အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Ir al canal en Telegram
Mostrar más
1 032
Suscriptores
-124 horas
Sin datos7 días
-1130 días
Archivo de publicaciones
" ဟုတ်ကဲ့ ကြီးစော...ဘယ်လိုလဲ တပေါင်း...ဒီအိမ်ကိုသဘောကျလား..ကြီးကြီးတော့ သဘောကျတယ်ကွယ် "
ကြီးကြီးအေးခင်က ကြီးစောကိုခေါင်းငြိမ့်ပြလိုက်ပြီးတော့ တပေါင်းကိုလှမ်းမေးတယ်။အိမ်လေးကြည့်ရတာလဲ သပ်သပ်ရပ်ရပ်ဖြစ်ပြီး ကြီးစောရဲ့မျက်နှာကလဲကြည်လင်တဲ့မျက်နှာပေါက်ဖြစ်နေတာမို့ တပေါင်းလဲ သဘောကျကြောင်း ခေါင်းငြိမ့်ပြလိုက်တယ်။
==================================
အပိုင်း (၁၄)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
၁၁
https://www.facebook.com/100067151540690/posts/741255251456186/
၁ ၂
https://www.facebook.com/100067151540690/posts/741833594731685/
ငေးမောခဲ့ရတာ။လူကြီးတစ်ယောက်အတွက် စီးပွားရေးအောင်မြင်ဖို့၊ နေစရာအိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့က ဘဝရဲ့မျှော်လင့်ချက်အိပ်မက်ဆိုရင် ကလေးတစ်ယောက်အတွက်လဲ ကစားစရာအရုပ်တစ်ခုလောက် လက်ဝယ်ပိုင်ပိုင် ရနိုင်ဖို့ကလဲ ကလေးတစ်ယောက်ရဲ့မျှော်လင့်ချက် အိပ်မက်တစ်ခုပါပဲ။ လူဆိုတာက သူ့အရွယ်နဲ့ သူဖြတ်သန်းနေရတာမဟုတ်လား ။အသက်အရွယ်ကြီးလာတော့မှ ကစားစရာအရုပ်တွေထောင်ချီပြီး ဝယ်နိုင်လာတော့လဲ ကလေးတစ်ယောက်ရဲ့ အိပ်မက်မက်ချိန်ကပြီးဆုံးသွားခဲ့ပြီ မဟုတ်လား။ငယ်ငယ်တုန်းက လိုချင်တာတွေကို မရခဲ့ဖူးတော့ အခုလို ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာလဲ လိုချင်တာကို ရနိုင်ပါ့မလားလို့ တွေးပူမိတာတော့ အမှန်ပါပဲ။စိတ်အားငယ်မိတာလဲ အမှန်ပါပဲ။ သို့ပေမဲ့လဲ ရတာမရတာထက် ကိုယ်တိုင်ကြိုးစားခွင့်ရလာပြီဆိုတော့ အရင်ကထက်စာရင် ခြေတစ်လှမ်းစလှမ်းနိုင်ပြီလို့ပဲ ပြောရလေမလား။ အခုချိန်မှာ တပေါင်းအနေနဲ့ခြေတစ်လှမ်းစလှမ်းဖို့ အခွင့်အရေး ရနေပြီလေ။
~~~~~~~
