es
Feedback
FrontLine Voice

FrontLine Voice

Ir al canal en Telegram

FrontLine Voice (FV) ဟာ ဖက်ကရယ် နှင့် ဒီမိုကရေစီ အတွက် နွေဦးတော်လှန်‌ရေးကို ထောက်ပို့နေတာ ဖြစ်ပါတယ်။

Mostrar más
1 986
Suscriptores
+124 horas
-37 días
-4930 días

Carga de datos en curso...

Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
julio '26
julio '26
+27
en 0 canales
junio '26
+9
en 0 canales
Get PRO
mayo '26
+6
en 0 canales
Get PRO
abril '26
+9
en 0 canales
Get PRO
marzo '26
+6
en 0 canales
Get PRO
febrero '26
+14
en 0 canales
Get PRO
enero '26
+12
en 0 canales
Get PRO
diciembre '25
+20
en 0 canales
Get PRO
noviembre '25
+16
en 0 canales
Get PRO
octubre '25
+21
en 0 canales
Get PRO
septiembre '25
+10
en 0 canales
Get PRO
agosto '25
+8
en 0 canales
Get PRO
julio '25
+13
en 0 canales
Get PRO
junio '25
+15
en 0 canales
Get PRO
mayo '25
+4
en 0 canales
Get PRO
abril '25
+25
en 0 canales
Get PRO
marzo '25
+13
en 0 canales
Get PRO
febrero '25
+30
en 0 canales
Get PRO
enero '25
+35
en 0 canales
Get PRO
diciembre '24
+32
en 0 canales
Get PRO
noviembre '24
+93
en 0 canales
Get PRO
octubre '24
+47
en 0 canales
Get PRO
septiembre '24
+30
en 0 canales
Get PRO
agosto '24
+248
en 0 canales
Get PRO
julio '24
+371
en 0 canales
Get PRO
junio '24
+328
en 0 canales
Get PRO
mayo '24
+605
en 1 canales
Get PRO
abril '24
+83
en 0 canales
Get PRO
marzo '24
+236
en 0 canales
Get PRO
febrero '24
+170
en 0 canales
Get PRO
enero '24
+42
en 0 canales
Get PRO
diciembre '23
+2 182
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
19 julio0
18 julio+3
17 julio+1
16 julio+3
15 julio+3
14 julio+1
13 julio+3
12 julio+2
11 julio0
10 julio+2
09 julio0
08 julio+7
07 julio0
06 julio0
05 julio0
04 julio+1
03 julio0
02 julio0
01 julio+1
Publicaciones del Canal
- ခင်ဗျားတို့ မျှော်လင့်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ ဘယ်လို မျိုးလဲ။ - KIA နှင့် AA စစ်တိုက်နေတာနဲ့ ပဲ ခင်ဗျားတို့ထင်သလို ဖြစ်ရောလား? - အာဏာရှင် ပြုတ်ကျရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ဗမာ တွေဟာ အချင်းချင်း ဇာတ်တူသားစား ပြီး သူများနယ်မြေ အတွက် လူသားဒိုင်း လုပ်ပေးနေရတယ် ဆိုတာ... (သိလား) - မင်းက လူတွေကို ကြောက်အောင် လျှောက်ပြောနေတာ၊ သူတို့က ပြည်သူ့ဘက်က တိုက်နေတာကို ဘာလို့ အပြစ်ပဲ လိုက်ရှာနေတာလဲ။ - ဗမာလူမျိုးကြီးဝါဒ နောက်ကွယ်က အကျည်းတန်တဲ့ အမှန်တရား ဒီလို အချက်အလက်တွေကို အမေးအဖြေ ပုံစံ ဆွေးနွေးမယ့် Live မှာ လာကြည့်ပါ။ ဆွေးနွေးပါ၊ ထောက်ပံ့ကူညီပါ။ https://www.youtube.com/live/yV0BEuy3Hsk?si=wIATN-FauuXWTmRA

2
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် လျှို့ဝှက် နေရာပြောင်းရွှေ့လိုက်တာလဲ =========။========= =========။========= ဒေတာ - ဘီဘီစီမြ+4
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် လျှို့ဝှက် နေရာပြောင်းရွှေ့လိုက်တာလဲ =========။========= =========။========= ဒေတာ - ဘီဘီစီမြန်မာပိုင်း [July 18, 2026 | 1:30 AM | Ko Nay (FV)] စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်စွာ နေရာပြောင်းရွှေ့ခဲ့ပေမယ့် ဂြိုဟ်တုမျက်လုံးတွေကိုတော့ ဖုံးကွယ်ထားလို့ မရခဲ့ပါဘူး။ သူတို့က ဧပြီ ၃၀ ရက်နေ့မှာ နေရာရွှေ့တယ်လို့ ကြေညာခဲ့ပေမယ့် မြေပြင်က အတိအကျနေရာကို ထိန်ချန်ထားခဲ့ပါတယ်။ ဒါဟာ သာမန် နေရာပြောင်းရွှေ့မှုသက်သက် မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ဘီဘီစီ သတင်းရင်းမြစ်နဲ့ Planet Labs ရဲ့ ဂြိုဟ်တုပုံရိပ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ ထူးခြားမှု့တစ်ခုကို အထင်းသား တွေ့ရပါတယ်။ ဧပြီ ၁၅ ရက်နဲ့ ၂၆ ရက်ကြား ဆယ့်တစ်ရက်အတွင်းမှာ နေပြည်တော်က အိမ်တစ်လုံးရဲ့ နောက်ဖေးပေါက်ကို ဆက်သွယ်ထားတဲ့ လမ်းသစ်တစ်ခု အလောတကြီး ဖောက်လုပ်ခဲ့ပါတယ်။ ဒီအချက်က စစ်ကောင်စီရဲ့ ဧပြီလကုန် နေရာပြောင်းရွှေ့မှုဆိုတဲ့ ကြေညာချက်နဲ့ ကွက်တိ သွားကျနေပါတယ်။ (ပုံပါ) ဂြိုဟ်တုဒေတာတွေက စစ်တပ်ရဲ့ လျှို့ဝှက်စီမံကိန်းကို သက်သေပြနေပါတယ်။ ဒီနေရာဟာ နေပြည်တော် မြောက်ဘက်က ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ နေထိုင်ခဲ့တဲ့ ခြံဝင်းကြီးပဲ ဖြစ်ပါတယ်။ မေလ ၃ ရက်နေ့ကစပြီး အဲဒီခြံရှေ့က လမ်းကို ပြည်သူတွေ ဖြတ်သန်းခွင့် လုံးဝ ပိတ်ချလိုက်ပါတယ်။ အနီးနားက အစိုးရအိမ်မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ အခိုင်အမာ နေရာယူထားပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ နေအိမ်အကျယ်ချုပ် မဟုတ်ဘဲ အဆင့်မြင့် လုံခြုံရေးချထားတဲ့ အကျဉ်းစခန်းသစ်တစ်ခု ဖန်တီးလိုက်တာပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက တွက်ကြည့်ရင် ဒါဟာ စတုတ္ထအကြိမ်မြောက် နေရာပြောင်းရွှေ့မှု ဖြစ်ပါတယ်။ စစ်ကောင်စီက အရာရှိတွေနဲ့ စားပွဲဝိုင်းမှာ ဆွေးနွေးနေတဲ့ ဓာတ်ပုံတစ်ပုံကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် နေရာအတိအကျကိုတော့ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာကို မျက်လှည့်ပြဖို့နဲ့ ပြည်တွင်းကို သတင်းအမှောင်ချဖို့ နှစ်ခွဗျူဟာကို သုံးနေတာပါ။ ဒီနေရာမှာ ကျတော်တို့တွေ ပြောခဲ့ကြတဲ့ တရားရုံးထွက်ဆိုချက် မှတ်တမ်းကိုပါ ဘီဘီစီက (ပုံပါ) တွဲပြီး တင်ပြခဲ့ပါတယ်။ အဲဒါက သမ္မတကြီး ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ CRPH, CWC, NUG, PDF တို့ကို သိလားလို့ စစ်မေးခဲ့ရာမှာ နှစ်ယောက်စလုံးက မသိကြောင်း တရားရုံး ထွက်ဆိုချက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်ညွန့်တို့ဆီကို လူကြုံကတစ်ဆင့် စာပေးပို့ခဲ့တာကိုလည်း FV ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို လုံခြုံရေးအဆင့်မြှင့်ထားတဲ့ နေရာကို ပြောင်းလိုက်တာဟာ Leverage တစ်ခု ဖန်တီးဖို့ ကြိုတင်ပြင်ဆင်မှု့ပါ။ စစ်ရေးနဲ့ နိုင်ငံရေးအရ ဘက်စုံ အကျပ်ရိုက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထွက်ပေါက်အတွက် အာမခံချက်တစ်ခုလို သဘောထားတာဖြစ်ပါတယ်။ ပိုပြီး တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ ထားပြီး နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေမှာ အသာစီးရဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ကစားကွက်တစ်ခုရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ ထောင်ဒဏ် ၃၃ နှစ်ထဲက ကျန် ၁၈ နှစ်ဆိုတဲ့ ကိန်းဂဏန်းကို စစ်ကောင်စီက နိုင်ငံရေး ခြိမ်းခြောက်မှုတစ်ခုလို ဆက်သုံးနေပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း အားလုံး ဖြတ်တောက်ထားတဲ့ ဒီခြံဝင်းအသစ်ဟာ လျှို့ဝှက်ဆွေးနွေးပွဲတွေ လုပ်ဖို့အကောင်းဆုံး စင်မြင့် ဖြစ်လာနိုင်ပါတယ်။ ပြင်ပနဲ့ အဆက်အသွယ် လုံးဝဖြတ်ထားတာက