es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 418 suscriptores, ocupando la posición 16 330 en la categoría Noticias y medios y el puesto 9 947 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 418 suscriptores.

Según los últimos datos del 27 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -136, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.67%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.32% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 648 visualizaciones. En el primer día suele acumular 493 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 418
Suscriptores
-924 horas
-317 días
-13630 días
Archivo de publicaciones
မနက်ဖန်ဒဂုံမြို့သစ်မြောက်ပိုင်းရပ်ကွက်အချို့လျှပ်စစ်မီးပြတ်မည် NOM
မနက်ဖန်ဒဂုံမြို့သစ်မြောက်ပိုင်းရပ်ကွက်အချို့လျှပ်စစ်မီးပြတ်မည် NOM
22 sep, 04:57

မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည် စက်တင်ဘာ ၂၂၊ ၂၀၂၆
+3
မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည် စက်တင်ဘာ ၂၂၊ ၂၀၂၆
22 sep, 04:35

အကြမ်းဖက် KIA ထိန်းချုပ်နယ်မြေများရှိ ပြည်သူများ​၏ဘဝ ဝါးရှောင်ရွာ
အကြမ်းဖက် KIA ထိန်းချုပ်နယ်မြေများရှိ ပြည်သူများ​၏ဘဝ ဝါးရှောင်ရွာ
22 sep, 04:33

အကြမ်းဖက် KIA ထိန်းချုပ်နယ်မြေများရှိ ပြည်သူများ​၏ဘဝ ဝါးရှောင်ရွာ
အကြမ်းဖက် KIA ထိန်းချုပ်နယ်မြေများရှိ ပြည်သူများ​၏ဘဝ ဝါးရှောင်ရွာ
22 sep, 04:33
22 sep, ~04:33

ရန်ကုန် - မော်လမြိုင်လမ်းပိုင်းပြေးဆွဲနေသည့်စပိန်DEMU ရထားအား ကျောက်ခဲဖြင့်ပစ်ခတ်တဲ့သူကို ရထားရဲတပ်ဖွဲ့ ဖမ်းဆီးရမိကြောင်းသိရသည်။ NOM
22 sep, 04:18

ပြည်-ရန်ကုန် အမြန်ရထား ခဲဖြင့်ပေါက်ခံရ ပြတင်းပေါက်မှန် ပျက်စီး NOM၊စက်တင်ဘာ၂၂၊၂၀၂ ပြည်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အမှတ် (၇၄)
ပြည်-ရန်ကုန် အမြန်ရထား ခဲဖြင့်ပေါက်ခံရ ပြတင်းပေါက်မှန် ပျက်စီး NOM၊စက်တင်ဘာ၂၂၊၂၀၂ ပြည်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အမှတ် (၇၄) အစုန် စပိန် (DEME) အမြန်အဲယားကွန်းရထားသည် စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင်တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာဘူတာနှင့် သနပ်ချောင်းကျေးရွာဘူတာအကြား၊ မိုင်တိုင် ၄၈/၂၀ ရှိ ရေကျော်ရပ်စခန်းအနီးတွင် ခဲဖြင့် ပေါက်ခံခဲ့ရကြောင်း မြန်မာ့မီးရထားမှသိရသည်။ ခဲပေါက်က်မှုကြောင့် ပထမတန်းတွဲ (၂) ၏ ဝဲဘက်ခြမ်း 4A–4B ပြတင်းပေါက်မှန်တံခါး ပေါက်ပြဲပျက်စီးခဲ့သည။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စစ် ဆေးဆောင်ရွက်နေကြောင်း သိရသည်။
22 sep, 04:16

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက် ၁။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန) မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထား ရမည်ဖြစ်သည်။ ၂။ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသောတက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ ၃။ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများအတွက်မူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါလျှောက်လွှာ လက်ခံမည့်နေရာ (၈) ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်သည်- (က) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်) (ခ) ဆေးတက္ကသိုလ်(၁) ရန်ကုန် (ဂ) ဆေးတက္ကသိုလ် (၂) ရန်ကုန် (ဃ) ဆေးတက္ကသိုလ်၊ မန္တလေး (င) ဆေးတက္ကသိုလ်၊ မကွေး (စ) ဆေးတက္ကသိုလ်၊ တောင်ကြီး (ဆ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) (ဇ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) ၄။ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ၂၀၂၆-ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန
22 sep, 02:41

ထောက်ခံမှုနှုန်း ၃၂% အထိ ကျဆင်းသွားခြင်းနှင့်အတူ ဒေါ်နယ်ထရမ့်၏ အီရန်စစ်ပွဲ အခက်တွေ့ ကုန်ဈေးနှုန်း လျော့ကျအောင်လုပ်ပေးမည်၊ ပြည
ထောက်ခံမှုနှုန်း ၃၂% အထိ ကျဆင်းသွားခြင်းနှင့်အတူ ဒေါ်နယ်ထရမ့်၏ အီရန်စစ်ပွဲ အခက်တွေ့ ကုန်ဈေးနှုန်း လျော့ကျအောင်လုပ်ပေးမည်၊ ပြည်ပစစ်ပွဲများ အဆုံးသတ်ပေးမည်ဟု ကတိပြုကာ ၂၀၂၅ ခုနှစ် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဒေါ်နယ်ထရမ့်၏ ထောက်ခံမှုနှုန်းမှာ ၄၇% ရှိခဲ့သည်။ အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး ဂယက်ရိုက်ခတ်မှုများမှာ စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်စေခဲ့ပြီး လောင်စာဆီဈေးနှုန်းများကို မြင့်တက်စေကာ ကုန်ဈေးနှုန်းကြီးမားမှုကို ပိုမိုဖိအားပေးလာသဖြင့် ထရမ့်အတွက် ပြည်တွင်း၌ အခက်တွေ့လာစေသည်။ Reuters/Ipsos ၏စစ်တမ်းများအရ ၎င်း၏ ထောက်ခံမှုနှုန်းမှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးဖြစ်သော ၃၂% အထိ ထိကျဆင်းသွားခဲ့ပြီး ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ ထောက်ခံမှုပင် လျော့နည်းလာခဲ့သည်။ မဲဆန္ဒရှင်များအတွက် အဓိကအရေးပါဆုံးဖြစ်သည့် စားဝတ်နေရေး စရိတ်ကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ၁၇% သာ ထရမ့်အား ထောက်ခံကြသည်။ ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ ထောက်ခံမှုနှုန်းမှာ တစ်ပတ်အတွင်း ၈၂% မှ ၇၃% သို့ လျော့ကျသွားခဲ့သည်။ ၃၄% ကသာ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ထောက်ခံပြီး ၈၂% ကမူ ယခုပဋိပက္ခသည် "အချိန်အတော်ကြာ" ဆက်လက်ကြန့်ကြာနေမည်ဟု မျှော်လင့်ထားကြသည်။ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်များက ဒီမိုကရက်ပါတီကို ၄၃% မှ ၃၅% ဖြင့် ရီပတ်ဘလစ်ကန်တို့ထက် ပိုမိုဦးစားပေးလျက်ရှိရာ ယင်းမှာ ယခုနှစ် Reuters/Ipsos စစ်တမ်းများတွင် ဒီမိုကရက်တို့၏ အသာရမှု အကြီးမားဆုံး ပမာဏဖြစ်သည်။
22 sep, 02:40

+4
ရုရှားက ယူကရိန်း၏ စစ်ဘက်ဆိုင်ရာများကို ညလုံးပေါက် တိုက်ခိုက် မြေပြင်၊ ရေပြင်၊ လေကြောင်းသုံး တိကျလက်နက်များနှင့် ဒရုန်းများကို အသုံးပြုခဲ့သည်။ ထိမှန်ခဲ့သော ပစ်မှတ်များ - သတ္တုနှင့် ဓာတုဗေဒ စက်ရုံများ လောင်စာဆီ၊ စွမ်းအင်နှင့် ကာကွယ်ရေး အဆောက်အအုံများ ဆိပ်ကမ်း အခြေခံအဆောက်အအုံများ ယူကရိန်းတပ်ကို ထောက်ပံ့နေသည့် သင်္ဘောများ
22 sep, 02:33

