es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 447 suscriptores, ocupando la posición 15 917 en la categoría Noticias y medios y el puesto 10 085 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 447 suscriptores.

Según los últimos datos del 04 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -222, y en las últimas 24 horas de -10, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.33%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.47% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 912 visualizaciones. En el primer día suele acumular 805 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 05 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 447
Suscriptores
-1024 horas
-347 días
-22230 días
Archivo de publicaciones
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် လုပ်ငန်းစီမံကိန်းများအတွက် ဘဏ္ဍာငွေများကို စနစ်တကျ လျာထားတွက်ချက်ရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် ကဏ္ဍအလိုက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေအလွင့်မရှိအောင် သုံးစွဲကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်နိုင်ရေးတို့ကို ပြည်သူလူထုနှင့်ပူးပေါင်း၍ တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံခြုံရေး (National Security) ကို ခြိမ်းခြောက်နိုင်သည့်အတွက် ၎င်းကိစ္စရပ်များကို ထိရောက်စွာ တိုက်ဖျက်ခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာ တားဆီးကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။ “နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်” ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ အနာဂတ်စီးပွားရေးဝန်းကျင်တွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် ပိုမိုအရေးပါလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း နိုင်ငံ၏အခြေခံအချက်အလက်များအပေါ်မူတည်၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအဖြေရှာဖော်ထုတ်ပေးကြရန် တိုက်တွန်းပြောကြားထားပြီးဖြစ်၍ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝါးကိုအခြေခံသည့် တန်ဖိုးမြှင့်ပစ္စည်းများ၊ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံဖြစ်သည့် နေကြာကိုလည်း ပိုမိုတိုးမြှင့်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စားရေးကို အထောက်အကူပြုစေသည့် အသားစားကြက်၊ ဥစားကြက်၊ ဘဲ၊ ငါး၊ ဝက်နှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့မွေးမြူသွားရန် လိုအပ်ကြောင်းနှင့် နွားမွေးမြူရေးကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဇီဝမြေဩဇာများကို ရရှိနိုင်မည်ဖြစ်ကြောင်း။ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ အခြေခံပညာအလယ်တန်းအဆင့် (KG+9) ကို မသင်မနေရအအဆင့်သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်နေပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံသာမကက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ၌ အတန်းတင်စာမေးပွဲများ ကျင်းပတော့မည်ဖြစ်သည့်အတွက် အောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းအားပေးဆောင်ရွက်ပေးကြစေလိုကြောင်း။ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အခြေခံပညာရေးဥပဒေနှင့် အမျိုးသားပညာရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာရေးများမှ သင်ရိုးညွှန်းတမ်းများသည် အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးစသည့် ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်အတွက် မြန်မာစာ၊ အင်္ဂလိပ်စာကဲ့သို့သော သင်ကြားသင်ယူမှု ဘာသာစကားများကို မဖြစ်မနေ သင်ကြားပေးမှသာ အခြေခံကောင်းများကို လေ့ကျင့်ပျိုးထောင်ပေး နိုင်ရန် အထောက်အကူပြုရမည်ဖြစ်ကြောင်း။ ကျန်းမာရေးကဏ္ဍနှင့်စပ်လျဉ်း၍ (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားတွင်လည်း နိုင်ငံတော်အကြီးအကဲက “မိမိတို့ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အာဟာရဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ပြုမူရေးနှင့်ပတ်သက်သည့် လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အဆိုပါ သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”ကို လမ်းညွှန်မှာကြားခဲ့သဖြင့် လိုက်နာအကောင်အထည်ဖော်ကြရန်လိုအပ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကျင်းပ နေပြည်တော် ဇန်နဝါရီ ၂၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်းဆောင်ရွက်သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထွက်ပေါ်လာမည့် အစိုးရအသစ်ကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ၎င်းတို့၏တာဝန်များကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မန္တလေးတိုင်းဒေသကြီးခရီးစဉ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ၌ ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်သူလူထုမှ လွတ်လပ်စွာ မိမိတို့သဘောဆန္ဒများအလျောက် စည်းကမ်းရှိပြီး နိုင်ငံကြီးသားပီသစွာ လိုလိုလားလားဖြင့် လာရောက်ဆန္ဒမဲပေးကြသည်ကို တွေ့ရမြင်ရကြောင်း၊ ထိုသို့ဆောင်ရွက်မှုများမှာ ပြည်သူလူထုမှ အစိုးရအပေါ် လိုလားလက်ခံသည့် အပြုအမူများဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှလည်း ယခုရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ မဲရုံဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည့်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး သမာသမတ်ကျစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုခဲ့သည့်အတွက် မဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်သည့်ရလဒ်များ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးဆောင်ရွက်ထားမှုများကြောင့် မဲဆန္ဒရှင်များ မဲရုံတာဝန်ထမ်းဆောင်သူများနှင့် အခြားသက်ဆိုင်သူများအားလုံး လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်ဟု သဘောထားမှတ်ချက်များပြုခဲ့ကြသည်ကို တွေ့ရှိရသဖြင့် လွတ်လပ်၍တရားမျှတသော ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်သည်ကို တွေ့ရှိရကြောင်း။ မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲဖြစ်သည့်အတွက် NCA သဘောတူညီချက်များကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်လည်း လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဖြင့် ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည့်အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်း ကောင်းမွန်သည့်ရလဒ်များနှင့် တိုးတက်အောင်မြင်မှုအခြေအနေများကို နိုင်ငံတကာမှသိရှိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများကလည်း မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ်ပေါက်လာစေရေးတို့အတွက် အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း သတင်းမီဒီယာများမှ သတင်းထုတ်ပြန်ခြင်း၊ ရန်ကုန်မြို့အခြေစိုက်သံတမန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို သတင်းစာရှင်းလင်းပွဲများကျင်းပ၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိ ဆက်လက်ဖော်ထုတ်၍ ထိရောက်သည့် ပြစ်ဒဏ်များကိုလည်း ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထားဝယ်မြို့နယ်၊ သစ်ခက်ချောင်းကျေးရွာတောင်ဘက် ၁ မိုင်ခန့် အကွာရှိ တောအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်နေသည့်လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်၌ ထားဝယ်မြို့နယ်၊ သစ်ခက်ချောင်းကျေးရွာနေ မောင်မိုးဝသုန် (၁၇) နှစ်သည် သစ်ခက်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့် အကွာရှိ တောအတွင်းဝါးခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂ ဦး မြန်မာ - ထိ
+2
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂ ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၇

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ
+9
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တပ်မတော် (ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၈၅)၊ တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၉) နှင့် တပ်မတော် (ရေ) အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၇

မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီတွင် မတ္တရာမြို့နယ်၊ တံငါမြောက်ကျေးရွာနေ ဦးအောင်နိုင်ထွန်း (၄၅) နှစ်သည် ၎င်းခေတ္တပြောင်းရွှေ့နေထိုင်သည့် ပုသိမ်ကြီးမြို့နယ်၊ ကြည်ကုန်းကျေးရွာမှ တံငါမြောက်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

ဇန်နဝါရီ ၂၇၊ ၂၀၂၆ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆေ
+1
ဇန်နဝါရီ ၂၇၊ ၂၀၂၆ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေပြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးလိုက်သည်။ NOM

ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးရှိ လယ်ကွင်းတစ်ခုအနီး PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီအချိန်၌ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ဦးဇော်မင်း (၅၂) နှစ်သည် ကျေးရွာ၏အနောက်မြောက်ဘက်ရှိ လယ်ကွင်းသို့သွားရောက်စဉ် လယ်ကွင်းအနီး အရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှု ကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာတွင် KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာတွင် KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၇၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်၌ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာနေ ဦးကြူပန့် (၅၈) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း လမ်းလျှောက်နေစဉ် နေအိမ်ခြံစည်းရိုးအနီးမှ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
တိုကျိုမြို့က Ueno တိရစ္ဆာန်ရုံမှာ ဂျပန်လူမျိုးတွေက ပန်ဒါတွေကို နှုတ်ဆက်နေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဒီနေ့မှာတော့ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာတာကြောင့် Xiao Xiao နဲ့ Lei Lei ပန်ဒါတွေဟာ တရုတ်နိုင်ငံကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် ဂျပန်နိုင်ငံမှာ ပန်ဒါတွေ မရှိတော့ပါဘူး။ NOM

Repost from NOM
ကနေဒါဟာ အမေရိကန်ပြည်ထောင်စုအပေါ် မှီခိုမှုကို ရည်ရွယ်ချက်ရှိရှိ လျှော့ချနေဆဲဖြစ်ပါတယ်။ Reuters ရဲ့ အဆိုအရ ကနေဒါဝန်ကြီးချုပ် မ
ကနေဒါဟာ အမေရိကန်ပြည်ထောင်စုအပေါ် မှီခိုမှုကို ရည်ရွယ်ချက်ရှိရှိ လျှော့ချနေဆဲဖြစ်ပါတယ်။ Reuters ရဲ့ အဆိုအရ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက မတ်လ ပထမအပတ်ထဲမှာ အိန္ဒိယဆီ သွားရောက်လည်ပတ်ပြီး ယူရေနီယမ်၊ စွမ်းအင်၊ သတ္တုနဲ့ AI ဆိုင်ရာ သဘောတူညီတွေကို လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။ NOM

Repost from NOM
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ဖုန်းကင်မရာတွေကို ဘာလို့ စတစ်ကာတွေနဲ့ အပြည့်ဖုံးထားတာလဲ။ 🤔💭 အစ္စရေးဝန်ကြီးချုပ်က ဒီလိုလုပ်
+1
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ဖုန်းကင်မရာတွေကို ဘာလို့ စတစ်ကာတွေနဲ့ အပြည့်ဖုံးထားတာလဲ။ 🤔💭 အစ္စရေးဝန်ကြီးချုပ်က ဒီလိုလုပ်ရင် ငါတို့လည်း လုပ်သင့်တယ်...။ NOM

Repost from NOM
ဆီးရီးယားရှိ ISIS တိုက်ခိုက်ရေးသမား အရေအတွက်ဟာ နှစ်ထောင်ကနေ တစ်သောင်းအထိ တိုးလာတယ်လို့ အီရတ်ထောက်လှမ်းရေးအကြီးအကဲ Hamid al-Sh
ဆီးရီးယားရှိ ISIS တိုက်ခိုက်ရေးသမား အရေအတွက်ဟာ နှစ်ထောင်ကနေ တစ်သောင်းအထိ တိုးလာတယ်လို့ အီရတ်ထောက်လှမ်းရေးအကြီးအကဲ Hamid al-Shatri က ပြောကြားခဲ့ပါတယ်။ ဆီးရီးယား၊ အီရတ်နဲ့ ကမ္ဘာပေါ်က ဘယ်နေရာမဆို ISIS က အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ဖို့ နေရာကို ရှာဖွေမယ်ဆိုတာ သေချာတာမို့ အီရတ်အတွက် အန္တရာယ်ဖြစ်လာဖို့ သေချာနေပါတယ်။ Hamid al-Shatri က ISIS ဟာ ဟိုတစဒီတစ ပြန့်ကျဲနေတဲ့ အဖွဲ့ငယ် လေးတွေ မဟုတ်တော့ဘဲ တိုက်ခိုက်ရေးတပ်ကြီးကို ပြန်လည်ဖွဲ့စည်းနေတာလို့ ဆိုပါတယ်။ အီရတ်ထောက်လှမ်းရေးအဆိုအရလည်း ဒီအဖွဲ့ဟာ မကြာသေးခင်က အီရတ်နိုင်ငံအတွင်း အထူးသဖြင့် ကာ့ဒ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆွန်နီအများစုနေထိုင်ရာနေရာမှာ အာရပ်မျိုးနွယ်စုတွေကို စုဆောင်းသိမ်းသွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ NOM

ကျွန်တော်တို့လေ့လာခဲ့တဲ့အခါမှာ လွယ်ကူရှင်းလင်းပွင့်လင်းမြင်သာမှုရှိတဲ့ မဲပေးမှုလုပ်ငန်းစဉ်ဆောင်ရွက်နေတာကိုတွေ့ရှိရပြီး မဲရုံတစ်ခုစီတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာလည်း အရည်အချင်းပြည့်မီစွာနဲ့ ကောင်းမွန်စွာဆောင်ရွက်နေတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ မဲရုံပတ်ဝန်းကျင်ဟာလည်း တည်ငြိမ်အေးချမ်းလုံခြုံပြီးတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာမှာ ပွင့်လင်း၊ လွတ်လပ်၊ မျှတတဲ့ရွေးကောက်ပွဲအနေနဲ့ ကျင်းပနေတယ်ဆိုတာကို ကျွန်တော်တို့ယေဘုယျအားဖြင့် တွေ့ရှိလေ့လာခဲ့ရပါတယ်။ ဥပမာအနေနဲ့ပြောကြားရမယ်ဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲလေ့လာမှုပြုခဲ့စဉ်တစ်လျှောက် မှာဆိုရင်မဲရုံတိုင်းမှာ မဲရုံနဲ့ပတ်သက်တဲ့အချက် အလက်တွေကိုဖော်ပြထားရှိမှု၊ နိုင်ငံရေးပါတီ စာရင်းတွေဖော်ပြထားရှိမှု၊ မဲဆန္ဒရှင်စာရင်းမှာပါဝင်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို ဖော်ပြထားရှိမှု၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းစာရင်းတွေကိုဖော်ပြထားမှု၊ ကြိုတင်မဲပေးထားသူတွေရဲ့ စာရင်းတွေကိုဖော်ပြထားမှု၊ မဲပေးမှုနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ညွှန်ကြားမှုတွေကို Digital screen TV တွေနဲ့ပြသထားမှုနဲ့ လာရောက်မဲပေးတဲ့သူတွေအနေနဲ့ စောင့်ဆိုင်းရမယ်ဆိုရင် အနားယူနေထိုင် ဖို့အတွက် ခုံတွေစီစဉ်ထားမှုကိုလည်း ကျွန်တော်တို့တွေ့ရှိရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့လေ့လာနေတဲ့ အချိန်မှာလည်း နိုင်ငံပိုင်နဲ့ပုဂ္ဂလိကမီဒီယာတွေ၊ နိုင်ငံရေးပါတီမှကိုယ်စားလှယ်တွေ၊ ပြည်တွင်းနဲ့နိုင်ငံတကာမှရွေးကောက်ပွဲလေ့လာသူတွေအပြင် မဲရုံတစ်ခု ချင်းစီမှာ ဆေးအဖွဲ့တွေကို ထားရှိပေးတာကိုလည်း ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အခုလိုမျိုး အောင်မြင်၊ ပြည့်စုံတဲ့ ရွေးကောက်ပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ထားမှု တွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအတွက်ကိုလည်း ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။ ဒေသန္တရအာဏာပိုင်တွေ၊ နိုင်ငံရေးပါတီမှ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းတွေ၊ မဲဆန္ဒရှင်တွေကိုလည်း ကျွန်တော်တို့မဲရုံတွေမှာ တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လုံခြုံရေးဝန်ထမ်းတွေဟာ ဆိုရင်လည်း ရွေးကောက်ပွဲကျင်းပရာမှာ အောင်မြင်ဖို့အတွက် ကိုလည်း လိုအပ်တဲ့လုံခြုံရေးဆိုင်ရာအစီအစဉ်တွေကို ဆောင်ရွက်ထားပေးတာကိုလည်း ကျွန်တော်တို့အနေနဲ့ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အထူးသဖြင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှဥက္ကဋ္ဌကြီးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေကို အခုလိုမျိုးရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်တဲ့ အခါမှာ ကြံ့ကြံ့ခံနိုင်မှု၊ စုစည်းညီညာမှုရှိမှု၊ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိမှုတို့နဲ့အတူ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိဖို့ အားသွန်ခွန်စိုက်ကြိုးစားမှုတွေအတွက်ကို ဂုဏ်ပြုလို ကြောင်း ချီးကျူးပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘောဒီးယားပြည်သူ့ ပါတီကိုယ်စား၊ ကမ္ဘောဒီးယားလူထုရဲ့ကိုယ်စား မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုကြားမှာ အခုထက်ပိုမိုရင်းနှီးတဲ့ အပြုသဘောဆန်ပြီး ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာရှိတဲ့ ပေါင်းစည်း ညီညွတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဖော်ဆောင်သွားပြီးတော့ နှစ်နိုင်ငံအတွင်းအပြင် ဒေသတွင်းမှာ ပါကောင်းမွန်လာအောင် ဆောင်ရွက်သွားဖို့အတွက်ကို ကျွန်တော်တို့ပြုလုပ်သွားမှာဖြစ်ပါတယ်။ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲတွေကို သွားရောက်လေ့လာတဲ့အခါမှာ နည်းပညာသုံးတဲ့ မဲပေးမှုစနစ်တွေ ကောင်းမွန်မှန်ကန်စွာဆောင်ရွက် နိုင်တာကိုလည်း ကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။ ရွေးကောက်ပွဲဝန်ထမ်းတွေအနေနဲ့လည်း သူတို့ရဲ့လုပ်ငန်းတာဝန်တွေကို တာဝန်ယူမှုအပြည့်၊ နားလည်မှုအပြည့်၊ ဂုဏ်သိက္ခာရှိမှု၊ သမာသမတ် ကျမှုအပြည့်၊ ပွင့်လင်းမြင်သာမှုတွေနဲ့ ဆောင်ရွက် တာဝန်ထမ်းဆောင်ခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီရွေးကောက်ပွဲကို အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ သန္နိဋ္ဌာန်ချမှတ်မှု၊ လွတ်လပ်မျှတမှုဆိုတဲ့ နိုင်ငံတစ်နိုင်ငံချင်းစီမှာရှိတဲ့ အခြေခံသဘောတရားတွေကို ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ကတိကဝတ်ပြုပြီးတော့ ထောက်ခံပါတယ်။ အဲဒီလိုကတိကဝတ်တွေ ထားရှိတဲ့ကြားကပဲ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တွေကို လေ့လာတဲ့အခါမှာလည်း နှစ်နိုင်ငံကြားမှာရှိတဲ့ အပြန်အလှန်လေးစားယုံကြည်မှုပြီးရင် မြန်မာနိုင်ငံတော်အစိုးရနဲ့ ပြည်သူလူထုရဲ့ဆန္ဒအပေါ်မှာ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့သဘောထားနဲ့ လေ့လာမှုတွေကိုလည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လေးစားမှုအပြည့်နဲ့ ကျွန်တော်အကြံပြုချက် လေးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ လာရောက်လေ့လာတဲ့ နိုင်ငံကိုယ်စားပြုအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အထူးသဖြင့် မဲရုံအနေအထား၊ မဲဆန္ဒရှင်တွေကို စိစစ်စစ်ဆေးတဲ့လုပ်ငန်းစဉ်တွေ ပိုမိုကောင်းမွန်ဖို့အတွက်ဆိုရင် မဲဆန္ဒရှင်တွေသယ်ဆောင်လာတဲ့ သက်သေခံကတ်ပြားကို စစ်ဆေးတဲ့စနစ်လေးကိုတော့ ဒီထက်ပိုပြီးကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့အတွက်ကို ကျွန်တော်တို့အကြံပြုပြီး ပြောကြားလိုပါတယ်။ ကျွန်တော့်ရဲ့ပြောကြားမှုကို နိဂုံး ချုပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံမှာရှိတဲ့ ရွေးကောက်ပွဲတွေ ပွင့်လင်း မြင်သာမှုရှိဖို့ကို လာရောက်လေ့လာခွင့်ပေးပြီး ဖိတ်ကြားပေးတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံ အစိုးရကိုယ်စား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကိုလုပ်ဆောင်ပြီး ရွေးကောက် ပွဲဆိုင်ရာကိစ္စရပ်တွေ၊ အတွေ့အကြုံဖလှယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင် သွားမယ်ဆိုတာကို ကျွန်တော်တို့ပြောကြားလိုပါ တယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့နီကာရာဂွါ သမ္မတဖြစ်တဲ့ Commander Daniel Ortega Saavedra နဲ့ Comrade Rosario Murillo တို့ကနေ ပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ မြန်မာနိုင်ငံလူထုကို ဒီထက်ပိုပြီးတော့ အောင်မြင်ပြည့်စုံပါစေ ကျန်းမာပါစေချမ်းသာပါစေ ဆိုတဲ့အကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။ Dr. Chheng Kimlong ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးဗဟိုကော်မတီ၊ ကမ္ဘောဒီးယားပြည်သူ့ပါတီ၊ International Conference of Asian Political Parties (ICAPP) လေးစားအပ်ပါသောဥက္ကဋ္ဌကြီးနဲ့ ကော်မရှင် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံ ကိုလာရောက်ပြီး မြန်မာနိုင်ငံရဲ့ဖိတ်ကြားချက်နဲ့ အတူ အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီကိုယ်စား လာရောက် လေ့လာခွင့်ရရှိပြီး အခုလိုမျိုး ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အခုလိုမျိုး ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံပြီး ကောင်းမွန်အကျိုးရှိတဲ့ ရွေးကောက်ပွဲလေ့လာမှုကို ဆောင်ရွက်နိုင်ဖို့အတွက် ဖိတ်ကြားပြီးတော့ လိုအပ် သည်များကို ဆောင်ရွက်ပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကူညီထောက်ပံ့မှု၊ ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ ပံ့ပိုးကူညီမှုအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရောက်ရှိတဲ့ ဇန်နဝါရီလ ၂၄ ရက် နေ့မှာလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရဲ့လုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲမှာအသုံးပြုမယ့် အီလက်ထရောနစ်မဲပေးစက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားပေးခဲ့တဲ့အတွက်လည်း ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ကို အဲဒီအချိန်တုန်းက ရှင်းလင်းပြောကြားခဲ့စဉ်က ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်အလက်တွေ၊ အထူးသဖြင့် နိုင်ငံရေးပါတီအရေအတွက်၊ ကိုယ်စားလှယ်လောင်း အရေအတွက်၊ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေအတွက်၊ မဲဆန္ဒနယ်အရေအတွက်၊ နိုင်ငံရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေပြီးရင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အရေအတွက်၊ မြို့နယ်များရှိ မဲရုံအရေအတွက်တွေ၊ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲအပိုင်း (၁)နဲ့ အပိုင်း (၂) ကနေ ရရှိလာတဲ့ရလဒ်တွေကိုလည်း အသေးစိတ်ရှင်းလင်း ပြောကြားပေးသွားတာကို ကျွန်တော်တို့လေ့လာ ခဲ့ရပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာဆိုရင် ကျွန်တော် တို့အနေနဲ့ မတူညီတဲ့မြို့နယ်တွေမှာရှိတဲ့ မဲရုံ ၇ ရုံ ကို သွားရောက်လေ့လာခဲ့ပါတယ်။

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာမှုဆိုတာဟာ လုပ်ငန်းစဉ်အသစ် တစ်ခုသာမကဘဲ ကျွန်မ တို့အနေနဲ့ အပြန်အလှန်သင်ကြားလေ့လာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ အခုလိုမျိုး ရွေးကောက်ပွဲစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းအချင်းချင်း တွေကြားထဲမှာ အထူးသဖြင့် အာဆီယံနိုင်ငံတွေ ကြားထဲမှာ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေ ကြားထဲမှာ ဒေသတွင်းမှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားထဲမှာ အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ပြီးတော့ အများ ယုံကြည်လက်ခံပြီး အားလုံးပါဝင်မှုရှိတဲ့ရွေးကောက် ပွဲတွေကို ဆောင်ရွက်နိုင်ဖို့အတွက် အတွေ့အကြုံတွေ၊ ဗဟုသုတတွေဖလှယ်တာဟာ ကောင်းမွန်တဲ့ ဓလေ့တစ်ခုဖြစ်တယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည် ပါတယ်ရှင်။ ရွေးကောက်ပွဲကျင်းပမှုဆိုတာဟာ အုပ်ချုပ်မှုလုပ်ငန်းစဉ်တစ်ခုသာ မဟုတ်ပါဘူးရှင်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုတာဟာ နိုင်ငံတစ်ခုရဲ့ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒ အပေါ်မှာ ကတိကဝတ်ပြုမှုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ အဲဒီရှုထောင့်ကနေ ပြောရမယ်ဆိုရင်တော့ ဒီကြီးမားတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စနစ်ကျစွာနဲ့ ကောင်းမွန်မှန်ကန်တဲ့ အရည်အချင်းတွေနဲ့ ခက်ခဲတဲ့အချိန်တွေ၊ ရှုပ်ထွေးတဲ့အချိန်တွေကြား ထဲကနေပြီး ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ယူလိုကြောင်း ပြောကြားလိုပါတယ်ရှင်။ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်ကိုယ်စား ကျွန်မအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနဲ့ယခုရွေးကောက်ပွဲကို ကျင်းပတဲ့အခါမှာ အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့အစည်းဌာနများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်ရှင်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာရှိတဲ့ လူထု အနေနဲ့ငြိမ်းချမ်းမှုတွေရရှိပါစေ။ တည်ငြိမ်မှုတွေ ရရှိပါစေ။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလည်း ဒီထက်ပိုမိုပြီးတော့ တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိပါစေ လို့ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ H.E. Mr. Mario Jose Armengol Campos ၊ သံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံအခြေစိုက် နီကာရာဂွါနိုင်ငံသံအမတ်ကြီး မင်္ဂလာနံနက်ခင်းပါခင်ဗျာ လေးစားရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးသန်းစိုးနဲ့ ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများ၊ သံရုံးမှလာရောက်တဲ့ အခမ်းအနားတက်ရောက်သူများနဲ့ ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ နီကာရာဂွါအစိုးရနဲ့ လူထုရဲ့ကိုယ်စားနီကာ ရာဂွါနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ရွေးကောက်ပွဲကို နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူများအနေနဲ့ အပိုင်း(၁)နဲ့ အပိုင်း(၃)ရွေးကောက်ပွဲကျင်းပမှုများကို ပါဝင်လေ့လာဖို့ ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံဟာ အခုချိန်မှာ ရွေးကောက်ပွဲ လုပ်ငန်းများကို ဆောင်ရွက်နေတဲ့အရေးကြီးတဲ့ ကာလပဲ ဖြစ်ပါတယ်။ ဒီလိုရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကျင်းပ ခြင်းအားဖြင့်လူထုအနေနဲ့ ၎င်းတို့ကို စီမံအုပ်ချုပ် မယ့်ကိုယ်စားလှယ်များကို ရွေးချယ်ပြီးတော့ ဒီမို ကရေစီနည်းကျတဲ့ ၎င်းတို့ရဲ့ အနာဂတ်များကို ဖော်ဆောင်နိုင်ဖို့အတွက် ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဖွဲ့အစည်းများကို ပိုမိုအားကောင်းခိုင်မာလာ အောင် ဆောင်ရွက်ပြီးတော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု တွေကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဖို့ ဆောင်ရွက်နေ တဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။ အခုကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့လူထုရဲ့ အားကောင်းခိုင်မာမှု၊ စုစည်းညီညာမှု၊ ခိုင်မာတဲ့သန္နိဋ္ဌာန်ချမှတ်မှုတွေကို ဖော်ပြနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ အချို့သောထူးခြားတဲ့ အခြေအနေအခက်အခဲလေးတွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပုံမှန်စနစ်တကျ လုံခြုံစွာပွင့်လင်းမြင်သာမှုရှိတဲ့ အခြေအနေနဲ့ ဖော်ဆောင်နိုင်ခဲ့တာကို တွေ့ရှိရပြီး မြန်မာပြည်သူ လူထုအနေနဲ့ ၎င်းတို့ရဲ့အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်ပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒတွေကို လေးစားမှုရရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲလေ့လာသူအဖြစ်ဆောင်ရွက်ခွင့်ရရှိတဲ့အခါမှာဆိုရင် ရွေးကောက် ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဟာ ကောင်းမွန်မှန်ကန်ပြီး ပြည်သူလူထုအနေနဲ့ ဒီရွေးကောက်ပွဲမှာယုံကြည် မှုရှိတာကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ရွေးကောက်ပွဲတွေကို ကျင်းပမှုကသာလျှင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ယုံကြည်မှုဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးသမာသမတ်ကျမှုနဲ့ ယုံကြည်မှု ရှိဖို့အတွက်ပါ အရေးပါဆုံး အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။

မဲရုံတွေဟာဆိုရင် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုအောက်မှာရှိနေတာကိုတွေ့ရှိရပြီး မဲပေးတဲ့လုပ်ငန်း စဉ်တွေနဲ့ မဲဆန္ဒရှင်တွေရဲ့မဲပေးမှုနဲ့ပတ်သက်ပြီး သူတို့အနေနဲ့စိတ်ရှုပ်ထွေးမှုတစ်စုံတစ်ရာ မသဲကွဲမှု တွေမရှိခဲ့ဘူးဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်ရှင်။ ကျွန်မတို့အနေနဲ့မြန်မာနိုင်ငံရဲ့ အီလက် ထရောနစ်မဲပေးစက်တွေကို မြန်မာနိုင်ငံမှာရှိတဲ့အင်ဂျင်နီယာတွေက ဒီဇိုင်းဆွဲ‌ဖော်ဆောင်ထား တယ်ဆိုတာကိုလည်းတွေ့ရှိရပြီး အဲဒီစက်တွေဟာ ဆိုလို့ရှိရင် ပြင်ပမှ နှောင့်ယှက်နိုင်မှု တစ်စုံတစ်ရာ မရှိဘဲနဲ့ မဲပေးမှုတွေကို ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။ မဲပေးမှုလုပ်ငန်းစဉ်တွေဟာဆိုလို့ရှိရင်လည်း မဲဆန္ဒရှင်တွေအတွက် သူတို့ရဲ့မဲပေးခွင့် မဆုံးရှုံးနိုင် ဖို့အတွက် ကောင်းမွန်ပြီးတော့ စနစ်ကျတဲ့ပတ်ဝန်း ကျင်မှာ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့တာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဒီမဲပေးစက်ကိုအသုံးပြုတဲ့အခါမှာ မသန်စွမ်းမဲဆန္ဒရှင်တွေ အတွက် အဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားတာကိုလည်း ကျွန်မတို့အနေနဲ့ တွေ့ရှိခဲ့ရပါ တယ်ရှင်။ ကျွန်မတို့လိုမျိုး နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေရဲ့ ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲတွေကို နိုင်ငံတစ်နိုင်ငံမှာ ကျင်းပတယ်။ အထူးသဖြင့် မြေမျက်နှာသွင်ပြင် မတူညီမှုတွေရှိတယ်။ နိုင်ငံသားများစွာ ရှိနေပြီးတော့ အုပ်ချုပ်မှုအနေအထားတွေ ကွဲပြားမှုတွေရှိနေတဲ့ နိုင်ငံတွေမှာဆိုလို့ရှိရင် ချို့ယွင်းမှုတွေရှိနေတယ်ဆိုတာကိုလည်း ကျွန်မတို့တွေအနေနဲ့ အသိအမှတ်ပြု ပါတယ်။ အဲဒီလိုအနေအထားတွေရှိတဲ့ အခြေအနေမှာ ဆိုလို့ရှိရင် ပြည်နယ်တွေ တိုင်းတွေအပြင် ကျွန်မတို့အနေနဲ့ ဒီတိုင်းရင်းသားလူမျိုးစုတွေ မဲပေးနိုင်ဖို့ အတွက်ကိုလည်း ကူညီဆောင်ရွက်ပေးဖို့ လုပ်ဆောင် မှသာလျှင် အားလုံးပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဖြစ်မှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီရွေးကောက်ပွဲကိုလေ့လာတဲ့အခါမှာ မဲဆန္ဒရှင်တွေအထဲမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့လည်း ရွေးကောက်တင်‌မြှောက်ခံခွင့်နဲ့ ရွေးကောက် တင်မြှောက်ခွင့်အတွက်ကို မဲပေးခွင့်မဆုံးရှုံးရန်အတွက် သူတို့ကိုဥပဒေပြဋ္ဌာန်းချက်တွေနဲ့ သတ်မှတ်ကူညီပေးထားတာကို ကျွန်မတို့ လေ့လာခဲ့ရပါတယ်ရှင်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလေ့လာမှုကို ဖော်ဆောင်တဲ့ အခါမှာ ကျွန်မတို့ကိုသင့်လျော်တဲ့ သတင်းအချက်အလက်တွေ မျှဝေပေးတယ်။ ပြီးရင် ကျွန်မတို့လိုမျိုး နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေအနေနဲ့ အပြုသဘောဆန်စွာနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ပေးပြီးတော့ ပွင့်လင်းတဲ့သဘောထားရှိတာကိုလည်း ကျွန်မတို့အနေနဲ့ လေးစားကြောင်း ပြောကြားလိုပါတယ်ရှင်။ အဲဒီလိုမျိုး ပွင့်လင်းမြင်သာမှုရှိခြင်းဟာဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ သမာသမတ်ကျမှု၊ အများယုံကြည်လက်ခံမှု၊ ပြီးတော့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်မှာ ပြည်သူလူထုထံမှ ရရှိနိုင်တဲ့ ယုံကြည်မှုကိုလည်း အပြုသဘောဆန်စွာနဲ့ ဖော်ဆောင်နိုင်တာ ဖြစ်ပါတယ်ရှင်။ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူတွေရဲ့ ရှုထောင့်ကနေ ဓလေ့ထုံးစံနဲ့အညီ ပြောရမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆိုတာဟာ မပြီးဆုံး နိုင်တဲ့ အစဉ်အမြဲဆက်လက်ဆောင်ရွက်နေရ တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ အခါမှာဆိုရင် မဲဆန္ဒရှင်အသိပညာပေးခြင်းလုပ်ငန်း တွေအားလုံး လက်လှမ်းမီ‌ရောက်ရှိနိုင်မှု၊ ပြီးရင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန် ဖို့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျှောက် လုံး အချိန်နဲ့အမျှ ဆောင်ရွက်နေဖို့ လိုအပ်မှာဖြစ်ပါ တယ်ရှင်။ အဆွေတော်ဥက္ကဋ္ဌကြီးနဲ့ ဧည့်သည်တော်များ ရှင်။ ကျွန်မတို့ နီပေါနိုင်ငံရဲ့ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီလိုမျိုးရွေးကောက်ပွဲစီမံခန့်ခွဲမှု‌ အခက်အခဲ‌တွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်ရှင်။ အဲဒီလိုအချိန်မှာ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ပြီးပြည့်စုံပြီးတော့ ကောင်းမွန်စွာ စီစဉ်ထားတဲ့ စနစ်ကျနမှုရှိစွာနဲ့ အကောင်အထည်ဖော်တဲ့ ရွေးကောက်ပွဲစီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို လာရောက် လေ့လာခွင့်ရတာဟာ ကျွန်မတို့အတွက် တန်ဖိုးအလွန်ကြီးမားပါတယ်ရှင်။ ကျွန်မတို့အနေနဲ့ ဒီရွေးကောက်ပွဲလေ့လာမှုကနေရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေကို ကျွန်မတို့ရဲ့နီပေါနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သမာသမတ်ကျဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံး အများယုံကြည် လက်ခံဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဒီရွေးကောက်ပွဲလေ့လာမှုကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေသင်ခန်းစာတွေကို ကျွန်မတို့အနေနဲ့ ပြန်လည်ပြီး‌တော့ မျှဝေအသုံးချသွားမှာ ဖြစ်ပါတယ်ရှင်။

နောက်ဆုံးအချက်အနေနဲ့ ရွေးကောက်ပွဲလေ့လာတဲ့ mission တစ်လျှောက်လုံးမှာဆိုရင် မဲပေးမှုဆိုင်ရာ မသမာမှုတစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ရဘူးဆိုတာကို ပြောကြားလိုပါတယ်။ အဆွေတော်တို့ခင်ဗျာ ကျွန်တော်တို့အနေနဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတွေကို လာရောက်လေ့လာ တဲ့အချိန်မှာဆိုရင် ရွေးကောက်ပွဲတွေဟာ တရား ဥပဒေနဲ့အညီ ကျင်းပခဲ့တာကို တွေ့ရှိရပြီးတော့ ကျွန်တော်တို့လေ့လာတဲ့ ယခုအပိုင်း (၃) မှာဆိုရင် အပိုင်း (၁) နဲ့ အပိုင်း (၂) မှာလိုပဲ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲတွေကို လာရောက်လေ့လာနိုင်ဖို့အတွက် ဖိတ်ကြားပေးတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်ကို တက်ရောက်လာကြတဲ့ နိုင်ငံတစ်ခုချင်းစီမှ ကိုယ်စားလှယ်များ အားလုံးကိုလည်း မိမိတို့နိုင်ငံကို ပြန်တဲ့အခါမှာ ကောင်းမွန်အဆင်ပြေတဲ့ ခရီးစဉ်လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Dr. Janaki Kumari Tuladhar ၊ အဖွဲ့ဝင်၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင် လေးစားအပ်ပါသော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌကြီးနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ တက်ရောက်လာတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။ ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်နဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူတွေ အဖြစ်နဲ့ ပါဝင်ခွင့်ရရှိတဲ့အပြင် အခုလိုမျိုးနီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကိုယ်စား မှတ်ချက်ပြုပြောကြားခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်ရှင်။ ပထမဦးဆုံးအနေနဲ့ အခုလိုမျိုး ကျွန်မတို့ကို လာရောက်လေ့လာဖို့အတွက် ဖိတ်ကြားခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အဲဒီလိုမျိုး နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူတွေကိုဖိတ်ကြားခြင်းဟာဆိုရင် ရွေးကောက်ပွဲစီစဉ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းအချင်းချင်းတွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုမြှင့်တင်နိုင်ဖို့နဲ့ ဒီရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အရေးကြီးတယ် ဆိုတာကိုဖော်ပြရာ ရောက်တဲ့အတွက် အခုလိုမျိုးဖိတ်ကြားတာကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။ ကျွန်မတို့ကို အခုလိုမျိုးဖိတ်ကြား‌ပေးတဲ့အပြင် ကျွန်မတို့ မြန်မာနိုင်ငံကိုလာရောက်ပြီး လေ့လာချိန် တစ်လျှောက်လုံးမှာ လိုအပ်သမျှအရာရာကို ပြည့်စုံအောင်စီစဉ်ထားပြီးတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုဆိုပေးတဲ့အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။ ကျွန်မတို့ရဲ့နေထိုင်မှု၊ သွားလာလှုပ်ရှားမှု၊ လုံခြုံ ရေးဆိုင်ရာတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည့်စုံတဲ့သတင်းအချက်အလက်ပေးမှုတွေ၊ ကျွန်မ တို့ အခုလိုမျိုးရွေးကောက်ပွဲလေ့လာရာမှာ လိုအပ် တဲ့ကူညီဆောင်ရွက်ပေးမှုတွေအတွက်လည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ရှင်။ ဆက်လက်ပြီးတော့ ကျွန်မအနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နီပေါသံအမတ်ကြီးရဲ့ ကျွန်မတို့အဖွဲ့အပေါ် ကူညီဆောင်ရွက်ပေးမှု‌တွေကိုလည်း ကျေးဇူးတင်ရှိ ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံနဲ့နီပေါနိုင်ငံ နှစ်နိုင်ငံ ကြားမှာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ဖော်ဆောင် နိုင်ဖို့နဲ့ ကျွန်မတို့အဖွဲ့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက်ကို ကျွန်မတို့ရဲ့သံအမတ်ကြီးကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်ရှင်။ ကျွန်မတို့ရဲ့ ရွေးကောက်ပွဲလေ့လာမှုတွေ ပြုလုပ်နေချိန် အတောအတွင်းမှာဆိုရင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိခဲ့တယ်ဆိုတာကို ကျွန်မတို့အနေနဲ့ တွေ့ရှိခဲ့ရပါတယ်။ စနစ်ကျပြီးတော့ ရှင်းလင်းတဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားမှုတွေ ဆောင်ရွက်ထားပြီး အထူးသဖြင့် မဲဆန္ဒရှင်တွေ မဲစာရင်းမှာပါဝင်နိုင်ဖို့၊ ကြိုတင်မဲတွေပေးနိုင်ဖို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားမှုတွေနဲ့ ဒီလုပ်ငန်းစဉ် တွေအဆင်ပြေဖို့အတွက် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ကျွန်မတို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ကျွန်မတို့တွေ သတ်မှတ်ထားတဲ့နေရာတွေမှာ ရှိတဲ့ မဲရုံတွေကို သွားရောက်လေ့လာတဲ့အခါမှာ တော့ မဲရုံလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နေတဲ့ မဲရုံဝန်ထမ်းတွေဟာ သမာသမတ်ကျစွာ၊ အရည်အချင်းပြည့်မီစွာနဲ့ဆောင်ရွက်ခဲ့တဲ့အပြင် သူတို့ရဲ့လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ သိရှိနားလည် ပြီး စိတ်ရောကိုယ်ပါဆောင်ရွက်ခဲ့တာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်ရှင်။

H.E. Mr. YICH Samethy ၊ အဖွဲ့ဝင်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီ ယနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး နှင့်အဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊ သံရုံးမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ် ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ကိုယ်စားပြုပြီးတော့ လာရောက်တဲ့ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်ကိုယ်စား မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကျင်းပမှုကို လာရောက် လေ့လာခဲ့တာဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မဲပေးမှုကိုလည်း လာရောက်လေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ နေပြည်တော်မှာရှိတဲ့ မဲရုံ ၆ ရုံမှာ သွားရောက်လေ့လာခဲ့ပြီးတော့ အဲဒီအချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဥပဒေ၊ နည်းဥပဒေလုပ်ငန်းစဉ် များနှင့်အညီ ကောင်းမွန်မှန်ကန်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တယ်ဆိုတာကိုလည်း လေ့လာခဲ့ပါတယ် ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ အခုအခါမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ဒုတိယအဆင့် ရွေးကောက်ပွဲလေ့လာမှုကို ကမ္ဘောဒီးယားနိုင်ငံအနေနဲ့လာရောက်လေ့လာခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ သံရုံးက သံအမတ်ကြီးက သွားရောက်လေ့လာခဲ့ ပါတယ်။ အဲဒီအချိန်မှာလည်း ကျွန်တော်တို့ကိုယ်တိုင် လာရောက်လေ့လာနိုင်ခြင်းမရှိပေမယ့် မမှန်မကန်သော ရွေးကောက်ပွဲဆိုင်ရာပြုကျင့်မှုများ တစ်စုံတစ်ရာမျှ မတွေ့ခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။ ယခုပြုလုပ်ကျင်းပတဲ့ တတိယအဆင့် ရွေးကောက်ပွဲမှာဆိုရင် ကျွန်တော်တို့အနေနဲ့ ရန်ကုန်မှာရှိတဲ့ မဲရုံ ၆ ရုံမှာ မဲပေးမှုတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ လေ့လာတဲ့အခါမှာတော့ ကျွန်တော်တို့အနေနဲ့ အောက်ပါအချက် အလက်တွေကို တွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ မဲပေးမှုလုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းတာကို တွေ့ရှိရပါတယ်။ ရွေးကောက်ပွဲ များကို ငြိမ်းချမ်းစွာကျင်းပနိုင်ခဲ့တာကို တွေ့ရှိရပြီး ပြည်သူလူထုက အားတက်သရောနဲ့ ပါဝင်မဲပေးခဲ့ တာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ ၎င်းတို့ ရဲ့မဲပေးပိုင်ခွင့်များကို အနှောင့်အယှက် တစ်စုံ တစ်ရာမရှိဘဲ ကြောက်ရွံ့မှု၊ ခြိမ်းခြောက်မှု တစ်စုံ တစ်ရာမရှိဘဲနဲ့ မဲပေးခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ဒုတိယအနေနဲ့ကတော့ ကျွန်တော်တို့မဲရုံ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ မဲရုံဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဲပေးခြင်း၊ မဲရေတွက်ခြင်းတွေကို ပြုလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ သမာသမတ်ကျမှုတွေကို ဖော်ဆောင်နိုင်ခဲ့တာကို ကျွန်တော်တို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ တတိယအနေနဲ့ကတော့ ပွင့်လင်းမြင်သာမှုရှိတာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်ခုလုံးဟာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ ပြည့်စုံပြီး ရှင်းလင်းတဲ့လုပ်ငန်းစဉ်အနေနဲ့ ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် မဲပေးခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်တွေမှာဆိုရင် ရွေးကောက်ပွဲနှင့်သက်ဆိုင်တဲ့ Stakeholder တွေ အားလုံး၊ အထူးသဖြင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၊ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာကို တွေ့ရှိရတဲ့အတွက် အလွန်ကိုပွင့်လင်းမြင်သာမှုရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ စတုတ္ထအချက်အနေနဲ့ကတော့ မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုရာမှာ အလွန်ကို ပြီးပြည့်စုံပြီးမဲပေးခြင်း၊ မဲရေတွက်ခြင်းလုပ်ငန်းစဉ်ကို ယခင်ကထက် ပိုမိုလျင်မြန်စေပြီး ပြည့်စုံမှန်ကန်တဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာ။ အထူးအနေနဲ့ မြန်မာနိုင်ငံက မဲဆန္ဒရှင်တွေက ဒီစက်ကိုအသုံးပြုတာ ပထမဆုံးဖြစ်ပေမယ့်လည်း မဲပေးစက်နှင့် ပတ်သက်ပြီးတော့ သူတို့အနေနဲ့ကောင်းမွန်စွာ ဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိရှိပြီး ဖြစ်တာ ကိုလည်း ကျွန်တော်တို့အနေနဲ့ လေ့လာတွေ့ရှိခဲ့ ရပါတယ်ခင်ဗျာ။ နောက်တစ်ချက်အနေနဲ့ကတော့ လုံခြုံရေးဆောင်ရွက်ထားမှုတွေပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနှင့် ပတ်သက်ပြီးတော့ ပြည့်စုံကောင်းမွန် တဲ့လုံခြုံရေး ဆောင်ရွက်ထားမှုတွေကိုတွေ့ရှိရပြီး အဲဒီအတွက်ကြောင့်မို့လို့ မဲဆန္ဒရှင်တွေ၊ မဲရုံတာဝန် ထမ်းဆောင်သူတွေနဲ့ အခြားသက်ဆိုင်တဲ့ Stakeholders အားလုံးဟာ လုံခြုံစိတ်ချစွာနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။