ကြီးကြီးတို့ တစ်ရပ်ကွက်လုံးအနှံ့ကို ခြေတစ်ဖက်ထော့နင်းထော့နင်းလျှောက်ကာ တစ်ပတ်လိုက်ကြည့်ပြီးတော့ ကြီးကြီးတို့အိမ်ကိုပြန်လာခဲ့လိုက်တယ်။သာမန်လူအဖို့ ရပ်ကွက်တစ်ပတ်က နာရီဝက်ကျော်ကျော်လောက်ပဲ ကြာမှာဖြစ်ပေမဲ့ တပေါင်းအတွက်တော့ တစ်နာရီကျော်ကြာခဲ့တယ်။ဈေးထဲက ပြန်လာချိန်မှာ တပေါင်းလက်ထဲမှာ ဒန်အိုးအသေးတစ်လုံး၊ ဒယ်အိုးအသေးတစ်လုံး၊ စတီးဇလုံအကြီးတစ်လုံး အသေးနှစ်လုံးပါလာခဲ့တယ်။
" တပေါင်း ပြန်လာပြီလား ...အဆောင်စုံစမ်းခဲ့သေးလား "
အိမ်ထဲကို တပေါင်းလှမ်းဝင်လိုက်ချိန်မှာပဲ ဆီးကြိုပြီး မေးလာတဲ့ ကြီးကြီးကို တပေါင်းခေါင်းခါပြရင်း ပြန်ဖြေလိုက်တယ်။
" မရသေးဘူးလေ ကြီးကြီး ..အဆောင်ကမရှာရသေးဘူးလေ ....ဘာရောင်းရမလဲလို့ ဈေးထဲအရင်လိုက်ကြည့်တာ "
" ဟုတ်လား ..တော်သေးတာပေါ့အေ ...အဆောင်များရသွားပြီလားဆိုပြီး စိတ်ပူနေတာ ..လာ ထိုင်အုံး ...ကြီးကြီးအိမ်တစ်လုံးတွေ့ထားတယ် ... အိမ်က ကြီးကြီးတို့အိမ်နဲ့ နှစ်လမ်း ကျော်မှာ ..အိမ်ပိုင်ရှင်တွေက အဘိုးကြီးအဘွားကြီးတွေ ...အဘိုးကြီးက ဘိုးတော်လိုလိုဘာလိုလိုနဲ့ နှစ်လုံးသုံးလုံးတွေပေးတယ် ....အဲ့ဒါ သူတို့ခြံထဲမှာ အိမ်သေးသေးလေးတစ်လုံးရှိတာ ငှါးချင်လို့တဲ့ ...ကိုယ့်အိမ်သာနဲ့ကိုယ်ပဲတဲ့ ..သူတို့က လူရွေးငှားတာ...တူမလေးတစ်ယောက်တည်းဆိုရင် ငှါးမယ်တဲ့ ..အိမ်လခလဲတစ်တစ်ခါပေးပဲတဲ့လေ ....လျှပ်စစ်မီးလိုချင်လဲ လစာနဲ့ပေးသုံးတယ်တဲ့ ... နေရာကမဆိုးဘူး ..အဘိုးအဘွားကြီးတွေလဲ အေးအေးဆေးဆေးပါပဲ ..အဘိုးကြီးက နယ်လှည့်ပြီး ဗေဒင်လိုက်ဟောတတ်လို့ ...အိမ်မှာမရှိတာများတယ် ..သွားကြည့်ကျမလား "
" ဟုတ်ကဲ့ ကြီးကြီး ..ကြည့်မယ်လေ ...အိမ်လစာအဆင်ပြေပြီး ..ရေလွယ်ရင် ငှါးပါမယ် ... ရေမလွယ်ရင်တော့....တပေါင်းကရေမထမ်းနိုင်လို့ပါ "
" ရေကလိုက်ထည့်တယ်ထင်တယ်... သွားကြည့်လိုက်မယ်လေအေ ....ကြည့်မှသိရမှာပေါ့ "
ကြီးကြီးက ပြောပြောဆိုဆိုနဲ့ ရှေ့ကဦးဆောင်ပြီးထွက်သွားတာမို့ တပေါင်းလဲနောက်ကနေ လိုက်သွားရတယ်။
~~~~~~~
အိမ်လေးက ခပ်သေးသေး။တစ်ခြံထဲမှာ အိမ်နှစ်လုံးဆောက်ထားတာ။ခေါင်းရင်းဘက်ကအိမ်ကတော့ ပျဉ်ထောင်နှစ်ထပ်တိုက်။ခြေရင်းခြံထောင့်က အိမ်သေးသေးလေးကတော့ သွပ်အဟောင်းတွေနဲ့မိုးထားတဲ့ ပျဉ်ခင်းထရံကာအိမ်လေး။အိမ်လေးကအိမ်ရှေ့အခန်းရယ် နောက်ဘက်အခန်းရယ်နှစ်ခန်းပဲပါတာ။မိသားစုတွေဆိုရင် နေလို့မရနိုင်ပေမဲ့ တပေါင်းလို တစ်ယောက်တည်းသမားအတွက်တော့ အဆင်ပြေတယ်။ပြီးတော့ အိမ်သေးသေးလေးရဲ့ရှေ့မှာလဲ ခြံတံခါးတစ်ပေါက်ရှိတာမို့ အဝင်အထွက်လဲသီးသန့်သုံးလို့ရတယ်။နေရာကိုကြည့်ပြီး တပေါင်းစိတ်ထဲသဘောကျသွားမိတယ်။
"နေမှာက သူလား ...တစ်ယောက်တည်းလား အေးခင် "
" ဟုတ်ကဲ့ကြီးစော...ကျွန်မတူမလေးပါ...သူ့မိထွေးနဲ့အဆင်မပြေလို့လေ ...ကြီးစောတို့ဆီမှာရရင်တော့ ကျွန်မလဲစိတ်အေးရတာပေါ့ ..တူမလေးက ဈေးထဲမှာဈေးရောင်းမှာလေ...ဧည့်သည်အဝင်အထွက်ဆိုလဲ ...ကျွန်မတစ်ယောက်ပဲရှိမှာပါ "
ကြီးကြီးက အိမ်ရှင်အဘွားကြိးရဲ့အမေးကိုဖြေလိုက်တယ်။ဒီအခါ ကြီးစောဆိုတဲ့အိမ်ရှင်အဘွားကြီးက တပေါင်းကိုသေချာကြည့်တယ်။ကြည့်တာမှာ ခြေဆုံးခေါင်းဆုံးသေချာကြည့်တာ။တပေါင်းကတော့ ဘာမှဝင်မပြောဘူး။ကိုယ့်ကအလကားနေမှာမဟုတ်လို့ ပစိပစပ်များတဲ့အိမ်ရှင်မျိုးဆိုရင် နေဖို့လဲစိတ်ကူးမရှိဘူး။အဖေ့အိမ်လိုမျိုးနဲ့ သိပ်မကွာတဲ့အိမ်မျိုးဆိုရင်တော့ တပေါင်းလဲ မနေဖို့ဆုံးဖြတ်ထားပြီးသားပဲ။
" အေးလေ..ညည်းတာဝန်ယူရင်ပြီးတာပဲ ..ကိုယ့်ခြံတံခါးနဲ့ကိုယ်ဆိုတော့ ကိစ္စမရှိပါဘူးလေ...တစ်လနေကြည့်ပေါ့...တစ်လအတွင်းမှာ ငှါးသူ ဘယ်က မကြိုက်လဲပြောင်းပေါ့...အိမ်ရှင်မကြိုက်လဲပြောင်းခိုင်းမယ်....ရေက လာထည့်ပေးတယ်...ရေစည်လဲပေးသုံးထားတယ် "
ကြီးစောက စကားပြောတော့မဆိုးဘူး။ငယ်ငယ်က တရားရုံးမှာလက်နှိပ်စက်စာရေးမလုပ်ခဲ့တာလို့ ကြီးကြီးအေးခင်ကတော့ ပြောပြထားတယ်။ရုံးဝန်ထမ်းမို့ထင်တယ်။ကြီးစောက အသက်ခြောက်ဆယ်ကျော်နေပေမဲ့ ပြင်ပြင်ဆင်ဆင်နဲ့သပ်သပ်ရပ်ရပ်ရှိတယ်။အိမ်နေရင်းတောင် ပါတိတ်ဝမ်းဆက်ကို လှလှပပဝတ်ထားတာ။
" နှုတ်တစ်ရာစာတစ်လုံးတဲ့ ....ညည်းတို့ဘက်က အိမ်သဘောကျရင် ...လမ်းမှူးခေါ်ခိုင်းလိုက်မယ်အေ..."
......တစ်ယောက်တည်းနေဖို့မသင့်တော်သေးဘူး.....မိန်ကလေးဘဝဆိုတာအန္တရာယ်သိပ်များတာ...ဒါကြောင့် သမီးအဖေအိမ်ကိုပဲပြန်ပါကွယ်....သူကရို//က်နှက်တတ်တယ်ဆိုပေမဲ့ ..သမိးမိန်းကလေးအတွက် မိဘအိမ်ကအသင့်တော်ဆုံးပါပဲ သမီးရယ် ..ကြိးကြီးပြောတာကိုနားလည်တယ်မဟုတ်လား "
ကြိးကြီးနှုတ်ကနေ တပေါင်း မမျှော်လင့်ထားတဲ့စကားကို ကြားလိုက်ရတာမို့ အံ့ဩသွားမိတယ်။အဖေ့အိမ်ကိုပြန်ဖို့ဆိုတာ တပေါင်းအတွက်တော့ ေ**သသွားရတာထက်ကို ကြောက်ဖို့ကောင်းသေးတယ်လေ။ညတုန်းက အဖေဆီကနေ နင်အိမ်မှာမနေနဲ့တော့ဆိုတဲ့ စကားကိုကြားရချိန်မှာ ဝမ်းနည်းခြင်းဝမ်းသာခြင်း ခံစားချက်နှစ်မျိုးကို တစ်ပြိုင်တည်းခံစားခဲ့ရတာလေ။အိတ်ကိုဆွဲပြိးထွက်လာချိန်မှာ စိတ်ကထိတ်လန့်ကြောက်ရွံ့နေမိသလိုဖြစ်ခဲ့ပေမဲ့ အဖေ့အိမ်နဲ့ဝေးလေလေ စိတ်ကလွတ်လပ်ပေါ့ပါးလာတယ်လို့ခံစားလာခဲ့ရတယ်။တပေါင်း ဦးခေါင်းကိုခါယမ်းလိုက်မိပ်ြီးကြီးကြီးကို ကြည့်လိုက်မိတယ်။
" ဟင့်အင်း ကြီးကြီး ..တပေါင်း အဖေ့အိမ်ကိုမပြန်တော့ပါဘူး...တပေါင်းမှာ အန်တီကြီးနဲ့ဘွားဘွားကြီးတို့ပေးခဲ့တဲ့ ပိုက်ဆံရှိပါတယ်...တပေါင်းမသုံးဘဲသိမ်းထားတာပါ...အဲ့ဒီပိုက်ဆံနဲ့အိမ်ငှားပြီး ဈေးထဲမှာဈေးသွားရောင်းမယ်လို့စိတ်ကူးထားတယ်.....တပေါင်းကြိုးစားကြည့်ပါ့မယ်ကြီးကြီး...တကယ်လို့မှ တပေါင်းမှာနေစရာရောစားစရာပါမရှိရင်လဲ အဖေ့အိမ်ကိုမပြန်ပါဘူး...ကိုယ့်ကိုယ့်ကိုပဲ သ//တ်ေ**သပစ်လိုက်မယ် "
" အို ..ပေါက်ကရတွေ ..အဲ့ဒီလိုမပြောကောင်းတာတွေ မပြောစမ်းနဲ့ "
ကြီးကြီးက အလန့်တကြားနဲ့တားမြစ်လိုက်တာမို့ တပေါင်းအားတင်းကာ ပြုံးလိုက်မိတယ်။
" အဲ့ဒီလိုမဖြစ်အောင် တပေါင်းကြိုးစားမှာပါကြိးကြီး ..တပေါင်းအတွက်စိတ်မပူပါနဲ့...တပေါင်းမကြောက်ဘူး...တပေါင်းကိုစော်ကားဖို့ကြံစည်တဲ့သူတွေနဲ့ကြုံကြိုက်ခဲ့ရင်လဲ ..တပေါင်းက သူေ*သကိုယ်ေ-သပြန်ချမှာပါ "
တပေါင်းအံကိုတင်းတင်းကြိတ်ကာပြောလိုက်တယ်။
" အင်း...ငါ့တူမကို ကြီးကြီးဘာမှ မကူညီပေးနိုင်တာစိတ်မကောင်းပါဘူးကွယ်...ဒါနဲ့ဈေးရောင်းမယ်ဆိုတော့ ဘာရောင်းမယ်စိတ်ကူးထားလဲသမီး "
" မသိသေးဘူး ကြီးကြီး ...ဈေးထဲလိုက်ကြည့်ပြီးမှာ ဘာရောင်းရမလဲ စဉ်းစားရမှာ..အိမ်ကိုဈေးနားမှာ ငှားလို့ရရင်တော့ကောင်းမယ်...ပစ္စည်းတွေများရင်တပေါင်းမသယ်နိုင်ဘူးလေ ..ခြေတစ်ဖက်က အလိုလိုတရွတ်ဆွဲသွားလို့ "
ကြီးကြီးဆီက သက်ပြင်းချသံကိုကြားရပြန်တယ်။
" အင်း..ပေါ့ပေါ့ပါးပါးဆွဲသွားဆွဲလာလို့ရတာမျိုးတွေရောင်းပေါ့ .....ဈေထဲမှာတော့ ဗန်းလေးတွေနဲ့ရောင်းနေကတဲ့ အလုကုန်ပစ္စည်းလေးတွေလဲ မြတ်တယ်လို့ပြောတယ်....ပစ္စည်းသွားတင်ရင်လဲ ကြွပ်ကြွပ်အိတ်ကြီးတစ်အိတ်စာပါပဲ ...ဒါပေမဲ့ သိမ်ကြီးဈေးတို့ မင်္ဂလာဈေးတို့အထိသွားရတာ...ညည်းသွားနိုင်ပါ့မလားတပေါင်းရယ် "
" ဪ...ကြီးကြိးကလဲ ကားစီးသွားရတာပဲဟာ...တပေါင်းသွားနိုင်ပါတယ်...သွားရဲတယ် ...ဘာရောင်းရမလဲဆိုတာကို စဉ်းစားလိုက်အုံးမယ် ...အိမ်လခအများကြိးမကုန်ဘူးဆိုရင်တော့ ဈေးရင်းဖို့ကျန်မှာပါ "
တပေါင်းတွေးတွေးဆဆနဲ့ပြောလိုက်မိတယ်။ညကတစ်ညလုံးစဉ်းစားထားခဲ့တာတွေ ရှိပေမဲ့သေချာမဆုံးဖြတ်ရသေးတာမို့ တပေါင်းဘာမှကြိုမပြောပြဘဲထားလိုက်တယ်။
~~~~~
အသုပ်တစ်ပွဲဝယ်စားပြီးတော့ ဈေးထဲမှာ သုံးလေးခေါက်လောက် တပေါင်းလှည့်ပတ်ကြည့်လိုက်တယ်။ကြီးကြီးတို့ ရပ်ကွက်ဈေးက ဈေးရုံလဲရှိတဲ့ဈေးကြီး။ မနက်ဈေးညဈေးမို့ ရောင်းသူဝယ်သူတွေနဲ့ အရမ်းကိုစည်ကားတယ်။ကြီးကြီးပြောတဲ့ ခေါင်းစည်းကြိုးကလစ်စတဲ့ အလှကုန်အတိုအထွာလေးတွေကို ရောင်းတဲ့အသည်တွေလဲ အတော်များများရှိတာကို တွေ့ရတယ်။
