Thar Htoo-Be Unique (B'UNIQ)
Ir al canal en Telegram
💡Helping professionals monetize knowledge beyond 9–5 | Educator | Personal Coach| Founder, B’UNIQ & Alintan Education. For coaching and mentorship contact @buniqcoaching Telegram LGBTQ+ Friendly Community🌈
Mostrar más1 167
Suscriptores
Sin datos24 horas
-47 días
-130 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
septiembre '26
septiembre '26
+5
en 0 canales
agosto '26
+26
en 0 canales
Get PRO
julio '26
+20
en 0 canales
Get PRO
junio '26
+11
en 0 canales
Get PRO
mayo '26
+29
en 0 canales
Get PRO
abril '26
+51
en 0 canales
Get PRO
marzo '26
+12
en 0 canales
Get PRO
febrero '26
+9
en 0 canales
Get PRO
enero '26
+17
en 0 canales
Get PRO
diciembre '25
+28
en 1 canales
Get PRO
noviembre '25
+19
en 0 canales
Get PRO
octubre '25
+22
en 0 canales
Get PRO
septiembre '25
+21
en 0 canales
Get PRO
agosto '25
+19
en 0 canales
Get PRO
julio '25
+17
en 0 canales
Get PRO
junio '25
+33
en 0 canales
Get PRO
mayo '25
+28
en 0 canales
Get PRO
abril '25
+32
en 0 canales
Get PRO
marzo '25
+33
en 0 canales
Get PRO
febrero '25
+42
en 0 canales
Get PRO
enero '25
+53
en 0 canales
Get PRO
diciembre '24
+101
en 0 canales
Get PRO
noviembre '24
+81
en 0 canales
Get PRO
octubre '24
+93
en 0 canales
Get PRO
septiembre '24
+74
en 0 canales
Get PRO
agosto '24
+59
en 0 canales
Get PRO
julio '24
+24
en 0 canales
Get PRO
junio '24
+51
en 0 canales
Get PRO
mayo '24
+88
en 0 canales
Get PRO
abril '24
+33
en 0 canales
Get PRO
marzo '24
+27
en 0 canales
Get PRO
febrero '24
+29
en 0 canales
Get PRO
enero '24
+87
en 0 canales
Get PRO
diciembre '23
+781
en 0 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 04 septiembre | +2 | |||
| 03 septiembre | +1 | |||
| 02 septiembre | 0 | |||
| 01 septiembre | +2 |
Publicaciones del Canal
9-5 အလွန်က လွယ်ကူလား (သို့မဟုတ်)ခက်ခဲလား ဆိုတာကို မတူညီတဲ့ အမြင်တွေနဲ့ ကြည့်သွားကြရအောင်
9-5အလွန်က လွယ်ကူတယ်ဆိုတဲ့အမြင်…
- ကိုယ့်မှာရှိပြီးသား ကျွမ်းကျင်မှုတွေနဲ့ စသွားလို့ရတယ်….
- ဖြစ်နိုင်ရင် 9-5အလုပ်တွေလုပ်ရင်းနဲ့တောင် လုပ်လို့ရတယ်…
- ကိုယ်ပေးချင်တဲ့ ၀န်ဆောင်မှုကို သေးသေးလေးကနေ စတင်နိုင်တယ်…
- ခေတ်သစ်နည်းပညာတွေနဲ့ပါ ပူးတွဲလုပ်ဆောင်နိုင်လို့ အဆင်ပြေစေတယ်…
- အလုပ်ဖြစ်မဖြစ်ဆိုတာကို မီးစင်ကြည့်ကပြီး နိုင်သလောက်နဲ့ ရင်းနှီးသွားလို့ရတယ်…
- အချိန်ကိုအများကြီးပေးစရာမလိုဘဲ နိုင်သလောက် နေ့စဥ်စသွားလို့ရတယ်…
9-5 အလွန်က ခက်ခဲတယ်ဆိုတဲ့အမြင်…
- ကိုယ်က 9-5 ထဲမှာ တစ်နေကုန် ရောက်နေလို့ 9-5အလွန်အတွက် စွမ်းအင်တွေထပ်ပြီးကုန်နိုင်တယ်…
- ကိုယ့်အတွက် ပရိသတ် နှင့် လူသိမှု တည်ဆောက်ရတာ လွယ်မလိုနဲ့ ခက်ခဲနိုင်တယ်…
- 9-5အလွန်က ရတဲ့ငွေပမာဏက လစဥ်တိုင်း မငြိမ်ဘဲ နည်းလိုက် များလိုက်ဖြစ်နေနိုင်တယ်…
- ကိုယ်အနေနဲ့ ငြင်းပယ်မှုတွေနှင့် မသေချာ မရေရာမှုတွေ နှင့်အများကြီး ကြုံရနိုင်တယ်…
- အလုပ်နှင့်ဘ၀ မျှတစွာနေဖို့ ခက်ခဲနိုင်တယ်…
- ကိုယ့်မှာရှိတဲ့ အကြံဥာဏ်တွေ၊အတွေးအိုင်ဒီယာတွေတိုင်းက ငွေအဖြစ်သို့ပြောင်းဖို့ခက်ခဲနိုင်တယ်…
- ရေရှည်တည်တံ့ခိုင်မြဲဖို့ စနစ်လိုမယ်၊ အရှုံးမပေးတဲ့စိတ်လိုမယ်၊ ပုံမှန်သွားနေဖို့လိုနိုင်တယ်…
တကယ်တော့ 9-5အလွန်ဆိုတာ စတင်ရတာလွယ်ကူနိုင်ပေမဲ့ တည်ဆောက်သွားဖို့ခက်ခဲနိုင်တယ်။ ကိုယ့်အနေနဲ့ အရာအားလုံး သိမ်းကြုံးပြီးလုပ်စရာမလိုသေးဘဲ သေးသေးလေးတွေနဲ့စတင်သွားပါ၊ အလုပ်ဖြစ်တာတွေကို လေ့လာသွားပါ၊ သက်သေပြနိုင်အောင်တည်ဆောက်သွားပါ၊ တန်ဖိုးကိုဖန်တီးသွားပါ၊ ပြီးရင် ချဲ့ထွင်သွားပါ။ သေချာတာကတော့ ကိုယ့်ရဲ့အကောင်းဆုံး နည်းလမ်းတွေနှင့် မဟာဗျူဟာတွေကိုသေချာပြန်လည်ရှာဖွေပြီး မလွယ်ကူတဲ့ ရေဆန်လမ်းကို ပါးနပ်စွာ ကျော်လွှားဖို့လိုအပ်ပါတယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching
| 2 | Sin texto... | 47 |