ကလေးမြို့နယ်တပ်ဦးသီတာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား အမျိုးသမီးသုံးဦးသေဆုံး NOM၊စက်တင်ဘာ၂၂၊၂၀၂၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ
ကလေးမြို့နယ်တပ်ဦးသီတာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား အမျိုးသမီးသုံးဦးသေဆုံး NOM၊စက်တင်ဘာ၂၂၊၂၀၂၆ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်တွင် ယမန်နေ့(စက်တင်ဘာ၂၁ရက်)ည၁၁နာရီ၁၀မိနစ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအမျိုးသမီးသုံးဦးသေဆုံးခဲ့သည့်ဟု ပုညကုသလ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဥ်မှာ ကလေးမြို့နယ်၊ တပ်ဦးသီတာရပ်ကွက်ရှိကွန်ပြူတာမိတ္တူကူးသည့်ဆိုင်ဖွင့်ထားသည့်နှစ်ထပ်လူနေအိမ်တွင်ည ၁၁နာရီခန့်က ဆိုလာဖြင့် ဖုန်းအားသွင်ထားစဥ်အပူလွန်ကဲပြီးမီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်းမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိအမျိုးသမီးသုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရကလေးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ည၁၁နာရီ၄၅မိနစ်တွင်မီးငြိမ်းသွားပြီး သေဆုံးသူ အမျိုးသမီးသုံးဦးအား မီးသတ်တပ်ဖွဲ့များနှင့် ပုညကုသလ လူမူကူညီရေးအသင်းကရုဏာ လူမူကူညီရေးအသင်းတို့မှကလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
22 sep, 01:29

လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လို “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထု
လယ်ယာကဏ္ဍမှ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ပိုကုန်ဈေးကွက်အထိ ချိတ်ဆက်ဆောင်ရွက်ရန်လို “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” ဟူသည့် ရည်မှန်းချက်သည် လယ်ယာကဏ္ဍတစ်ခုတည်းကို ဖွံဖြိုးတိုးတက်စေရန်ပြောကြားခြင်းမဟုတ်ဘဲ လယ်ယာထွက်ကုန်မှ ကုန်ကြမ်း၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့်ထုတ်ကုန်၊ ပိုကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးကို ရည်မှန်းသည့် မူဝါဒဦးတည်ချက်တစ်ရပ်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ထိုပြင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ နည်းပညာကဏ္ဍနှင့် ဈေးကွက်ရရှိရေးတိုအကြား အပြန်အလှန်ချိတ်ဆက်မှုကို ခိုင်မာအောင် တည်ဆောက်ပြီး ယခင်တန်ဖိုးထက် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
22 sep, 00:17

အီရန်စစ်ပွဲကြောင့် ပျက်စီးသွားသော အရှေ့အလယ်ပိုင်း စွမ်းအင်အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် ထရန့်က ဒေါ်လာ ၅ ဘီလီယံတန် သ
အီရန်စစ်ပွဲကြောင့် ပျက်စီးသွားသော အရှေ့အလယ်ပိုင်း စွမ်းအင်အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် ထရန့်က ဒေါ်လာ ၅ ဘီလီယံတန် သဘောတူညီချက်တစ်ရပ် အဆိုပြု၊ အာရပ်နိုင်ငံများထံမှလည်း ပမာဏတူ ထည့်ဝင်ကြေးများ ရယူကာ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိရန် မျှော်မှန်း။
22 sep, 00:16

စမ်းချောင်းတွင် ကျောင်းသားနှစ်ဦးအား ဓားဖြင့်ထိုးသူများကို ဖမ်းဆီးရမိ NOM စက်တင်ဘာ ၂၂၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမ
စမ်းချောင်းတွင် ကျောင်းသားနှစ်ဦးအား ဓားဖြင့်ထိုးသူများကို ဖမ်းဆီးရမိ NOM စက်တင်ဘာ ၂၂၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ စမ်းချောင်းလင့်မုန့်စျေးတန်းတွင် စက်တင်ဘာလ ၂၇ ရက်ညနေက ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးသွားသူအမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၇ ဦးကို စက်တင်ဘာလ ၂၁ ရက်ကဖမ်းဆီးရမိကြောင်းသိရသည်။ ဖြစ်စဉ်မှာ အာကာကျော်သည်၎င်းနှင့်သိကျွမ်းသော ရွှေရည်ဝတီ (ခ) သဒ္ဒာအား တယ်လီဂရမ်မှနောက်ပြောင်သည်ကို မကျေနပ်သောရွှေရည်ဝတီ၏ ရည်းစား သူရိန်းထွန်းက လူအုပ်စုဖွဲ့ခေါ်လာပြီး ရွေီရည်ဝတီကို ထိုကျောင်းသားနှစ်ဦးရှိသည့်နေရာအား ဖုန်းဆက်ချိန်းဆိုစေကာလာရောက်ပြီး ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ဦးခေါင်းကိုထုခြင်း၊ ဝိုင်းဝန်းထိုးကြိတ်ခြင်းများလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကိုစစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူများဖြစ်သော ရွှေရည်ဝတီ (ခ) သဒ္ဒါ (၁၈ နှစ်)၊ သူရိန်ထွန်း (၁၈ နှစ်)၊ ဇင်ကို (၁၈ နှစ်)၊ နိုင်မင်းခန့် (၁၇ နှစ်)၊ အောင်အောင်ဦး (၂၁ နှစ်)၊ အောင်မြတ်သူ (၁၄ နှစ်)၊ မင်းထက်ကျော် (၁၇ နှစ်)၊ ပြည့်စုံအောင် (၁၆ နှစ်)တို့ကို ဖမ်းဆီးရမိပြီး ပြစ်မှုကျူးလွန်သူများထဲမှ အသေးလေးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။ ကျောင်းသားနှစ်ဦးကို အုပ်စုဖွဲ့ထိုးကြိတ်၊ ဓားဖြင့်ထိုး၊ ကျောက်ခဲဖြင့်ထုသည့် တရားခံများကို စမ်းချောင်းရဲစခန်းက (ပ) ၃၈၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ၂၉၄၊ ၃၂၃၊ ၃၂၄၊၅၀၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ NOM
22 sep, 00:14

အမေရိကန်တွင် ဒီဇယ်ဆီဈေး ၆.၅၁ ဒေါ်လာဖြင့် စံချိန်သစ်တင်၊ အီရန်စစ်ပွဲကြောင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ် အမေရိကန်နိုင်ငံ၏ ဒီဇယ်ဆီဈေးနှုန်းသည် တစ်ဂါလံလျှင် ၆.၅၁ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားခဲ့ပြီး ဖေဖော်ဝါရီလတွင် အီရန်နှင့် စစ်ပွဲစတင်ခဲ့ချိန်မှစ၍ ရာခိုင်နှုန်း ၇၃ ရာခိုင်နှုန်းကျော်အထိ ခုန်တက်သွားခြင်းဖြစ်ကြောင်း KSHB41 သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန်၏ အီရန်အပေါ် ကျူးကျော်စစ်ရေးလှုပ်ရှားမှုများနှင့် မကင်းသည့် ထိခိုက်မှုများအပြင် အရှေ့အလယ်ပိုင်းဒေသ၏ ပိုမိုကျယ်ပြန့်လာသော မတည်ငြိမ်မှုများသည် ဓာတ်ဆီ/ ဒီဇယ်ဈေးနှုန်းများကို ပိုမိုမြင့်တက်စေသည့် အကြောင်းရင်းများအဖြစ် အဆိုပါသတင်းဌာနက ထောက်ပြထားသည်။ ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် ချပ်ခ် ဂရပ်စလီ က မြင့်မားသော ဆီဈေးနှုန်းများသည် "တောင်သူလယ်သမားများ၏ ဝင်ငွေကို ရိုက်ချိုးဖျက်ဆီးနေသည်" ဟု သတိပေးလိုက်ပြီး၊ ဒီဇယ်ဆီ ပြည်ပသို့ တင်ပို့နေခြင်းကို ရပ်ဆိုင်းရန် ထရန့်အစိုးရအဖွဲ့အား တိုက်တွန်းပြောကြားခဲ့သည်။ တစ်နိုင်ငံလုံး၏ ဒီဇယ်ဆီ ပျမ်းမျှဈေးနှုန်းသည် တစ်ပတ်အတွင်းမှာပင် ဆင့် ၄၀ ကျော် မြင့်တက်သွားကြောင်း The Hill သတင်းကလည်း ဖော်ပြခဲ့သည်။ အိမ်ဖြူတော်ကမူ လက်ရှိတွင် ပြည်ပဆီတင်ပို့မှု ပိတ်ပင်တားဆီးရန် စဉ်းစားထားခြင်းမရှိသေးကြောင်း ပြောကြားထားသည်။ ဒီဇယ်ဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းသည် အမေရိကန်တစ်ဝှမ်းရှိ စားသောက်ကုန်၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍအသီးသီး၏ ကုန်ကျစရိတ်များကိုပါ လိုက်လံမြင့်တက်စေနိုင်သည်။
21 sep, 23:23

KIA မိုင်းခွဲဖျက်ဆီးထားသည့် စင်းခန်းတံတားအား တပ်မတော်က ထိန်းချုပ်ပြီးနောက် မြင်ကွင်း
21 sep, 23:14

အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်နီးပါးရပ်နားထားသည့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ ပြန်လည်ထု
အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်နီးပါးရပ်နားထားသည့် ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာများ ပြန်လည်ထုတ်ပေး စက်တင်ဘာ ၂၁၊ ၂၀၂၆ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဖလမ်းမြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းများ ယာယီရပ်နားထားခဲ့ ရပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် ဖလမ်းမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်၍ ဇူလိုင် ၆ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်အား ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပေးနေရာမှ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာများကို ပထမဆုံးအကြိမ် ပြန်လည်ထုတ်ပေးပြီးသည်။ ထိုသို့ ထုတ်ပေးလျက်ရှိရာ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်၊ ရဲပင်စင်နှင့် ဘဏ်ပင်စင်များအားလုံးကို ထုတ်ပေးနေခြင်းဖြစ်ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ပင်စင်မထုတ်ယူခဲ့သူများအနေဖြင့် ဖလမ်းဘဏ်တွင် လာရောက်ကာ ပင်စင်ထုတ်ယူခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပင်စင်ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် လစဉ် ၁ ရက်မှ ၁၈ ရက်အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာ သန့်ဇော်လွင်၊ ချင်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ပေးနေမှုကို  ကြည့်ရှုစစ်ဆေးပြီး ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆူရ်ဘုန်လေဆိပ်သို့ သွားရောက်ကာ လေဆိပ်ပင်မအဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်၊ လေဆိပ်ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုအခြေအနေ၊ စက်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုအခြေအနေ၊ လေယာဉ်ပြေးလမ်းအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပညာသိပ္ပံဌာနမှူး ဦးသန်းမြင့်ကျော်က ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ပြုပြင်၊ ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ်၏ ပထမဆုံးလေကြောင်း ဝင်ပေါက်အဖြစ် ငွေကျပ် ၄၃ ဒသမ ၇၉ ဘီလီယံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်တွင် ပထမဆုံးအဖြစ် ATR 72 လေယာဉ်စမ်းသပ်ဆင်းသက်ခဲ့ပြီး ယခုအခါ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လေယာဉ်အဆောက်အအုံများ တစ်စိတ်တစ်ပိုင်းပျက်စီးပြီး စက်ပစ္စည်းများ‌‌ ပျက်စီးဆုံးရှုံးသွားသည့်အတွက် နိုင်ငံတော်အတွက်သာမက ဒေသခံပြည်သူများအတွက် ကြီးမားသည့်ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒုတိယဝန်ကြီးများ ဦးဆောင်သည့်  ဝန်ကြီးဌာနများမှ တာဝန်ရှိသူများပါဝင်သည့် ကော်မတီဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
21 sep, 22:47

(၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ် ရွေးကောက်ပွဲ၏ ပဏာမရလဒ်များ ကြေညာ စက်တင်ဘာ ၂၁၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တ
(၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ် ရွေးကောက်ပွဲ၏ ပဏာမရလဒ်များ ကြေညာ စက်တင်ဘာ ၂၁၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များ ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်သူကိုယ်စားလှယ်အဖြစ် ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇာနည်မော်ဝင်း၊ ဆီဆိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းတို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ ယနေ့ကျင်းပသည့် (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ်ရွေးကောက်ပွဲ၏ ပဏာမရလဒ်များကြေညာခြင်းနှင့် နိုင်ငံတကာမှ စောင့်ကြည့်သူ UEC နှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်ပွဲအပေါ်သုံးသပ်သည့် အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Mrs. Ella Pamfilova က ရွေးကောက်ပွဲဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြောကြားသည်။ ထို့နောက် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သူ UEC ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ ပါလီမန်လွှတ်တော်များမှ ကိုယ်စားလှယ်များက ရွေးကောက်ပွဲအပေါ် သုံးသပ်ဆွေးနွေးကြသည်။ အဆိုပါ ရွေးကောက်ပွဲကာလအတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ မဲရုံအမှတ် (၁၂၈၃) မှ မဲရုံမှူး Mrs. Sanaikhina အပါအဝင် ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ပထမရက်တွင် မဲပေးစက်များကို နှောင့်ယှက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများရှိခြင်း၊ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများနှင့် မိသားစုဝင်များကို စာပို့ခြိမ်းခြောက်ခြင်းတို့ရှိခဲ့ကြောင်း သိရသည်။ (၉) ကြိမ်မြောက် ဒူးမားလွှတ်တော်အမတ်ရွေးကောက်ပွဲတွင် ပါတီပေါင်း ၁၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး United Russia ပါတီက ၅၇ ဒသမ ၇၉ ရာခိုင်နှုန်း၊ ကွန်မြူနစ်ပါတီက ၁၃ ဒသမ ၇၃ ရာခိုင်နှုန်းဖြင့် နေရာအများစုရရှိခဲ့သည်။ ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် Russia 1 ရုပ်သံချန်နယ်၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း သိရသည်။
21 sep, 22:46

တပ်မတော်သားများပီပီ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ရှိရန်လိုကြောင်း၊ တပ်မတော်အရာရှိကြီးများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျကောင်းမွန်အောင် ကြိုးစားကျင့်ကြံနေထိုင်ပြီး မိမိတို့၏ လက်အောက်ငယ်သားများနှင့် မိသားစုဝင်များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြစေရေး ကြပ်မတ်ကွပ်ကဲဖို့လိုကြောင်း၊ အမျိုးသားအကျိုးစီးပွားဖော်ဆောင်နိုင်ရန် နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့လိုကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့အတွက် နိုင်ငံတော်ကာကွယ်ရေး စွမ်းအားတောင့်တင်းခိုင်မာဖို့လိုကြောင်း၊ သို့ဖြစ်၍ အင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်ဖြစ်စေရေး တပ်မတော်သားတစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားစေရန် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ကြမည်ဆိုပါက မည်သည့်စိန်ခေါ်မှုကိုမဆို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။    ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
21 sep, 22:45

မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အချက်အချာနေရာ (Geopolitical Pivot) တစ်ခုအဖြစ် တည်ရှိနေပြီး နိုင်ငံရေးစနစ်မတူညီသည့် အင်အားကြီးနိုင်ငံများအကြားတွင် တည်ရှိကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသဖြင့် တပ်မတော်က တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နိုင်သည့် အင်အားရှိသော စွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်ရန်အတွက် တပ်မတော်သားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပြည့်ဝဖို့လိုကြောင်း၊ သမိုင်းကြောင်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အရာရှိကြီးများအနေဖြင့် သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့များကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်နေကြသူများဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝနေရန်လိုပြီး မိမိတို့ဦးဆောင်ရသည့်တပ်ကို စနစ်တကျဖြင့် ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း။   တပ်မတော်အရာရှိကြီးများသည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှုဟုဆိုရာတွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ဖို့လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်နေအောင် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နေကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် တပ်မတော်သားများ ဖြစ်ရန်အတွက် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရန်လည်းလိုအပ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ်တွင် မှန်ကန်သည့် ယုံကြည်မှုဖြင့် သစ္စာစောင့်သိနေရန်လိုကြောင်း။ ကိုယ်ကျင့်တရားနှင့် စည်းကမ်းပိုင်းအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ နေထိုင်ရန်လိုပြီး မိမိတို့ကွပ်ကဲမှုအောက်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကိုလည်း ပြောဆိုဆုံးမသွန်သင်နေရန်လိုကြောင်း။  မိမိကိုယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်သကဲ့သို့ တာဝန်သိစိတ်ရှိရန်လည်းလိုအပ်ကြောင်း၊ မိမိဦးဆောင်ရသည့် ဌာန၊ အဖွဲ့အစည်းအပေါ်တွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြင့် ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း။   သတင်းလုံခြုံရေးကိုလည်း တစ်ဦးချင်းစီက အထူးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သတင်းလုံခြုံမှုကျိုးပေါက်ခြင်းကြောင့် များစွာသောထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် လုံခြုံရေးနှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်မဆို အလေးအနက်ထားထိန်းသိမ်းကြရန်လိုကြောင်း၊ မိမိကိုယ်ကို လေးစားတန်ဖိုးထားရန်လိုပြီး မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် လုပ်ငန်းများ၏ အကျိုးဆက်ကို သိရှိနားလည်ပြီး စနစ်တကျသုံးသပ်ဆောင်ရွက်ကြရန်လိုကြောင်း။  တပ်မတော်အရာရှိကြီးများအနေဖြင့် မိမိတို့၏တပ်ဖွဲ့နှင့် သက်ဆိုင်သည့် ဘာသာရပ်များနှင့် လုပ်ငန်းများကိုလည်း Professional ကျကျ ကျွမ်းကျင်ပိုင်နိုင်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊ ကမ္ဘာ့ရေးရာ၊ ဒေသတွင်းနှင့် နိုင်ငံရေးဆိုင်ရာတို့ကို အမြဲလေ့လာနေ၍ တပ်မတော်နှင့် မိမိတို့၏ တပ်ဖွဲ့များအတွက် အကျိုးဖြစ်စေမည့် အရာများကို စူးစမ်းလေ့လာပြီး ကြိုတင်ဆောင်ရွက်နိုင်သည့် အရာများကို အကြံပြုဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍လည်း မျက်ခြေမပြတ်စောင့်ကြည့် သတိပြုရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ဖွဲ့စည်းထားရှိရန်လိုကြောင်း။
21 sep, 22:45

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်
+1
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)   ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ တပ်မတော်အရာရှိကြီးများအား   တွေ့ဆုံအမှာစကားပြောကြား စက်တင်ဘာ ၂၁၊ ၂၀၂၆ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။   အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံး/ဌာနအသီးသီးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကားပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်အရာရှိကြီးများအနေဖြင့် လုပ်ငန်းတာဝန်များအပေါ်တွင် စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်များ ကောင်းမွန်စွာဖြင့် ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အဖွဲ့အစည်းတစ်ခုတွင် လုပ်ငန်းအောင်မြင်ရန်အတွက် ဦးဆောင်သူများ၏ လုပ်ငန်းရည်မှန်းချက်၊ အကောင်အထည်ဖော်မှုနည်းလမ်းနှင့် သဘောတရားများကို လုပ်ဖော်ကိုင်ဖက်များကပါ သိရှိနားလည်မှသာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရုံး၊ ဌာနအလိုက် ခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့လက်အောက်တွင် လိုက်ပါဆောင်ရွက်နေကြသည့် လက်အောက်ငယ်သားများ၏ အားနည်းချက်အားသာချက်များကို သိရှိပြီး သင့်လျော်သည့် တာဝန်များကို ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း။  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနများသည် တပ်မတော်တစ်ရပ်လုံး၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်းတာဝန်များကို ဦးဆောင်မှုပြုလျက်ရှိကြောင်း၊ တပ်မတော်၏ ဦးနှောက်ဟု တင်စားရမည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနများသည် လုပ်ငန်းတာဝန်များကို ထိရောက်မှန်ကန်မှုရှိအောင် ကြိုးစားဆောင်ရွက်ဖို့လိုကြောင်း။   တပ်မတော်သားများအားလုံး တပ်မတော်သို့ စတင်ဝင်ရောက်ချိန်မှစ၍ နေထိုင်စားသောက်မှု၊ လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့် တပ်မတော်သားတစ်ဦး၏ ခံစားပိုင်ခွင့်ကိစ္စရပ်များကို အငြိမ်းစားယူသည့်အချိန်ကာလအထိ လုပ်ငန်းဆောင်တာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ ရုံးဌာနများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များသည် အရည်အချင်းအရ ပြည့်ဝရန်လိုအပ်ပြီး စိတ်ဓာတ်စည်းကမ်းတွင် စံနမူနာပြဖြစ်ရန်လိုကြောင်း။   မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးပြီးချိန်မှစ၍ လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် အယူဝါဒရေး၊ လူမျိုးရေးအကြောင်းပြပြီး နည်းမျိုးစုံဖြင့် နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူနှင့်လက်တွဲကာ အသက်သွေးချွေးများစွာပေးဆပ်၍ နိုင်ငံတော်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းထမ်းဆောင်ခဲ့ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများ၏ သွေးထိုးနှောင့်ယှက် လှုံ့ဆော်ခဲ့မှုများကြောင့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများသည် နည်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ရိုးသားသော တိုင်းရင်းသားပြည်သူများကို သွေးထိုးလှုံ့ဆော်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ကာ နိုင်ငံတော်ပြိုကွဲအောင် လုပ်ဆောင်လာခဲ့သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်သွေးချွေးများစွာပေးဆပ်၍ စွမ်းစွမ်းတမံ ကြိုးပမ်းကာကွယ်လျက်ရှိကြောင်း။
21 sep, 22:44