es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 456 suscriptores, ocupando la posición 15 930 en la categoría Noticias y medios y el puesto 10 092 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 456 suscriptores.

Según los últimos datos del 03 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -217, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.15%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.81% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 891 visualizaciones. En el primer día suele acumular 848 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 04 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 456
Suscriptores
-924 horas
-317 días
-21730 días
Archivo de publicaciones
ရပ်စောက်မြို့နယ်၊ ဆင်သေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရ
+3
ရပ်စောက်မြို့နယ်၊ ဆင်သေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ဇန်နဝါရီ ၃၀၊ ၂၀၂၆ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဆင်သေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် မြောင်းတော်ကျေးရွာ၊ တီတောက်ကုန်းကျေးရွာနှင့် မိုင်းအင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဗထူးတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က အရိုးအကြောရောဂါ ၃၆ ဦး၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ ၁၁ ဦး၊  ကလေးရောဂါ ၄၆ ဦး၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ အထွေထွေဖျားနာရောဂါ ၂၄၅ ဦး စုစုပေါင်း ဒေသခံပြည်သူ ၃၄၄ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။  ယင်းသို့ဆောင်ရွက်နေမှုများအား ဗထူးတပ်နယ် တပ်နယ်မှူးနှင့်တာဝန်ရှိသူများမှသွားရောက်ကြည့်ရှုအားပေးပြီးလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဗထူးတပ်နယ် တပ်နယ်မှူးနှင့် တာဝန်ရှိသူများမှဆင်သေကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်ခဲ့ပြီး စာသင်ကျောင်းအတွက်လိုအပ်သော ပညာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးခဲ့သည့်အပြင် ကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးမှုများအားလိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

💰ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) ၏ ခင်ပွန်း ၁၂ လအတွင်း ဒေါ်လာသန်း ၃၀ တန် စီးပွားရေးအင်ပ
💰ဒီမိုကရက်တစ်ပါတီဝင် အမေရိကန်လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) ၏ ခင်ပွန်း ၁၂ လအတွင်း ဒေါ်လာသန်း ၃၀ တန် စီးပွားရေးအင်ပါယာ တည်ဆောက်မှုအပေါ် ဝေဖန်မှုများ (ပုံ- အီလ်ဟန် အိုမာနှင့် ခင်ပွန်းဖြစ်သူ တင်မ်မိုင်နက်) "ကောက်ကျစ်စဉ်းလဲမှု" နှင့် "မသင်္ကာစရာ အပုပ်နံ့များ"— အီလ်ဟန် အိုမာ (Ilhan Omar) ၏ ခင်ပွန်းသည် ၁၂ လအတွင်း ဒေါ်လာသန်း ၃၀ တန် စီးပွားရေးအင်ပါယာကို မည်သို့တည်ဆောက်ခဲ့သနည်း ??? မကြာသေးမီက ထွက်ပေါ်လာသော ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ မင်နီဆိုတာပြည်နယ် လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) နှင့် သူမ၏ခင်ပွန်း တင်မ်မိုင်နက် (Tim Mynett) တို့၏ အသားတင် ကြွယ်ဝမှုသည် ဒေါ်လာ ၆ သန်းမှ သန်း ၃၀ အထိ မြင့်တက်လာကြောင်းသိရသည်။ ဤသည်မှာ ပြီးခဲ့သည့်နှစ်ကထက် ၃,၅၀၀ ရာခိုင်နှုန်းကျော် ရုတ်တရက် ခုန်တက်သွားခြင်းဖြစ်သည်။ အဓိကအချက်များ- ငွေကြေးခဝါချမှု သံသယများ: သူမ၏ခင်ပွန်းပိုင်ဆိုင်သော Rose Lake Capital ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်ကုန်တွင် တန်ဖိုးဒေါ်လာ ၁,၀၀၀ အောက်သာ ရှိခဲ့သော်လည်း၊ ယခုအခါ ဒေါ်လာ ၅ သန်းမှ ၂၅ သန်းအကြားတန်ဖိုးရှိနေကြောင်းဖော်ပြထားသည်။ ဤမျှ မြန်ဆန်လှသော ကြွယ်ဝမှုအပေါ် "ငွေကြေးခဝါချမှု" ဖြစ်နိုင်ခြေရှိသည်ဟု ဝေဖန်သူများက ထောက်ပြနေကြသည်။ • အယ်လ်ကာပုန်းနှင့် နှိုင်းယှဉ်ချက်: ဝေဖန်သူအချို့က သူမ၏ "အမေရိကန်အိပ်မက်" (American Dream)သည် နာမည်ကျော် ရာဇဝတ်ဂိုဏ်းချုပ် အယ်လ်ကာပုန်း (Al Capone)၏ နည်းလမ်းများနှင့် ဆင်တူနေကြောင်း၊ တရားမဝင် သော နည်းလမ်းများဖြင့် ကြွယ်ဝလာခြင်း ဖြစ်နိုင်ကြောင်း ပြင်းထန်စွာစွပ်စွဲထားသည်။ • လွှတ်တော်အတွင်းမှ ရင်းနှီးမြှုပ်နှံမှု ပါရမီရှင်များ: "နိုင်ငံရေးသမားတွေဟာ လွှတ်တော်ထဲကို ရောက်သွားပြီးတာနဲ့ ရင်းနှီးမြှုပ်နှံမှု ပါရမီရှင်တွေ ဖြစ်ကုန်ကြတယ်" ဟု ဆိုကာ နိုင်ငံရေးအာဏာကို အသုံးပြု၍ ကိုယ်ကျိုးစီးပွား ရှာဖွေနေခြင်းကို Forbes နှင့် အခြားသတင်းဌာနများက ဝေဖန်ခဲ့ကြသည်။ • ပိုင်ဆိုင်မှု အသေးစိတ်: ယခု တိုးပွားလာသော ကြွယ်ဝမှုအများစုသည် သူမ၏ခင်ပွန်းပိုင်ဆိုင်သော ဝိုင် ထုတ်လုပ်ရေးလုပ်ငန်း (eStCru Wines) နှင့် Venture Capital ကုမ္ပဏီတို့မှ ဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်ချိုင့်ဝန်း နာမည်ကြီးနေသည့် ရွှေမော်၊ ပယင်းမော်ရှိ KIA/KIO ရဲ့ နတ်ရေတောင်၊ ပွင့်ကုန်းစ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်ချိုင့်ဝန်း နာမည်ကြီးနေသည့် ရွှေမော်၊ ပယင်းမော်ရှိ KIA/KIO ရဲ့ နတ်ရေတောင်၊ ပွင့်ကုန်းစခန်းကို သိမ်းပိုက်ပြီးကချင်အထူးဒေသ(၁)အလံကို ပသစများက ဂုဏ်ယူ၀င့်ဝါစွင် လွှတ်တင်ထားရှိမှု မှတ်တမ်း။ - (ဟူကောင်ကျားနှင့်ပန်ဝါရဲဘော်များ အစဉ်အမြဲ လေးစားလျက်ပါ) - တိုက်ပွဲသတင်းစုံ NOM

🇮🇷🛠🏗အမေရိကန်နှင့် အစ္စရေးတို့၏ ခြိမ်းခြောက်မှုများကြားတွင် အီရန်က ၎င်း၏ နျူကလီးယားအချက်အခြာနေရာများကို လျှို့ဝှက်ကာကွယ်မှ
+2
🇮🇷🛠🏗အမေရိကန်နှင့် အစ္စရေးတို့၏ ခြိမ်းခြောက်မှုများကြားတွင် အီရန်က ၎င်း၏ နျူကလီးယားအချက်အခြာနေရာများကို လျှို့ဝှက်ကာကွယ်မှုများ ပြုလုပ်နေ အီရန်နိုင်ငံ၊ Esfahan (အက်စ်ဖာဟန်) နျူကလီးယားစက်ရုံဝန်းအတွင်းရှိ မဟာဗျူဟာမြောက်နေရာများကို ပိုမိုခိုင်ခံ့အောင် အလျင်အမြန် လုပ်ဆောင်နေသည်ကို ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် တွေ့ရှိရသည်။ အီရန်သည် ၎င်း၏ အဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး အကြီးစားအဆင့်မြှင့်တင်မှုများ လုပ်ဆောင်နေကြောင်း သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း (ISIS) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြေအောက်စခန်းများရှိ ဝင်ပေါက်များကို မြေစာများဖြင့် ပြန်လည်ဖုံးအုပ်ခြင်း အပါအဝင် လုပ်ငန်းလည်ပတ်မှုများကို တွေ့ရှိခဲ့ရသည်။ သို့သော်လည်း ယခင်က ခိုင်ခံ့အောင် ပြုလုပ်ထားသည့် ဝင်ပေါက်တစ်ခုမှာမူ ပွင့်လျက်သား ကျန်ရှိနေသည်ကို တွေ့ရသည်။ အဆိုပါနေရာသည် ၂၀၂၅ ခုနှစ်၊ ဇွန်လက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီးနောက်၊ ယခုအခါ အလုပ်သမားများသည် ကျန်ရှိနေသည့် သံမဏိကိုယ်ထည်ပေါ်တွင် အမိုးအသစ်တစ်ခုကို တပ်ဆင်ထားကြသည်။ နောက်ဆုံးလေ့လာချက်များအရ နံရံများကိုမူ တပ်ဆင်ခြင်း မပြုရသေးပေ။ ဤကဲ့သို့ ကာကွယ်ရေးဆိုင်ရာ ခြေလှမ်းများသည် အီရန်၏ အရေးကြီးသော အခြေခံအဆောက်အအုံများအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုများကြောင့် မဖြစ်မနေ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ News Of Myanmar NOM

🇨🇳🤝🇮🇷🆚🇮🇱တရုတ် နှင့် မော့ဆက် (Mossad) — အစ္စရေးထောက်လှမ်းရေးကို တရုတ်က တန်ပြန်ခြင်း တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇွန်လမ
🇨🇳🤝🇮🇷🆚🇮🇱တရုတ် နှင့် မော့ဆက် (Mossad) — အစ္စရေးထောက်လှမ်းရေးကို တရုတ်က တန်ပြန်ခြင်း တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ဇွန်လမှစတင်၍ အီရန်နိုင်ငံအတွင်း မော့ဆက် (Mossad) ၏ ထိုးဖောက်ဝင်ရောက်နိုင်မှု အတိုင်းအတာကို အလေးအနက်ထား စောင့်ကြည့်နေခဲ့သည်။ ၎င်းမှာ 'ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် ပွင့်အံလာမည့် ဘေးဒုက္ခများ (Pandora’s box of global security risks)' ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဤခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် တရုတ်နိုင်ငံသည် အီရန်သို့- • ထောက်လှမ်းရေး ဂြိုဟ်တုများ ပံ့ပိုးပေးခြင်း နှင့် • Chang Guang ကဲ့သို့သော ကုမ္ပဏီများမှ အဆင့်မြင့်နည်းပညာများ ထောက်ပံ့ပေးခြင်းဖြင့် သူလျှိုဝင် ရောက်မှုကို ကာကွယ်ရန် ကြိုးပမ်းနေသည်။ ထို့အပြင် ထောက်လှမ်းရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ မူဘောင်အောက်တွင်လည်း ဆောင်ရွက်လျက်ရှိသည်။ SCO အဖွဲ့ဝင်နိုင်ငံများသည် "လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်" အတွက် ထောက်လှမ်းရေးဗဟိုဌာန (Intelligence Center) တစ်ခု တည်ဆောက်ရန် စုပေါင်းဆုံးဖြတ်ခဲ့ကြသည်။ News Of Myanmar NOM

ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲတွင် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှု နောက်ဆုံးရက်၌ မြန်မာနိုင်ငံ၏ ရှေ့နေ
+5
ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲတွင် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှု နောက်ဆုံးရက်၌ မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှုမရှိကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲဖြေကြား ဇန်နဝါရီ ၃၀၊ ၂၀၂၆ News Of Myanmar NOM

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ကြားနာပွဲ ပြီးဆုံးသည့် မိန့်ခွန်း News Of
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ကြားနာပွဲ ပြီးဆုံးသည့် မိန့်ခွန်း News Of Myanmar NOM

တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူများ အမည်စာရင်း ဇန်နဝါရီလ ၃၀၊ ၂၀၂၆ N
+6
တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူများ အမည်စာရင်း ဇန်နဝါရီလ ၃၀၊ ၂၀၂၆ News Of Myanmar NOM

🇺🇸🤬အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အများစု (Majority) က တရုတ်သမ္မတနှင့်တွေ့ဆုံနေသည့် ကမ္ဘာ့ခေါင်းဆောင်များ
🇺🇸🤬အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အများစု (Majority) က တရုတ်သမ္မတနှ့်တွေ့ဆုံနေသည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် ပတ်သက်၍ X (ယခင်တွစ်တာ) လူမှုကွန်ယက်စာမျက်နှာတွင် ဇန်နဝါရီလ ၃၀ ရက်နေ့၌ အောက်ပါအတိုင်းရေးသားခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံနေကြသည့် ကမ္ဘာ့ခေါင်းဆောင်အားလုံးသို့ - တရုတ်နိုင်ငံသည် တန်ဖိုးနည်းထုတ်ကုန်များနှင့် တန်ဖိုးနည်းချစ်ကြည်ရေးများမှအပ မည်သည့်အရာကိုမျှရောင်းချခြင်းမရှိပါ။ News Of Myanmar NOM

🇺🇸💥🇹🇷🇮🇷အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ယူရေနီယမ် ၄၀၀ ကီလိုဂရမ်ပေးပို့ဖို့ အီရန်နိုင်ငံကို တူရကီနိုင်ငံမှတစ်ဆင့် တောင်းဆိုထားပါတယ်။ News Of Myanmar NOM

ဗန်းမော်ဒေသဘက်မှာ ငရဲလားကုန်တဲ့ အကြမ်းဖက် KIA/PDF/AA သူပုန်တွေ - တိုက်ပွဲသတင်းစုံ NOM
+7
ဗန်းမော်ဒေသဘက်မှာ ငရဲလားကုန်တဲ့ အကြမ်းဖက် KIA/PDF/AA သူပုန်တွေ - တိုက်ပွဲသတင်းစုံ NOM

ဂျာမနီတွင်အလုပ်လက်မဲ့သုံးသန်းကျော်လာ NOM ဂျာမနီတွင်အလုပ်လက်မဲ့အရေအတွက်သည်၁၂နှစ်အတွင်းပထမဆုံးအဖြစ်သုံးသန်းကျော်ရောက်ရှိကြောင်းအစိုးရအလုပ်အကိုင်အေဂျင်စီကကြေညာသည်။အလုပ်လက်မဲ့သည်ကိုဗစ်ကါလတွင်စတင်မြင့်တက်လာပြီးရုရှားကဓာတ်ငွေ့ရောင်းချမှုရပ်တန့်ချိန်တွင်အလုပ်လက်မဲ့များပြားလာခြင်းဖြစ်သည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် လမ်းပြင်ဆင်၊ထိန်းသိမ်းခြင်းဆောင်ရွက်နေသဖြင့် အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြ
+1
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် လမ်းပြင်ဆင်၊ထိန်းသိမ်းခြင်းဆောင်ရွက်နေသဖြင့် အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီးထိန်း/ပြင်/ကြီးကြပ်မှ မေတ္တာရပ်ခံထား NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် လမ်း/တံတား နေရာ(၈)ခုတွင်လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်း များဆောင်ရွက်နေကြောင်း အမြန်လမ်းမကြီးပေါ်မှာအသုံးပြုသွားလာနေကြသူမျယးအနေဖြင့် အဆိုပါနေရာများတွင် အရှိန် လျှော့မောင်းနှင်ကြရန်အတွက်အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံ သတိပေးထား‌ေကြာင်းသိရသည်။

ရွှေပြည်သာ အထက်တန်းကျောင်းမှ ကျောင်းသား တစ်ဦးသေဆုံးမှု ဆက်လက်စုံစမ်းစစ်ဆေးနေဟု ပညာရေး ဝန်ကြီးဌာနမှ ဖြေကြား NOM၊ဇန်နဝါရီ၃၀၊၂၀
ရွှေပြည်သာ အထက်တန်းကျောင်းမှ ကျောင်းသား တစ်ဦးသေဆုံးမှု ဆက်လက်စုံစမ်းစစ်ဆေးနေဟု ပညာရေး ဝန်ကြီးဌာနမှ ဖြေကြား NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ Grade-7 ကျောင်းသား မောင်မိုးသူရိန် သေဆုံးမှုနှင့်ပတ်သက်၍ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရသည်။ အဆိုပါဖြစ်စဉ်မှာ (ဇန်နဝါရီ ၂၇ ရက်)နံနက် ၁၂ နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ Grade 8 ကျောင်းသားတစ်ဦး၏ ထိုးကြိတ်မှုကြောင့် Grade 7 ကျောင်းသား မောင်မိုးသူရိန်သည် နေရာတွင်လဲကျသေဆုံးခဲ့ခြင်းဖြစ်သည်။ မောင်မိုးသူရိန်၏ သေဆုံး မှုနှင့်ပတ်သက်၍ လက်ရှိရွှေပြည်သာမြို့နယ်ရဲစခန်မှ စုံစမ်းစစ်ဆေးလျက်ရှိကာ ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်တွင် ပါဝင်သူများအား ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စိစစ်ပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကဖြေကြားထားသည်။

အီရန်ကဥရောပသုံးနိုင်ငံစစ်တပ်များကိုအကြမ်းဖက်အဖြစ် ကြေညာမည် NOM အီရန်တော်လှန်ရေးအစောင့်တပ်ကိုဗြိတိန်၊ပြင်သစ်နှင့်ဂျာမနီတို့ကအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခဲ့ခြင်းအပေါ်အီရန်နိုင်ငံသည် ISIS၊ အယ်လ်ကိုင်ဒါ၊ MEK၊ IDF၊ ကနေဒါတော်ဝင်ရေတပ်နှင့် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်တို့ အပြင် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီလက်နက်ကိုင်စစ်တပ်များကို အကြမ်းဖက်အဖွဲ့အစည်းများစာရင်းတွင် ထည့်သွင်းရန် စီစဉ်နေသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်မှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်
+7
ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်မှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနဲ့ တကွ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ ရဲမေများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အနုပညာရှင်များ၊ ရပ်မိရပ်ဖများမှ ဝမ်းပန်းတသာ ကြိုဆိုဂုဏ်ပြု။ - တိုက်ပွဲသတင်းစုံ

အစိုးရရုံးပိတ်ရက် နှင့် တရုတ်နှစ်ကူးရုံးပိတ်ရက်အကြား ဖွင့်ရက်ကို ပိတ်ရက်အဖြစ်သတ်မှတ် NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ ၂၀၂၆ ခုနှစ်ရှိ အစိုး
အစိုးရရုံးပိတ်ရက် နှင့် တရုတ်နှစ်ကူးရုံးပိတ်ရက်အကြား ဖွင့်ရက်ကို ပိတ်ရက်အဖြစ်သတ်မှတ် NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ ၂၀၂၆ ခုနှစ်ရှိ အစိုးရရုံးပိတ်ရက် နှင့် တရုတ်နှစ်သစ်ကူးနေ့ရုံးပိတ်ရက်ကြား ရှိ ဖွင့်ရက်တစ်ရက်ကို အစားထိုးရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး တစ်ဆက်တစ်စပ်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေးထားသည်။ ဖေဖေါ်ဝါရီ ၁၄ ရက် နှင့် ၁၅ ရက်သည်အစိုးရရုံးပိတ်ရက် စနေ၊တနင်္ဂနွေ နေ့ နှင့် တရုတ်နှစ်သစ်ကူး အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် ၁၇ ရက် ကြားရှိ ဖေဖေါ်ဝါရီ(၁၆)ရက်ကို အစားထိုးပိတ်ရက်အဖြစ်သတ်မှတ်ပြီ တစ်ဆက်ထဲ လေးရက်ဆက်တိုက်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အစားထိုးပိတ်ရက်အတွက် ရုံးတက်ရက်ကို ဖေဖေါ်ဝါရီ ၂၁ ရက် စနေနေ့တွင် ရုံးပြန်တက်ရန်လည်း သတ်မှတ်ထားကြောင်း သိရသည်။

တောင်တွင်းကြီးတွင် ဇာတ်ကားတိမ်းမှောက်မှုအတွက်သေဆုံးသူနှင့် ဒဏ်ရာရရှိများကိုမြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)မှ အလှူငွေများပ
+1
တောင်တွင်းကြီးတွင် ဇာတ်ကားတိမ်းမှောက်မှုအတွက်သေဆုံးသူနှင့် ဒဏ်ရာရရှိများကိုမြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)မှ အလှူငွေများပေးအပ် NOM၊ဇန်နဝါရီ၃၀၊၂၀၂၆ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တောင်ညိုလမ်းတွင် ဇာက်ကားယာဉ်တိမ်းမှောက်ခဲ့သော “ဇော်လေးနိုင်” ဇာတ်သဘင်အဖွဲ့ ထံသို့ ယနေ့နံနက်တွင် ဗဟိုသဘင်အမှုဆောင်များ သွားရောက်ကာ လိုအပ်သည့် ကူညီမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြရာသေဆုံးမှု နှင့် ဒဏ်ရာရရှိမှု စာရင်းကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိသူများအား နေပြည်တော်ရှိ ခုတင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး အနေဖြင့် ကွယ်လွန်သူများ၏ မိသားစုများအတွက် မိသားစုတစ်စုလျှင် (၁၀) သိန်းကျပ်စီ ကူညီထောက်ပံ့၍ ဆေးကုသမှုခံယူနေသူများအား ကနဦးအဖြစ် (၁) ဦးလျှင် (၅) သိန်းကျပ်စီ ကူညီကာ ဆက်လက်၍လည်း ကုသမှုများအတွက် လိုအပ်သည့် ကူညီမှုများ၊ လှုဒါန်းမှုများပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါက
+2
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးပေးမှု ကြည့်ရှုအားပေး ဇန်နဝါရီ ၃၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး၊ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာတော်ကြီးများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီး(မကွေး)၌ ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကုသိုလ်ယူအခမဲ့ဆေးကုသပေးနေမှုအား လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆေးကုသပေးရာတွင် မကွေးတိုင်းပြည်သူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကို နိုင်၏ ဦးဆောင်မှုဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထွေထွေ ရောဂါကုသမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မကွေးတိုင်းအတွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအပါအဝင် သီလရှင်များအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဆေးဝါးကုသခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဆရာတော်သံဃာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံကြီးတို့၌ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးပြီး၊ ဆရာတော်သံဃာ့တော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်၍ လှူဖွယ်ဝတ္တူများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ဆောင်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အထွေထွေရောဂါကု ဆေးရုံကြီးများ၌ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား အခမဲ့ဆေးဝါးကုသပေးခြင်းများအပြင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကိုလည်း အခမဲ့ဆေးဝါးကုသပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် ကျောင်းသို့လမ်းလျှောက်သွားသည့
လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် ကျောင်းသို့လမ်းလျှောက်သွားသည့် ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၃၀၊ ၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လွိုင်ကော်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား သွားရောက်စိစစ်ခဲ့ရာ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာနေ ကုန်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသားဖြစ်သူ မောင်ကြယ်နီ (၁၄) နှစ်သည် နံနက် ၇ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်မှ ကျောင်းသို့ ခြေလျင်သွားရောက်စဉ် ကျောင်းအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM