es
Feedback
News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 12 498 suscriptores, ocupando la posición 15 920 en la categoría Noticias y medios y el puesto 10 072 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 498 suscriptores.

Según los últimos datos del 27 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -236, y en las últimas 24 horas de -7, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 9.60%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.25% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 198 visualizaciones. En el primer día suele acumular 780 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

12 498
Suscriptores
-724 horas
-277 días
-23630 días
Archivo de publicaciones
ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ပေးမည့် နိုင်ငံတော်၏ ခံစစ်တံတိုင်း CEIR စနစ် ဝေယံလူ မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းအားနဲ့ တည်ငြိမ်အေးချမ်းမှုဟာ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို ကာကွယ်ရုံတင်သာမကပါဘူး၊ ဒစ်ဂျစ်တယ် နယ်ပယ်ရဲ့လုံခြုံရေးအပေါ်မှာပါ များစွာမူတည်နေပြီဖြစ်ပါတယ်။ နည်းပညာတွေ အလျင်အမြန်တိုးတက်လာတာနဲ့အမျှ ဆိုက်ဘာရာဇဝတ်မှုတွေဟာလည်း နည်းမျိုးစုံနဲ့ အသွင်ပြောင်းလဲပြီး ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဆက်သွယ်ရေးကွန်ရက် လုံခြုံစေဖို့ရန် SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနေပေမယ့် တစ်ဖက်မှာ အွန်လိုင်းလိမ်လည်မှု(Online Scams)တွေ၊ Call Center အယောင်ဆောင် ငွေကြေးလိမ်လည်မှုတွေနဲ့ ခေတ်မီ Video Clone နည်းပညာသုံး လိမ်လည်မှုတွေက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ခြိမ်းခြောက်လျက်ရှိတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရခြင်းတွေကို နိုင်ငံတော်အစိုးရက အလေးအနက်ထား စောင့်ကြည့်လျက်ရှိပြီး ဒီလိုခြိမ်းခြောက်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ နည်းလမ်းတွေကိုလည်း အစဉ်တစိုက် ရှာဖွေလျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ CEIR (Central Equipment Identity Register) လို့ခေါ်တဲ့ ဗဟိုစက်ပစ္စည်းမှတ်ပုံတင်စနစ်ကို အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးအတွက်သာမက ပြည်သူတစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာနဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝကာကွယ်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ CEIR ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ CEIR ဆိုတာ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့ သီးသန့်မှတ်ပုံတင်နံပါတ်ဖြစ်တဲ့ IMEI (International Mobile Equipment Identity) ကို ဗဟိုဒေတာဘေ့စ်တစ်ခုမှာ စနစ်တကျမှတ်တမ်းတင်ချိတ်ဆက်ထားတဲ့ အဆင့်မြင့်နည်းပညာစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဂဏန်း ၁၅ လုံး ပါဝင်တဲ့ IMEI နံပါတ်ကို သိရှိလိုတယ်ဆိုရင် မိမိတို့ မိုဘိုင်းဖုန်းတွေမှာ *#06# ကို ရိုက်နှိပ်လို့ဖြစ်စေ၊ ဖုန်းရဲ့ Setting အတွင်း ဝင်ရောက်ပြီးဖြစ်စေ အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ အရင်က SIM Card တွေကိုသာ မှတ်ပုံတင်ခဲ့ရာက အခုအခါမှာ ဖုန်းစက်ပစ္စည်း (Handset) တွေကိုပါ မှတ်ပုံတင်လိုက်ခြင်းဖြင့် ကွန်ရက်လုံခြုံရေးကို အလွှာနှစ်ထပ်နဲ့ ကာကွယ်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တရားမဝင် လမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ ဖုန်းတွေ၊ ပြည်သူတွေထံက ခိုးယူခံထားရတဲ့ ဖုန်းတွေနဲ့ ရာဇဝတ်မှုကျူးလွန်ရာမှာ အသုံးပြုမယ့်ဖုန်းတွေကို နိုင်ငံ အတွင်းရှိ ဘယ်ဆက်သွယ်ရေးကွန်ရက် (Telecom Network) မှာ မဆို အသုံးမပြုနိုင်အောင်လို့ အလိုအလျောက်ပိတ်ဆို့ (Block) ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို သန့်စင်ပေးပြီး ရာဇဝတ်ကောင်တွေအသုံးပြုနိုင်မယ့် လက်နက် (စက်ပစ္စည်း) ကို ဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မျက်ရည်ကို ရပ်တန့်ပေးနိုင်ဖို့ Online Scams နဲ့ Love Scams တွေကို အဟန့်အတားပြုလုပ်ပေးခြင်း လက်ရှိအချိန် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကောင့်တုတွေဖွင့်ပြီး ယုံကြည်မှုနဲ့အချစ်ကို အလွဲသုံးစားလုပ်ကာ ငွေကြေးလိမ်လည်တဲ့ Love Scams တွေကြောင့် ပြည်သူအများအပြား အထူးသဖြင့် အမျိုးသမီးတွေနဲ့ သက်ကြီးအရွယ်တွေ များစွာနစ်နာလျက်ရှိပါတယ်။ လိမ်လည်သူတွေဟာ ဖုန်းစက်ပစ္စည်းအမြောက်အမြားနဲ့ SIM Card တွေကို တစ်ခါသုံးအဖြစ် စိတ်ကြိုက်အသုံးပြုပြီး ဥပဒေလက်တွင်းကနေ လွတ်ကင်းအောင် သဲလွန်စဖျောက်လေ့ရှိကြပါတယ်။ နိုင်ငံတော် အစိုးရက CEIR စနစ်ကို အသက်သွင်းလိုက်မယ်ဆိုရင် လိမ်လည်သူတွေ အသုံးပြုနေတဲ့ ဖုန်းစက်ပစ္စည်း(Device)ကို ခြေရာခံထိန်းချုပ်နိုင်သွားမှာဖြစ်ပါတယ်။ လူလိမ်တွေအနေနဲ့ SIM Card အသစ်လဲလှယ်ရုံနဲ့ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘဲ သူတို့အသုံးပြုခဲ့တဲ့ ဖုန်းစက်ပစ္စည်းကိုပါ Blacklist (အမည်ပျက်စာရင်း) သွင်းကာ အပြီးတိုင်ပိတ်ဆို့ပစ်နိုင်မှာဖြစ်လို့ လိမ်လည်မှုကွင်းဆက်တွေကို အရင်းအမြစ်ကစလို့ ဖြတ်တောက်နိုင်တော့မှာဖြစ်တဲ့အတွက် အလွန်ထိရောက်တဲ့ ပြည်သူ့အကာအကွယ်စနစ်ကြီး ဖြစ်လာတော့မှာပါ။

ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ပေးမည့် နိုင်ငံတော်၏ ခံစစ်တံတိုင်း CEIR စနစ်
ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ပေးမည့် နိုင်ငံတော်၏ ခံစစ်တံတိုင်း CEIR စနစ်

🇮🇶 🤍 🌟 - အီရတ်နိုင်ငံ၊ ဘက်စရာမြို့ရှိ ဘာဂျူးရှား ရေနံလုပ်ငန်းဝင်းအတွင်းမှ အမေရိကန်နှင့် ဗြိတိန်ရေနံကုမ္ပဏီများသည် ညဉ့်အမှောင်ထုကိုအကာအကွယ်ယူ၍ အလောတကြီး ထွက်ပြေးသွားကြကြောင်း နာယာ သတင်းဌာနက ရရှိသည့် ဗီဒီယိုမှတ်တမ်းတွင်ဖော်ပြထားသည်။ NOM

အီရတ်နိုင်ငံ၊ ဘက်စရာမြို့ရှိ ဘာဂျူးရှား ရေနံလုပ်ငန်းဝင်းအတွင်းမှ အမေရိကန်နှင့် ဗြိတိန်ရေနံကုမ္ပဏီများသည် ညဉ့်အမှောင်ထုကိုအကာအကွယ်ယူ၍ အလောတကြီး ထွက်ပြေးသွားကြကြောင်း နာယာ သတင်းဌာနက ရရှိသည့် ဗီဒီယိုမှတ်တမ်းတွင်ဖော်ပြထားသည်။ NOM

🇯🇴 - ဂျော်ဒန်နိုင်ငံ မူဝါဖတ်ဆော်လ်တီ လေတပ်စခန်းတွင် တပ်ဆင်ထားတဲ့ AN/TPY-2 ရေဒါစနစ် တစ်ခု ပျက်စီးသွားတဲ့ပုံဖြစ်ပါတယ်။ AN/TPY
🇯🇴 - ဂျော်ဒန်နိုင်ငံ မူဝါဖတ်ဆော်လ်တီ လေတပ်စခန်းတွင် တပ်ဆင်ထားတဲ့ AN/TPY-2 ရေဒါစနစ် တစ်ခု ပျက်စီးသွားတဲ့ပုံဖြစ်ပါတယ်။ AN/TPY-2 ရေဒါစနစ်ဟာ အလွန်အဆင့်မြင့်တဲ့ နည်းပညာတွေ အသုံးပြုထားတာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး ရေဒါစနစ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၎င်းရဲ့ကုန်ကျစရိတ်ကို ခန့်မှန်းခြေအားဖြင့် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါတယ်။ ယူနစ်တစ်ခုချင်းစီ၏ တန်ဖိုး - ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရှိပါတယ်။ စနစ်တစ်ခုလုံး - အချို့သော ဝယ်ယူမှုစာချုပ်တွေမှာတော့ လေ့ကျင့်ရေး၊ အပိုပစ္စည်းနဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွေအပါအဝင် ဆိုရင် ဒေါ်လာ သန်း ၈၀၀ ကျော် အထိရှိနိုင်ပါတယ်။ NOM

မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့် စီမံကိန်းစတင် မတ် ၆၊ ၂၀၂၆ မဲခေါင် – လန်ချန်း သိပ္ပံနှင့်
မဲခေါင်–လန်ချန်း သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့် စီမံကိန်းစတင် မတ် ၆၊ ၂၀၂၆ မဲခေါင် – လန်ချန်း သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဒုတိယအဆင့်စီမံကိန်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် သံမှူးကြီး ဒေါက်တာကျန်းကျီဟုန်၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ စံပြမော်ဒယ်ဖြစ်လာမည် ဦးစွာ ဒုတိယဝန်ကြီးက ယခုစီမံကိန်းသည် မဲခေါင်ဒေသတွင်း သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးမှုအဆင့်အတန်း တစ်ပြေးညီဖြစ်စေရေးအတွက် ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်နိုင်ရန်အတွက် ပထမအဆင့်စီမံကိန်း၏ အောင်မြင်မှု အုတ်မြစ်များအပေါ် အခြေပြုလျက် ဆက်လက်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မည့် ဒုတိယအဆင့်စီမံကိန်းဖြစ်ပါကြောင်း၊ ကမ္ဘာနှင့် ရင်ပေါင်တန်းကာ လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု တည်တံ့ခိုင်မြဲရေး၊ ကျောင်းသားလူငယ်များ၏ ကမ္ဘာနှင့် ဒေသတွင်းစိန်ခေါ်မှုပြဿနာများအား သိပ္ပံနည်းကျဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် အသုံးပြုနိုင်မည့် အသိပညာဖလှယ်ရေးယန္တရားများ တည်ထောင်ရေးတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ စီမံကိန်းရလဒ်မှာ ဒေသတွင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များအတွက်ပါ အတုယူဖွယ်ရာ စံပြမော်ဒယ် တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း။ အရေးပါသောခြေလှမ်း ယခုစီမံကိန်းသည် ယမန်နှစ်က စိန်ရတုပြည့်နှစ် ပြည့်မြောက်ခဲ့ပြီး တရုတ်-မြန်မာသံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ရှည်ကြာလှသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို ပိုမိုခိုင်မြဲအားကောင်းစေရန် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းအပြင် ယခုစီမံကိန်းသည် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်သည့် ယခုနှစ်မှစ၍ မဲခေါင်ဒေသတွင်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အေးအတူပူအမျှ မျှဝေသော အနာဂတ်အသိုက်အဝန်းကို အတူတကွ လက်တွဲတည်ဆောက်ကြရင်း ရွှေရောင်ဆယ်စုနှစ်ခရီး၏ အရေးပါသောခြေလှမ်းတစ်ရပ်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆွေးနွေးညှိနှိုင်း မွန်းလွဲပိုင်းဆွေးနွေးပွဲ၌ မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် (တာဝန်ခံ)၊ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ ကျန်းရယ်ဟွာနှင့် စီမံကိန်းအဖွဲ့ဝင်များက ပထမအဆင့်စီမံကိန်းဆိုင်ရာ ခြုံငုံသုံးသပ်ချက်နှင့် ၂၀၂၇ ခုနှစ်အထိ ဒုတိယအဆင့်ဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို Hybrid စနစ်ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုရလဒ်များ ရရှိခဲ့ကြကြောင်း သိရသည်။ NOM