| 3 | အလုပ်ထွက်ဖို့ချည်း ခေါင်းထဲမှာကြီးစိုးနေနိုင်ပါတယ်။ ကိုယ့်အနေနဲ့သေချာစိတ်ပိုင်းဖြတ်ထားပြီးပြီ လှည့်မကြည့်ဘဲ ထွက်တော့မယ်။ ဒီလိုတွေးထားတဲ့အခါ ထွက်သွားရင်ဘာဆက်ဖြစ်မလဲဆိုတဲ့အပိုင်းကို အချိန်လွန်မှ ကြည့်ဖို့ မလုပ်ခင် မလွန်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့်သည်များကို ပြင်ဆင်ထားဖို့ လိုပါတယ်။
၁။ ကိုယ့်အနေနဲ့ ငွေကြေးအရ အသက်ရှုပေါက်တစ်ခုရအောင် ငွေတွေကို သိမ်းဆည်းထားသင့်ပါတယ်။ ဒါမှကိုယ့်အနေနဲ့အလုပ်ထွက်သွားတဲ့အခါ မသေချာမှုနဲ့ကြုံလာရင် တောင့်ခံထားနိုင်မှာဖြစ်ပါတယ်။
၂။တန်ဖိုးကြီးတဲ့ ကျွမ်းကျင်မှုတစ်ခုတည်ဆောက်ထားပါ။ 9-5အလွန်မှာ အမြဲမပြတ် ကိုယ့်အနေနဲ့ပြန်လည်အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုဖြစ်ဖို့လိုပါတယ်။
၃။ချပြစရာရှိတဲ့ portfolio ကိုတည်ဆောက်ထားပါ။ ကိုယ့်အနေနဲ့ ပရောဂျက်သော်လည်းကောင်း၊ case study လုပ်ထားဖူးတဲ့အရာသော်လည်းကောင်း၊ အလုပ်လုပ်ဖူးတဲ့ မှတ်တမ်းမှတ်ရာများသော်လည်းကောင်း ရှိထားဖို့လိုပါတယ်။
၄။ ပရော်ဖက်ရှင်နယ်ကွန်ယက်ကို တည်ဆောက်ထားပါ။ အချိတ်အဆက်တွေကိုလုပ်ထားခြင်းဟာလည်း တစ်ဗန်းသာစေတဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အလုပ်ပြင်ပမှာရှိတဲ့ ပရော်ဖက်ရှင်နယ်တွေနဲ့ အချိတ်အဆက်တွေရှိတာ၊ ကာရံထားတာ စတာတွေလိုအပ်ပါတယ်။
၅။ ရှင်းလင်းပြတ်သားတဲ့ အသက်မွေး၀မ်းကြောင်း လမ်းကြောင်းကိုချမှတ်ထားပါ။ ယတိပြတ် (၅)နှစ်တာလုပ်ကိုလုပ်ရမဲ့အရာမျိုးမဟုတ်ဘဲ ကိုယ့်အနေနဲ့ ဘာပြီးဘာဆက်လုပ်မလဲဆိုတဲ့ လမ်းပြမြေပုံမျိုးကို ရှိထားသင့်ပါတယ်။
၆။ ငွေ၀င်ပေါက်များအား ချဲ့ထွင်ထားပါ။ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေနဲ့ ကိုယ်လုပ်နိုင်တဲ့အလုပ်တွေကိုလုပ်နေခြင်းဟာလည်း အလုပ်ရှင်တစ်ဦးချည်းနဲ့မမှီခိုစေဘဲ လွတ်လပ်မှုတစ်ခုကိုရစေမှာဖြစ်ပါတယ်။
၇။ ကိုယ့်ရဲ့ reputation- ဂုဏ်သတင်းကိုတည်ဆောက်ပါ။ ကိုယ်ရှိကြောင်း ကိုယ့်ရဲ့ပရိသတ်တွေကို လူသိတဲ့ ပလပ်ဖောင်းများမှတဆင့် စာရေးခြင်း၊ contentလုပ်ခြင်းဖြင့် သိထားစေပါ။
၈။ မဟာဗျူဟာကျတဲ့ ထွက်ပေါက်-exit strategyရှိထားပါ။ ကိုယ့်ရဲ့ ငွေပမာဏလိုအပ်ချက်၊ အချိန်ဇယား၊ နောက်ထပ်ခြေလှမ်း စသည်များကို ရှင်းလင်းစွာသိထားပါ။
၉။ စိတ်ပိုင်းဆိုင်ရာအရ ရှင်းလင်းချက်တွေရှိထားစေပါ။ ကိုယ့်အနေနဲ့ ဘာကြောင့်ဒီလိုခြေလှမ်းကိုလုပ်ရလဲ၊ ဘယ်အပေါ်မှာ အခြေခံထားတာလဲ၊ တကယ်ရော ဒီလိုဆုံးဖြတ်သင့်တာလား…ဘာကြောင့်လဲ စတဲ့ကိုယ်နဲ့ကိုယ်ကြားရှင်းလင်းချက်တွေထားရှိထားပါ။ ဒါမှ မဖြစ်သင့်တာမဖြစ်ရလေအောင်ကာကွယ်ပြီးသားဖြစ်နေမှာပါ။
၁၀။ ရွေးချယ်စရာတွေထားရှိပါ၊ ကိုယ်မှာ ငြင်းနိုင်တဲ့အရာ၊ရွေးနိုင်တဲ့အရာတွေ ရှိထားခြင်းဟာလည်း သွားလိုတဲ့လမ်းကြောင်းကို များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 50 |
| 4 | Sin texto... | 35 |
| 5 | အောင်မြင်တဲ့ အသက်မွေး၀မ်းကြောင်းတစ်ခုဆိုတာ ငွေတွေပို၀င်နေဖို့တစ်ခုတည်းမဟုတ်၊ promotedဖြစ်လာဖို့ချည်းလည်းမဟုတ်၊ အားကျရလောက်တဲ့ ဂုဏ်ပုဒ်တွေချည်းလည်းမဟုတ်ပါ။ တကယ်တော့ အောင်မြင်တဲ့အသက်မွေး၀မ်းကြောင်းဆိုတာ ကိုယ်နဲ့အတူ ဆင့်ကဲတိုးတက်လာတဲ့အရာ၊ ကိုယ်ရောစိတ်ပါ တိုးတက်လာတဲ့အရာ၊ ငွေကြေးရော၊ ပုဂ္ဂိုလ်ရေးပိုင်းရော၊ ပရော်ဖက်ရှင်နယ်ပိုင်းရော တိုးတက်လာတဲ့အရာတွေဖြစ်ပါတယ်။
ပိုပြီးအောင်မြင်တဲ့ အသက်မွေး၀မ်းကြောင်းကိုဖော်ဆောင်ဖို့ဆိုရင်…
၁။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်နားလည်အောင်ကြိုးစားပါ၊ ဥပမာ ကိုယ့်ရဲ့ အားသာချက်၊စိတ်ပါ၀င်စားမှု၊ တန်ဖိုး၊ နေထိုင်လိုသော ဘ၀၊ နှင့် ကိုယ့်အတွက်အမှန်တကယ်အရေးပါတဲ့အရာတွေကို ပြန်လည်ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ထိုမှတစ်ဆင့် နက်နဲတဲ့ ကျွမ်းကျင်မှုတွေကိုဖော်ဆောင်သွားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်မှာရှိတဲ့အားသာချက်တွေနှင့် လုပ်နိုင်စွမ်းတွေကို ပေါင်းစပ်ပြီး သူမတူစွာရပ်တည်နိုင်လာအောင် ကြိုးစားသွားဖို့ပါပဲ။
၂။ Career capital-အသက်မွေး၀မ်းကြောင်းဆိုင်ရာအရင်း ကိုတည်ဆောက်ပါ။ ဥပမာ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေ၊ Portfolio တွေ၊ ဂုဏ်ပုဒ်တွေ၊ အချိတ်အဆက်တွေ၊ သက်သေပြနိုင်တဲ့ အလုပ်အကိုင်တွေဖြစ်တယ်။ ဒီလိုရှိထားခြင်းအားဖြင့် ကိုယ့်အနာဂတ်မှာ အလုပ်ရှင်တစ်ဦးဦးအပေါ်မှာမမှီခိုရတော့ဘဲ လွတ်လပ်တဲ့ အသက်မွေး၀မ်းကြောင်း လမ်းကြောင်းကို ဖောက်လာနိုင်မှာဖြစ်တယ်။
၃။ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနေထိုင်ဖို့အရေးကြီးသလို တစ်ဖက်မှာလည်း ရေရှည်တည်တံ့ပြီး၀င်ဆံ့အောင်နေဖို့လိုအပ်လာပါတယ်။ တစ်ခုနားလည်ထားဖို့လိုတာကို ငွေချည်းသည်းကြီးမည်းကြီးရှာပြီး ကိုယ့်ရဲ့ ကျန်းမာရေး၊ ဆက်ဆံရေး နဲ့ ရှင်သန်နေထိုင်ရတဲ့ ရည်ရွယ်ချက်တွေ အဆုံးရှုံးမခံ၊ အပျောက်မခံဖို့လည်း လိုအပ်ပါတယ်။
၄။ ကိုယ့်ရဲ့ Ikigai-ရှင်သန်လိုတဲ့ဘ၀ ကိုပြန်လည်ရှာဖွေပါ။ လူတွေကဘာကိုလိုအပ်တာလဲ၊ ကိုယ်က ဘယ်လိုအရာတွေမှာ အားသာချက်ရှိလဲ၊ ပြီးရင် ဘယ်လိုလုပ်ရတာကြိုက်လဲ၊ ၀င်ငွေရရှိမှု နှင့်ဘာကိုရေရှည်ရပ်တည်နိုင်အောင်လုပ်သွားရမလဲဆိုတာတွေကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါတယ်။
ဒီတော့ ခိုင်မာတဲ့အသက်မွေး၀မ်းကြောင်းဆိုတာ ရေရှည်တည်တံ့ဖို့အတွက်လိုအပ်သလို ကိုယ်နဲ့ထပ်တူ ဒွန်တွဲကာ တိုးတက်လာတဲ့အရာ ဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတော့တယ်။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 55 |
| 6 | Sin texto... | 41 |
| 7 | ကိုယ့်အနေနဲ့ 9-5 ထဲမှာပိတ်မိနေသလိုမျိုး ခံစားရတဲ့အခါ ဒီရဲ့အလွန်ကို စတင်ပြီးတွေးဖြစ်မယ်ထင်ပါတယ်။ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့ အရာက စတင်လို သူတိုင်းသိချင်ကြမှာဖြစ်တယ်။ ဒီတော့ ကိုယ့်အနေနဲ့ 9-5အလွန်စတင်ဖို့ ဘာတွေလိုမလဲဆိုတာ ဆက်လေ့လာကြမယ်…။
၁။ ကိုယ် ကျွမ်းကျင်တာတွေနဲ့ စတင်ပါ။ ဟုတ်ပါတယ်၊ ကိုယ်မကျွမ်းကျင် မသိတဲ့အရာ၊ ကိုတွေးပြီးစိုးရိမ်နေရမှာထက် ကိုယ်ဘာလုပ်နိုင်လဲ၊ ဘာတွေကို ဖြေရှင်းပေးနိုင်လဲ၊ ဘယ်သူတွေရဲ့ပြဿနာကို ဘယ်လို တာ၀န်ယူပြီးကူညီပေးနိုင်မလဲ၊ စတာတွေကိုပြန်မေးကြည့်ဖို့လိုပါတယ်။ ကိုယ်လုပ်နိုင်တဲ့အရာ ဥပမာ-စာသင်ကြားရေးလား၊ စာရေးခြင်းလား၊ ဒီဇိုင်းလား၊ အရောင်းလား၊ မားကတ်တင်းလား၊ စတာတွေကို ပြန်မေးပါ။
၂။ ကိုယ်ဖြေရှင်းပေးနိုင်တဲ့ အရာနဲ့ စတင်ပါ။ ကျွမ်းကျင်မှုရှိလင့်ကစား ဖြေရှင်းရမလဲပြဿနာမရှိရင် ၀င်ငွေမရနိုင်လို့ ကိုယ်ကဘယ်လိုနေရာကနေ လူတွေရဲ့ပြဿနာကိုဖြေရှင်းပေးမလဲဆိုတာပါ။ ကျွမ်းကျင်မှုတစ်ခုမှာ ကောင်းတယ်၊တော်တယ်ဆိုတာထက် ဘယ်လိုပြဿနာကို ဘယ်လိုနည်းနဲ့ ရလဒ်ဘယ်လိုထွက်အောင်ကူညီပေးနိုင်သလဲဆိုတာ အတိအကျသိထားဖို့လိုအပ်ပါတယ်။
၃။ ကိုယ့်ကိုလူတွေ ယုံကြည်လာအောင် သက်သေပြစရာရှိထားပါ။ လူတွေယုံကြည်လာဖို့ဆိုရင် ကိုယ့်ရဲ့ လက်တွေ့လုပ်ဆောင်ထားတဲ့ အလုပ်တွေ၊ ပရောဂျက်တွေ၊ portfolioတွေကို သေချာချပြဖို့လိုပါမယ်။ ကိုယ်အနေနဲ့ လုပ်ဖူးတဲ့အလုပ်၊ တက်ဖူးတဲ့သင်တန်းသားတွေရဲ့ စကားသံတွေ၊ ယုံကြည်ရတဲ့ ဆရာသမားတွေရဲ့ သဘောထားတွေ၊မှတ်ချက်တွေကို ရယူထားဖို့လိုပါတယ်။
၄။ ကိုယ့်ဘေးက လူတွေကို ကမ်းလှမ်းမှု သေးသေးလေးတွေနဲ့စတင်ကြည့်ပါ။ ချက်ချင်းကြီး ကုမ္ပဏီတစ်ခုထောင်ဖို့မဟုတ်ဘဲ လူတစ်ဦးဦးကို သူကြုံတွေ့နေရတဲ့ အခက်အခဲကိုမေးပြီး ကိုယ့်အနေနဲ့ဘယ်လိုကူညီပေးနိုင်မလဲဆိုတာနဲ့ ချိတ်ဆက်သွားပါ။ ဥပမာ ဘယ်လို package တွေကိုဆွဲပေးမလဲ၊ ဘယ်လိုportfolio တွေတည်ဆောက်ပေးမလဲဆိုတာ လုပ်ပေးလို့ရပါတယ်။
၅။အချိန်ပမာဏတစ်ခု သုံးပြီး 9-5 အလွန် ကို အာရုံစိုက်ပေးသွားပါ။ နည်းနည်းချင်း တစ်နာရီချင်းစပြီး ကိုယ့်အနေနဲ့ ဘာကိုတည်ဆောက်နေမလဲ၊ ချိတ်ဆက်နေမလဲ၊ ပြုလုပ်နေမလဲ၊ ချပြနေမလဲဆိုတာကိုတွေးတောနိုင်ပါတယ်။
၆။ အသက်ရှုပေါက်အတွက် ငွေကြေးဆိုင်ရာ savings စုထားပါ။ ကိုယ့်အတွက် 9-5အလွန်ထဲခြေစုံပစ်၀င်ဖို့ကြိုးစားနေသူဆိုရင်တော့ ပိုပြီး တောင့်ခံထားစရာရှိဖို့လိုပါတယ်။ ဒီကြားထဲ 9-5 အလုပ်ထဲမှာလည်း ဟန်မပျက် ကြိုးစားအားထုတ်နေဖို့လိုပါတယ်။ ကိုယ့်အတွက် အလုပ် တန်းထွက်စရာမလိုသေးဘဲ အခြေအနေကြည့်ပြီး လှုပ်ရှားနေဖို့ လိုပါတယ်။
အနှစ်ချုပ်ရရင်တော့ 9-5အလွန်ဆိုတာ ဘက်စုံကြည့်ရမဲ့အခြေအနေတစ်ခုဖြစ်ပြီး ကိုယ့်အတွက်စွန့်စားမှုတစ်ခုကို ယူရမဲ့ ခရီးစဥ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရှိရင်စွဲ အခြေအနေကို သေချာပြန်လည်သုံးသပ်ပြီး အဆင်သင့်ဖြစ်မဲ့အချိန်တစ်ခုမှာ 9-5အလွန်ကို စတင်သွားဖို့လိုပါတော့တယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 63 |
| 8 | Sin texto... | 54 |
| 9 | လူတွေက Career Freedomလို့ပြောလိုက်ရင် 9-5 ကို မလိုတော့ဘူးလို့ တန်းတွေးကြလေ့ရှိပါတယ်။ တကယ်တော့ Career Freedom ဟာ အလုပ်ထွက်လိုက်တာထက် အများကြီးပိုပါတယ်။ Career Freedomဟာ ကိုယ့်မှာ လုံလောက်သော ကျွမ်းကျင်မှုနှင့် ရင်းမြစ် ရှိတာ၊ ရွေးချယ်စရာ ရှိတာ၊နှင့် ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်သေသေချာချာချနိုင်တာ၊ ဘယ်သူ့ရဲ့လက်အောက်မှာမှ အချိန်ပြည့်နေခြင်းမဟုတ်တော့တာဖြစ်တယ်။ တစ်နည်းအားဖြင့် အလုပ်လျှော့လုပ်တာမဟုတ်ဘဲ ကိုယ့်အနေနဲ့ ရွေးချယ်မှုပိုလုပ်နိုင်တာဖြစ်ပါတယ်။
Career Freedomအောက်မှာ…
၁။ ကိုယ့်အနေနဲ့ ဘယ်နေရာမှာမဆို လုပ်နိုင်တဲ့ရွေးချယ်မှုရှိလာတာဖြစ်တယ်။ ဘယ်အလုပ်ရှင်နဲ့မှအချိန်ပြည့် မှီခိုနေမှုမရှိလို့ ကိုယ့်အနေနဲ့လုပ်ငန်းဆိုင်ရာ လွတ်လပ်ခွင့်ရှိလာတာဖြစ်တယ်။ ကိုယ့်အနေနဲ့အောက်ပါအရာတွေကြား ရွေးချယ်လုပ်ရနိုင်တယ်….။
- မတူညီတဲ့ အလုပ်ရှင်တွေနဲ့ ပတ်သက်မှုရှိမယ်…
- Freelancing လုပ်နိုင်တာမျိုးရှိမယ်…
- Consulting လုပ်တာမျိုးရှိမယ်…
- Entrepreneurship နယ်ပယ်မှာ၀င်လာနိုင်တယ်…
- Remote work တွေနဲ့လုပ်နေနိုင်တယ်…
- Contract work စာချုပ်နှင့်တွဲလုပ်နိုင်တယ်…စတာတွေရှိမယ်။
၂။ ကိုယ့်အနေနဲ့ ဘယ်အလုပ်မျိုးကိုမှ ရွေးချယ်လုပ်မလဲဆိုတာ ကိုချမှတ်လာနိုင်တယ်။ အလုပ်ဖြစ်ရင်ရပြီးဆိုတာထက် ဘယ်လိုအလုပ် ကိုပဲရွေးပြီး ဖြေရှင်းပေးချင်သလဲ စသဖြင့်စိစစ်ရွေးချယ်လာနိုင်တယ်။ တစ်နည်းအားဖြင့် ကိုယ်ဟာ ကိုယ်လုပ်အားခကိုရောင်းနေတဲ့နေရာမှ ပိုပြီး ကိုယ့်အနေနဲ့ကိုယ့်ကျွမ်းကျင်မှုအလျောက် တန်ဖိုးကိုဖန်တီးလာနိုင်စေတဲ့ အဆင့်ကိုခေါ်သွားစေတယ်။
၃။ Noပြောနိုင်စွမ်းရှိလာတယ်။ ဘယ်အလုပ်ကိုမှရွေးပြီး Yesပြောမလဲဆိုတဲ့ အားအင်ရှိလာတယ်။ ဒီနေရာမှာ ကိုယ့်ဘက်မှာ ပြနိုင်တဲ့ saving တွေ၊ ဂုဏ်သိက္ခာတွေ၊ ကျွမ်းကျင်မှုတွေ၊အခွင့်အလမ်းတွေ၊ အချိတ်အဆက်တွေ၊ ရှိထားလို့ အခြေအနေ မပျက် Yes, No ဆိုပြီးပြောနိုင်တာဖြစ်တယ်။ ဒါဟာ ကိုယ့်ရဲ့လွတ်လပ်မှုကို တိုးမြင့်စေတဲ့အချက်ဖြစ်တယ်။
၄။ Career Direction -အသက်မွေး၀မ်းကြောင်း လမ်းကြောင်းပြောင်း နိုင်တဲ့ အနေအထားဖြစ်တယ်။ ကိုယ့်အတွက် အလုပ်တစ်ခုက တစ်ဘ၀လုံးချည်းမဟုတ်နေတာဖြစ်တယ်။ အခြေအနေအရ ပြောင်းလဲလိုပါက အချိန်မရွေး ပြန်လှည့်ကြည့်စရာမလိုဘဲ ပြောင်းနိုင်တဲ့အားအင်ရှိတာဖြစ်တယ်။ အရေးကြီးတာ ကိုယ်လုပ်လိုက်တဲ့အလုပ်တွေဟာ အတွေ့အကြုံအဖြစ်ရလာလို့ အရှုံးမရှိတာဖြစ်တယ်။
၅။ 9-5 အလွန်ကို ပိုအာရုံစိုက်လာနိုင်တယ်။ ကိုယ့်အတွက် ၀င်ငွေလမ်းကြောင်းတိုးချဲ့ချင်တဲ့အခါ လုပ်ဖို့အခွင့်အရေးအများကြီးပေးစေတယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေပေါင်းစပ်ပြီး ဖြေရှင်းလိုတဲ့ပြဿနာကိုဖြေရှင်းခွင့် ပေးစေတယ်။ ကိုယ့်အနေနဲ့
- Portfolio တည်ဆောက်တာ
- Professional brand ကိုစတင်တာ
- စာရေးတာ
- သုတေသနလုပ်တာ
- စာသင်ပေးတာ
- ဆွေးနွေးတိုင်ပင်ပေးတာ
- ထုတ်ကုန်တွေဖန်တီးတာ စတာတွေကို လုပ်သွားလို့ရပါတယ်။
အခြားသောအရေးကြီးတဲ့အရာများစွာကျန်ရှိပါဦးမယ်။အနှစ်ချုပ်ရရင် Career Freedomဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပြီး၊ ကိုယ်လုပ်ချင်တာတွေနဲ့သာကာရံပြီး၊ ကိုယ့်၀ါသနာတွေ တတ်မြောက်ထားတာတွေ ကျွမ်းကျင်မှုတွေပေါင်းစပ်ပြီး ကိုယ့်ရဲ့ Ikigai-အဓိပ္ပာယ်ရှိတဲ့ရှင်သန်ရပ်တည်မှု မှာနေထိုင်ခြင်းလို့ ဆိုချင်ပါတယ်။
📈🌷🎯🧭
@TharHtooBeUnique
@BUNIQCoaching | 75 |
| 10 | Sin texto... | 48 |
| 11 | ပထမ၀င်ငွေကတော့ ကိုယ်လုပ်နေတဲ့ 9-5အလုပ်ဖြစ်ပြီး ဒုတိယ၀င်ငွေကတော့ 9-5 အလွန်လို့ဆိုနိုင်ပါတယ်။ သိပ်မပင်ပန်းရဘူးလို့ ဆိုတဲ့အတိုင်း ကိုယ့်နဲ့စိမ်းနေတာတွေ၊ ကိုယ်မသိတာတွေ မလုပ်ဘဲ သိပြီးသားအရာတွေ၊ ကျွမ်းကျင်မှုတွေ၊ လမ်ကြောင်းတွေ စတာတွေနဲ့ စတင်ဖို့လိုပါတယ်။
၁။ ဒီအတွက်ဘာတွေကို ပြန်ကြည့်ရမလဲဆိုရင် ကိုယ့်ရဲ့
- ကျွမ်းကျင်မှု
- နက်နဲ့စွာ သိရှိထားမှု
- အတွေ့အကြုံ
- နယ်ပယ်ဆိုင်ရာ ဗဟုသုတ
- ပရော်ဖက်ရှင်နယ် ကွန်ယက်
- သိပြီးသား ဖြေရှင်းဖူးပြီးသား ပြဿနာတွေ စတာတွေကို ပြန်ကြည့်ဖို့လိုလာပါတယ်။
၂။ သော့ချက်က လူတွေကိုယ့်ဆီ ဘယ်လိုပြဿနာတွေ နဲ့လာဖူးပြီးသားလဲဆိုတာပါ။ ဒီ၀င်ငွေလမ်းကြောင်းဟာ ဒုတိယ အသက်မွေး၀မ်းကြောင်းဖောက်တာမဟုတ်ဘဲ ၀င်ငွေလမ်းကြောင်းချဲ့ထွင်ခြင်းသာဖြစ်တယ်။ကိုယ့်အနေနဲ့ ဒီအပေါ်မှာ တပတ် ဘယ်နှစ်နာရီ အလုပ်လုပ်မလဲဆိုတာပါပဲ။
၃။ ဆက်လက်ပြီးကိုယ့်အနေနှင့် ဘယ်လို အလုပ်တွင်ကျယ်အောင်လုပ်ရမလဲဆိုတာကို သိထားဖို့လိုပါတယ်။ တန်ဖိုးကိုများများတည်ဆောက်ပြီး အလုပ်ပိုလုပ်မလား၊ တန်ဖိုးကို တစ်ကြိမ်တည်း တည်ဆောက်ထားပြီး ထပ်ခါထပ်ခါ ၀င်ငွေရအောင်လုပ်မလား ဆိုတာကို စဥ်းစားလို့ရပါတယ်။ ဥပမာ ကိုယ့်အနေနဲ့ တစ်ကြိမ်တည်း တည်ဆောက်ထားပြီး ထပ်ခါထပ်ခါ ၀င်ငွေသယ်ဆောင်လာပေးတဲ့ အရာတွေက…
- Templates
- Digital products
- Courses
- Books
- Workshops
- Licensing
- Content
- Intellectual property စတာတွေဖြစ်ပါတယ်။
၄။ နောက်တစ်ချက်က ၀န်ဆောင်မှုအနေနဲ့ အရင်စပြီးမှ ထုတ်ကုန်ဘက်သို့ ခြေလှမ်းလှမ်းခြင်းပါ။ ကိုယ်သိထားတာတွေနဲ့ အရင်စတင်ပြီး clientကို နောက်ထပ် ထပ်လိုတဲ့အခါ ထိုသို့သော ထုတ်ကုန်တွေ ကိုမိတ်ဆက်ပေးခြင်းပါ။ စထားနိုင်တဲ့ ၀န်ဆောင်မှုတွေက…
- Writing → Editing service
- Marketing → Strategy consultation
- Design → Brand audit
- Teaching → Workshop
- Research → Research support
- Finance → Financial analysis စသဖြင့်ရှိပါတယ်။
ဒီနေရာမှာ သာဓကလေးတွေနဲ့ပြထားတာဖြစ်လို့ အရေးကြီးတာကိုယ့်အနေနဲ့ အလုပ်များများ-ငွေ၀င်ပေါက်များများလိုက်ဖောက်ထားတာထက် တစ်ခုတည်းကိုသေချာဇောက်ချပြီး လုပ်နေသင့်ပါတယ်။ ဒါမှ ထိရောက်စွာကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ ပြန်ချုပ်ရရင် side-hustleများများလုပ်ခိုင်းတာမဟုတ်ဘဲ ကိုယ့်အနေနဲ့ တစ်ပတ် အချိန်ဘယ်နာရီကို ဒုတိယ၀င်ငွေလမ်းကြောင်းမှာထိရောက်စွာ ပြန်အသုံးချမလဲဆိုတာပါပဲ။
၅။ အနှစ်ချုပ်ရရင် ကိုယ့်အနေနဲ့ ကူညီပေးလိုက်တဲ့ ပရော်ဂျက်များကို သေချာ asset-ပိုင်ဆိုင်မှုလို တည်ဆောက်ပြီး ဒေတာအဖြစ်အသုံးပြုနိုင်သလို၊ ကိုယ့်အတွက်သေချာသုံးသပ်နိုင်စွမ်းနှင့် နောက်တစ်ခါ၀န်ဆောင်မှုပေးတဲ့အခါ၊ အလုပ်လာအပ်တဲ့အခါ ပိုပြီး မြင်ကွင်းကျယ်ကျယ်ကို သုံးသပ်နိုင်ပြီး သေချာလည်း ကူညီပေးနိုင်စေပါတယ်။ လိုအပ်ပါက clientရဲ့ feedback များကို လည်းတောင်းခံပြီး ထိုအလုပ်အပေါ် သေချာလေး ခိုင်ခံစွာ တည်ဆောက်သွားနိုင်ပါတယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 80 |
| 12 | Sin texto... | 63 |
| 13 | ယခင်ကလို အလုပ်ထွက် စလိုတဲ့အရာကိုစလုပ် ဆိုတဲ့ခေတ်ကနေ အလုပ်လုပ်ရင်းနှင့် ဟန်မပျက် ကိုယ်စလိုတာကို ဘယ်လိုလေး ဒွန်တွဲပြီး လုပ်နေလို့ရလဲဆိုတာကို လေ့လာထားဖို့အရေးကြီးပါတယ်။ ဒါမှ ဆုံးရှုံးမှုနည်းမှာမဟုတ်ပါလား။
၁။ တကယ်တော့ စလိုတဲ့ Business ideaဆိုတာထက် ဘယ်လိုပြဿနာကို ကိုယ်ကဖြေရှင်းပေးချင်လဲကနေ စသွားဖို့လိုပါတယ်။ ကိုယ်က ဘာရောင်းမလဲဆိုတာထက် ဘယ်လိုမျိုးပြဿနာတွေ လူတွေမှာကြုံရလေ့ရှိလဲဆိုတာကနေ မေးသွားပါ။ What problem am I trying to solve?
၂။ နောက်တစ်ချက်က လူဦးရေ (၁၀-၂၀) ဦးခန့်ကို ကွင်းဆင်း မေးခွန်းတွေမေးကြည့်ပါ။ ဥပမာ
- သူတို့ပြဿနာတက်နေတဲ့အရာတွေက ဘာလဲ
- ပြဿနာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနေကြလဲ
- ဘယ်လိုတွေဖြေရှင်းခဲ့ကြပြီးပြီလဲ
- ဒီပြဿနာက ကိုယ့်ကိုဘယ်လောက်ထိ အရှုံးတွေပေးခဲ့လဲ
- ဒီပြဿနာကို လွယ်ကူအောင်ဘယ်လိုလုပ်မလဲ
- ပြဿနာဖြေရှင်းဖို့ ငွေပေးဖူးလား
စတဲ့မြေပြင်မှာဖြစ်နေတဲ့အရာကို မေးခွန်းလေးတွေစမေးပြီး ကိုယ့်အနေနဲ့ တီးခေါက်ထားဖို့လိုပါတယ်။
၃။ ဆက်လက်ပြီး သေးငယ်တဲ့ခြေလှမ်းလေးတွေစတင်သွားပါ။ (၁၂)ပတ်စာ ပြောင်းလဲတိုးတက်ရေးသင်တန်းကြီးထက် မိနစ် (၆၀)စာ ရှင်းလင်းတဲ့ consultingကိုပေးကြည့်ပါ။ Online course တစ်ခုစာထက် မိနစ် (၉၀)ကြာတဲ့ Workshopလေးကိုစမ်းကြည့်ပါ။ စတဲ့ခြေလှမ်းလေးတွေနဲ့ သွားကြည့်ပါ။
၄။ ကိုယ့်ကိုအမှန်တကယ်ပိုက်ဆံပေးမဲ့ customerတစ်ဦးကိုရှာဖွေပါ။ ပမာဏများတဲ့ငွေမဟုတ်ပေမဲ့ ကိုယ့်ဆီမှာ အမှန်တကယ်ယုံကြည်မှုရှိလို့ ပေးလာမဲ့ လူတစ်ဦးကိုစတင်ရှာဖွေကြည့်ပါ။ ရှိပါက ဒါဟာ တိုးတက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။
၅။ အချက်အလက်တွေကို စုဆောင်းပါ။ ဆိုလိုသည်မှာ ကိုယ့်ဆီရောက်လာတဲ့ customerတွေရဲ့ပြဿနာတွေ၊ ကိုယ်ဘယ်လိုဖြေရှင်းပေးလိုက်တယ်ဆိုတာတွေ၊ ရလဒ်တွေ၊ အကြံဥာဏ်တွေ၊ ရင်းတွင်းစကားသံတွေ၊ customerတွေထပ်ပြီး ကိုယ့်ဆီမှာ၀ယ်ယူဖို့ ဆန္ဒရှိမရှိ ဆိုတာတွေကို မှတ်တမ်းဖြင့်ထားပြီး လေ့လာသွားပါ။
၆။ ကိုယ့်အနေနဲ့ ရှိတဲ့ရင်းမြစ်လေးတွေကို အသုံးပြုပြီး နိုင်တဲ့၀န်လေးနဲ့ စတင်လေ့လာသွားကြည့်ပါ။ ငွေကြေးပေးရတဲ့ အဆောင်အယောင် (website, branding) တွေမသုံးသေးခင် ရှိတာလေးနဲ့စတင်ပါ။ Problem → Demand → Offer → Payment → Result စတာတွေကိုမြင်ပြီးမှ သေချာ ထိုအဆောင်ယောင်တွေမှာ ရင်းနှီးပါ။
၇။ ကိုယ်လုပ်နေတဲ့ အချိန်ပြည့်အလုပ်မှ ရပ်တည်ရေးအတွက် ကျားကန်ပေးနိုင်သလို၊ စမ်းသပ်နေတဲ့ လုပ်ငန်းအကြံအစည်ဟာလည်း ကိုယ့်အတွက် သင်ယူလေ့လာမှု၊ သေချာစေမှု၊ ရွေးချယ်နိုင်စေမှု စတာတွေကို ပေးနေတာဖြစ်လို့ အလုပ်တန်းမထွက်ဘဲ လှုပ်ရှားလို့ရနေတဲ့အခြေအနေကို အသုံးချပြီး စီစဥ်သွားဖို့လိုပါတယ်။ မဟုတ်ရင် ဖိအားများပြီး ဆုံးရှုံးမှု များလာနိုင်လို့ပါ။
နောက်ဆုံးမှာတော့ လူတစ်ဦးနှင့်တစ်ဦး ကြုံရနိုင်ချေ၊ အခွင့်အခါပေးနိုင်ချေ၊ လုပ်နိုင်ခွင့် ရှိမရှိဆိုတဲ့အခြေအနေတွေဟာ ကွဲပြားလို့ ပြဿနာစုံကို ဖြေရှင်းနည်းတစ်ခုတည်းနှင့် မဖြေရှင်းနိုင်ပါ။ ဒါကြောင့် ကူညီပေးနိုင်သူတွေထဲ ချဥ်းကပ်ပြီး ချိတ်ဆက်ကာ စတင်စရာရှိတာတွေ စတင်သွားဖို့သာလိုပါတော့တယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 76 |
| 14 | Sin texto... | 52 |
| 15 | လူတစ်ဦးဟာ အလုပ်တိုင်းကိုနားလည်ဖို့၊ လုပ်တတ်ဖို့ မဖြစ်နိုင်ပါဘူး၊ ဘယ်လိုနယ်ပယ် (သို့မဟုတ်) ဘယ်လို လုပ်ငန်းကိုဇောက်ချပြီးလုပ်မလဲဆိုတာကိုပဲ တွေးဖို့ဖြစ်နိုင်ပါတယ်။ အိမ်တစ်လုံးဆောက်ဖို့ ပုံစံနဲ့ ဒီဇိုင်းအရမူတည်ပြီး ထိုအိမ်နဲ့ပတ်သက်တဲ့ပစ္စည်းပစ္စယ ကိုပဲ စုဆောင်းကာ လိုချင်တဲ့အိမ်လေးဖြစ်လာအောင် လုပ်ကြရသလိုပါပဲ။ မဆိုင်တဲ့အရာ၊မလိုတဲ့အရာကို လိုက်စုဆောင်းနေဖို့ မဖြစ်နိုင်ပါဘူး။
ထို့နည်းလည်းကောင်းပဲ ကျွမ်းကျင်မှုလို့ဆိုတဲ့အခါ အရေးကြီးတိုင်းလိုက်သင်ယူဖို့မလွယ်ကူဘဲ ကိုယ်ဘယ်လိုရပ်တည်သွားချင်လဲအပေါ်မှာမူတည်ပြီး လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ဖြည့်တင်းသွားသင့်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့က တော်တော်များများနံ့နံ့စပ်သိပေမဲ့ ဒီလိုအရာကနေ ဘာတွေထပ်တိုးလုပ်ကြမလဲဆိုတာကို ပြန်လည်ရှာဖွေဖို့မေ့နေနိုင်ပါတယ်။
ကိုယ့်ရဲ့ တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှုတွေလိုပဲ ကိုယ်က လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို ထပ်ခါထပ်ခါသင်ယူနေတာထက် ဘယ်လိုတစိုက်မတ်မတ် နယ်ပယ်အလိုက် လိုအပ်တာတွေကို ပေါင်းစပ်လုပ်ဆောင်မလဲဆိုတာကို မေးဖို့လိုပါတယ်။ သတိရဖို့က ကျွမ်းကျင်မှုများများတတ်ထားတိုင်း တန်ဖိုး မြင့်လာမယ်လို့မဆိုနိုင်ပြန်ပါဘူး။ ဘယ်လို တတ်ထားတာတွေကို တတ်ဆင်ပြီး ဘာကိုဖြေရှင်းမလဲကသာ တန်ဖိုးမြင့်လာနိုင်ပါတယ်။
ကျွမ်းကျင်မှုတွေကို building blocks လို့တွေးကြည့်ပါ။
ဆိုပါစို့…ကိုယ်ဟာ စာရေးနိုင်သူ၊ မာကတ်တင်းလည်းရသူ ဒီတော့ဘာလုပ်နိုင်လဲဆိုရင် content marketing လုပ်နိုင်မယ်။ ဒါကိုထပ်ပြီး တန်ဖိုးတက်လာအောင် Data Analysis ကို ထပ်ထည့်မယ်၊ ဒါဆိုကိုယ်ဟာ ဒေတာပေါ်အခြေခံပြီး content strategies တွေကိုဆွဲနိုင်မယ်ဆိုတာပါပဲ။ ဒါ့အပြင် ဘာထပ်ထည့်ရင်ရသေးလဲဆိုရင် သင်ကြားနည်းကိုပါထပ်လေ့လာမယ်၊ ဒါဆိုကိုယ့်ရဲ့ အဖွဲ့အစည်းကိုပြန်သင်ပြလို့ရပြီး၊ တစ်ခါ ဦးဆောင်မှုပညာပါတွဲထည့်လိုက်မယ်ဆိုရင် ကိုယ်ဟာ content or marketing function တစ်ဖွဲ့လုံးကိုဦးဆောင်နိုင်သူဖြစ်လာမယ်။ ဒါကို Skills combination-ကျွမ်းကျင်မှုပေါင်းစပ်ခြင်းလိုဆိုနိုင်ပါတယ်။ အခြားနယ်ပယ်တွေကိုလည်း ဆက်စပ်တွေးခေါ်နိုင်ပါတယ်။
တစ်ခါ…လူနှစ်ဦးရှိမယ်။ ပထမတစ်ဦးက စာရေးဆရာလို့ ပြောတယ်၊ ဒုတိယတစ်ဦးက စာရေးဆရာနှင့် ပညာရေးနယ်ပယ်ကိုကျွမ်းကျင်တယ်။ထပ်ပြီး သုတေသနပိုင်းကိုပါ နားလည်တယ်။ ပထမတစ်ဦးကဖောက်ထွက်ဖို့ခက်နိုင်တယ်၊ ဒီတော့ စာရေးဆရာတွေအများကြီးထဲမှာမှ ဖောက်ထွက်ဖို့ဆိုရင် ခုနဒုတိယတစ်ဦးလို Writing + Education + Research ပေါင်းစပ်လိုက်ရင်ပိုပြီး ထင်ရှားလာမယ်။ လွယ်ကူတဲ့ခရီးစဥ်တော့မဟုတ်နေတာသေချာပါတယ်။
ဒီတော့ ကိုယ်အနေနဲ့ ရှိပြီးသားစွမ်းရည်၊ကျွမ်းကျင်မှု စတာတွေကို ပြန်လည်ဖော်ထုတ်ပြီး ဘယ်လို ပေါင်းစပ်ရမလဲ၊ တတ်ဆင်ရမလဲ၊ ပေါင်းစည်းရမလဲ၊ ချိတ်ဆက်ရမလဲဆိုတာကို ဆက်လက်လေ့လာသွားဖို့လိုပါတယ်။ တစ်ခါတစ်ရံ ကိုယ့်မှာလုံလောက်မှန်း သေချာနေပေမဲ့ ဒါကို မေ့နေတတ်ပြီး အသစ်အသစ်တွေနောက်လိုက်သင်ယူနေတာနဲ့ အချိန်ကုန်နေနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့တတ်မြောက်ထားတဲ့ ကျွမ်းကျင်မှုများကို ပြန်လည်ရှာဖွေ ဖော်ထုတ်ပြီး ခေတ်အလိုက်ထိုက် လိုက်ပါ၀င်ဆံ့သွားကာ ရပ်တည်ဖို့ လိုပါတော့တယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 69 |
| 16 | Sin texto... | 49 |
| 17 | ပရော်ဖက်ရှင်နယ်တို့အနေနဲ့ အသစ်အသစ်သော ကျွမ်းကျင်မှုတွေကို ထပ်ခါထပ်ခါ သင်ယူနေရပါများလို့ လူက ကိုယ်ရောစိတ်ပါ မလန်းဆန်းတော့တဲ့အချိန်မျိုး ဖြတ်သန်းဖူးကြလို့ ယုံကြည်ပါတယ်။ ခေတ်အပြောင်းအလဲကြားမှာ ၀င်ဆံ့နိုင်ဖို့လိုပေမဲ့ ကိုယ်တတ်ထားပြီးသား၊ရှိပြီးသားအရာတွေနဲ့ရော တစ်ခေတ်ဆန်းအောင်လုပ်လို့မရဘူးလားဆိုတာကို မေးဖို့လိုပါတယ်။ မဟုတ်ရင် သင်ယူနေတာနဲ့ပဲအချိန်ကုန်နေတတ်ပါတယ်။
တကယ်ဆို ကျွမ်းကျင်မှုတစ်ခုတည်းနှင့် ငွေ၀င်ပေါက်တွေကို ချဲ့ထွင်လို့ရတာကို ပြန်မြင်ကြည့်ဖို့လိုပါတယ်။ ဒါမှ ကိုယ့်အတွက် သေချာ နိုင်နှင်းစွာနှင့် ပေါက်ရောက်စွာနှင့် ရပ်တည်နိုင်မှာဖြစ်တယ်။ ဆက်လက်ပြီး ဥပမာတွေနဲ့ကြည့်ကြရအောင်။
ဒီလိုချဲ့ထွင်နိုင်ဖို့ ကိုယ်ဟာ ပညာရေး-သင်ကြားရေး နယ်ပယ်မှ ပရော်ဖက်ရှင်နယ်တစ်ဦး ဆိုပါစို့…(အခြားသောဆက်စပ်နယ်ပယ်များနှင့်ချိတ်ဆက်ဖတ်ရှုနိုင်ပါတယ်)
၁။ ပထမဆုံးအနေနဲ့ ကိုယ့်အနေနဲ့ တတ်မြောက်ထားတာတွေကို 9-5အလုပ်ခွင်ထဲမှာ အသုံးပြန်ချလို့ရတယ်။ ဥပမာ ဆရာ/မ တစ်ဦးအနေနှင့်လား၊ Corporate trainer အနေနဲ့လား၊ Academic instructor အနေနဲ့လား ဆိုပြီး လုပ်ကိုင်နိုင်ပါတယ်။ ဒါကတော့ အများသိထားပြီးသားဖြစ်တယ်။ ဒီလမ်းကြောင်းက တစ်ဆင့် ၀င်ငွေတစ်ခုရမယ်။
၂။ ဒုတိယအချက်အနေနဲ့ ကိုယ်ဟာ တတ်ထားတဲ့ဗဟုသုတတွေ၊အတွေ့အကြုံတွေကို Service-၀န်ဆောင်မှုအသွင်ကိုပြန်ပြောင်းပြီး ၀င်ငွေချဲ့ထွင်လို့ရပါသေးတယ်။ ဥပမာ 1-1 Coaching လုပ်ပေးမလား၊ ပညာရေးလမ်းကြောင်းဆိုင်ရာ ဆွေးနွေးပေးခြင်းလုပ်မလား၊ curriculum designတွေလုပ်ပေးမလား၊ Workshops တွေလုပ်ပေးမလား၊ Training sessionsတွေလုပ်ပေးမလား ဆိုတာကို ထပ်မံလုပ်ဆောင်လို့ရပါတယ်။ ဒါမှ နောက်ထပ်၀င်ငွေလမ်းကြောင်းလို ချဲ့ထွင်နိုင်ပါလိမ့်မယ်။
၃။ တတိယအချက်ကတော့ ထုတ်ကုန်အဖြစ်ပြောင်းလဲခြင်း-Product ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တတ်ထားသည်များကို Online course တွေအဖြစ် လုပ်မလား၊ E-book တွေထုတ်မလား၊ Templates, Workbooks, Training materials, Recorded workshops စတာတွေကို သေချာ စနစ်တကျနဲ့တည်ဆောက်ပြီး လုပ်သွားမလားဆိုတာကို စီမံနိုင်ပါတယ်။
၄။ နောက်ထပ်အချက်အနေနှင့် ကိုယ့်ရဲ့ကျွမ်းကျင်မှုကို သိထားသင့်တဲ့ ပရိသတ်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ လိုအပ်မဲ့ ပလပ်ဖောင်းတွေမှာ အမည်နာမ တည်ဆောက်ထားတယ်၊ ကိုယ့်ကို လူသိလာအောင်လုပ်ပေးနိုင်တဲ့ နည်းနာနိဿယတွေကို ဖော်ဆောင်ကာ ပြုလုပ်ခြင်းဖြစ်တယ်။ ဥပမာ LinkedIn posts, YouTube videos, Newsletter, Podcast, Articles, Social media education စတာတွေကို အမြဲတစေတည်ဆောက်သွားနိုင်ပါတယ်။
၅။ နောက်ဆုံးအချက်အနေနဲ့ကတော့ ကိုယ့်အနေနဲ့ သာမန်အချိန်ရောင်း သင်ပေးရုံတင်မကဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်ပန်နဲ့ ထုတ်ထားတဲ့၊ ပြုစုထားတဲ့ frameworks, methodologyတွေကို Intellectual Property-ဥာဏပိုင်ဆိုင်မှု အဖြစ် အမှတ်အသားလုပ်ပြီး တရား၀င်မှတ်ပုံတင်ထားခြင်းဖြစ်ပါတယ်။ သို့မှသာ လူအများကူးယူခြင်း၊ တုပခြင်းများကိုကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ ဆိုလိုရင်းက ကိုယ်တိုင် ဖန်တီးထားတဲ့ သင်ခန်းစာတွေ၊ ပစ္စည်းထုတ်ကုန်တွေအပေါ်မှာ ကိုယ့်အမည်နာမနှင့်တကွ ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။
အထက်ပါအချက်တွေအပြင် များစွာရှိနေနိုင်ပါတယ်။ ကိုယ့်ဘေးမှာ လူတွေဘယ်လိုလုပ်ဆောင်နေလဲ၊ လည်ပတ်နေလဲ ဆိုတာကိုသေချာလေ့လာပြီး ပိုကောင်းတဲ့အတွေးအကြံအလုပ်များကို ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
အဆင်ပြေကြပါစေ။
📈🧭🎯
@TharHtooBeUnique
@BUNIQCoaching | 67 |
| 18 | Sin texto... | 50 |
| 19 | သေချာတာက ကိုယ်ဟာ နေရာဟောင်းမှာရောက်မနေတော့သလို နေရာသစ်ဆီကိုလည်း မရောက်နေဘဲ ကြားကာလဆိုတဲ့အပိုင်းအခြားမှာရှိနေတာလို့ဆိုနိုင်ပါတယ်- You're no longer where you were, but you're not yet where you're going. လို့ပြောလို့ရပါတယ်။ များသောအားဖြင့်ဒီလို သစ်ကိုင်းလွတ်တဲ့ကာလကို သိပ်သတိမထားမိပေမဲ့ လူအများအပြားကြုံနေရတဲ့အချက်ဆိုတာပါပဲ။
သုံးသပ်ရရင် ဒီလို ‘ဟိုမရောက်ဒီမရောက်ဆိုတာဟာလည်း ဖြစ်စဥ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာပါပဲ။’ ကိုယ့်ကိုမှ ဖြစ်ရခြင်းမဟုတ်ဘဲ အများနည်းတူ ရင်ဆိုင်ကြုံတွေ့ရတဲ့အရာဖြစ်ပါတယ်။
ဒီလိုကြားကာလဟာ ကိုယ့်ဘ၀အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ကိုယ့်ဘ၀ကြီး တစ်ခုလုံး ဒီလိုပဲဖြစ်နေတာမဟုတ်တာကို သတိချပ်ဖို့လိုပါတယ်။ အရေးကြီးတာ သေချာ စနစ်တကျနဲ့ရောက်နေဆဲ ကာလမှာ ကိုယ့်အနေနဲ့ ရသလောက် ပြန်လည်ထူထောင်နေခြင်း၊ လုပ်ယူနေခြင်း ဆိုတာမျိုးဖြစ်သင့်ပါတယ်။
အောက်ပါအချက်တွေက စဥ်းစားဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။
၁။ ကိုယ်ရောက်နေဆဲကာလကို အမည်နာမ ပေးကြည့်ပြီး ဘာကဘယ်လိုဖြစ်နေကြောင်း သုံးသပ်သင့်ပါတယ်။ ကိုယ်က သေချာအမည်ပေးဖို့ ခဲယဥ်းနေတယ်၊ ဘာမှန်းကြီးမသိနေဘူးဆိုတာနဲ့ ကျရှုံးနေသလို၊ နောက်ပြန်ဆွဲနေသလိုထင်နေမိတာ မှန်ကန်မှုမရှိနေပါ။ တကယ်တော့ ကိုယ်က chapters တွေရဲ့ အလည်မှာရောက်နေတာဖြစ်ပါတယ်။ You’re between chapters!
၂။ ကိုယ့်ရဲ့ transition timeline ကိုအခြားသူများနှင့် မနှိုင်းယှဥ်မိပါနဲ့။ ဆိုလိုသည်မှာ တစ်ဦးဦးက ၁-၂လလေးနဲ့ အလုပ်အကိုင်ရသွားတယ်၊ တစ်ချို့ကသူ့အနေအထားနဲ့သူ freelancing လုပ်လိုက်တယ်၊ ကျန်တစ်ချို့က ကျောင်းပြန်ဆက်တက်တယ်၊ တစ်ချို့က (၁)နှစ်တိတိကိုစောင့်ပြီးမှ အလုပ်ရတယ်။ ဒါတွေဟာ သူမတူစွာ ဖြစ်နေတာပါ။ တစ်ဦးရဲ့ timelineဟာ သူ့ဟာနဲ့သူ လှုပ်ရှားနေကြတာပါပဲ။ ကိုယ့်ရဲ့ ဖြစ်စဥ်ဟာလည်း သူမတူဘူးဆိုတာပါပဲ။ တစ်ခြားလူဖြစ်မြောက်သွားတာကိုပဲသိပြီး သူတို့ရုန်းကန်ရတဲ့အပိုင်းကိုမေ့ထားနေတတ်ပါတယ်။
၃။ Think (တွေးပါ) → Test(စမ်းသပ်ပါ) → Learn(သင်ယူပါ) → Adjust (ညှိယူပါ) ဆိုတဲ့အရာလေးကို သတိရပါ။ တစ်ချိန်ကို ဒီလိုစပ်ကူးမတ်ကူးကာလမှာ တွေးနေရင်းနှင့်အချိန်မကုန်ခံမိပါနဲ့။ အမှန်တကယ် ကိုယ့်အနေနဲ့ လုပ်ချင်တဲ့အရာကို အနည်းဆုံး အခြေခံကစပြီး စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ ဥပမာကိုယ့်အနေနဲ့ consultingလုပ်တယ်ဆိုရင် လူတစ်ဦးဦးကို စတင်ကူညီကြည့်ပါ။ ဒါမှမဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းပေးကြည့်ပါ။ဒါမှ လိုအပ်ချက်တွေ တွေ့လာမယ်၊ ပြန်ပြင်ယူရမယ် စသဖြင့်ရှိပါတယ်။
၄။ ရှင်သန်ရပ်တည်မှုနှင့် စူးစမ်းလေ့လာမှုကို ခွဲထားကြည့်ပါ။ ပြဿနာက နှစ်မျိုးဖြစ်နေတတ်ပါတယ်။ ရှင်သန်ရပ်တည်ရေးနှင့် စူးစမ်းလေ့လာမှု အရေးတို့ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်အနေနဲ့ ယာယီအလုပ်အကိုင်မျိုးလုပ်ပြီး ထောင့်ခံထားရနိုင်ပါတယ်။ တစ်ဖက်မှာလည်းရေရှည်လေ့လာစူးစမ်းမှုတွေ ထပ်လုပ်ရနိုင်ပါတယ်။ ဒါဟာ ကျရှုံးတာမဟုတ်ပါဘူး။ ယာယီအလုပ်အကိုင်ဟာ တစ်ဘ၀လုံးကို ကိုယ်စားမပြုပါဘူး။ ရပ်တည်ရေးက အဓိကမဟုတ်ပါလား။
၅။ ကိုယ့်မှာ ဘာတွေပိုင်ဆိုင်ထားလည်းဆိုတာကို ပြန်ကြည့်ပါ။ များသောအားဖြင့် လမ်းပျောက်တယ်ဆိုရင် ကိုယ့်မှာမရှိတဲ့အရာကို အာရုံထားမိတတ်ပြီး ရှိတာတွေကို မေ့နေတတ်ပါတယ်။ တကယ်တော့ ကိုယ့်မှာရှိတဲ့အရာတွေနဲ့ရှေ့ဆက်နိုင်လို့ပါပဲ။ ဒီတော့ စာရင်းအင်းလုပ်ပြီး ကိုယ့်မှာ ဘာကျွမ်းကျင်မှုရှိလဲ၊ ဘာအတွေ့အကြုံတွေရှိလဲ၊ လက်ဆုပ်လက်ကိုင်ပြစရာဘာရှိလဲ၊ ကိုယ့်ကိုဘယ်သူတွေကသိကြလဲ၊ စသဖြင့်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဟာ သုညကနေ စတင်ဖို့မလိုတာကိုမြင်လာမယ်၊ အရေးကြီးတာ သေချာပြန်လည် နေရာတကျထားပြီး လုပ်နေဖို့ပဲလိုတာကို မြင်လာနိုင်ပါတယ်။
အထက်ပါအချက်တွေအပြင်များစွာ ရှိနေနိုင်ပါတယ်။ ဒီလို ဘယ်ကိုမှမရောက်နေတဲ့ ကာလဟာ လူတိုင်းကြုံရပြီး သေချာနားမထောင်ဖြစ်တဲ့အစိတ်အပိုင်းတွေဖြစ်နေနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရောက်နေတဲ့နေရာ၊ ကာလအပိုင်းအခြား၊ ပတ်၀န်းကျင်၊ ပုံဖော်နိုင်စွမ်း စတာတွေကို ပြန်လည်စိစစ်ပြီး လက်ခံကာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားဖို့သာ အရေးကြီးပါတယ်။
အဆင်ပြေကြပါစေ။
🧭🎯📈
@TharHtooBeUnique
@BUNIQCoaching | 62 |
| 20 | Sin texto... | 49 |
