MFSD
Ir al canal en Telegram
- မီးဘေးလုံခြုံရေး။ - သဘာဝဘေးအန္တရာယ် ကာကွယ်ရေး။ - ရှာဖွေကယ်ဆယ်ရေး။ - ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။
Mostrar más5 735
Suscriptores
-424 horas
+297 días
+4030 días
Archivo de publicaciones
5 735
+2
၂၈.၁၀.၂၀၂၆ ရက်နေ့၊ ၁၉ ၂၅ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်မီးသတ်စခန်းနှင့် (၅)မိုင်အကွာ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၂/၂)တွင် ယာဉ်တိမ်းမှောက်ပြီး လူ(၁)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် အုတ်ဖိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး ယာဘက် ခြေထောက်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ဓမ္မဝိယဇသူနာတင်ယာဉ်ဖြစ် အုတ်ဖိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
5 735
+1
၂၈.၁၀.၂၀၂၆ ရက်နေ့၊ ၁၇ ၁၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် အမှတ်(၃)ရပ်ကွက်၊ သဇင်လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေတာရှည်မြို့နယ်မှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+1
၂၈.၁၀.၂၀၂၆ ရက်နေ့၊ ၁၅ ၅၀ အချိန်ခန့်၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ စံပယ်လမ်းနှင့် တော်ဝင်ရတနာလမ်းထောင့်တွင် ဆိုင်ကယ်နှင့် မြေသယ်ယာဉ်(၁)စီး တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၆ ၄၀ အချိန် ပြီးစီးပါသည်။ အဆိုပါဖြစ်ကြောင့် ဆိုင်ကယ်ပေါ်ပါ ကျား(၂)ဦး(ေ-သဆုံး)အား လူငယ်တွဲလက်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
5 735
+1
၂၈.၁၀.၂၀၂၆ ရက်နေ့၊ ၀၇ ၁၅ အချိန်ခန့်၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကုတင်(၁၀၀)ဆေးရုံအတွင်းတွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
5 735
+2
၂၈.၁၀.၂၀၂၆ ရက်နေ့၊ ၀၅ ၅၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းတွင် ယာဉ်(၁)စီး ဓာတ်တိုင်ဝင်တိုက်ပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+1
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၉ ၃၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မေသင်္ကြန်အဖျော်ယမကာစတိုးဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၉ ၄၀ အချိန် မီးငြိမ်းပါသည်။
5 735
+2
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၉ ၃၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ (၅၀)တောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟင်္သာတခရိုင်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ ဟင်္သာတနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဥယျာဉ်တောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၉ ၅၂ အချိန် မီးငြိမ်းပါသည်။
5 735
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၇ ၁၅ အချိန်ခန့်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ကံကော်အိမ်ရာတွင် မြွေဝင်ရောက်နေကြောင်း အကူအညီတောင်းလာသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ပါသည်။
5 735
+3
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၆ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆီယိုဖိတ်မှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် Foam ဆေးရည်ဖြင့် ဖုံးအုပ်ခြင်း၊ အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၇ ၀၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ ပဒံလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၇ ၁၀ အချိန် မီးငြိမ်းပါသည်။
5 735
+1
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၅ ၂၃ အချိန်ခန့်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မေယု(၁)လမ်းဘေးတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၅ ၄၅ အချိန် မီးငြိမ်းပါသည်။
5 735
+2
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၃ ၄၅ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတနော်မြို့၊ အရှေ့ပိုင်းရပ်ကွက်တွင် နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သတင်းရရှိသဖြင့် ပန်းတနော်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။
5 735
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၁၁ ၃၈ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့ဦးရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ ၄၅ အချိန် မီးငြိမ်းပါသည်။
5 735
+2
၂၇.၁၀.၂၀၂၆ ရက်နေ့၊ ၀၈ ၀၀ အချိန်၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရုံးရပ်ကွက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+2
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၂၃ ၂၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သီရိမင်္ဂလာရပ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အမှတ်(၄)နှင့်(၅)အရန်မီးသတ်စခန်းတို့မှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၃ ၃၄ အချိန် မီးငြိမ်းပါသည်။
5 735
+2
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၇ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေးဝန်းအနောက်ရပ်ကွက်၊ အထက်ကမ်းနားလမ်း၊ (၃၄x၃၅)လမ်းကြား၊ မြန်မာ့သစ်လုပ်ငန်း၊ ဖောင်ဖွဲ့ရေးလုပ်ငန်းစု ဝန်ထမ်းအိမ်ရာ၊ ဝန်ထမ်းလိုင်းခန်းပေါ်သို့ သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒေးဝန်းအနောက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+4
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၇ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချမ်းအေးသာစံအနောက်ရပ်ကွက်၊ (၂၉)လမ်း၊ (၈၄x၈၅)လမ်းကြားနှင့် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ (၈၁)လမ်း၊ (၃၄x၃၅)လမ်းကြားတို့တွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ချမ်းအေးသာစံအနောက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သီရိဟေမာ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+2
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၈ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေးဝန်းအရှေ့ရပ်ကွက်၊ (၃၇)လမ်း၊ (၈၇)လမ်းထောင့်တွင် သစ်ပင်လဲကျနေကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရတနာဘုမ္မိအနောက်အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျောက်ဝိုင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မန်းမြို့ဈေးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+1
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၇ ၁၂ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရတနာဘုမ္မိအနောက် ရပ်ကွက်၊ (၈၅)လမ်း၊ (၃၆x၃၇)လမ်းကြား၊ မြင်းကလေးရပ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရတနာဘုမ္မိအနောက်အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
5 735
+2
၂၆.၁၀.၂၀၂၆ ရက်နေ့၊ ၁၉ ၅၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေးဝန်းအရှေ့ရပ်ကွက်၊ (၈၇)လမ်း၊ (၄၀x၄၁)လမ်းကြားရှိ ကွမ်းခြံစာတိုက် အဆောက်အဦပေါ်သို့ သစ်ပင်လဲကျ၍ ပိမိနေကြောင်းသတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရတနာဘုမ္မိအနောက်အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျောက်ဝိုင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
