟာ ဒီညနေဝင်ချိန်နဲ့အတူ ပျောက်ကွယ်သွားပြီဆိုတာ၊ အချစ်ရဆုံး ချစ်သူလေးလည်း မငိုပါနဲ့လို့ ကိုယ်ဟာ စစ်သားဖြစ်လို့ တစ်နေ့သေရမှာပဲလို့.. ။ ။ " https://t.me/privatephoehtaung

အမ်းကို တက်ကြိတ်မယ်ဆိုပြီး စာတင်တဲ့ အချိန်ထဲက NCA မျှော်မနေပဲ လိုင်ဇာက ထွန်းမြတ်နိုင်အိမ် ဗုံးကြဲရှင်းလင်းခဲ့ရမှာ။ ရခိုင်က စစ
အမ်းကို တက်ကြိတ်မယ်ဆိုပြီး စာတင်တဲ့ အချိန်ထဲက NCA မျှော်မနေပဲ လိုင်ဇာက ထွန်းမြတ်နိုင်အိမ် ဗုံးကြဲရှင်းလင်းခဲ့ရမှာ။ ရခိုင်က စစ်သည်တွေအကြောင်းတွေးမိရင် ငြိမ်းချမ်းရေးဆိုတဲ့စကား ကြားကို မကြားချင်တော့တာ https://t.me/privatephoehtaung/2124

တောင်ခမ်း အမတ ၄၀၆ ကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ တောင်ခမ်းမှာ တပ်မတော်ရဲ့ အောင်ပွဲတွေ တန်းစီနေပါပြီ။ နယ်မြေရှင်းလင်းရေးပြီးရင် နောင်ချိုကို စစ်မျက်နှာ ၂ ဖက်နဲ့ ထိုးစစ် စနိုင်ပါတော့မယ်လို့ သတင်းကောင်းပါးပါရစေ အမျိုးတို့ https://t.me/privatephoehtaung/1823