es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 466 suscriptores, ocupando la posición 15 923 en la categoría Noticias y medios y el puesto 10 081 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 466 suscriptores.

Según los últimos datos del 02 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -216, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.95%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.72% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 241 visualizaciones. En el primer día suele acumular 838 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 03 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 466
Suscriptores
-924 horas
-217 días
-21630 días
Archivo de publicaciones
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီစုံဒီမိုကရေစီအထွေထွေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်မည့် မြို့နယ်များနှင့် မကျင်းပနိုင်မည့် မြို့နယ်များသတ်မှတ်၍ မဲစာရင်းများအဆင့်ဆင့် ပြုစုခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲအား အပိုင်းလိုက်အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် မဲစာရင်းရလာဒ်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၏ စာရင်းအားကြေညာပေးခဲ့မှုအခြေအနေများ၊ အပိုင်းလိုက်ကျင်းပဆောင်ရွက်ခဲ့ရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အပိုင်းလိုက်သတ်မှတ်နေရာများအလိုက် အချိန်မီရွှေ့ပြောင်းနိုင်ရေး၊ စနစ်တကျပြန်လည်တပ်ဆင်အသုံးပြုနိုင်ရေးစနစ်တကျဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ရွေးကောက်ပွဲကို သမာသမတ်ရှိရှိ စနစ်တကျဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခုအချိန်အထိ နိုင်ငံရေးပါတီများမှ ကန့်ကွက်ခဲ့မှုမရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။ ယင်းနောက် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများနှင့် ပတ်သက်၍ ၂ဝ၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MSME ထုတ်ကုန်များကို တက်ကြွစွာဖြင့် အပြိုင်အဆိုင်လာရောက်ပါဝင်ပြသကြသည်ကို ဝမ်းမြောက်အားတက်ဖွယ် တွေ့မြင်ရကြောင်း၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်နေပြီး များစွာတိုးတက်မှုရှိသည်ကိုလည်း တွေ့မြင်ရကြောင်း၊ လာရောက်ကြည့်ရှုလေ့လာသူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာဖြင့် အများအပြားလာရောက်ကြည့်ရှုလေ့လာကြသည်ကို တွေ့မြင်ရကြောင်း၊ လက်ရှိဆောင်ရွက်နေသည်ထက် ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်လိုပြီး ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များရရှိလာရန်လိုကြောင်း၊ နည်းပညာအရသော်လည်းကောင်း၊ ထုတ်လုပ်မှုအရသော်လည်းကောင်း အရည်အသွေးနှင့် အဆင့်အတန်းမြင့်မားလာစေရေး ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့လက်ရှိထုတ်လုပ်နေသည့် အရည်အသွေးများ၊ အမျိုးအမည်များ၊ အရေအတွက်များထက် တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုတိုးတက်အောင် ထုတ်လုပ်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ယခုပြပွဲသည် မိမိတို့နိုင်ငံအတွက်တန်ဖိုးရှိသည့် ပြပွဲတစ်ခုဖြစ်ပြီး ပွဲတော်ကာလအတွင်း လုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်း၊ လေ့လာမှုများ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်သွားကြရန်လိုပြီး နိုင်ငံ့စီးပွားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် မိမိတို့ချမှတ်ထားသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများအနေဖြင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုသကဲ့သို့ မြို့ရွာသက်ဆိုင်ရာများ သန့်ရှင်းသာယာလှပစိမ်းလန်းသာယာရေးအတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ ပြည်သူများအတွက် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ Mind Set များ ကောင်းမွန်လာမည်ဖြစ်ပြီး အေးချမ်းသာယာမှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း။ နိုင်ငံတော်၏ အနာဂတ်တိုးတက်ရေးအတွက် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးလိုအပ် မကြာမီကာလအတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ အဆိုပါနွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးငယ်များနေဖြင့် အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချ၍ ၎င်းတို့၏ ဘဝအတွက် အထောက်အကူပြုစေမည့် နွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရန်လိုကြောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများတွင် စနစ်တကျအနားယူဆောင်ရွက်ခြင်းဖြင့် နောင်လာမည့် ပညာသင်နှစ်တွင် ယခုထက်ပိုမို၍ ကြိုးစားအားထုတ်ချင်သည့် စိတ်များရှိလာအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ ကျောင်းနေအရွယ်ကလေးများ အားလုံးကျောင်းနေခြင်းသည် နိုင်ငံတော်၏ အနာဂတ်တိုးတက်ရေးအတွက် များစွာအရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ တန်းစဉ်ကူးပြောင်းမှုများ မြင့်မားလာစေရေးတတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝအတွက် နိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် ပညာရေးစနစ်ကိုဖော်ဆောင်နိုင်ရန်လိုကြောင်း၊ လူငယ်များအနေဖြင့် ၎င်းတို့ခြေထောက်ပေါ်တွင် ကိုယ်တိုင်ရပ်တည်နိုင်သည့် ပညာရပ်များ တတ်မြောက်နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းများ မဖွင့်လှစ်နိုင်သည့် ဒေသများတွင် လာမည့်ပညာသင်နှစ်အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ ဒေသအလိုက်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး ကြိုးပမ်းဆောင်ရွက် ဒေသအလိုက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်နေထိုင်သည့် တည်ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုမရှိသည့် ဒေသများတွင် လက်နက်ကိုင်၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းများ၊ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတပစ္စည်းများကို တရားမဝင်ထုတ်ယူခြင်းများဖြင့် အဓမ္မကိုယ်ကျိုးစီးပွားရှာခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း။ ဒေသမတည်ငြိမ်မှုများဖြစ်ပေါ်ပြီး အဆိုပါအကြမ်းဖက်သမားများကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရခြင်းကြောင့် ကျောင်းနေအရွယ်ကလေးငယ်များ၏ အခွင့်အရေးများများစွာ ဆုံးရှုံးလျက်ရှိကြောင်း၊ ပြည်သူလူထုတည်ငြိမ်အေးချမ်းမှုကို အပြည့်အဝခံစားနိုင်ရေး တပ်မတော်၏အင်အား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အား၊ ပြည်သူလူထု၏ အင်အားများစုစည်း၍ အကြမ်းဖက်သမားများကို နှိမ်နင်းရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အုပ်ချုပ်မှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် နောင်တက်လာမည့် အစိုးရအတွက် အထောက်အကူပြုစေမည့် လုပ်ငန်းများအားလုံးကို ဆောင်ရွက်ပေးသွာ ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြ

မိမိတို့အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုရရှိသည့် မဲရလဒ်များကို ကြည့်ခြင်းအားဖြင့် ပါတီဝင်အင်အားကို ခန့်မှန်း၍ရကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူနှင့်ကင်းကွာ၍ မရကြောင်း၊ ပြည်သူများနှင့် ထိတွေ့မှုများပြားသည့် ပါတီများ၊ ပါတီဝင်စည်းရုံးရေးကို ဆောင်ရွက်နိုင်ခဲ့သည့် ပါတီများအနေဖြင့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်မတိုင်မီကတည်းက စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်၍ ဆောင်ရွက်ရမည်ကို သင်ခန်းစာဖော်ထုတ်နိုင်ကြောင်း၊ ပါတီ၏မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများအား ပြည်သူများ သိရှိစေရေးဆောင်ရွက်ပြီး စည်းရုံးဆောင်ရွက်ကြရန်လိုကြောင်း၊ နောင်တစ်ချိန်ပြုလုပ်သွားမည့် ရွေးကောက်ပွဲများတွင် ယခုထက်ပိုမိုကောင်းမွန်သည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုရရှိလာသည့် ရွေးကောက်ပွဲရလဒ်များကိုလည်း ပါတီများအနေဖြင့် သံသယရှိပါက ရွေးကောက်ပွဲကော်မရှင်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း။ လွှတ်တော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လို ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး စီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာလွှတ်တော်အဆောက်အဦများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။ နောင်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများကို ချောမွေ့စွာဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး မိမိတို့လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်မှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုဆောင်ရွက်ထားကြရန်လိုကြောင်း၊ “နှုတ်တစ်ရာစာတစ်လုံး” ဆိုသည့်အတိုင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များအလိုက် အချက်အလက် များမှန်မှန်ကန်ကန်ဖြင့် စနစ်တကျမှတ်တမ်းတင်ပြုစုထားရှိရန်လိုကြောင်း၊ နောင်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်တာဝန်များကို ချောချောမွေ့မွေ့ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။ ရရှိသည့် အချိန်အတွင်း နိုင်ငံ့စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလို နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျန်ရှိနေသည့် အချိန်အတွင်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ရသမျှအချိန်အတွင်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်သွားကြရန်လိုပြီး သီးထပ်စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် စတင်တာဝန်ယူချိန်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ထိုက်သင့်သလောက်သာအောင်မြင်မှုရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဆီထွက်သီးနှံများအား ကုန်ကြမ်းများအဖြစ် ပြည်ပသို့တင်ပို့ခြင်းထက် ပြည်တွင်းဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံကို စိုက်ပျိုးထုတ်လုပ်စေလိုကြောင်း၊ သို့မှသာ ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း။ စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် နိုင်ငံ၏ဝင်ငွေများ နှစ်စဉ်လျော့နည်းလျက်ရှိသဖြင့် ဝင်ငွေများပိုမိုတိုးတက်လာစေရေး တစ်ဧကပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်ပဝင်ငွေများပိုမိုရရှိလာပြီး ပြည်တွင်းစီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နောင်တက်လာမည့် အစိုးရအတွက် အထောက်အကူပြုစေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ရမည်ဖြစ်ကြောင်း။ ပြည်သူများအတွက် သန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးရန်လို

မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် ဆန္ဒမဲများပေးရာတွင်လည်း မဲရုံတစ်ခုချင်းစီအလိုက် MEVM စက်တစ်ခုချင်းအလိုက် သီးသန့်သာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်ချိတ်ဆက်မှုများမှ ဆောင်ရွက်ထားမှုမရှိခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမှုများကြောင့် နိုင်ငံတော်ကိုတာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံတော်အနေဖြင့် ငွေကြေးကုန်ကျမှုများများစွာရှိသော်လည်း ရွေးကောက်ပွဲကိုအပိုင်းအလိုက်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ငွေကြေးကုန်ကျမှုကို သက်သာစေခဲ့သကဲ့သို့ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာများကိုလည်း တွေ့ရကြောင်း။ စနစ်တကျဆောင်ရွက်နိုင်ခဲ့သည်ကို ကြိုတင်မဲပေးမှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် မဲသမာမှုများ လုံးဝမဖြစ်ပေါ်စေရေး စနစ်တကျကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲပေးချိန်တွင် ပျက်ကွက်နိုင်သူများကို စနစ်တကျဖြင့် မှတ်တမ်းတင်၍ ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ပါဝင်မဲပေးခဲ့ကြသည့် ပြည်သူများကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားလက်ခံပြီး နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အညီ နိုင်ငံကြီးသားပီသစွာဖြင့် စည်းစနစ်တကျဖြင့် အေးချမ်းစွာ ပါဝင်ဆန္ဒမဲပေးခဲ့ကြခြင်းသည် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ကိစ္စရပ်ပင်ဖြစ်ကြောင်း။ မိမိတို့အစိုးရတာဝန်ယူချိန်တွင် ရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်မှုများကို စနစ်တကျပြုလုပ်ခဲ့ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက်ရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုများကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ယခုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုသာမက မိမိတို့အစိုးရလက်ထက် ယခင်ရွေးကောက်ပွဲကော်မရှင်ကိုလည်း မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း။ မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံရေးပါတီများပါဝင်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေးစင်မြင့်တွင် ပါဝင်လာနိုင်စေရေး PR စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ဒေသအားလုံးနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များအနေဖြင့်လည်း လွှတ်တော်တွင်ပါဝင်ပြီး မိမိတို့၏ ဒေသအကျိုးနှင့် ၎င်းတို့၏ ဆန္ဒများကို ပါဝင်ဆွေးနွေးဆောင်ရွက်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့မှုကြောင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှကိုယ်စားလှယ်များ ပိုမိုပါဝင်လာသည်ကို တွေ့ရကြောင်း။ နောင်လာမည့် လွှတ်တော်တွင်ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေး ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦး ရွေးကောက်ခံခဲ့ရကြောင်း၊ မဲစာရင်းရလာဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီ ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ၆ ဒသမ ၁၇ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ အလားတူ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလည်း ပါဝင်အနိုင်ရရှိခဲ့ကြသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် PR စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပါတီစုံစနစ် (Multi Party စနစ်) ကို ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော် ဖေဖော်ဝါရီ ၉ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကြီးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှု ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ ၂၆၃ မြို့နယ်တွင်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ၌ ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျလာရောက်၍ မဲရုံများတွင်ဆန္ဒမဲများ ပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့်တန်းစီ၍ မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံအားပေးမှုကိုပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရဆောင်ရွက်ချက်များကို ထောက်ခံမှုပြသခြင်းပင်ဖြစ်ကြောင်း၊ အချို့နိုင်ငံရေးအရသဘောထားမတိုက်ဆိုင်သူများအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်မှုမရှိကြကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ နိုင်ငံတကာရွေးကောက်ပွဲများကို လေ့လာကြည့်ရာတွင် ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၅ ခုနှစ်နှင့် အနီးဆုံးကာလများတွင် အထွေထွေရွေးကောက်ပွဲများကို ၁၉၉ နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၅၀ ၌ မဲပေးမှုရာခိုင်နှုန်း ၅၄ ရာခိုင်နှုန်းထက်နည်းပါးကြသည်ကို တွေ့ရကြောင်း၊ ထိုအထဲတွင် ပြင်သစ်နိုင်ငံ၊ အယ်လ်ဂျီးရီးယား၊ ဘူလ်ဂေရီးယား၊ အီဂျစ်၊ ခရိုအေးရှား၊ ဂျမေကာ၊ ဂျပန် စသည့်နိုင်ငံများပါဝင်ကြောင်း၊ ဒီမိုကရေစီစနစ်ထွန်းကားပြီး နိုင်ငံများပင်ပါဝင်ကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ယခုရွေးကောက်ပွဲသည် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ခုဟုပြောနိုင်ကြောင်း။ ဖွဲ့စည်းပုံဆန္ဒမဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် ဆန္ဒမဲများပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ MEVM စက်များကို ရွေးကောက်ပွဲမကျင်းပမီစတင်၍ ကြိုတင်ပြင်ဆင်ချိန်ကတည်းက အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးပြီးမှသာ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းများ မှားယွင်းမှုများမရှိစေရေး အကြိမ်ကြိမ်အထပ်ထပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုမရှိသူများ ရှိခဲ့သော်လည်း မဲစာရင်းမှားယွင်းမှုမရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား

⛴ 🇺🇸 "အမေရိကန် ရေကြောင်းစီမံခန့်ခွဲမှုဌာနက အမေရိကန်အလံလွှင့်ထူထားသော သင်္ဘောများအားလုံး အီရန်ပိုင် နယ်နိမိတ်အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် အရေးပေါ် တိုက်တွန်း" အမေရိကန် ရေကြောင်းစီမံခန့်ခွဲမှုဌာနက အမေရိကန်အလံလွှင့်ထူထားသော သင်္ဘောများအားလုံး အီရန်ပိုင် နယ်နိမိတ်အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် အရေးပေါ် တိုက်တွန်းလိုက်သည်။ ထို့အပြင် အီရန်အာဏာပိုင်များက သင်္ဘောပေါ်သို့ တက်ရောက်စစ် ဆေးရန် ကြိုးပမ်းလာပါက သင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးအတွက် မလွှဲမရှောင်သာသည့် အခြေအနေမျိုးမှအပ ၎င်းတို့၏ အမိန့်များကို လိုက်နာခြင်းမပြုရန် ညွှန်ကြားထားသည်။ ⛴ အမေရိကန် သင်္ဘောများအနေဖြင့် 📢လူသိရှင်ကြား မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို ငြင်းဆန်ရန် နှင့် ⛴ အမေရိကန်အလံကို ထင်ထင်ရှားရှား လွှင့်ထူထားခြင်းကို ရှောင်ကြဉ်ရန်လည်း တောင်းဆိုထားသည်။ News Of Myanmar NOM

🚔 🔪 "ရည်းစားဟောင်းကို သတ်မှုဖြင့် ဖမ်းဆီးခံရစဉ် GTA 6 ဂိမ်းဆော့ခွင့် မရတော့ဟုဆိုကာ ငိုကြွေးခဲ့သည့် ဗြိတိန်အမျိုးသား" အောက်စဖို့ဒ် (Oxford) မြို့မှ အသက် ၃၅ နှစ်အရွယ် ရောဘတ်ရစ်ချ်ဆန် ဆိုသူသည် ၎င်း၏ရည်းစားဟောင်း ဖြစ်သူ အသက် ၄၀ အရွယ် ရေချယ်ဗွန်း ကို ပြီးခဲ့သည့် မေလအတွင်းက သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းများအရ ၎င်းသည် GTA 6 ဂိမ်းထွက်ရှိချိန်တွင် ဆော့ခွင့်ရတော့မည်မဟုတ်သည့် အတွက် ဝမ်းနည်းပူဆွေးနေကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။ ရစ်ချ်ဆန် ကို အနည်းဆုံး ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ဖမ်းဆီးစဉ်အတွင်း ၎င်းနှင့် ရဲအရာရှိတို့၏ ပြောဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ 🚔 ရစ်ချ်ဆန် : "ကျွန်တော် GTA ဂိမ်းဆော့ခွင့်ရတော့မှာ မဟုတ်ဘူး မဟုတ်လား?" 👮‍♀️ ရဲအရာရှိ : "ဘယ် GTA လဲ?" 🚔 ရစ်ချ်ဆန် : "GTA 6 လေ။" News Of Myanmar NOM

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက် ဖေဖော်ဝါရီ ၉၊ ၂၀၂၆ News Of Myanmar NOM
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက် ဖေဖော်ဝါရီ ၉၊ ၂၀၂၆ News Of Myanmar NOM

တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း
+7
တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြား ဖေဖော်ဝါရီ ၉၊ ၂၀၂၆ News Of Myanmar NOM

🇾🇪🚀⛴"အမေရိကန်သင်္ဘောများအတွက် အံ့အားသင့်ဖွယ်ရာများကို ပြင်ဆင်ထားပြီးဟု ယီမင်သတင်းထောက်တစ်ဦးကပြော" အီရန်နိုင်ငံ၏ Channel Three ရုပ်သံလိုင်းတွင် ယီမင်သတင်းထောက်တစ်ဦးက ပြောကြားရာတွင် - "ကျွန်ုပ်တို့သည် အမေရိကန်သင်္ဘောများအတွက် အံ့အားသင့်ဖွယ်ရာ အသစ်အဆန်းများကို ပြင်ဆင်ထားပြီးဖြစ်သည်" ဟု ဆိုသည်။ News Of Myanmar NOM

"ရှေ့နေဥပဒေ၊ ဝတ္တရားများ ဖောက် ဖျက်ကျူးလွန်သည့် အထက်တန်းရှေ့နေတစ်ဦးကို ရှေ့နေများအက်ဥပဒေပုဒ်မအရ ရှေ့နေအဖြစ်မှ ထုတ်ပယ်" အမှုသည
+2
"ရှေ့နေဥပဒေ၊ ဝတ္တရားများ ဖောက် ဖျက်ကျူးလွန်သည့် အထက်တန်းရှေ့နေတစ်ဦးကို ရှေ့နေများအက်ဥပဒေပုဒ်မအရ ရှေ့နေအဖြစ်မှ ထုတ်ပယ်" အမှုသည်၏ အတွင်းရေးများကို ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခြင်း၊ WMT Law Firm အမည်ဖြင့် လိင်တူ လိင်ကွဲများ၏ လက်ထပ်စာချုပ်များ၊ နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ၏ လက်ထပ်စာချုပ်များ ပြုလုပ်ပေးခြင်းအပါအဝင် အခြားချိုးဖောက်မှုများကြောင့် အထက်တန်းရှေ့နေတစ်ဦးကို ရှေ့နေများအက်ဥပဒေပုဒ်မအရ အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက အမိန့်အမှတ် (၃၁ /၂ဝ၂၆) ဖြင့် ဇန်နဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ News Of Myanmar NOM

🇮🇳⚖️🏦"အိန္ဒိယနိုင်ငံသား တစ်ဦးချင်းစီ ပိုင်ဆိုင်သည့် ရွှေသိုလှောင်မှု ပမာဏမှာ ကမ္ဘာ့အကြီးဆုံး ဗဟိုဘဏ် (၁၀) ခု စုပေါင်းထားသည
🇮🇳⚖️🏦"အိန္ဒိယနိုင်ငံသား တစ်ဦးချင်းစီ ပိုင်ဆိုင်သည့် ရွှေသိုလှောင်မှု ပမာဏမှာ ကမ္ဘာ့အကြီးဆုံး ဗဟိုဘဏ် (၁၀) ခု စုပေါင်းထားသည့် ရွှေသိုလှောင်မှုထက်ပင် ပိုမိုများပြားသည်။" News Of Myanmar NOM

🇮🇷 ☢️ 🇺🇸"အီရန်နိုင်ငံ၏ နျူကလီးယားဆိုင်ရာ ကမ်းလှမ်းမှု" အီရန်အနုမြူစွမ်းအင်အေဂျင်စီ၏ အကြီးအကဲဖြစ်သူ မိုဟာမက် အက်စလာမီ (Mohammad Eslami) က အီရန်နိုင်ငံအနေဖြင့် ၎င်းတို့လက်ဝယ်ရှိ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံသိုလှောင်မှုများအား 'သန့်စင်မှုအားနည်းသည့် ယူရေနီယံများဖြင့် ပြန်ရောနှောကာ သန့်စင်မှုနှုန်းလျှော့ချရန်' (diluting) စဉ်းစားနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းသည် အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုအားလုံးကို လုံးဝရုပ်သိမ်းပေးမှသာ ဖြစ်နိုင်မည်ဟု ဆိုသည်။ အီရန်နိုင်ငံသည် ယခင်ကလည်း ဤကဲ့သို့သော လျှော့ပေးမှုမျိုးကို ကမ်းလှမ်းခဲ့ဖူးသော်လည်း အမေရိကန်ဘက်ကမူ ၎င်းမှာ လုံလောက်မှုမရှိဟု ယူဆခဲ့သည်။ အကြောင်းမှာ ယူရေနီယံများသည် အီရန်နိုင်ငံအတွင်း၌သာ ဆက်ရှိနေမည်ဖြစ်ပြီး အီရန်ဘက်က အလိုရှိပါက ၎င်းတို့ကို ၆၀ ရာခိုင်နှုန်းအထိ အလွယ်တကူ ပြန်လည်သန့်စင်နိုင်သောကြောင့် ဖြစ်သည်။ အီရန်နိုင်ငံ၏ ရှုထောင့်မှကြည့်လျှင်မူ အမေရိကန်ဘက်မှ ခိုင်မာသော အာမခံချက်များ (ဥပမာ- လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသော ဥပဒေ သို့မဟုတ် ယုံကြည်စိတ်ချရသော ကြားဝင်စေ့စပ်သူများ ပါဝင်သည့် တရားဝင်စာချုပ်) ပေးအပ်မည်ဆိုပါက ဤသဘောတူညီချက်မှာ လက်ခံနိုင်ဖွယ်ရှိမည်ဖြစ်သည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၄ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၄ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ ၉ ရက် ) ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း

🇺🇸🤝🇦🇺"အမေရိကန်က ဩစတြေးလျ၏ စတာလင် (Stirling) ရေတပ်အခြေစိုက်စခန်းကို တရုတ်နှင့်ဖြစ်ပွားနိုင် ခြေရှိသော ပဋိပက္ခများအတွက် လက
+1
🇺🇸🤝🇦🇺"အမေရိကန်က ဩစတြေးလျ၏ စတာလင် (Stirling) ရေတပ်အခြေစိုက်စခန်းကို တရုတ်နှင့်ဖြစ်ပွားနိုင် ခြေရှိသော ပဋိပက္ခများအတွက် လက်နက်တိုက်သဖွယ် ပြောင်းလဲနေ" အမေရိကန်ပြည်ထောင်စုသည် 'တရုတ်ခြိမ်းခြောက်မှု' ဟူသော စကားရပ်ကို အသုံးချကာ အနောက်ဩစတြေးလျ၊ ဂါးဒန် (Garden) ကျွန်းရှိ တော်ဝင်ဩစတြေးလျရေတပ်၏ HMAS Stirling အခြေစိုက် စခန်းတွင် အကြီးစားတည်ဆောက် ရေးလုပ်ငန်းများအတွက် ငွေကြေးအမြောက်အမြား ပံ့ပိုးပေးလျက်ရှိသည်။ 🚢 ဩစတြေးလျ ရေငုပ်သင်္ဘောအေဂျင်စီ (ASA) ၏ အဆိုအရ အမေရိကန်သည် ၎င်း၏ ဗာဂျီးနီးယား အမျိုးအစား (Virginia-class) နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလေးစင်းအထိ ထိုနေရာတွင် တပ်စွဲထားရန် စီစဉ်နေပြီး ပထမဆုံးအသုတ်မှာ ၂၀၂၇ ခုနှစ်တွင် စတင်ရောက်ရှိမည်ဖြစ်သည်။ 🚢 AUKUS စာချုပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အနောက်ဘက်ဒေသအလှည့်ကျ ရေငုပ်သင်္ဘောတပ်ဖွဲ့ (SRF-West) အစီအစဉ်အရ ဗြိတိန်၏ Astute-class ရေငုပ်သင်္ဘောတစ်စင်းကိုလည်း တပ်ဖြန့် ထားမည်ဖြစ်သည်။ 🚢 ဤတပ်ဖွဲ့ကို အိန္ဒိယသမုဒ္ဒရာနှင့် အနောက်ပစိဖိတ်ဒေသတို့တွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ် များအတွက် ရှေ့တန်းရောက် ရေအောက် စစ်ဆင်ရေးစွမ်းရည်ရရှိစေရန် ရည်ရွယ်၍ အတိအလင်းဖွဲ့စည်းထားခြင်းဖြစ်သည်။ 🇦🇺 အင်ဒို-ပစိဖိတ်ဒေသအတွင်း အမေရိကန် ဦးဆောင်သည့် စစ်ရေးအင် အား တိုးချဲ့မှုတွင် ပူးပေါင်းရန် စိတ်အားထက်သန်နေသော ဩစတြေးလျအစိုးရသည် စတာလင် အခြေစိုက်စခန်း အဆင့်မြှင့်တင် ရန်အတွက် ဒေါ်လာ ၅.၆ ဘီလီယံခန့် သုံးစွဲမည်ဟု ကြေညာထားသည်။ ၎င်းတွင် အောက်ပါတို့ ပါဝင်သည်။ 🚢 နျူကလီးယား ရေယာဉ်များအတွက် အဆင့်မြင့် ဆိပ်ခံတံတားများ 🏫 အဆင့်မြင့် လေ့ကျင့်ရေးစင်တာများ 🏠 အမေရိကန် စစ်မှုထမ်း ရာနှင့်ချီအတွက် နေအိမ် အဆောက်အအုံများ ☢️ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး အဆောက်အအုံများ ထို့အပြင် နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောများကို ပြုပြင် ထိန်းသိမ်းနိုင်မည့် ရေလုံသင်္ဘောကျင်းများ ပါဝင်သော အနီးနားရှိ Henderson ပြုပြင်ထိန်းသိမ်းရေးဇုန်အတွက်လည်း နောက်ထပ် ဒေါ်လာ ၈.၄ ဘီလီယံ လျာထားသည်။ ❓အဘယ်ကြောင့် Stirling ဖြစ်သနည်း? ဤရေတပ်စခန်းသည် ဂူအမ် (သို့မဟုတ်) ဟာဝိုင်အီရှိ အမေရိကန်အခြေစိုက်စခန်းများထက် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့သော ပဋိပက္ခဖြစ်ပွားနိုင်ခြေရှိသည့် နေရာများနှင့် ပိုမိုနီးကပ်သောကြောင့်ဖြစ်သည်။ 🚢 ရေငုပ်သင်္ဘောများ သွားလာရမည့်အချိန်ကို လျှော့ချနိုင်သဖြင့် အရေးပေါ်အခြေအနေများတွင် ပိုမိုလျင်မြန်စွာ တုံ့ပြန်နိုင်မည်ဖြစ်သည်။ 🚢 ၎င်းရေငုပ်သင်္ဘောများသည် တရုတ်ရေတပ်စုများကို နောက်ယောင်ခံလိုက်ခြင်း၊ ထောက်ောက်ပံ့ရေးလမ်းကြောင်းများကို နှောင့်ယှက်ခြင်း သို့မဟုတ် သတင်းအချက်အလက်များကို မရိပ်မိအောင် စုဆောင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ 🇨🇳 ⚠️တရုတ်နိုင်ငံကမူ ဩစတြေးလျကို အမေရိကန်၏ "လက်ကိုင် တုတ်" အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး AUKUS ကြောင့် ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ News Of Myanmar NOM

ကျော်မိုးထွန်းခင်ဗျာမှာလည်း ရှင်းလေ ၊ရှင်းလေ ထပ်ရှုပ်လေ ဆိုတဲ့ ပုံစံ ဖြစ်နေတာ တွေ့ရတယ်။ ----- ကိုသန်းလွင်ထွန်း ထောက်ပြတာက ရှင်းရှင်းလေး ရယ်။ မြန်မာကုလသမဂ္ဂရုံးမှာ အရံ ငွေ အဖြစ် ထားထားတဲ့ ဒေါ်လာ ၂.၆ သန်း ကို စာရင်းရှင်းပေးဖို့ မန်းရှင်းခေါ်ထားတာ။ ဒါကလည်း UN ကနေ အမေရိကန်အပါအဝင် မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်ကြေး မသွင်းဘူးဆိုတဲ့ အကြွေးဖော်နိုတစ်စာမျိုး အများပြည်သူ သိအောင် ထုတ်ပြန်လာ မှ ပြည်သူ တွေက သိကြရတာ။ ------ ကျော်မိုးထွန်းဘက်က ရှင်းလာတာက ၂၀၂၁ ကနေ လက်ရှိကာလ ၂၀၂၆ အထိ အတွင်းမှာ ၃ ကြိမ် သွင်းခဲ့တယ်။ ပထမအကြိမ်က ၃ သိန်းကိုတော့ နိုင်ငံတော်အစိုးရ အကောင့်ထဲက ပေးသွင်းခဲ့သလို ဒုတိယနဲ့ တတိယအကြိမ်ကိုတော့ အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) ဆီက နေ အလှူခံ ပိုက်ဆံနဲ့ သွင်းခဲ့တယ်လို့ပြောတယ်။ ဒီကာလအတွင်းမှာ ကျော်မိုးထွန်း သုံးခဲ့တာ နိုင်ငံတော်ပိုက်ဆံ ဒေါ်လာ ၃ သိန်း၊ NUG ကပေးတာက (၆)သိန်း၊ စုစုပေါင်း (၉)သိန်းပဲ ရှိခဲ့တယ်။ ဒါပေမယ့် UN ထုတ်ပြန်ချက်ကို ကြည့်ရင် ကျော်မိုးထွန်းအနေနဲ့ UN မှာ ပြောဆိုခွင့်ရနိုင်ဖို့အတွက် တစ်စိတ်တပိုင်းလောက် ကိုပဲ ပေးချေခဲ့တယ်ဆိုတာ ပေါ်လွင်နေတယ်။ ------- ဒီတော့ ကျော်မိုးထွန်း ဖြေရမှာက နိုင်ငံတော်ပိုင်၊ တနည်းအားဖြင့် ပြည်သူတွေပိုင်တဲ့ Bank of America ထဲမှာရှိတဲ့ ဒေါ်လာ ၂.၆ သန်းကို လက်ရှိအချိန်မှာ ဘယ် အကောင့်ထဲ လွှဲပြောင်းထားသလဲ ။ ဘယ်သူ့ဆီမှာလဲ ဆိုတာပဲ ဖြေရမှာ။ ဒေါ်လာ ၂.၆ သန်းထဲက ပထမအကြိမ် ပေးသွင်းငွေ ဒေါ်လာ ၃ သိန်းကို ဖယ်လိုက်ရင်တောင် ဒေါ်လာ ၂.၃ သန်း ကျန်မယ့် အရေးမှာ ၊ နောက် ဒီပိုက်ဆံတွေကလည်း ပြည်သူ့ပိုက်ဆံတွေဖြစ်လို့ UN မှာ ပေးသွင်းရမယ့် အချိုးကျငွေကို ဘာကြောင့် ဆက်ပြီး အပြည့်အဝ မပေးချေရတာလဲ ဆိုတာကိုပဲ ဖြေရှင်းချက် ပေးရမှာမဟုတ်ဘူးလားပေါ့။ --------- တကယ်တော့ အရှင်းဆုံးပြောရရင် ....ခုံပျောက်မှာစိုးလို့ ၊ NUG ရဲ့ တရားဝင်မှုကို ရယူချင်လို့ NUG ဆီက ဒေါ်လာ ၆ သိန်းရယူပြီး UN ကို ပေးနေရတာ ခဏထား။ ခုမေးနေကြတာက ပြည်သူပိုင်တဲ့ ဒေါ်လာ ၂.၆ သန်းအကြောင်းကို ပဲ ဘယ်လို အခြေအနေ ဖြစ်နေလဲဆိုတာ ရှင်းပြရမှာဖြစ်တယ်လို့ပဲ ကိုယ်တော့ နားလည်တာပဲ။ ------------- ဒါကို မရှင်းပေးဘူးဆိုရင်တော့....ကျော်မိုးထွန်းက ပြည်သူ့ ပိုက်ဆံဖြစ်တဲ့ ဒေါ်လာ ၂.၆ သန်းကို ခိုးလိုက်ပြီ၊ တနည်းအားဖြင့် Bank of America ထဲကနေ ဒီအရေးအခင်းတွေ ဖြစ်လာချိန်မှာ ရည်ရွယ်ချက်ရှိရှိ ကိုယ်ပိုင် အကောင့်ထဲကို ပြောင်းလဲ ထည့်သွင်းလိုက်ပြီ လို့ပဲ သတ်မှတ်ရမှာပါပဲ။ (နရီမိုး)

လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) က အမှုဖွင့်ခံရသည့်နေ့တွင်ပင် သူ၏ကျွန်းသို့ ဆာလ်ဖျူရစ်အက်ဆစ်များ မှာယူခဲ့
+1
လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) က အမှုဖွင့်ခံရသည့်နေ့တွင်ပင် သူ၏ကျွန်းသို့ ဆာလ်ဖျူရစ်အက်ဆစ်များ မှာယူခဲ့ ၂၀၁၈ ခုနှစ်တွင် FBI မှ ဂျက်ဖရီ အပ်စတိန်းအား ကလေးသူငယ် လိင်ကုန်ကူးမှုဖြင့် စတင်စုံစမ်းစစ် ဆေးပြီး အမှုဖွင့်လိုက်သည့် ထိုနေ့၌ပင် အပ်စတိန်းသည် ၎င်းပိုင် ဆိုင်သော ကိုယ်ပိုင်ကျွန်းသို့ ပို့ဆောင်ရန် ၅၅ ဂါလံဆံ့ ဆာလ်ဖျူရစ်အက်ဆစ် (Sulfuric acid) ပုံး ခြောက်ပုံးကို မှာယူခဲ့သည်။ ဆာလ်ဖျူရစ်အက်ဆစ်ကို စက်မှုလုပ်ငန်းသုံး သန့်ရှင်းရေးလုပ်ငန်းများ၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များတွင် အသုံးပြုလေ့ရှိသလို သက်သေအထောက်အထားများကို ဖျက်ဆီးရာတွင်လည်း အသုံးပြုကြသည်။ News Of Myanmar NOM

မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလေးဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်သစ်လွင်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီး ၅ လုံး၊ ရှော့တိုက်ဒုံးသီး ၂ လုံးကျရောက်ပေါက် ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဝင်းနိုင်ဦး (၁၉) နှစ်၊ မောင်ချစ်ကို (၁၉) နှစ်၊ မောင်ဇေယျာမြင့်မြတ် (၁၈) နှစ်နှင့် မောင်ကြယ်စင်ကိုကို (၁၄) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ၎င်းတို့၏နေအိမ်အသီးသီး၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။ News Of Myanmar NOM

မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်သို့ပြန်လာသည့်
မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် နေအိမ်သို့ပြန်လာသည့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ္တရာမြို့နယ်၊ မြွေပုန်ကန်ကျေးရွာနေ ဒေါ်လှမြင့်ကြည် (၄၇) နှစ်သည် ဇီးကုန်းကျေးရွာမှ မြွေပုန်ကန်ကျေးရွာသို့ ပြန်လာစဉ် ၎င်း၏နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM