es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 475 suscriptores, ocupando la posición 15 941 en la categoría Noticias y medios y el puesto 10 074 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 475 suscriptores.

Según los últimos datos del 01 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -216, y en las últimas 24 horas de -7, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.87%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.74% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 232 visualizaciones. En el primer día suele acumular 841 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 02 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 475
Suscriptores
-724 horas
-197 días
-21630 días
Archivo de publicaciones
👍🩸 🇪🇺"ယူကရိန်းပြည်သူတွေဟာ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက်မှာတော့ ဥရေ
👍🩸 🇪🇺"ယူကရိန်းပြည်သူတွေဟာ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက်မှာတော့ ဥရောပဟာ ရုရှားရဲ့ရန်ကနေ ကာကွယ်ရေးစနစ် တည်ဆောက်ဖို့ အချိန်ရအောင် ယူကရိန်းကို လုံခြုံရေးဒိုင်းသဖွယ် ဆက်အသုံးချဖို့ ရှုမြင်နေကြပါတယ်။" - ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ဟောင်း အန်ဒရေ မဲလ်နစ်ခ် (Andrey Melnyk) က ဒီ ဗဲ့လ်ထ် (Die Welt) သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ News Of Myanmar NOM

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများ
+3
ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများကို ကြည့်ရှုအားပေး ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်တရားရုံးအသစ် ဆောင်ရွက်နေမှု၊ အမှတ် (၄) လမ်း ကျောက်စီရေနုတ်မြောင်းနှင့် ပလက်ဖောင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ အခြေခံပညာအထက်တန်းကျောင်းများ၌ စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ မြို့နယ်တရားရုံးသို့ ရောက်ရှိပြီး ပြည်နယ်ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် လွိုင်ကော်မြို့နယ် တရားရုံး ၁၃၀ ပေx၅၀ ပေ သံကူကွန်ကရစ် တစ်ထပ်အဆောက်အအုံနှင့် သက်သေခံပစ္စည်းများ ထားသိုရန် ၃၀ ပေx၂၀ ပေ နှစ်ထပ်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်သွားရန်၊ လုပ်သားအင်အားနှင့် အလုပ်ချိန်တိုးမြှင့်ဆောင်ရွက်သွားရန်၊ မြေပြင်လုပ်ငန်းများသာမက ရုံးလုပ်ငန်းများပါ စနစ်တကျ အချိန်မီပြီးစီးစေရန် သက်ဆိုင်ရာဌာနများမှလည်း ကြီးကြပ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းရာနှုန်းပြည့် ပြီးစီး၍ စာရင်းစစ်ဆေးမှုခံနိုင်သည်အထိ ပြင်ဆင်ဆောင်ရွက်သွားရန် စသည်ဖြင့် မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်တရားရုံးနှင့် သက်သေခံပစ္စည်းများထားသိုရန် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့တွင်းရေစီးရေလာကောင်းမွန်ရေးနှင့် စနစ်တကျသွားလာနိုင်ရေးအတွက် ဒေါဉခူရပ်ကွက် အမှတ်(၄)လမ်းမကြီး တစ်လျှောက် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ကျောက်စီ ရေနုတ်မြောင်းနှစ်ဖက်နှင့် ပလက်ဖောင်းအရှည် ၂၂၅ မီတာ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ဆောင်ရွက်ပြီးစီးရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လမ်းနှင့် လမ်းပုခုံးများအား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေဖြင့် (၄၀ ပေ X ၃၀ ပေ) RCC တစ်ထပ် စာကြည့်တိုက် အသစ်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့အနေဖြင့်လည်း သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး စာကျက်ဝိုင်း၌ ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာကျက်မှတ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာသင်ဝိုင်းမှ ကျောင်းသားကျောင်းသူများကို ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့ အရောက်ကြိုးစားကြရန် မှာကြားပြီး ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာကျက်မှတ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

🇪🇺🤡 🇪🇺လက်ရှိ ဥရောပသမဂ္ဂ​၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကားလက်စ် (Kaja Kallas) က "ရုရှားဟာ အင်အားကြီးနိုင်ငံ
🇪🇺🤡 🇪🇺လက်ရှိ ဥရောပသမဂ္ဂ​၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကားလက်စ် (Kaja Kallas) က "ရုရှားဟာ အင်အားကြီးနိုင်ငံ မဟုတ်ပါဘူး" တဲ့။ 🤣 🔹 လက်တွေ့မြေပြင် အခြေအနေကတော့ - 👉 မော်စကိုဟာ လက်နက်ကြီးကျည် ထုတ်လုပ်မှုမှာ နေတိုး (NATO) အဖွဲ့ထက် ၄ ဆ ပိုများနေတယ်၊ ယူကရိန်းကို ၃၇ ဆ အသာစီးနဲ့ သွေးထွက်သံယို ဖြစ်စေနေတယ်၊ ဥရောပက မတားဆီးနိုင်တဲ့ ဟိုက်ပါဆိုးနစ် (Hypersonics) ဒုံးကျည်တွေကို အသုံးပြုနေတယ်၊ ပြီးတော့ PPP (ဝယ်ယူနိုင်စွမ်းအား) အရ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်နေပါတယ်။ ဥရောပကတော့ သူ့ရဲ့ စက်ရုံတွေကို ပိတ်ပစ်ပြီး ဒါကိုပဲ မဟာဗျူဟာလို့ ခေါ်နေတာ။ 😂 News Of Myanmar NOM

