es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 466 suscriptores, ocupando la posición 15 923 en la categoría Noticias y medios y el puesto 10 081 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 466 suscriptores.

Según los últimos datos del 02 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -216, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.95%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.72% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 241 visualizaciones. En el primer día suele acumular 838 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 03 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 466
Suscriptores
-924 horas
-217 días
-21630 días
Archivo de publicaciones
"ဒဏ်ရာအပြင်းအထန်ရရှိထားသော ယူကရိန်းစစ်သည်တစ်ဦးကို ၎င်း၏လုပ်ဖော်ကိုင်ဖက် စစ်သည်တစ်ဦးက သေနတ်ဖြင့်ပစ်သတ်လိုက်သည့် ဗီဒီယိုမှတ်တမ်းသည် ယူကရိန်းလူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့နေ" ယူကရိန်းလူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းတစ်ခု၌ ဒဏ်ရာအပြင်းအထန်ရရှိထားသော ယူကရိန်းစစ် သည်တစ်ဦးကို ၎င်း၏လုပ်ဖော်ကိုင်ဖက် စစ်သည်တစ်ဦးကပင် ပစ်သတ်လိုက်သည်ကို မြင်တွေ့ရသည်။ ယူကရိန်းနိုင်ငံ၊ ဇာပိုရိုဇီး (Zaporozhye) ဒေသရှိ ယူကရိန်းတပ်ဖွဲ့ဝင်များသည် ဒဏ်ရာရလူနာတင်ယာဉ်များနှင့် ရှေ့တန်းဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အလွန်အမင်း ပြတ်လပ်နေမှုကြောင့် ယခုကဲ့သို့ စိတ်ပျက်အားငယ်ဖွယ် လုပ်ရပ်များကို လုပ်ဆောင်ရန် ဖိအားပေးခံနေရကြောင်း ယူကရိန်းသတင်းများက ဖော်ပြသည်။ ယူကရိန်းတပ်မှူးများအနေဖြင့် ဒဏ်ရာပြင်းထန်သူများကို ကယ်ထုတ်ရန် နည်းလမ်းမရှိဖြစ်နေသည့် ပြဿနာကို လပေါင်းများစွာ လျစ်လျူရှုထားခဲ့ကြောင်း စစ်သားများက ပြောကြားသည်။ အလားတူဖြစ်ရပ်များကို အရာရှိကြီးများနှင့် နီးစပ်သူများက ယခင်ကလည်း ထုတ်ဖော်ပြောဆိုဖူးပြီး တောင်ပိုင်းစစ်ဆင်ရေးကွပ်ကဲမှုဌာန လက်အောက်သို့ ပြန်လည်တာဝန်ပေးခံရပြီးနောက် သက်ဆိုင်ရာ ယူကရိန်းတပ်မဟာများတွင် အခြေအနေများ သိသိသာသာ ဆိုးရွားလာကြောင်း ယူကရိန်းသတင်းထောက်များက ဖော်ပြထားသည်။ ထို့အပြင် မီဒီယာများ၏ စုံစမ်းစစ် ဆေးမှုများအရ ယူကရိန်းစစ်တပ်​၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ် များတွင် ကြီးမားသော ချို့ယွင်းချက်များရှိနေပြီး ရှုပ်ထွေးမှုများကြားတွင် အရေးပါသော စစ်ဗျူဟာမြောက်နေရာများ လက်လွတ်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ထောက်ပြထားသည်။ အငြင်းပွားဖွယ်ရာများ ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း ယူကရိန်း ဗိုလ်ချုပ်ကြီး မီခေးလို စီဒိုရန်ကို (Mykhailo Sydorenko) သည် ယူကရိန်းစစ်ဘက် ထိပ်သီးခေါင်းဆောင်ပိုင်း၏ ထောက်ခံမှုကြောင့် ရာထူးတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဗီဒီယို- တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ၏ လူသစ်စုဆောင်းရေး ဗီဒီယို တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA ၏ လူသစ်စုဆောင်းရေး ဗီဒီယိုနှင့်ပတ်သက်၍ ကျူးကျော်ဝင်ရောက်စွက်ဖက်မှုများကို တိုက်ဖျက်သွားမည်ဟု တရုတ်နိုင်ငံက ကတိပြု "တရုတ်နိုင်ငံအနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုမှန်သမျှကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်" — နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) News Of Myanmar NOM

မတ္တရာမြို့နယ်၊ ကျောက်တံတားရွာကျေးရွာအရှေ့ဘက်ရှိ ငါးကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြော
မတ္တရာမြို့နယ်၊ ကျောက်တံတားရွာကျေးရွာအရှေ့ဘက်ရှိ ငါးကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦး ခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာသစ်ကျေးရွာနေ မောင်မြတ်သူအောင် (၁၁) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်၌ ကျေးရွာ၏အရှေ့ဘက်ရှိ ငါးကန်သို့သွားရောက်စဉ် အဆိုပါ ငါးကန်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ခြေကျင်းဝတ်ပြတ်ထွက် ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အောင်မြေသာစံမြို့နယ်၊ တံငါတောင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင
အောင်မြေသာစံမြို့နယ်၊ တံငါတောင်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်းအလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ တံငါတောင်ကျေးရွာနေ ကိုချစ်စမ်းမောင် (၂၈) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလုပ်လု
မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေသည့် ကလေးတစ်ဦးသေဆုံး NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာနေ မောင်စိုင်းမျိုးထွေး (၁၇) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလု
မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာနေ ဒေါ်စန္ဒာလှိုင် (၃၁) နှစ်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ခြေကျင်းဝတ်ပြတ်ထွက်ဒဏ်ရာနှင့် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

❤️ဝင်လာမစဲ .. တသဲသဲ❤️ - တိုက်ပွဲသတင်းစုံ NOM
❤️ဝင်လာမစဲ .. တသဲသဲ❤️ - တိုက်ပွဲသတင်းစုံ NOM

နောင်ချို မြို့နယ်၊ ကုန်းစံကျေးရွာအနီးရှိ ကြံစိုက်ခင်းတစ်ခုအတွင်း TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုက
+3
နောင်ချို မြို့နယ်၊ ကုန်းစံကျေးရွာအနီးရှိ ကြံစိုက်ခင်းတစ်ခုအတွင်း TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ၈ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးသုံးဦးနှင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၈ နာရီ၄၅ မိနစ်အချိန်၌ နောင်ချို မြို့နယ်၊ ကုန်းစံကျေးရွာနေသူများဖြစ်သည့် ဒေါ်စန်းညို (၂၇) နှစ်၊ ဒေါ်စန်းပို (၃၄) နှစ်၊ မယွန်းဝတီ (၈) နှစ်နှင့် ဒေါ်အေးအေးအောင် (၃၃) နှစ်တို့သည် ကျေးရွာ၏အရှေ့ဘက် ရှိ ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ်TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ဒေါ်စန်းညိုမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့လေးဦးတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ ချောက် မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်
မန္တလေးတိုင်းဒေသကြီး၊ ချောက် မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ် NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာရှိ မဟာဝသုဒ္ဓဘုန်းကြီးကျောင်းအနီး၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နေ ဦးဇော်သိန်း (၃၃) နှစ် နှင့် တစ်ရပ်ကွက်တည်းနေ ဦးရန်မျိုးအောင် (ခ) ကိုအောင် (၃၁) နှစ်တို့အား ချောက်မြို့နယ်၊ ဆင်ကကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ဦးဇော်သိန်းအား သွေးနက်ကျေးရွာရှိမဟာဝသုဒ္ဓဘုန်းကြီးကျောင်းအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တာမွေမြို့နယ်မေတ္တာညွန့် စက်မှု ၁ လမ်း၌ မီးလောင် NOM၊ဖေဖော်ဝါရီ၁၃၊၂၀၂၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့် စက်မှု ၁ လမ်
တာမွေမြို့နယ်မေတ္တာညွန့် စက်မှု ၁ လမ်း၌ မီးလောင် NOM၊ဖေဖော်ဝါရီ၁၃၊၂၀၂၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့် စက်မှု ၁ လမ်းတွင် ယနေ့ဖေဖော်ဝါရီ ၁၃ ရက်ည ၈ နာရီ ၄၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။ အဆိုပါ မီးလောင်မှုအား ည ၈ နာရီ ၅၂ မိနစ်တွင် Level 1 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းထုတ်ပြန်ထားသည်။ မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုအခြေအနေအား မီးသတ်ဦးစီးဌာနသို့ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်ထိ စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ News Of Myanmar NOM
+3
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကျင်းပ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ News Of Myanmar NOM

မြန်မာ-ကိုးရီးယား ယာဉ်ဖြတ်သန်းဂိတ်ပေးဆာင်သည့်နေရာ ကုန်ကား ဘီးကျွံမှုဖြစ်ပွား NOM၊ဖေ‌ဖော်ဝါရီ ၁၃၊၂၀၂၆ ဒလတံတားတိုးဂိတ်အနီး ကတ္တ
မြန်မာ-ကိုးရီးယား ယာဉ်ဖြတ်သန်းဂိတ်ပေးဆာင်သည့်နေရာ ကုန်ကား ဘီးကျွံမှုဖြစ်ပွား NOM၊ဖေ‌ဖော်ဝါရီ ၁၃၊၂၀၂၆ ဒလတံတားတိုးဂိတ်အနီး ကတ္တား‌ပေါ်တွင် ဖေ‌ဖော်ဝါရီ ၁၃ရက် နေ့လည်ပိုင်းက ကုန်တင်ယာဉ်တစ်စီး ရှေ့ဘီးကျွံကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါကုန်တင်ယာဉ်သည် ရန်ကုန်ဖက်မှ ဒလမြို့သို့ ရေခဲတုံးများတင်ဆောင်လာခြင်းဖြစ်ပြီး ကုန်ချိန်ကတ္တားပေါ်တွင် ရှေ့ဘီးကျွံကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထိုသို့‌ ရှေ့ဘီးကျွံကျမှုဖြစ်ပွားခဲ့သည်လည်း လူထိခိုက်မှုဖြစ်ပေါ်ခဲ့ခြင်းမရှိပဲ ကတ္တားသံပြားအနည်းငယ် နှင့်ကုန်တင်ယာဉ်အနည်းငယ်ပျက်စီးခဲ့ကြောင်းသိရသည်။

"တတိယကမ္ဘာစစ် နီးကပ်လာနေသည်ဟု အနောက်နိုင်ငံသားအများစု ယူဆနေကြကြောင်း Politico စစ်တမ်းတွင် ဖော်ပြ" စစ်တမ်းတွင် ပါဝင်ခဲ့သည့် အမ
"တတိယကမ္ဘာစစ် နီးကပ်လာနေသည်ဟု အနောက်နိုင်ငံသားအများစု ယူဆနေကြကြောင်း Politico စစ်တမ်းတွင် ဖော်ပြ" စစ်တမ်းတွင် ပါဝင်ခဲ့သည့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမနီ အစရှိသော ငါးနိုင်ငံစလုံးတွင် ဖြေဆိုသူအများစုက လာမည့် ၅ နှစ်အတွင်း ကမ္ဘာစစ်တစ်ခု စတင်ရန် အလားအလာ ပိုမိုများပြားလာသည်ဟု ယုံကြည်နေကြသည်။ ထို့ပြင် ယခင် ၉ လခန့်က ပြုလုပ်ခဲ့သော စစ်တမ်းနှင့် နှိုင်းယှဉ်ပါက ယခုအခါတွင် ထိုစိုးရိမ်စိတ်မှာ သိသိသာသာ ပြင်းထန်လာခြင်း ဖြစ်သည်။ ဤအခြေအနေသည် အမေရိကန်ပြည်ထောင်စုတွင် အထူးထင်ရှားနေပြီး ပြည်သူ ၄၆% က ၂၀၃၁ ခုနှစ်တွင် ကမ္ဘာစစ်သစ်တစ်ခု ဖြစ်ပွားရန် "အလားအလာရှိသည်" သို့မဟုတ် "အလားအလာ အလွန်များပြားသည်" ဟု ယုံကြည်နေကြသည်။ ဗြိတိန်တွင်မူ ၄၃% ရှိသည်။ ထိုငါးနိုင်ငံအနက် ဂျာမနီနိုင်ငံသားများသာလျှင် လာမည့် ၅ နှစ်အတွင်း တတိယကမ္ဘာစစ် ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ခြုံငုံယူဆနေကြသည်။ တစ်ချိန်တည်းမှာပင် အနောက်နိုင်ငံများ၏ လူမှုအသိုင်းအဝိုင်းအတွင်း စစ်ရေးအသုံးစရိတ်များ တိုးမြှင့်ရန်အတွက် အနစ်နာခံလိုစိတ် နည်းပါးနေသည်ကိုလည်း စစ်တမ်းက ဖော်ပြနေသည်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ကနေဒါတို့တွင် ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်ရေးကို မူအားဖြင့် ထောက်ခံကြသော်လည်း အစိုးရကြွေးမြီများ တိုးလာနိုင်ခြင်း အခြားဝန်ဆောင်မှုများကို လျှော့ချရနိုင်ခြင်း အခွန်တိုးမြှင့်ရနိုင်ခြင်း အစရှိသည့် အချက်များကို သိရှိလာသောအခါ ထိုထောက်ခံမှုမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ ဤစိုးရိမ်မှုများကြောင့် အနောက်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ကာကွယ်ရေးအတွက် ငွေကြေးအမြောက်အမြား တောင်းခံရန် အဟန့်အတား ဖြစ်နေသည်။ ရုရှား-ယူကရိန်းစစ်ပွဲ မကြာမီ ပြီးဆုံးမည့် အရိပ်အယောင် မရှိခြင်းနှင့် သမ္မတ ထရမ့် လက်ထက်တွင် အီရန်၊ ဆီးရီးယား၊ ဗင်နီဇွဲလား နှင့် အာဖရိကတို့၌ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် အနောက်နိုင်ငံ မဲဆန္ဒရှင် အများအပြားက ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာသည်ဟု မြင်နေကြသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ကနေဒါ နိုင်ငံတို့မှ အနည်းဆုံး လူ ၃ ဦးတွင် ၁ ဦးက လာမည့် ၅ နှစ်အတွင်း စစ်ပွဲ၌ နျူကလီးယားလက်နက်များ အသုံးပြုလာဖွယ် ရှိသည်ဟုယုံကြည်နေကြသည်။ News Of Myanmar NOM

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် CDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ခြံဝင်းအတွင်းအလုပ်လုပ်နေသည့
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် CDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ခြံဝင်းအတွင်းအလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်၌ ဟားခါးမြို့နယ်၊ မြို့ဟောင်းရပ်ကွက်နေ ကိုချန်ဟူးလျန် (၂၁) နှစ်သည် ရပ်ကွက်အနီး ဟားခါး- ဂန့်ဂေါသွားကားလမ်းဘေးရှိ ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် CDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် ပလပ်စတစ်လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

အမေရိကန်က ဗင်နီဇွဲလားနိုင်ငံကို 'ဓားစာခံနိုင်ငံ' အဖြစ် ပြုလုပ်ထား အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံတင်ပို့မှုနဲ့ ဝင်ငွေစီးဆင်းမှုအပေါ် ချုပ်ကိုင်ထားပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် အကျပ်ကိုင်ကာ ဗင်နီဇွဲလားကို 'ဓားစာခံနိုင်ငံ' တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ် ဝရိုက် က အခုလို ပြောကြားခဲ့ပါတယ်။ "ဗင်နီဇွဲလားနိုင်ငံမှာ ပြည်သူ့ကိုယ်စားပြု အစိုးရတစ်ရပ် (မှတ်ချက်။ ။ အမှန်ကတော့ အမေရိကန်အလိုကျကြိုးဆွဲရာကမည့် ရုပ်သေးအစိုးရ) ပေါ်ပေါက်မလာမချင်း သူတို့ရဲ့ ရေနံရောင်းချမှုနဲ့ ရန်ပုံငွေ စီးဆင်းမှုတွေကို ကျွန်ုပ်တို့ ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။" News Of Myanmar NOM

Repost from NOM
ဖေဖော်ဝါရီ ၁၂ ရက်နေ့က အမေရိကန် တောင်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်ရဲ့ အဆောင်တခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးက
ဖေဖော်ဝါရီ ၁၂ ရက်နေ့က အမေရိကန် တောင်ကယ်ရိုလိုင်းနားပြည်နယ်တက္ကသိုလ်ရဲ့ အဆောင်တခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဝင်းကို ပိတ်ပစ်ခဲ့ရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။ Hugine Suites ကျောင်းသာအိမ်ရာဝင်းက တိုက်ခန်းတခုမှာ ဒေသစံတော်ချိန် ည ၉း၁၅ နာရီက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်သူ လွတ်မြောက်သွားကာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အဆိုပါ တက္ကသိုလ်ဟာ ကျောင်းသားပေါင်း ၃၀၀၀ ကျော် တက်ရောက်နေပြီး Orangeburg က သမိုင်းဝင် လူမည်းတက္ကသိုလ် ၂ ခုထဲက တခုဖြစ်ပါတယ်။ News Of Myanmar NOM

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို လွတ်ငြိမ်းချမ်းသာခွင့် မပေးသည့်အတွက် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်အနေဖြင့် "ရှက်သင့်သည်" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။ ဟာဇော့ဂ်၏ရုံးက ပြန်လည်တုံ့ပြန်ရာတွင် "အစ္စရေးသည် တရားဥပဒေစိုးမိုးရေးဖြင့် အုပ်ချုပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်သည်။ သမ္မတထရန့်၏ မှတ်ချက်များကြောင့် ဖြစ်ပေါ်လာသော အထင်အမြင်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် သမ္မတ ဟာဇော့ဂ်သည် ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်မျှ မချရသေးပါ" ဟု ပြောကြားခဲ့သည်။ ဒေါ်နယ်ထရန့်က အစ္စရေးသမ္မတကို ဘာကြောင့် ဖိအားပေးနေတာလဲ? သမ္မတ ဒေါ်နယ်ထရန့်သည် နေတန်ယာဟုကို သူ၏ ရင်းနှီးသော မဟာမိတ် အဖြစ် ရှုမြင်ပြီး နေတန်ယာဟု ရင်ဆိုင်နေရသော အဂတိလိုက်စားမှု အမှုအခင်းများသည် နိုင်ငံရေးအရ တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ ထရန့်က နေတန်ယာဟုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးစေချင်ရသည့် အဓိက အကြောင်းရင်းများမှာ- နေတန်ယာဟုသည် စစ်ပွဲအတွင်း အစ္စရေးကို ကောင်းမွန်စွာ ဦးဆောင် နေသူ ဖြစ်သောကြောင့် ဤအမှုများက သူ့ကို အနှောင့်အယှက်ဖြစ် စေသည်ဟု ထရန့်က ယူဆသည်။ နေတန်ယာဟု လွတ်ငြိမ်းချမ်းသာခွင့်ရခြင်းက အစ္စရေးနှင့် အမေရိကန် ဆက်ဆံရေး (အထူးသဖြင့် ထရန့် အစိုးရနှင့်) ပိုမို ခိုင်မာစေမည်ဟု ယူဆသည်။ အစ္စရေးသမ္မတတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့် အာဏာရှိသည့် အတွက် ထိုအာဏာကို အမြန်ဆုံး အသုံးချသင့်သည်ဟု ထရန့်က ဖိအားပေးနေခြင်း ဖြစ်သည်။ နေတန်ယာဟု ဘာတွေလုပ်ခဲ့လို့ အမှုရင်ဆိုင်နေရတာလဲ? ဝန်ကြီးချုပ် နေတန်ယာဟုသည် အဓိကအားဖြင့် အမှု (၃) ခုဖြင့် အဂတိလိုက်စားမှု စွဲချက်များကို ရင်ဆိုင်နေရသည်။ ၎င်းတို့မှာ- သူဌေးကြီးများထံမှ ဒေါ်လာထောင် ပေါင်းများစွာ တန်ဖိုးရှိသော စီးကရက်၊ ရှန်ပိန်နှင့် လက်ဝတ်ရတနာများကဲ့သို့သော လက်ဆောင်များကို အပြန်အလှန် ကျေးဇူးတုံ့ပြန်မှုများ ပြုလုပ်ပေးရန် ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အစ္စရေး၏ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သော Yedioth Ahronoth နှင့် သဘောတူညီချက် တစ်ခု ပြုလုပ်ရန် ကြိုးပမ်းခဲ့မှု ဖြစ်သည်။ ထိုသတင်းစာက သူ့ကို ကောင်းမွန်စွာ ဖော်ပြပေးပါက ၎င်း၏ ပြိုင်ဘက်သတင်းစာကို အားနည်းအောင် လုပ်ဆောင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည့် ကိစ္စဖြစ်သည်။ ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Bezeq အား စီးပွားရေးအရ အကျိုးအမြတ်ရရှိစေမည့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲပေးခဲ့ပြီး အပြန်အလှန်အနေဖြင့် ထိုကုမ္ပဏီပိုင် သတင်းဝဘ်ဆိုက်တွင် သူ့ကို ထောက်ခံသည့် သတင်းများ ရေးသားစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။ နေတန်ယာဟုကမူ အထက်ပါအမှုများအတွက် ၎င်းတွင် အပြစ်မရှိကြောင်းနှင့် ၎င်းအား ရာထူးမှ ဖယ်ရှားရန် နိုင်ငံရေးအရ လုပ်ကြံခြင်းသာ ဖြစ်သည်ဟု အစဉ်တစိုက် ငြင်းဆိုထားသည်။ News Of Myanmar NOM

"အစ္စရေးလ်နိုင်ငံ ထိပ်ဆုံးရောက်မည်ကို စိုးရိမ်သဖြင့် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ၎င်းတို့၏ 'အပြစ်ပေး
"အစ္စရေးလ်နိုင်ငံ ထိပ်ဆုံးရောက်မည်ကို စိုးရိမ်သဖြင့် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ၎င်းတို့၏ 'အပြစ်ပေးခံရမှု ကင်းလွတ်ခြင်း ညွှန်းကိန်း'ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းထွက်ပေါ်" အပြစ်ပေးခံရမှု ကင်းလွတ်နေသော နိုင်ငံများစာရင်းတွင် အစ္စရေးလ်နိုင်ငံသည် နံပါတ် (၁) နေရာ၌ ရောက်ရှိတော့မည့် အခြေအနေကြောင့် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ၎င်းတို့၏ အထင်ကရဖြစ်သော "အပြစ်ပေးခံရမှု ကင်းလွတ်ခြင်းညွှန်းကိန်း" (Impunity Index) ကို ဖျက်သိမ်းပစ်ခဲ့ကြောင်း အဖွဲ့အစည်းအတွင်းရှိ ယခင်နှင့် လက်ရှိဝန်ထမ်းသတင်းပေးသူများက စွပ်စွဲလိုက်ကြသည်။ The Electronic Intifada သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါဝန် ထမ်းများက စုပေါင်းထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့ကြပြီး ပြီးခဲ့သည့် သြဂုတ်လတွင် စီအီးအို ဂျိုဒီ ဂင်းစ်ဘာ့ဂ် (Jodie Ginsberg) သည် နှစ်စဉ်ထုတ်ပြန်မြဲဖြစ်သော အဆိုပါ အဆင့်သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဖွဲ့အစည်းအတွင်းရှိ အချက်အလက်များအရ သတင်းထောက်များကို သတ်ဖြတ်ပြီး တရားစီရင်မှု မရှိသည့် နိုင်ငံများစာရင်းတွင် အစ္စရေးလ်သည် ထိပ်ဆုံးမှ ဦးဆောင်နေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ၂၀၀၈ ခုနှစ်မှစ၍ ထုတ်ပြန်ခဲ့သော ဤညွှန်းကိန်းသည် ၁၀ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ခုချင်းစီ၏ လူဦးရေအချိုးအစားနှင့် သတင်းထောက်များ အသတ်ခံရပြီး တရားမစွဲဆိုနိုင်မှု အခြေအနေကို တိုင်းတာခြင်း ဖြစ်သည်။ ဤအညွှန်းကိန်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ယူနက်စကို (UNESCO) တို့က အလေးထားကိုးကားလေ့ရှိသည်။ အစ္စရေးလ်သည် ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဒုတိယအဆင့်၌ ရှိနေသော်လည်း CPJ ၏ ကိုယ်ပိုင်အချက်အလက်များအရ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း ဂါဇာဒေသ၌ သတင်းထောက်များစွာ အသတ်ခံခဲ့ရခြင်းကြောင့် လာမည့်နှစ်များတွင် အစ္စရေးလ်သည် ထိပ်ဆုံးသို့ ရောက်ရှိရန် သေချာသလောက် ရှိနေသည်။ CPJ ဘက်က အလှူရှင်များ၏ ဖိအားကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားပြီး၊ တရားမျှတမှု ရရှိရန်အတွက် အခြားနည်းလမ်းများဖြင့် ပြန်လည် သုံးသပ် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ CPJ သည် အဆင့်သတ်မှတ်ချက်အစား Shireen Abu Akleh နှင့် Gerry Ortega တို့ အပါအဝင် အမှု (၅) ခုကိုသာ အလေးပေးဖော်ပြသည့် ထုတ်ပြန်ချက်တိုတစ်ခုကိုသာ ထုတ်ပြန်ခဲ့သည်။ သတင်းပေးပို့သူ ဝန်ထမ်းများကမူ ယခင်က ကမ္ဘာတစ်ဝှမ်း စိတ်ဝင်စားမှုရရှိစေသည့် ဒေတာအခြေပြု ပွင့်လင်းမြင်သာသော အဆင့်သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဘာမှထိရောက်မှုမရှိသော ထုတ်ပြန်ချက်ဖြင့် အစားထိုးလိုက်ခြင်းဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ News Of Myanmar NOM

ဝိုင်းမော်ရဲ့ နယ်မြေခံတပ်ဟာ မြစ်ကြီးနားအတွက် အရေးပါတဲ့ ရှေ့ ခံစစ်စည်းပါ။ လိုင်ဇာရဲ့ တည်နေရာဟာ ဗန်းမော်နဲ့ မြစ်ကြီးနားအလယ် လောက်မှာ ရှိပါတယ်။ ဗန်းမော်ကို မရရင်တောင် ငါး မရ၊ ရေချိုးပြန်မယ့်သဘောပါ။ မြို့ပျက်စီးတာတွေ KIA ဂရုမစိုက်ပါဘူး။ ရသွားခဲ့ရင် လေဆိပ်ရှိတဲ့မြို့ဖြစ်လို့ လားရှိုးပုံစံတူအထိ ဖြစ်သွားနိုင်တာပါ။ ဒါ့ကြောင့်လည်း တပ်ဘက်က အပြင်းအထန် ခံစစ်ဆင်တာပါ။ မနေ့ကတော့ FPV ဒရုန်းက မြစ်ကြီးနား လေဆိပ်အထိ ခြိမ်းခြောက်လာပါတယ်။ ဒီဒရုန်းရဲ့ သာမန် အကွာအဝေးဟာ သိပ်မရှိပါဘူး။ ဂျန့်ဘာတွေ အလုပ်လုပ်တယ်ဆိုပေမယ့် လုံခြုံရေး အမြင်အရကြည့်ရင်တော့ သိပ်အဆင်မပြေပါဘူး။ KIA ဖျက်ဆီးနေတာက ကချင်ပြည်နယ် တင်မကပါဘူး။ စစ်ကိုင်းအစပ်က မြို့တွေလည်း အကုန် ကြေလုလုပါ။ စစ်ကိုင်း PDF ရဲ့ အဓိက လက်နက်ခဲယမ်းကလည်း KIA ဆီကပါပဲ။ သေချာမှု ရှိ၊ မရှိတော့ မသေချာပေမယ့် လူမှုကွန်ရက်ပေါ်မှာ မြင်ရတဲ့ လိုင်ဇာဘက်ကို တရုတ်ဘက်က စက်သုံးဆီ ဝင်နေတဲ့ ပြဿနာကလည်း မသေးပါဘူး။ ဒါ့ကြောင့်လည်း မြေရှားတွေက အတားအဆီးမဲ့ ထုတ်ခွင့်ရနေတာ ထင်ပါတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့ State Actor ဖြစ်တဲ့ ဗဟိုအစိုးရနဲ့ပဲ စကားပြောသင့်တယ် မြင်ပါတယ်။ KIA ဆိုတာ ခွဲထွက်မယ်လို့ ဘယ်လို ပြောပြော ကချင်ပြည်နယ်က ကချင်လူမျိုး တစ်မျိုးတည်း ပိုင်တာ မဟုတ်ပါဘူး။ ဒါက အမည်နာမ ကန့်သတ်ချက်တစ်ခုပါ။ ကချင်ထဲမှာကိုက တခြားမျိုးနွယ်စုတွေ ရှိပါသေးတယ်။ လက်နက်ကိုင်ထားကြတဲ့သူကသာ နိုင်ငံရေး စကားပြောခွင့်ရှိတယ်ဆိုရင် တခြားမျိုးနွယ်စုတွေကလည်း အလားတူ လုပ်လာနိုင်ပါသေးတယ်။ ကချင်ပဲ ဖြစ်ဖြစ်၊ ရခိုင်ပဲ ဖြစ်ဖြစ်၊ ရှမ်းပဲ ဖြစ်ဖြစ် လက်နက်ကိုင်ထားကြတဲ့သူတွေက ဒေသတစ်ခုလုံးမှာ ရှိတဲ့ တခြားလူမျိုးစုံတွေကိုလည်း ကိုယ်စားပြုနေတာ မဟုတ်ပါဘူး။ ဥပမာ- ရခိုင်က လွတ်လပ်ခွင့် ပြောနေရအောင် မြို၊ ဒိုင်းနက်နဲ့ တခြားမျိုးနွယ်စုတွေ အတွက် စဉ်းစားပေးမှုကိုတော့ လစ်လျူရှုနေကြပြန်ပါတယ်။ တိုင်းပြည်ဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ စနစ်ကို အခြေခံတာပါ။ ဖက်ဒရယ်အရ လိုချင်တာ တောင်းရဲရရင် လက်နက်စွန့်ပြီး မဲပုံးထောင်ရတာကိုလည်း သဘောပေါက်သင့်ပါတယ်။ (နရီမိုး)

ရုရှားနိုင်ငံက WhatsApp ကို ပိတ်ပင်လိုက်သည်။ အင်တာနက်ကြီးကြပ်ရေးအဖွဲ့မှ ကြီးကြပ်သည့် အွန်လိုင်းလမ်းညွှန်စာရင်းမှ WhatsApp ကို ဖယ်ရှားလိုက်ခြင်းနှင့် ၎င်းအား အစွန်းရောက်အုပ်စုများစာရင်းထဲသို့ ထည့်သွင်းလိုက်ခြင်းတို့ကြောင့် ယခုကဲ့သို့ အရေးယူပိတ်ပင်ရခြင်းဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ News Of Myanmar NOM