5 479
Suscriptores
Sin datos24 horas
-77 días
-4230 días
Archivo de publicaciones
🦠 ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) သည် နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့ကို ကူးစက်စေတတ်သော တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ (Influenza viruses) ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ လတ်တလော ကူးစက်ရောဂါ ဖြစ်ပါသည်။
🦠 ရောဂါလက္ခဏာများ
🤒 ဖျားခြင်း၊ ချမ်းတုန်ခြင်း
🤒 ချောင်းဆိုးခြင်း
🤒 လည်ချောင်းနာခြင်း
🤒 နှာရည်ယိုခြင်း၊ နှာချေခြင်း
🤒 ကိုယ်၊ လက် ကိုက်ခဲခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 မောပန်းနွမ်းနယ်ခြင်းနှင့်
🤒 ကလေးငယ်များတွင် အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ပါသည်။
ရောဂါကူးစက်ခံရသူအများစုသည် ရက်အနည်းငယ်မှ (၂) ပတ်အတွင်း သက်သာကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့သူများတွင် အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
အထူးသဖြင့် အသက် (၆၅) နှစ်အထက်ရှိသူများ၊ အသက်အရွယ်မရွေး နာတာရှည်ရောဂါအခံရှိသူများ (ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ)၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားကျဆင်းနေသူများနှင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
🦠 ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ
ရာသီတုပ်ကွေးရောဂါသည် ရောဂါကူးစက်ခံထားရသူတစ်ဦး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှ ထွက်လာသော ရောဂါပိုးပါသည့် အစက်အမှုန်များကို ရှူသွင်းမိရာမှသော်လည်းကောင်း၊ ရောဂါပိုးပါသည့် အစက်အမှုန်များ ကပ်တင်ကျန်ရှိနေသော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိပြီး မိမိ၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပြန်လည်ထိတွေ့မိခြင်းမှသော်လည်းကောင်း ကူးစက်နိုင်ပါသည်။
🦠 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ
➡️ နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။
➡️ ဖျားနာနေသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
➡️ သင် ဖျားနာနေပါကလည်း အခြားသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ အဖျားပျောက်ကင်းပြီး အနည်းဆုံး (၂၄) နာရီကြာသည်အထိ မိမိအိမ်မှာသာ နေထိုင်ပါ။ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ပါ။
➡️ နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူး (သို့မဟုတ်) တံတောင်ဆစ်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ (တစ်သျှူးအသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ)။
➡️ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မကြာခဏ ဆေးကြောပါ (ရေနှင့်ဆပ်ပြာ မရရှိနိုင်ပါက အယ်လ်ကိုဟောပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ)။
➡️ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရ။
➡️ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ပါ။ နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားပါ။
➡️ လူထူထပ်သောနေရာများနှင့် ပွဲလမ်းသဘင်များကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။
🦠 ကုသမှုနည်းလမ်းများ
(၁) ကောင်းမွန်စွာ အနားယူခြင်း
(၂) အာဟာရပြည့်ဝသော ခန္ဓာကိုယ်ခုခံအားတက်စေမည့် အစားအစာများကို သေချာစွာစားခြင်း
(၃) ရေဓါတ်လုံလောက်အောင် သောက်သုံးခြင်း
(၄) symptomatic treatment ဟုခေါ်သော ခံစားရသော ရောဂါ လက္ခဏာပေါ်မူတည်ကာ ဆရာဝန် ညွှန်ကြားသည့်အတိုင်း အဖျားကျဆေး နှာစေးချောင်းဆိုးပျောက်ဆေး များကိုသောက်သင့်ပါသည်။
ရောဂါလက္ခဏာများမသက်သာလျှင်
နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားကာ ထိရောက်သောကုသမှူကို ဆွေးနွေးခံယူရန်လည်းတိုက်တွန်းအပ်ပါသည်။
2026 - 2027 El Niño ရာသီဥတုဖြစ်စဉ် နှင့် မိဘများ သိထားသင့်သည့် အရေးကြီးသော အချက်များ
အထူးသဖြင့် ကလေးသူငယ်များ၊
သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါရှိသူများသည် အပူဒဏ်ကို ပိုမို ခံစားရနိုင်သောကြောင့်
မိသားစုများအနေဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
အသိပညာ၊
ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ရှိပါက ၂၀၂၆-၂၀၂၇ El Niño
၏ သက်ရောက်မှုများကို လျှော့ချနိုင်ပြီး ကျွန်ုပ်တို့၏
သားသမီးများကို ပိုမိုလုံခြုံစွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
References
1. Climate Prediction Center. (2026). El Niño/Southern
Oscillation (ENSO) diagnostic discussion. National Weather Service, National
Oceanic and Atmospheric Administration. noaa.gov
2. Mekong Eye. (2026, May 11). El
Niño 2026: Why early action matters.
mekongeye.com
3. World Meteorological
Organization. (2026). WMO update: Global climate risk and evolution of El Niño
in 2026. wmo.int
4. National Aeronautics and Space Administration. (2023).
Understanding El Niño and its global
impacts.
https://climate.nasa.gov
5. Trenberth, K. E. (2015). The
role of El Niño–Southern Oscillation in
climate variability. Annual Review of Marine Science, 7, 1–23. https://doi.org/10.1146/annurev-marine-010814-015044
6. McPhaden, M. J., Zebiak, S. E., & Glantz, M. H. (2020).
ENSO as an integrating concept in Earth system science. Science, 314(5806),
1740–1745.
https://doi.org/10.1126/science.1132588
7. Intergovernmental Panel on Climate Change. (2021). Climate
change 2021: The physical science basis. Cambridge University Press. https://www.ipcc.ch/report/ar6/wg1/
8. https://www.youtube.com/watch?v=UEseLvpl9ss
9. https://www.pmel.noaa.gov/elnino/what-is-el-nino
2026 - 2027 El Niño ရာသီဥတုဖြစ်စဉ် နှင့် မိဘများ သိထားသင့်သည့် အရေးကြီးသော အချက်များ
လေးစားအပ်ပါသော
အုပ်ထိန်းသူများခင်ဗျာ
လွန်ခဲ့သော
နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် အပူချိန်စံချိန်တင်မြင့်တက်မှုများ၊
ရုတ်တရက်ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများနှင့်
ရာသီဥတုမမှန်ကန်မှုများကို ပိုမို ကြုံတွေ့လာရပါသည်။ ယခုအခါ နိုင်ငံတကာ
မိုးလေဝသပညာရှင်များအဖွဲ့ နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO&NOAA) တို့က ၂၀၂၆
အောက်တိုဘာလမှ စတင်၍ ၂၀၂၇ ဖေဖော်ဝါရီလအတွင်း El Niño ရာသီဥတုဖြစ်စဉ်
ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားကြပြီး ယခင်ကထက် ရာသီဥတု ပြောင်းလဲမှုများ
ဖြစ်ပေါ်လာမည်ဖြစ်သောကြောင့် ၄င်းတို့၏ သက်ရောက်မှုများမှာလည်း
ပိုမိုပြင်းထန်လာနိုင်ပါသည်။
El Niño
သည် မြန်မာနိုင်ငံအတွက် သဘာဝ ဘေးအန္တရာယ် တစ်ခုတည်း မဟုတ်ဘဲ
ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ဓာတ်အား၊ ရေရရှိမှုနှင့်
စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ဆက်တိုက် သက်ရောက်လာနိုင်သည့် အခြေအနေတစ်ခု
ဖြစ်ပါသည်။
El Niño ဆိုတာ ဘာလဲ?
El Niño
ဆိုသည်မှာ ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ
ပင်လယ်ရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက် မြင့်တက်လာခြင်းကြောင့်
ကမ္ဘာတစ်ဝှမ်း ရာသီဥတုစနစ်များ ပြောင်းလဲသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။
အလွယ်တကူ ပြောရလျှင် El Niño
ဖြစ်လာသောအခါ
• အချို့နိုင်ငံများတွင်
ရေကြီးမှုများ ပိုမိုဖြစ်ပေါ်နိုင်သည်။
• အချို့နိုင်ငံများတွင်
မိုးခေါင်ရေရှားမှုများ ဖြစ်လာနိုင်သည်။
• အပူချိန်များ
ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်သည်။
• စိုက်ပျိုးရေး၊
စားနပ်ရိက္ခာနှင့် ရေရရှိမှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
မြန်မာနိုင်ငံတွင်
ဘာတွေဖြစ်လာနိုင်သလဲ?
မြန်မာနိုင်ငံသည် El Niño
၏ သက်ရောက်မှုကို မကြာခဏခံစားရသည့် နိုင်ငံများထဲတွင် ပါဝင်သည့်အတွက်
၂၀၂၆-၂၀၂၇ ကာလအတွင်းတွင် အောက်ပါအချက်များအတွက်
သတိထား ကြိုတင်ပြင်ဆင်သင့်ပါသည်။
၁။ အပူချိန် ပိုမိုမြင့်တက်လာနိုင်ခြင်း
ယခုနှစ် နွေရာသီတွင်ပင်
မြန်မာနိုင်ငံ၏ ဒေသအများအပြား၌ ၄၀°C
ကျော်သော အပူချိန်များကို ကြုံတွေ့ခဲ့ရပါသည်။
El Niño
အားကောင်းလာပါက
• အပူလှိုင်း (Heatwave)
များ ပိုမိုကြာရှည်လာနိုင်သည်။
• ကျောင်းသားများတွင်
ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်သည်။
• ခေါင်းမူးခြင်း၊
မောပန်းခြင်း၊ အပူလျှပ်ခြင်း (Heatstroke) များ
ပိုမိုဖြစ်ပွားနိုင်သည်။
၂။ လျှပ်စစ်မီး မတည်ငြိမ်မှုများ
ပူပြင်းလာသည်နှင့်အမျှ
• ပန်ကာနှင့်
အဲကွန်းအသုံးပြုမှုများ မြင့်တက်လာမည်။
• လျှပ်စစ်လိုအပ်ချက်များ
တိုးလာမည်။
• မီးပြတ်တောက်မှုများ
ပိုမိုဖြစ်ပွားလာနိုင်သည်။
ကျောင်းသားများအတွက် Online Learning၊
စာကျက်ခြင်းနှင့် ညဘက် အိပ်စက်အနားယူမှုများ အပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
၃။ ရေရှားပါးမှုနှင့်
ကျန်းမာရေးပြဿနာများ
El Niño
နှစ်များတွင်
• ရေကန်များ
ခန်းခြောက်လာနိုင်သည်။
• မြေအောက်ရေကျဆင်းနိုင်သည်။
• သန့်ရှင်းသော
သောက်သုံးရေရရှိမှု ခက်ခဲလာနိုင်သည်။
သန့်ရှင်းရေးအားနည်းလာပါက
• ဝမ်းပျက်ဝမ်းလျှောရောဂါများ
• အူလမ်းကြောင်းဆိုင်ရာရောဂါများ
• အရေပြားရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပါသည်။
မိဘများ
ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ?
ကျောင်းသား/သူများအတွက်
✓ နေ့စဉ် သောက်ရေ
လုံလောက်စွာ သောက်စေရန် ကျောင်းသို့ ရေဘူးယူဆောင်စေရန်
✓ နေရောင်ပြင်းချိန်အတွင်း
အပြင်ထွက်ကစားမှု လျှော့ချရန်
✓ အိပ်ချိန် ၈ နာရီခန့်
ရရှိစေရန်
✓ အာဟာရပြည့်ဝသော
အစားအစာများ စားသုံးစေရန်
✓ အပူလျှပ်ခြင်း
လက္ခဏာများ (ခေါင်းမူးခြင်း၊ အန်ခြင်း၊ ကိုယ်ပူလွန်ခြင်း) ကို
သတိထားစောင့်ကြည့်ရန်
မိမိ၏ မိသားစုအတွက်
✓ အရေးပေါ်သောက်သုံးရေ
သိုလှောင်ထားရန်
✓ Power Bank နှင့်
အရေးပေါ်မီးအိမ်များ ပြင်ဆင်ထားရန်
✓ အရေးကြီးဆေးဝါးများ
ဆောင်ထားရန်
✓ ORS ဓာတ်ဆားထုပ်များ
ဆောင်ထားရန်
✓ မိသားစု
အရေးပေါ်ဆက်သွယ်ရေးအစီအစဉ် တစ်ခု ကြိုတင်သတ်မှတ်ထားရန်
ကျောင်းနှင့် မိဘများ
ပူးပေါင်းဆောင်ရွက်ရန်
El Niño ဖြစ်ပွားနိုင်သည့် သတိပေး ကာလအတွင်း ကျောင်းသား/သူများ၏ ကျန်းမာရေးနှင့်
လုံခြုံရေးသည် ကျောင်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ မိဘများနှင့် ကျောင်းတို့
ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။
အပူချိန် အလွန်မြင့်တက်လာသည့်
နေ့ရက်များတွင်
• အားကစားလှုပ်ရှားမှုအချိန်များ
လျှော့ချခြင်း
• လိုအပ်ပါက ကျောင်းချိန်များ
ပြင်ဆင်ပြောင်းလဲခြင်း
• လိုအပ်ပါက အွန်လိုင်းသင်ကြားရေး
အသုံးပြုခြင်း
• ကျန်းမာရေးစောင့်ကြည့်မှုများ
တိုးမြှင့်ခြင်း တို့ကို ရာသီဥတုပြောင်းလဲမှုများအပေါ်မူတည်၍ ကျောင်းဖက်မှ
ဆောင်ရွက်ရန် လိုအပ်လာနိုင်ပါသည်။
နိဂုံး
El Niño သတိပေးချက် သည် ကြောက်ရွံ့ထိတ်လန့်စရာ ကပ်ဘေးတစ်ခု မဟုတ်သော်လည်း ပေါ့ဆ၍
မရသော ရာသီဥတုအန္တရာယ်တစ်ခု ဖြစ်ပါသည်။
🚨ဆေးရုံသို့ ချက်ချင်း သွားရောက်ပြသသင့်သော အခြေအနေများ🚨
အောက်ပါ လက္ခဏာများ ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။
ဝမ်းထဲတွင် သွေးပါလာခြင်း၊
အဖျားကြီးခြင်း၊
အဆက်မပြတ် အန်ခြင်း၊
ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (ရေမသောက်နိုင်တော့ခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း၊ ငိုသော်လည်း မျက်ရည်မထွက်ခြင်း၊ အသားအရေအလွန်ခြောက်ကပ်နေခြင်း၊ အလွန်အမင်းမှိုန်းနေခြင်း၊ တစ်နှစ်အောက်ကလေးများတွင် ငယ်ထိပ်များချိုင့်ဝင်နေခြင်း)၊
အသက်ရှူမြန်ခြင်း၊
သတိလစ်ခြင်း တို့ဖြစ်ပါသည်။
🎓ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားပါက ပြုစုကုသနည်း
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသောအခါ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသည် အရေးကြီးဆုံး ကုသမှုဖြစ်ပါသည်။
ORS (Oral Rehydration Solution) ဓာတ်ဆားရည်ကို ညွှန်ကြားချက်အတိုင်း သောက်ပါ။ ( ဝမ်းသွားသော ပမာဏ၊ အန်ထားသော ပမာဏထက် အနည်းငယ် ပိုသော ဓာတ်ဆားရည်ကို ဖြည်းဖြည်းခြင်း ခွဲသောက်ပါ။ )
သန့်ရှင်းသော ရေများများ သောက်ပါ။ ( သန့်ရှင်း သော အုန်းရည်နှင့် ကြက်ပြုတ်ရည် အကြည်တို့လည်း သောက်နိုင်ပါသည်။)
ထမင်းပြုတ်၊ ဆန်ပြုတ်၊ ငှက်ပျောသီး၊ ဟင်းချို စသည့် အစာကြေလွယ်သော အစားအစာများကို စားသုံးပါ။
အဆီများသော အစားအစာများကို ခေတ္တရှောင်ကြဉ်ပါ။
နို့စို့ကလေးများကို မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ ဆေးများကို မိမိဘာသာ မသောက်သုံးသင့်ပါ။
🎓ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရန်
ကျိုချက်ထားသောရေနှင့် သေသေချာချာ သန့်စင်ပြီးသော ရေသန့်ရေကိုသာ သောက်ပါ၊
အစားအစာများကို သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ၊
လမ်းဘေးအစားအစာများ သတိထားစားပါ၊
အစားမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ဆေးပါ၊
အမှည့်လွန်သောအသီးများနှင့် ယင်နားစာများကို ရှောင်ကျဉ်ပါ၊
ဈေးမှဝယ်လာသော ပစ္စည်းများကို သေသေချာချာ ဆေးကြော သန့်စင်၍ သိမ်းဆည်းပါ၊
တစ်နှစ်အောက် ကလေးများကို rotavirus ကာကွယ်ဆေး ထိုးပေးထားခြင်းတို့ ဖြစ်ပါသည်။
မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များတတ်သဖြင့် အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းရေးကို အထူးသတိထားရပါမည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများတွင် ရေဓာတ်ခန်းခြောက်ခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ဝမ်းပျက်ဝမ်းလျှောလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အချိန်မီ ကုသမှုခံယူသင့်ပါသည်။
School Health Department
ConceptX International School
🚨အသိပေးချက်🚨
-----
