es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 491 suscriptores, ocupando la posición 15 903 en la categoría Noticias y medios y el puesto 10 062 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 491 suscriptores.

Según los últimos datos del 28 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -221, y en las últimas 24 horas de 14, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.54%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.70% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 192 visualizaciones. En el primer día suele acumular 837 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 29 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 491
Suscriptores
+1424 horas
-97 días
-22130 días
Archivo de publicaciones
၂၀၂၁ နိုင်ငံရေး အကျပ်အတည်း ပြဿနာဆိုတာက မဲ မရှင်းပေးတာက စတဲ့ ပြဿနာ။ ဒီမဲ ရှင်းပေးဖို့ဆိုတာအတွက်လည်း တပ်က အကြိမ် ပေါင်း တသောင်း
၂၀၂၁ နိုင်ငံရေး အကျပ်အတည်း ပြဿနာဆိုတာက မဲ မရှင်းပေးတာက စတဲ့ ပြဿနာ။ ဒီမဲ ရှင်းပေးဖို့ဆိုတာအတွက်လည်း တပ်က အကြိမ် ပေါင်း တသောင်းလောက် တောင်းဆိုခဲ့တာ။ ပထမ UEC ကနေ မဲစာရင်းတောင်းတယ်။ ဆန္ဒမဲ ပေးတဲ့ အခြေခံ မဲစာရင်းတွေ တောင်းတယ်။ သတင်းစာရှင်းလင်းပွဲတွေကနေ တပ်မတော်နဲ့ သမ္မရုံးက အပြန်အလှန် ငြိကြတယ်။ တတိယအကြိမ် မဲဆန္ဒရှင် စာရင်းတောင် မပေးနိုင်တဲ့ UEC က အဲ့မှာတင် တိုင်ပတ်နေပြီ။ UEC က မနိုင်တော့လို့ အထူးလွှတ်တော် ခေါ်ဖို့ ပြောတယ်။ ကိုဗစ်ပြပြီး ငြင်းတယ်။ ကိုဗစ်ပြပြီး ငြင်းတဲ့ လွှတ်တော်က အစိုးရဖွဲ့နိုင်မယ့် တတိယအကြိမ် လွှတ်တော်ကြတော့ ခေါ်နိုင်သတဲ့။ တပ်က နောက်ဆုံးအခြေအနေအထိ မသွားချင်လို့ ဥပဒေလမ်းကြောင်းအရ ဖြစ်နိုင်သမျှ လိုက်လုပ်တယ်။ နောက်ဆုံး စာချွန်တော် လမ်းကြောင်းကအစ တောင်းဆိုတယ်။ သမ္မတအထိပါ တောင်းဆိုတယ်။ တတိယအကြိမ် လွှတ်တော် ခေါ်တာ ဆိုင်းထားဖို့၊ မဲ စာရင်းဖြေရှင်းပြီးမှသာ လွှတ်တော် ခေါ်ယူဖို့။ တပ်မတော် တောင်းဆိုတာ ခပ်ရှင်းရှင်းလေးရယ်။ ဒီ ပရောဆက်ကြီးကာလ တစ်လျှောက်လုံး UEC နဲ့ရော၊ NLD အစိုးရအနေနဲ့ပါ ဖြေရှင်းလို့ ရနိုင်တဲ့ နိုင်ငံရေး ထွက်ပေါက်တွေ အများကြီး။ အကုန်လုံးက ဘူးခံငြင်းပြီး နိုင်ငံကို ပဋိပက္ခ ထဲ လက်သိပ်ထိုး ထည့်သွားခဲ့ကြတာ။ မဲ ပြဿနာ ကိစ္စ မပြောသေးနဲ့။ ဖြိုးမင်းသိန်းက လဘ်ပေးလဘ်ယူ ကိစ္စကို တောင် ကျွန်မ မယူဘူးလို့ မငြင်းနိုင်ဘူး။ အခြေမမြစ်မရှိဘူးလို့ပဲ ဝှေ့ဝိုက်ဖြေတာ။ ဒေါ်စုကို လွှတ်စေချင်ရင် အရှင်လတ်လတ် ရှိနေတဲ့ ဖြိုးမင်းသိန်းနဲ့ မောင်ဝိတ်တို့က ပြောင်းပြန် ပြန်ဖြေ မှပဲ ရမယ်။ ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်မှာ တပ်မတော်က အာဏာ ယူလိုက်လို့ အကျပ်အတည်း ပိုဖြစ်ရပါတယ်လို့ ပြောတဲ့ RCSS လည်း ဒီလို ဖြစ်နေတဲ့ အချိန်မှာ ဒီပြဿနာက စားပွဲဝိုင်းမှာ ဥပဒေအရ ဖြေရှင်းပါလို့လို့ အသံထွက်ခဲ့ဖူးသလား။ RCSS မှ မဟုတ်ဘူး။ ဘယ် EAO ခေါင်းဆောင်တွေ၊ ဘယ်နိုင်ငံရေး ဂရုတွေက NLD အစိုးရကို ဥပဒေအတိုင်း ရှင်းပေးသင့်ပါတယ်ဆိုတဲ့ စကားမျိုး ပြောထွက်ခဲ့ကြဖူးလို့လဲ။ ခုမှ မြအေးတို့လို ပေါကြောင်တွေက နိုင်ကျဉ်းတွေကို လွတ်ငြိမ်း ခွင့်ပြုတာ၊ နိုင်ငံရေး သမားတွေ လွတ်တာ အနာဂတ်အတွက် ကောင်းလာနိုင်ပါတယ်။ ဒေါ်စု တို့ လွတ်ပေးရင် ပိုရင်ကြားစေ့နိုင်ပါ့မယ်တွေ ခု မှ လာလုပ်နေတယ်။ ပြဿနာ မဖြေရှင်းဘဲ ထောင်ထဲမှာ သွားနေနေတဲ့ သူတွေကို သူတို့ထွက်လာမှ ဒီပြဿနာ ပြီးသွားမယ်လို့ ထင်တဲ့ Logic က သေးတော့ မသေးဘူး။ မှတ်မိမလားတော့ မသိဘူး။ ၂၀၁၅ မှာ NLD နိုင်တော့ ခုပဲ မြန်မာနိုင်ငံကြီး ဒီမိုကရေစီတွေရပြီး လူတိုင်းက ချမ်းသာတော့မယ် ပုံစံမျိုး။ ဂွမ်မော်တို့က နပတ ပြေးလာပြီး NCA ချက်ခြင်း ထိုးမယ့်ပုံစံမျိုး။ ပြောခဲ့ကြ၊ ယုံကြည်ခဲ့ကြတာပဲ မဟုတ်လား။ NLD သောက်ဖြစ် ရှိ၊ မရှိဆိုတာ ၂၀၁၅-၂၀၂၀ ကာလ အစိုးရတစ်ရပ် စီမံခန့်ခွဲမှု ကိစ္စတွေ ပြန်သုံးသပ်ကြည့်ကြပေါ့။ (နရီမိုး)

