es
Feedback
THN Public Media

THN Public Media

Ir al canal en Telegram

📈 Análisis del canal de Telegram THN Public Media

El canal THN Public Media (@thnjournalist) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 10 292 suscriptores, ocupando la posición 6 037 en la categoría Deportes y el puesto 11 092 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 292 suscriptores.

Según los últimos datos del 28 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 144, y en las últimas 24 horas de 5, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 10.36%. Durante las primeras 24 horas tras publicar, el contenido suele obtener 7.74% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 066 visualizaciones. En el primer día suele acumular 797 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 29 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Deportes.

10 292
Suscriptores
+524 horas
+397 días
+14430 días
Archivo de publicaciones
နွေဦးတော်လှန်ရေးထောက်ပို့ PRF အတွက် ငွေကြေးပံ့ပိုးနေသူတွေကို ဖမ်းဆီးရမိတယ်လို့ နေပြည်တော်ကြေညာ စက်တင်ဘာ ၂၉ - ၂၀၂၆ PRF Website ကို WavePay နဲ့ ငွေကြေးထောက်ပံ့သူ ၇၀၀ ခန့်၊ NUG Pay နဲ့ ငွေကြေးထောက်ပံ့သူ ၁၀၀၀ ခန့်၊ SDB ဘဏ်နဲ့ ၁၀၀၀၊ စုစုပေါင်း ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့ပြီး အဲဒီအထဲက ၂၁ ဦးကို ဖမ်းဆီးရမိထားတယ်လို့ နေပြည်တော်က ဓါတ်ပုံတွေနဲ့ တကွ သတင်း ထုတ်ပြန် ထားပါတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်လက်ဖော်ထုတ် သွားမှာ ဖြစ်ကြောင်းနဲ့ ဖမ်းဆီးမိတဲ့ WavePay အကောင့်တွေကိုလည်း ပိတ်သိမ်းပြီး နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ ဖေါ်ပြထားပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

photo content
+2

ကျောက်တော် လေကြောင်းတိုက်ခိုက်မှုကို အာဆီယံ လူ့အခွင့်အရေး အဖွဲ့ APHR ပြင်းပြင်းထန်ထန် ရှုတ်ချ စက်တင်ဘာ ၂၉ - ၂၀၂၆ အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေး အဖွဲ့ (APHR) က စက်တင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ အပြစ်ဒဏ်ကနေ ကင်းလွတ်နေမှုတွေ ကို ချက်ချင်းရပ်တန့်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိအောင် အရေးယူပေးဖို့ တောင်းဆို လိုက်ပါတယ်။ မနေ့က မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်ရှိ ဈေးအနီးကို အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဈေးသည်တွေ၊ ဈေးဝယ်သူတွေ နဲ့ လမ်းသွားလမ်းလာတွေ အပါအဝင် ၄၉ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ "စစ်ကောင်စီဟာ မြေပြင်မှာ နယ်မြေ စိုးမိုးနိုင်စွမ်း မရှိတော့တာကြောင့် တနိုင်ငံလုံးက လူစည်ကားရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းတွေကိုပဲ မှီခိုအားထားနေရပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ရပါမယ်။ မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရပါမယ်" လို့ အင်ဒိုနီးရှား ပါလီမန်အမတ် APHR ဥက္ကဋ္ဌ ဖြစ်သူ Mercy Chriesty Barends က ပြောကြားလိုက်ပါတယ်။ - ဒါ့အပြင် APHR က အောက်ပါအတိုင်း တိုက်တွန်းတောင်းဆိုထား ပါတယ်။ အာဆီယံနဲ့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်တို့အနေနဲ့ - လာမယ့် နိုဝင်ဘာလ မနီလာမှာ ကျင်းပမယ့် (၄၉) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးပွဲ ကနေ စစ်ကောင်စီရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို ဖယ်ကြဉ် ထားပါ။ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေသမျှ ကာလပတ်လုံး ပုံမှန် ဆက်ဆံရေးမျိုး ပြန်လည် ထူထောင်ခြင်းကို ငြင်းပယ်ပါ။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ - နိုင်ငံတော်အဆင့် သွားရောက် လည်ပတ်မှုတွေ၊ ကော်ဇောနီခင်း ကြိုဆိုဧည့်ခံမှုတွေကနေ တဆင့် မင်းအောင်လှိုင်ကို နှစ်နိုင်ငံအဆင့် တရားဝင်မှု ပေးအပ်နေတာတွေကို ရပ်တန့်ပါ။ ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီအနေနဲ့ - ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ရရှိရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှုကို ငြင်းပယ်ပါ။ အစိုးရအားလုံးအနေနဲ့ - မြန်မာစစ်တပ်ဆီ လက်နက်တွေ၊ လေယာဉ်ဆီ တွေနဲ့ နှစ်မျိုးသုံး ပစ္စည်းတွေ ထောက်ပံ့နေမှုကို ရပ်တန့်ပါ။ စနစ်တကျ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများ ပူးပေါင်းလုပ်ဆောင်ပါ။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအမှု၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) နဲ့ အရှေ့တီမော လို ကမ္ဘာ့တရားစီရင်ပိုင်ခွင့် အပါအဝင် အပြည်ပြည်ဆိုင်ရာ တရားမျှတမှု ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပါ။ လူသားချင်းစာနာမှု ဆိုင်ရာ ကူညီခွင့် - ကျောက်တော်နဲ့ ရခိုင်ပြည်နယ် တဝန်းက အသက်ရှင်ကျန်ရစ်သူများထံ လူသားချင်းစာနာမှုနဲ့ ဆေးဝါး အကူအညီတွေ အဟန့်အတားမရှိ ခွင့်ပြုဖို့ အောင်ရွက်ပါ။ APHR အနေနဲ့ လတ်တလော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် အုပ်ချုပ်မှုကို အဆုံးသတ်ရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးတို့ အတွက် မြန်မာပြည်သူတွေနဲ့ အတူ မယိမ်းမယိုင် သွေးစည်းညီညွတ်မှုနဲ့ ခိုင်မာစွာ ရပ်တည်သွားမှာဖြစ်ကြောင်း APHR က ထပ်လောင်းအတည်ပြုလိုက်ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