မကွေးတိုင်းဒသေကြီး၊ ဆောမြို့နယ် CDM လောက်ကောင် သားဖွားဆရာမ‌ စန်းစန်းထွေး (၅၂ နှစ်) နှစ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ
မကွေးတိုင်းဒသေကြီး၊ ဆောမြို့နယ် CDM လောက်ကောင် သားဖွားဆရာမ‌ စန်းစန်းထွေး (၅၂ နှစ်) နှစ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်၌ ၉၆ ပါးရောဂါဖြင့် သေ။ News Of Myanmar NOM

ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ဆီချောဆီ ရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အရည်
ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ဆီချောဆီ ရောစပ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အရည်အသွေးမှန်ကန်မှုရှိစေရေး ကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီချောဆီရောစပ်စက်ရုံနှင့် သီလဝါအထူး စီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီချောဆီရောစပ်စက်ရုံများကိုသွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စက်ရုံအသီးသီးမှ တာဝန်ရှိသူများက ပြည်ပမှစက်မှုကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌လိုအပ်နေသော စက်ဆီချောဆီအမျိုးမျိုး ရောစပ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအားနိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှု၊ စက်ဆီချောဆီ အမျိုးအစားများအလိုက် နိုင်ငံ တကာအသိအမှတ်ပြုလက်မှတ်များ ရယူဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စက်ဆီချောဆီအရည်အသွေးမပြည့်မီမှုသည် လယ်ယာနှင့် စက်မှုကဏ္ဍသုံး စက်ပစ္စည်း၊ ယန္တရားများ၊ မော်တော်ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် ရေရှည်အသုံးပြုနိုင်မှုအပေါ် ထိခိုက်မှုများစွာရှိလာမည်ဖြစ်သဖြင့် စက်ဆီချောဆီများ၏ အရည်အသွေးပြည့်မီရေးသည် အရေးကြီးပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများမှာယူရာတွင် အရည်အသွေးမှန်ကန်မှုဆိုင်ရာ အထောက်အထား၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနှင့်အတူ စနစ်တကျစာချုပ်ချုပ်ဆိုဝယ်ယူရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှတင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများအား စနစ်တကျသိုလှောင်ခြင်း၊ ရောစပ်ထုတ်လုပ်ရာတွင် အတည်ပြုထားသော Formula နှင့်အညီ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့်ကုန်ချောများ၏ အရည်အသွေးတစ်သမတ်တည်း ဖြစ်စေရေး စစ်ဆေးကြပ်မတ်သွား ရန်လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးဓာတ်ခွဲခန်းတွင် အလေးထားစစ်ဆေးကြသည့်အတွက် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း များ၏ အရည်အသွေးနှင့်စံ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။ အရည်အသွေး ပြည့်မီသော စက်ဆီချောဆီများကို သုံးစွဲသူပြည်သူများလက်ဝယ်သို့ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သုံးစွဲသူပြည်သူများ အာမခံချက်ရှိစေရေးအတွက် ကုန်ချောများအပေါ် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး အလုပ် အကိုင်အခွင့်အလမ်းများပိုမိုရရှိ လာစေမည်ဖြစ်ပါကြောင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင်အမြင်တင့်တယ် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး စက်ရုံများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်ချက်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဖားဆောင်းကို ပြန်သိမ်းလိုက်နိုင်တာ တကယ်ချီးကျူးရမှာကတော့ ခမရ - ၁၃၅ ပါပဲ ... မှတ်မိသလောက်ဆိုရင် ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကတည်းက KNDF ၊ KA(KNPP) နဲ့ KNPLF အဖွဲ့သုံးဖွဲ့ပေါင်းပြီး မ - ၁၃၄ နဲ့ မ -၁၃၅ တပ်ရင်းနှစ်ရင်းကလွဲရင်ဖားဆောင်းရဲ့ နေရာအားလုံးကို သိမ်းထားခဲ့တာပါ ... ပြောရရင် ဒီတပ်ရင်းတွေက သံလွင်အရှေ့ခြမ်းမှာ နောက်ဆုံးကျန်ခဲ့တဲ့ တပ်ရင်း နှစ်ရင်းပါပဲ ... ဒီတပ်တွေက တပ်ဧရိယာတဝိုက်လွဲရင်ဘယ်မှလည်း ထွက်မရ ၊ မျှော်လင့်ချက်လည်း မရှိသလောက်အခြေအနေကြောင့် မနှစ်ကတော့ မ - ၁၃၄ ကျသွားခဲ့ပါတယ် ... သိသူတွေက ၁၃၄ နဲ့ ၁၃၅ က အပေါ်တပ် ၊ အောက်တပ်လို့ ပြောကြပြီး မ - ၁၃၄ ကျတာနဲ့ မ - ၁၃၅ လည်း ကျမှာပဲလို့ ရင်းနှီးသူတချို့ပြောတာ ကြားရဖူးတယ် ... ဒါပေမယ့် ခမရ- ၁၃၅ က မကျပဲ ဆက်ခုခံနေတာ အံ့ဩစရာပါ (၁၃၄ က အင်အားအချို့လည်း ၁၃၅ ထဲ ပူးပေါင်းနိုင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်) တပ်က ဖားဆောင်းကို ပြန်သိမ်းလိုက်နိုင်တာကြောင့် (၂) နှစ်နီးပါးကြာအောင် ပိတ်မိနေတဲ့ မ -၁၃၅ တပ်နဲ့ မိသားစုဝင်တွေ လွတ်မြောက်လာကြပြီလို့ ပြောရမှာပါ ... ဖားဆောင်း ပြန်ရသွားတာကြောင့် ဘော်လခဲ - ဖားဆောင်း - မယ့်စဲ လမ်းကြောင်း ပြန်ပွင့်သွားပြီဖြစ်သလို "မယ့်စဲ"ကိုလည်း မကြာခင် ပြန်သိမ်းနိုင်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ် ... ဒါ့အပြင် သံလွင်မြစ်ကြောင်းကိုလည်း Check point တစ်ခုအနေနဲ့ ပြန်ထိန်းလိုက်နိုင်တဲ့သဘောပါပဲ ... ဟင်းလင်းပွင့်နေတဲ့ ထိုင်းနယ်စပ်ကို ပြန်စီးမိဖို့အတွက် "မယ့်စဲ"ဟာလည်း အရေးပါတဲ့ဒေသတစ်ခု ဖြစ်သလို မယ့်စဲကို သိမ်းနိုင်ရင် ထိုင်းထဲ ဥဒဟို ဝင်ထွက်ခွင့်ရနေတဲ့ လမ်းကြောင်းကိုလည်း တပ်ဘက်က တစိတ်တဒေသ ပြန်ထိန်းနိုင်မယ့် အခြေအနေမို့ ပွင့်လင်းရာသီမှာဆက်ပြီး ထိုးစစ်ဆင်နိုင်ပါတယ် ... ကယားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း မယ့်စဲ လမ်းကြောင်းကို ပိုအင်အားစုစည်းပြီး ကာမယ့်အခြေအနေ ဖြစ်သွားပြီလို့ ပြောရမယ်ထင်ပါတယ် ... ကာနယ်ချစ်ကောင်း