ဟင်္သာတမြို့နယ်တွင် အိုးဝေနှင့် ကုန်ကားတိုက်မိ သုံးဦးသေဆုံး ၊ လေးဦးဒဏ်ရာရ NOM၊မတ် ၃ ၊ ၂၀၂၆ ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်၊
ဟင်္သာတမြို့နယ်တွင် အိုးဝေနှင့် ကုန်ကားတိုက်မိ သုံးဦးသေဆုံး ၊ လေးဦးဒဏ်ရာရ NOM၊မတ် ၃ ၊ ၂၀၂၆ ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်၊ နင်းကြမ်းကျေးရွာ၊ ဟင်္သာတ - ဇလွန်ကားလမ်း မိုင်တိုင်အမှတ်(၃/၃)နှင့်(၃/၄)အကြားတွင်မတ် ၃ ရက်နံနက်အစောပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း လှုမှုကူညီရေးအဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာဇလွန်ဘုရားပွဲမှ ပြန်လာသည့် အိုးဝေကားနှင့်င်္ဟသာတမှရန်ကုန်သို့မောင်းနှင်လာ‌ေသာကုန်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး အိုးဝေပေါ်လိုက်ပါလာ‌ သောအမျိုးသားသုံး​ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ အဆိုပါယာဥ်တိုက်မှုကို ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များဟင်္သာတခရိုင်ကွန်ယက်လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့က ကူညီရေးလုပ်ဆောင်ပေးခဲ့ပြီး လူနာများကို ဟင်္သာဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည် ။