သာမန် လုံခြုံရေးအကြောင်းပြချက်သက်သက် လုံးဝမဟုတ်ပါဘူး။ စစ်တပ်ဟာ သူတို့ရဲ့ နိုင်ငံရေးကစားကွက်ကို ပိုပြီး လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်ဖို့ပါ။ ပြောချင်တဲ့ အဓိက အချက်က ဘီဘီစီ စုံစမ်းဖော်ထုတ်မှု့သာ မှန်ခဲ့ရင် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားတစ်ယောက်အနေနဲ့ သဘောမထားဘဲ သူတို့ရဲ့ အသက်ကယ် နိုင်ငံရေးကတ်ပြားတစ်ခုလို အသုံးချဖို့ ပြင်ဆင်လိုက်ပုံရပါတယ်။ ဒါကြောင့်လည်း အဆင့်မြင့် လုံခြုံရေးစခန်းမှာ အခိုင်အမာ သိမ်းဆည်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် မကြာခင်မှာ ဒီလျှို့ဝှက်စခန်းသစ်ဆီကို ဘယ်လို နိုင်ငံတကာ ကိုယ်စားလှယ်တွေ လျှို့ဝှက်ရောက်လာဦးမလဲ။ လိုချင်တဲ့ ရလဒ်သာ ရခဲ့ရင် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမှာလား။ လူထုသင်္ကေတဖြစ်ပြီး လူထုချစ်တဲ့ အမေအိုကြီးလည်း မောလှပါပြီ၊ ခင်ဗျားတို့ရဲ့ မာတာမိခင်သာဆိုရင် ဘာလုပ်မလဲ? ? ? =========။========= မူရင်းကိုးကား - ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် ဘီဘီစီရဲ့ “ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာတွေမှာထားခဲ့လဲ” ဆိုတဲ့ လေ့လာစုံစမ်းဖော်ထုတ်ချက်ကို ကိုးကားပြီး #FV အနှစ်ချုပ် သုံးသပ်ထားတာ ဖြစ်ပါတယ်။ [Reference: ဘီဘီစီမြန်မာပိုင်း, APAC Visual Journalism || Photo Credit: BBC, Planet Labs ]
140
3
"ခင်ဗျားတို့ ဒါကို 'စစ်ကောင်စီ ပြိုလဲတော့မယ်' လို့ ထင်နေသမျှ ကာလပတ်လုံး တကယ့်ပွဲကို မြင်ရမှာ မဟုတ်ဘူး..." အခု ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရတာတွေက အလိမ်အညာ တွေချည်းပါပဲ။ တကယ့်မြေပြင် အမှန်တရားမှာ တရုတ်က အာဏာရှင်ကို အသက်ရှူပိုက် တပ်ပေးထားပြီး၊ အိန္ဒိယက ရူပီးကုဋေ ၃၁,၀၀၀ တန် တံတိုင်းကြီးနဲ့ ကျွန်တော်တို့ကို အမှောင်ချ လိုက်ပါပြီ။ မြို့ ၉၀ ကျော် သိမ်းထားနိုင်တယ် ဆိုပေမယ့်၊ အချင်းချင်း နယ်မြေလု၊ သယံဇာတလုပြီး ပြဿနာပဲ တက်နေကြတယ်။ နိုင်ငံရေး စာချုပ်တစ်ခုမှ တိတိကျကျ မရှိဘဲ စစ်တိုက်နေတာဟာ သူများဆိုင်မှာ လစာဘယ်လောက်ရမလဲ မသိဘဲ အလုပ်ဝင်လုပ်ပေးနေတာနဲ့ အတူတူပါပဲ။ နောက်ကျနေပြီမို့ အချိန်မီ သတိမထားမိရင်၊ ဒီစစ်ပွဲရဲ့ အဆုံးသတ် မှာ ကျွန်တော်တို့ ပြည်သူတွေအတွက် သင်္ချိုင်းစာရင်း ကလွဲလို့ ဘာမှ ကျန်ခဲ့မှာ မဟုတ်ဘူး ဆိုတာ ဒီ Live မှာ ဖွင့်ချပြီ။ https://www.youtube.com/live/gZul0I9BEjw?si=tpdrPsn6yQEKv1v4 #MyanmarOSINT #FrontlineVoice #PoliticalAnalysis #Geopolitics #YouTube_Live
129
4
ကျတော် ဗိုလ်နဂါးကို ၂၀၂၄ မှာတစ်ခါ ၂၀၂၅ နှစ်အစ မှာ တစ်ခါ၊ ပြီးတော့ ဦးကပြား ကိစ္စ ဗိုလ်နဂါးနဲ့ အင်တာဗျူးမေးပြီးချိန်လား မမေးခင်
ကျတော် ဗိုလ်နဂါးကို ၂၀၂၄ မှာတစ်ခါ ၂၀၂၅ နှစ်အစ မှာ တစ်ခါ၊ ပြီးတော့ ဦးကပြား ကိစ္စ ဗိုလ်နဂါးနဲ့ အင်တာဗျူးမေးပြီးချိန်လား မမေးခင်လားမသိဘူး တစ်ခါ ၃ ခါ သွားပြောဖြစ်တယ်။ ပြောတာက ဖြစ်စေချင်တဲ့ ဆန္ဒပေါ့။ ကိုယ့် နိုင်ငံရေး စစ်ရေးနဲ့ ဒေသအခြေပြု အုပ်ချုပ်ရေး(လူထုကာကွယ်ရေး) မူဝါဒတွေရှိထား ပြီးသားပဲ ဗိုလ်နဂါး အဲဒီအတိုင်း တချို့ဟာတွေ ပြတ်ပြတ်သားသား အရေးယူရင် မရဘူးလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာပေါင်း တစ်သောင်းခြောက်ထောင်လောက် အရှာခံနေရတော့ မြင်ရတဲ့ သူတောင် အတော်လေးအဆင်မပြေဘူး။ ဒီလိုဖြစ်တိုင်း သွားပြောဖြစ်တယ် ပြောတယ်ဆိုပေမယ့် သူများအတွင်းရေး ဖြစ်လို့ မေးခွန်းထုတ်သလိုပဲ ပြောခဲ့တာပါ။ ဟုတ်ပါတယ် သိထားတဲ့အတိုင်း လုပ်ရခက်မှာကို နားလည်ပါတယ်။ အဖြေကတော့ ကျတော်ပြောဆိုနေသလို ဗိုလ်နဂါးလည်း အမြဲပြောနေတာက ကျတော်တို့ ပြည်သူတွေ နိုင်ငံရေးမှာ ညံ့နေလို့ မဖြစ်ဘူးဆိုတာပဲ။ ဒီကိစ္စကိုပဲ ကျတော် ဒီည ၉ နာရီမှာ ထပ်ပြောမှာ အဲဒါကတော့ လာမယ့် #မြန်မာ့မြေပုံအပြဲကြီးမှာ #ဗမာတွေသေတတ်ဖို့လိုပြီ ဆိုတဲ့ အထိ ပြောရတော့မှာပဲ။ ရှင်ဖို့ မဟုတ်ဘူးနော် သေတတ်ဖို့ ပြောတာ။ #FV Photo: ဆားလင်းကြီးက ကျောင်းသွားအပ်ပြီး ပြန်လာတာ မြို့နယ်က ဖမ်းထားတာ ၈ ယောက်ကျန်သေးကြောင်း၊ ကိုယ်ဝန်သည်ပါကြောင်း၊ တရားရေးဦးသိန်းဦး ထံ အကူအညီပေးပါရန် တောင်းဆိုမှု့ ၂ ကြိမ်အတွက် သရုပ်ဖော် ပုံပါ။
141
5
- တော်လှန်ရေး ရပ်ဆိုင်းကြောင်း ကြေငြာဖို့ဆိုပြီး မြေပြင်က ဘာကြောင့်ပြောလဲ။ - NUG ဟာ 2021 မှ 2026 ဒီနေ့ထိ ရံပုံငွေ ဒေါ်လာ သန်း ၁ ထောင် ကျော် တကယ်ရခဲ့လား။ ပတ္တယားမှာ မျက်နှာစုံ အစည်းအဝေးမှာ NUG မပါလို့ ဒေါ်ဇင်မာအောင်က ဘာပြောခဲ့လဲ၊ ဒီနေ့ ဘာလို့ Zoom မှာ ခဏတွေတာလဲ။ အထက်ပါ အဓိက အချက်တွေနဲ့ အောက်ပါ အချက်ကိုတော့ အချိန်ရရင် ပြောပါမယ်။ - (အချိန်ရရင် ပြောမယ်) ရခိုင်နယ်စပ်က ပုဆိန်ရိုး ဂိမ်းကစားကွက် ဘာဖြစ်မလဲ။ https://www.youtube.com/live/USgwiEGnmI8?si=iSkmD_fVc6heZiyw
152
6
ယင်းမာပင် ၂၀ ရက်နေ့ နေ့လည် တစ်အိမ်တစ်ယောက်စုဖို့ ရွှာဆော်က အော် တယ်။ NUG ပသုံးလုံး ခရိုင်နဲ့ မြို့နယ်မှူး တွေလာပြီး ရှင်းပြမလ
ယင်းမာပင် ၂၀ ရက်နေ့ နေ့လည် တစ်အိမ်တစ်ယောက်စုဖို့ ရွှာဆော်က အော် တယ်။ NUG ပသုံးလုံး ခရိုင်နဲ့ မြို့နယ်မှူး တွေလာပြီး ရှင်းပြမလို့။ အတွင်းသိပြောပြသူစကားအရ သူသုံးသလို သုံးရရင် #တော်လှန်ရေးပြီးဆုံးကြောင်းကြေငြာမလို့ ဒါဟာ အလကား ဖောင်းထုတာမဟုတ်ဘူး။ ဆားလင်းကြီး ပုလဲ မှာ ၆ လပိုင်းက လူထုတွေ့ဆုံဖို့ တစ်အိမ်တစ်ယောက်စုခိုင်းခဲ့ပြီး တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံချိန်မှာ ဆားလင်းကြီး ပုလဲမှာ စစ်ကြောင်းထိုးနေလို့ NUG ခရိုင်က စာထုတ်ထားချိန်ဖြစ်တယ်။ တွေ့ဆုံပြီးချိန် ပုလဲမှာ စစ်ကြောင်းရောက်နေပြီး ပသုံးလုံးတွေလည်း ရှိနေကြတာကို အတည်ပြုနိုင်တယ်။ တချို့ ပသုံးလုံးတွေ ဝမ်ပေါင်မှာတောင် အလုပ်ဝင်လုပ်နေကြပြီလို့ ပြောပြတယ်။ ဒါကို အတည်ပြုနေဆဲ ဖြစ်တယ်။ နောက်ဆက်တွဲ ဆက်စပ်သတင်းတွေကိုတော့ ဆက်သွယ်ပြောဆိုနေပြီး ရှိပြီးသား ဒေတာတွေနဲ့ တိုက်စစ်နေတယ်။ ကျတော် ဆက်ပြီးမေးမြန်းနေသလို အခြားမြေပြင်အချိတ်အဆက်တွေနဲ့ အတည်ပြုနေတယ်။ သိတဲ့သူတွေလည်း ပြောပြပေးပါ။ အားလုံးစုစည်းပြီး ဒီနေ့ည 7:30 PM YouTube Live မှာ တင်ပြပါမယ်။ #FV
156
7
ရီစရာအဖြစ်နဲ့ ဇာတ်မသိမ်းချင်ရင် အခုလာကြည့်ပါ။ - ထိုင်းက နေပြည်တော်ကို ကယ်တင်ဖို့ ဘာကြောင့် ကြိုးစားနေတာလဲ။ - NUG ဟာ ဘာဖြစ်လို့ ဗိုလ်နဂါးကို အောက်တန်းကျကျ တိုက်ခိုက်နေတာလဲ။ ဘာကို ဖုံးကွယ်ချင်တာလဲ လူတိုင်းသိလား။ ဒါဟာ ဖောင်းထုတာ မဟုတ်ဘူး။ - အရေးကြီးချိန် အိမ်သာခွက်လုတဲ့ လုပ်ရပ်မျိုးနဲ့ လူတွေလက်ထဲ ခင်ဗျားတို့ အနာဂါတ်ကို အပ်မှာလား။ https://www.youtube.com/live/b7itirYlKBY?si=A95nqk24l09VCIUv
150
8
ဒါဟာ စာရှု့ ပရိသတ်တွေကို စော်ကားတာ ဖြစ်သွားပြီ။ လော်ဘီ ဝါဒဖြန့်တာထိ လွတ်ထားလို့ရသေးတယ်။ ပရိသတ် ကြည့်ရှု့ နားထောင်မှု့ကို ယူပြ
ဒါဟာ စာရှု့ ပရိသတ်တွေကို စော်ကားတာ ဖြစ်သွားပြီ။ လော်ဘီ ဝါဒဖြန့်တာထိ လွတ်ထားလို့ရသေးတယ်။ ပရိသတ် ကြည့်ရှု့ နားထောင်မှု့ကို ယူပြီး ပရိသတ်ကိုပဲ အဆင်ခြင်မဲ့ အသိတရား မရှိ #ပြောတိုင်းယုံ တဲ့ ကောင်တွေလို့ စော်ကားလိုက်တာပဲ။ ကျန်တာခင်ဗျားတို့ အပိုင်းပါ။ #FV
147
9
+6
Sin texto...
169
10
NUG ဟာ နိုင်ငံရေး အာဏာရယူဖို့ပဲ စဉ်းစားနေကြတယ်ဆိုတာကို မြေပြင်က အသက်တွေအတွက် ပြလိုက်ရတဲ့ သက်သေဆိုတာ မနည်းပါဘူး။ အခုလည်း … ဒေါက်တာ ဆိုတာ ဘာဒေါက်တာလည်း မသိဘူး။ ဒါပေမဲ့ ကိုသာစိန် နဲ့ပတ်သက်ပြီး ဝေဖတ်ချက် ဒီရက်ပိုင်း မြင်မကောင်းခဲ့ဘူး။ အရင်ကမဟုတ်ပဲ အာဏာမသိမ်းခင်ထိ မြန်မာ့အသံပြန်ကြားရေးမှာ တာဝန်ယူထားသူဆိုလား သိရဖတ်ရဖူးတယ်။ ဒါ့အပြင် အခုထပ်သိရတာက NUG ရဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး ဝန်ကြီးဌာနမှာ အမြဲတမ်း အတွင်းဝန် ရာထူးယူထားတာကိုပါ ထပ်သိရတယ်။ အများကြီး ထပ်ပြောချင်စိတ် မရှိတော့လို့ SS တွေကို ကြည့်ပြီး မြင်တာကို သိထားတာကို ကွန်မန့်မှာ ရေးခဲ့ပေးပါခင်ဗျာ။ ပုံတွေတိုင်းကို နာမည် သေချာကြည့်၊ သေချာဖတ်ပါ။ ပုံတစ်ချို့ကို အတွင်းပိုင်း Group က ယူတာဖြစ်ပြီး။ တချို့ကို ကိုကျော်ကိုကို ရဲ့ ကိုသာစိန် အကြောင်းပို့စ်နဲ့ မန့်က ယူလာတာ ဖြစ်ပါတယ်။ #FV Photo: Credit
138
11
နိုင်ငံတကာကို လှည့်စားနေတဲ့ အာဏာရှင်ရဲ့ Trojan Horse ဗျူဟာနှင့် အီလစ်တွေရာ နိုင်ငံရေးသမားတွေရော သတိမပြုမိဘဲ (တမင်) ပိတ်မိနေတဲ
နိုင်ငံတကာကို လှည့်စားနေတဲ့ အာဏာရှင်ရဲ့ Trojan Horse ဗျူဟာနှင့် အီလစ်တွေရာ နိုင်ငံရေးသမားတွေရော သတိမပြုမိဘဲ (တမင်) ပိတ်မိနေတဲ့ အချက်သုံးချက် ၁။ စစ်ရေးအနိုင်ရမှုထက် နယ်မြေကွဲပြားမှု၊ ၂။ မှောင်ခိုစီးပွားရေးရဲ့ သြဇာ ၃။ သံတမန်ရေး ပွဲစားအကွက် တွေကြား ခံရမှာက ပြည်သူလူထု ဒါဆို ဘာလုပ်မလဲ။ 💢လူတွေက ခါးသီးတဲ့ အမှန်တရားကို မကြည့်ရဲဘူး၊ မကြည့်ချင်ဘူး။ အဲဒါ တကိုယ်ကောင်းစိတ်နဲ့ သွေးကြောင်တယ်လို့ ခေါ်ရမှာပဲ။ ❌တချို့တွေကတော့ တိုင်းပြည်ကို ဝိုင်းဖျက်ဆီးလို့ကောင်းတုန်းမို့ လက်ရှောင်တာ …. ဘယ်လို သတ်မှတ်ခေါ်ဆိုမလဲ။ https://www.youtube.com/live/YOI4yBH0plE?si=wp78MZgie-4tTTg1
131
12
ရာသီဥတုကြောင့် ဒီည FV:Live ကို 7:30 PM ကနေ 9:00 PM ကို ရွှေ့လိုက်ပါတယ်။ ဘာဖြစ်လို့ ကြိုတင်ပြောရတာလဲဆိုရင် အရေးကြီးလို့ပါ။ ဘာက
ရာသီဥတုကြောင့် ဒီည FV:Live ကို 7:30 PM ကနေ 9:00 PM ကို ရွှေ့လိုက်ပါတယ်။ ဘာဖြစ်လို့ ကြိုတင်ပြောရတာလဲဆိုရင် အရေးကြီးလို့ပါ။ ဘာကြောင့်လဲဆိုရင် ဒိအချက်တွေကြောင့်ပါ။ - အလျှော့သေးသေးပေးပြီး တရားဝင်မှု့ ကြီးကြီးယူတဲ့ အာဏာဂိမ်း - Talk and Fight ဆိုတဲ့အတိုင်း YAK-130 တွေကြားက သံတမန်ရေးထောက်ချောက် - လူသားချင်းစာနာမှု့ အကူအညီပေးရေး ခေါင်းစဉ်အောက်က နိုင်ငံတကာရန်ပုံငွေတွေကို စစ်ကောင်စီဆီရောက်အောင်လုပ် - တိုင်းပြည်နဲ့လူထုအပေါ် စနစ်ဟောင်းပျက်ကျပြီး ပုံစံသစ်နဲ့ လည်ပင်းညစ်လာခြင်း စတဲ့ Deep Dive သုံးသပ်ချက်တွေပါလို့ အရေးကြီးပါတယ်။ #FV
129
13
၁။ ကော်ဇောနီနောက်ကွယ်က သွေးစွန်းသော နိုင်ငံရေးဈေးကွက် ACLED ဒေတာအရ လူတစ်သိန်းကျော် သေဆုံးခဲ့တဲ့ စစ်ပွဲကို ဘန်ကောက်က နိုင်ငံရေ
၁။ ကော်ဇောနီနောက်ကွယ်က သွေးစွန်းသော နိုင်ငံရေးဈေးကွက် ACLED ဒေတာအရ လူတစ်သိန်းကျော် သေဆုံးခဲ့တဲ့ စစ်ပွဲကို ဘန်ကောက်က နိုင်ငံရေးဈေးကွက် ဖွင့်ပြီး ကယ်တင်နေပြီ။ ဒါဟာ သာမန်တွေ့ဆုံပွဲ မဟုတ်ဘူး။ ငါးနှစ်တာ ပိတ်ထားတဲ့ သံတမန်တံခါးကို စစ်ကောင်စီက နောက်ဖေးပေါက်ကနေ အတင်းတွန်းဖွင့်လိုက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နေကောင်းပါတယ်ဆိုတဲ့ စကားတစ်ခွန်းဟာ အာဆီယံကို လှည့်စားတဲ့ အကြီးမားဆုံး မှိုင်းပဲ။ စစ်မြေပြင်မှာ နယ်မြေတွေ ဆုံးရှုံးနေလို့ နေပြည်တော်ဟာ သံတမန်စားပွဲပေါ်မှာ တရားဝင်မှုကို အစိတ်အပိုင်းလိုက် လိုက်ဝယ်နေတယ်။ ဒီပွဲကို ကမကထလုပ်တဲ့ ထိုင်းနဲ့ အာဆီယံဥက္ကဌ ဖိလစ်ပိုင်က ရှေ့ကနေ ကပြပေးနေတယ်။ အာဆီယံဟာ ခြံစည်းရိုးပါတဲ့ ပြန်ဆက်ဆံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်အာဏာရှင်ကို အသက်ရှူချောင်ခွင့် ပေးလိုက်ပြီ။ လူသားချင်းစာနာမှုဆိုတာ ဇာတ်ညွှန်းသက်သက်ပဲ။ အမှန်တရားကတော့ နယ်စပ်ကုန်သွယ်ရေး ပျက်စီးတာနဲ့ မြစ်ရေထုညစ်ညမ်းမှုကို မဖြေရှင်းနိုင်လို့ ဓားပြကို အိမ်ဦးခန်းဖိတ်ပြီး စျေးဆစ်နေကြတာ ဖြစ်တယ်။ ၂။ တရုတ်ဖိအားနှင့် စစ်ကောင်စီ၏ အသက်ဆက်ဗျူဟာ အားလုံး မြင်နေခဲ့ရတဲ့ မြောက်ပိုင်းက အပစ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ တရုတ်က ၎င်းရဲ့ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပျက်စီးမှာစိုးလို့ တော်လှန်ရေးအဖွဲ့တွေကို မောင်းပိတ်လိုက်တာ ဖြစ်တယ်။ စစ်ကောင်စီဟာ ဒီအချိန်ကို စောင့်နေတာ။ မြောက်ပိုင်းမှာ သေနတ်သံတိတ်သွားတဲ့ စက္ကန့်တိုင်းဟာ PDF တွေဆီ လေကြောင်းဗုံးခွဲဖို့ အချိန်ရသွားတာနဲ့ အတူတူပဲ။ စစ်ကောင်စီဟာ ၁၀၀ ရက်အစီအစဉ်နဲ့ စစ်အာဏာပြန်ခိုင်မာအောင် ဗျူဟာမြောက် ပြင်ဆင်နေပြီ။ ဆိုလိုတာက စစ်အာဏာရှင်တွေဟာ အကြပ်အတည်းတွေ့လို့ အပစ်ရပ်တာ လုံးဝမဟုတ်ဘူး။ ကော်ဇောနီခင်းကြိုခဲ့တဲ့ အိန္ဒိယ၊ လာအို၊ တရုတ်ခရီးစဉ်တွေအပြီးမှာ အခု အာဆီယံပါ လမ်းဖွင့်ပေးလိုက်တာဟာ အရပ်သားသမ္မတ ကစားကွက် အလုပ်ဖြစ်သွားလို့ ဖြစ်တယ်။ မြေပြင်မှာ စစ်ရှုံးနေပေမဲ့ နိုင်ငံတကာမျက်နှာစာမှာတော့ နေပြည်တော်က ဇာတ်ညွှန်းအတိုင်း ကောင်းကောင်း ကပြနေတယ်။ ၃။ တော်လှန်ရေးသမားများ ခေါင်းကိုက်ရမည့် သံတမန်ရေးထောင်ချောက် ဒီနေရာမှာ မေးခွန်းတစ်ခု ရှိလာတယ်။ ခေတ်ပညာတတ်ဆိုတဲ့ တော်လှန်ရေးသမားတွေက ဘာဖြစ်လို့ ဒါကို ကြိုမမြင်ကြတာလဲ။ စစ်မြေပြင်မှာ နိုင်နေရုံနဲ့ တော်လှန်ရေး အောင်ပြီလို့ ထင်နေကြတုန်း။ နိုင်ငံတကာက လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို သွားနေချိန်မှာ အတိုက်အခံက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်နေတုန်းပဲ။ စားပွဲပေါ်မှာ ကိုယ့်အစီအစဉ် မရှိရင် သူများ ရေးတဲ့ဇာတ်လမ်းထဲမှာ ကိုယ်က အသတ်ခံရမယ့် ဇာတ်ကောင် ဖြစ်သွားမှာပဲ။ စစ်ကောင်စီက နယ်စပ်တွေမှာ အပစ်ရပ်ပြီး ရလာတဲ့ အင်အားအလုံးအရင်းကို ပြည်တွင်းက PDF စစ်မျက်နှာတွေဆီ ပြောင်းလဲအသုံးပြုတော့မယ်။ ဒါကို ကောင်တာဗျူဟာ မရှိဘဲ ဘယ်လိုရင်ဆိုင်မလဲ။ ပရမ်းပတာ နယ်မြေစိုးမိုးမှု သက်သက်နဲ့ မလုံလောက်တော့ဘူး။ ထိန်းချုပ်နယ်မြေမှာ တည်ငြိမ်တဲ့ အုပ်ချုပ်ရေးနဲ့ ကုန်သွယ်ရေးကို တစ်ပတ်အတွင်း ကမ္ဘာကို မပြနိုင်ရင် ခင်ဗျားတို့ သံတမန်စားပွဲမှာ နေရာပျောက်ပြီ။ ၄။ သေနတ်သံနှင့် စားပွဲဝိုင်း ဘယ်အရာက လူသတ်သမားကို အနိုင်ပေးမလဲ ဘန်ကောက်မှာ ဖွင့်လိုက်တာ ငြိမ်းချမ်းရေးတံခါးလား၊ စစ်တပ်ရဲ့ တရားဝင်မှုတံခါးလားဆိုတာ လာမယ့် ထိပ်သီးပွဲထုတ်ပြန်ချက်တွေက ဆုံးဖြတ်လိမ့်မယ်။ အာဆီယံက စစ်ကောင်စီကို နေရာပြန်ပေးပြီး တော်လှန်ရေးကို သင်္ဂြိုဟ်မလား၊ ဒါမှမဟုတ် တော်လှန်ရေးဘက်က ကမ္ဘာ့အမြင်ကို ပြောင်းလဲပစ်မယ့် နိုင်ငံရေးအစားထိုးအစီအစဉ် တင်ပြနိုင်မလား။ နိဂုံးချုပ် ပြောချင်တာက စစ်တပ်က စစ်မြေပြင်အရှုံးကို သံတမန်ရေးနဲ့ လဲလှယ်ပြီး ထွက်ပေါက်ရှာနေပြီ၊ အတိုက်အခံ အနေနဲ့ စစ်မြေပြင်မှာ သေနတ်နိုင်ပြီး သံတမန်စားပွဲမှာ အရှုံးပေးမယ့် ဇာတ်သိမ်းကို မျက်ကန်းထောက်ခံခဲ့ကြတဲ့ ခင်ဗျားတို့ အားလုံး လက်ခံနိုင်ပါ့မလား။ July 13, 2026 | Ko Nay (FV) #ACLED #Asian #Frontline_Voice #Thailand [အခု သုံးသပ်ချက်ဟာ #FV ရဲ့ ဇူလိုင် ၁၂ ရက် မနေ့ည ၉နာရီ YouTube Live မှာ ပြောခဲ့တာဖြစ်တယ်။ ဒီညမှာ နောက်ဆက်တွဲကို 7:30 PM (Live) မှာ ဆက်လက်ဆွေးနွေးပါမယ်။​]
135
14
https://www.youtube.com/live/nE4sHNUxIMQ?si=xvOYpkEwbd_7sexH
148
15
https://www.youtube.com/live/GCfyAnzuhLs?is=iyBq1Ld0VscO2xWO
142
16
ရခိုင်ရေဘေး ကူကြပါ။ ဒီနေ့ အကြီးမားဆုံး ကြုံတွေ့နေရတဲ့ ရခိုင်နဲ့ ပလက်ဝက ရေဘေးဟာ နိုင်ငံရေးပြဿနာ မဟုတ်ဘူး၊ သန့်စင်တဲ့ လူသားချင်+1
ရခိုင်ရေဘေး ကူကြပါ။ ဒီနေ့ အကြီးမားဆုံး ကြုံတွေ့နေရတဲ့ ရခိုင်နဲ့ ပလက်ဝက ရေဘေးဟာ နိုင်ငံရေးပြဿနာ မဟုတ်ဘူး၊ သန့်စင်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်း (Pure Humanitarian Crisis) ဖြစ်ပါတယ်။ အခုချိန်မှာ ရခိုင်ပြည်သူတွေဟာ အသက်လုနေရပါတယ်။ အသက်ကယ်ဖို့ အကူအညီပေးရာမှာ AA ရဲ့ မြေပြင်ကွန်ယက်ရဲ့HDOC လို ယန္တရားကို သုံးပါ။ ဘာကြောင့်လဲဆိုရင် မြေပြင်ကွန်ယက်နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် ကြောင့်ပါ။ မြေပြင်မှာ ရိက္ခာ(သောက်ရေ)နဲ့ ဆေးဝါး ကို လိုအပ်တဲ့နေရာဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက် ဟာ သူတို့ဆီမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ဟာ လူ့အသက်ကို ထိရောက်အောင် ကယ်တင်ဖို့ဆိုရင် အလုပ်အဖြစ်ဆုံးနဲ့ အမြန်ဆုံး ယန္တရားကို ပံ့ပိုးရပါမယ်။ ဒါကြောင့် မြေပြင်မှာ လက်တွေ့ အသက်ကယ်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုက်ရိုက် အားဖြည့်ကူညီကြဖို့ #FV က အလေးအနက် တိုက်တွန်းပါတယ်။ Photo Credit: Original
161
17
https://www.youtube.com/live/7_REUn5kYMU?si=KYDm3eGYUlsocE5_
160
18
ပရိသတ်တွေ အနေနဲ့ မေးစရာ သိပ်မရှိတာတွေ့ရလို့ နေ့လည်ပိုင်း Live ကို ခဏရပ်ထားပြီး ညပိုင်း စနေ၊ တနင်္ဂနွေ နှင့် ကြားရက် ဗုဒ္ဓဟူး ညပိုင်းတွေမှာပဲ Live လွင့်ဖို့ စဉ်းစားဖြစ်တယ်။ အဲဒါကလည်း နေ့တိုင်းတင်နေတဲ့ အကြောင်းအရာ၊ ထူးခြားသတင်းသုံးသပ်ချက်တွေ ကို ပိုထိရောက်ဖို့ အတွက်ဖြစ်ပါတယ်။ #FV ပရိသတ်တွေဆီက ထိရောက်တဲ့ အကြံပြုချက် တွေလည်း သိချင်မိပါတယ်။
172
19
BNRA ပြိုကွဲတာ စစ်တပ်ကြောင့် မဟုတ်ဘူးဆိုတာ လက်ခံလား။ BNRA ရှိချိန် အညာလူထု လုံခြုံခဲ့တာ မှန်လား။ အဲဒီလောက် လက်ခံမှ ဒီည Live ကို လာကြည့်။   အညာလူထု(ဗမာအင်အားစု) ကို သတ်ဖို့  ဘယ်သူတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေလဲ။ နိုင်ငံရေး မျက်လှည့်ပွဲပြပြီး အညာဒေသကို ရောင်းစားခဲ့တာ ဘယ်သူတွေလဲ။   ဗိုလ်နဂါး ဆိုတဲ့ လူနဲ့ ပြောလို့မရဘူး။ BNRA ပြိုကွဲရခြင်း အကြောင်းရင်းမှန်ကိုပြောမှ နိုင်ငံရေး အာဏာကစားကွက်ကို မြင်တယ်။  အိမ်တွင်းသစ္စာဖောက်များရဲ့ လုပ်ကြံသတ်ဖြတ်ရေး လမ်းပြမြေပုံ အတိအကျသိနေတဲ့ အသေသတ်ခြင်းနှင့် ဗမာအင်အားစုကို နိုင်ငံရေးအရ သင်းသတ်ခြင်း။  အဆိုးဆုံးက သတင်းမှောင်ခို ဈေးကွက်နဲ့ အစိုးရ ယန္တရားသုံး သွေးခွဲခြင်းပဲ။ #FV  https://www.youtube.com/live/VzSBgCnQZtU?si=mrI-oyKipyTu32Xd
201
20
တော်လှန်ရေး ခေါင်းစဉ်တပ် အကြီးကြီးတွေပြောပြီး ရူးချင်ယောင်ဆောင်သွားတဲ့ လူတွေ၊ မြန်မာနိုင်ငံအတွက်ဆိုပြီး မြန်မာစကားပြော ရေး/ထု
တော်လှန်ရေး ခေါင်းစဉ်တပ် အကြီးကြီးတွေပြောပြီး ရူးချင်ယောင်ဆောင်သွားတဲ့ လူတွေ၊ မြန်မာနိုင်ငံအတွက်ဆိုပြီး မြန်မာစကားပြော ရေး/ထုတ်လွင့်ခဲ့ပြီး အမှားတွေကို ပြင်ဆင်ချက် မထုတ်တဲ့ တာဝန်မဲ့ မီဒီယာတွေ၊ ဆိုရှယ်မီဒီယာကနေ ကြော်ငြာခ ပိုက်ဆံကိုသာ ယူပြီး လူကြည့်များဖို့ပဲ ရည်ရွယ်ပြောဆိုခဲ့သူတွေ၊ အမှန်တရားဆိုပြီး ကိုယ့်ဘာသာ ခံယူ လုပ်ကိုင်ပြီး အကွက်ပြောင်းသွားတဲ့သူတွေ၊ ဆိုင်းဘုတ်ချိန်းလိုက်တာတွေ၊ ရန်သူကိုထားအုန်း ကိုယ့်ဖက်ကို ဝေဖန်လိုက်တာနဲ့ လူသေစေအောင် အောက်တန်းကျစွာ ဒလန် ဘောမ ပြောဆိုခဲ့သူတွေ သူတွေ သူတွေ အားလုံးကို ခင်ဗျားတို့ ပြတ်ပြတ်သားသားရွှေး ရွှေးထားတာကို တန်ပြန် စစ်၊ အခြားသူပြောလာရင်တောင် ခိုင်မာကြောင်းပြနိုင်အောင်စစ် ပြီးရင်ထပ်ရွှေးပါ။ ပြီးရင် ပိုကောင်းအောင် အကြံပေး ထောက်ပြပြီး အားပေးဝန်းရံဖို့ လိုပြီ မြေပြင်မှာ လုပ်တယ်ဆိုပေမယ့် မီဒီယာဖော်က လူထုက ပိုကျယ်ပြန့်တယ်။ ပိုထိရောက်တယ် ဝိုင်းတွန်းရင် အရွှေ့တစ်ခုကို ရောက်စေတယ်။ ကိုယ့်ရွှေးချယ်မှု့ကို ကိုယ်ယုံကြည်ပါ၊ ဒါအပြင် အခြားသူကိုလည်း ဘာကြောင့်ရွှေးလည်း ပြောပြပါ။ သဘောပေါက်ပါစေလို့ မျှော်လင့်ရင်း #FV
180