es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 488 suscriptores, ocupando la posición 16 017 en la categoría Noticias y medios y el puesto 10 067 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 488 suscriptores.

Según los últimos datos del 24 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -248, y en las últimas 24 horas de 1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 10.08%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.11% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 260 visualizaciones. En el primer día suele acumular 639 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 25 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 488
Suscriptores
+124 horas
-547 días
-24830 días
Archivo de publicaciones
မနက်ဖန်မှစ၍ဆီးစျေးတက်ပြီ NOM ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ (မတ်၂၇)ရက်မှစပြီး 92တစ်လီတာလျှင် ကျပ်၄၄၅၀၊ 95တစ်လီတာလျှင်ကျပ
မနက်ဖန်မှစ၍ဆီးစျေးတက်ပြီ NOM ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ (မတ်၂၇)ရက်မှစပြီး 92တစ်လီတာလျှင် ကျပ်၄၄၅၀၊ 95တစ်လီတာလျှင်ကျပ်၄၉၇၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၆၀၈၅ ထိထပ်တက်လာသည်။

ရန်ကင်းတွင်မီးလောင် NOM၊မတ်၂၆၊၂၀၂၆ ယနေ့မတ်လ၂၆ရက်ည၈း၀၇နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘု
ရန်ကင်းတွင်မီးလောင် NOM၊မတ်၂၆၊၂၀၂၆ ယနေ့မတ်လ၂၆ရက်ည၈း၀၇နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ သိပ္ပံနှင့်သုတေသနဝန်း၊ ရန်ကင်းဆေးရုံအနီးတွင် မီးလောင်မှုဖြစ်ပွားသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး ထွက်ခွာပြီး ၂၀ : ၁၅ အချိန်၊ Level 1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၂၀ : ၄၉ နာရီအချိန် မီးငြိမ်း‌ကြောင်း သိရသည်။

ဗဟန်းတွင်ဆီတန်းစီနေစဉ်ကါးသမားတစ်ဦးသေဆုံး NOM၊မတ်၂၆၊၂၀၂၆ ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်စက်သုံးဆီတန်းစီနေသောယာဉ်မောင်းတစ်ဦးသေဆုံးမှုယနေ့မတ်လ၂၆ရက်နံနက်ကဖြစ်ပွါးခဲ့ကြောင်းသိရသည်။ အငှါးယာဉ်မောင်းဦးတင်ထွန်း(၆၉နှစ်)သည်သူ၏အငှါးကားဖြင့်ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ဆီတန်းစီနေစဉ်အော့အန်ပြီးသတိလစ်သွားသဖြင့်အနီးရှိအငှါးယာဉ်တစ်စီးမှသတိလစ်နေသောဦးတင်ထွန်းအားတင်ဆောင်ကါရန်ကုန်ဆေးရုံကြီးသို့ပို့ခဲ့သော်လည်းရန်ကုန်ဆေးရုံကြီးအ ရောက်တွင်ဦးတင်ထွန်းမှာသေဆုံးနေသည်ကိုတွေ့ရသဖြင့်ဗဟန်းရဲစခန်းမှဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် သေမှုသေခင်းဖွင့်လှစ်ထားကြောင်းသိရသည်။သေဆုံးသူဦးတင်ထွန်းသည်ပက်ထရစ်အမည်ဖြင့် သီချင်းများသီဆိုနေသောအနုပညာသမားဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စို
+1
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး (၈၁) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက် တွေ့ဆုံ ဂါရဝပြုနှုတ်ဆက် မတ် ၂၆၊ ၂၀၂၆ NOM

အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြ
+2
အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code များဖြင့် စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ခြင်း။ NOM

တိုင်ပေမြို့တော်ဝန်ဟောင်းကိုထောင်၁၇နှစ်ချ NOM တိုင်ပေမြို့တော်ဝန်ဟောင်းဝမ်ဂျီကို ကိုလာဘ်စားမှုဖြင့်ယနေ့ထောင်၁၇နှစ်ချလိုက်သည်။ဝမ်ဂျီကိုသည်အိမ်ယာလုပ်ငန်းရှင်တစ်ဦးထံမှထိုင်ဝမ်ဒေါ်လာ၁၇’၁သန်းကိုလာဘ်ယူမှုဖြင့်အစိုးရရှေ့နေများကထောင်၂၈နှစ်ချရန်တောင်းဆိုခဲ့ကြသည်။