"အီရန်နိုင်ငံတောင်ပိုင်း၊ ခိုမိန်းနီမြို့ ကောင်းကင်ယံမှာ ဇီယွန်ဝါဒီ (အစ္စရေး) တို့ရဲ့ ဒရုန်းတစ်စင်း ပစ်ချခံလိုက်ရတဲ့ ဗီဒီယို" NOM

စက်သုံးဆီပြက်လပ်မှုမရှိအောင်ဆောင်ရွက်ထားပြီး ကမ္ဘာ့ရေနံစျေးကြောင်း စျေးနှုန်းများအနည်ငယ်မြင့်တက်လာနိုင် NOM၊မတ်၃၊၂၀၂၆ မြန်မာနိုင်ငံအတွင်းလက်ရှိ စက်သုံးဆီများနှင့်ပက်သတ်ပြီးစက်သုံးပြက်လပ်မှုမရှိအောင်ဆောင်ရွက်ထားပြီးစျေးနှုန်းများမှာကမ္ဘာ့ရေနံစျေးကြောင်း စျေးနှုန်းများအနည်ငယ်မြင့်တက်လာနိုင်ကြောင်းကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းမှနီစပ်သူများထံမှာသိရသည်။ လက်ရှိပြည်သူများမှာအစ္စရေးနှင့် အမေရိကန်တို့နှင့် အိရန်နိုင်ငံတို့၏ တိုက်ပွဲများကြောင့် ဟော်မုခ်ရေလက်ကြားကို ပိတ်ဆို့လိုက်သည့်အတွက်စက်သုံးဆီပြက်သွားမည်ကိုစိုးရိမ်မှုများရှိနေသည့်အတွက်စက်သုံးဆီးများကိုလိုအပ်မှုထက်ပိုမိုဝယ်ယူမှုများရှိနေကြောင်းသိရသည်။ "လက်ရှိစက်သုံးဆီနဲ့ပက်သက်လို့ ကျွန်တော်တို့အနေနဲ့စီမံဆောင်ရွက်ထားတာတွေရှိပါတယ် စက်သုံးဆီတွေလည်းလုံလုံလောက်လောက်ရှိတယ် ပြည်သူတွေအနေနဲ့ကလည်းစိုးရိမ်စိတ်ရှိတယ်ဆိုတာလည်းသိပါတယ် ပြီးတော့ကျွန်တော် တို့ကလည်းအခုပိတ်ထားတဲ့ဟော်မုခ်ရေလက်ကြားဘက်နေစက်သုံးဆီက၂၀ရာခိုင်နှုန်းလောက်ဘဲတင်သွင်းတာဆိုတော့မရလဲလည်း ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ကမ္ဘာစက်သုံးဆီစျေးကွက်အရ စျေးနှုန်းတော့မြင့်တက်လာနိုင်ပါတယ်"ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းမှနီစပ်သူများထံမှာသိရသည်။ လက်ရှိ အစ္စရေးနှင့် အမေရိကန်တို့နှင့် အိရန်နိုင်ငံတို့တိုက်ပွဲပြင်ထန်းနေသည့်အတွက် ဟော်မုခ်ရေလက်ကြား ကို ပိတ်ဆို့လိုက်သည့်အတွက် စက်သုံးဆီများတင်သွင်နေသည့် လမ်းကြောင်းများပါ ရပ်ဆိုင်သွားသည့််အပြင် ထိုင်းနိုင်ငံကလည်စက်သုံးဆီ ပြည်ပတင်ပို့ရောင်းချခြင်းကို ပိတ်ပင်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။

အီရတ်နိုင်ငံ၊ အာဘေးလ် နှင့် ဆူလေမန်နီယာ မြို့များအကြားရှိ အီရန်ဆန့်ကျင်ရေးအဖွဲ့ဖြစ်သော "ကာဒစ္စတန်လွတ်မြောက်ရေးပါတီ" (PAK) ၏ စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ NOM

"ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ (Lahore) ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပါကစ္စတန်ပြည်သူများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။" NOM

အမေရိကန်သမ္မတကတော် မီလန်နီယာထရမ့် က ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး "အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကလေးသူငယ်အားလုံးရဲ့ ဘက်ကနေ ရပ်တည်ပါတယ်" ဟု ပြောကြားခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်အနေဖြင့် သူမကို ပြန်လည်သတိပေးရန် လိုအပ်သည်မှာ - လွန်ခဲ့သော နှစ်ရက်ခန့်ကပင် အီရန်နိုင်ငံ၌ သူမ​၏ခင်ပွန်း ထရမ့်နှင့် သူ၏ ဇီယွန်ဝါဒီ (Zionist) မိတ်ဆွေများကြောင့် ကလေးသူငယ် ၁၆၅ ဦးထက်မက သေဆုံးခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အရေးတယူ ဂရုစိုက်ခဲ့ခြင်း မရှိပေ။ NOM

"အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားမှာ ချထားတဲ့ ဒုံးခွင်းစနစ်တွေကို အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့စဉ်းစားနေ" အရှေ့အလယ်ပ
+1
"အမေရိကန်ပြည်ထောင်စုက တောင်ကိုရီးယားမှာ ချထားတဲ့ ဒုံးခွင်းစနစ်တွေကို အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့စဉ်းစားနေ" အရှေ့အလယ်ပိုင်းတွင် အီရန်နှင့် စစ်ရေးပဋိပက္ခများကြောင့် ကြားဖြတ်ဒုံးကျည် (Interceptor) လက်ကျန်များ ပြတ်လပ်လာမည်ကို စိုးရိမ်သဖြင့် လက်ရှိတောင်ကိုရီးယားတွင် ချထားသော သတ်ဒ် (THAAD) နှင့် ပက်ထရီယော့တ် (Patriot) လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ရန် အမေရိကန်က စဉ်းစားနေကြောင်း တောင်ကိုရီးယားသတင်းဌာန The Chosun Daily က ဖော်ပြထားသည်။ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့၏ အရေးပါသော စစ်လက်နက်များကို အရှေ့အလယ်ပိုင်းသို့ ပထမဆုံးအကြိမ်အဖြစ် ရွှေ့ပြောင်းလာနိုင်သည့် အခြေအနဖြစ်သည်။ ဘာကြောင့် အခုလိုဖြစ်ရတာလဲ? ၂၀၂၆ ခုနှစ်၊ မတ်လဆန်းပိုင်းမှာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အမေရိကန်ဟာ ဒုံးကျည်ပေါင်းများစွာကို ကြားဖြတ်ပစ်ချခဲ့ရတဲ့အတွက် ၎င်းတို့ရဲ့ လက်နက်အရန်အင်အားဟာ စိုးရိမ်စရာအဆင့်ထိ လျော့ကျသွားခဲ့ပါတယ်။ အထူးသဖြင့် သတ်ဒ် (THAAD) ဒုံးကျည်တစ်စင်းလျှင် ဒေါ်လာ ၁၁ သန်းမှ ၁၅ သန်းဝန်းကျင်အထိ ကုန်ကျပြီး ထုတ်လုပ်မှုနှုန်းကလည်း သုံးစွဲမှုနှုန်းကို မမီတဲ့အတွက် အခြားဒေသတွေက လက်နက်တွေကို ဆွဲထုတ်သုံးစွဲဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ NOM

◾️ ဘာရယ်မဟုတ်၊ ထရမ့်က အီရန်ကို ဝင်တိုက်လို့၊ တပ်မတော်က အစည်းအဝေး တွေ ချက်ချင်းထလုပ်ပြီး နိုင်/ကျဉ်း တွေ လွှတ်တယ်ဆိုတဲ့ လေဖမ်းဒါန်းစီး အတွေးအခေါ်တွေ ကိုမြင်ပြီး အံ့ဩလွန်းလို့ပါ။ တစ်ချို့ကလည်း ပြောကြတယ်။ လက်ရှိ အစိုးရက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးတဲ့အပေါ်မှာ ဘာဖြစ်လို့ ကျေးဇူးတင်ရမှာလဲ ဆိုတဲ့ သူတွေတောင် ရှိသေးတယ်။ ------ ◾️ တကယ်တော့ ကျေးဇူးမတင်ရင်တောင် ဒီဥပဒေ ပုဒ်မတွေရဲ့ အတိမ်အနက် ကို သိသင့် တယ်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)ဆိုတာတွေက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်တာဖြစ်လို့ ပြစ်မှုကြီးတယ်။ ၅၀(ည)က ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ဖြစ်သလို ၅၁(က)က ၃ နှစ်ကနေ ၇ နှစ်ပါ။ မနေက ထုတ်ပြန်ချက်အရ ဒီပြစ်မှု ကျူးလွန်ထားပြီး အကျဉ်းထောင်၊ အချုပ်ထောင်မှာရှိသူ ၇၃၃၇ ဦးအထိ လွတ်ငြိမ်းခွင့်ပေးခဲ့တာ တွေ့ရပါလိမ့်မယ်။ (လွတ်ငြိမ်းချမ်းသာ မဟုတ်ပါဘူး)။ ဆိုတော့… နည်းနည်း ယားရင် ပြန်ဝင်ရမှာပါ။ ------ ◾️ ဒုတိယကြေညာချက်မှာက အကျဉ်းထောင်၊ အချုပ်၊ စခန်းမှာရှိတဲ့ အကျဉ်းသား ၂၈၂၅ ကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းပေးခဲ့ပါတယ်။ ဒါကလည်း နောက်ထပ် ပြစ်မှုကျူးလွန်ရင် ထပ်ပြီးကျူးလွန်တဲ့ ပြစ်မှုအပြင် ခုလျှော့ပေါ့ပေးလိုက်တာပါ ပေါင်းပြီး ကျခံရမှာပါ။ ပုံမှန် ရိုးရိုး အကျဉ်းသားတွေ ဖြစ်ဖို့ များပါတယ်။ ----- ◾️ ဒီထဲမှာ အရေးကြီးတာက တတိယကြေညာချက်၊ အပေါ်က ပုဒ်မ ၅၀(ည)၊ ပုဒ်မ (၅၂) (က)ကြောင့် ထွက်ပြေးတိမ်ရှောင်နေကြတဲ့သူတွေကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ (၅၁၂) မျက်ကွယ်သက်သေခံချက်အရ တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦးထဲက တရားရုံး မှာ ကြားနာဆဲ အမှုပေါင်း ၉၅၃၂ ကို ပိတ်သိမ်းပြီး တရားခံတွေကို အမှုကလွတ်ဖို့ ကြေညာ ချက်ထုတ်ပြန်ထားတာ။ သဘောက… ကိုယ်တိုင်က အကြမ်းဖက်တော့မဟုတ်ဘူး။ ပတ်သက် ဆက်နွယ် မှုဆိုတဲ့ ခေါင်းစဉ်တစ်ခုခုအောက်ကနေ ဥပဒေနဲ့ငြိပြီး ပြေးနေသူတွေ ကင်းလွတ်ခွင့်ရသွားခဲ့ကြတာ။ ------- ◾️ နားလည်လွယ်အောင်ပြောရရင် ပြေးနေသူတွေ ကိုယ်အိမ်ကိုယ် ပြန်နေလို့ ရပြီလို့ ပြောလိုက်တာနဲ့ အတူတူပဲ။ ဒီကြေညာချက်အရ စစ်တပ်က အမေရိကန်ကို ကြောက်လို့ ထုတ်ပြန်တယ်ဆိုတာထက်…CDM လုပ်ထားမိခဲ့ကြလို့ ပြေးနေကြတဲ့ ဝန်ထမ်းတွေ၊ ရဲစခန်းမှာအမှုဖွင့်ခံထားရလို့ နယ်စပ်တွေ၊ ပြည်ပနိုင်ငံတွေမှာ ပြေးနေကြတဲ့သူတွေကို အထုပ်ကိုယ်စီပိုက်ပြီး ပြန်လာလို့ ရပြီလို့ အစိုးရက အသိပေးလိုက်တာလို့ ပြောရင် ပိုပြီး လက်တွေ့ကျလိမ့်မယ်။ --------- ◾️ အစစအရာရာ ခက်ခဲနေတဲ့ ဒီကာလကြီးမှာ ရာဇဝတ်မှုကြီးနဲ့ စိုးရိမ်ထိတ်လန့်စွာ ပြေးနေရတဲ့သူတွေ၊ တရားရုံးချိန်းတိုင်းအတွက် ပိုက်ဆံရှာနေကြရသူတွေ၊ ထောင်ဝင်စာ တွေ့ဖို့အတွက် ရုန်းကန်နေကြသူတွေ၊ အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ကြားမှာ ချခံရသူတွေကတော့ ဒီလွတ်လပ်မှုအပေါ် တန်ဖိုးထားကြမှာပါပဲ။ စစ်တပ်ကို တော်လှန်တာခြင်းအတူတူ ဗိုလ်နဂါးလိုလူမျိုးတောင် အပြတ်ရှင်းတတ်တဲ့ NUG ကို အားကိုးပြီး ဆက်နေကြမလား၊ ပါတီဝင်ထိပ်ပိုင်းခေါင်းဆောင်တွေတောင် ပြန်လွတ်လာတဲ့ အရေးမှာ မကြည်ပြာအမှုလည်း မပြတ်သား၊ ကျော်မိုးထွန်း ကိစ္စလည်း တုံးတိဘာဝေ၊ တော်လှန်ရေးခေါင်းစဉ်ဘန်းပြပြီး NGO ကရလာတဲ့ ပိုက်ဆံတွေကို အလှူခံ၊ လိမ်စားနေတဲ့ NUG နိုင်ငံရေးအပေါ် ယုံစားပြီး ဆက်စခန်းဆက်သွား ကြမလား။ ဒီကြားထဲ ထောင်ကျသွားခဲ့ကြတဲ့ ပါတီဝင်/အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ တော်လှန်ရေးခေါင်းစဉ် အောက်မှာ ချမ်းသာနေကြတဲ့ ပြည်ပရောက်ဝန်ကြီးဆိုသူများကြား ….မင်းတို့ ပြဿနာ တွေ အရင်ဆုံးဖြတ်ကြစမ်းကွာဆိုတဲ့ ပစ်ဖဲကြီးကို အစိုးရက ပစ်ထုတ်လိုက်တာ။ --------- ◾️ တစ်ဖက်နိုင်ငံရေးအရ ကြည့်ပြန်ရင်လည်း….နစက အစိုးရအနေနဲ့ သူကာလ လက်ထက်က ဖြစ်ပျက်ခဲ့တဲ့နိုင်ငံရေးကို သူကိုယ်တိုင် ပြန်နှုတ်သွားခဲ့တာလို့လည်း ပြောလို့ရတယ်။ ဒီ ၅ နှစ်သက်တမ်းမှာ တာဝန်ကျေခဲ့ကြတဲ့ အစိုးရအဖွဲ့အစည်းထဲက သူတွေ၊ ထောက်ခံအားပေးခဲ့ကြသူတွေ၊ ဝန်းရံခဲ့ကြသူတွေကို ဘွဲ့ထူး၊ ဂုဏ်ထူးပေးပြီး ချီးမြှောက်သလို နောက်တက်လာမယ့် အစိုးရကို နိုင်ငံရေးဖိအားလျော့အောင် သူတတ် နိုင်တဲ့ဘောင်ထဲကနေ ရာဇဝတ်မှု၊ အဂတိမှုတွေချန်ပြီး လွတ်ငြိမ်းပေးခဲ့တာ။ အီရန်တို့၊ ဗင်နီဇွဲလားတို့ဆိုတာ…တရုတ်၊ ရုရှား တို့ရဲ့ Geopolitics အရ အဝေးကြီး။ မြန်မာဆိုတာက တရုတ်နဲ့ အနီးဆုံး အိမ်နီးချင်းအနေအထား။ ဆိုတော့…အီရန်ဖြစ်စဉ်ကြောက်လို့ လွတ်ငြိမ်း ချမ်းသာပေးတာလား၊ အပေါ်က အကြောင်း အရာတွေကြောင့်လားဆိုတာ ကိုယ်ဖာသာ ဆက်စပ်တွေးကြည့်ကြပေါ့။ ကြိုက်သလိုပြော၊ နောက် ၁ ပတ်ကျော်ရင် လွတ်တော်စခေါ်သွားလိမ့်မယ်။ (နရီမိုး)

🇰🇼 - ကူဝိတ်ရှိ အမေရိကန်မရိန်းတပ်ဖွဲ့စခန်းကို အသေခံဒရုန်း ၁၀ စီးဖြင့် အီရန်က ထပ်မံတိုက်ခိုက်၊ ပစ်မှတ်များထိမှန်ခဲ့ ကူဝိတ်နိုင်ငံရှိ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ အခြေစိုက်ရာ Arifjan (အရစ်ဖ်ဂျန်) စစ်အခြေစိုက်စခန်းကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒရုန်းတိုက်ခိုက်မှု အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အသေခံဒရုန်း (၁၀) စင်း အသုံးပြုခဲ့ပြီး သတ်မှတ်ထားသည့် ပစ်မှတ်များကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ NOM

ယနေ့ မတ်လ ၃ ရက်နေ့၌ လာရှိုးတွင် PDF သုံးဦး ပစ္စတိုသေနတ်တစ်လက်ဖြင့် အလင်းဝင် NOM

အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်ရှိ အဆောက်အအုံနှစ်ခု ထိမှန် NOM

🌟 🌟 - လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို လက်စားချေသည့်အနေဖြင့် ဟစ်ဇ်ဘိုလာ အဖွဲ့သည် အစ္စရေးမြောက်ပိုင်း၊ ရာမ
🌟 🌟 - လက်ဘနွန်နိုင်ငံအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို လက်စားချေသည့်အနေဖြင့် ဟစ်ဇ်ဘိုလာ အဖွဲ့သည် အစ္စရေးမြောက်ပိုင်း၊ ရာမတ်ဒေးဗစ်လေတပ်စခန်းရှိ ရေဒါစနစ်များနှင့် ကွပ်ကဲမှုစင်တာများကို အသေခံဒရုန်းများဖြင့် ယနေ့အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ NOM

လက်ရှိ အရှေ့အလယ်ပိုင်း အခြေအနေကို အရှင်းဆုံးပုံစံဖြင့် ပုံဖော်ပြရမည်ဆိုလျှင်

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်း
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ ==================== ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်မှာ ကျရောက်သည့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အဆိုပါ သဝဏ်လွှာတွင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျှော့ချရေးနှင့် ပြည်သူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်သုံးစွဲနိုင်ရေး ရည်မှန်းချက်ဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို လက်ရှိစိုက်ပျိုးထုတ်လုပ်မှုထက် အရည်အသွေးနှင့် အထွက်နှုန်းပါ ပိုမိုကောင်းမွန်အောင်စိုက်ပျိုးထုတ်လုပ်ပေးကြပါရန် အလေးထားတိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ဖော်ပြပါရှိတယ်လို့ သိရပါတယ်။

🇰🇼 🤍 - ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးရရှိထားတဲ့ သတင်း ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းကို အီရန်က တိုက်ခိုက်ရာတွင် အမေရိကန်စစ်သည်များ သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက အတည်ပြုပြောကြားနေသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်များ သည် အခင်းဖြစ်ပွားရာနေရာသို့ အချိန်မီရောက်ရှိနိုင်ခြင်း မရှိခဲ့ဟု သိရသည်။ NOM

"အစ္စရေးအတွက် တိုက်ပွဲဝင်ရင်း ဘာရိန်းအခြေစိုက်စခန်းများတွင် သေဆုံးခဲ့ရသည့် အမေရိကန်စစ်သည်များ၏ အမည်စာရင်း ထွက်ပေါ်လာခြင်း" သေ
+3
"အစ္စရေးအတွက် တိုက်ပွဲဝင်ရင်း ဘာရိန်းအခြေစိုက်စခန်းများတွင် သေဆုံးခဲ့ရသည့် အမေရိကန်စစ်သည်များ၏ အမည်စာရင်း ထွက်ပေါ်လာခြင်း" သေဆုံးသွားသည့် စစ်သည်များမှာ- • ဂျက်ဖရီ ချားလ်စ် လောင်ဘာဒို (Geoffrey Charles Lombardo) • ဒေးဗစ် ဝိန်း ဝှစ်တက်ဒ် (David Wayne Whitted) • ပက်ထရစ် ဒီဗွန် ဂျွန်ဆင် (Patrick Devon Johnson) • အယ်လန် ဂျင်း ရှောင် (Allen Gene Hsiao) • ဂျွန် ဂါလာဒို ပရိုတာစီယို (John Gallardo Protasio) - အမေရိကန် ရေတပ် (NAVY) NOM

"ဘာရိန်းနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကို ဆက်သွယ်ထားသော 'ဘုရင်ဖာဟဒ်' ပင်လယ်ကူးတံတားကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ ပါရှန်
"ဘာရိန်းနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကို ဆက်သွယ်ထားသော 'ဘုရင်ဖာဟဒ်' ပင်လယ်ကူးတံတားကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ ပါရှန်ပင်လယ်ကွေ့ပေါ်တွင် တည်ဆောက်ထားပြီး ဘာရိန်းကျွန်းနှင့် ဆော်ဒီအာရေဗျကို ဆက်သွယ်ပေးထားသည့် အဆိုပါတံတားမှာ ၂၅ ကီလိုမီတာ ရှည်လျားပြီး နှစ်နိုင်ငံ 'ချစ်ကြည်ရေးတံတား' အဖြစ် လူသိများသည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဘာရိန်းနိုင်ငံမှ ဆော်ဒီအာရေဗျဘက်သို့ တိမ်းရှောင်ရန် ဤတံတားကို အသုံးပြုခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ကျွန်းဆွယ်ဒိုင်း (Peninsula Shield) ပူးပေါင်းတပ်ဖွဲ့များက အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဘာရိန်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို နှိမ်နင်းရန် ဤတံတားမှတစ်ဆင့် ဘာရိန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဤတံတားကို တိုက်ခိုက်ခြင်းသည် လက်ရှိအုပ်ချုပ်သူ အစိုးရအဖွဲ့အတွက် နောက်ဆုံးသတိပေးချက်ပင် ဖြစ်သည်။" NOM

🇸🇦 🇧🇭 - ဆော်ဒီအာရေဗျနိုင်ငံမှ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တပ်ဖွဲ့ဝင်များသည် ဘာရိန်းနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။ ဘာရိန်းရှိ ရှီယိုက်ဘာသာဝင်များက ဆူပူအုံကြွလာမှုကို နှီပ်ကွပ်ရန်အတွက်အတွက် ကျွန်းဆွယ်ဒိုင်း ပူးပေါင်းတပ်ဖွဲ့များသည် နှစ်နိုင်ငံဆက်သွယ်ထားသော ပင်လယ်ကူးတံတားကို ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်။ NOM

အမေရိကန်နှင့် အစ္စရေးတို့ရဲ့ အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုအများအတွင်း ဒဏ်ရာရနေတဲ့ အီရန် အရပ်သားတစ်ဦးက သူ့ရဲ့မိခင်နဲ့ ဖုန်းပြောနေတဲ့ စိတ်မကောင်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ ဘေးနားရှိလူများ - "သူ့အခြေအနေ ဘယ်လိုရှိလဲ မသိဘူး။" ဒဏ်ရာရနေသူ - "ကျွန်တော့် ဒူးအောက်ပိုင်းက... ဒူးအောက်ပိုင်းက ဘာမှ ခံစားလို့မရတော့ဘူး (ဒဏ်ရာပြင်းထန်နေတဲ့သဘော)။" ထိုစဉ်သူ့အမေဆီက ဖုန်းဝင်လာလို့ သူကဖုန်းကိုကိုင်လိုက်တယ် ဒဏ်ရာရနေသူ - "ဟယ်လို... အမေလား။ နေကောင်းရဲ့လား အမေ။" ဒဏ်ရာရနေသူ - "ကျွန်တော် ဘာမှမဖြစ်ပါဘူး... ကျွန်တော် ဘာမှမဖြစ်ဘူးလို့ပဲ လူတွေကို ပြောပေးပါ... ဘာမှ မဖြစ်ပါဘူးအမေ။" ဒဏ်ရာရနေသူ - "အမေ... ကျွန်တော့်အတွက် ဆုတောင်းပေးပါဦး (Salawat ရွတ်ပေးပါ)။ ကောင်းကောင်းနေခဲ့ပါဦး အမေ... နှုတ်ဆက်ပါတယ်ဗျာ။" ဒီဗီဒီယိုဟာ အီရန်နိုင်ငံ၊ ဖာဒေါ့စီရင်ပြင်အနီးမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအပြီး ဖြစ်ပွားခဲ့တဲ့ အခြေအနေတစ်ခုလို့ ဖော်ပြထားပါတယ်။ ဒဏ်ရာရနေသူဟာ သူအသက်အန္တရာယ်နီးနေပြီဆိုတာ သိတဲ့အတွက် သူ့မိခင်ကို စိတ်မပူစေချင်ဘဲ "ဘာမှမဖြစ်ဘူး" လို့ နှစ်သိမ့်ရင်း နောက်ဆုံးနှုတ်ဆက်စကား ပြောနေတာဖြစ်ပါတယ်။ NOM