🚨 🤍 - အရှေ့အလယ်ပိုင်းဒေသမှ ဒဏ်ရာရလူနာများကို တင်ဆောင်လာသည့် C-17 ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်တစ်စင်းသည် ယနေ့ညတွင် အမေရိကန်
🚨 🤍 - အရှေ့အလယ်ပိုင်းဒေသမှ ဒဏ်ရာရလူနာများကို တင်ဆောင်လာသည့် C-17 ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်တစ်စင်းသည် ယနေ့ညတွင် အမေရိကန်ပြည်ထောင်စု၊ အန်ဒရူးစ်လေတပ်စခန်းသို့ ဆိုက်ရောက်ခဲ့သည်။ ၎င်းနောက် ဝေါလ်တာရိဒ် (Walter Reed) ဆေးရုံမှ လူနာတင်ယာဉ် ၃ စီးနှင့် ရဲအဖွဲ့၏ အစောင့်အရှောက်များဖြင့် ဒဏ်ရာရရှိသူများကို ဘီသက်စဒါမြို့ရှိ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြသည်။ ယခုရောက်ရှိလာသူများသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်လည်ကုသမှုခံယူရန် ပထမဆုံးအကြိမ် ရောက်ရှိလာသည့် အမေရိကန်စစ်သည်များ ဖြစ်နိုင်ဖွယ်ရှိသည်။ NOM

🇮🇷 ​၏ အရှိန်အဝါ NOM
🇮🇷 ​၏ အရှိန်အဝါ NOM

ကညနတွင်မှတ်ပုံမတင်သောယာဉ်များနှင့်ပတ်သက်ပြီးကြေညာချက်
ကညနတွင်မှတ်ပုံမတင်သောယာဉ်များနှင့်ပတ်သက်ပြီးကြေညာချက်

ယူကရိန်းထောက်လှမ်းရေးဌာန၏ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးအပါအဝင် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ငွေကြေးခဝါချမှုဖြင့်ဟန်ဂေရီကဖမ်းဆီးခ
ယူကရိန်းထောက်လှမ်းရေးဌာန၏ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးအပါအဝင် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ငွေကြေးခဝါချမှုဖြင့်ဟန်ဂေရီကဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် Oschadbank ၏ယာဉ်ဖြင့် ဩစတြီးယားမှ ယူကရိန်းသို့ ဒေါ်လာ ၄၀ သန်း၊ ယူရို ၃၅ သန်းနှင့် ရွှေ ၉ ကီလိုဂရမ်ကို သယ်ယူပို့ဆောင်စဉ် ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခဲ့ပြီး ဖမ်းဆီးထားသူများကို လွှတ်ပေးရန် ဒေါသတကြီးတောင်းဆိုခဲ့သည်။ ဟန်ဂေရီက ၎င်းသည် ပုံမှန်မှောင်ခိုရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုကို နှိမ်နင်းရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ အခြားကိစ္စရပ်များအပြင် ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဟန်ဂေရီအခွန်ဌာန၏ အဆိုအရ ယခုနှစ်(၂လ)အတွင်း ဒေါ်လာ ၉၀၀ သန်းကျော်၊ ယူရို ၄၂၀ သန်းနှင့် ရွှေတုံး ၁၄၆ ကီလိုဂရမ်ကို ဟန်ဂေရီမှတစ်ဆင့် ယူကရိန်းသို့ သယ်ယူပို့ဆောင်ခဲ့ ကြောင်းပြောသည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံသားများအား "၎င်းတို့၏ဘေးကင်းရေးကို အာမမခံနိုင်ခြင်း" ကြောင့် ဟန်ဂေရီသို့ မသွားရန် အကြံပြုချက်ထုတ်ပြန်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကိုအီရန်ကပိတ်လိုက်သဖြင့်အဆိုပါရေလက်ကြားမှပစ္စည်းများသယ်နေသည့်ဒူဘိုင်းတွင်အသီးအနှံနှင့်ဟင်းသီးဟင်းရွက်ဆယ်ရက်စ
ဟော်မုဇ်ရေလက်ကြားကိုအီရန်ကပိတ်လိုက်သဖြင့်အဆိုပါရေလက်ကြားမှပစ္စည်းများသယ်နေသည့်ဒူဘိုင်းတွင်အသီးအနှံနှင့်ဟင်းသီးဟင်းရွက်ဆယ်ရက်စာသာရှိတော့ကြောင်းပစ္စည်းတင်သွင်းသည့်ကုမ္ပဏီကကြေညာထားသည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုအားအစ္စရေးစစ်သားတစ်ဦးကခင်ဗျားစစ်တိုက်တာတော်သင့်ပြီ။ကျနော့်သူငယ်ချင်းတွေလဲအကုန်သေကုန်ပြီဟုသွားပြောသဖြင့်တပ်မှူးဖြစ်သူကအဆိုပါစစ်သားကိုဝန်ကြီးချုပ်အနီးမှမောင်းထုတ်လိုက်ရသည်။

🚨 Breaking News ဆော်ဒီအာရေဗျနိုင်ငံရှိ ပရင့်စ် ဆူလ်တန် လေတပ်စခန်းကို အီရန်၏ တာဝေးပစ်ဒုံးကျည်တစ်စင်း တိုက်ရိုက်ထိမှန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု မြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ်ကောင်းလှပြီး မဖြစ်မနေ ကြည့်ရှုသင့်သည့် မှတ်တမ်းတစ်ခု ဖြစ်သည်။ စခန်းအတွင်းဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါစခန်းတွင် အခြေစိုက်သည့် အမေရိကန်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။ NOM

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ အီရန်-အီရတ် နယ်စပ်အနီးရှိ ဆာဒက်ရှ်အချက်ပြလှိုင်းဖြတ်တောက်မှုနှင့် နားထောင်မှုဗဟိုစခန်းကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါစခန်းသည် အမေရိကန်ထောက်လှမ်းရေး (CIA) ၏ ကျောထောက်နောက်ခံဖြင့် ကာ့ဒ်လူမျိုးခွဲထွက်ရေးသမားများ အခြေစိုက်လှုပ်ရှားနေသည့် နေရာတစ်ခုဖြစ်သည်။ NOM

စစ်တွေကို တိုက်နေပါပြီဆိုတဲ့ ဆေးကြောင် AA သူပုန်တွေရေ.. ပုဏ္ဏားကျွန်းတောင် ကျော်လို့ရလားလို့ မေးပေးပါဦး (ပြည်ဖျက်မီဒီညာတွေ အတွက်)။ - (အားလုံး အစပါ မကျန်) - တိုက်ပွဲသတင်းစုံ

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခ
+1
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၅၄ ဦးအား အပြစ်ပေးအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ မတ် ၆၊ ၂၀၂၆ NOM

ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ - ဟော်မုဇ် ရေလက်ကြား ကို ဖြတ်သန်းသွားလာမှုများ ရပ်တန့်သွားခြင်းကြောင့် ဂျပန်နိုင်ငံသို့ ဦးတည်လာသော ရေနံစိမ်းစည်ပေါင်း ၁၄ သန်း ခန့်မှာ ပါရှန်ပင်လယ်ကွေ့အတွင်း ပိတ်မိနေသည်။ ယခုအခါ ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွင်း သိုလှောင်ထားသော မဟာဗျူဟာမြောက် ရေနံအရန်အင်အားများကို ထုတ်ယူသုံးစွဲရန် စဉ်းစားနေရုံသာမက ယန်ဘူ နှင့် ဖူဂျေရာ တို့ကဲ့သို့ အခြားသော ဆိပ်ကမ်းများမှတစ်ဆင့် ရေနံတင်ဆောင်နိုင်မည့် နည်းလမ်းသစ်များကိုလည်း ရှာဖွေဖော်ထုတ်လျက်ရှိသည်။ NOM

အီရန်ရဲ့ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများအပြီးမှာ တရုတ်နိုင်ငံက ဂြိုဟ်တုဓာတ်ပုံတွေကို စတင်ထုတ်ပြန်လာပါတယ်။ အထူးသဖြင့် မီဇာ
အီရန်ရဲ့ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများအပြီးမှာ တရုတ်နိုင်ငံက ဂြိုဟ်တုဓာတ်ပုံတွေကို စတင်ထုတ်ပြန်လာပါတယ်။ အထူးသဖြင့် မီဇာဗီးရှင်း MizarVision ကုမ္ပဏီက ယူအေအီးနိုင်ငံရှိ အမေရိကန်ရဲ့ အယ်လ် ဒါဖရာ Al Dhafra လေတပ်စခန်း ထိခိုက်ပျက်စီးသွားတဲ့ ဂြိုဟ်တုပုံရိပ်တွေကို ဖော်ပြခဲ့တာပါ။ အဆိုပါ တိုက်ခိုက်မှုမှာ အီရန်ဘက်က သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အကယ်၍ တရုတ်ရဲ့ ဂြိုဟ်တုပုံရိပ်တွေသာ မရှိခဲ့ရင် အမေရိကန်ရဲ့ ဆုံးရှုံးမှုတော်တော်များများဟာ ဖုံးကွယ်ခြင်း ခံထားရနိုင်ပေမဲ့ အခုပုံတွေကြောင့် ပျက်စီးမှုတွေကို ချက်ချင်းဆိုသလို ထင်ထင်ရှားရှား မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ NOM

ဆီအခက်အခဲအကြောင်းပြုပြီးမဆီမဆိုင်စျေးမတန်တဆတင်ရောင်းတဲ့ EV ကါးရောင်းသူတွေကိုအရေးယူပေးပါ NOM အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်လောင်စာဆီအခက်အခဲဖြစ်ပေါ်ပြီးတစ်ကမ္ဘာလုံးလောင်စာဆီအခက်အခဲတွေ့ကြုံနေရသည်ကိုနားလည်ပါသည်။မြန်မာနိုင်ငံတွင်သာမကအချို့နိုင်ငံကြီးများတွင်ပါယာဉ်သုံးစွဲမှုများကန့်သတ်ရခြင်း၊လောင်စာဆီရောင်းချမှုကန့်သတ်ရခြင်းများပြုလုပ်နေသည်ကိုလည်းသိရှိပါသည်။သို့သော်မြန်မာနိုင်ငံတွင်EVကားရောင်းချသူများကကားစျေးကိုညတွင်းချင်းဆွဲတင်သွားသည်ကိုမူပြင်းထန်စွာပြစ်တင်ရှုံ့ချပါသည်။အစိုးရအနေဖြင့်ကမ္ဘာ့အရေးအခင်းကိုမျက်ခြေမပြတ်ကြည့်ပြီးလိုအပ်သည့်အစီအမံမျာူလုပ်နေချိန်တွင်ဝိသမလောဘသမား EVရောင်းသူများကစျေးဆွဲတင်လိုက်ခြင်းဖြင့်အစိုးရ၏ပုံရိပ်ထိခိုက်ရုံသာမကဆန့်ကျင်ဖက်အဖွဲ့အစည်းများ၏တိုက်ခိုက်ပြောဆိုမှုများပါကြုံတွေ့လာနိုင်ပါသည်။ နိုင်ငံတော်အစိုးရသည် EVကားများစီးနင်းရန်ယခုမှမဟုတ်ပဲလွန်ခဲ့သည့်နှစ်များကတည်းကEVကားသွင်းသူများကိုအထူးအခွင့်အရေးများပေးပြီးဖြစ်ပါသည်။သို့သော်လည်းEVကားသွင်းသူများသည်နိုင်ငံတော်မျက်နှာနှင့်ပြည်သူလူထုမျက်နှာမထောက်ထားပဲဘယ်သူသေသေငတေမာရင်ပြီးရောလုပ်နေသည်ကိုနိုင်ငံတော်မှစားသုံးသူရေးရာဦးစီးဌာနကိုတာဝန်ပေးပြီးစံပြဖမ်းဆီးအရေးယူသင့်ပါကြောင်းတင်ပြလိုပါသည်။ယခုစက်သုံးဆီတရားမဝင်မှောင်ခိုရောင်းချသူသုံးဦးကိုစံပြဖမ်းဆီးပြီးမီဒီယာများမှတဆင့်ပြည်သူသို့အသိပေးသည့်ပုံစံမျိုး EVကားရောင်းချသူများအနက်မသမာလောဘသမားများကိုစံပြဖမ်းဆီးအရေးယူပေးပါရန်ပြည်သူများကိုယ်စားတင်ပြလိုက်ရပါသည်။

အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက် NOM
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက် NOM