es
Feedback
ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

Ir al canal en Telegram

𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 🪉𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲

Mostrar mĂĄs
609
Suscriptores
Sin datos24 horas
-47 dĂ­as
-1130 dĂ­as
Archivo de publicaciones
အရင်ချိန်တွေကို သတိရလိုက်၊ လွမ်းလိုက်၊ စဉ်းစားရင်းနဲ့အကြိမ်ကြိမ် မင်းဆီကိုပဲ ဦီးညွှတ်နေတယ်။ ခန္ဓာဟာ ကောင်းနေပေမဲ့ စိတ်ဝိညာဉ်မှာ ပြိုလဲနေတယ်။ ကိုယ့်စိတ်နဲ့ကို ဆိုတာမှန်ပါတယ်။ တစ်ပါးသူအကြောင်းပဲစဉ်းစားနေမိတာ ဘယ်လိုလုပ်ရပါ့မလဲ.... ကျွန်တော်က ကိုယ့်စိတ်ကိုမထိန်းနိုင်တဲ့သူ မဟုတ်ပါဘူး။ ထိန်းချုပ်လို့မရနိုင်အောင်သာ မျက်ဝန်းတစ်စုံတရံက-:- ညှိ့ငင်နိုင်လွန်းလို့..... #𝐄𝐧𝐳𝐚𝐥𝐢 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 ! #𝐎𝐰𝐧_𝐐𝐮𝐨𝐭𝐞𝐬 //

●⁠’အဆိပ်ရှိလိပ်ပြာငယ်များ●⁠’🦋 ロ            လိပ်ပြာတွေဟာနုနယ်တဲ့အတွက် ငှက်၊ပင့်ကူ၊ အခြားအင်းဆက်တွေရဲ့စားသောက်ခြင်းကိုခံရပါတယ်။ ဒါကြောင့်သူတို့က အန္တရာယ်ကိုကာကွယ်ဖို့အတွက် အဆိပ်ကိုအသုံးပြုကြပါတယ်။ တစ်ချို့‌လိပ်ပြာတွေရဲ့အဆိပ်ကမပြင်းထန်ပေမဲ့ တစ်ချို့မျိုးစိပ်တွေက သေစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်။ ဒီလိုသေစေနိုင်တဲ့ထိအဆိပ်ပြင်းတဲ့ လိပ်ပြာ (၃)မျိုးကိုဖော်ပြပါမယ်။ ─࿁────ꕀ───𐂂──ꕀ───࿁─ 1.Pᥲ⍴іᥣᥣ᥆ 𝖠ᥒ𝗍і𝗆ᥲᥴһᥙs🧚🧝‍♀ ロ        ထိုလိပ်ပြာမျိုးစိပ်ဟာ 🧪အဆိပ်အပြင်းဆုံးလိပ်ပြာမျိုးစိပ်တွေထဲကတစ်ခုဖြစ်ပါတယ်။ တောင်ပံတွေဟာ 7 / 9လက်မကြားရှိပြီး အာဖရိကမှာ အကြီးဆုံးလိပ်ပြာတွေပဲဖြစ်ပါတယ်။ အာဖရိကရဲ့ 🌲မိုးသစ်တောတွေမှာ အတွေ့များပါတယ်။ သူတို့ကျက်စားတဲ့နေရာမှာ အခြားသောသတ္တဝါတွေမရှိသလောက်ပါပဲ။ အကြောင်းကတော့ Strophanthus gratuitous လို့ခေါ်တဲ့ အပင်ပေါက်ရောင်ပြီး စားသောက်ရလို့ပါ။ 🌱ဤအပင်တွေကို မုဆိုးတွေက အဆိပ်အဖြစ်အသုံးပြုကြပြီး ထိုအဆိပ်လူးထားတဲ့ မြှားတစ်စင်းဟာ ကြံ့အရွယ်လောက်ရှိတဲ့ တိရိစ္ဆာန်ကို နှလုံးရပ်ပြီးသေနိုင်ပါတယ်။ ဒီအပင်က‌ရတဲ့ အဆိပ်တွေဟာ လိပ်ပြာကိုကာကွယ်ပေးတဲ့အပြင် အရောင်လည်းပိုတောက်စေပါတယ်တဲ့။  ။ ─࿁────ꕀ───𐂂──ꕀ───࿁─ 2.Βіrძᥕіᥒg Βᥙ𝗍𝗍ᥱr⨍ᥣⴘ🪽 ロ         Birdwing လိပ်ပြာတွေဟာ ကမ္ဘာ့အကြီးဆုံးလိပ်ပြာမျိုးစိပ်ထဲပါဝင်ပါတယ်။ အာရှ၊ ဩစတေးလျနဲ့ အာရှတိုက်တောင်ပိုင်း🌲🦦 မိုးသစ်တောတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အဆိပ်တွေကို သူတို့ရဲ့ကျောရိုးမှာရှိတဲ့ အမဲစက်တွေမှာသိုလှောင်ထားကြပါတယ်။ တစ်ကယ်လို့ ငှက်တွေနှင့် အခြားအကောင်တွေက သူတို့ကိုစားသောက်ဖို့‌ကြိုးစားမယ်ဆိုရင် ပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်စေပါလိမ့်မယ်။ အဆိပ်ကဖျားနာမှုကို ဖြစ်စေပေ့မဲ့သူတို့ကိုမ‌သေစေနိုင်ပါဘူး ။ ─࿁────ꕀ───𐂂──ꕀ───࿁─ 3.Iᥒძіᥲᥒ ĐĄr᥆ᥕ🪄🧸 ロ         Indian Crowတွေကို အာရှ၊ ဩစတေးလျနဲ့ အမေရိကမှာအဓိကတွေ့ရပါတယ်။ သူတို့ဟာ Oleander နှင့် milkweed 🌿အပင်များမှ အဆိပ်ကို အဓိကရရှိပါတယ်။ အခြားလိပ်ပြာတွေနဲ့မတူဘဲ သူတို့ဟာ 🕷အခြားအကောင်တွေ စားသောက်တာခံရပြီးမှသာ ရွံစရာကောင်းတဲ့ အဆိပ်ရည်တွေကို စွန့်ထုတ်တာပါ။ ဒီအရည်တွေက စားသောက်လိုက်တဲ့အကောင်တွေကို အော့အန်ပြီး သေဆုံးစေနိုင်ပါတယ်။🎍 ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

တချို့က ပြောကျတယ် မိဘ တွေက တအားဘက်လိုက်တယ်   အငယ်ကလဲ မိဘ"တွေက  အကြီးကိုပဲချစ်တယ်လို့ထင်ကျတယ် အကြီးကလဲ မိဘ​ " တွေက အငယ်ကိုပဲ ချစ်တယ်လို့ထင်ကျတယ်.. တကယ်တော့ မိဘ"တွေရဲ့ စိတ်က တူတူပါပဲ" တကယ်လို့ မိဘ"က တကယ် ဘက်လိုက်နေတယ်ဆိုရင်တောင် မိဘ"ကို မုန်းလို့မရဘူး မိဘ"ဆိုတာ ကိုယ့်ကို လူဘဝထဲ ရောက်လာအောင် လုပ်ပေးခဲ့တာနဲ့တင် တစ်သက်လုံး အကြွေးမကြေဘူး   မိဘ"က ဘာကြီးပဲဖြစ်နေဖြစ်နေ မိဘ"က မိဘ"ပဲ ဘယ်တော့မှမပြစ်မှားရဘူး" ပြစ်မှားမိရင် ကိုယ့်ရဲ့နောက်မျိုးဆက်သစ်တွေက လဲကိုယ်လိုပဲပြန်ဖြစ်လိမ့်မယ်။ #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

ချစ်လားဆိုတော့ ချစ်တာပေါ့ ပိုင်ရှင်ရှိတဲ့ မင်းကိုချစ်မိခဲ့လို့ ဖွင့်မပြောဖြစ်ခဲ့တာ" ငါနေနိုင်တဲ့အချိန်မှ ငါစီပြန်မလာပါနဲ့တော့ ငါနဲ့အဝေးဆုံးကို ထွက်သွားပါတော့"။ #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

ရေသောက်ခြင်း အကျိုးကျေးဇူးများ – ဝမ်းချုပ်ခြင်း  ရေများများသောက်ရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ – ကင်ဆာ သုတေသနအချို့အရ ရေများများသောက်သူများဟာ ဆီးအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ လျော့ကျတယ်လို့ ဆိုထားပါတယ်။ – ဆီးကျောက်တည်ခြင်း ရေများများသောက်တဲ့အခါ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။ – ဝက်ခြံအပါအဝင် အရေပြားပြဿနာများ ရေသောက်တဲ့အခါ အရေပြားကို ရေဓာတ်ပြည့်ဝစေပြီး ဝက်ခြံပေါက်ခြင်းကိုလည်း လျှော့ချနိုင်ပါတယ်။ တခြားအရည်တွေကိုရော ထည့်တွက်နိုင်သလား ခန္ဓာကိုယ်ရဲ့ တနေ့တာရေလိုအပ်ချက်ဆိုတာ ရိုးရိုးရေတမျိုးတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ တခြားသော အဖျော်ယမကာများနဲ့ အစားအသောက်တွေ အားလုံး အကျုံးဝင်ပါတယ်။ အချိုရည်၊ သစ်သီးဖျော်ရည် စတာတွေအပြင် အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ အသီးအရွက်တွေကလည်း ရေဓာတ်ကို ပေးနိုင်ပါတယ်။ ရေကို ဘယ်လိုသောက်ရမလဲ လူတယောက်ဟာ တနေ့တာမှာ ရေဘယ်လောက်လိုအပ်သလဲဆိုတာ အတိအကျ ပြောပြဖို့ ခက်ပါတယ်။ လူတဦးချင်းစီပေါ် မူတည်ပါတယ်။ ကောင်းတာကတော့ ရေဆာပြီ ဆိုတာနဲ့ ရေသောက်ပါ။ ရာသီဥတုပူပြင်းချိန်၊ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ပိုသောက်ပါ။ #𝐇𝐞𝐚𝐥𝐭𝐡𝐲_𝐋𝐢𝐟𝐞 #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

ရေသောက်ချင်းအကြိုးကျေးဇူးများ ရေသောက် ခြင်းဟာ နေ့စဉ်ကြုံနေကျ ရိုးစင်းတဲ့အရာဖြစ်တာမို့ သိပ်ပြီးထူးထူးထွေထွေ သဘောမထားမိကြပါဘူး။ တကယ်တော့ ရေသောက်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေအရ သိရှိရပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။ အခြေခံဆဲလ်များအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေဓာတ်ကို ကိုယ်ခန္ဓာကနေ လျော့နည်းမသွားစေဘဲ နည်းမျိုးစုံနဲ့ ဖြည့်တင်းထားသင့်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ ၁။ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ခြင်း ရေဓာတ်ခန်းခြောက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်နေချိန်နဲ့ ရာသီဥတုပူပြင်းချိန် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲက ရေဓာတ် ၂%ခန့် လျော့နည်းသွားရင်တောင် ရေဓာတ်ခန်းခြောက်ခြင်းကို သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန် ပြောင်းသွားခြင်း၊ အလုပ်ကို စိတ်ပါလက်ပါ မလုပ်နိုင်တော့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ခံစားလာရမှာ ဖြစ်ပါတယ်။ ရေဓာတ်ကို ဖြည့်တင်းထားခြင်းအားဖြင့် အဆိုပါပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပြီး ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ၂။ ဦးနှောက်လုပ်ငန်းများကောင်းမွန်စေခြင်း ရေဓာတ်ပြည့်ဝမှုရှိမရှိဟာ ဦးနှောက်အပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ခန္ဓာရဲ့ ၁-၃%လောက် ရေဓာတ်ဆုံးရှုံးရင်တောင် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ ရေဓာတ် ၁.၅၉% ဆုံးရှုံးတဲ့အခါ မှတ်ဉာဏ်ပိုင်း ထိခိုက်ခြင်း၊ စိတ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်လာပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ထိခိုက်လာစေပါတယ်။ ၃။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း ရေဓာတ်ခန်းခြောက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း စတဲ့ပြဿနာတွေ ကြုံလာတတ်ပါတယ်။ ရာသီဥတုပူပြင်းတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ ရာသီဥတုကြောင့် ရေဓာတ်ခန်းခြောက် ခေါင်းကိုက်ခြင်းကို သက်သာသေစေပါလိမ့်မယ်။ ၄။ ဝမ်းချုပ်မှုကို သက်သာစေခြင်း ရေဓာတ်နည်းပါးလာရင် ဝမ်းချုပ်လာတတ်ပြီး အူလမ်းကြောင်း လှုပ်ရှားမှုနည်းသွားခြင်း၊ ဝမ်းသွားရန် ခက်လာခြင်း၊ ဝမ်းမာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဝမ်းချုပေးတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ အူလမ်းကြောင်းထဲမှာ ချောမွေ့နိုင်စေဖို့ ဖြစ်ပါတယ်။ ၅။ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း ဆီးကျောက်များဟာ ဆီးလမ်းကြောင်းထဲမှာ သတ္တုဓာတ်ပုံဆောင်ခဲတွေ စုပုံလာရာကနေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆီးကျောက်အများစုဟာ ကျောက်ကပ်အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းမှာ သတ္တုဓာတ်တွေ အနည်မထိုင်အောင် အထောက်အကူပြုပါတယ်။ အဲဒီနည်းနဲ့ ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်စေပါတယ်။ ၆။ အရက်အမူးလွန်ခြင်းကနေသက်သာစေခြင်း အရက်သောက်တာများသွားရင် နေရထိုင်ရမကောင်းတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ အယ်လ်ကိုဟောဟာ ဆီးသွားများစေတာကြောင့် ရေဓာတ်ကို ဆုံးရှုံးနိုင်စေပါတယ်။ အရက်သောက်များသွားရင် ရေငတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း စတာတွေ ခံစားလာရပါတယ်။ ဒီလိုမဖြစ်အောင် အရက်သောက်နေချိန်မှာလည်း ရေကိုပါ သောက်ပေးနေဖို့ လိုပါတယ်။ အိပ်ရာမဝင်ခင်လည်း ရေတဖန်ခွက် အဝသောက်သင့်ပါတယ်။ ၇။ ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျရာမှာ အထောက်အကူပြုခြင်း ရေများများသောက်တဲ့အခါ ဗိုက်ပြည့်စေပြီး ဇီဝဖြစ်ပျက်မှုကိုလည်း မြန်ဆန်စေပါတယ်။ သုတေသနတစ်ခုမှာ ရေလီတာဝက်သောက်တဲ့အခါ ဇီဝဖြစ်ပျက်မှုကို ၂၄-၃၀%နဲ့ ၁.၅ နာရီထိ ပိုမိုမြန်ဆန်သွားစေကြောင်း သိရပါတယ်။ တနေ့ကို ရေနှစ်လီတာသောက်ခြင်းဟာ ၉၆ ကလယ်လိုရီခန့်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ အစားမစားခင် နာရီဝက်လောက်မှာ ရေသောက်ထားခြင်းဟာ ဗိုက်ကိုပြည့်နေစေပြီး ကယ်လိုရီနည်းနည်းသာ စားသုံးမိစေကြောင်း ဆိုထားပါတယ်။ ရိုးရိုးရေအေးသောက်တာ ပိုကောင်းပါတယ်။ ကိုယ်ခန္ဓာအပူချိန်အတိုင်းဖြစ်လာအောင် ရေကို ထိန်းညှိယူတဲ့အခါ စွမ်းအင်ကို အပိုဆောင်းထပ်သုံးတာကြောင့် ကယ်လိုရီကို ထပ်မံလောင်ကျွမ်းနိုင်စေပါတယ်။ #𝐇𝐞𝐚𝐥𝐭𝐡𝐲_𝐋𝐢𝐟𝐞 #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

အရေပြားမှတစ်ဆင့်အဆိပ်ထုတ်သော ခရမ်းချဉ်သီးဖား [ 𝐓ⱺꭑα𝗍ⱺ 𝐅𝗋ⱺ𝗀 ] ─࿁──── ─── 𐂂 ── ───࿁─ ロ ဒီဖားမျိုးစိတ်ဟာ သူတို့ရဲ့ ခရမ်းချ
အရေပြားမှတစ်ဆင့်အဆိပ်ထုတ်သော ခရမ်းချဉ်သီးဖား [ 𝐓ⱺꭑα𝗍ⱺ 𝐅𝗋ⱺ𝗀 ] ─࿁──── ─── 𐂂 ── ───࿁─ ロ ဒီဖားမျိုးစိတ်ဟာ သူတို့ရဲ့ ခရမ်းချဉ်သီးနဲ့တူတဲ့အရောင်အဆင်းကြောင့် နာမည်ကြီးပြီး အဆိပ်ရှိတဲ့ဖားတစ်ကောင်အဖြစ်လည်း သိထားသင့်တဲ့ထဲမှာပါဝင်ပါတယ်။ထိုဖားမျိုးစိတ်တွေဟာ 6နှစ်ကနေ 8နှစ်အထိ သက်တမ်းရှိကြပြီး အရွယ်ရောက်လာတဲ့အခါမှာ အဝါရောင် လိမ္မော်ရောင် အနီရောင်ဆိုပြီး ပြောင်းလဲလာတာဖြစ်ပါတယ်။ ロ အရွယ်ကြီးရင့်လာတာနဲ့အမျှ သူတို့ရဲ့အရောင်အသွေးက ပိုရင့်လာတတ်ကြပါတယ်။ခရမ်းချဉ်သီးဖားတွေဟာ ပိုးမွှားနဲ့ အကောင်ငယ်များကို ဖမ်းယူစားသောက်ကြပါတယ်။ ロ      á€’ဎဖဏးတွ္ကို ဘာကြောင့်အဆိပ်ရှိတဲ့သတ္တဝါလို့ဆိုရတာလဲဆို သူတို့အနီးနားကို တစ်ယောက်ယောက်က အန္တရာယ်ပြုဖို့ ချဉ်းကပ်လာတယ်လို့ခံစားရတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်ဟာဖောင်းပွလာပြီး အရေပြားကနေအဆိပ်တွေထုတ်တတ်ကြလို့ပါ။ ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #𝐀ռіოᥲƖ

🌵အရည်ပြားမှတစ်ဆင့် အဆိပ်ထုတ်ပေးသော ခရမ်းချဉ်သီးဖားများ (tomato frog)🐸 Coming Soon.... မင်မင်မနက်ဖြန်မှပဲတင်ပေးတော့မယ်။ subs
🌵အရည်ပြားမှတစ်ဆင့် အဆိပ်ထုတ်ပေးသော ခရမ်းချဉ်သီးဖားများ (tomato frog)🐸 Coming Soon.... မင်မင်မနက်ဖြန်မှပဲတင်ပေးတော့မယ်။ subscribers 285ဖြစ်သွားအောင်စာဖတ်သူတို့လူခေါ်ပေးကြရင်တော့ ဒီနေ့ညချက်ချင်းတင်ပေးပါ့မယ်။ လူနည်းနေတော့ တင်ချင်စိတ်မရှိ🧐🤏သဘက်ခါမှတင်ရင်ကောင်းမလားပဲ🫠 ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ စိတ်ဖိစီးနေချိန်၊ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ၁၅ မိနစ်အတွင်း စိတ်ဖိစီးမှုကို လျော့ကျသွားစေမယ့် နည်းလမ်းများ ကတော့ ၁။ တရားထိုင်ပါ မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။ ၂။ အသက်ကို ပြင်းပြင်းရှူ အသက်ကို မှန်မှန်ရှူ၊ အသက်ကို မှန်မှန် ရှူလို့ ပြောတတ်ကြတယ်မဟုတ်လား။ ဒီနည်းက တကယ်အလုပ်ဖြစ်တယ်နော်။ မျက်လုံးကိုမှိတ် ခါးကို မတ်မတ်ဆန့်ဆန့်ရပ်ပြီး ၅ မိနစ်လောက် အသက်ကို ပြင်းပြင်းရှူသွင်း၊ ပြင်းပြင်းပြန်ရှူထုတ်လုပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုကို ခပ်မြန်မြန်လွင့်ပါးသွားစေနိုင်ပါတယ်။ ၃။ အရှိအတိုင်း လက်ခံ အရမ်းစိတ်ရှုပ်နေတာက ရှုပ်ရှုပ်ထွေးထွေးတွေ တွေးတောနေမိလို့ပါ။ အခြေအနေကို အရှိအတိုင်းလက်ခံပြီး အေးအေးဆေးဆေး သုံးသပ်ကြည့်လိုက်ပါ။ ပြဿနာတွေက ကိုယ်ထင်ထားတာလောက် မခက်တာကို နားလည်လာပါလိမ့်မယ်။ ၄။ ရင်ဆိုင်ပစ်လိုက် သင့်ရဲ့ ဆိုရှယ်မီဒီယာက သင့်အတွက် စိတ်ထွက်ပေါက်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ တခြားလူတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် ပို့စ်တင်ပြီးပဲဖြစ်ဖြစ် မက်ဆင်ဂျာကနေပဲဖြစ်ဖြစ် ရင်ဖွင့်လိုက်ပါ။ စိတ်ထဲ ပေါ့သွားပါလိမ့်မယ်။ ၅။ ကိုယ်လက်လှုပ်ရှားလိုက် လေ့ကျင့်ခန်းလုပ်ခိုင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို လွှဲရမ်းလှုပ်ရှားတာမျိုး၊ ထိုင်လိုက်ထလိုက်လုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်စေချင်တာပါ။ ၁ မိနစ် ၂ မိနစ်လောက် ဒီလိုလုပ်လိုက်ရုံနဲ့ သိသာတဲ့ အကျိုးရပါလိမ့်မယ်။ ၆။ ကိုယ်တွင်း ဖိအားကို လျှော့ နွေးထွေးတဲ့ ရေနွေးအိတ်လို ဒါမှမဟုတ် နူးညံ့တဲ့ အဝတ်စလိုအရာမျိုးကို လည်တိုင်၊ မျက်နှာ၊ ရင်ဘတ်နဲ့ ဂုတ်ကြွက်သားတွေမှာ တစ်ကြိမ်စီပတ်ပြီး ၁၀ မိနစ်လောက်ကြာတဲ့အထိ နေကြည့်ပါ။ လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ ၇။ ဟက်ဟက်ပက်ပက် ရယ်မောပါ ရယ်မောတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ အပြုအမူတစ်မျိုးပါ။ ဒီအတိုင်း ရယ်မောတာပဲဖြစ်ဖြစ် ဟာသတွကြည့်ပြီး ရယ်မောတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ခနအတွင်း ထူးခြားပါလိမ့်မယ်။ ၈။ ဂီတနဲ့ စီးမျောကြည့် သီချင်းနားထောင်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတွေ ထဲက တစ်ခုလို့ ဆိုကြပါတယ်။ သွေးတိုးနဲ့ နှလုံးခုန်နှုန်းမြင့်မားနေတာတွေကို လျော့ကျစေသလို သောကတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။ ၉။ ပြေးကြည့်ပါ ပြေးတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ ပြေးတာ၊ စက်ဘီးစီးတာတွေကြောင့် ချွေးစို့လာပြီဆိုရင် လူက ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ စိတ်ဖိစီးနေရင်လည်း လျော့ပါးသွားစေပါလိမ့်မယ်။ ၁၀။ ကျေးဇူးသိစိတ်မွေးပါ လေ့လာချက်တွေ အရ ကျေးဇူး သိတတ်သူတွေဟာ စိတ်ဖိစီးနေချိန်မှာ ကျေးဇူးတရားကို တွေးတောဆင်ခြင်ရုံနဲ့ စိတ်လက်ပေါ့ပါးပြေလျော့စေတယ်လို့ အဆိုရှိပါတယ်။ စမ်းသပ်သင့်တဲ့ နည်းတစ်ခုပါပဲ။ #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

ပျော်ရွှင်မှုဆိုသည်မှာ အနာဂါတ်အတွက် မရွှေ့ပြောင်းသင့်သော အရာတစ်ခုဖြစ်ပြီး ပစ္စုပ္ပန်အတွက် ပုံစံရေးဆွဲရမည့်အရာတစ်ခုဖြစ်သည်။ //
ပျော်ရွှင်မှုဆိုသည်မှာ အနာဂါတ်အတွက် မရွှေ့ပြောင်းသင့်သော အရာတစ်ခုဖြစ်ပြီး ပစ္စုပ္ပန်အတွက် ပုံစံရေးဆွဲရမည့်အရာတစ်ခုဖြစ်သည်။ // Jim Rohn #𝐄𝐧𝐳𝐚𝐥𝐢 ∆ #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 !!!!

စိတ်ပှုပန်တက်တဲ့အကျင့်ကို ဖျောက်ပါ ကျွန်တော်တို့ဟာ နေ့စဥ်အရာရာကို ပူပန်နေတက်ကြပါတယ်။အလုပ်မှာ လူကြီးကဆူမှာပြောမှာ၊ကလေးနေမကောင်းဖြစ်မှာ၊အိမ်နီးနားချင်းတွေက အထင်သေးမှာစသဖြင့် ပူပန်မှုများစွာနှင့် နေ့စဥ်ဘဝကို ဖြတ်သန်းနေကျရပါတယ်။ တချို့တွေကဆိုရင် 'မင်း စိတ်မပူဘူးလား' လို့ ကိုယ်သတ်မထားမိတာတောင် သတိထားမိအောင် လုပ်ကြပါတယ်။ စိတ်ပူတယ်ဆိုတာ ကံဆိုးခြင်းကို လက်ယပ်ခေါ် တာပါပဲ။ ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။ စိတ်ပူပန်မှုအကျင့်ကြီးကို ဖျောက်ပြစ်ပါ။ စိတ်ပူမယ့်အစား လုပ်စရာရှိတာကို လုပ်လိုက်ပါ။ အလုပ်မှာ လူကြီးကဆူမှာ ပြောမှာ ပူပန်နေမယ့်အစား လုပ်စရာရှိတာ လုပ်လိုက်ပါ။ ကလေးနေမကောင်းဖြစ်မှာကို ပူပန်နေမယ့်အစား နေမကောင်းဖြစ်စေတဲ့အရာတွေကို ကာကွယ်မှုလုပ်ပါ။ အိမ်နီးနားချင်းတွေရဲ့ အထင်သေးမှုကို ပူပန်နေမယ့်အစား အကျင့်သိက္ခာကို ပြည့်စုံအောင် စောင့်ထိန်းပါ။ စိတ်ပူတော့မယ်ဆ်ိုရင် 'အခုအချိန်မှာ စိတ်ပူနေတာ ဘာလဲ' လို့  ကိုယ့်ကိုယ်ကို မေးပါ။ အနက်ဖြန်အတွက်ကို 'တွေးပြီးပူပန်မနေပါနဲ့' သေရေးရှင်ရေးကိစ္စတွေက နည်းပြီး ဘာမဟုတ်တဲ့ ပြဿနာကို စိတ်ပူနေမိတာ တွေ့ရပါလိမ့်မယ်။ ပြဿနာဆိုတာကတော့ ရှိနေမှာပါပဲ။ ဖျားနာတယ်ဆိုတာဖြစ်တက်ပါတယ်။ အလုပ်မှာလည်းလူကြီးကတော့ဆူမှာပြောမှာပဲ။ ဒါသူ့အလုပ်ပဲလေ။ တစ်ချိန်လုံး ပူပန်နေပြီး ယုန်တစ်ကောင်လို အရာရာကို ကြောက်နေရတဲ့ဘဝနဲ့တော့ မနေသင့်ပါဘူး။ ပြဿနာ အခက်အခဲတွေနဲ့ တကယ်ကြုံတွေ့လာတဲအခါ လက်တွေ့ကျကျ ဖြေရှင်းပါ။ လက်ငင်းဖြေရှင်းလ်ို့ရတာက ဘာလဲ။ ယခုလုပ်လို့ ရတာကို ချက်ချင်းလုပ်ပါ။ မနက်ဖြန်အတွက်ကို တွေးပြီး ပူမနေပါနဲ့။ ဘဝမှာပြန်ကြည့်မယ်ဆို မကျော်လွှားနိုင်ခဲ့တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ တစ်နည်းမဟုတ်တစ်နည်းနဲ့ကျော်လွှားခဲ့တာချည်းပါပဲ။ အခက်အခဲဆိုတာလည်း အသက်ရှင်နေသရွေ့ နေ့စဥ်တွေ့နေစမှာပါ။ ပူပန်နေလို့လည်း အခက်အခဲကို ​ကျော်လွှားလို့မရပါဘူး။ မှတ်ချက်/ပူပန်နေမယ့်အစား၊ လုပ်သင့်တာကို ချက်ချင်းလုပ်ပါ။ ပူပန်မှုကိုဖျောက်နိုင်ရင် ပျော်ရွင်မှုက ရောက်လာမှာပါ။ #Adrew_Mathew #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧 #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂

Bleeding heart ♦️ ဤပန်းပွင့်သည် နီရဲပြီးလှပသောနှလုံးပုံစံဖြင့် လူတိုင်း၏အာရုံကိုဖမ်းစားနိုင်တဲ့ပန်းလည်းဖြစ်ပါတယ်။ထိုပန်းပွင့်
+2
Bleeding heart ♦️ ဤပန်းပွင့်သည် နီရဲပြီးလှပသောနှလုံးပုံစံဖြင့် လူတိုင်း၏အာရုံကိုဖမ်းစားနိုင်တဲ့ပန်းလည်းဖြစ်ပါတယ်။ထိုပန်းပွင့်များ‌ပေးခြင်းက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ လူနှစ်ယောက်ကြားက လေးနက်ပြီး ပြင်းပြတဲ့ အချစ်တစ်ခု နှင့် အထူးသဖြင့်  အရှေ့တိုင်းယဉ်ကျေးမှုများတွင် ချစ်ခြင်းမေတ္တာကို ငြင်းပယ်ခြင်း သို့မဟုတ်စွန့်ပယ်ခံရခြင်းကိုဖော်ညွှန်းပါတယ်။      ၎င်းတို့သည် နွေဦးရာသီတစ်ခုလုံးတွင် ချစ်ခြင်းမေတ္တာနှင့် ပန်းပွင့်ခြင်း ပြီးပြည့်စုံသော သင်္ကေတဖြစ်ပါသည်။ ဤနှလုံးပုံသဏ္ဍာန် ပန်းပွင့်များသည် စိုစွတ်ပြီး အေးမြသော ရာသီဥတုတွင် ကောင်းစွာ ပေါက်ရောက်နိုင်ပြီး အနီရောင်၊ ပန်းရောင်၊ အဝါနှင့် အဖြူ ရောင်အဆင်း အမျိုးမျိုးဖြင့် တွေ့ရှိနိုင်သည်။ အခြားသော မျိုးစပ်နည်းဖြင့်စိုက်ပျိုးသောပန်းပွင့်အရောင်များလည်းရှိသည်။ အပြာ၊ ခရမ်း၊ အမဲ စသည့်ပန်းများလည်းရှိသည်။ နာမည်အရ ပြောရရင် ဒီပန်းတွေဟာ သွေးထွက်နေတဲ့ နှလုံးသားနဲ့တူပြီး အံ့သြစရာကောင်းလောက်အောင် လှပပါတယ်။ #𝐄𝐧𝐳𝐚𝐥𝐢 ∆ #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧!!!!! #Flowers

_အောင်မြင်ခြင်းရဲ့အခြေခံအချက် 5ချက်_ ၀■-■⌐■-■-■-■ဝ-■-■-■-■-■၀ ᴥ1. အချိန်မဆွဲခြင်း ᴥ2. အဆင်သင့်ဖြစ်နေခြင်း_ ᴥ3. အကြောင်းပြချက်
_အောင်မြင်ခြင်းရဲ့အခြေခံအချက် 5ချက်_ ၀■-■⌐■-■-■-■ဝ-■-■-■-■-■၀ ᴥ1. အချိန်မဆွဲခြင်း ᴥ2. အဆင်သင့်ဖြစ်နေခြင်း_ ᴥ3. အကြောင်းပြချက် မထားခြင်း_ ᴥ4.‌ လေ့လာ‌သင်ယူခြင်း_ ᴥ5. မှီခိုစိတ်ကင်းခြင်း_ ဖြန့်ပြီးတွေးတောနိုင်ကြပါစေ။ ။ ဝ•#𝐄𝐧𝐳𝐚𝐥𝐢 ∆ ဝ•#𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 ဝ•#𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 ✓ .

。:゚。:゚゚:。。:゚゚:。゚:。。:゚゚:。。:゚。:゚゚:。゚:。 _⚜️အရှားပါးဆုံးလိပ်ပြာမျိုးစိတ်🦋__ ▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️ လိပ်ပြာတွေဟာ🌈အရောင်မျိုးစုံ လှပမှုမျိုးစုံနဲ့ သဘာဝတရားကြီးရဲ့လှပမှု အခန်းကဏ္ဍ🌱မှာပါဝင်နေပါတယ်။ လှပပြီးချစ်စရာကောင်းတဲ့ လိပ်ပြာများမှာအချို့က ကမ္ဘာပေါ်မှာအရှားပါးဆုံးမျိုးစိတ်အဖြစ်ကျန်နေပြီး ထိုအထဲမှာ Palos Verdes Blue🦋 ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး မျိုးစိတ်တစ်ခုအဖြစ်ပါဝင် နေပါတယ်။ ဒီလိပ်ပြာငယ်များကို 1970ခုနစ်မှာ ပထမဆုံး တရားဝင်ဖော်ပြခဲ့ပြီး ၎င်းရဲ့⚡️မြန်ဆန်တဲ့ပျံသန်းမှုနဲ့ လှပသောအတောင်များကြောင့် ထင်ရှားလာရပါတယ်။ ‌ထိုမျိုးစိတ်ကို မြောက်အမေရိကတိုက်တစ်ခွင်မှာတွေ့ရပြီး လက်ရှိမှာတော့ မျိုးခွဲပေါင်း11မျိုး ရှိကြောင်း‌📝🔍လေ့လာသူတို့ဆိုပါတယ်။ အထီးမျိုးစိတ်များမှာ ✧ငွေပြာရောင်တောက်ပသော အတောင်ပံများရှိကာ အမများမှာ 。.゚နီညိုရောင်ရောယှက်သော မီးခိုးရောင်🌫အတောင်တို့ကိုပိုင်ဆိုင်ထားပါတယ်။ ဒီလိပ်ပြာမျိုးများဟာ🌿 မျိုးပွားရာသီမှာ တစ်ကြိမ်သာပေါက်ဖွားနိုင်သည်။ 🫧⚡️အထီးများသည် အမများထက် ပိုမို----ဝေးကွာ‌သော အကွာအဝေးနှင့် ပိုမိုကြာရှည်စွာပျံသန်း🦋နိုင်ပါသည်။ Palos Verdes Blueများဟာယခုအခါမှာတော့ ၎င်းတို့အမှီပြုနေထိုင်ရာ လက်ခံပင်များမှာ ဆုံးရှံးခြင်းနှင့် အခြားသော အကြောင်းအရင်းများကြောင့် အရေအတွက်များစွာကျဆင်းနေကြောင်းသိရှိရပါသည်။ ထို့ကြောင့် စီနစ်တကျထိန်းသိမ်းမှုများလုပ်‌ဆောင်နေကာ 2020ခုနစ်တွင် 🦋အကောင်ရေ1000ကျော်ကို သဘာဝနေရာအတိုင်းမျိုးပွားနိုင်ရန် 🌴Palos Verdes ကျွန်းသို့🪵🌱 ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။ #𝐄𝐧𝐳𝐚𝐥𝐢 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 #animals

