es
Feedback
ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

Ir al canal en Telegram

𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 🪉𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲

Mostrar mĂĄs
609
Suscriptores
Sin datos24 horas
-47 dĂ­as
-1130 dĂ­as
Archivo de publicaciones
⋒ လည်ရင်ဘာကြောင့်နံရတာလဲ? ⋒ နှာစေးရင်ဘာလို့နှပ်ချေးထွက်တာလဲ? ⋒ ဆီးတွေအရမ်းများလာရင်ဆီးအိမ်က ပေါက်ကွဲထွက်တတ်လား? ── ⋅   ⋅ ──────⠀♡⠀────. .── ♡彡      ပေါက်ပေါက်ရှာရှာမေးခွန်းတွေဆိုပြီး တွေးမိကြမှာပါ။ ပုံမှန်ကလေးတွေ ပေါက်ကရလိုက်မေးတဲ့မေးခွန်းမျိုးလို့ထင်တတ်ကြမှာပါ။ ဒါဆိုဒါတွေကဘာကြောင့်ဖြစ်တာလဲ ဘာလို့ဒီလိုဖြစ်ရတာလဲရောတွေးဖူးကြလား။ ဒီနေ့တော့အမင် ထူးဆန်းတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေ၊ လူတွေရဲ့ အလေ့အကျင့်တွေအကြောင်း ကိုဖတ်ဖူးတဲ့အထဲကပြန်လည်မျှဝေသွားမှာပါ။ ── ⋅   ⋅ ──────⠀♡⠀────. .── ␼ လေလည်ရင်ဘာကြောင့်နံရတာလဲ ♡彡     လေလည်တယ်၊ အီးပေါက်တယ်ဆိုတာ လူတိုင်းလုပ်တဲ့အလုပ်ပါ။ အနံ့ထွက်လာရင်တော့ ရှက်စရာကောင်းတာပေါ့လေ။ ဒီနံတာကရော ဘာကြောင့်လဲလို့ မတွေးမိကြဘူးလား။ ♡彡     ‌လူတွေထမင်းစား၊ ရေသောက်တဲ့အခါ လေတွေကိုပါမျိုချမိကြပါတယ်။ အဲဒီလို မျိုချမိတဲ့လေတွေကို ပြန်ထုတ်တဲ့နည်းလမ်းဟာ လေလည်တာပါ။ လည်လိုက်တဲ့လေတွေထဲမှာပါတဲ့ ဟိုင်ဒရိုဂျင်ဆလဖိုက်နဲ့ အမိုနီးယား ဂက်စ်တွေမှာ အနံ့တွေရှိကြပါတယ်။ ဒါကြောင့် အီးပေါက်ရင် အနံ့နံရတာပါတဲ့။ ‌── ⋅   ⋅ ──────⠀♡⠀────. .── ␥‌နှာချေရင်ဘာကြောင့်နှပ်ချေးထွက်တာလဲ ‌ ♡彡     ‌လူတစ်ယောက်ရဲ့ အသက်ရှူစနစ် (Respiratory system) ဟာနှာခေါင်းကနေစတင်ပါတယ်။ နှာခေါင်းက အသက်ရှူစနစ်ထဲက ပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်အောင် ခံတပ်အနေနဲ့ တားဆီးထားပါတယ်။ ဝင်လာတဲ့ ဖုန်မှုန့်တွေ ပိုးမွှားတွေကို ဖမ်းယူထားဖို့အတွက် နှာခေါင်းရဲ့အတွင်းနံရံက စေးပျစ်တဲ့ အရည် (mucus) ကိုထုတ်ပေးပါတယ်။ ဒါဟာ အများခေါ်တဲ့ နှာရည်ပါ။ အရည်ဆိုဘာကြောင့် တချို့ နှပ်ချေးတွေက အခဲတွေဖြစ်နေတာလဲဆိုရင်တော့ နှာခေါင်းထဲမှာ ရှိနေတဲ့ အချိန်ပမာဏအပေါ်မှာပဲမူတည်ပါတယ်။ ♡彡     နောက်တစ်ချက်က နှာရည်ဟာ နှာခေါင်းအတွင်းပိုင်းကို စိုစွတ်နေစေပါတယ်။ နှာခေါင်းအတွင်းပိုင်းနံရံ ခြောက်သွေ့ပြီး အက်ကွဲလာရင် တခြားရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ── ⋅   ⋅ ──────⠀♡⠀────. .── ␼ ဆီးတွေအရမ်းများလာရင် ဆီးအိမ်ကပေါက်ကွဲတတ်လား။ ♡彡     ဆီးအရမ်သွားချင်လာတယ်၊ အိမ်သာရှာမရသေးလို့ မသွားရတဲ့ အခြေအနေမျိုးကြုံဖူးကြတယ်မလား။ ဆီးအိမ်ကြီးအရမ်းတင်းလာပြီး ထွက်ကျတော့မယ်လို့ခံစားရတယ်။ ဒါဆိုရင် တကယ်ရော ပေါက်ကွဲသွားနိုင်လားပေါ့နော်။ ── ⋅   ⋅ ──────⠀♡⠀────. .── ♡彡 ဆီးအိမ်ကို ကြွက်သားတွေနဲ့ တည်ဆောက်ထားပါပြီးတော့ ၃၅၀ ကနေ ၅၀၀ မီလီလီတာထိဆန့်ပါတယ်။ ဆီးအိမ်ထဲမှာ ၂၀၀ မီလီလီတာ လောက်ရှိလာရင် စပြီးတော့ ဆီးသွားချင်စိတ်ဖြစ်ပါတယ်။ ၄၅၀ မီလီလီတာမှာ ဆီးထိန်းနိုင်စိတ်ပျောက်သွားပြီးတော့ ဆီးထွက်ကျတာမျိုးဖြစ်မှာပါ။ ♡彡 ပေါက်ကွဲနိုင်လားဆိုတော့ ပေါက်ကွဲနိုင်ပါတယ်။ ဆီးအိမ်မပေါက်ကွဲခင်မှာ မပေါက်အောင် ခန္ဓာကိုယ်က ကာကွယ်တဲ့သဘောနဲ့ ဆီးသွားချင်စိတ်ကို စိတ်နဲ့ ထိန်းချုပ်လို့မရအောင်လုပ်လိုက်ပါတယ်။ ဆီးထွက်သွားတော့ ဆီးအိမ်တင်းတာ လျော့သွားတာပေါ့။ ဆီးအိမ်ပြည့်တင်းနေပြီး ကားတိုက်မိတာ၊ ဗိုက်ပေါ်ပစ္စည်းတွေပြုတ်ကျတာ၊ မတော်တဆမှုတွေမှာ တော့ ဆီးအိမ်ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ ဆီးအောင့်ထားလို့ ဆီးအိမ်တင်းရုံနဲ့ကတော့ ဆီးအိမ်မပေါက်ကွဲဘဲ ဆီးထွက်ကျတာက ပိုဖြစ်နိုင်ပါတယ်။ ▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ── ⋅   ⋅ ──────⠀♡⠀────. .── 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍・ﻌ • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

𝗿𝗲𝗰 𝗻𝗲𝗲𝗱! အခုတစ်လောရီအက်အစုံလေးတွေနည်းလာကြပြီ။ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐊ռ𝛔ωƖᥱժցᥱ
𝗿𝗲𝗰 𝗻𝗲𝗲𝗱! အခုတစ်လောရီအက်အစုံလေးတွေနည်းလာကြပြီ။ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐊ռ𝛔ωƖᥱժցᥱ

ရာသီခွင်များ အကြောင်း ( 𝐑𝐞𝐪𝐮𝐞𝐬𝐭 ) ⎗ . 𝐋𝐞𝐨 ♌ ──────────────── ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ် ကိုယ့် အိမ်မက်နောက်ကို
ရာသီခွင်များ အကြောင်း ( 𝐑𝐞𝐪𝐮𝐞𝐬𝐭 ) ⎗ . 𝐋𝐞𝐨 ♌ ──────────────── ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ် ကိုယ့် အိမ်မက်နောက်ကို သတ္တိရှိ"လိုက်ရဲတယ် ရယ်ရပြီး ခင်ဖို့ကောင်းတယ် အသိအမှတ်ပြု / ချီးမွန်းခံချင်တယ် အာရုံစိုက်ခံရတာ ကြိုက်တယ် ☍ 🍄 ⎗ . 𝐕𝐢𝐫𝐠𝐨 ♍ ──────────────── လုပ်ရည်ကိုင်ရည် ရှိတယ် တာ၀န်သိတတ်တယ် ကိုယ့်ပတ်၀န်းကျင်ကို ပိုကောင်းအောင် လုပ်ပေးချင်တယ် စေ့စပ်သေချာတယ် ဘယ်လို အတားအဆီး မျိုးပဲ ရှိပါစေ ပန်းတိုင်ကို ရောက်အောင် သွားနိုင်တယ် ¤ ⎗ . 𝐋𝐢𝐛𝐫𝐚 ♎ ──────────────── အလှအပ ကြိုက်တယ် စိတ်ကူးယှဉ်ဆန်တဲ့ အချစ် ဒဿနတွေ ရှိတယ် ရန်ဖြစ် / စကားများ ရတာ မကြိုက်ဘူး အေး"ချမ်း"နေချင်တယ် ကျက်သရေ ရှိပြီး ချစ်စရာကောင်းတယ် ⊱ 🫀 ⎗ . 𝐒𝐜𝐨𝐫𝐩𝐢𝐨 ♏ ──────────────── အခက်အခဲတွေကို ကြံ့"ခံ ရင်ဆိုင်နိုင်တယ် လျှို့ဝှက်ချက် များတယ် စိတ်ဓာတ် ပြင်းထန်တယ် အကြောက်အလန့် မရှိဘူး ဘယ်အရာကို မဆို ပြောင်းလဲပစ်နိုင်တယ် 𖤝 𝑩𝒕𝒘 :နောလစ်လေးတွေ ရီကွက်ချင်ရင် •| 🫀 @knowledge_request_bot ♡🏹 #𝐅𝐑𝐗𝐍𝐂_𝐒𝐊𝐘 ♡🏹#𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄 ♡🏹#𝐃𝐎_𝐍𝐎𝐓_𝐂𝐎𝐏𝐘_𝐑𝐄𝐏𝐎𝐑𝐓

ရာသီခွင်များ အကြောင်း ( 𝐑𝐞𝐪𝐮𝐞𝐬𝐭 ) ⎗ . 𝐀𝐫𝐢𝐞𝐬 ♈ ──────────────── သတ္တိရှိတယ် ရဲရင့်တယ် စွန့်စားချင်တယ် မလုပ်ဖူးတာတွ
ရာသီခွင်များ အကြောင်း ( 𝐑𝐞𝐪𝐮𝐞𝐬𝐭 ) ⎗ . 𝐀𝐫𝐢𝐞𝐬 ♈ ──────────────── သတ္တိရှိတယ် ရဲရင့်တယ် စွန့်စားချင်တယ် မလုပ်ဖူးတာတွေ လက်တည့်စမ်းချင်တယ် အနှောင်အဖွဲ့တွေ မကြိုက်ဘူး လိုချင်တာကို ရအောင်ယူတတ်တယ် ۵ ˓˒ 🦢 ⎗ . 𝐓𝐚𝐮𝐫𝐮𝐬 ♉──────────────── အရာရာကို အေး"ဆေး"လုပ်တတ်တယ် တည်ငြိမ်ပြီး ကြင်နာတယ် တိစ္ဆာန်လေး တွေနဲ့ သဘာ၀တရားကြီးကို ချစ်တယ် ရိုး"ချင်း"လေး နေထိုင်ချင်တယ် 𖥔 𖤋 ⎗. 𝐆𝐞𝐦𝐢𝐧𝐢 ♊ ──────────────── သိချင်စိတ် ပြင်းပြတယ် အပြောကြွယ်တယ် တစ်ဖက်လူကို စကားနဲ့ပဲ အပိုင်သိမ်းတတ်တယ် ဘယ်နေရာမှာမဆို လိုက်လျောညီထွေ နေတတ်တယ် သွက်"လက်"ရှိတယ် ရောက်တဲ့နေရာတိုင်းမှာ သူငယ်ချင်း အသစ် ရတယ် 𖠱 🫀 ⎗ . 𝐂𝐚𝐧𝐜𝐞𝐫 ♋ ──────────────── အိမ် မိသားစုကို ချစ်တယ် ဟင်းချက်ကောင်းတယ် ကြင်နာဂရုစိုက် ပေးတတ်တယ် ဒူပေဒါပေဒဏ် ခံနိုင်တယ် နွေးထွေးတဲ့ အသိုက်အမြုံလေးတစ်ခု ဖန်းတီးချင်တယ် 𖠖 𝑩𝒕𝒘 :နောလစ်လေးတွေ ရီကွက်ချင်ရင် •| 🫀 @knowledge_request_bot ♡🏹 #𝐅𝐑𝐗𝐍𝐂_𝐒𝐊𝐘 ♡🏹#𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄 ♡🏹#𝐃𝐎_𝐍𝐎𝐓_𝐂𝐎𝐏𝐘_𝐑𝐄𝐏𝐎𝐑𝐓

. ⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ ⎙ Oatmeal – အဆာလွန်ခြင်းကြောင့်ဖြစ်စေတဲ့ အစာအိမ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီ
. ⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ ⎙ Oatmeal – အဆာလွန်ခြင်းကြောင့်ဖြစ်စေတဲ့ အစာအိမ်ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကိုလက်စထရောကို လျော့န ည်းစေပါတယ်။ ⎙ နှံစားပြောင်း – ဗီတာမင် E နဲ့ ဖောလစ်အက်ဆစ်ပါဝင် တာကြောင့် အစာချေစနစ်ကို ပုံမှန်လည်ပတ်စေပါတယ်။ ⎙ အခွံမာအစေ့ – အစာချေစနစ်ကို ကောင်းမွန်စေပြီး အစာ အိမ်အတွင်းမှာရှိတဲ့ pH ပမာဏကို ထိန်းညှိပေးတာကြောင့် အစာအိမ်အချဉ်ပေါက်ခြင်းကို ကာကွယ်ပေးပါတယ်။ ⎙ ဖရဲသီး − အစာချေရည်ပမာဏကို ထိန်းညှိပေးတဲ့အပြင် မျက်စိနဲ့ နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ⎙ ကြက်ဥ – ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး ဗိုက်ပြည့်လွယ်စေပါတယ်။ ⎙ ဂျုံယို – ဂျုံယိုမှာ ပါဝင်တဲ့ ဂျုံစေ့လေးတွေဟာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ပရိုတင်းဓာတ်၊ သံဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ဖြည့်တင်းပေးနိုင်ပါတယ်။ ⎙ ပေါင်မုန့်ကြမ်း − တဆေး (yeast) မပါတဲ့ ပေါင်မုန့်ကြမ်းက ကာဘိုဟိုက်ဒရိတ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ⎙ ပျားရည် – မနက်ခင်းတွေမှာ ပျားရည်သောက်တဲ့အခါ ခန္ဓာကိုယ်စွမ်းအင်တွေကို မြင့်တက်စေပြီး တစ်နေ့တာလုံးကို တက်ကြွလန်းဆန်းစေပါတယ်။ ⿻#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ⿻#𝐄𝐧𝐳𝐚𝐥𝐢 ⿻#𝐊ռ𝛔ωƖᥱժցᥱ

အမေများနေ့🤱 🌀•._.• အမေနေ့ (မိခင်များနေ့) ˗ˏˋ´ˎ˗ (Mother Day)သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေ နေ့ကို အမေမိခင်နေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။ မြန်မာနိုင်ငံ တွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြသည်။ ⋆。˚ 🌀•._.• [Julia Ward Howe ( 1819 - 1910 ) ] ˗ˏˋ´ˎ˗ Julia Ward Howe ( 1819 - 1910) ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်သည်။ နောင်တွင်လည်း အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြဦးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ နာမည်ကြီးစာရေးဆရာမဂျူလီယာဝါ့ဒ်ဟိုး ( Julia Ward Howe (1819-1910) ) ဘဲ ဖြစ်ပါတယ်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။ ⋆。˚ 🌀•._.• ၁၈၇၂ ခုနှစ် ˗ˏˋ´ˎ˗၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers' Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ Julia Ward Howe ၏ စိတ်ကူးအမြင်ဟာအတော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ Anna Jarvis တင်သွင်းတဲ့မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့ပါတယ်။ ⋆。˚ 🌀•._.• အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ ˗ˏˋ´ˎ˗ Anna Marie Jarvis က မိခင်ဖြစ်သူ Ann Maria Reeves Jarvis အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလည်း မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်သည်။ Julia Ward Howe နှင့် Anna Marie Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အဝှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်သည်။  ⋆。˚ 🌀•._.• မယ်တော်မယ်ရီ ˗ˏˋ´ˎ˗အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ဝတ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြသည်။  ⋆。˚ ပျော်ရွင်စရာ"အမေ"များနေ့ဖြစ်ကျပါစေ #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂 #Happy_Mother_Day #search_by_google #reaction_need

#𝐽𝑢𝑙𝑖𝑎_𝑊𝑎𝑟𝑑_𝐻𝑜𝑤𝑒 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂
#𝐽𝑢𝑙𝑖𝑎_𝑊𝑎𝑟𝑑_𝐻𝑜𝑤𝑒 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

အရွယ်မတိုင်ဘဲဆံပင်ဖြူတာဘာ‌ကြောင့်လဲ ── ⋅ ⋅ ─── ⋅ ⋅ ──────⠀♡ ─── ⎙ အရောင်ခြယ်ပစ္စည်းတွေ ထုတ်ပေးတဲ့ဆဲလ်တွေက ဒီပစ္စည်းတွေ ထုတ်လု
အရွယ်မတိုင်ဘဲဆံပင်ဖြူတာဘာ‌ကြောင့်လဲ ── ⋅   ⋅ ─── ⋅  ⋅ ──────⠀♡ ─── ⎙ အရောင်ခြယ်ပစ္စည်းတွေ ထုတ်ပေးတဲ့ဆဲလ်တွေက ဒီပစ္စည်းတွေ ထုတ်လုပ်မှုရပ်သွားတဲ့အခါမှာ ဆံပင်ဖြူ ပါတယ်။ Hydrogen Peroxide ဓာတ်တွေ ဆံပင်ထဲမှာ များလာရင်လည်း အရောင်ဖျော့သွားပြီး ဆံပင်ဖြူလာ စေပါတယ်။ ⎙ ပုံမှန်အားဖြင့် လူဖြူတွေက အသက်သုံးဆယ်ဝန်းကျင်လောက်မှာ ဆံပင်ဖြူလေ့ရှိပြီး အာရှသားတွေ ကတော့ အသက် ၃၀ နောက်ပိုင်းမှာမှ ဆံပင်ဖြူလေ့ရှိပါတယ်။ အာဖရိကန်-အမေရိကန်လူမျိုးတွေကတော့ အသက် ၄ဝ လောက်မှ စဖြူကြပါတယ်။ တစ်ဝက်လောက်ကတော့ အသက် ၅၀ လောက်မှ သိသိသာသာ ဆံပင်ဖြူလာတတ်ပါ။ ⎙    ရှားရှားပါးပါးကိစ္စတွေကလွဲပြီး ဆံပင်ဖြူတာက ကျန်းမာရေးပြဿနာတစ်ခုခု မဟုတ်ပါဘူး။ လူအများစု ကတော့ စိတ်ဖိစီးမှုများရင် ဆံပင်ဖြူတယ်လို့ ပြောလေ့ရှိပါတယ်။ အရွယ်မတိုင်မီ ဆံပင်ဖြူရတဲ့အကြောင်းအရင်း ကို သေချာမသိပေမယ့် မျိုးရိုးဗီဇနဲ့တော့ အများကြီးသက်ဆိုင်ပါတယ်။ ⎙    ဗီတာမင် B12 ချို့တဲ့ခြင်း၊ pituitary (သို့) သိုင်းရွိုက်ပြဿနာတွေမှာ အရွယ်မတိုင်မီ ဆံပင်ဖြူတတ်ပြီး ဒီရောဂါတွေ ပြန်ကောင်းသွားရင် ဆံပင်လည်း ပြန်နက်သွားပါတယ်။ 𝐑éꘫ 𝛃൦ȶ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ ⎙ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊ռ𝛔ωƖᥱժցᥱ

⏍ ❝ ချွေးမိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းများ ❞ 🙇‍♀️🤍 ⿻ . အေးသော နေရာများမှာ နေထိုင်ပါ ──────────────── Air-Con
⏍ ❝ ချွေးမိတ်ဖုလေးတွေ ပျောက်ကင်းစေမယ့် သဘာဝ နည်းလမ်းများ ❞ 🙇‍♀️🤍 âżť . အေးသော နေရာများမှာ နေထိုင်ပါ ──────────────── Air-Con အခန်းထဲနေတာ ပန်ကာဖွင့်တာ ရေအေးအေးနဲ့ ရေချိုးတာဟာ သဘာဝအတိုင်း မိတ်ပျောက်စေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ 𓏲 ๋࣭  ࣪ ˖ 🫖 âżť . အင်္ကျီကို ပေါ့ပါးတာပဲ ၀တ်ဆင်တာပါ ──────────────── ပေါ့ပါးပြီး ပွယောင်းတဲ့ အဝတ်အထည်တွေဝတ်ဆင်တာက မိတ်ဖုပေါက်နေသူတွေကို ယားယံမှု သက်သာစေနိုင်ပါတယ် ִခဗျ ˖ ּ𔘓 🎀 âżť . နံ့သာဖြူ လိမ်းပေးပါ ──────────────── နံ့သာဖြူကလည်း မိတ်ဖုပျောက်ကင်းစေတဲ့ အရာတစ်မျိုးဖြစ်ပါတယ် နံ့သာဖြူ အမှုန့် ဒါမှမဟုတ် အနှစ်ကို သွေးလူးပေးတာက မိတ်ဖုတွေကို သက်သာစေနိုင်ပါတယ် ⭒๋࣭ 🥄 âżť . ရှားစောင်းလတ်ပတ် လိမ်းပေးပါ ──────────────── ရှားစောင်းလတ်ပတ်ကတော့ အရေပြားကျန်းမာရေးအတွက် မရှိမဖြစ် သဘာဝထုတ်ကုန်တစ်မျိုးပါဗျ မိတ်ပေါက်တဲ့နေရာတွေကို ရှားစောင်းလတ်ပတ် အစေးနဲ့ သုတ်လိမ်း ပေးရင်လည်း သက်သာနိုင်ပါတယ်ဗျ ˖ ₊ ⊹ 🗞️ 𝑩𝒕𝒘 :နောလစ်လေးတွေ ရီကွက်ချင်ရင် •| 🫀 @knowledge_request_bot ◘➥ #𝐅𝐑𝐗𝐍𝐂_𝐒𝐊𝐘シ︎ ◘➥ #𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄_𝐆𝐀𝐑𝐃𝐄𝐍

Morning ယုန်ပေါက်လေးတို့ရေ🐇🥕 Have a great moring🌅 စာမေးပွဲဖြေနေလို့လိုင်းမတက်ဖြစ်တာ chကလူတောင်740ရှိသွား🐳 ဝင်ပေးတဲ့လူတွေ Thank you🦋 မနက်ခင်းလေးမှာ ပျော်ရွင်စရာများနဲ့စတင်ကျပါစေ​​​ဗျာ🧡 မထကျသေးတဲ့သူတွေထကျတော့နေဖင်ထဲဝင်ပြီပြန်ထွက်တော့မှာ #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

ဝိတ်ကျစေမယ့် နည်းလမ်းများ ⭒ ʿʿ 🍄ׅ ──────────────── ⿻ . ပရိုတင်း များများပါတဲ့ အစားအစာကို ရွေးစားပါ ဥပမာ ကြက်ဥပြုတ် အနှစ်မပါတ
ဝိတ်ကျစေမယ့် နည်းလမ်းများ ⭒ ʿʿ 🍄ׅ ──────────────── âżť . ပရိုတင်း များများပါတဲ့ အစားအစာကို ရွေးစားပါ ဥပမာ ကြက်ဥပြုတ် အနှစ်မပါတာ သုံးလုံးလောက် စားပေးရင် လုံလောက်ပါတယ်ဗျ 𔘓 ׅ۪ʾʿ🛁 . âżť . အိပ်ရာ နိုးနိုးချင်း ရေ၀၀သောက်ပါ မနက်စောစော ရေသောက်လိုက်တာဟာ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေ အဆီတွေကို ဖယ်ရှားပေးနိုင်တာမို့ အထောက်အကူ ဖြစ်ပါလိမ့်မယ် ᳝ ࣪  🗞️ âżť . လေ့ကျင့်ခန်း လုပ်ပါ မနက်ပိုင်း လေ့ကျင့်ခန်း လုပ်တာဟာ စားထားတဲ့ကယ်လိုရီတွေလည်း အများကြီး မရှိသေးတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ အားအင်တွေအတွက် ပိုနေတဲ့အဆီတွေကသာ လောင်ကျွမ်းပေးရမှာ ဖြစ်ပါတယ်  ࣪ ˖ 🫖 𝑩𝒕𝒘 :နယူး အက်မင်ပါဗျ ဆည်းဆာငယ်လေးတို့ နောလစ်လေးတွေ ရီကွက်ချင်ရင် ဘော့ကို လာပါခဗျ •| 🫀 @knowledge_request_bot ◘➥ #𝐅𝐑𝐗𝐍𝐂_𝐒𝐊𝐘シ︎ ◘➥ #𝐊𝐍𝐎𝐖𝐋𝐄𝐃𝐆𝐄_𝐅𝐎𝐑_𝐘𝐎𝐔

စံပယ်ပန်းရေနွေးကြမ်းရဲ့အကျိုးကျေးဇူးများ꒰ part-1 ꒱ 1. စွမ်းအင်တိုးစေခြင်း ရေနွေးကြမ်းရဲ့အာနိသင်အရ သဘာဝကဖင်းဓာတ်ပါဝင်ခြင်းကြောင့် တစ်နေ့တာလုံးလန်းဆန်းကြည်လင်စေပြီး တက်ကြွနေစေကာ အာရုံစူးစိုက်မှုကောင်းမွန်စေပါတယ်။ - - - - - - - - - ꒰ ʚ♡ɞ ꒱ - - - - - - - - - 2. ဝိတ်ကျစေခြင်း ကယ်လိုရီနဲ့အဆီတွေကို လောင်ကျွမ်းစေတာကြောင့် ဝိတ်ကျဖို့အကူအညီဖြစ်စေပါတယ်။ သဘာဝအရ ကယ်လိုရီနည်းတာကြောင့် ဝိတ်တက်မှာကိုလည်း စိုးရိမ်နေစရာမလိုတော့ပါဘူး။ - - - - - - - - - ꒰ ʚ♡ɞ ꒱ - - - - - - - - - 3. ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း ခန္ဓာကိုယ်ထဲက ်free radicals တွေကို ဖယ်ရှားပေးနိုင်တဲ့ antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် အာရုံကြောရောဂါတွေနဲ့ ကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။ - - - - - - - - - ꒰ ʚ♡ɞ ꒱ - - - - - - - - - 4. နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း နှလုံးကျန်းမာစေခြင်းက အသက်ရှည်စေပြီး ဘဝမှာသက်တမ်းရှည်ကြာစွာနေနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ Catechins ပါဝင်ခြင်းကြောင့် ကိုလက်စထရော ကျစေပြီး သွေးကြောတွေနဲ့သွေးလွှတ်ကြောမကြီးရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေလျော့ကျစေခြင်းက သွေးတိုးခြင်းကိုလည်းသက်သာစေပါတယ်။ - - - - - - - - - ꒰ ʚ♡ɞ ꒱ - - - - - - - - - 5. စိတ်ဖိစီးမှုပြေလျော့စေခြင်း တစ်နေ့တာလုံးလန်းဆန်းနေစေပြီး တက်ကြွမှုကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ - - - - - - - - - ꒰ ʚ♡ɞ ꒱ - - - - - - - - - အချစ်တိို့သဘောကျရင် rec လေးတွေပေးဖို့မမေ့ခဲ့နဲ့နော် #𝐀ᥣᥣ𝗂nα #ⱺ𝗂n𝗏α𝗋 #knowledge #forward_only #do_not_copy

⛶  ယင်းဓာတ်သည် သွားနှင့် အရိုးများကို များစွာအကျိုးပေ သည်။ ထို့ပြင် သွေးများစုဝေးခြင်းသတ္တိကိုလည်း ပြုနိုင်စွမ်းရှိသည်။ ယင်းဓာတ် ချို့တဲ့ပါက အရိုးများ ကောက်ကွေ့ခြင်းအားနည်းခြင်းကလေးများတွင်ချို့တဲ့ပါက ကလေးအရိုးကောက်ရောဂါနှင့် သွား ရောဂါများ ဖြစ်တတ်သည်။ ယင်းဓာတ်ချို့တဲ့မှု မရှိပါက (၁) အရိုးနှင့် သွားများခိုင်မာခြင်း (၂) ကိုယ်ခန္ဓာ ညီမျှစွာကြီးထွားခြင်း (၃) အင်အားဖြစ်ထွန်းခြင်း (၄) အရိုးအဆစ်ပြေပြစ်ခြင်း စသော အကျိုးထူးများကို ခံစားရမည် ဖြစ်သည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ⛶  ယင်းဓာတ်ကို ငါးကြီးဆီ၊ နို့နှင့် နို့မှ ရသောအစာများ၊ နေရောင်ခြည် စသည်တို့မှ ရရှိနိုင်သည်။ ⛶  ခန္ဓာကိုယ်ကို နေရောင်ထိသည့်အခါတွင် အရေပြားအောက်ရှိ ဗာကို(စ်)တာရောဟု ခေါ်သည့် ဓာတ်တစ်မျိုးမှာ ဗီတာမင်ဒီအဖြစ်သို့ ပြောင်းလဲသွားပေသည်။ ထို့ကြောင့် နေရောင်ခြည်များစွာရသော နိုင်ငံတွင် ဗီတာမင် ဒီဓာတ် ချို့တဲ့မှုရောဂါ ဖြစ်ပွားမှု နည်းပါးပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ᯓ ဗီတာမင်-𝗘 ⛶  ယင်းဓာတ်ကို- အဆီများ၊ အစေ့များ၊ ဟင်းရွက်စိမ်းများ၊ အညှောက်အစို့များ၊ နို့ရည်၊ အသားစိမ်းစသည်တို့မှ ရရှိနိုင်ပေသည်။ ⛶  ဗီတာမင် 𝗘 ဓာတ်ပါဝင်သောအစားအစာများကို အမျိုးသမီး များ ကိုယ်ဝန်ဆောင်ချိန်၌လည်းကောင်း၊ ပျိုမြစ်သောအရွယ်ရှိသူ များသည်လည်းကောင်း စားသုံးသင့်သည်။ ⛶ ဗီတာမင်-𝗘 ဓာတ် ချို့တဲ့ခြင်းဖြင့် သတ္တဝါများ မွေးဖွားမှုနှုန်း လျော့နည်းသွားနိုင်သည်။ သို့မဟုတ် မွေးဖွားပြီးလျှင် ပြီးချင်း ပျက်စီးသွားတတ်သည်။ ⛶ ယင်းဓာတ်သည် နည်းပါးစွာရရှိနေလျှင် မည်သို့မျှတစ်စုံတစ်ရာ မဖြစ်နိုင်သော်လည်း ဆက်လက်၍ ကြာရှည်စွာ မရရှိလျှင် ကျန်းမာရေး ပျက်စီးသွားနိုင်သည်။ ⛶ ဗီတာမင်-အီးဓာတ်ရှိခြင်းဖြင့် ကိုယ်ခန္ဓာ ထွားကျိုင်းခြင်းကူးစက်ရောဂါကို ကာကွယ်နိုင်ခြင်းစသည့် အကျိုးထူးများကို ခံစား နိုင်ခွင့် ရှိပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ 🎀▭▬▭▬▭▬▭▬▭▬▭▬▬▭▬ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ᴥ⁠˂ ₎ა ᯓ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 📄₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

●┅┅အာဟာရဗီတာမင်ဓာတ်များအကြောင်း┅┅● ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ᯓ ဗီတာမင်- 𝗔ּ ÖśÖ¸Ö˘ . ⛶  ဗီတာမင် 𝗔ဓာတ်သည် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ကလာပ်စည်းများ၊ အရိုးများ သန်မာဖွံ့ဖြိုးစေခြင်းကို အထောက်အကူ ပြုသည့်အပြင် (၁) မျက်စိကို ကြည်လင်စေခြင်း (၂) အသားအရည်ကို စိုပြည်စေခြင်း (၃) ရောဂါထူပြောခြင်းမှ ကာကွယ်ပေးခြင်း စသော အကျိုးထူးများကို ပေးစွမ်းပါသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ⛶  ယင်းဓာတ်ကို ငါးကြီးဆီတွင်အများဆုံး တွေ့ရပြီး ငါးဥ၊ ဘဲဥ၊ ကြက်ဥ၊ အသည်း၊ ဒိန်ခဲထောပတ်၊ နို့စသည်တို့တွင် ခပ်များများ ပါဝင်သည်။ ⛶  သစ်သီးသစ်ရွက်များတွင် ဒန့်ဒလွန်ရွက်၊ ဟင်းနုနွယ်ရွက်ကန်စွန်းရွက်၊ ဆလတ်ရွက်၊ ကုလားပဲရွက်၊ ဂေါ်ဖီထုပ် စသည်တို့တွင် ယင်းဓာတ်ပါဝင်၍ အသီးနှင့် ဥများတွင် မုန်လာဝါ/နီဥ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ သရက်သီးမှည့်၊ ရွှေဖရုံသီး၊ သင်္ဘောသီးတို့တွင်လည်း ဗီတာမင်အေဓာတ်ကို ရရှိနိုင်သည်။ ᯓ ဗီတာမင်-𝗕 ⛶  ယင်း ဗီတာမင်ဓာတ်သည် လူ၏ ကိုယ်ခန္ဓာအတွင်းရှိ (၁) အင်အားကို ဖြစ်ပေါ်စေခြင်း (၂) ခံတွင်းကောင်းစေခြင်း (၃) အစာကြေခြင်း (၄) အာရုံကြောများ သန်စွမ်းစေခြင်း (၅) နှလုံးအား ကောင်းမွန်စေခြင်း စသော အကျိုးတရားများကို ဖြစ်ထွန်းပေးနိုင်သည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ⛶  ဗီတာမင် 𝗕 ဓာတ်ကို သူတစ်ဦးတည်း မဟုတ်ဘဲ ကိုယ်ပွားများ ဖြစ်သော ဘီ ၁၊ ဘီ ၂၊ ဘီ ၆ စသည်ဖြင့်လည်း ခွဲခြားထားပေသည်။ ဤဓာတ်သည် ခန္ဓာကိုယ်အတွက် များစွာ အရေးပါ အရာ ရောက်လှသည် ဖြစ်သောကြောင့် သိထားရန် လိုအပ်လှပေသည်။ ⛶  ဗီတာမင်𝗕 အုပ်စုမှ ဗီတာမင် 𝗕-1 များစွာပါဝင်သောအစား အစာများကို ဖော်ပြလိုက်ရပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ဗီတာမင်- 𝗕-1 ယင်း ဗီတာမင် 𝗕-1ဓာတ်ကို ⛶  ဆန်အမျိုးအစားတွင်- လုံးတီးဆန်၊ လျှော့ကြိတ်ဆန်မောင်းထောင်းဆန်၊ ပြတ်ဆန်၊ဖွဲနု စသည်ဖြစ်ပြီး ပဲအမျိုးအစားတွင်- မတ်ပဲ၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲရာဇာ၊ မြေပဲ၊ ပဲပုပ်စသည်တို့ဖြစ်သည်။ ⛶  အသားအမျိုးအစားတွင်- အဆီလွတ် ဝက်သား၊ ကြက်သား၊အမဲသား စသည်တို့၌ လည်းကောင်း ⛶  အသီးအရွက် အမျိုးအစားတွင်- ဒန့်ဒလွန်သီး၊ ဆလတ်ရွက်၊ ဂေါ်ဖီပွင့်၊ မုန်လာဥ စသည်တို့၌ လည်းကောင်း ယင်းဓာတ်ကို တွေ့ရှိရပေသည်။ ယင်းဓာတ်ချို့တဲ့ပါက လူ၏ ခန္ဓာကိုယ်တွင် ဘယ်ရီ ဘယ်ရီခေါ် ကိုယ်ဖောနာ၊ ထုံး ဖြစ်ပေါ်တတ်ပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ဗီတာမင် 𝗕-2 ⛶  ဗီတာမင် 𝗕ဓာတ်အတွင်းမှ ကိုယ်ပွားဖြစ်သည့် ဗီတာမင် 𝗕 ဓာတ်သည် 𝗕ဓာတ်ကဲ့သို့ပင် (၁) ကိုယ်ခန္ဓာ ကြီးထွားနိုင်ရန် လိုအပ်သည့် အင်အား ဖြစ်ပေါ်စေခြင်း (၂) အသားအရေကို ကောင်းမွန်စေခြင်း (၃) မျက်စိကြည်လင်စေခြင်း စသောအကျိုးတရားများကို ဖြစ်ထွန်းစေပါသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ⛶  ယင်းဓာတ်ကို- နို့၊ နို့မှုန့်၊ ဒိန်ခဲ၊ ဘဲဥ၊ ကြက်ဥ၊ အသည်းနှလုံး၊ ဝက်သည်း၊ ကျောက်ကပ်၊ အဆီလွတ်ဝက်သား စသည်တို့လည်းကောင်း၊ အသီးအနှံများတွင်- ပဲမျိုးစုံဂျုံ၊ ပဲပင်ပေါက်၊ ငှက်ပျောသီး စသည်တို့မှ လည်း ကောင်း ရရှိနိုင်ပေသည်။ ⛶  ဗီတာမင် 𝗕-2 ဓာတ်သည် ခန္ဓာကိုယ် အရေပြားများကို များစွာ အထောက်အကူပြုတတ်၍ ယင်းဓာတ်ချို့တဲ့လျှင် ပယ်လာဂရား (𝗣𝖾𝗹𝗹𝖺𝗴𝖺𝗿α) ရောဂါ ဖြစ်ပွားနိုင်ပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ᯓ နိုင်ယာစင်း ⛶  ယင်းဓာတ်သည် ဗီတာမင် 𝗕-1 နှင့် 𝗕-2 တို့ကဲ့သို့ပင်ခန္ဓာကိုယ် တည်ဆောက်မှုအတွက် ယင်းတို့နှင့်အတူ ပါဝင်ဆောင်ရွက်ပေးသည့် ဓာတ်တစ်မျိုး ဖြစ်ပေသည်။ ⛶  ၎င်းဓာတ်သည်အသည်းအဆီလွတ်ဝက်သား၊ ကြက်သားနို့၊ အသား၊ ငါး၊ အာလူး၊ ပဲအမျိုးမျိုး စသည်တို့ပါဝင်ပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ᯓ ဗီတာမင် 𝗖 ⬚ ဗီတာမင်-𝗖 ယင်းဓာတ်သည် လူ၏ ခန္ဓာကိုယ်အတွင်း၌ရှိသော (၁) သွေးအားကိုလည်းကောင်း (၂) အရိုးများခိုင်ခံ့စေရန်အတွက်လည်းကောင်း (၃) အနာများပျောက်ကင်းစေရန်အတွက်လည်းကောင်း (၄) သွားဖုံးများ ကောင်းစေရန်အတွက်လည်းကောင်း ⛶  အစဉ်အမြဲလိုအပ်နေသည့် ဓာတ်တစ်ပါးပင်ဖြစ်သည်။ ခန္ဓာ ကိုယ်၌ ယင်းဗီတာမင်စီဓာတ် နည်းပါးသွားခဲ့သော် စကာဗီအမည်ရှိ သွေးအန် သွေးကျရောဂါအုပ်စု အပါအဝင် ရောဂါများ ဖြစ်လာတတ် သည်။ ထို့ပြင် ခန္ဓာကိုယ် ကြီးထွားမှု မှန်ကန်မှုမရှိဘဲ သွားများချည့်နဲ့မှု၊ ကိုယ်မှ သွေးယိုစီးမှုများလည်း ဖြစ်ပေါ်တတ်ပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ ⛶  ဗီတာမင် 𝗖 ဓာတ်ကို အသီးများတွင်- သံပရာသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီးဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စောင်းလျားသီး၊ မာလကာသီးကြက်ဟင်းခါးသီး၊ ရှောက်ပန်းသီး။ ⛶  အရွက်များတွင်- ကြက်သဟင်းရွက်၊ ကုလားပဲရွက်၊ နံနံရွက်၊ ကန်စွန်းရွက်၊ ပြည်ပန်းညိုရွက်နှင့် အခြား ဥ၊ ပဲ စသည်တို့ဖြစ်သော ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ နိုကိုဥ၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥ စသည်တို့တွင် တွေ့ ရှိနိုင်ပေသည်။ ✄┄┄┄┄┄┄┄┄┄┄ ⬚ ┄┄┄┄┄┄┄┄┄┄ 🎀▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ • ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 𝗣𝗮𝗿𝘁-1 ₊ ⊹ ˚⋆  #𝐊ռ𝛔ωƖᥱժցᥱ

ဆံသားနဲ့ အသားအရေအတွက် အထူးကောင်းမွန်တဲ့ ဆန်ဆေးရည်ပြုလုပ်နည်း✍🏻 ပြုလုပ်နည်းလေးက အရမ်းကိုလွယ်ကူပြီး အဆင့်ကလည်း နှစ်ဆင့်ထဲ ပါပဲနော်💯 (၁) သန့်စင်တဲ့ ဆန်ဆေးရည်လေး ထုတ်ယူပေးရပါမယ်။ – ကိုယ်အသုံးပြုချင်တဲ့ ဆန်ပမာဏကို ခွက်တစ်လုံးထဲ ထည့်ပြီး ပထမအကြိမ်ဆေးပြီး သွန်ချပစ်ရပါမယ်။ပထမအကြိမ် ဆေးထားတဲ့ ရေထဲမှာ ဆန်ရဲ့ အပြင်ပိုင်းမှာရှိတဲ့ အညစ်အကြေးတွေ ပါရှိတဲ့အတွက် သွန်ချပစ်ရခြင်း ဖြစ်ပါတယ်။ – ဆန်တစ်ဆ ရေနှစ်ဆ ထည့်ပြီး ဆန်ထဲက အဟာရတွေ ထွက်လာစေဖို့ ၁၅ မိနစ်ခန့် အချိန်ပေး စိမ်ထားရပါမယ်။ ၁၅ မိနစ် ပြည့်ပြီးတဲ့အခါမှာ အောက်မှာ အနည်ထိုင်နေတဲ့ အဟာရတွေ ထွက်လာဖို့ တစ်ချက်နှစ်ချက် မွှေပေးရပါမယ်။ – မွှေပြီးတဲ့နောက်မှာ ဆန်ဆေးရည်ကို ဇကာနဲ့ စစ်ထုတ်ပေးရပ်မယ်။ (၂) ဆန်ဆေးရည်ကို အချဉ်ဖောက်ပေး ရပါမယ်။ – သန့်စင်တဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာ ( သို့ ) အအေးဓာတ် ရှိတဲ့နေရာမှာ အချဉ်ဖောက်တဲ့ အနေနဲ့ သုံးရက်ကနေ လေးရက်အထိ ထားပေးရမယ်။ ဒီလိုဆိုရင်တော့ ဆံသားအတွက်ပဲဖြစ်ဖြစ် ၊ အသားအရေအတွက်ပဲ ဖြစ်ဖြစ် အသုံးပြုလို့ကောင်းမွန်တဲ့ ဆန်ဆေးရည်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒီလိုဆန်ဆေးရည်လေး ရရှိတဲ့သွားတဲ့အခါမှာ ဘယ်လိုတွေအသုံးပြုရမယ်ဆိုတာကို နောက်နေ့တင်မယ့် စာစောင်လေးတွေမှာ ထည့်သွင်းဖော်ပြပေးသွားပါမယ်။
Knowledges Sharing By Clover 🍀
#Clover #phyodaybyday Don't copy