photo content

ရွှေစျေး ငွေစျေး စက်တင်ဘာ ၂၉ - ၂၀၂၆ ရွှေစျေး - သိန်း ၁၀၀ နဲ့ ၂ သောင်း ဒေါ်လာ - ၄၅၀၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ဓါတ်ဆီ - 92
ရွှေစျေး ငွေစျေး စက်တင်ဘာ ၂၉ - ၂၀၂၆ ရွှေစျေး - သိန်း ၁၀၀ နဲ့ ၂ သောင်း ဒေါ်လာ - ၄၅၀၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ဓါတ်ဆီ - 92 - ၄၄၅၀ / 95 - ၄၆၀၀ ဒီဇယ် - ၄၇၉၀ --------------- မနေ့ကစျေး ရွှေစျေး - ၉၉ သိန်း ၉ သောင်း ဒေါ်လာ - ၄၅၀၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၃ သောင်း ဓါတ်ဆီ - 92 - ၄၄၅၀ / 95 - ၄၆၀၀ ဒီဇယ် - ၄၇၉၀ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေမှု နဲ့ ပတ်သက်ပြီး တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို ထိ‌ရောက်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန် (စက်တင်ဘာ ၂၈ - ၂၀၂၆) --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

photo content
+3

ထားဝယ်ဒေသ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိလာ၊ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ စက်တင်ဘာ ၂၈ - ၂၀၂၆ ရေကြီးမြေပြိုဖြစ်နေတဲ့ ထားဝယ်ဒေသ မှာ သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၂၈)ရက်နေ့ ညနေပိုင်းက စလို့ မိုးသည်းတာ မရှိတော့ဘဲ တချို့ဒေသတွေမှာ ရေအနည်းငယ် ပြန်လည် ကျလာတာ ရှိပေမယ့် ဒေသအများစုမှာတော့ ရေကြီးရေလျှံမှု နဲ့ တောင်ပြိုမှုတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက် ဆောင်ရွက် နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

photo content

မုတ္တမကွေ့က အားကောင်းတဲ့ မုန်တိုင်းငယ် ကြောင့် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးဇလ ထုတ်ပြန် စက်တင်ဘာ ၂၈ - ၂၀၂၆ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် (လေစိုင်ဝဲ) ဟာ မွန်ပြည်နယ် ကျိုက်ထို တောင်ဘက်ကနေ စတင်ဖြတ်ကျော်နေပြီး၊ ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးနဲ့ မန္တလေး တိုင်း တို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလ ကနေ ခန့်မှန်းထားပါတယ်။ ဒီအတွက် ဒီကနေ့ ကနေ ၃၀ ရက်နေ့အထိ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင် နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့ ဖြစ်ကြပြီး နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်း လည်း ရွာနိုင်ပါသေးတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေတိုက်နှုန်းတနာရီ ၃၅ မိုင် ကနေ မိုင် ၄၀ အထိ ရှိနိုင်ပြီး ရေလှိုင်းကတော့ ၁၀ ပေ ကနေ ၁၂ ပေ အထိ ရှိနိုင်ပါတယ်။ ရခိုင် ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ ရေလှိုင်း ဟာ ၉ ပေ ကနေ ၁၁ ပေ အထိ ရှိနိုင်ပြီး လေတိုက်နှုန်းကတော့ အဲဒီမှာ တနာရီ မိုင် ၃၀ အထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