⚠️WisdomC မှ ယခုလက်ရှိ အသုံးပြုလျှက်ရှိသော Telegram အကောင့် (09 798 796 536)အား မသမာသူများမှ (Hacking လုပ်၍) ခိုးယူသွားခြင်းကြောင့် ထို့အကောင့်အား ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ ဆက်သွယ်ခြင်း၊ ငွေကြေးဆိုင်ရာ အချက်အလက်များပေးပို့တောင်းဆိုခြင်းနှင့် ငွေလွှဲခြင်းများ မပြုလုပ်ကြပါရန် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
ထိုအကောင့်မှ ဆက်သွယ်လာပါကလည်း ပြန်လည်ဆက်သွယ်ပြောဆိုခြင်းများ မပြုလုပ်ပါရန်နှင့် WisdomC မှဆက်သွယ်ခြင်းမဟုတ်ကြောင်းကို ထပ်မံအသိပေးအပ်ပါသည်။⚠️
-----
📌အထက်ပါကိစ္စနှင့် ပါတ်သက်၍ နောက်ဆက်တွဲ သတင်းအချက်အလက်များကို page မှ ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။
-----
အဆင်မပြေမှုများအတွက် အနူးအညွန့် တောင်းပန်အပ်ပါသည်ခင်ဗျာ။🙏
#WisdomC #College #Scam #Alert #TELEGRAM
📢 June 2026 ကျောင်းဖွင့်ရက်အား ထပ်မံ၍အသိပေးကြေညာချက်
-----
(June Campus) ConceptX International School ၏ June 2026 Academic Year အတွက် အတန်းလိုက် ကျောင်းစတင်တက်ရောက်ရမည့် ရက်များအား အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
📘 Pre – P4
🗓 June 1, 2026 (Monday)
📘 P5 / P6 / S1
🗓 June 2, 2026 (Tuesday)
📘 S2 / IGCSE
🗓 June 3, 2026 (Wednesday)
-----
ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော ရက်များတွင်မှန်ကန်စွာ တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ ။ ကျောင်းသား / ကျောင်းသူများ တက်ရောက်ရမည့် အတန်း Section အချက်အလက်များကို မေလ (25) ရက်နေ့နောက်ပိုင်း တွင် ကျောင်းဘက်မှ Payment Form ၌ ဖြည့်သွင်းထားသော မိဘအုပ်ထိန်းသူ ဖုန်းနံပါတ်များရှိသို SMS မှတစ်ဆင့် ပေးပိုအသိပေးသွားမည်ဖြစ်ပါသည်။
+2
ConceptX International School မှ မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သော Grade 10, 11, 12 အတန်းများအား အချိန်မှန်ကန်စွာတက်ရောက်နိုင်ရန်အတွက် အတန်းအလိုက် သက်ဆိုင်ရာ Timetable များကို သတ်မှတ်ထုတ်ပြန် ပေးလိုက်ပါတယ်ခင်ဗျာ။
ConceptX Textbook Department မှ Campus ကျောင်းသား၊ကျောင်းသူမိဘများအတွက် စာအုပ်ကြိုတင်ထုတ်ယူရန် အသိပေးအကြောင်းကြားခြင်း။
✔️ ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် စာအုပ်ထုတ်ယူရာတွင် ကျောင်းဖွင့်ရက်မတိုင်မီ ကျောင်းသားကျောင်းသူများ စာအုပ်ရရှိစေရန် ယခင် သတ်မှတ်ရက်ထက် ရှေ့တိုး၍ ၂၀၂၆ ခုနှစ် မေလ (၂၃) ရက် မှ စတင်၍ စာအုပ်များ ကြိုတင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
✔️ စာအုပ်ထုတ်ယူရာတွင် ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် Documentation fees သွင်းပြီး Textbook Request Form မဖြစ်မနေဖြည့်ထားပေးရန် လိုအပ်ပါသည်။ Documentation fees သွင်းပြီး Textbook Request Form ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများကိုသာကျောင်းဘက် မှ စာအုပ်များ ကြိုတင်ထုတ်ပေးသွားပါမည်။
✔️ Textbook Request Form ဖြည့်ထားပြီးသော ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် Form ထပ်ဖြည့်ရန်မလိုအပ်ပါ။
✔️ Textbook Request Form ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် စာအုပ်ထုတ်ယူရန်ရွေးချယ်ထားသော ရက် မဟုတ်သော်လည်း သင်္ကန်းကျွန်းကျောင်းသို့ လာရောက်ထုတ်ယူပါက Textbook Department ဘက် မှ ထုတ်ပေးသွားမည်ဖြစ်ပါသည်။
✔️ Textbook Department ကိုဆက်သွယ်မေးမြန်ရန် Telegram Username: @conceptxtextbook
📢 June 2026 ကျောင်းဖွင့်ရက် ကြေညာချက်
-----
(June Campus) ConceptX International School ၏ June 2026 Academic Year အတွက် အတန်းလိုက် ကျောင်းစတင်တက်ရောက်ရမည့် ရက်များအား အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
📘 Pre – P4
🗓 June 1, 2026 (Monday)
📘 P5 / P6 / S1
🗓 June 2, 2026 (Tuesday)
📘 S2 / IGCSE
🗓 June 3, 2026 (Wednesday)
-----
ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော ရက်များတွင်မှန်ကန်စွာ တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ ။ ကျောင်းသား / ကျောင်းသူများ တက်ရောက်ရမည့် အတန်း Section အချက်အလက်များကို မေလ (25) ရက်နေ့နောက်ပိုင်း တွင် ကျောင်းဘက်မှ Payment Form ၌ ဖြည့်သွင်းထားသော မိဘအုပ်ထိန်းသူ ဖုန်းနံပါတ်များရှိသို့ SMS မှတစ်ဆင့် ပေးပို့အသိပေးသွားမည်ဖြစ်ပါသည်။
ConceptX International School တွင် June 01 Intake , 2026 တွင်စတင်တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများ နှင့် လက်ရှိတက်ရောက်နေသောကျောင်းသား၊ကျောင်းသူများအား အသိပေးအကြောင်းကြားခြင်း။
➣ June 01, 2026 တွင် Ferry စီးလိုသောကျောင်းသား၊ကျောင်းသူများအနေဖြင့် Ferry စီးလိုပါက (23.4.2026) ရက်နေ့မှ (23.5.2026) နောက်ဆုံးထားပြီး ငွေသွင်းပြီး Form ဖြည့်ပေးကြပါရန်အသိပေးအကြောင်းကြားအပ်ပါသည်။
➣ သက်ဆိုင်ရာမြိုနယ် အလိုက် Ferry စျေးနှုန်းများကို Ferry Department Hotline နံပါတ် 09775111113 လိုင်းခွဲနံပါတ် (6) ကိုဆက်သွယ်၍သော်လည်းကောင်း၊ ConceptX Ferry Telegram - https://t.me/conceptxferry ၌သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
➣ Ferry Department ဘက် မှ သတ်မှတ်ထားသော မြို့နယ်လမ်းကြောင်းများထက် ကျော်လွန်ပြီး ငွေသွင်းထားသောကျောင်းသား၊ကျောင်းသူများအား အတတ်တိုင်ဆုံးညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်၍ မရသောလမ်းကြောင်းများရှိပါက Ferry Department ဘက်မှ Refund ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
➣ ငွေသွင်းပြီး ဖောင်ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများအားလုံးသည် (1.6.2026) ရက်နေ့တွင် Ferry စတင်စီးနိုင်မည်။
➣ June 01 Intake , 2026 Intake အတွက် Ferry စီးလိုသောကျောင်းသား/ကျောင်းသူများအနေဖြင့် ငွေသွင်းပြီးလျှင် ငွေသွင်းထားသောပြေစာကို ယခုပေးထားသော Ferry Payment Form Link တွင် ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
➣ Ferry Payment form Link: https://forms.gle/mbGD9AKmwSjzwaxd7
မှတ်ချက် ။ ။ (23.5.2026) ရက်နေ့နောက်ဆုံးထားပြီး ငွေသွင်းထားခြင်းမရှိသော ကျောင်းသား၊ကျောင်းသူများ နှင့် Ferry Payment Form မဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများကို CIS Ferry Department ဘက် မှ Ferry စီစဉ်ပေးမည် မဟုတ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။လက်ရှိတွင်တတ်ရောက်နေသော ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ဖယ်ရီစီးလိုပါက (23.5.2026) ရက်နေ့နောက်ဆုံးထားပြီး ငွေသွင်းထားပါက ဖယ်ရီစီစဥ်ပေးမည်ဖြစ်သည်။
+1
June 2026 Intake Campus တွင်တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများအတွက် Ferry Price (Update) အား ကြေညာခြင်း
ကျောင်းသား၊ကျောင်းသူများ နှင့် မိဘများခင်ဗျာ ယခု မေလ 15 ရက်နေ့တွင် စက်သုံးဆီ စျေးနှုန်းများကျဆင်းလာပါသောကြောင့် June 01 2026 Intake တွင် ကျောင်းကားစီးမည့် ကျောင်းသားများအနေဖြင့် မြို့နယ်အလိုက် ကျောင်းသားမိဘများ အဆင်ပြေစွာဖြင့် ကျောင်းကားစီးနိုင်စေရန်အတွက် စက်သုံးဆီစျေးနှုန်းကျဆင်းမှု အပေါ်မူတည်၍ Hlaing , Mayangone, Insein , North Okkalapa , East Dagon မြို့နယ်များအားစျေးနှုန်း ပြောင်းလဲ၍ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မှတ်ချက်။ ။ ဆီစျေးနှုန်းအတက်အကျအပေါ်မူတည်၍ စျေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။
သင်္ချာကို အလွတ်ကျက်နေတုန်းပဲလား?
တွေးခေါ်ပညာရှင်လေးတွေဖြစ်ဖို့ EliteX School ရဲ့
Singapore Maths Class နဲ့ စတင်လိုက်ပါ! 🧠🇸🇬
သားသားမီးမီးတို့ ပုစ္ဆာတွက်ရမှာကို ကြောက်နေတာ၊ သင်္ချာကို ငြီးငွေ့နေတာဟာ နည်းလမ်းမမှန်ဘဲ အလွတ်ကျက်နေရလို့ ဖြစ်နိုင်ပါတယ်။
EliteX School ရဲ့ Singapore Maths Online Class ကတော့ ကလေးတို့ရဲ့ သင်္ချာစွမ်းရည်ကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ရိုးရိုးသင်ရိုးတွေနဲ့မတူဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်း (Critical Thinking) ကို အဓိက ဦးစားပေးထားပါတယ်။
🌟 Singapore Maths က ဘာကြောင့် ကမ္ဘာမှာ နာမည်ကြီးတာလဲ?
Singapore Maths သင်ရိုးညွှန်းတမ်းကို စင်္ကာပူနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားပြီး UK, US, Canada စတဲ့ နိုင်ငံတကာကျောင်းတွေမှာပါ အသုံးပြုနေတာဖြစ်ပါတယ်။ EliteX မှာတော့ Singapore Math Dimension Edition သင်ရိုးကို အသုံးပြုပြီး အတွေ့အကြုံရှိ ဆရာ/ဆရာမများက Zoom (Live) နဲ့ တိုက်ရိုက်သင်ကြားပေးမှာပါ။
💡 ဒီအတန်းကနေ ဘယ်လိုထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရမှာလဲ?
✅ ခက်ခဲရှုပ်ထွေးတဲ့ ပုစ္ဆာတွေကိုတောင် Model လေးတွေဆွဲပြီး မျက်စိထဲမြင်အောင် တွက်ချက်တတ်လာမယ့် အခြေခံ Concept တွေကို ပိုင်နိုင်စေမှာပါ။
✅ အဆင့်ဆင့်တွက်ထုတ်ရတဲ့ Maths Problems တွေကတစ်ဆင့် လက်တွေ့ဘဝပြဿနာတွေကိုပါ စနစ်တကျ တွေးခေါ်ဖြေရှင်းနိုင်အောင် လေ့ကျင့်ပေးပါတယ်။
✅ ကျောင်းသင်ခန်းစာတွေအပြင် တီထွင်ဖန်တီးနိုင်စွမ်း (Creativity) နဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို ယုံကြည်မှုရှိရှိ တွက်ချက်နိုင်အောင် ပျိုးထောင်ပေးပါတယ်။
✅ ဒါ့အပြင် နည်းပညာနဲ့ စီးပွားရေးနယ်ပယ်တွေမှာ သင်္ချာရဲ့ အရေးပါပုံကို လက်တွေ့ကျကျ သိမြင်နားလည်စေမှာပါ။
🎁 EliteX ကျောင်းသားတိုင်းအတွက် အထူးခံစားခွင့်များ
စာသင်တာအပြင် ကလေးတို့ ပျော်ရွှင်ဖို့နဲ့ အင်္ဂလိပ်စာပါ တိုးတက်ဖို့ အောက်ပါ Free Online Activities တွေမှာ ပါဝင်ခွင့်ရပါဦးမယ်။
🍿Discord မှာ သူငယ်ချင်းသစ်တွေနဲ့အတူ အပန်းဖြေဆော့ကစားနိုင်မယ့် Movie & Game Nights
🗣 သင်္ချာသင်ရင်း အင်္ဂလိပ်စာနဲ့ပါ အထိအတွေ့များစေဖို့ စီစဉ်ပေးထားထားတဲ့ English Speaking Sessions
📚 သင်ခန်းစာတွေအပြင် ကျောင်းစာတွေပါ သိလိုတာမေးနိုင်မယ့် Educational Support Sessions တွေလည်း စီစဉ်ထားပါတယ် ။
စာသင်ရုံတင်မက ဒီလို Acttivity တွေပါ စီစဉ်ထားပေးလို့ သားသားမီးမီးတို့ သင်္ချာကိုမကြောက်ဘဲ ယုံကြည်မှုရှိလာစေဖို့ အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါတော့ရှင်
____________________________
📅 သင်တန်းအသေးစိတ်
အတန်းစတင်မည့်ရက်: June 20, 2026
သင်တန်းကြေး
🎖Lvl 1 - Lvl 5 : 234,000 MMK per 18-week term (52,000 MMK per month)
🎖Lvl 6 - Lvl 8 : 292,500 MMK per 18-week term (65,000 MMK per month)
သင်တန်းကာလ: Level တစ်ခုလျှင် (၉) လ (Term ၂ ခု ခွဲ၍ သင်ကြားမည်)
_________________________
🔥 အထူး Promotion Plan များ
🏷 ConceptX/EliteX ကျောင်းသားဟောင်း: ၁ ဘာသာလျှင် 10% Discount
🏷 New Student: အတန်းသစ်အတွက် 5% Discount
🏷 Combo Deal: English + Maths ၂ ဘာသာလုံးယူလျှင် 15% Discount
👉 စာရင်းသွင်းရန် Registration Form:
https://docs.google.com/forms/d/e/1FAIpQLSfnydq6RUNwtzFN1uUJdFVmHr0CA4r3LCjg0udMUB9rFbSvDw/viewform?usp=publish-editor
(Registration Fee 10,000 ကျပ်တွင် Textbook PDF ပါဝင်ပြီးသားဖြစ်ပါသည်)
______________________
EliteX School မှာ ဖွင့်လှစ်ထားသော အွန်လိုင်းအတန်းများအကြောင်း အသေးစိတ် ဆက်သွယ် စုံစမ်းမေးမြန်းလိုပါက 📲
💬EliteX School Page Messenger
📲 ဖုန်းနံပါတ်: 09 775 111113 - Ext 3 (မနက် 8 နာရီ မှ ည 4 နာရီ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။)
Page Messenger မှာ ဖုန်းနံပါတ်ချန်ထားခဲ့ပါက ပြန်လည်ဆက်သွယ်ပေးပါမည်။
‘ထာဝရကိုယ်နှင့်အတူ တည်ရှိနေမယ့်ပညာရေး’
#AnEducationThatLastsALifetime
#EliteXSchool
#SingaporeMaths
#MathOnlineClass
#CriticalThinking
#ProblemSolving
June 2026 Online Intake တွင် ယခုနှစ်တက်ရောက်ရမည့် အတန်းနှင့် section အား ကျောင်းဘက်မှ SMS ဖြင့် အကြောင်းကြားပေးမည်ဖြစ်သောကြောင့်
Payment သွင်းပြီးသား ကျောင်းသား၊ကျောင်းသူများသည် Payment formအားမဖြစ်မနေဖြည့်သွင်းရန်လိုအပ်ပါသည်။
Payment form မဖြည့်ထားသောကျောင်းသား၊ကျောင်းသူများသည် ယခုနှစ်တက်ရောက်ရမည့် section ၏ Telegram group Link အား SMS ရရှိနိုင်မည်မဟုတ်ပါ။
Payment form မဖြည့်ထားပါက အတန်းတက်ရောက်တွင် နှောင့်နှေးကြန့်ကြာခြင်းများ ရှိနိူင်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
June 1 2026 တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ပြီး လိုအပ်သည့်များအား ကျောင်းဘက်မှ ဆောင်ရွက်ပေးနိုင်ပါရန်သတ်မှတ်ရက်အတိုင်းကျောင်းလစာများအားပေးသွင်းပေးပါရန်နှင့် Payment form ဖြည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
June 2026 Payment form Link
https://forms.gle/WPdNX78LWHvQAUKg6
(မှတ်ချက်။ ငွေလွှဲ Limit ပြည့်သော ကျောင်းသား/ကျောင်းသူများအနေဖြင့် ၁၃ ရက်နေ့ နောက်ဆုံးထား၍ Paymentပေးသွင်းရန်လိုအပ်ပါသည်။ )
အသေးစိတ်စုံစမ်းလိုပါက ConceptX International School facebook page messenger နှင့် ယခုဖော်ပြပါ ကျောင်း telegram acc များမှလည်း စုံစမ်းနိုင်ပါသည်။
t.me/conceptx41 (http://t.me/conceptx41)
t.me/conceptx31 (http://t.me/conceptx31)
t.me/conceptx20 (http://t.me/conceptx20)
June 2026 Campus Intake တွင် ယခုနှစ်တက်ရောက်ရမည့် အတန်းနှင့် section အား ကျောင်းဘက်မှ SMS ဖြင့် အကြောင်းကြားပေးမည်ဖြစ်သောကြောင့်
Payment သွင်းပြီးသား ကျောင်းသား၊ကျောင်းသူများသည် Payment formအားမဖြစ်မနေဖြည့်သွင်းရန်လိုအပ်ပါသည်။
Payment form မဖြည့်ထားသောကျောင်းသား၊ကျောင်းသူများသည် ယခုနှစ်တက်ရောက်ရမည့် section ၏ Telegram group Link အား SMS ရရှိနိုင်မည်မဟုတ်ပါ။
Payment form မဖြည့်ထားပါက အတန်းတက်ရောက်တွင် နှောင့်နှေးကြန့်ကြာခြင်းများ ရှိနိူင်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
June 1 2026 တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ပြီး လိုအပ်သည့်များအား ကျောင်းဘက်မှ ဆောင်ရွက်ပေးနိုင်ပါရန်သတ်မှတ်ရက်အတိုင်းကျောင်းလစာများအားပေးသွင်းပေးပါရန်နှင့် Payment form ဖြည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
June 2026 Payment form Link
https://forms.gle/9N6mj37xvfrYiHwNA
(မှတ်ချက်။ ငွေလွှဲ Limit ပြည့်သော ကျောင်းသား/ကျောင်းသူများအနေဖြင့် ၁၃ ရက်နေ့ နောက်ဆုံးထား၍ Paymentပေးသွင်းရန်လိုအပ်ပါသည်။ )
အသေးစိတ်စုံစမ်းလိုပါက ConceptX International School facebook page messenger နှင့် ယခုဖော်ပြပါ ကျောင်း telegram acc များမှလည်း စုံစမ်းနိုင်ပါသည်။
t.me/conceptx41 (http://t.me/conceptx41)
t.me/conceptx31 (http://t.me/conceptx31)
t.me/conceptx20 (http://t.me/conceptx20)
🌟 ၂၀၂၆ ပညာရေးဆွေးနွေးပွဲနှင့် ကျောင်းဝင်းလေ့လာရေး ဖိတ်ကြားလွှာ 🌟
လေးစားအပ်ပါသော မိဘများနှင့် စီးပွားရေးမိတ်ဖက်များအားလုံးထံသို့ —
ConceptX International School ပေါ်ဆန်းမွှေးကျောင်းပရ၀ဏ် နှင့် သင်ကြားရေး
အရည်အသွေးများကို ကိုယ်တိုင်လာရောက်လေ့လာနိုင်ရန် မိဘများနှင့် မိတ်ဖက်မိသားစုများအားလုံးကို လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။
သင့်ကလေးအတွက် ကျောင်းရွေးချယ်ရန် စဉ်းစားနေသည်ဖြစ်စေ၊ ပညာရေးလမ်းကြောင်းရွေးချယ်မှုများကို လေ့လာလိုသည်ဖြစ်စေ — မည်သူမဆိုလှိုက်လှဲစွာကြိုဆိုပါသည်။
📌 လာရောက်လေ့လာပါက ရရှိနိုင်သော အခွင့်အလမ်းများ ( ကျောင်းအပ်ဖြစ်ခဲ့ပါက ) —
━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━
🎓 အခမဲ့ Placement Test ဖြေဆိုခွင့်ရခြင်း
🎓 မူလတန်းနှင့် အလယ်တန်းအတွက် ဝင်ခွင့်အောင်စာရင်းရလဒ်ချက်ချင်းထုတ်ပြန်ပေးခြင်း
🎓 တစ်နေ့တည်း One-stop Enrollment Service အစီအစဥ်များဆောင်ရွက်ပေးခြင်း
🎓 Enrollment လက်ဆောင်များ ရရှိနိုင်ခြင်း
💡 အထူးခံစားခွင့်များ
━━━━━━━━━━━━━━━
✔️ မိတ်ဖက်လုပ်ငန်းမိသားစုများ — School Fees (၂) လစာသက်သာခွင့်ရရှိခြင်း။
✔️ Refer Program — ကျောင်းသားဟောင်းမှတဆင့်ကျောင်းသားအသစ် (၁) ယောက် Refer လုပ်ခြင်းဖြင့်
Refer ပြုလုပ်သူ နှင့် ပြုလုပ်ခံရသူ နှစ်ယောက်စလုံး School Fees (၂) လစာ free
ခံစားခွင့်ရရှိခြင်း
🏫 ထပ်မံရရှိနိုင်သောအကျိုးကျေးဇူးများ ( ကျောင်းအပ်သည်ဖြစ်စေ၊မအပ်သည်ဖြစ်စေ )
━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━
• ကျောင်းအဆောက်အအုံများကို လေ့လာကြည့်ရှုနိုင်ခြင်း
• ဆရာ/ဆရာမများနှင့် တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ခြင်း
• ကလေးများအတွက် အခမဲ့ပညာရေးအကြံပေးဝန်ဆောင်မှုရရှိနိုင်ခြင်း
📢 မှတ်ချက်
လာရောက်လေ့လာခြင်းသာဖြစ်ပြီး ကျောင်းအပ်ရန် မဖြစ်မနေလိုအပ်မည်မဟုတ်ပါ။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ သင့်ကလေးပညာရေးအတွက် အကောင်းဆုံးရွေးချယ်မှုကို ကူညီပေးနိုင်ရန် ဖြစ်ပါသည်။
━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━━
📅 ရက်စွဲ — တနင်္ဂနွေ၊ မေလ (၁၀) ရက်၊ ၂၀၂၆
⏰ အချိန် — နံနက် ၁၀:၀၀ မှ မွန်းလွဲ ၃:၀၀
📍 နေရာ — ConceptX International School ( Pawsan Hmwe Campus )
(အမှတ် 1A/1၊ ပေါ်ဆန်းမွှေးလမ်း၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်)
📞 ဆက်သွယ်ရန်
09-951 958 371
09-260 183 601
09-969 107 490
09-982 227 521
━━━━━━━━━━━━━━━
👨👩👧👦 မိသားစုနှင့်အတူ လာရောက်လည်ပတ်ဆွေးနွေးရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ConceptX International School
ConceptX ကျောင်းသား၊ကျောင်းသူဟောင်းများအတွက် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 အစီအစဉ်သစ်
🌟2026 June Referral Program! (မျှဝေရယူအစီစဥ်)
✔️ConceptXinternational Schoolတွင်တက်ရောက်နေသောကျောင်းသား၊ကျောင်းသူဟောင်းများအနေဖြင့် ConceptX သို ကျောင်းသား၊ ကျောင်းသူ အသစ်များခေါ်ဆိုပြီး school fees (၂)လ မှ တစ်နှစ်စာအထိ သက်သာခွင့် ရယူနိုင်မည့်အခွင့်အရေးဖြစ်ပါသည်။
✔️ကျောင်းသားအသစ် (၁) ယောက် Refer လုပ်ခြင်းဖြင့်Refer ပြုလုပ်သူ နှင့် ပြုလုပ်ခံရသူ နှစ်ယောက်စလုံး School Fees (၂) လစာ free ခံစားခွင့်ရရှိပါမည်။
✔️(၁)ယောက်လျှင် ကျောင်းသားအသစ် အများဆုံး (5)ယောက် Refer ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
--------
✅Referral Program စည်းကမ်းချက်များ
Refer ပြုလုပ်ခံရသောကျောင်းသား၊ ကျောင်းသူအသစ်သည်
(၁) ConceptX ကျောင်းတွင် Online / On Campus လုံးဝ မတက်ဖူးသူ ဖြစ်ရမည်။
(၂) Refer ပြုလုပ်သူ၏ မောင်နှမအရင်း မဖြစ်ရပါ။
(၃) ConceptX တွင် ကျောင်းလခ အနည်းဆုံး ပထမအကြိမ် လစာအား ပေးသွင်းရမည်ဖြစ်ပါသည်။
(၄) Referral Program ဖြင့် တက်ရောက်သော ကျောင်းသားကျောင်းသူအသစ်များသည် On Campus June 2026 Intake ပထမ(၃)လအား online ဖြင့်တက်ရောက်၍ 1 . 9 . 2026 မှသာ Campus တွင် စတင်တက်ရောက်ရမည် ဖြစ်ပါသည်။
(၅) အထက်ပါ free ခံစားခွင့်ရရှိသော School Fee (၂)လ မှ တစ်နှစ်စာသည် စာသင်နှစ်ပြီးဆုံးပြီးနောက်ထပ်မံတက်ရောက်ရမည့်စာသင်နှစ် 2027 Intake များတွင်သာ စတင်ခံစားခွင့်ရရှိမည်ဖြစ်သည်။
----------
Referral Program တွင်ConceptX ၏ Online နှင့် Campus (ဒဂုံ campus ၊ ပေါ်ဆန်း campus ၊ ဗဟန်း campus) များတွင်တက်ရောက်သောမည်သည့်ကျောင်းသားမဆို ပါဝင်နိုင်မှာဖြစ်ပါသည်။
----------
✅𝐂𝐨𝐧𝐭𝐚𝐜𝐭
📍 လိပ်စာ - အမှတ်A၊ ပေါ်ဆန်းမွှေးလမ်း ၊ သင်္ဃန်းကျွန်းမြိုနယ် ၊ ရန်ကုန်မြို။
📍 ဂူဂဲလ်မြေပုံမှတစ်ဆင့်လာရန် maps.app.goo.gl/WfJtcvMD3MZft4ZH9
☎️ ဆက်သွယ်ရန်ဖုန်း - 09 775 111 113
✉️ အီးမေးလ်ပိုရန်: info@conceptxmm.com
t.me/conceptx41
t.me/conceptx31
t.me/conceptx20
ကဆုန်လပြည့်နေ့ နှင့် အလုပ်သမားနေ့ ကျောင်းပိတ်ရက်အားကြေညာခြင်း
၂၀၂၆ ခုနစ် ၊ ဧပြီလ (၃၀) ရက်နေ့သည် ကဆုန်လပြည့် ညောင်ရေးသွန်းပွဲတော်နေ့ရုံးပိတ်ရက်ဖြစ်ပါသည်။
CIS တွင်တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် ၂၀၂၆ခုနှစ်၊ မေလ ၁ ရက်နေ့သည် အလုပ်သမားနေ့ဖြစ်သောကြောင့် ကျောင်း (၁) ရက်ပိတ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မှတ်ချက် ။ ။ 04.05.2026 (Monday) တွင်အတန်းချိန်များပုံမှန်အတိုင်း ရှိပါမည်။
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
