THN Public Media
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام THN Public Media
تُعد قناة THN Public Media (@thnjournalist) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 10 164 مشتركاً، محتلاً المرتبة 6 075 في فئة الرياضة والمرتبة 11 222 في منطقة Myanmar.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 164 مشتركاً.
بحسب آخر البيانات بتاريخ 24 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -125، وفي آخر 24 ساعة بمقدار -14، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.62%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 7.34% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 978 مشاهدة. وخلال اليوم الأول يجمع عادةً 746 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 10.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 25 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الرياضة.
10 164
المشتركون
-1424 ساعات
-417 أيام
-12530 أيام
أرشيف المشاركات
10 164
ရွှေစျေး ငွေစျေး အောက်တိုဘာ ၂၅ - ၂၀၂၆
ရွှေစျေး - သိန်း ၁၀၀ နဲ့ ၉ သောင်း
ဒေါ်လာ - ၄၆၇၀
ရည်ညွှန်းရွှေစျေး - ၇၁ သိန်း
ဓါတ်ဆီ - 92 - ၄၇၁၅ / 95 - ၄၈၃၅
ဒီဇယ် - ၄၄၄၅
-------------
မနေ့ကစျေး
ရွှေစျေး - သိန်း ၁၀၀ နဲ့ ၉ သောင်း
ဒေါ်လာ - ၄၆၇၀
ရည်ညွှန်းရွှေစျေး - ၇၁ သိန်း
ဓါတ်ဆီ - 92 - ၄၇၁၅ / 95 - ၄၈၃၅
ဒီဇယ် - ၄၄၄၅
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
မြန်မာ အမေရိကန် ဆွေးနွေးပွဲ ထိုင်းနိုင်ငံ ထောက်ခံ
အောက်တိုဘာ ၂၄ - ၂၀၂၆
နိုဝင်ဘာလ အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ အမေရိကန်-မြန်မာ ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း ပြောကြားလိုက် ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှု အသစ် ပြုလုပ် လာတာကို ထိုင်းနိုင်ငံက ထောက်ခံအားပေးပြီး၊ နိုဝင်ဘာလ မနီလာမြို့မှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ ဒေသတွင်း ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံ အပေါ် ကိုင်တွယ်မယ့် ချဉ်းကပ်ပုံ တွေကို ဆွေးနွေးကြလိမ့်မယ်လို့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် က ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှာ ပြောကြားခဲ့ ပါတယ်။
လစ္စဘွန်းမြို့ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆီဟာဆက်က ထိတွေ့ဆက်ဆံတယ်ဆိုတာ "စစ်ကောင်စီကို တရားဝင်မှု ပေးတယ်လို့ မဆိုလိုပါဘူး" ဟု ပြောကြားခဲ့ပြီး၊ ငြိမ်းချမ်းစွာ အကျပ် အတည်း ဖြေရှင်းရေးနဲ့ မြန်မာနိုင်ငံရဲ့ အတိုက်အခံ တွေနဲ့ ပြန်လည် ရင်ကြားစေ့ရေး တို့ကို အားပေးသင့်တယ်လို့ ဆိုပါတယ်။