photo content
+2

NUG တာဝန်ရှိသူတွေနဲ့ ပြည်သူ့အနုပညာရှင်တွေ လူထုဦးဆောင်သူတွေ ရင်းရင်းနှီးနှီး တွေ့ဆုံ စက်တင်ဘာ ၂၈ - ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေ ပြည်သူ့ အနုပညာရှင် တွေ လူထုလှုပ်ရှားဦးဆောင်သူတွေ ရင်းရင်းနှီးနှီး တွေ့ဆုံပွဲ တခုကို စက်တင်ဘာ ၂၆ ရက်နေ့က အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ ကြောင်း NUG က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ တွေ့ဆုံပွဲမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့အနုပညာရှင်တွေနဲ့ ၊ လူထု စည်းရုံးလှုံ့ဆော်နိုင်သူတွေဟာ တော်လှန်ရေး အတွက် အလွန် အရေးကြီးကြောင်းနဲ့ အခုအချိန်အထိ တော်လှန်ရေးမှာ နိုင်တဲ့ဘက်က ပါဝင်နေတဲ့ အတွက် ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ဦးရည်မွန်တို့ကလည်း စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး လက်ရှိ အခြေအနေ နဲ့ ရှေ့အလားအလာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ အဲဒီနောက် ဦးမင်းကိုနိုင်၊ ဒေါက်တာတေဇာစန်း ပြည်သူ့အနုပညာရှင်တွေနဲ့ လူထု စည်းရုံးလှုံ့ဆော်သူတွေက အကြံပြုဆွေးနွေးကာ တွေ့ဆုံပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒီတွေ့ဆုံပွဲကို လူပေါင်း ၁၂၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

photo content

ရွှေစျေး ငွေစျေး စက်တင်ဘာ ၂၈ - ၂၀၂၆ ရွှေစျေး - ၉၉ သိန်း ၉ သောင်း ဒေါ်လာ - ၄၅၀၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၃ သောင်း ဓါတ်ဆီ -
ရွှေစျေး ငွေစျေး စက်တင်ဘာ ၂၈ - ၂၀၂၆ ရွှေစျေး - ၉၉ သိန်း ၉ သောင်း ဒေါ်လာ - ၄၅၀၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၃ သောင်း ဓါတ်ဆီ - 92 - ၄၄၅၀ / 95 - ၄၆၀၀ ဒီဇယ် - ၄၇၉၀ ------------ မနေ့ကစျေး ရွှေစျေး - ၁၀၁ သိန်း ၃ သောင်း ဒေါ်လာ - ၄၄၈၀ ရည်ညွှန်းရွှေစျေး - ၇၁ သိန်း ၃ သောင်း ဓါတ်ဆီ - 92 - ၄၄၅၀ / 95 - ၄၆၀၀ ဒီဇယ် - ၄၇၉၀ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

မီးဖိုချောင် အတွက် ကုန်စျေးနှုန်း အခြေအနေ - ရန်ကုန် ရပ်ကွက်စျေးတခုက စျေးနှုန်းတွေ ဖြစ်ပါတယ် ( စက်တင်ဘာ ၂၈ - ၂၀၂၆) -----------
မီးဖိုချောင် အတွက် ကုန်စျေးနှုန်း အခြေအနေ - ရန်ကုန် ရပ်ကွက်စျေးတခုက စျေးနှုန်းတွေ ဖြစ်ပါတယ် ( စက်တင်ဘာ ၂၈ - ၂၀၂၆) --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၃ ဦးအထိရှိလာကြောင်း AA ထုတ်ပြန် စက်တင်ဘာ ၂၈ - ၂၀၂၆ ဒီကနေ့ မွန်းလွဲပိုင်း
+1
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၃ ဦးအထိရှိလာကြောင်း AA ထုတ်ပြန် စက်တင်ဘာ ၂၈ - ၂၀၂၆ ဒီကနေ့ မွန်းလွဲပိုင်းက ကျောက်တော်မြို့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင် နဲ့ အိန္ဒိယစျေးဝန်းကျင် တို့ကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တဲ့အတွက် အရပ်သား သေဆုံးမှုမှာ လက်ရှိ အချိန်အထိ (၃၃) ဦး ရှိလာပြီး ထိခိုက် ဒဏ်ရာရရှိသူ ကတော့ (၃၆) ဦး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က နောက်ဆက်တွဲ သတင်း ထုတ်ပြန်ထား ပါတယ်။ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက်ပိုင်း အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်လို့လည်း ဖေါ်ပြထား ပါတယ်။ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ ----------------

ရေး ထားဝယ် မော်လမြိုင် ဘားအံ လပွတ္တာ ရခိုင် မိုးများမယ် - စက်တင်ဘာ ၂၈ - ၂၀၂၆ --------------------------- THN Public Media - Y
ရေး ထားဝယ် မော်လမြိုင် ဘားအံ လပွတ္တာ ရခိုင် မိုးများမယ် - စက်တင်ဘာ ၂၈ - ၂၀၂၆ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အမြဲတမ်းဗဟိုကော်မတီဝင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန် စက်တင်ဘာ ၂၇ - ၂၀၂
+1
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အမြဲတမ်းဗဟိုကော်မတီဝင် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန် စက်တင်ဘာ ၂၇ - ၂၀၂၆ --------------------------- THN Public Media - YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။ https://t.me/+iFZ9Q4hyodJkNjRk https://t.me/THNjournalist တစ်တော့ လာပြီ https://www.tiktok.com/@thnmedia?lang=en - ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ https://www.facebook.com/becomesupporter/100066613536888/ -------------------------- တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese