5 417
المشتركون
-224 ساعات
-67 أيام
-2330 أيام
أرشيف المشاركات
ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း📢
----------
ConceptX International School မှ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ (၂၁ . ၈ . ၂၀၂၆) သောကြာနေ့သည် ဝါခေါင်လဆန်း ၈ ရက် ဥပုသ်နေ့ကျောင်းပိတ်ရက် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ယခုလာမည့် (၂၂ . ၈ . ၂၀၂၆) စနေနေ့သည် ကျောင်းတက်ရက်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျာ။
#ConceptX
#၂၀၂၆ ဥပုသ်နေ့ကျောင်းပိတ်ရက်
လက်ရှိ ရန်ကုန်က မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေကြောင်း သိရှိရသဖြင့် သတိပြုဆင်ခြင်နိုင်ရန် ထပ်မံ အသိပေးကြေညာအပ်ပါသည်။
“ဝမ်းပျက်ဝမ်းလျှောရောဂါ (Gastroenteritis)”
မိုးရာသီအချိန်ကာလတွင် အင်းဆက်၊ ပိုးမွှားများ ပိုမိုပွားများပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုမိုဖြစ်ပွားလေ့ရှိတတ်ပါသည်။ ဝမ်းအရည်များ မကြာခဏ သွားခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်နှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးသွားကာ ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်သည်။ အချိန်မီ ကုသမှု မခံယူပါက ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိရှိနားလည်ထားရန် လိုအပ်ပါသည်။
🎓ဝမ်းပျက်ဝမ်းလျှောရောဂါက ဘာလို့ ဖြစ်တာလဲ?
မသန့်ရှင်းသော ရေကိုသောက်သုံးမိခြင်း၊
မသန့်ရှင်းသော အစားအစာများကို စားသုံးမိခြင်း၊
အချိန်ကြာမြင့်စွာ သိုလှောင်ထားသောအစားအစာများ စားသုံးခြင်း၊
ယင်နားစာများ စားခြင်း၊
အမှည့်လွန်သော အသီးများ စားမိခြင်း၊
လက်မဆေးဘဲ အစားစားခြင်း၊
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ပိုးမွှားများ ကူးစက်ခြင်း တို့ဖြစ်ပါသည်။
🎓ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေဖြစ်မလဲ?
• ဝမ်းလျှောခြင်း
• ဗိုက်အောင့် / ဗိုက်နာခြင်း
• မူးမော၊ အော့အန်ခြင်း
• ကိုယ်ပူခြင်း/ အဖျားကြီးခြင်း
• အားနည်းခြင်း
• ရေဓာတ်ခန်းခြောက်ခြင်းတို့ဖြစ်နိုင်ပါတယ်။
🎓ရေဓာတ်ခန်းခြောက်ခြင်း၏ အန္တရာယ်
ဝမ်းပျက်ဝမ်းလျှောရောဂါ၏ အဓိက အန္တရာယ်မှာ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းမှ ရေနှင့် ဓာတ်ဆားဓာတ်များ အလွန်အကျွံ ဆုံးရှုံးသွားပါက ကိုယ်ခန္ဓာ၏ အရေးကြီးသော လုပ်ငန်းစဉ်များ ထိခိုက်လာနိုင်သည်။
ရေဓာတ်ခန်းခြောက်နေကြောင်း ဖော်ပြသော လက္ခဏာများမှာ -
ရေငတ်ခြင်း၊
မျက်လုံးချိုင့်ဝင်ခြင်း၊
အရေပြားခြောက်သွေ့ခြင်း၊
ဆီးထွက်နည်းခြင်း
မောပန်းနွမ်းနယ်ခြင်း
မူးဝေခြင်း တို့ ဖြစ်နိုင်သည်။
ကလေးငယ်များတွင် ငိုသော်လည်း မျက်ရည်မထွက်ခြင်း၊ နို့မစို့ချင်ခြင်းနှင့် အိပ်ငိုက်နေခြင်းတို့ကို တွေ့ရပါက အထူးသတိထားရမည် ဖြစ်သည်။
🚨ဆေးရုံသို့ ချက်ချင်း သွားရောက်ပြသသင့်သော အခြေအနေများ🚨
အောက်ပါ လက္ခဏာများ ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။
ဝမ်းထဲတွင် သွေးပါလာခြင်း၊
အဖျားကြီးခြင်း၊
အဆက်မပြတ် အန်ခြင်း၊
ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (ရေမသောက်နိုင်တော့ခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း၊ ငိုသော်လည်း မျက်ရည်မထွက်ခြင်း၊ အသားအရေအလွန်ခြောက်ကပ်နေခြင်း၊ အလွန်အမင်းမှိုန်းနေခြင်း၊ တစ်နှစ်အောက်ကလေးများတွင် ငယ်ထိပ်များချိုင့်ဝင်နေခြင်း)၊
အသက်ရှူမြန်ခြင်း၊
သတိလစ်ခြင်း တို့ဖြစ်ပါသည်။
🎓ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားပါက ပြုစုကုသနည်း
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသောအခါ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသည် အရေးကြီးဆုံး ကုသမှုဖြစ်ပါသည်။
ORS (Oral Rehydration Solution) ဓာတ်ဆားရည်ကို ညွှန်ကြားချက်အတိုင်း သောက်ပါ။ ( ဝမ်းသွားသော ပမာဏ၊ အန်ထားသော ပမာဏထက် အနည်းငယ် ပိုသော ဓာတ်ဆားရည်ကို ဖြည်းဖြည်းခြင်း ခွဲသောက်ပါ။ )
သန့်ရှင်းသော ရေများများ သောက်ပါ။ ( သန့်ရှင်း သော အုန်းရည်နှင့် ကြက်ပြုတ်ရည် အကြည်တို့လည်း သောက်နိုင်ပါသည်။)
ထမင်းပြုတ်၊ ဆန်ပြုတ်၊ ငှက်ပျောသီး၊ ဟင်းချို စသည့် အစာကြေလွယ်သော အစားအစာများကို စားသုံးပါ။
အဆီများသော အစားအစာများကို ခေတ္တရှောင်ကြဉ်ပါ။
နို့စို့ကလေးများကို မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ ဆေးများကို မိမိဘာသာ မသောက်သုံးသင့်ပါ။
🎓ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရန်
ကျိုချက်ထားသောရေနှင့် သေသေချာချာ သန့်စင်ပြီးသော ရေသန့်ရေကိုသာ သောက်ပါ၊
အစားအစာများကို သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ၊
လမ်းဘေးအစားအစာများ သတိထားစားပါ၊
အစားမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ဆေးပါ၊
အမှည့်လွန်သောအသီးများနှင့် ယင်နားစာများကို ရှောင်ကျဉ်ပါ၊
ဈေးမှဝယ်လာသော ပစ္စည်းများကို သေသေချာချာ ဆေးကြော သန့်စင်၍ သိမ်းဆည်းပါ။
ကာလ၀မ်းရောဂါကာကွယ်ဆေး တိုက်ထားပါ။
တစ်နှစ်အောက် ကလေးများကို rotavirus ကာကွယ်ဆေး ထိုးပေးထားခြင်းတို့ ဖြစ်ပါသည်။
မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များတတ်သဖြင့် အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းရေးကို အထူးသတိထားရပါမည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများတွင် ရေဓာတ်ခန်းခြောက်ခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ဝမ်းပျက်ဝမ်းလျှောလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အချိန်မီ ကုသမှုခံယူသင့်ပါသည်။
School Health Department
ConceptX International School
ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း📢
----------
ConceptX International School မှ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ (၁၃ . ၈ . ၂၀၂၆) ကြာသပတေးနေ့သည် ဒုတိယဝါဆိုလကွယ် ဥပုသ်နေ့ကျောင်းပိတ်ရက် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ယခုလာမည့် (၁၅ . ၈ . ၂၀၂၆) စနေနေ့သည် ကျောင်းတက်ရက်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျာ။
#ConceptX
#၂၀၂၆ ဥပုသ်နေ့ကျောင်းပိတ်ရက်
ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း📢
----------
ConceptX International School မှ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ (၆ . ၈ . ၂၀၂၆) ကြာသပတေး နေ့သည် ဒုတိယဝါဆိုလဆုတ်(၈)ရက် ဥပုသ်နေ့ကျောင်းပိတ်ရက် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
#ConceptX
#၂၀၂၆ဥပုသ်နေ့ကျောင်းပိတ်ရက်
ဥပုသ်နေ့ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း📢
----------
ConceptX International School မှ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘ ဆရာများခင်ဗျာ (၂၉ . ၇ . ၂၀၂၆) ဗုဒ္ဓဟူး နေ့သည် ဒုတိယဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) ဥပုသ်နေ့ ကျောင်းပိတ်ရက် ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ယခုလာမည့် (၁ . ၈ . ၂၀၂၆) စနေနေ့သည် (၆ . ၈ . ၂၀၂၆) ရက်နေ့အတွက် ကြိုတင်အစားထိုးကျောင်းတက်ရက်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည် ခင်ဗျာ။
#ConceptX
#၂၀၂၆ဥပုသ်နေ့ကျောင်းပိတ်ရက်
ဝါတွင်းကာလ ကျောင်းပိတ်ရက်များနှင့် Monsoon Break အသိပေးကြေညာခြင်း
ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများခင်ဗျာ —
ဝါတွင်းကာလအတွင်း ကျောင်းပိတ်ရက်များကို ဥပုသ်ရက်များနှင့် တနင်္ဂနွေနေ့များ အဖြစ် သတ်မှတ်ထားရှိပြီး ၁.၈.၂၀၂၆ (စနေနေ့) သည် ဥပုသ်ရက်အတွက် အစားထိုး ကျောင်းပြန်လည်တက်ရောက်ရမည့်နေ့ ဖြစ်ပါသည်။
ထို့အပြင် ပုံမှန်အတိုင်းဆိုပါက August 8 (စနေနေ့) သည် August 13 (ကြာသပတေးနေ့) ဥပုသ်ရက်အတွက် အစားထိုးကျောင်းဖွင့်ရက် (Substitute School Day) ဖြစ်သော်လည်း ကျောင်း၏ Monsoon Break နှင့် တိုက်ဆိုင်နေပါသဖြင့် အောက်ပါရက်များတွင် ကျောင်းပိတ်မည် ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