"မြန်မာနိုင်ငံ အထီးကျန်ဖြစ်သွားတာကို ကျနော်တို့ မလိုလားပါဘူး၊ မြန်မာနိုင်ငံ ဟာ ပထဝီနိုင်ငံရေး အားပြိုင်ရာ ကွင်းတခု ဖြစ်လာတာ ကိုလည်း ကျနော်တို့ မလိုလားပါဘူး... ဒါကြောင့် အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံမှုကို ကျနော်တို့ ကြိုဆိုပါတယ်" လို့ ဆီဟာဆက် က ပြောပါ တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာစစ်အစိုးရတို့ဟာ ပြီးခဲ့တဲ့ နှစ်ပတ်က တိုကျိုမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး၊ ဒါဟာ တလအတွင်း ဒုတိယ အကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။
ဝါရှင်တန် ဒီစီအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း အထီးကျန် ထားခဲ့တဲ့ ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကို အခုတော့ ပြန်လည် တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး မှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထား ဆွေးနွေးကြလိမ့်မယ်လို့ ဆီဟာဆက် က မျှော်လင့်ထားပေမဲ့ မြန်မာနိုင်ငံရဲ့ အပြည့်အဝ ကိုယ်စား ပြုခွင့် ပြန်လည် ရရှိရေးကို ထည့်သွင်းစဉ်းစားမလား ဆိုတာ ကိုတော့ အတည် မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုတော့ ၂၀၂၁ အာဏာသိမ်းပြီး ကတည်းက အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ ဖယ်ထုတ်ထား ခဲ့တာ ဖြစ်ပါတယ်။
မြန်မာသမ္မတ မင်းအောင်လှိုင်ရဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေဆီ သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေကို ထောက်ပြရင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး "အာဆီယံရဲ့ ရပ်တည်ချက် တချို့ ပြောင်းလဲ မှုတွေ ရှိလာတယ်" လို့ ဆီဟာဆက် က ပြောပါတယ်။
နိုဝင်ဘာလ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံအပေါ် ဘယ်လို ဆက်လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး "ရေရှည်တည်တံ့အောင်၊ ကျယ်ကျယ် ပြန့်ပြန့် အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်လို့ တကယ်ကို ကောင်းပါတယ်" လို့ ဆီဟာဆက် က ပြောကြားခဲ့ပါတယ်။
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ပြင်ဦးလွင် အဆင်း ယာဥ်တိုက်မှု ခရီးသည်တင်ယာဥ် ချောက်ထဲ ကျ၊ ၆ ဦးသေဆုံး
အောက်တိုဘာ ၂၃- ၂၀၂၆
ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း ၁၉ မိုင်မှာ နယူးမန္တလာထွန်း ခရီးသည်တင်ယာဥ်နဲ့ အငှားယာဥ် Nissan Wingroad မော်တော်ကားတို့ တိုက်မိခဲ့ပြီး လူ ၃၀ ဝန်းကျင် ပါတဲ့ နယူးမန္တလာထွန်း ခရီးသည်တင်ယာဥ် ချောက်ထဲ ကျခဲ့ပါတယ်။
ယာဥ်တိုက်မှုကြောင့် Nissan Wingroad မော်တော်ကား မောင်းနှင်တဲ့ ယာဥ်မောင်းဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ချောက်ထဲကျသွားတဲ့ ခရီးသည်တင်ကား အတွင်းက ခရီးသည် ငါးယောက်လည်း နေရာတင် သေဆုံးသွားတာကြောင့် ၆ ယောက် အလောင်းရရှိထားတယ်လို့သိရပါတယ်။
ဒီယာဥ်မတော်တဆမှုကို မန္တလေးတိုင်းအတွင်းက မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေး အသင်းတွေ ပူးပေါင်း ကယ်ဆယ်နေပြီး မန္တလေးဆေးရုံကြီးကို လူနာတွေ ပို့ပေးနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ ကိုချစ်
Crd – VOM
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ပြင်သစ် တနိုင်ငံလုံး လူသောင်းချီ ဆန္ဒပြ၊ လူ ၁၃၅ ဦးကို ရဲက ဖမ်းဆီး
အောက်တိုဘာ ၂၄ - ၂၀၂၆
ပြင်သစ် တနိုင်ငံလုံး နေရာ အနှံ့အပြားမှာ လူသောင်းနဲ့ချီ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ပြင်သစ်ရဲတပ်ဖွဲ့က လူ ၁၃၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
နှိမ်နင်းမှုတွေ အတွင်း ပါရီမြို့ ရဲတပ်ဖွဲ့က လက်နက်တွေနဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို အစောပိုင်းက သိမ်းဆည်းခဲ့ပြီး၊ ဆိုရှယ်မီဒီယာ ပို့စ်တခု မှာတော့ မြို့တော်အတွင်း အားလုံး တည်ငြိမ်နေပါတယ် လို့ ဖော်ပြထား ပါတယ်။
ဒီကနေ့ ချီတက်ပွဲတွေဟာ စီးပွားရေး လုပ်ငန်းပေါင်း ထောင်နဲ့ချီ ထိခိုက် ပျက်စီးစေခဲ့ပြီး ပြီးခဲ့တဲ့ အပတ်က လူပေါင်း ၂၇၀၀ ကျော် ဖမ်းဆီးခံခဲ့ ရတဲ့ အဓိကရုဏ်းတွေနဲ့ ပစ္စည်းလုယက်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်လာတာပါ။
ပါရီ၊ မာဆေးလ်နဲ့ လီယွန် စတဲ့ မြို့ကြီးတွေမှာ ညမထွက်ရ ကာဖျူး အမိန့် ထုတ်ပြန်ထားတာ ဆန္ဒပြခွင့် တားမြစ်ထားတာတွေ ရှိနေပေမဲ့ တချို့ ဆန္ဒပြပွဲတွေကိုတော့ ခွင့်ပြုပေးထားပါတယ်။
ပါရီမြို့က ဆန္ဒပြသူ တဦးက "ကျနော်တို့က အခုဆိုရင် ဆန္ဒပြခွင့်ရဖို့ အတွက်ကိုပါ ဆန္ဒပြနေကြရပါပြီ" လို့ ဆိုပါ တယ်။
သာမန်ရိုးကျ နိုင်ငံရေးအပေါ် မဲဆန္ဒရှင်တွေရဲ့ ယုံကြည်ကိုးစားမှုတွေ တဖြည်းဖြည်း ကျဆင်းလာနေပြီး၊ လူထုရဲ့ ဒေါသထွက်မှုတွေ မြင့်တက် လာနေ ပါတယ်။
ပြင်သစ်သတင်းဌာန BFMTV ရဲ့ ဖော်ပြချက်အရ အောက်ပါနေရာတွေမှာ အာဏာပိုင်တွေက ဆန္ဒပြခွင့် ပြုထားပါတယ်။
• Lille
• Strasbourg
• Mulhouse
• Grenoble
• Marseille
• Toulouse
• Amiens
• Paris
အဝါရောင်ဝတ် ဆန္ဒပြလှုပ်ရှားမှု gilets jaunes ကလည်း ဒီကနေ့ နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲ ၇၀၀ ကျော် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောကြားပါတယ်။
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
NLD အစိုးရ ဝန်ကြီး ဦးဇာနည်အောင်ကို အိုးဘိုထောင်က လွှတ်ပေမယ့် ရဲလုပ်ငန်းစဥ်အရ နောက်တပတ်ရုံးချိန်းမှ လွတ်မယ်
အောက်တိုဘာ ၂၃- ၂၀၂၆
NLD အစိုးရ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးဇာနည်အောင် ဟာ မနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းက လွတ်ရက်စေ့လို့ အိုးဘိုထောင် ကနေ လွှတ်ခဲ့ပေမယ့် ရဲလုပ်ငန်းစဥ် တွေ မပြီးသေးတာကြောင့် နောက်တပတ် ရုံးချိန်မှ လွတ်မယ် လို့ သိရပါတယ်။
မဟာအောင်မြေ တရားရုံး မြို့နယ်တရားသူကြီးက ဦးဇာနည်အောင်ကို တနှစ်အတွင်း ကောင်းမွန်စွာနေထိုင်မယ့် အကြောင်း တရားလို ရဲသက်သေ တွေကို စစ်ဆေးရာမှာ အချိန်မလောက်တဲ့ အတွက် အောက်တိုဘာ ၃၀ ရက်နေ့ကို ချိန်းဆို လိုက်တာ လို့ပြောပါတယ်။
နောက်ထပ်စွဲဆိုထားတဲ့ အမှုမရှိတဲ့ အတွက် အောက်တိုဘာ ၃၀ ရက်နေ့ ရုံးချိန်းပြီးရင်တော့ လွတ်မြောက်မယ်လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
ဦးဇာနည်အောင် ဟာ ကျောက်ကပ်နဲ့ ဆီးချိုရောဂါတွေ အတွက် ဆေးကုသမှု လိုအပ်နေတယ်လို့ ပြောပါတယ်။
NLD အစိုးရ မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးဇာနည်အောင်ဟာ ၂၀၂၁ ခုနှစ်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးဇာနည်အောင် ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ၂၀၂၂ ခုနှစ် ဧပြီ လမှာ မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် (အိုးဘိုထောင်တွင်း အထူးတရားရုံး) က စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုအတွက် ထောင်ဒဏ် ၆ နှစ် (တမှုအတွက် ၃ နှစ်စီနဲ့ စုစုပေါင်း ၆ နှစ်) စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ချမှတ်ခဲ့တာဖြစ်ပါတယ်။
crd - VOM
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ် ဖုန်းစကားပြောခွင့် ပြုတဲ့ အပေါ် ထိုင်းနိုင်ငံကြိုဆို
အောက်တိုဘာ ၂၄ - ၂၀၂၆
အကျဉ်းကျခံနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သားဖြစ်သူ ကင်မ်အဲရစ် ကို ၅ နှစ်ကျော် အတွင်း ပထမဆုံးအကြိမ် တယ်လီဖုန်းနဲ့ စကားပြောခွင့်ပြုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက အကောင်းမြင် ကြိုဆိုလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် က ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အခုလို ဖြစ်ပေါ်တိုးတက်မှုဟာ ‘’မြန်မာနိုင်ငံကို ထိုင်းနိုင်ငံရဲ့ တဖြည်းဖြည်း ထိတွေ့ဆက်ဆံဖို့ ချဉ်းကပ်ရာ ကနေ’’ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ် လာနေပြီဆိုတာကို ညွှန်ပြနေတယ်လို့ သူက ဆိုပါတယ်။
မိခင်ဖြစ်သူနဲ့ စကားပြောခွင့်ရခဲ့ပြီး မိခင်ဖြစ်သူမှာလည်း ကျန်းမာရေး အသင့်အတင့် ကောင်းမွန်ပုံရကြောင်း ကင်မ်အဲရစ်က ဖော်ပြပြောဆိုခဲ့ပြီး နောက် ဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာ သိမ်း ကတည်းက ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
"အဲရစ်ကို သူ့အမေနဲ့ ဖုန်းပြောခွင့်ပေးလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက် က နောက်ထပ် အကောင်းမြင်စရာ လက္ခဏာတခုပဲ" လို့ ဆီဟာဆက် က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို မြန်မာပြည်သူတွေ ကိုယ်တိုင်သာ ဖြေရှင်း ရမှာ ဖြစ်ပြီး၊ ထိုင်းနိုင်ငံ အနေနဲ့ကတော့ အကြံဉာဏ်နဲ့ အထောက်အပံ့ တွေပေးကာ ကူညီနိုင်တာတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာအာဏာပိုင်တွေကို တရားဝင်မှု ပေးတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှုတွေကို ဆက်ထိန်းထားပြီး ဆောင်ရွက်နေခဲ့တာလို့ ဆီဟာဆက် က ပြောပါတယ်။
ICRC အကြီးအကဲ သွားရောက်တွေ့ဆုံမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေကို စိတ်အေး စေဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဆီဟာဆက် က ပြောပါတယ်။
ပြင်ပက ဖိအားပေးမှုတွေ ကတော့ အကန့်အသတ်ရှိပြီး၊ အာဆီယံ ထဲ ပြန်ဝင်ဖို့နဲ့ အတိုက်အခံ အုပ်စုတွေနဲ့ ဆွေးနွေးပွဲ စတင်ဖို့ဆိုတာ သူတို့ရဲ့ အကျိုးစီးပွား အတွက် ဖြစ်တယ်ဆိုတာကို မြန်မာအာဏာပိုင်တွေ ကိုယ်တိုင် အသိအမှတ်ပြု ရလိမ့်မယ်လို့ သူက ဆိုပါတယ်။
"ဖိအားပေးမှုမှာ အကန့်အသတ်ရှိပါတယ်။ အာဆီယံထဲ ပြန်ဝင်ဖို့နဲ့ အတိုက်အခံ အုပ်စုတွေနဲ့ ဆွေးနွေးပွဲတွေ စဖို့ဆိုတာ မြန်မာနိုင်ငံ အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် လုပ်ရမယ်ဆိုတာကို သိမြင်ရပါမယ်။ အိမ်နီးနားချင်း နိုင်ငံတခု အနေနဲ့ ထိုင်းနိုင်ငံက တိုက်တွန်းပေးတာနဲ့ ထိတွေ့ ဆက်ဆံတာလောက်ပဲ လုပ်နိုင်ပါတယ်" လို့ သူက ပြောပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့ အရေးကို ဆွေးနွေးမှာလားလို့ မေးမြန်းမှုကိုတော့ ဆီဟာဆက် က ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးအဆင့် အစည်းအဝေး တွေမှာ အဲဒီကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နောက်ဆုံး အခြေအနေတွေ အပေါ် မူတည်ပြီး အာဆီယံရဲ့ ရှေ့ဆက်လုပ်မယ့် အခြေအနေတွေကို ထိုင်းနိုင်ငံက ဆက်လက် သုံးသပ် သွားမယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံ အာဆီယံထဲ ပြန်ဝင်လာဖို့ ထိုင်းနိုင်ငံက လိုလားကြောင်း သူက ထပ်လောင်း ပြောခဲ့ပေမဲ့ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း တိုးတက်မှုတွေ အတွက် ကတိကဝတ် ပြရလိမ့်မယ်လို့ အလေးပေး ပြောကြားခဲ့ ပါတယ်။
ဘယ်လို ဆက်လုပ်မလဲဆိုတာ မဆုံးဖြတ်ခင်မှာ မြန်မာနိုင်ငံရဲ့ လုပ်ဆောင်ချက် တွေကို အာဆီယံအဖွဲ့ဝင်တွေက သုံးသပ်ကြရမှာဖြစ်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ တိုးတက်မှုတွေ ရှိခဲ့လား ဆိုတာကို ဆုံးဖြတ်ရမယ်လို့ ဆီဟာဆက် က ပြောပါတယ်။
တကယ်လို့ အခြေအနေတွေ ဆက်လက် တိုးတက် ကောင်းမွန်လာမယ် ဆိုရင် မြန်မာနိုင်ငံကို အာဆီယံထဲ ပြန်ဝင်ခွင့် ပေးသင့်တယ်လို့ သူက ပြောပြီး၊ အချိန်ကာလ ကိုတော့ အာဆီယံအဖွဲ့ဝင် တွေက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ရွှေစျေး ငွေစျေး အောက်တိုဘာ ၂၄ - ၂၀၂၆
ရွှေစျေး - သိန်း ၁၀၀ နဲ့ ၉ သောင်း
ဒေါ်လာ - ၄၆၇၀
ရည်ညွှန်းရွှေစျေး - ၇၁ သိန်း
ဓါတ်ဆီ - 92 - ၄၇၁၅ / 95 - ၄၈၃၅
ဒီဇယ် - ၄၄၄၅
------------
မနေ့ကစျေး
ရွှေစျေး - ၁၀၁ သိန်း
ဒေါ်လာ - ၄၆၆၀
ရည်ညွှန်းရွှေစျေး - ၇၁ သိန်း
ဓါတ်ဆီ - 92 - ၄၇၁၅ / 95 - ၄၈၃၅
ဒီဇယ် - ၄၄၄၅
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ ဖုန်းစကားပြောခွင့်ရမှု အပေါ် NUG က ဝမ်းမြောက်ကြောင်းနဲ့ ဖြစ်စဥ်ကို အလေးအနက်စောင့်ကြည်နေ
ဒါဟာ ကင်မ်အဲရစ် (ခ) ကိုထိန်းလင်း အပါအဝင် ပြည်တွင်းပြည်ပ ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ တွန်းအားပေးမှုရဲ့ ရလဒ်ဖြစ်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသား အားလုံးပြန်လွှတ်ရေး ပိုမိုအရှိန်မြှင့် တောင်းဆိုကြိဖို့ မေတ္တာရပ်ခံ
ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ NUG က ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သဘောထား ထုတ်ပြန်
အောက်တိုဘာ ၂၄ - ၂၀၂၆
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ဘီဘီစီကို တရားစွဲဆိုထားတဲ့ ထရမ့်၊ တရားရုံးမှာ ထွက်ဆိုချက်ပေးရမယ်
အောက်တိုဘာ ၂၄ - ၂၀၂၆
ဘီဘီစီကို အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ သမ္မတ ထရမ့် အနေနဲ့ အမှုနဲ့ ပတ်သက်ပြီး ထွက်ဆိုချက်ပေးဖို့ တရားသူကြီးက အမိန့်ပေးလိုက် ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့ထက် နောက်မကျဘဲ ဘီဘီစီ ရှေ့နေရဲ့ မေးမြန်းမှုကို ထရမ့် လက်ခံဖြေဆိုရမှာ ဖြစ်ကြောင်း မလုပ်ဘူးဆိုရင် တရားစွဲဆိုမှုကို ပယ်ချခံရနိုင်တယ်လို့ တရားသူကြီးက ပြောပါတယ်။
ဗြိတိသျှထုတ်လွှင့်ရေး လုပ်ငန်းဖြစ်တဲ့ ဘီဘီစီကို ဒေါ်လာ ၁၀ ဘီလီယံ နစ်နာကြေးပေးဖို့ အသရေဖျက်မှု နဲ့ တရားစွဲဆိုထားမှုမှာ သမ္မတ ဒေါ်နယ် ထရမ့် အနေနဲ့ ကျမ်းကျိန်ပြီး ထွက်ဆိုချက် ပေးဖို့ အမေရိကန် ပြည်ထောင်စု ဖက်ဒရယ်တရားသူကြီးတဦးဟာ အမိန့်ချမှတ် လိုက်တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က အမေရိကန် တရားသူကြီး Enjolique Lett က ဘီဘီစီရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ထရမ့်အနေနဲ့ ကျမ်းကျိန်ပြီး မေးခွန်းတွေကို ဖြေကြားရမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
ထွက်ဆိုချက်ပေးမယ့် အစီအစဉ်ကို ဒီဇင်ဘာ ၁၁ ရက်ထက် နောက်မကျ ဘဲ ပြုလုပ်ရမှာဖြစ်ပြီး၊ မလုပ်ဘူး ဆိုရင်တော့ တရားစွဲဆိုမှုကို ပယ်ချ ခံရတာ အပါအဝင် အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ထရမ့်ဟာ အောက်တိုဘာ ၁၆ ရက်နေ့မှာ ထွက်ဆိုချက်ပေးဖို့ အစောပိုင်းက ချိန်းဆိုထားခဲ့ပေမဲ့ "နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကိစ္စရပ်" ကြောင့်ဆိုပြီး ဖျက်သိမ်းခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနေ့မှာ ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ မဲဆွယ် စည်းရုံးရေး လုပ်နေခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီရဲ့ ရှေ့နေ Charles Tobin က ပြောပါတယ်။
သူ မနှစ်မြို့တဲ့ ဒါမှမဟုတ် မမျှတဘူးလို့ သူထင်မြင်တဲ့ သတင်းဌာနတွေကို တရားစွဲဆိုထားရာမှာ ဘီဘီစီကိုလည်း တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ The Wall Street Journal ကိုလည်း ဒေါ်လာ ၁၀ ဘီလီယံ နစ်နာကြေးပေးဖို့ အသရေဖျက်မှု နဲ့ တရားစွဲဆိုထားပါသေတယ်။
တခြား အသရေဖျက်မှု အမှုတခုမှာတော့ The New York Times နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ငန်း Penguin Random House တို့ ဆီကနေ ပျက်စီးဆုံးရှုံးမှု အတွက် ဒေါ်လာ ၁၅ ဘီလီယံ တောင်းဆိုထားပါတယ်။
အဲဒီလို တရားစွဲဆိုမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဟာ သမ္မတ အနေနဲ့ သူ့ဘက်ကို ယိမ်းလာအောင် ဖိအားပေးဖို့နဲ့ ဥပဒေ အရ ခြိမ်းခြောက်မှုတွေကိုလည်း မကြာခဏ အသုံးပြုနေတယ်လို့ ပြောဆိုမှု တွေ ရှိနေပါတယ်။
ဘီဘီစီအပေါ် တရားစွဲဆိုထားတဲ့ အမှုဟာ "Trump: A Second Chance" လို့ အမည်ပေးထားတဲ့ သူတို့ ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို အခြေခံထားတာ ဖြစ်ပါတယ်။
---------------------------
THN Public Media
-
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
https://t.me/THNjournalist
တစ်တော့ လာပြီ
https://www.tiktok.com/@thnmedia?lang=en
-
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888/
--------------------------
တွစ်တာလည်း ရှိတယ် Twitter - https://twitter.com/winburmese
10 164
ထိုင်းဇာတ်လမ်းတွဲသစ် Scarlet Heart Thailand ထဲက ဝတ်စား ဆင်ယင်မှု အပေါ် မြန်မာတွေ မေးခွန်းထုတ်နေ
အောက်တိုဘာ ၂၄ - ၂၀၂၆
ထိုင်းဇာတ်လမ်းတွဲသစ် တခုဖြစ်တဲ့ Scarlet Heart Thailand ရဲ့ ဝတ်စုံ တွေနဲ့ ပတ်သက်ပြီး မြန်မာ ပရိသတ်တွေက အွန်လိုင်းမှာ မေးခွန်းထုတ်နေ ကြပြီး အငြင်းပွားဖွယ် ဖြစ်ပါတယ်။
ထိုင်းသမိုင်းနောက်ခံ စိတ်ကူးယဥ်ဖန်တီးထားတဲ့ ဇာတ်လမ်းတွဲ Scarlet Heart Thailand ရဲ့ နမူနာ ရုပ်သံထဲမှာ ပါလာတဲ့ ဝတ်စုံနဲ့ အသုံး အဆောင် တွေဟာ ကုန်းဘောင်မင်းဆက် ကာလ မြန်မာ့နန်းတွင်းက ဝတ်စုံတွေနဲ့ ဆင်တူ နေတယ်လို့ မြန်မာပရိသတ် တချို့က ပြောဆိုပြီး နောက် အွန်လိုင်းမှာ ဆွေးနွေးငြင်းခုန်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
GMMTV က ထုတ်လုပ်တဲ့ ဒီဇာတ်လမ်းတွဲဟာ နာမည်ကြီး တရုတ်ဝတ္ထု Bu Bu Jing Xin ကို ဆီလျော်အောင် ပြန်လည် ရိုက်ကူး ပုံဖေါ် ထားတာဖြစ်ပြီး၊ ဒီထိုင်းဗားရှင်းမှာတော့ ခေတ်မီ အမျိုးသမီး တဦးက အတိတ်ဆီ အချိန်ခရီးသွားပြီး Wang Nam Lin ဆိုတဲ့ စိတ်ကူးယဉ် မြို့တော်ကို ရောက်ရှိကာ Fong Nuan ဆိုတဲ့ မိန်းမပျိုတဦးရဲ့ ကိုယ်ခန္ဓာထဲ ရောက်သွားကာ အချစ်နဲ့ ကံကြမ္မာ အပြင် မင်းသား ၇ ပါးရဲ့ အာဏာလုပွဲ တွေထဲ ပါဝင် ပတ်သက် မိပုံကို ရိုက်ကူးထားတာ ဖြစ်ပါ တယ်။
ဝတ်စုံတွေနဲ့ အသုံးအဆောင်တွေရဲ့ နောက်ကွယ်က သမိုင်းဆိုင်ရာနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အကိုးအကားတွေကို ရှင်းပြပေးဖို့ မြန်မာပရိသတ် တချို့က ထုတ်လုပ်ရေးအဖွဲ့ကို တောင်းဆိုထားကြပါတယ်။
သမိုင်းဆိုင်ရာ သုတေသနပြုချက်တွေကို အတည်ပြုပေးဖို့၊ ဒီဇိုင်းတွေရဲ့ မူလအစကို ရှင်းပြပေးဖို့နဲ့ သင့်လျော်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ခရက်ဒစ် ပေးဖို့ တိုက်တွန်းချက်နဲ့အတူ အောက်တိုဘာ ၂၀ ရက်နေ့က အွန်လိုင်း လက်မှတ်ထိုး တောင်းဆိုတဲ့ petition ကမ်ပိန်းတခုကိုလည်း စတင်ခဲ့ ပါတယ်။
အဲဒီ တောင်းဆိုချက်တွေနဲ့ စွပ်စွဲချက်တွေဟာ လက်ရှိအချိန် အထိတော့ ပရိသတ် တချို့ဘက် ကနေ ထွက်ပေါ်လာတာဖြစ်ပြီး၊ ထုတ်လုပ်ရေးအဖွဲ့ ရဲ့ ရှင်းလင်းချက်နဲ့ သမိုင်းဆိုင်ရာ အထောက်အထား တွေ ထွက်လာဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။