အီရန် အပေါ်အမေရိကန်နှင့်အစ္စရေး ၏စစ်ဆင်ရေးသည်ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီဟုကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတ
အီရန် အပေါ်အမေရိကန်နှင့်အစ္စရေး ၏စစ်ဆင်ရေးသည်ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီဟုကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့ပြီး ကမ္ဘာကြီးသည်ပိုကြီးမားသည့်စစ်ပွဲတစ်ခု၏အစွန်းတွင်ရှိနေ ကြောင်းဖြည့်စွက်ပြောကြားလိုက်သည်။ “သုံးပတ်ကျော်ကြာပြီးနောက် (အီရန်ကို ဆန့်ကျင်တဲ့ စစ်ပွဲ - အက်ဒ်.) ဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပါတယ်။ပဋိပက္ခဟာ ခေါင်းဆောင်တွေတောင် မတွေးရဲလောက်အောင် ဆိုးရွားလာခဲ့ပါတယ်။ကမ္ဘာကြီးဟာ ပိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခုရဲ့ အစွန်းမှာ ရှိနေပြီး၊ လူသားတွေရဲ့ ဒုက္ခတွေ တိုးပွားလာမှုနဲ့ ပိုမိုနက်ရှိုင်းတဲ့ ကမ္ဘာ့စီးပွားရေး မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာ အလွန်အကျွံ ဖြစ်သွားပါပြီ” ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။ ဂူတာရက်စ်က ပါဝင်ပတ်သက်သူများသည်တင်းမာမှုများမြင့်တက်လာခြင်းကို ရပ်တန့်ရန်၊ သံတမန်ရေးလှေကားထစ်ကို စတင်တက်လှမ်းရန်နှင့်နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားလိုက်နာရန်တောင်းဆိုလိုက်သည်။

စင်တင်နှင့်ကါရာအိုကေဆိုင်များ၂၉ရက်အထိပိတ်ရမည် NOM တပ်မတော်နေ့အခန်းအနားရှိသဖြင့်တစ်နိုင်ငံလုံးရှိစင်တင်စားသောက်ဆိုင်များ၊ကါရာအိုကေခန်းများ၊အနှိပ်ခန်းများကိုယနေ့မှမတ်လ၂၉ရက်အထိပိတ်ထားရန်ပြည်ထဲရေးမှညွှန်ကြားထားသည်ဟုသိရသည်။

ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အီရန်ဒုံးကျည်ထိမှန်မီးလောင်
ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်အီရန်ဒုံးကျည်ထိမှန်မီးလောင်

ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်သည်နယ်မြေပေးအပ်မှုနှင့်ဆက်စပ်နေကြောင်းဇလင်စကီးပြော NOM ယူကရိန်းက ဒွန်ဘတ်စ် ဒေသကို ရုရှားထံ လွ
ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်သည်နယ်မြေပေးအပ်မှုနှင့်ဆက်စပ်နေကြောင်းဇလင်စကီးပြော NOM ယူကရိန်းက ဒွန်ဘတ်စ် ဒေသကို ရုရှားထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမေရိကန်၏ လုံခြုံရေးအာမခံချက်များ ဆက်စပ်နေကြောင်း ဇယ်လင်စကီးက ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်သည် ယူကရိန်း၏ ကာကွယ်ရေးများကို အားနည်းစေပြီး ပိုမိုကျယ်ပြန့်သော ဥရောပလုံခြုံရေးကို ခြိမ်းခြောက်လိမ့်မည်ဟု သတိပေးခဲ့သည်။

တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ် အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး NOM၊မတ်၂၆၊၂၀၂၆ ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိ အကြည်တ
တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ် အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး NOM၊မတ်၂၆၊၂၀၂၆ ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိ အကြည်တော်ဟိုတယ်၏အပေါ် ထပ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ယ‌ နေ့မတ်လ ၂၆ ရက်နံနက် ၉ နာရီခန့်တွင်ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှသိရသည်။ အဆိုပါ အကြည်တော် ဟိုတယ်သည် တာမွေမြို့နယ် သမိန်ဗရမ်းလမ်းမကြီး၊ အမှတ် (၁/က)(အာသောကမှတ်တိုင်ရှေ့)တွင်ရှိသည့် ဟိုတယ်ဖြစ်ပြီး ယင်းဟိုတယ်၌ သေဆုံးသူ အသက် ၃၀ ဝန်းကျင် အမျိုးသမီသည်မတ်လ ၂၅ ရက် ညနေပိုင်းတွင်ရှမ်းပြည်နယ်မှ တစ်ဦးတည်း လာရောက်တည်းခိုခဲ့ ကြောင်းသိရသည်။ အဆိုပါ သေဆုံးသူ အမျိုးသမီး၏ ရုပ်အ‌ လောင်းအား သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ မှန်ဘီးလူစက်ရုံ Level 2 အဆင့် မီးလောင်မှုဖြစ်ပွား ၁၅ဦးဒဏ်ရာရ NOM၊မတ်၂၆၊၂၀၂၆ ရန်ကုန်တိုင်း၊ မင်
မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ မှန်ဘီးလူစက်ရုံ Level 2 အဆင့် မီးလောင်မှုဖြစ်ပွား ၁၅ဦးဒဏ်ရာရ NOM၊မတ်၂၆၊၂၀၂၆ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံစက်မှုဇုန်တွင်ယနေ့ မတ် ၂၆ ရက်နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က မှန်ဘီးလူစက်ရုံတွင် Level 2 အဆင့်မီးလောင်မှုဖြစ်ပွာါးခဲ့ပြီး၁၅ဦးဒဏ်ရာရရှိခဲ့သည့်ဟု အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊မင်္ဂလဒုံစက်မှုဇုန်ဝန်းအမှတ်(၃)လမ်းမကြီးဘေး ရှိ မှန်ဘီးလူစက်ရုံအတွင်း ရှိ ဓာတ်အားပေးထရန်စဖာမှဝါယာရှော့ဖြစ်ပြီး မှန်ဘီးလူစက်ရုံသို့မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့ နယ်မီးသတ်စခန်းမှ ယာဉ်အုပ်စုများ ၁၂ နာရီ ၁၅ မိနစ်တွင် Level 1 အဆင့်၊ နံနက် ၁၂ နာရီ ၅၀ မိနစ်တွင် Level 2ယာဉ်အုပ်စုများ၊ လူမှုကူညီရေးအသင်များသွား ရောက်ငြှိမ်း သက်ခဲ့ရာနံနက်၃နာရီခွဲတွင်မီးငြိိမ်းသွားကြောင်းသိရသည်။

အီရန်နိုင်ငံပိုင် နယ်နိမိတ်တွေနဲ့ ကျွန်းစုတွေကို ကုန်းကြောင်းကနေ ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အီရန်ဘက်က ဘက်ဘဲလ်မန်ဒက် (Bab
အီရန်နိုင်ငံပိုင် နယ်နိမိတ်တွေနဲ့ ကျွန်းစုတွေကို ကုန်းကြောင်းကနေ ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အီရန်ဘက်က ဘက်ဘဲလ်မန်ဒက် (Bab el-Mandeb) ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ဒီရေလက်ကြားဟာ ကမ္ဘာ့အရေးအပါဆုံး စစ်ဗျူဟာမြောက် ရေကြောင်းလမ်းကြောင်းတစ်ခုဖြစ်ပြီး အီရန်အနေနဲ့ ဒီလမ်းကြောင်းကို အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အကယ်၍ အမေရိကန်သာ ဟော်မုဇ် (Hormuz) ရေလက်ကြား ပြဿနာကို အင်အားသုံးဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် နောက်ထပ် ရေလက်ကြားတစ်ခုပါ ပိတ်ဆို့သွားနိုင်တဲ့ အခက်အခဲမျိုး မကြုံရအောင် သတိထားသင့်တယ်လို့လည်း သတိပေးထားပါတယ်။ ဘက်ဘဲလ်မန်ဒက် ရေလက်ကြားဟာ အေဒင်ပင်လယ်ကွေ့နဲ့ ပင်လယ်နီကို ဆက်သွယ်ပေးထားတာဖြစ်ပြီး စူးအက်တူးမြောင်း (Suez Canal) လမ်းကြောင်းအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အီရန်က ဒီရေလက်ကြားကို တိုက်ရိုက်ပိတ်တာမျိုးထက် သူတို့ရဲ့ လက်ဝေခံ ဟူသီ (Houthi) အဖွဲ့တွေကတစ်ဆင့် ပိတ်ဆို့ဖို့ များပါတယ်။ အရင်ကလည်း အစ္စရေးနဲ့ ပတ်သက်တဲ့ သင်္ဘောတွေကို ဟူသီတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ အခြေအနေ ပြန်ငြိမ်သွားခဲ့ပါတယ်။ တကယ်လို့သာ အခုပြောတဲ့ ရေလက်ကြားနှစ်ခုစလုံး တစ်ပြိုင်တည်း အပိတ်ခံရမယ်ဆိုရင် ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုတွေဟာ အာဖရိကတိုက်ကို ပတ်ပြီးသွားရမှာဖြစ်လို့ အာမခံဈေးကွက်တွေ ပျက်စီးကုန်မှာဖြစ်သလို ဥရောပရဲ့ စွမ်းအင်ဈေးနှုန်းတွေလည်း ထိန်းမနိုင်သိမ်းမရ မြင့်တက်လာနိုင်ပါတယ်။ NOM

🇩🇪❌ပဋိပက္ခများ မပြီးဆုံးမချင်း ဟော်မုဇ်ရေလက်ကြား စစ်ဆင်ရေးတွင် ဂျာမနီနိုင်ငံအနေဖြင့် ပါဝင်မည်မဟုတ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး ပစ္စတိုရီးယပ်စ် (Pistorius) က ပြောကြားခဲ့သည်။ ပြီးမှပဲ လာချင်တာလား..? 🤣 NOM

တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် ကာ့ဒ်ပက်ရှ်မာဂါ (Kurdish Peshmerga) တပ်ဖွဲ့ဝင်များသေဆုံးမှုအတွက် "ဝမ်းနည်းကြောင်း"
တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသည် ကာ့ဒ်ပက်ရှ်မာဂါ (Kurdish Peshmerga) တပ်ဖွဲ့ဝင်များသေဆုံးမှုအတွက် "ဝမ်းနည်းကြောင်း" ဖော်ပြနေသော်လည်း တစ်ဖက်တွင်မူ အန်ဘာ ဒေသ၌ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရတ်စစ်သားများသေဆုံးခဲ့ရသည်။ ဝါရှင်တန်သည် ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်ခဲ့သည့် အီရတ်နိုင်ငံသားများအတွက် ဝမ်းနည်းပူဆွေးခြင်း မရှိပေ။ ၎င်းတို့၏ အောက်တန်းကျသော လုပ်ရပ်များအတွက် အသုံးချ၍ရမည့် ကာ့ဒ်လူမျိုးများအတွက်သာ ဝမ်းနည်းပြနေခြင်းဖြစ်သည်။ NOM

(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့် မတ
+2
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့် မတ် ၂၅၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။ စစ်ရေးပြလေ့ကျင့်မှုတွင် လေအိတ်ပုလွေတပ်စု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ဂုဏ်ပြုမြင်းစီးတပ်ခွဲ၊ ယန္တရားစစ်ကြောင်းများ၊ စစ်ကြောင်း (၇) ကြောင်းမှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းကြီးသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများကို အားမာန်အပြည့်အဝဖြင့် သီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။ ထိုသို့ လေ့ကျင့်နေမှုများကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်သာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အလံတော်အဖွဲ့နှင့် စစ်ရေးပြစစ်ကြောင်းများ၊ ယာဉ်ယန္တရားများ၏ စစ်ရေးပြကွင်းအတွင်း ချီတက်ဝင်ရောက်နေရာယူမှုများ၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြမည့် ဧည့်သည်တော်ကြီးများအတွက် ထိုင်ခုံနေရာ ချထားမှုများ၊ မြင်းစီးတပ်ခွဲနှင့် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုများအား ဦးစွာကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက်အုပ်ဖွဲ့ ပျံသန်းလေ့ကျင့်မှုများ၊ အလံတော်အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြအလံများ၊ စစ်ရေးပြလက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှု၊ စစ်ရေးပြတပ်ခွဲ အသီးသီး၏ စစ်ရေးပြလှုပ်ရှားမှုများနှင့် ဂုဏ်ပြုအမြောက်တပ်ဖွဲ့တို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အထူးတာဝန်တပ်ဖွဲ့ဝင်များ၊ ယာဉ်ယန္တရားများ၊ တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်းရရှိသည်။ NOM

အီရန်လေကြောင်းရန်ကါကွယ်ရေးတပ်ဖွဲ့ကအမေရိကန်ရေတပ်မှ F/A -18 Super Honest တိုက်လေယာဉ်တစ်စီးကိုပစ်ချလိုက်သည်။

Repost from U Khin Yi
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံခြင်း ( ၂၄.၀၃.၂၀၂၆ ) ရက်နေ့

အပြစ်မဲ့ပြည်သူများအပေါ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့​၏ မိုင်းထောင် တိုက်ခိုက်မှုသတင်း။ NOM
အပြစ်မဲ့ပြည်သူများအပေါ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့​၏ မိုင်းထောင် တိုက်ခိုက်မှုသတင်း။ NOM

အမေရိကန်ကမြေပြင်ထိုးစစ်စပါကယူအေအီးနှင့်ဘာရိန်းကိုအီရန်ကသိမ်းမည် NOM အမေရိကန်ပြည်ထောင်စုအနေဖြင့် မြေပြင်စစ်ဆင်ရေးတစ်ခု စတင်ပါက ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့၏ နယ်မြေများကို သိမ်းပိုက်မည်ဟု အီရန်က ခြိမ်းခြောက်လိုက်သည်။ "အမေရိကန်ပြည်ထောင်စုက အမှားတစ်ခုခုလုပ်မိပါက၊ အီရန်စစ်တပ်များသည် ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့၏ ကမ်းရိုး တန်းဒေသကို သိမ်းပိုက်ပြီး ဒေသတွင်းကို ပြောင်းလဲပစ်ရန် အသင့်ရှိသည်" ဟု အီရန်နိုင်ငံပိုင်ရုပ်သံ IRIB က ဖော်ပြခဲ့သည်။