🗓 Monsoon Break ကျောင်းပိတ်မည့်ရက်များ -
August 7, 2026 (Friday)
August 8, 2026 (Saturday)
မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက် အစီအစဉ်များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
အိမ်မှာနေရင်း သင်ယူနိုင်မယ့် EliteX School ရဲ့ Intake အတန်းသစ်များအတွက် စာရင်းပေးသွင်းလို့ရပါပြီ 📅🎓
ကျောင်းဖွင့်ရာသီမှာ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှုစွမ်းရည် (Critical Thinking) နဲ့ ဘာသာစကားစွမ်းရည်တွေကို အိမ်ကနေပဲ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားစွာ တိုးတက်လာစေဖို့ EliteX School ရဲ့ အွန်လိုင်းအတန်းသစ်တွေကို စတင်ဖွင့်
လှစ်တော့မှာ ဖြစ်ပါတယ်။
EliteX ဟာ ConceptX International School ရဲ့ ကျောင်းခွဲတစ်ခုဖြစ်တာနဲ့အညီ ကလေးတွေကို အလွတ်ကျက်ခိုင်းတဲ့ ဘောင်ဟောင်းထဲမှာ ပိတ်မထားဘဲ၊ အပြန်အလှန်ဆွေးနွေးမှု နဲ့ ကိုယ်ပိုင်အတွေးအခေါ် ရှိလာအောင် စနစ်တကျ ပျိုးထောင်ပေးနေပါတဲ့ ကျောင်းဖြစ်ပါတယ် ။
EliteX School ကနေ ဇူလိုင်နှင့် သြဂုတ်လမှာ ဖွင့်လှစ်မယ့် အွန်လိုင်းသင်တန်းတွေကတော့
📖 English 4 Skills Class (Pre-Level to Level 9)
နားထောင်ခြင်း၊ ဖတ်ခြင်း၊ ရေးခြင်းနဲ့ ပြောခြင်း 4 Skills စလုံးကို စနစ်တကျ တိုးတက်လာစေပြီး လူရှေ့သူရှေ့မှာ ယုံကြည်မှုရှိရှိ စကားပြောရဲလာစေမယ့်အတန်းဖြစ်ပါတယ်
Start Date: July 24, 2026
🎖Pre Level: 156,000 MMK per 12 weeks term (52,000 MMK per month)
🎖Level 1-6: 156,000 MMK per 12 weeks term (52,000 MMK per month)
🎖Level 7-9: 195,000 MMK per 12 weeks term (65,000 MMK per month)
_________
✍️ Grammar Class (Foundation & Beyond Foundation)
စည်းမျဉ်းတွေကို အတင်းအလွတ်မှတ်စရာမလိုဘဲ သဘာဝအတိုင်း မှတ်မိပြီး စာကြောင်းတွေကို ကိုယ်တိုင် မှန်
မှန်ကန်ကန် တည်ဆောက်တတ်လာစေမယ့်အတန်းဖြစ်ပါတယ်
Start Date: August 10, 2026
🎖 Foundation Class: 260,000 MMK
🎖 Beyond Foundation Class: 312,000 MMK
🗓 သင်တန်းကာလ: ၁၈ ပတ်
_________
🇯🇵 Japanese Class (N5)
ဆယ်ကျော်သက်ကျောင်းသားတွေအတွက် ဝါသနာကို အရင်းခံပြီး ဂျပန်စာအခြေခံ (Hiragana, Katakana, Kanji) ကနေ N5 အဆင့်အထိ ပျော်စရာ Game တွေနဲ့ အနာဂတ် ပညာရေးအတွက်ပါ အခြေခံခိုင်မာအောင် သင်ကြားပေးမယ့်အတန်းဖြစ်ပါတယ် ။
Start Date: July 31, 2026
📖 သင်တန်းကာလ: Level တစ်ခုလျှင် ၁၂ လ (Term ၃ ခု ခွဲထားပါတယ်)
🎖 သင်တန်းကြေး: ၆၈,၀၀၀ ကျပ် / တစ်လ (၄ လစာ တစ်ကြိမ်တည်း ပေးသွင်းရန်)
________________
🔥 EliteX ကျောင်းသား/သူတိုင်း ရရှိမယ့် အထူးအခွင့်အရေးများ
သင်တန်းတက်ရောက်ရုံနဲ့ Extra Fees (အခကြေးငွေ ထပ်ပေးစရာမလိုဘဲ) အောက်ပါ Free Online Activities တွေကို အခမဲ့ အပြည့်အဝ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
🍿 Discord Community
သူငယ်ချင်းသစ်တွေနဲ့အတူ ပျော်ပျော်ပါးပါး အပန်းဖြေဆော့ကစားနိုင်မယ့် Movie & Game Nights အပြင်၊ Reading Clubအစီအစဉ်များ။
🗣 English Speaking Sessions
သင်ခန်းစာတွေအပြင် အင်္ဂလိပ်စာနဲ့ အမြဲထိတွေ့မှုရှိနေစေဖို့ စီစဉ်ပေးထားတဲ့ စကားပြောအစီအစဉ်များ။
📚Educational Support Sessions: ပြင်ပကျောင်းစာတွေမှာပါ မိမိသိလိုတာ၊ ခက်ခဲတာတွေကို အချိန်မရွေး မေးမြန်းနိုင်မယ့် ပညာရေးပံ့ပိုးမှုစနစ်။
🎁 Special Promotion:
ConceptX ကျောင်းသားဟောင်းများ: 10% Discount
New Students: 5% Discount
အတန်းတစ်ခုထက်မက တွဲဖက်တက်ရောက်ပါက Up to 15% Combo Discount ကိုပါ ခံစားခွင့်ရရှိဦးမှာပါ။
အတန်းအသီးသီးအတွက် Seat နေရာ အကန့်အသတ်ရှိတာမို့ ကလေးရဲ့ ပျင်းစရာမကောင်းတဲ့ အွန်လိုင်းသင်ယူမှုခရီးစဉ်ကို အချိန်မနှောင်းခင် အခုပဲ စာရင်းပေးသွင်း စတင်လိုက်ရအောင်❤️ 👇
✅ Registration & Placement Test Fees: 10,000 ကျပ် (Textbook PDF ပါဝင်ပြီးသားဖြစ်ပါတယ်!)
✅ Student Registration Form_Online:
https://docs.google.com/forms/d/e/1FAIpQLSebGsx4mfmgR0id0CpScHKRibhyzxM0XPxh8rxC0Ym7nDVJGg/viewform?usp=header
💬 EliteX School Page Messenger
📲 09 775 111113 - Ext 3 (မနက် 8 နာရီ မှ ည 4 နာရီ ရုံးချိန်အတွင်း)
(Messenger မှာ ဖုန်းနံပါတ် ချန်ထားခဲ့ပါကလည်း သက်ဆိုင်ရာဌာနမှ ပြန်လည်ဆက်သွယ်ပေးပါမည်)
"ထာဝရကိုယ်နှင့်အတူ တည်ရှိနေမယ့်ပညာရေး"
#EliteXSchool #OnlineLearning #EnglishSkills #GrammarClass #JapaneseN5 #CriticalThinking #AnEducationThatLastsALifetime
🧑💻Grade 10, 11, 12 အတန်းများအတွက် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ!🧑💻
အိမ်မှာနေရင်း ကျောင်းတက်နိုင်ဖို့ ConceptX ရဲ့ Grade 10, 11, 12 Online သီးသန့် အတန်းတွေမှာ ကျောင်းအပ်လက်ခံနေပါပြီ။ 💻✨
အရင်ရက်တွေက စုံစမ်းထားပြီး မအပ်ရသေးတဲ့ ကျောင်းသား/သူတွေရော၊ အခုမှ သိတဲ့သူတွေအတွက်ပါ ကျောင်းအပ်လက်ခံနေတာမို့ နေရာမပြည့်ခင် အမြန်ဆုံး လာရောက်စာရင်းသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🏃♂️🏃♀️
📚 သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ -
Myanmar
English
Mathematics
Physics
Chemistry
Biology
Economy
💡အချိန်ကုန် လူပင်ပန်းသက်သာပြီး ထိရောက်တဲ့ သင်ကြားမှုတွေရယူဖို့ ယခုပဲပုံလေးထဲက
ဖုန်းနံပါတ် 📞 09 775 111 113 (သို့မဟုတ်)
t.me/conceptx41
t.me/conceptx31 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
📥 Page Messenger ကနေလည်း အသေးစိတ်ကို လာရောက်မေးမြန်းနိုင်ပါတယ်။
#ConceptX #OnlineClass #Grade10 #Grade11 #Grade12 #OnlineLearning #MyanmarEducation
🦠 ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) သည် နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့ကို ကူးစက်စေတတ်သော တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ (Influenza viruses) ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ လတ်တလော ကူးစက်ရောဂါ ဖြစ်ပါသည်။
🦠 ရောဂါလက္ခဏာများ
🤒 ဖျားခြင်း၊ ချမ်းတုန်ခြင်း
🤒 ချောင်းဆိုးခြင်း
🤒 လည်ချောင်းနာခြင်း
🤒 နှာရည်ယိုခြင်း၊ နှာချေခြင်း
🤒 ကိုယ်၊ လက် ကိုက်ခဲခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 မောပန်းနွမ်းနယ်ခြင်းနှင့်
🤒 ကလေးငယ်များတွင် အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ပါသည်။
ရောဂါကူးစက်ခံရသူအများစုသည် ရက်အနည်းငယ်မှ (၂) ပတ်အတွင်း သက်သာကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့သူများတွင် အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
အထူးသဖြင့် အသက် (၆၅) နှစ်အထက်ရှိသူများ၊ အသက်အရွယ်မရွေး နာတာရှည်ရောဂါအခံရှိသူများ (ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ)၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားကျဆင်းနေသူများနှင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
🦠 ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ
ရာသီတုပ်ကွေးရောဂါသည် ရောဂါကူးစက်ခံထားရသူတစ်ဦး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှ ထွက်လာသော ရောဂါပိုးပါသည့် အစက်အမှုန်များကို ရှူသွင်းမိရာမှသော်လည်းကောင်း၊ ရောဂါပိုးပါသည့် အစက်အမှုန်များ ကပ်တင်ကျန်ရှိနေသော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိပြီး မိမိ၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပြန်လည်ထိတွေ့မိခြင်းမှသော်လည်းကောင်း ကူးစက်နိုင်ပါသည်။
🦠 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ
➡️ နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။
➡️ ဖျားနာနေသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
➡️ သင် ဖျားနာနေပါကလည်း အခြားသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ အဖျားပျောက်ကင်းပြီး အနည်းဆုံး (၂၄) နာရီကြာသည်အထိ မိမိအိမ်မှာသာ နေထိုင်ပါ။ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ပါ။
➡️ နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူး (သို့မဟုတ်) တံတောင်ဆစ်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ (တစ်သျှူးအသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ)။
➡️ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မကြာခဏ ဆေးကြောပါ (ရေနှင့်ဆပ်ပြာ မရရှိနိုင်ပါက အယ်လ်ကိုဟောပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ)။
➡️ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရ။
➡️ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ပါ။ နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားပါ။
➡️ လူထူထပ်သောနေရာများနှင့် ပွဲလမ်းသဘင်များကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။
🦠 ကုသမှုနည်းလမ်းများ
(၁) ကောင်းမွန်စွာ အနားယူခြင်း
(၂) အာဟာရပြည့်ဝသော ခန္ဓာကိုယ်ခုခံအားတက်စေမည့် အစားအစာများကို သေချာစွာစားခြင်း
(၃) ရေဓါတ်လုံလောက်အောင် သောက်သုံးခြင်း
(၄) symptomatic treatment ဟုခေါ်သော ခံစားရသော ရောဂါ လက္ခဏာပေါ်မူတည်ကာ ဆရာဝန် ညွှန်ကြားသည့်အတိုင်း အဖျားကျဆေး နှာစေးချောင်းဆိုးပျောက်ဆေး များကိုသောက်သင့်ပါသည်။
ရောဂါလက္ခဏာများမသက်သာလျှင်
နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားကာ ထိရောက်သောကုသမှူကို ဆွေးနွေးခံယူရန်လည်းတိုက်တွန်းအပ်ပါသည်။
2026 - 2027 El Niño ရာသီဥတုဖြစ်စဉ် နှင့် မိဘများ သိထားသင့်သည့် အရေးကြီးသော အချက်များ
အထူးသဖြင့် ကလေးသူငယ်များ၊
သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါရှိသူများသည် အပူဒဏ်ကို ပိုမို ခံစားရနိုင်သောကြောင့်
မိသားစုများအနေဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။
အသိပညာ၊
ကြိုတင်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ရှိပါက ၂၀၂၆-၂၀၂၇ El Niño
၏ သက်ရောက်မှုများကို လျှော့ချနိုင်ပြီး ကျွန်ုပ်တို့၏
သားသမီးများကို ပိုမိုလုံခြုံစွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
References
1. Climate Prediction Center. (2026). El Niño/Southern
Oscillation (ENSO) diagnostic discussion. National Weather Service, National
Oceanic and Atmospheric Administration. noaa.gov
2. Mekong Eye. (2026, May 11). El
Niño 2026: Why early action matters.
mekongeye.com
3. World Meteorological
Organization. (2026). WMO update: Global climate risk and evolution of El Niño
in 2026. wmo.int
4. National Aeronautics and Space Administration. (2023).
Understanding El Niño and its global
impacts.
https://climate.nasa.gov
5. Trenberth, K. E. (2015). The
role of El Niño–Southern Oscillation in
climate variability. Annual Review of Marine Science, 7, 1–23. https://doi.org/10.1146/annurev-marine-010814-015044
6. McPhaden, M. J., Zebiak, S. E., & Glantz, M. H. (2020).
ENSO as an integrating concept in Earth system science. Science, 314(5806),
1740–1745.
https://doi.org/10.1126/science.1132588
7. Intergovernmental Panel on Climate Change. (2021). Climate
change 2021: The physical science basis. Cambridge University Press. https://www.ipcc.ch/report/ar6/wg1/
8. https://www.youtube.com/watch?v=UEseLvpl9ss
9. https://www.pmel.noaa.gov/elnino/what-is-el-nino
2026 - 2027 El Niño ရာသီဥတုဖြစ်စဉ် နှင့် မိဘများ သိထားသင့်သည့် အရေးကြီးသော အချက်များ
လေးစားအပ်ပါသော
အုပ်ထိန်းသူများခင်ဗျာ
လွန်ခဲ့သော
နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် အပူချိန်စံချိန်တင်မြင့်တက်မှုများ၊
ရုတ်တရက်ရေကြီးရေလျှံမှုများ၊ မိုးခေါင်ရေရှားမှုများနှင့်
ရာသီဥတုမမှန်ကန်မှုများကို ပိုမို ကြုံတွေ့လာရပါသည်။ ယခုအခါ နိုင်ငံတကာ
မိုးလေဝသပညာရှင်များအဖွဲ့ နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO&NOAA) တို့က ၂၀၂၆
အောက်တိုဘာလမှ စတင်၍ ၂၀၂၇ ဖေဖော်ဝါရီလအတွင်း El Niño ရာသီဥတုဖြစ်စဉ်
ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားကြပြီး ယခင်ကထက် ရာသီဥတု ပြောင်းလဲမှုများ
ဖြစ်ပေါ်လာမည်ဖြစ်သောကြောင့် ၄င်းတို့၏ သက်ရောက်မှုများမှာလည်း
ပိုမိုပြင်းထန်လာနိုင်ပါသည်။
El Niño
သည် မြန်မာနိုင်ငံအတွက် သဘာဝ ဘေးအန္တရာယ် တစ်ခုတည်း မဟုတ်ဘဲ
ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ဓာတ်အား၊ ရေရရှိမှုနှင့်
စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ဆက်တိုက် သက်ရောက်လာနိုင်သည့် အခြေအနေတစ်ခု
ဖြစ်ပါသည်။
El Niño ဆိုတာ ဘာလဲ?
El Niño
ဆိုသည်မှာ ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ
ပင်လယ်ရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက် မြင့်တက်လာခြင်းကြောင့်
ကမ္ဘာတစ်ဝှမ်း ရာသီဥတုစနစ်များ ပြောင်းလဲသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။
အလွယ်တကူ ပြောရလျှင် El Niño
ဖြစ်လာသောအခါ
• အချို့နိုင်ငံများတွင်
ရေကြီးမှုများ ပိုမိုဖြစ်ပေါ်နိုင်သည်။
• အချို့နိုင်ငံများတွင်
မိုးခေါင်ရေရှားမှုများ ဖြစ်လာနိုင်သည်။
• အပူချိန်များ
ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်သည်။
• စိုက်ပျိုးရေး၊
စားနပ်ရိက္ခာနှင့် ရေရရှိမှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
မြန်မာနိုင်ငံတွင်
ဘာတွေဖြစ်လာနိုင်သလဲ?
မြန်မာနိုင်ငံသည် El Niño
၏ သက်ရောက်မှုကို မကြာခဏခံစားရသည့် နိုင်ငံများထဲတွင် ပါဝင်သည့်အတွက်
၂၀၂၆-၂၀၂၇ ကာလအတွင်းတွင် အောက်ပါအချက်များအတွက်
သတိထား ကြိုတင်ပြင်ဆင်သင့်ပါသည်။
၁။ အပူချိန် ပိုမိုမြင့်တက်လာနိုင်ခြင်း
ယခုနှစ် နွေရာသီတွင်ပင်
မြန်မာနိုင်ငံ၏ ဒေသအများအပြား၌ ၄၀°C
ကျော်သော အပူချိန်များကို ကြုံတွေ့ခဲ့ရပါသည်။
El Niño
အားကောင်းလာပါက
• အပူလှိုင်း (Heatwave)
များ ပိုမိုကြာရှည်လာနိုင်သည်။
• ကျောင်းသားများတွင်
ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်သည်။
• ခေါင်းမူးခြင်း၊
မောပန်းခြင်း၊ အပူလျှပ်ခြင်း (Heatstroke) များ
ပိုမိုဖြစ်ပွားနိုင်သည်။
၂။ လျှပ်စစ်မီး မတည်ငြိမ်မှုများ
ပူပြင်းလာသည်နှင့်အမျှ
• ပန်ကာနှင့်
အဲကွန်းအသုံးပြုမှုများ မြင့်တက်လာမည်။
• လျှပ်စစ်လိုအပ်ချက်များ
တိုးလာမည်။
• မီးပြတ်တောက်မှုများ
ပိုမိုဖြစ်ပွားလာနိုင်သည်။
ကျောင်းသားများအတွက် Online Learning၊
စာကျက်ခြင်းနှင့် ညဘက် အိပ်စက်အနားယူမှုများ အပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
၃။ ရေရှားပါးမှုနှင့်
ကျန်းမာရေးပြဿနာများ
El Niño
နှစ်များတွင်
• ရေကန်များ
ခန်းခြောက်လာနိုင်သည်။
• မြေအောက်ရေကျဆင်းနိုင်သည်။
• သန့်ရှင်းသော
သောက်သုံးရေရရှိမှု ခက်ခဲလာနိုင်သည်။
သန့်ရှင်းရေးအားနည်းလာပါက
• ဝမ်းပျက်ဝမ်းလျှောရောဂါများ
• အူလမ်းကြောင်းဆိုင်ရာရောဂါများ
• အရေပြားရောဂါများ ပိုမိုဖြစ်ပွားလာနိုင်ပါသည်။
မိဘများ
ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ?
ကျောင်းသား/သူများအတွက်
✓ နေ့စဉ် သောက်ရေ
လုံလောက်စွာ သောက်စေရန် ကျောင်းသို့ ရေဘူးယူဆောင်စေရန်
✓ နေရောင်ပြင်းချိန်အတွင်း
အပြင်ထွက်ကစားမှု လျှော့ချရန်
✓ အိပ်ချိန် ၈ နာရီခန့်
ရရှိစေရန်
✓ အာဟာရပြည့်ဝသော
အစားအစာများ စားသုံးစေရန်
✓ အပူလျှပ်ခြင်း
လက္ခဏာများ (ခေါင်းမူးခြင်း၊ အန်ခြင်း၊ ကိုယ်ပူလွန်ခြင်း) ကို
သတိထားစောင့်ကြည့်ရန်
မိမိ၏ မိသားစုအတွက်
✓ အရေးပေါ်သောက်သုံးရေ
သိုလှောင်ထားရန်
✓ Power Bank နှင့်
အရေးပေါ်မီးအိမ်များ ပြင်ဆင်ထားရန်
✓ အရေးကြီးဆေးဝါးများ
ဆောင်ထားရန်
✓ ORS ဓာတ်ဆားထုပ်များ
ဆောင်ထားရန်
✓ မိသားစု
အရေးပေါ်ဆက်သွယ်ရေးအစီအစဉ် တစ်ခု ကြိုတင်သတ်မှတ်ထားရန်
ကျောင်းနှင့် မိဘများ
ပူးပေါင်းဆောင်ရွက်ရန်
El Niño ဖြစ်ပွားနိုင်သည့် သတိပေး ကာလအတွင်း ကျောင်းသား/သူများ၏ ကျန်းမာရေးနှင့်
လုံခြုံရေးသည် ကျောင်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ မိဘများနှင့် ကျောင်းတို့
ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။
အပူချိန် အလွန်မြင့်တက်လာသည့်
နေ့ရက်များတွင်
• အားကစားလှုပ်ရှားမှုအချိန်များ
လျှော့ချခြင်း
• လိုအပ်ပါက ကျောင်းချိန်များ
ပြင်ဆင်ပြောင်းလဲခြင်း
• လိုအပ်ပါက အွန်လိုင်းသင်ကြားရေး
အသုံးပြုခြင်း
• ကျန်းမာရေးစောင့်ကြည့်မှုများ
တိုးမြှင့်ခြင်း တို့ကို ရာသီဥတုပြောင်းလဲမှုများအပေါ်မူတည်၍ ကျောင်းဖက်မှ
ဆောင်ရွက်ရန် လိုအပ်လာနိုင်ပါသည်။
နိဂုံး
El Niño သတိပေးချက် သည် ကြောက်ရွံ့ထိတ်လန့်စရာ ကပ်ဘေးတစ်ခု မဟုတ်သော်လည်း ပေါ့ဆ၍
မရသော ရာသီဥတုအန္တရာယ်တစ်ခု ဖြစ်ပါသည်။
🚨ဆေးရုံသို့ ချက်ချင်း သွားရောက်ပြသသင့်သော အခြေအနေများ🚨
အောက်ပါ လက္ခဏာများ ရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။
ဝမ်းထဲတွင် သွေးပါလာခြင်း၊
အဖျားကြီးခြင်း၊
အဆက်မပြတ် အန်ခြင်း၊
ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (ရေမသောက်နိုင်တော့ခြင်း၊ မျက်လုံးချိုင့်ဝင်ခြင်း၊ ငိုသော်လည်း မျက်ရည်မထွက်ခြင်း၊ အသားအရေအလွန်ခြောက်ကပ်နေခြင်း၊ အလွန်အမင်းမှိုန်းနေခြင်း၊ တစ်နှစ်အောက်ကလေးများတွင် ငယ်ထိပ်များချိုင့်ဝင်နေခြင်း)၊
အသက်ရှူမြန်ခြင်း၊
သတိလစ်ခြင်း တို့ဖြစ်ပါသည်။
🎓ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားပါက ပြုစုကုသနည်း
ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသောအခါ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသည် အရေးကြီးဆုံး ကုသမှုဖြစ်ပါသည်။
ORS (Oral Rehydration Solution) ဓာတ်ဆားရည်ကို ညွှန်ကြားချက်အတိုင်း သောက်ပါ။ ( ဝမ်းသွားသော ပမာဏ၊ အန်ထားသော ပမာဏထက် အနည်းငယ် ပိုသော ဓာတ်ဆားရည်ကို ဖြည်းဖြည်းခြင်း ခွဲသောက်ပါ။ )
သန့်ရှင်းသော ရေများများ သောက်ပါ။ ( သန့်ရှင်း သော အုန်းရည်နှင့် ကြက်ပြုတ်ရည် အကြည်တို့လည်း သောက်နိုင်ပါသည်။)
ထမင်းပြုတ်၊ ဆန်ပြုတ်၊ ငှက်ပျောသီး၊ ဟင်းချို စသည့် အစာကြေလွယ်သော အစားအစာများကို စားသုံးပါ။
အဆီများသော အစားအစာများကို ခေတ္တရှောင်ကြဉ်ပါ။
နို့စို့ကလေးများကို မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။
ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ ဆေးများကို မိမိဘာသာ မသောက်သုံးသင့်ပါ။
🎓ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရန်
ကျိုချက်ထားသောရေနှင့် သေသေချာချာ သန့်စင်ပြီးသော ရေသန့်ရေကိုသာ သောက်ပါ၊
အစားအစာများကို သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ပါ၊
လမ်းဘေးအစားအစာများ သတိထားစားပါ၊
အစားမစားမီနှင့် အိမ်သာသုံးပြီးတိုင်း လက်ဆေးပါ၊
အမှည့်လွန်သောအသီးများနှင့် ယင်နားစာများကို ရှောင်ကျဉ်ပါ၊
ဈေးမှဝယ်လာသော ပစ္စည်းများကို သေသေချာချာ ဆေးကြော သန့်စင်၍ သိမ်းဆည်းပါ၊
တစ်နှစ်အောက် ကလေးများကို rotavirus ကာကွယ်ဆေး ထိုးပေးထားခြင်းတို့ ဖြစ်ပါသည်။
မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များတတ်သဖြင့် အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းရေးကို အထူးသတိထားရပါမည်။
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းသူများတွင် ရေဓာတ်ခန်းခြောက်ခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ဝမ်းပျက်ဝမ်းလျှောလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် အချိန်မီ ကုသမှုခံယူသင့်ပါသည်။
School Health Department
ConceptX International School
🚨အသိပေးချက်🚨
-----
⚠️WisdomC မှ ယခုလက်ရှိ အသုံးပြုလျှက်ရှိသော Telegram အကောင့် (09 798 796 536)အား မသမာသူများမှ (Hacking လုပ်၍) ခိုးယူသွားခြင်းကြောင့် ထို့အကောင့်အား ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ ဆက်သွယ်ခြင်း၊ ငွေကြေးဆိုင်ရာ အချက်အလက်များပေးပို့တောင်းဆိုခြင်းနှင့် ငွေလွှဲခြင်းများ မပြုလုပ်ကြပါရန် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
ထိုအကောင့်မှ ဆက်သွယ်လာပါကလည်း ပြန်လည်ဆက်သွယ်ပြောဆိုခြင်းများ မပြုလုပ်ပါရန်နှင့် WisdomC မှဆက်သွယ်ခြင်းမဟုတ်ကြောင်းကို ထပ်မံအသိပေးအပ်ပါသည်။⚠️
-----
📌အထက်ပါကိစ္စနှင့် ပါတ်သက်၍ နောက်ဆက်တွဲ သတင်းအချက်အလက်များကို page မှ ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။
-----
အဆင်မပြေမှုများအတွက် အနူးအညွန့် တောင်းပန်အပ်ပါသည်ခင်ဗျာ။🙏
#WisdomC #College #Scam #Alert #TELEGRAM
📢 June 2026 ကျောင်းဖွင့်ရက်အား ထပ်မံ၍အသိပေးကြေညာချက်
-----
(June Campus) ConceptX International School ၏ June 2026 Academic Year အတွက် အတန်းလိုက် ကျောင်းစတင်တက်ရောက်ရမည့် ရက်များအား အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
📘 Pre – P4
🗓 June 1, 2026 (Monday)
📘 P5 / P6 / S1
🗓 June 2, 2026 (Tuesday)
📘 S2 / IGCSE
🗓 June 3, 2026 (Wednesday)
-----
ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော ရက်များတွင်မှန်ကန်စွာ တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ ။ ကျောင်းသား / ကျောင်းသူများ တက်ရောက်ရမည့် အတန်း Section အချက်အလက်များကို မေလ (25) ရက်နေ့နောက်ပိုင်း တွင် ကျောင်းဘက်မှ Payment Form ၌ ဖြည့်သွင်းထားသော မိဘအုပ်ထိန်းသူ ဖုန်းနံပါတ်များရှိသို SMS မှတစ်ဆင့် ပေးပိုအသိပေးသွားမည်ဖြစ်ပါသည်။
+2
ConceptX International School မှ မကြာမီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သော Grade 10, 11, 12 အတန်းများအား အချိန်မှန်ကန်စွာတက်ရောက်နိုင်ရန်အတွက် အတန်းအလိုက် သက်ဆိုင်ရာ Timetable များကို သတ်မှတ်ထုတ်ပြန် ပေးလိုက်ပါတယ်ခင်ဗျာ။
ConceptX Textbook Department မှ Campus ကျောင်းသား၊ကျောင်းသူမိဘများအတွက် စာအုပ်ကြိုတင်ထုတ်ယူရန် အသိပေးအကြောင်းကြားခြင်း။
✔️ ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် စာအုပ်ထုတ်ယူရာတွင် ကျောင်းဖွင့်ရက်မတိုင်မီ ကျောင်းသားကျောင်းသူများ စာအုပ်ရရှိစေရန် ယခင် သတ်မှတ်ရက်ထက် ရှေ့တိုး၍ ၂၀၂၆ ခုနှစ် မေလ (၂၃) ရက် မှ စတင်၍ စာအုပ်များ ကြိုတင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
✔️ စာအုပ်ထုတ်ယူရာတွင် ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် Documentation fees သွင်းပြီး Textbook Request Form မဖြစ်မနေဖြည့်ထားပေးရန် လိုအပ်ပါသည်။ Documentation fees သွင်းပြီး Textbook Request Form ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများကိုသာကျောင်းဘက် မှ စာအုပ်များ ကြိုတင်ထုတ်ပေးသွားပါမည်။
✔️ Textbook Request Form ဖြည့်ထားပြီးသော ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် Form ထပ်ဖြည့်ရန်မလိုအပ်ပါ။
✔️ Textbook Request Form ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူမိဘများအနေဖြင့် စာအုပ်ထုတ်ယူရန်ရွေးချယ်ထားသော ရက် မဟုတ်သော်လည်း သင်္ကန်းကျွန်းကျောင်းသို့ လာရောက်ထုတ်ယူပါက Textbook Department ဘက် မှ ထုတ်ပေးသွားမည်ဖြစ်ပါသည်။
✔️ Textbook Department ကိုဆက်သွယ်မေးမြန်ရန် Telegram Username: @conceptxtextbook
📢 June 2026 ကျောင်းဖွင့်ရက် ကြေညာချက်
-----
(June Campus) ConceptX International School ၏ June 2026 Academic Year အတွက် အတန်းလိုက် ကျောင်းစတင်တက်ရောက်ရမည့် ရက်များအား အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
📘 Pre – P4
🗓 June 1, 2026 (Monday)
📘 P5 / P6 / S1
🗓 June 2, 2026 (Tuesday)
📘 S2 / IGCSE
🗓 June 3, 2026 (Wednesday)
-----
ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသော ရက်များတွင်မှန်ကန်စွာ တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ ။ ကျောင်းသား / ကျောင်းသူများ တက်ရောက်ရမည့် အတန်း Section အချက်အလက်များကို မေလ (25) ရက်နေ့နောက်ပိုင်း တွင် ကျောင်းဘက်မှ Payment Form ၌ ဖြည့်သွင်းထားသော မိဘအုပ်ထိန်းသူ ဖုန်းနံပါတ်များရှိသို့ SMS မှတစ်ဆင့် ပေးပို့အသိပေးသွားမည်ဖြစ်ပါသည်။
ConceptX International School တွင် June 01 Intake , 2026 တွင်စတင်တက်ရောက်မည့်ကျောင်းသား၊ကျောင်းသူများ နှင့် လက်ရှိတက်ရောက်နေသောကျောင်းသား၊ကျောင်းသူများအား အသိပေးအကြောင်းကြားခြင်း။
➣ June 01, 2026 တွင် Ferry စီးလိုသောကျောင်းသား၊ကျောင်းသူများအနေဖြင့် Ferry စီးလိုပါက (23.4.2026) ရက်နေ့မှ (23.5.2026) နောက်ဆုံးထားပြီး ငွေသွင်းပြီး Form ဖြည့်ပေးကြပါရန်အသိပေးအကြောင်းကြားအပ်ပါသည်။
➣ သက်ဆိုင်ရာမြိုနယ် အလိုက် Ferry စျေးနှုန်းများကို Ferry Department Hotline နံပါတ် 09775111113 လိုင်းခွဲနံပါတ် (6) ကိုဆက်သွယ်၍သော်လည်းကောင်း၊ ConceptX Ferry Telegram - https://t.me/conceptxferry ၌သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
➣ Ferry Department ဘက် မှ သတ်မှတ်ထားသော မြို့နယ်လမ်းကြောင်းများထက် ကျော်လွန်ပြီး ငွေသွင်းထားသောကျောင်းသား၊ကျောင်းသူများအား အတတ်တိုင်ဆုံးညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်၍ မရသောလမ်းကြောင်းများရှိပါက Ferry Department ဘက်မှ Refund ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
➣ ငွေသွင်းပြီး ဖောင်ဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများအားလုံးသည် (1.6.2026) ရက်နေ့တွင် Ferry စတင်စီးနိုင်မည်။
➣ June 01 Intake , 2026 Intake အတွက် Ferry စီးလိုသောကျောင်းသား/ကျောင်းသူများအနေဖြင့် ငွေသွင်းပြီးလျှင် ငွေသွင်းထားသောပြေစာကို ယခုပေးထားသော Ferry Payment Form Link တွင် ဖြည့်သွင်းပေးရန်လိုအပ်ပါသည်။
➣ Ferry Payment form Link: https://forms.gle/mbGD9AKmwSjzwaxd7
မှတ်ချက် ။ ။ (23.5.2026) ရက်နေ့နောက်ဆုံးထားပြီး ငွေသွင်းထားခြင်းမရှိသော ကျောင်းသား၊ကျောင်းသူများ နှင့် Ferry Payment Form မဖြည့်ထားသော ကျောင်းသား၊ကျောင်းသူများကို CIS Ferry Department ဘက် မှ Ferry စီစဉ်ပေးမည် မဟုတ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။လက်ရှိတွင်တတ်ရောက်နေသော ကျောင်းသား၊ကျောင်းသူများ အနေဖြင့်လည်း ဖယ်ရီစီးလိုပါက (23.5.2026) ရက်နေ့နောက်ဆုံးထားပြီး ငွေသွင်းထားပါက ဖယ်ရီစီစဥ်ပေးမည်ဖြစ်သည်။
