ch
Feedback
FrontLine Voice

FrontLine Voice

前往频道在 Telegram

FrontLine Voice (FV) ဟာ ဖက်ကရယ် နှင့် ဒီမိုကရေစီ အတွက် နွေဦးတော်လှန်‌ရေးကို ထောက်ပို့နေတာ ဖြစ်ပါတယ်။

显示更多
1 986
订阅者
-324 小时
-87
-6130

数据加载中...

标签云
无数据
有任何问题?请刷新页面或联系我们的客服
进出提及
---
---
---
---
---
---
吸引订阅者
七月 '26
七月 '26
+20
在0个频道中
六月 '26
+9
在0个频道中
Get PRO
五月 '26
+6
在0个频道中
Get PRO
四月 '26
+9
在0个频道中
Get PRO
三月 '26
+6
在0个频道中
Get PRO
二月 '26
+14
在0个频道中
Get PRO
一月 '26
+12
在0个频道中
Get PRO
十二月 '25
+20
在0个频道中
Get PRO
十一月 '25
+16
在0个频道中
Get PRO
十月 '25
+21
在0个频道中
Get PRO
九月 '25
+10
在0个频道中
Get PRO
八月 '25
+8
在0个频道中
Get PRO
七月 '25
+13
在0个频道中
Get PRO
六月 '25
+15
在0个频道中
Get PRO
五月 '25
+4
在0个频道中
Get PRO
四月 '25
+25
在0个频道中
Get PRO
三月 '25
+13
在0个频道中
Get PRO
二月 '25
+30
在0个频道中
Get PRO
一月 '25
+35
在0个频道中
Get PRO
十二月 '24
+32
在0个频道中
Get PRO
十一月 '24
+93
在0个频道中
Get PRO
十月 '24
+47
在0个频道中
Get PRO
九月 '24
+30
在0个频道中
Get PRO
八月 '24
+248
在0个频道中
Get PRO
七月 '24
+371
在0个频道中
Get PRO
六月 '24
+328
在0个频道中
Get PRO
五月 '24
+605
在1个频道中
Get PRO
四月 '24
+83
在0个频道中
Get PRO
三月 '24
+236
在0个频道中
Get PRO
二月 '24
+170
在0个频道中
Get PRO
一月 '24
+42
在0个频道中
Get PRO
十二月 '23
+2 182
在0个频道中
日期
订阅者增长
提及
频道
15 七月+3
14 七月+1
13 七月+3
12 七月+2
11 七月0
10 七月+2
09 七月0
08 七月+7
07 七月0
06 七月0
05 七月0
04 七月+1
03 七月0
02 七月0
01 七月+1
频道帖子
- တော်လှန်ရေး ရပ်ဆိုင်းကြောင်း ကြေငြာဖို့ဆိုပြီး မြေပြင်က ဘာကြောင့်ပြောလဲ။ - NUG ဟာ 2021 မှ 2026 ဒီနေ့ထိ ရံပုံငွေ ဒေါ်လာ သန်း ၁ ထောင် ကျော် တကယ်ရခဲ့လား။ ပတ္တယားမှာ မျက်နှာစုံ အစည်းအဝေးမှာ NUG မပါလို့ ဒေါ်ဇင်မာအောင်က ဘာပြောခဲ့လဲ၊ ဒီနေ့ ဘာလို့ Zoom မှာ ခဏတွေတာလဲ။ အထက်ပါ အဓိက အချက်တွေနဲ့ အောက်ပါ အချက်ကိုတော့ အချိန်ရရင် ပြောပါမယ်။ - (အချိန်ရရင် ပြောမယ်) ရခိုင်နယ်စပ်က ပုဆိန်ရိုး ဂိမ်းကစားကွက် ဘာဖြစ်မလဲ။ https://www.youtube.com/live/USgwiEGnmI8?si=iSkmD_fVc6heZiyw

2
ယင်းမာပင် ၂၀ ရက်နေ့ နေ့လည် တစ်အိမ်တစ်ယောက်စုဖို့ ရွှာဆော်က အော် တယ်။ NUG ပသုံးလုံး ခရိုင်နဲ့ မြို့နယ်မှူး တွေလာပြီး ရှင်းပြမလ
ယင်းမာပင် ၂၀ ရက်နေ့ နေ့လည် တစ်အိမ်တစ်ယောက်စုဖို့ ရွှာဆော်က အော် တယ်။ NUG ပသုံးလုံး ခရိုင်နဲ့ မြို့နယ်မှူး တွေလာပြီး ရှင်းပြမလို့။ အတွင်းသိပြောပြသူစကားအရ သူသုံးသလို သုံးရရင် #တော်လှန်ရေးပြီးဆုံးကြောင်းကြေငြာမလို့ ဒါဟာ အလကား ဖောင်းထုတာမဟုတ်ဘူး။ ဆားလင်းကြီး ပုလဲ မှာ ၆ လပိုင်းက လူထုတွေ့ဆုံဖို့ တစ်အိမ်တစ်ယောက်စုခိုင်းခဲ့ပြီး တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံချိန်မှာ ဆားလင်းကြီး ပုလဲမှာ စစ်ကြောင်းထိုးနေလို့ NUG ခရိုင်က စာထုတ်ထားချိန်ဖြစ်တယ်။ တွေ့ဆုံပြီးချိန် ပုလဲမှာ စစ်ကြောင်းရောက်နေပြီး ပသုံးလုံးတွေလည်း ရှိနေကြတာကို အတည်ပြုနိုင်တယ်။ တချို့ ပသုံးလုံးတွေ ဝမ်ပေါင်မှာတောင် အလုပ်ဝင်လုပ်နေကြပြီလို့ ပြောပြတယ်။ ဒါကို အတည်ပြုနေဆဲ ဖြစ်တယ်။ နောက်ဆက်တွဲ ဆက်စပ်သတင်းတွေကိုတော့ ဆက်သွယ်ပြောဆိုနေပြီး ရှိပြီးသား ဒေတာတွေနဲ့ တိုက်စစ်နေတယ်။ ကျတော် ဆက်ပြီးမေးမြန်းနေသလို အခြားမြေပြင်အချိတ်အဆက်တွေနဲ့ အတည်ပြုနေတယ်။ သိတဲ့သူတွေလည်း ပြောပြပေးပါ။ အားလုံးစုစည်းပြီး ဒီနေ့ည 7:30 PM YouTube Live မှာ တင်ပြပါမယ်။ #FV
87
3
ရီစရာအဖြစ်နဲ့ ဇာတ်မသိမ်းချင်ရင် အခုလာကြည့်ပါ။ - ထိုင်းက နေပြည်တော်ကို ကယ်တင်ဖို့ ဘာကြောင့် ကြိုးစားနေတာလဲ။ - NUG ဟာ ဘာဖြစ်လို့ ဗိုလ်နဂါးကို အောက်တန်းကျကျ တိုက်ခိုက်နေတာလဲ။ ဘာကို ဖုံးကွယ်ချင်တာလဲ လူတိုင်းသိလား။ ဒါဟာ ဖောင်းထုတာ မဟုတ်ဘူး။ - အရေးကြီးချိန် အိမ်သာခွက်လုတဲ့ လုပ်ရပ်မျိုးနဲ့ လူတွေလက်ထဲ ခင်ဗျားတို့ အနာဂါတ်ကို အပ်မှာလား။ https://www.youtube.com/live/b7itirYlKBY?si=A95nqk24l09VCIUv
107
4
ဒါဟာ စာရှု့ ပရိသတ်တွေကို စော်ကားတာ ဖြစ်သွားပြီ။ လော်ဘီ ဝါဒဖြန့်တာထိ လွတ်ထားလို့ရသေးတယ်။ ပရိသတ် ကြည့်ရှု့ နားထောင်မှု့ကို ယူပြ
ဒါဟာ စာရှု့ ပရိသတ်တွေကို စော်ကားတာ ဖြစ်သွားပြီ။ လော်ဘီ ဝါဒဖြန့်တာထိ လွတ်ထားလို့ရသေးတယ်။ ပရိသတ် ကြည့်ရှု့ နားထောင်မှု့ကို ယူပြီး ပရိသတ်ကိုပဲ အဆင်ခြင်မဲ့ အသိတရား မရှိ #ပြောတိုင်းယုံ တဲ့ ကောင်တွေလို့ စော်ကားလိုက်တာပဲ။ ကျန်တာခင်ဗျားတို့ အပိုင်းပါ။ #FV
121
5
+6
没有文字...
118
6
NUG ဟာ နိုင်ငံရေး အာဏာရယူဖို့ပဲ စဉ်းစားနေကြတယ်ဆိုတာကို မြေပြင်က အသက်တွေအတွက် ပြလိုက်ရတဲ့ သက်သေဆိုတာ မနည်းပါဘူး။ အခုလည်း … ဒေါက်တာ ဆိုတာ ဘာဒေါက်တာလည်း မသိဘူး။ ဒါပေမဲ့ ကိုသာစိန် နဲ့ပတ်သက်ပြီး ဝေဖတ်ချက် ဒီရက်ပိုင်း မြင်မကောင်းခဲ့ဘူး။ အရင်ကမဟုတ်ပဲ အာဏာမသိမ်းခင်ထိ မြန်မာ့အသံပြန်ကြားရေးမှာ တာဝန်ယူထားသူဆိုလား သိရဖတ်ရဖူးတယ်။ ဒါ့အပြင် အခုထပ်သိရတာက NUG ရဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး ဝန်ကြီးဌာနမှာ အမြဲတမ်း အတွင်းဝန် ရာထူးယူထားတာကိုပါ ထပ်သိရတယ်။ အများကြီး ထပ်ပြောချင်စိတ် မရှိတော့လို့ SS တွေကို ကြည့်ပြီး မြင်တာကို သိထားတာကို ကွန်မန့်မှာ ရေးခဲ့ပေးပါခင်ဗျာ။ ပုံတွေတိုင်းကို နာမည် သေချာကြည့်၊ သေချာဖတ်ပါ။ ပုံတစ်ချို့ကို အတွင်းပိုင်း Group က ယူတာဖြစ်ပြီး။ တချို့ကို ကိုကျော်ကိုကို ရဲ့ ကိုသာစိန် အကြောင်းပို့စ်နဲ့ မန့်က ယူလာတာ ဖြစ်ပါတယ်။ #FV Photo: Credit
109
7
နိုင်ငံတကာကို လှည့်စားနေတဲ့ အာဏာရှင်ရဲ့ Trojan Horse ဗျူဟာနှင့် အီလစ်တွေရာ နိုင်ငံရေးသမားတွေရော သတိမပြုမိဘဲ (တမင်) ပိတ်မိနေတဲ
နိုင်ငံတကာကို လှည့်စားနေတဲ့ အာဏာရှင်ရဲ့ Trojan Horse ဗျူဟာနှင့် အီလစ်တွေရာ နိုင်ငံရေးသမားတွေရော သတိမပြုမိဘဲ (တမင်) ပိတ်မိနေတဲ့ အချက်သုံးချက် ၁။ စစ်ရေးအနိုင်ရမှုထက် နယ်မြေကွဲပြားမှု၊ ၂။ မှောင်ခိုစီးပွားရေးရဲ့ သြဇာ ၃။ သံတမန်ရေး ပွဲစားအကွက် တွေကြား ခံရမှာက ပြည်သူလူထု ဒါဆို ဘာလုပ်မလဲ။ 💢လူတွေက ခါးသီးတဲ့ အမှန်တရားကို မကြည့်ရဲဘူး၊ မကြည့်ချင်ဘူး။ အဲဒါ တကိုယ်ကောင်းစိတ်နဲ့ သွေးကြောင်တယ်လို့ ခေါ်ရမှာပဲ။ ❌တချို့တွေကတော့ တိုင်းပြည်ကို ဝိုင်းဖျက်ဆီးလို့ကောင်းတုန်းမို့ လက်ရှောင်တာ …. ဘယ်လို သတ်မှတ်ခေါ်ဆိုမလဲ။ https://www.youtube.com/live/YOI4yBH0plE?si=wp78MZgie-4tTTg1
115
8
ရာသီဥတုကြောင့် ဒီည FV:Live ကို 7:30 PM ကနေ 9:00 PM ကို ရွှေ့လိုက်ပါတယ်။ ဘာဖြစ်လို့ ကြိုတင်ပြောရတာလဲဆိုရင် အရေးကြီးလို့ပါ။ ဘာက
ရာသီဥတုကြောင့် ဒီည FV:Live ကို 7:30 PM ကနေ 9:00 PM ကို ရွှေ့လိုက်ပါတယ်။ ဘာဖြစ်လို့ ကြိုတင်ပြောရတာလဲဆိုရင် အရေးကြီးလို့ပါ။ ဘာကြောင့်လဲဆိုရင် ဒိအချက်တွေကြောင့်ပါ။ - အလျှော့သေးသေးပေးပြီး တရားဝင်မှု့ ကြီးကြီးယူတဲ့ အာဏာဂိမ်း - Talk and Fight ဆိုတဲ့အတိုင်း YAK-130 တွေကြားက သံတမန်ရေးထောက်ချောက် - လူသားချင်းစာနာမှု့ အကူအညီပေးရေး ခေါင်းစဉ်အောက်က နိုင်ငံတကာရန်ပုံငွေတွေကို စစ်ကောင်စီဆီရောက်အောင်လုပ် - တိုင်းပြည်နဲ့လူထုအပေါ် စနစ်ဟောင်းပျက်ကျပြီး ပုံစံသစ်နဲ့ လည်ပင်းညစ်လာခြင်း စတဲ့ Deep Dive သုံးသပ်ချက်တွေပါလို့ အရေးကြီးပါတယ်။ #FV
110
9
၁။ ကော်ဇောနီနောက်ကွယ်က သွေးစွန်းသော နိုင်ငံရေးဈေးကွက် ACLED ဒေတာအရ လူတစ်သိန်းကျော် သေဆုံးခဲ့တဲ့ စစ်ပွဲကို ဘန်ကောက်က နိုင်ငံရေ
၁။ ကော်ဇောနီနောက်ကွယ်က သွေးစွန်းသော နိုင်ငံရေးဈေးကွက် ACLED ဒေတာအရ လူတစ်သိန်းကျော် သေဆုံးခဲ့တဲ့ စစ်ပွဲကို ဘန်ကောက်က နိုင်ငံရေးဈေးကွက် ဖွင့်ပြီး ကယ်တင်နေပြီ။ ဒါဟာ သာမန်တွေ့ဆုံပွဲ မဟုတ်ဘူး။ ငါးနှစ်တာ ပိတ်ထားတဲ့ သံတမန်တံခါးကို စစ်ကောင်စီက နောက်ဖေးပေါက်ကနေ အတင်းတွန်းဖွင့်လိုက်တာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နေကောင်းပါတယ်ဆိုတဲ့ စကားတစ်ခွန်းဟာ အာဆီယံကို လှည့်စားတဲ့ အကြီးမားဆုံး မှိုင်းပဲ။ စစ်မြေပြင်မှာ နယ်မြေတွေ ဆုံးရှုံးနေလို့ နေပြည်တော်ဟာ သံတမန်စားပွဲပေါ်မှာ တရားဝင်မှုကို အစိတ်အပိုင်းလိုက် လိုက်ဝယ်နေတယ်။ ဒီပွဲကို ကမကထလုပ်တဲ့ ထိုင်းနဲ့ အာဆီယံဥက္ကဌ ဖိလစ်ပိုင်က ရှေ့ကနေ ကပြပေးနေတယ်။ အာဆီယံဟာ ခြံစည်းရိုးပါတဲ့ ပြန်ဆက်ဆံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်အာဏာရှင်ကို အသက်ရှူချောင်ခွင့် ပေးလိုက်ပြီ။ လူသားချင်းစာနာမှုဆိုတာ ဇာတ်ညွှန်းသက်သက်ပဲ။ အမှန်တရားကတော့ နယ်စပ်ကုန်သွယ်ရေး ပျက်စီးတာနဲ့ မြစ်ရေထုညစ်ညမ်းမှုကို မဖြေရှင်းနိုင်လို့ ဓားပြကို အိမ်ဦးခန်းဖိတ်ပြီး စျေးဆစ်နေကြတာ ဖြစ်တယ်။ ၂။ တရုတ်ဖိအားနှင့် စစ်ကောင်စီ၏ အသက်ဆက်ဗျူဟာ အားလုံး မြင်နေခဲ့ရတဲ့ မြောက်ပိုင်းက အပစ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ တရုတ်က ၎င်းရဲ့ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပျက်စီးမှာစိုးလို့ တော်လှန်ရေးအဖွဲ့တွေကို မောင်းပိတ်လိုက်တာ ဖြစ်တယ်။ စစ်ကောင်စီဟာ ဒီအချိန်ကို စောင့်နေတာ။ မြောက်ပိုင်းမှာ သေနတ်သံတိတ်သွားတဲ့ စက္ကန့်တိုင်းဟာ PDF တွေဆီ လေကြောင်းဗုံးခွဲဖို့ အချိန်ရသွားတာနဲ့ အတူတူပဲ။ စစ်ကောင်စီဟာ ၁၀၀ ရက်အစီအစဉ်နဲ့ စစ်အာဏာပြန်ခိုင်မာအောင် ဗျူဟာမြောက် ပြင်ဆင်နေပြီ။ ဆိုလိုတာက စစ်အာဏာရှင်တွေဟာ အကြပ်အတည်းတွေ့လို့ အပစ်ရပ်တာ လုံးဝမဟုတ်ဘူး။ ကော်ဇောနီခင်းကြိုခဲ့တဲ့ အိန္ဒိယ၊ လာအို၊ တရုတ်ခရီးစဉ်တွေအပြီးမှာ အခု အာဆီယံပါ လမ်းဖွင့်ပေးလိုက်တာဟာ အရပ်သားသမ္မတ ကစားကွက် အလုပ်ဖြစ်သွားလို့ ဖြစ်တယ်။ မြေပြင်မှာ စစ်ရှုံးနေပေမဲ့ နိုင်ငံတကာမျက်နှာစာမှာတော့ နေပြည်တော်က ဇာတ်ညွှန်းအတိုင်း ကောင်းကောင်း ကပြနေတယ်။ ၃။ တော်လှန်ရေးသမားများ ခေါင်းကိုက်ရမည့် သံတမန်ရေးထောင်ချောက် ဒီနေရာမှာ မေးခွန်းတစ်ခု ရှိလာတယ်။ ခေတ်ပညာတတ်ဆိုတဲ့ တော်လှန်ရေးသမားတွေက ဘာဖြစ်လို့ ဒါကို ကြိုမမြင်ကြတာလဲ။ စစ်မြေပြင်မှာ နိုင်နေရုံနဲ့ တော်လှန်ရေး အောင်ပြီလို့ ထင်နေကြတုန်း။ နိုင်ငံတကာက လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို သွားနေချိန်မှာ အတိုက်အခံက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်နေတုန်းပဲ။ စားပွဲပေါ်မှာ ကိုယ့်အစီအစဉ် မရှိရင် သူများ ရေးတဲ့ဇာတ်လမ်းထဲမှာ ကိုယ်က အသတ်ခံရမယ့် ဇာတ်ကောင် ဖြစ်သွားမှာပဲ။ စစ်ကောင်စီက နယ်စပ်တွေမှာ အပစ်ရပ်ပြီး ရလာတဲ့ အင်အားအလုံးအရင်းကို ပြည်တွင်းက PDF စစ်မျက်နှာတွေဆီ ပြောင်းလဲအသုံးပြုတော့မယ်။ ဒါကို ကောင်တာဗျူဟာ မရှိဘဲ ဘယ်လိုရင်ဆိုင်မလဲ။ ပရမ်းပတာ နယ်မြေစိုးမိုးမှု သက်သက်နဲ့ မလုံလောက်တော့ဘူး။ ထိန်းချုပ်နယ်မြေမှာ တည်ငြိမ်တဲ့ အုပ်ချုပ်ရေးနဲ့ ကုန်သွယ်ရေးကို တစ်ပတ်အတွင်း ကမ္ဘာကို မပြနိုင်ရင် ခင်ဗျားတို့ သံတမန်စားပွဲမှာ နေရာပျောက်ပြီ။ ၄။ သေနတ်သံနှင့် စားပွဲဝိုင်း ဘယ်အရာက လူသတ်သမားကို အနိုင်ပေးမလဲ ဘန်ကောက်မှာ ဖွင့်လိုက်တာ ငြိမ်းချမ်းရေးတံခါးလား၊ စစ်တပ်ရဲ့ တရားဝင်မှုတံခါးလားဆိုတာ လာမယ့် ထိပ်သီးပွဲထုတ်ပြန်ချက်တွေက ဆုံးဖြတ်လိမ့်မယ်။ အာဆီယံက စစ်ကောင်စီကို နေရာပြန်ပေးပြီး တော်လှန်ရေးကို သင်္ဂြိုဟ်မလား၊ ဒါမှမဟုတ် တော်လှန်ရေးဘက်က ကမ္ဘာ့အမြင်ကို ပြောင်းလဲပစ်မယ့် နိုင်ငံရေးအစားထိုးအစီအစဉ် တင်ပြနိုင်မလား။ နိဂုံးချုပ် ပြောချင်တာက စစ်တပ်က စစ်မြေပြင်အရှုံးကို သံတမန်ရေးနဲ့ လဲလှယ်ပြီး ထွက်ပေါက်ရှာနေပြီ၊ အတိုက်အခံ အနေနဲ့ စစ်မြေပြင်မှာ သေနတ်နိုင်ပြီး သံတမန်စားပွဲမှာ အရှုံးပေးမယ့် ဇာတ်သိမ်းကို မျက်ကန်းထောက်ခံခဲ့ကြတဲ့ ခင်ဗျားတို့ အားလုံး လက်ခံနိုင်ပါ့မလား။ July 13, 2026 | Ko Nay (FV) #ACLED #Asian #Frontline_Voice #Thailand [အခု သုံးသပ်ချက်ဟာ #FV ရဲ့ ဇူလိုင် ၁၂ ရက် မနေ့ည ၉နာရီ YouTube Live မှာ ပြောခဲ့တာဖြစ်တယ်။ ဒီညမှာ နောက်ဆက်တွဲကို 7:30 PM (Live) မှာ ဆက်လက်ဆွေးနွေးပါမယ်။​]
114
10
https://www.youtube.com/live/nE4sHNUxIMQ?si=xvOYpkEwbd_7sexH
130
11
https://www.youtube.com/live/GCfyAnzuhLs?is=iyBq1Ld0VscO2xWO
127
12
ရခိုင်ရေဘေး ကူကြပါ။ ဒီနေ့ အကြီးမားဆုံး ကြုံတွေ့နေရတဲ့ ရခိုင်နဲ့ ပလက်ဝက ရေဘေးဟာ နိုင်ငံရေးပြဿနာ မဟုတ်ဘူး၊ သန့်စင်တဲ့ လူသားချင်+1
ရခိုင်ရေဘေး ကူကြပါ။ ဒီနေ့ အကြီးမားဆုံး ကြုံတွေ့နေရတဲ့ ရခိုင်နဲ့ ပလက်ဝက ရေဘေးဟာ နိုင်ငံရေးပြဿနာ မဟုတ်ဘူး၊ သန့်စင်တဲ့ လူသားချင်းစာနာမှု အကျပ်အတည်း (Pure Humanitarian Crisis) ဖြစ်ပါတယ်။ အခုချိန်မှာ ရခိုင်ပြည်သူတွေဟာ အသက်လုနေရပါတယ်။ အသက်ကယ်ဖို့ အကူအညီပေးရာမှာ AA ရဲ့ မြေပြင်ကွန်ယက်ရဲ့HDOC လို ယန္တရားကို သုံးပါ။ ဘာကြောင့်လဲဆိုရင် မြေပြင်ကွန်ယက်နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည် ကြောင့်ပါ။ မြေပြင်မှာ ရိက္ခာ(သောက်ရေ)နဲ့ ဆေးဝါး ကို လိုအပ်တဲ့နေရာဆီ အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက် ဟာ သူတို့ဆီမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ဟာ လူ့အသက်ကို ထိရောက်အောင် ကယ်တင်ဖို့ဆိုရင် အလုပ်အဖြစ်ဆုံးနဲ့ အမြန်ဆုံး ယန္တရားကို ပံ့ပိုးရပါမယ်။ ဒါကြောင့် မြေပြင်မှာ လက်တွေ့ အသက်ကယ်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုက်ရိုက် အားဖြည့်ကူညီကြဖို့ #FV က အလေးအနက် တိုက်တွန်းပါတယ်။ Photo Credit: Original
147
13
https://www.youtube.com/live/7_REUn5kYMU?si=KYDm3eGYUlsocE5_
145
14
ပရိသတ်တွေ အနေနဲ့ မေးစရာ သိပ်မရှိတာတွေ့ရလို့ နေ့လည်ပိုင်း Live ကို ခဏရပ်ထားပြီး ညပိုင်း စနေ၊ တနင်္ဂနွေ နှင့် ကြားရက် ဗုဒ္ဓဟူး ညပိုင်းတွေမှာပဲ Live လွင့်ဖို့ စဉ်းစားဖြစ်တယ်။ အဲဒါကလည်း နေ့တိုင်းတင်နေတဲ့ အကြောင်းအရာ၊ ထူးခြားသတင်းသုံးသပ်ချက်တွေ ကို ပိုထိရောက်ဖို့ အတွက်ဖြစ်ပါတယ်။ #FV ပရိသတ်တွေဆီက ထိရောက်တဲ့ အကြံပြုချက် တွေလည်း သိချင်မိပါတယ်။
155
15
BNRA ပြိုကွဲတာ စစ်တပ်ကြောင့် မဟုတ်ဘူးဆိုတာ လက်ခံလား။ BNRA ရှိချိန် အညာလူထု လုံခြုံခဲ့တာ မှန်လား။ အဲဒီလောက် လက်ခံမှ ဒီည Live ကို လာကြည့်။   အညာလူထု(ဗမာအင်အားစု) ကို သတ်ဖို့  ဘယ်သူတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေလဲ။ နိုင်ငံရေး မျက်လှည့်ပွဲပြပြီး အညာဒေသကို ရောင်းစားခဲ့တာ ဘယ်သူတွေလဲ။   ဗိုလ်နဂါး ဆိုတဲ့ လူနဲ့ ပြောလို့မရဘူး။ BNRA ပြိုကွဲရခြင်း အကြောင်းရင်းမှန်ကိုပြောမှ နိုင်ငံရေး အာဏာကစားကွက်ကို မြင်တယ်။  အိမ်တွင်းသစ္စာဖောက်များရဲ့ လုပ်ကြံသတ်ဖြတ်ရေး လမ်းပြမြေပုံ အတိအကျသိနေတဲ့ အသေသတ်ခြင်းနှင့် ဗမာအင်အားစုကို နိုင်ငံရေးအရ သင်းသတ်ခြင်း။  အဆိုးဆုံးက သတင်းမှောင်ခို ဈေးကွက်နဲ့ အစိုးရ ယန္တရားသုံး သွေးခွဲခြင်းပဲ။ #FV  https://www.youtube.com/live/VzSBgCnQZtU?si=mrI-oyKipyTu32Xd
190
16
တော်လှန်ရေး ခေါင်းစဉ်တပ် အကြီးကြီးတွေပြောပြီး ရူးချင်ယောင်ဆောင်သွားတဲ့ လူတွေ၊ မြန်မာနိုင်ငံအတွက်ဆိုပြီး မြန်မာစကားပြော ရေး/ထု
တော်လှန်ရေး ခေါင်းစဉ်တပ် အကြီးကြီးတွေပြောပြီး ရူးချင်ယောင်ဆောင်သွားတဲ့ လူတွေ၊ မြန်မာနိုင်ငံအတွက်ဆိုပြီး မြန်မာစကားပြော ရေး/ထုတ်လွင့်ခဲ့ပြီး အမှားတွေကို ပြင်ဆင်ချက် မထုတ်တဲ့ တာဝန်မဲ့ မီဒီယာတွေ၊ ဆိုရှယ်မီဒီယာကနေ ကြော်ငြာခ ပိုက်ဆံကိုသာ ယူပြီး လူကြည့်များဖို့ပဲ ရည်ရွယ်ပြောဆိုခဲ့သူတွေ၊ အမှန်တရားဆိုပြီး ကိုယ့်ဘာသာ ခံယူ လုပ်ကိုင်ပြီး အကွက်ပြောင်းသွားတဲ့သူတွေ၊ ဆိုင်းဘုတ်ချိန်းလိုက်တာတွေ၊ ရန်သူကိုထားအုန်း ကိုယ့်ဖက်ကို ဝေဖန်လိုက်တာနဲ့ လူသေစေအောင် အောက်တန်းကျစွာ ဒလန် ဘောမ ပြောဆိုခဲ့သူတွေ သူတွေ သူတွေ အားလုံးကို ခင်ဗျားတို့ ပြတ်ပြတ်သားသားရွှေး ရွှေးထားတာကို တန်ပြန် စစ်၊ အခြားသူပြောလာရင်တောင် ခိုင်မာကြောင်းပြနိုင်အောင်စစ် ပြီးရင်ထပ်ရွှေးပါ။ ပြီးရင် ပိုကောင်းအောင် အကြံပေး ထောက်ပြပြီး အားပေးဝန်းရံဖို့ လိုပြီ မြေပြင်မှာ လုပ်တယ်ဆိုပေမယ့် မီဒီယာဖော်က လူထုက ပိုကျယ်ပြန့်တယ်။ ပိုထိရောက်တယ် ဝိုင်းတွန်းရင် အရွှေ့တစ်ခုကို ရောက်စေတယ်။ ကိုယ့်ရွှေးချယ်မှု့ကို ကိုယ်ယုံကြည်ပါ၊ ဒါအပြင် အခြားသူကိုလည်း ဘာကြောင့်ရွှေးလည်း ပြောပြပါ။ သဘောပေါက်ပါစေလို့ မျှော်လင့်ရင်း #FV
167
17
အိမ်တစ်လုံးကို မီးဝိုင်းရှို့နေတဲ့ အချိန်မှာ အထဲကလူက အသက်ရှင်ဖို့ ထွက်ပြေးတာကို သစ္စာဖောက်လို့ သတ်မှတ်မလား၊ ဒါမှမဟုတ် တမင် မီးဝိုင်းရှို့တဲ့ လူတွေကို အပြစ်တင်မလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။ ကိုယ့် အသက်အန္တရာယ် ကြုံလာတဲ့ အချိန်မှာ ဘယ်သူမဆို ထွက်ပေါက်ကို ရှာကြမှာပဲ ဆိုတဲ့ အချက်ကို လျစ်လျူရှုပြီး အများစုရဲ့ အသံနောက် လိုက်နေတာဟာ တကယ့် အမှန်တရား ဟုတ်ရဲ့လား ဆိုတာ ဒီဗီဒီယိုကို ကြည့်ပြီးရင် အဖြေပေါ်လာလိမ့်မယ်။ အောက်က ကွန်မင့်မှာ ခင်ဗျားတို့ရဲ့ အမြင်ကို ပြတ်ပြတ်သားသား ဝင်ဆွေးနွေးသွားကြဖို့ ဖိတ်ခေါ်တယ်။ https://youtu.be/8WtaVxv3FwM?si=sjtyXowrtQoNGvT8
198
18
တော်လှန်ရေးအဖွဲ့တချို့က ဘာလို့ ဓလေ့မပျက် ပုံပြစစ်ဆင်ရေး (Ritual Photo-op) လုပ်နေတာလဲ? စစ်ကောင်စီက ကလေးမြို့ (ကလေး ဒကစ) ကို အသည်းအသန် လူအင်အား သွင်းနေတာ ဘာကြောင့်လဲ? မန္တလေးနဲ့ ဧရာဝတီ (ဂွ၊ ကျိန္တလီ) ဘက်မှာ ဘာတွေဖြစ်နေလဲ? AA ခေါင်းဆောင် ဒဏ်ရာရတယ် ဆိုတဲ့ သတင်းတုကို စစ်တပ်ရော၊ အတိုက်အခံတချို့ကပါ ဘာဖြစ်လို့ ဝိုင်းဖြန့်နေကြတာလဲ? NUG ရဲ့ အားနည်းချက်က ဘာလဲ? ဗဟိုကွပ်ကဲမှု မရှိတာ၊ အဲဒါက ဘာဖြစ်လာနိုင်လဲ? စတာတွေ ပါတဲ့ Live ပါ။ https://www.youtube.com/live/sNyXgtyVFsI?si=H0Bsg9Y-kKFl01Pb
199
19
“ကျွန်တော် ကိုနေ Frontline Voice (FV) ဟာ ၅ နှစ်တိုင် ဘယ်အဖွဲ့အစည်း၊ ဘယ်ထိပ်သီးဆီကမှ ရန်ပုံငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ အခုထက်ထိ
“ကျွန်တော် ကိုနေ Frontline Voice (FV) ဟာ ၅ နှစ်တိုင် ဘယ်အဖွဲ့အစည်း၊ ဘယ်ထိပ်သီးဆီကမှ ရန်ပုံငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ အခုထက်ထိ ပြည်သူ့ဘက်ကပဲ လွတ်လပ်စွာ ရပ်တည်ခဲ့ပါတယ်။ မတရားမှုတွေ၊ အခုလို ဖုံးကွယ်စရာပေါ်ချိန် ပုံပြလုပ်စားတာတွေကို ဘယ်သူ့မျက်နှာမှမငဲ့ဘဲ ပြတ်ပြတ်သားသား ချပြခဲ့ပြောဆိုတင်ပြခဲ့တာ ခင်ဗျားတို့ အသိပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု လတ်တလော ဘက်ပေါင်းစုံ အကြပ်အတည်းကြုံနေကြရတာလည်း မြင်ကြမှာပါ။ ဒီလို အခြေအနေမှာ YouTube ကြော်ငြာခသက်သက်နဲ့ ရှေ့ဆက်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော် လစဉ် သုံးနေရတဲ့ နည်းပညာခ၊ ဆော့ဖ်ဝဲလိုင်စင်ခတွေ၊ အင်တာနက်ခတွေနဲ့ မြေပြင်သတင်းကွန်ရက် လည်ပတ်ခတွေဟာ လစဉ် အကူညီထက် ပိုများနေလို့ ဘဏ္ဍာရေး အရ အသံတိတ်ရ/ ပိတ်ရမယ့် အခြေအနေ ရောက်နေပါတယ်။ ကျွန်တော် ခင်ဗျားတို့ဆီကနေ ပိုက်ဆံ အလကား တောင်းနေတာ မဟုတ်ပါဘူး။ လေသံမာမာနဲ့ အထက်စီးက ပြောတာလည်း မဟုတ်သလို အားနာပြီး မပြတ်သားတာလည်း မဖြစ်ချင်ပါဘူး။ အခုလို အမှန်တရားကို ဖုံးကွယ်ပြီး ဂျင်းရောင်းနေတဲ့ မီဒီယာကြီးတွေကြားထဲမှာ ‘ပြည်သူ့အတွက် တကယ့်မြေပြင်အသံ’ လို့ အာမခံတဲ့ FV ဆက်ပြီး ရှင်သန်နေစေချင်ရင် ခင်ဗျားတို့ တိုက်ရိုက် ပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။ ပြည်ပရောက်နေတဲ့ ပြည်သူတွေ၊ ပြည်တွင်းက တတ်နိုင်တဲ့ ပြည်သူတွေအနေနဲ့ ကိုယ်တတ်နိုင်သလောက် ချက်ချင်း ပံ့ပိုးပေးကြပါ။ ခင်ဗျားတို့ရဲ့ ထောက်ပံ့မှုဟာ ကျွန်တော့်ရဲ့ အသက်တင်မကပါဘူး၊ မြန်မာပြည်အတွက် အမှန်တရားရဲ့ အသက်ကိုပါ ဆက်ပေးတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ဝိုင်းမတ်ပေးမှ ကျွန်တော် ဒီထက် ပိုပြတ်ပြတ်သားသား ဆက်ပြော ဆက်အော်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။” #KoNay #FV (ဒါဟာ နားလည်သူများကိုသာ ရဲရဲတင်းတင်း အာမခံပြီး ပြောတဲ့ လေသံဖြစ်ပြီး၊ ဒီရက်ပိုင်းမှာ အကူအညီကိစ္စ ထည့်ထည့်ပြောနေရလို့ အပြတ်ပြောတာပါ။ အခုလိုပြောရတာ…)
216
20
တစ်ယောက်တော့ live နဲ့ ထွက်လာပြီ ငါ ပျင်းပြီပေါ့ ကွာ ဆော် လိုက်ရှာမယ်
တစ်ယောက်တော့ live နဲ့ ထွက်လာပြီ ငါ ပျင်းပြီပေါ့ ကွာ ဆော် လိုက်ရှာမယ်
244