🇩🇪 ❌ 🇺🇸ဂျာမန် AfD ပါတီခေါင်းဆောင် အဲလစ်ဗိုက်ဒယ်လ် (Alice Weidel) က ဂျာမနီနိုင်ငံဟာ ရုရှားဆီက သဘာဝဓာတ်ငွေ့ ဝယ်ယူမှုကို ရပ်တန့်လိုက်ပြီးနောက် အမေရိကန်ဆီကနေ သဘာဝဓာတ်ငွေ့ရည် (LNG) တွေကို ပြောင်းလဲဝယ်ယူနေရတဲ့ အခြေအနေကို အခုလိုထောက်ပြဝေဖန်ထားပါတယ်။ "ကျွန်မတို့ဟာ ရုရှားအပေါ် စွမ်းအင်မှီခိုနေရမှုကို အမေရိကန်အပေါ် မှီခိုတဲ့အဖြစ်မျိုးနဲ့ အလွယ်တကူပဲ အစားထိုးလဲလှယ်လိုက်ကြတာပါ။" "ပြီးတော့ စျေးနှုန်းက ငါးဆတောင် ပိုကြီးမြင့်နေပါတယ်။" News Of Myanmar NOM

🇩🇪 ☢️ ဂျာမနီအစိုးရရဲ့ နျူကလီးယားစွမ်းအင်သုံးစွဲမှုကို ရပ်တန့်ပြီး စက်ရုံတွေကို ဖျက်သိမ်းနေတဲ့ စွမ်းအင်မူဝါဒနဲ့ ပတ်သက်ပြီး ဂျာမန် AfD ပါတီခေါင်းဆောင် အဲလစ် ဗိုက်ဒယ်လ် (Alice Weidel) ရဲ့ ဒေါသတကြီး ပြောကြားချက်- "ပြင်သစ်၊ တရုတ်၊ အမေရိကန်... စတဲ့ ကျွန်မတို့ ပတ်ဝန်းကျင်နိုင်ငံတွေအားလုံးမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်နေကြတာပါ။ ဂျာမနီတစ်နိုင်ငံတည်းပဲ ဒါတွေကို ဖောက်ခွဲဖျက်ဆီးပစ်နေတာ။ ပြီးတော့ ကျွန်မတို့ဆီမှာက စွမ်းအင်စျေးနှုန်းတွေဟာ အမြင့်မားဆုံး ဖြစ်နေပြီ။ ဒါဟာ အစစ်အမှန် ...မိုက်မဲမှု ဒါမှမဟုတ် တမင်တကာ ဖျက်လိုဖျက် ဆီးလုပ်တာ မဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ?" News Of Myanmar NOM

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို
+3
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ News Of Myanmar NOM

🤍 💸💸"ကာရေဘီယံစစ်ရေးအင် အားချဲ့ထွင်မှုအတွက် ပင်တဂွန်က ဒေါ်လာ ၂.၉ ဘီလီယံ ကုန်ကျ" ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်
🤍 💸💸"ကာရေဘီယံစစ်ရေးအင် အားချဲ့ထွင်မှုအတွက် ပင်တဂွန်က ဒေါ်လာ ၂.၉ ဘီလီယံ ကုန်ကျ" ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးဖို့ လုပ်ဆောင်ချက်ဟာ "မြန်ဆန်ပြီး ထိရောက်တယ်" လို့ ထရမ့်အစိုးရအဖွဲ့က ချီးကျူးပြောဆိုနေပေမဲ့ ဒီစစ်ဆင်ရေးနဲ့ ကာရေဘီယံဒေသတွင်း အမေရိကန်ရဲ့ တခြားသော စစ်ရေးလှုပ်ရှားမှုတွေနောက်ကွယ်က ကုန်ကျစရိတ်ဟာ အလွန်ကြီးမားနေပြီး ဒါကို အမေရိကန်အခွန်ထမ်းပြည်သူတွေက ပေးဆောင်နေရတယ်လို့ Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။ ခန့်မှန်းခြေစာရင်းများအရ - 🌍 ကာရေဘီယံရှိ အမေရိကန်စစ်တပ်ရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ ဒေါ်လာ ၂.၉ ဘီလီယံ ရှိပါတယ်။ 🌍 ကာရေဘီယံရှိ တရားမဝင် ရေကြောင်းကွန်ရက်တွေကို "စုံစမ်းဖော်ထုတ်ပြီး နှိမ်နင်းဖို့" ရည်ရွယ် တဲ့ Operation Southern Spear စစ်ဆင်ရေးဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းက စတင်ခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာ ၂ ဘီလီယံ ခန့် ရှိနိုင်ပါတယ်။ 🌍 နိုဝင်ဘာလကနေ ဇန်နဝါရီလအထိ စစ်ရေးအင်အား အမြင့်ဆုံးချဲ့ထွင်ခဲ့တဲ့ ကာလမှာ အမေရိကန် ဟာ တစ်ရက်ကို ဒေါ်လာ သန်း ၂၀ အထိ ကုန်ကျခဲ့ပါတယ်။ 🌍 ကာရေဘီယံစစ်ဆင်ရေးရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော USS Gerald Ford အတွက် ကုန်ကျစရိတ်ဟာ တစ်ရက်ကို ဒေါ်လာ ၁၁.၄ သန်း ရှိပါတယ်။ 🌍 USS Iwo Jima၊ USS Fort Lauderdale၊ USS San Antonio သင်္ဘောများနှင့် 22nd Marine Expeditionary Unit တို့ ရှိနေခြင်းအတွက် ကုန်ကျစရိတ်ဟာ တစ်ရက်ကို ဒေါ်လာ ၈.၅၉ သန်း ရှိခဲ့ပါတယ်။ 🌍 Operation Southern Spear ရဲ့ ကုန်ကျစရိတ်တွေဟာ ၂၀၂၆ ဘဏ္ဍာနှစ် အမေရိကန်အစိုးရရဲ့ ခန့်မှန်းခြေဘတ်ဂျက်ထက် ကျော်လွန်သွားဖို့ ရှိနေပါတယ်။ အမေရိကန်ပြည်သူတွေက ပေးဆပ်နေရချိန်မှာ ပင်တဂွန်နဲ့ အိမ်ဖြူတော်ဟာ ဒေါ်လာဘီလီယံပေါင်းများစွာကို တိတ်တဆိတ် သုံးဖြုန်းနေကြပါတယ်။ News Of Myanmar NOM

✈️💣"ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် စခန်းချနေသော AA အကြမ်းဖက်သမားများကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်" NOM ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် စခန်းချနေသော AA အကြမ်းဖက်သမားများ​၏ နေရာများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန်၌ တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သမားများသေဆုံးပြီး ဒဏ်ရာရသူအရေအတွက်လည်းများပြားကြောင်းသိရသည်။ News Of Myanmar NOM

🇨🇦 🇺🇸 "စစ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ကနေဒါနိုင်ငံက အမေရိကန် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများကို လျစ်လျူရှုထား" နေတိုး (NATO)
🇨🇦 🇺🇸 "စစ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ကနေဒါနိုင်ငံက အမေရိကန် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများကို လျစ်လျူရှုထား" နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ဝါရှင်တန်ဒီစီမှ ဖိအားပေးမှုများ ရှိနေသော်လည်းကနေဒါနိုင်ငံသည် အမေရိကန် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများထံမှ လက်နက်ဝယ်ယူမည့်အစား မိမိတို့နိုင်ငံ၏ ပြည်တွင်းစက်မှုလုပ်ငန်းများကို ဦးစားပေးရန် သို့မဟုတ် အခြားသော နိုင်ငံတကာ ရွေးချယ်စရာများကို ရှာဖွေရန် ဆုံးဖြတ်နေပုံရသည်။ ကနေဒါအစိုးရသည် ၎င်း၏ ကာကွယ်ရေး အသုံးစရိတ်များကို အဆင့်မြှင့်တင်ရန် စီစဉ်နေသော်လည်း အမေရိကန် စစ်လက်နက် ထုတ်လုပ်သူများကမူ ၎င်းတို့အတွက် အကျိုးအမြတ်များစွာ ရရှိမည့် အခွင့်အရေးများ ဆုံးရှုံးနေရသည်ဟု ခံစားနေကြရသည်။ အထူးသဖြင့် နောက်မျိုးဆက်သစ် တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများနှင့် စောင့်ကြည့်ရေး နည်းပညာများ ဝယ်ယူမည့် ကိစ္စရပ်များတွင် ကနေဒါ၏ တုံ့ပြန်မှုမှာ အေးစက်လျက်ရှိသည်။ ပြည်တွင်းဦးစားပေး မူဝါဒ အဓိက အငြင်းပွားစရာ အချက်မှာ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး၏ အစိုးရသည် စစ်လက်နက် ဝယ်ယူရာတွင် "ကနေဒါ ဦးစားပေး" မူဝါဒကို ကျင့်သုံးနေခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ကန်ထရိုက်စာချုပ်များကို ချုပ်ဆိုရာတွင် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် ကနေဒါ နည်းပညာ ကုမ္ပဏီများ ပါဝင်နိုင်မှုအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်း ဖြစ်သည်။ အမေရိကန်၏ စိုးရိမ်ပူပန်မှု ဝါရှင်တန်ရှိ တာဝန်ရှိသူများနှင့် လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများကမူ ကနေဒါ၏ ယခုလုပ်ရပ်သည် မြောက်အမေရိက တိုက်၏ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေနိုင်ကြောင်း သတိပေးနေကြသည်။ အမေရိကန် လက်နက်ထုတ်လုပ်သူ တစ်ဦးက "ကျွန်တော်တို့ရဲ့ နည်းပညာတွေက အဆင့်မြင့်ဆုံးဖြစ်ပြီး နေတိုး မဟာမိတ်တွေကြားမှာ အချိတ်အဆက် အမိဆုံး ဖြစ်ပါတယ်။ ဒါကို လျစ်လျူရှုတာဟာ ကာကွယ်ရေး စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။ တင်းမာမှုနှင့် အနာဂတ် ကနေဒါနိုင်ငံသည် ၎င်း၏ ဂျီဒီပီ (GDP) ၏ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုရန် နေတိုး၏ သတ်မှတ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မည်ဟု ကတိပြုထားသော်လည်း ထိုငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုမည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အမေရိကန် ကုမ္ပဏီများအတွက်မူ ကနေဒါ၏ ဈေးကွက်မှာ တံခါးပိတ်ထားသကဲ့သို့ ဖြစ်နေပြီး ယင်းက နှစ်နိုင်ငံကြား စီးပွားရေးနှင့် စစ်ရေး ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်စေနိုင်သည်။ ယခုဖြစ်ရပ်သည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ဈေးကွက်တွင် အမေရိကန်၏ လွှမ်းမိုးမှုကို စိန်ခေါ်နေပြီး၊ မဟာမိတ်နိုင်ငံများကြားတွင်လည်း မိမိတို့၏ ကိုယ်ပိုင် ကာကွယ်ရေး လုပ်ငန်းများကို ပိုမို အားကိုးလိုသည့် လမ်းကြောင်းသစ်တစ်ခု ဖြစ်လာနေသည်။ News Of Myanmar NOM 🤬 သိမ်မကြာခင်မှာ ဒေါ်နယ်ထရမ့်ရဲ့ Truth Social မှာ အရမ်းဒေါသထွက်နေတဲ့ ပို့စ်တွေကို မြင်ရဖို့သာ ပြင်ထားလိုက်တော့။

🤍 ⛴ USS Gerald R. Ford လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီးနောက်၊ အမေရိကန်ဟာ အီရန်ဘက်ခ
🤍 ⛴ USS Gerald R. Ford လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီးနောက်၊ အမေရိကန်ဟာ အီရန်ဘက်ခြမ်းမှာ လေယာဉ်တင်သင်္ဘော ၂ စင်း၊ ဖျက်သင်္ဘော ၁၅ စင်းနဲ့ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော အများအပြားကို အသင့်အနေအထား တပ်ဖြန့်ထားမှာ ဖြစ်ပါတယ်။ ဒါဟာ တိုမာဟော့ခ် (Tomahawk) ခရုစ်ဒုံးကျည် ၆၀၀ ကျော် တပ်ဆင်ထားတဲ့ အင်အားပဲ ဖြစ်ပါတယ်။ News Of Myanmar NOM

ဪ.. ကချင်ဒေသဘက်မှာလည်း KIA အသုံးချခံ PDF လေးတွေ သေကြတာ တစ်ရက် တစ်ရက် မနည်းလှဘူး - အမြင်မှန်ရပြီး အမြန်အလင်းဝင်သင့်ပြီ။ - တိုက
+6
ဪ.. ကချင်ဒေသဘက်မှာလည်း KIA အသုံးချခံ PDF လေးတွေ သေကြတာ တစ်ရက် တစ်ရက် မနည်းလှဘူး - အမြင်မှန်ရပြီး အမြန်အလင်းဝင်သင့်ပြီ။ - တိုက်ပွဲသတင်းစုံ NOM

CIA အကဲဖြတ်ချက် မှားယွင်းမှု - ရုရှား၏ ကာကွယ်ရေးလုပ်ငန်းကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေ "ဝါရှင်တန် (အမေရိကန်) မှာတော့ အခုချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားရဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ ခေတ်မီစနစ်တွေ ထုတ်လုပ်မှု တိုးမြင့်လာမှာကို သိသိသာသာ ဟန့်တားနိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ မိုက်ခရို အီလက်ထရောနစ်နဲ့ ချစ်ပ် (Chips) တွေကို နေရာတိုင်းမှာ အသုံးပြုနေကြတာပါ။ AK-100 အမျိုးအစား ရိုင်ဖယ်တွေပေါ်က မှန်ပြောင်းတွေမှာတောင် ပါဝင်ပါတယ်။ အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် ဥရောပက နိုင်ငံရေးသမားတွေက ပူတင် ဟာ အနောက်နိုင်ငံထုတ် အဝတ်လျှော်စက်တွေက ချစ်ပ်တွေကို ဖြုတ်ယူပြီး ဒုံးကျည်စနစ်တွေမှာ ပြန်တပ်နေရတယ်လို့ ပြောကြတဲ့အခါ ကျွန်တော်တို့ ပြုံးမိပါတယ်။ ဒါဟာ အဓိပ္ပာယ်မရှိတဲ့ ဝါဒဖြန့်မှုသက်သက်ပါပဲ။ တကယ်တော့ ကျွန်တော်တို့ ရုရှားနိုင်ငံရဲ့ ကိုယ်ပိုင် အီလက်ထရောနစ် လုပ်ငန်းတွေမှာ အရေးကြီးတဲ့ မိုက်ခရိုချစ်ပ် အတော်များများကို ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ဟုတ်ပါတယ်။ အရွယ်အစား ဒါမှမဟုတ် တချို့သော စွမ်းဆောင်ရည် ပိုင်းမှာတော့ စီလီကွန်တောင်ကြား ဒါမှမဟုတ် ထိုင်ဝမ်က ထုတ်ကုန် တွေထက် အနည်းငယ် နောက်ကျနေကောင်း နောက်ကျနေနိုင်ပါတယ်။ ဒါပေမဲ့ ဒုံးကျည်ထဲက ချစ်ပ်တစ်ခုဟာ အလေးချိန် ပိုများနေပေမဲ့ တူညီတဲ့ လုပ်ဆောင်ချက်ကိုပဲ လုပ်ဆောင်နိုင်တယ်ဆိုရင်တော့ လက်တွေ့အသုံးချမှုအပိုင်းမှာ ဘာမှ ကွာခြားမှု မရှိပါဘူး။ ဒါကြောင့် ပြဿနာရဲ့ တစ်စိတ်တစ် ပိုင်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်ခြင်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် မိုက်ခရို အီလက်ထရောနစ်နဲ့ အီလက်ထရောနစ် အခြေခံပစ္စည်းတွေကို တိုးချဲ့ထုတ်လုပ်ခြင်းအားဖြင့် ဖြေရှင်းနိုင်ခဲ့ပါတယ်။ တချို့နေရာတွေမှာတော့ မိတ်ဖက်နိုင်ငံတွေကလည်း ကျွန်တော်တို့ကို ကူညီပေးခဲ့ကြပါတယ်။ အရေးအကြီးဆုံးကတော့ ပိတ်ဆို့အရေးယူမှုတွေဟာ သူတို့ ရည်ရွယ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒီအချက် နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင် တာက အမေရိကန်ထောက်လှမ်းရေး CIA ရဲ့ အကဲဖြတ်ချက်တွေနဲ့ ဘိုင်ဒန် (Biden) နဲ့ ဆူလီဗန် (Sullivan) တို့ဆီ သူတို့ ပေးခဲ့တဲ့ အကြံပြုချက်တွေဟာ ကျွမ်းကျင်ပိုင်နိုင်စွာ ပြင်ဆင်ထားတာ ဖြစ်နိုင် ပေမဲ့ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကျော်လွှားနိုင်စွမ်းကိုတော့ ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ခဲ့ကြပါတယ်။" - ဟု စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ အီဂေါ ကိုရော့ချန်ကို (Igor Korotchenko) က ပြောကြားခဲ့သည်။ News Of Myanmar NOM

Repost from NOM
ယူကရိန်းစွမ်းအင်ဝန်ကြီးဟောင်း German Galushchenko ဟာ နိုင်ငံတွင်းက ထွက်ပြေးဖို့ ကြိုးစားချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတ
ယူကရိန်းစွမ်းအင်ဝန်ကြီးဟောင်း German Galushchenko ဟာ နိုင်ငံတွင်းက ထွက်ပြေးဖို့ ကြိုးစားချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ Golden Toilet လို့ နာမည်ကြီးနေတဲ့ အဂတိလိုက်စားမှုစီမံကိန်းမှာ ပါဝင်ပတ်သက်နေခဲ့ပြီး ဇယ်လင်စကီးရဲ့ မဟာမိတ်လည်းဖြစ်တဲ့ သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီရဲ့ တောင်းဆိုချက်အရ ရထားပေါ်မှာ ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။ News Of Myanmar NOM

📱✈️"iPhone ကို ဂျေးလ်ဘရိတ် (Jailbreak) လုပ်သလိုမျိုး F-35 ကိုလည်း လုပ်လို့ရတယ်" ဟု နယ်သာလန်ကာကွယ်ရေးဝန်ကြီးပြော 🇳🇱 အကယ်၍ အ
📱✈️"iPhone ကို ဂျေးလ်ဘရိတ် (Jailbreak) လုပ်သလိုမျိုး F-35 ကိုလည်း လုပ်လို့ရတယ်" ဟု နယ်သာလန်ကာကွယ်ရေးဝန်ကြီးပြော 🇳🇱 အကယ်၍ အမေရိကန်အစိုးရက F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ၏ ဆော့ဖ်ဝဲလ် မြှင့်တင်ခြင်းများအပေါ် တင်းကျပ်သော ထိန်းချုပ်မှုများ ပြုလုပ်လာပါက ဥရောပနိုင်ငံများအနေဖြင့် ယင်းကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်ခြေရှိကြောင်း နယ်သာလန် ကာကွယ်ရေးဝန်ကြီး ဂိုက်စ် တူအင်မန် (Gijs Tuinman) က ပြောကြားခဲ့သည်။ ၎င်းက BNR Nieuwsradio ပေါ့တ်ကတ်စ် (podcast) တစ်ခုတွင် ပြောကြားရာ၌ F-35 တိုက်လေယာဉ်များ၏ ဆော့ဖ်ဝဲလ်စနစ်ကို iPhone တစ်လုံးကို Jailbreak လုပ်သကဲ့သို့ ပြုလုပ်နိုင်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ 👉Jailbreak: ဂျေးလ်ဘရိတ် (မူရင်းထုတ်လုပ်သူ၏ ကန့်သတ်ချက်များကို ကျော်ဖြတ်၍ ဆော့ဖ်ဝဲလ်ကို ပြင်ဆင်ခြင်း) News Of Myanmar NOM

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ဖေဖော်ဝါရ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ရှင်းလင်းတင်ပြ တွေ့ဆုံစဉ် ပြည်နယ်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း စက်မှုလုပ်ငန်းများ စစ်ဆေးခဲ့မှု၊ စက်မှုလုပ်ငန်းများအကောင်အထည်ဖော်မှု၊ လျှပ်စစ်၊ ဘွိုင်လာ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လျှပ်စစ်၊ ဘွိုင်လာများ စတင်အသုံးပြုခဲ့မှု၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများစတင် ပေါ်ပေါက်လာမှုနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ထိန်းကျောင်းခဲ့သည်ကို သုတေသနပြုလုပ်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်များကို မြို့နေပြည်သူများအတွက် လိုအပ်သော စားသောက်ကုန်၊ အသုံးအဆောင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန်ရည်ရွယ် တည်ထောင်ထားခြင်းဖြစ်၍ ရည်မှန်းချက်ပြည့်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း၌ MSME လုပ်ငန်းအရေအတွက်များကို စာရင်းကောက်ယူပြီး ဖွံ့ဖြိုးတိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့် လေ့လာသုံးသပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်၍ ထိရောက်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည် ဖြစ်ကြောင်းပြောကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

🇮🇱 🔪 🤍 အမေရိကန်ထောက်လှမ်းရေး စီအိုင်အေ (CIA) အရာရှိဟောင်း ဂျွန်ကီရီယာကူး (John Kiriakou) က အစ္စရေးထောက်လှမ်းရေးအေးဂျင့်များနှင့် ပတ်သက်သည့်ပြောကြားချက်- "ကျွန်တော်တို့ (အမေရိကန်) ရဲ့ ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ၉၉ ရာခိုင်နှုန်းကို အစ္စရေးကို ပေးထားပြီးသားပါ။ အစ္စရေးထောက်လှမ်းရေးအေးဂျင့်တွေ အမေရိကန်ကိုလာတာက ကျန်တဲ့ ၁ ရာခိုင် နှုန်းကို ခိုးယူဖို့အတွက်ပဲ ဖြစ်ပါတယ်" "အမေရိကန်တစ်ဝှမ်းမှာ ထုတ်ဖော်ကြေညာထားခြင်းမရှိတဲ့ အစ္စရေးမော့ဆက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အေးဂျင့်ပေါင်း ၁၈၇ ဦး ရှိနေပါတယ်။ အစ္စရေးတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေတွေ မဟုတ်ကြပါဘူး။" News Of Myanmar NOM

တာချီလိတ်မြို့ မယ်ခေါင် မြစ်အတွင်းရှိသဲချောင်းတွင် ရေနစ်ပျောက်ဆုံးနေသော(၁၀)တန်းကျောင်းသားသုံးဦး ဆက်လက်ရှာဖွေ NOM၊ဖေဖော်ဝါရီ၁၆
တာချီလိတ်မြို့ မယ်ခေါင် မြစ်အတွင်းရှိသဲချောင်းတွင် ရေနစ်ပျောက်ဆုံးနေသော(၁၀)တန်းကျောင်းသားသုံးဦး ဆက်လက်ရှာဖွေ NOM၊ဖေဖော်ဝါရီ၁၆၊၂၀၂၆ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မိုင်းဖုန်းအုပ်စုစံဖူးကျေးရွာရှိမယ်ခေါင် မြစ်အတွင်းရှိသဲချောင်းတွင် ရေနစ်ပျောက် ဆုံးနေသော(၁၀)တန်းကျောင်းသားသုံးဦးကို ယနေ့ဖေဖော်ဝါရီ၁၆ရက်နေ့တွင် လေးရက်မြောက်ထပ်မံရှာဖွေမှုများပြုလုပ်မည်ဟု ရွှေမယန်း(တာချီလိတ်)အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့မိုင်းဖုန်းအုပ်စုစံဖူးကျေးရွာရှိမယ်ခေါင်မြစ်အတွင်းရှိသဲချောင်းတွင် ဖေဖော်ဝါရီ၁၃ရက် နေ့က၁၀တန်းကျောင်းသားရှစ်ဦးမှာ ရေဆင်ကူးရာမှာငါးဦးမှာရေနစ်ခဲ့ သော်လည်းနှစ်ဦးမှာ ရုန်ကန်မှုများပြု လုပ်ခဲ့သည့်အတွက် အသက်ဘေးမှလွတ်မြောက်လာခဲ့ပြီးကျန်သုံးဦးမှာယနေ့ချိန်ထိပျောက်ဆုံနေကြောင်းသိရသည်။ ရေနစ်ပျောက်ဆုံးနေသော(၁၀)တန်းကျောင်းသားသုံးဦးရှာရာတွင်လက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့စုံအပါအဝင် ရွှေမယ်ယန်းအဖွဲ့မှပူးပေါင်းရှာဖွေ ကူညီပေး နေကြောင်းသိရသည်။