。:゚。:゚゚:。。:゚゚:。゚:。。:゚゚:。。:゚。:゚゚:。゚:。 ⚜ပယင်း (Amber)အကြောင်းမှတ်သားဖွယ် ⚜ ■ ပယင်းသည် ဇီဝမူလ ကျောက်မျက် အမျိုးအစားဖြစ်သည်။ တိကျသော ဓာတုဖွဲ့စည်းမှုသော်လည်းကောင်း၊ ပုံဆောင်စနစ်သော်လည်းကောင်း မရှိပေ။ ■ ဓာတုဖွဲ့စည်းမှုအားဖြင့် ဟိုက်ဒရို-ကာဘွန်နိတ် ဒြပ်ပေါင်းများပင်ဖြစ်သည်။ သိပ်သည်းဆ ၁.၀၇၊ မာဆင့် ၂.၅ သာရှိသောကြောင့် မီးအပူဒဏ်နှင့် ငရဲမီးဒဏ်တို့ကို မခံနိုင်ပေ။ ထို့ကြောင့် သတိထားထိန်းသိမ်းရန် လိုအပ်သည်။ ပယင်းသည် လူသားတို့၏ အဆင်တန်ဆာအဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင်ထဲမှ ရှေးအကျဆုံးရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီးများကို ဥရောပမြောက်ပိုင်းတွင် ဘီစီ(၈၀၀၀)လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။ ■ ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး(ထင်းရူးပင်တစ်မျိုးဟု ဆို)၏ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာသော ကျောက်ဖြစ် ရုပ်ကြွင်းများဖြစ်သည်။ ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်သည်။ ယေဘုယျအားဖြင့် နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်းတင်ထားကြသည်။ ■ သစ်ပင်၏ အစေးမှ ဖြစ်လာသော ပယင်းထဲတွင် ယင်းပယင်းမဖြစ်မှီ သစ်စေး အခြေအနေ၌ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်၏ အစအနများ သစ်ရွက်၊ ပျား၊ လိပ်ပြာ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်များမှာ ရုန်းထွက်မရတော့ပဲ သစ်စေးများနှင့်အတူ ပိတ်မိနေတတ်ကြသည်။ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ၎င်းပိုးမွှားများနှင့် အခြားသောပစ္စည်းများသည် ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်သည်။ ( မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရကြောင်း သိရသည်။ ။ ) _ဂုဏ်သတ္တိများ_ ■ ပယင်းအစစ်သည် အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်သည်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်သော ကျောက်စိမ်း တာကွိုက်ဇ်ကဲ့သို့ ကျောက်မျက်များသည် အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကိုရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။ အရက်၏ အရောင်ဖြစ်သော ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ဟု တင်စားကြသည်ကို ကြားဖူးကြသော်လည်း ပယင်းတွင် နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်သည်။ ■ ပယင်းသည်ကျောက်မျက်ရတနာ ၉ ပါးတွင် အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅)သာရှိကာ သိပ်သည်းဆလည်း ၁.ဝရသာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်သည်။ မီးရှို့လျှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပြီး စူးရှရှအနံ့မျိုး ရသည်။ ■ ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြသည်။ တရုတ်လူမျိုးများသည် သွေးလည်ပတ်မှု ကောင်းစေရန်၎င်း ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။ မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။ #𝐄𝐧𝐳𝐚𝐥𝐢 #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐀𝐝𝐦𝐢𝐧 #𝐍𝐞𝐞𝐝_𝐑𝐞𝐚𝐜𝐭𝐢𝐨𝐧 !!! #𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞_𝐥𝐢𝐭𝐞𝐫𝐚𝐭𝐮𝐫𝐞

အရှားပါးဆုံးတန်ဖိုးမဖြတ်နိုင်သည့်တွင်းထွက် သည်မြန်မာပြည်မှဖြစ်သည်။ သိသလောက်မျှဝေတာမို့ အမှားပါရင်လွှတ်လပ်စွာထောက်ပြနိုင်သည်။
+3
အရှားပါးဆုံးတန်ဖိုးမဖြတ်နိုင်သည့်တွင်းထွက် သည်မြန်မာပြည်မှဖြစ်သည်။ သိသလောက်မျှဝေတာမို့ အမှားပါရင်လွှတ်လပ်စွာထောက်ပြနိုင်သည်။
#𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊ռ𝛔ωƖᥱժցᥱ

//မြန်မာ့ကျောက်မျက်ပညာရှင် ဖော်ထုတ်နိုင်ခဲ့တဲ့ ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်း // နိုင်ငံတကာကျောက်မျက်အဖွဲရဲ့ သတ်မှတ်ချက်အရ ကမ္ဘာပေါ်မှာ တွင်းထွက်ပစ္စည်း ၆၀၀၀ ဝန်းကျင်ရှိတဲ့အနက် ကမ္ဘာ့အရှားပါးဆုံး တွင်းထွက်ပစ္စည်းလို သတ်မှတ်ခံရတာတော့ ကျော်သူအိုက် (Kyawthuite)လို အမည်ရတဲ့ တွင်းထွက်ပါပဲ။ ၁.၆၁ ကာရက်ပဲ ရှိတဲ့ လိမ္မော်ရင့်ရောင် သလင်းကျောက်ကို မိုးကုတ်မြို ချောင်းကြီးချိုင့်ဝှမ်းထဲကနေ ပတ္တမြားတူးသူတွေက တွေ့ရှိခဲ့တာဖြစ်ပြီး ရှားပါးတွင်းထွက်မှန်း မသိခဲ့ကြပါဘူး။ ၂၀၁၀ ပြည့်နှစ်မှာတော့ အဲဒီရှားပါးတွင်းထွက်ကို မြန်မာ့ကျောက်မျက်ပညာရှင် ဒေါက်တာကျော်သူက ကျောက်မျက်ဈေးကနေ ဝယ်ယူခဲ့ပြီး ထူးခြားမှုကို သိရှိခဲ့လို အမေရိကန်နိုင်ငံက ကျောက်မျက်ပညာရှင်တွေနဲ့ တွဲဖက်ကာ တွင်းထွက်ပစ္စည်း အမျိုးအစားသစ်အဖြစ် နိုင်ငံတကာကျောက်မျက်အဖွဲရဲ့ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ နိုင်ငံတကာကျောက်မျက်အဖွဲက ကျော်သူအိုက် (Kyawthuite)ကို တွင်းထွက်ပစ္စည်းသစ်အဖြစ် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။ ကျော်သူအိုက် တွင်းထွက်ပစ္စည်းရဲ့ ဓာတ်ဖွဲစည်းပုံကတော့ Bi3+Sb5+O4 ပါ။ ရေရဲ့သိပ်သည်းဆထက် ၈ ဆပိုများလို အရွယ်အစားသေးငယ်ပေမဲ့ အလေးချိန်စီးပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းပဲ တွေ့ရသေးတဲ့ တွင်းထွက်ပစ္စည်းဖြစ်လို တန်ဖိုးသတ်မှတ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ //Credit- ရှင်ယွန်း ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ──𖡼───ꕀ───⌑──ꕀ──𖡼─── 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