တပေါင်းဈေးထဲ ပတ်လျှောက်နေရင်းက ဈေးသည်တစ်သည်ရှေ့အရောက်မှာ ခြေအစုံကတုံ့ခနဲရပ်တန့်သွားရတယ်။ဈေးသည်က ကလေးကစားစရာအိုးပုတ်လေးတွေ ရောင်းနေတာ။ ဈေးသည် ကြီးရှေ့မှာ လူတွေအုံခဲနေတယ်။အုံနေတဲ့ လူတွေထဲမှာ ဝယ်သူတွေပါသလို၊ မဝယ်ပေးနိုင်လို့ ကလေးတွေကို ခေါင်းခေါက် ဗိုက်ကြောဆွဲလိမ်နေသူတွေကိုလဲ တွေ့ရတယ်။
" ကဲ ..ကဲ...သားသားမီးမီးတို့အတွက် လက်ဆောင်လေးတွေဝယ်ပေးသွားကြပါအုံး ... တစ်ခါတလေမှ လာရောင်းတဲ့ တောအိုးပုတ်သည်လေးပါဗျ ..အမြဲလာမရောင်းပါဘူး ... တွေ့တုန်းကြုံတုန်းဝယ်ထားကြနော် "
ဈေးသည်ဦးလေးကြီးက အသံဝါဝါကြီးနဲ့ အော်လိုက်တယ်။
" ဟယ် ..ဒီကလေး..ပြောမရဆိုမရနဲ့ ...စိတ်ရှိတိုင်းလုပ်ရရင်တော့ နာတော့မယ် ... အဲ့ဒါ မြေအိုးတွေဟဲ့ ..နင်က ဘယ်လောက်စည်းကမ်းရှိလို့လဲ ...အခုဝယ်ပေးလိုက်ရင် ...အိမ်မရောက်ဘဲ ...လမ်းမှာပဲကွဲလို့ကုန်မယ် .. ကော်တွေဒန်တွေ တွေ့ရင်ဝယ်ပေးမယ် ဟုတ်ပြီလား "
နားထဲမှာကြားနေရတဲ့ စကားသံတွေကြောင့် တပေါင်းခေါင်းထဲမှာ လက်ခနဲအကြံတစ်ခုရသွားမိတယ်။အကြံပေါ် လာတာနဲ့ အိုးပုတ်သည်ကြီးနားက ထွက်လာခဲ့ပြီး တစ်ဈေးလုံးအနှံ့လှည့်ပတ်ပြီး ထပ်ပြီးလိုက်ကြည့်လိုက်တယ်။ဈေးထဲက ဆိုင်ကြီးတွေမှာ ဘောလုံး၊ခြင်းလုံးနဲ့ စုဘူးအရုပ်ကြီးတွေကိုပဲရောင်းတာတွေ့ရတယ်။ကလေးကစားစရာ အရုပ်ဆိုင်ရယ်လို့ မရှိဘူး။ တစ်ဈေးလုံးအနှံ့လိုက်ကြည့်ပြီး ဘာရယ်မသိ တပေါင်းရင်ထဲကျေနပ်ပျော်ရွှင်သွားမိတယ်။ကစားစရာ အရုပ်တွေဆိုတာ သူမငယ်ငယ်က လိုချင်တပ်မက်ခဲ့ရတဲ့အရာတွေ။ကစားစရာအရုပ်ဆိုင်ရှေ့ကိုရောက်တိုင်း
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၃)
akyiphyu
************
တစ်ညလုံးဘာမှမစားဘဲ အိပ်ခဲ့တာဆိုတော့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ တပေါင်းဗိုက်ထဲမှာ တဂွီဂွီမြည်နေခဲ့တယ်။လူက စားချင်သောက်ချင်စိတ်မရှိပေမဲ့ ဗိုက်ထဲကအချက်ပေးသံတွေဆူညံနေခဲ့ပြီ။ဒါပေမဲ့ ဗိုက်ဆာလိုက်တာလို့ တပေါင်းမညည်းရဲဘူး။ဘယ်အရပ်ပဲဖြစ်ဖြစ် အဖေ့အိမ်ပဲဖြစ်ဖြစ်၊ကြီးကြီးအိမ်ပဲဖြစ်ဖြစ် ထမင်းစားခါနီးပြီဆိုရင် တပါင်းမျက်နှာအရမ်းငယ်ရပါတယ်။စားရမှာလား၊ မစားရဘူးလားဆိုတာကို လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို ကြည့်ပြီးမှ စားရတာပါ။ကြီးကြီးတို့သားသမီးတွေလိုမျိုး "အမေ ဗိုက်ဆာတယ်ဆိုပြီး "ဆိုးခနဆတ်ခနဲ အိုးခွက်တွေလှန်လှောပြီး ထမင်းစားခွင့်မရှိဘူးလေ။အဖေ့အိမ်မှာဆိုရင်လဲ တပေါင်းကိုယ်တိုင်ချက်ပြုတ်ရတာဆိုပေမဲ့ အသားဟင်းတွေကို အမေသိန်းနုက အတုံးတွေရေထားတာ။ လူကြီးတွေမစားခင် ထမင်းကို ဦးဦးဖျားဖျားစားခွင့်မရှိဘူး။ ထမင်းကြမ်းကျန်ရင်တော့ ငါးပိရည်နဲ့စားခွင့်ရှိတယ်။ဟင်းယူစားခွင့်မရှိဘူး။တပေါင်းထမင်းဟင်းချက်ပြုတ်ပြီးလို့ ကလေးကိုပါရေမိုးချိုးပေးပြီးရင် ညီမလေးအတွက် အမေသိန်းနုချက်ပေးသွားတာနဲ့ ညီမလေးကိုအရင်ထမင်းကျွေးရတယ်။အမှန်တိုင်းပြောရရင် ညီမလေးကိုထမင်းကျွေးနေရင်းနဲ့ တပေါင်းလဲ အရမ်းစားချင်ခဲ့တာ။ ဒါပေမဲ့ အမေသိန်းနုပြန်မေးတဲ့အခါ ညီမလေးက ကလေးပီပီ အမှန်တိုင်းပြောတတ်တာမို့ တပေါင်းယူမစားရဲခဲ့ဘူး။ အဲ့ဒီအလုပ်တွေ ပြီးပြီဆိုမှ အမေသိန်းနုဆိုင်ကိုလိုက်သွားရတယ်။အဲ့ဒီအခါ အမေသိန်းနုက အိမ်ပြန်ရေမိုးချိုးပြီး ထမင်းစားတယ်။သူစားပြီးတော့မှ တပေါင်းအတွက်ဟင်းဖယ်ထားပေးပြီး အိမ်ပြန်မှစားခွင့်ရတာ။ပြောရရင်တော့ အမေမရှိတော့ကတည်းက တပေါင်းဘဝမှာ ဗိုက်ဆာတဲ့အချိန်စားခွင့်ရတယ်ဆိုတာမျိုး မရှိတော့သလို အိပ်ချင်တဲ့အချိန်လှဲအိပ်နိုင်တာမျိုးတွေလဲ မလုပ်ရတော့ဘူး။ဘယ်လောက်ပဲ အိပ်ချင်ချင် အဖေတို့မအိပ်မချင်း မီးဖိုချောင်ပေါက်နားမှာထိုင်ပြီးငိုက်ခဲ့ရတာ။အဖေတစ်ခုခုခေါ်ခိုင်းလိုက်ရင်် မကြားမှာစိုးလို့ရယ်လေ။အဖေက အမေရှိစဉ်အချိန်ကတည်းက ဒေါသကြီးစိတ်တိုလွယ်ပေမဲ့ တစ်ခုခုဆိုရင် အမေကတပေါင်းရှေ့ကနေ အမြကာကွယ်ပေးခဲ့တာ။ အရို/က်ခံစရာရှိရင်လဲ အမေကသူပဲ အရိုက်ခံခဲ့တာ။တပေါင်းမှတ်မိသလောက်တော့ အမေရှိစဉ်ကလဲ အဖေကအမေ့ကို အမြဲလိုလိုရို//က်ခဲ့တာ။အထူးသဖြင့်အရက်မူးလာတဲ့နေ့ဆို ရင်ပိုဆိုးတယ်။အဖေရိုက်တဲ့အခါ အမေကအသံမထွက်ဘဲ ကျိတ်ငိုခဲ့တယ်။အဖေဘယ်လောက်ရို//က်ရို//က် ဘာမှပြန်မလုပ်ခဲ့ဘူး။ပတ်ဝန်းကျင်သိအောင်လဲ မပြောခဲ့ဘူး။အမေဆုံးသွားပြီးတဲ့နောက်မှာ အဖေ့ရဲ့ဒေါသတွေက တပေါင်းအပေါ်ကို ကျရောက်လာခဲ့တော့တာ။ခုချိန်ပြန်စဉ်းစားကြည့်လိုက်တော့မှ အမေလဲတပေါင်းလိုပဲ သိပ်ပြီးနာကျင်ခဲ့ရှာမှာပဲလို့တွေးမိပြီး ရင်ထဲပိုနာကျင်ရပြန်တယ်။ဒါပေမဲ့ အမေသိန်းနုနဲ့ညီမလေးကိုတော့ အဖေကရို//က်လေ့မရှိဘူး။ရို**က်လို့လဲရမဲ့ပုံမပေါ်ဘူး။ဘာလို့လဲဆိုတော့ အဖေကလက်နဲ့ရွယ်ရုံနဲ့ အမေသိန်းနုက အသံပြဲကြီးနဲ့ထအော်တယ်။တွေ့ရာပစ္စည်းနဲ့ကောက်ပေါက်တယ်။သူကဦးအောင်သောင်းကျန်းပစ်တယ်။ရှေ့ဆက်ရင် ကွဲမယ်လို့ပါခြိမ်းခြောက်တယ်။ဒီတော့ အဖေ့ရဲ့ဒေါသတွေဟာ နောက်ဆုံးမှာ တပေါင်းအပေါ်မှာပဲ ကျရောက်လာတော့တယ်။အဲ့ဒီလိုနေ့ရက်တွေဟာ ဒီနေ့နောက်ဆုံးဖြစ်ပါစေလို့တပေါင်းဆုတောင်းလိုက်မိတယ်။
" ပဲ...ပြုတ် "
အိမ်ရှေ့ကနေ ပဲပြုတ်သည်အော်သံကြားတော့ တပေါင်းအိပ်နေရာက အသာထလိုက်တယ်။နောက်ဖေးမီးဖိုချောင်းက အိုးခွက်သံကြားတာမို့ နောက်ဖေးမိးဖိုခန်းဆီကို ခြေကိုဖွနင်းပြီးလျှောက်သွားလိုက်တယ်။
" တပေါင်း ဘာကူလုပ်ပေးရမလဲကြီးကြီး "
" နိုးပြီလား တပေါင်း.....ညကလဲ ဘာမှမစားဘူး..ဗိုက်ဆာနေလား "
ကြီးကြီးက တပေါင်းကိုလှည့်ကြည့်ပြီး အသံတိုးတိုးနဲ့မေးတယ်။ကြည့်ရတာ ဒီလိုမေးတာကို ဘကြီးကြားသွားမှာကြောက်နေပုံရတယ်။
" ဟုတ်ကဲ့ ..ဗိုက်မဆာပါဘူးကြီးကြီး ...မိုးလင်းရင်...တပေါင်းဈေးထဲလျှောက်ကြည့်မလို့လေ...အဲ့ဒီတော့မှ တစ်ခုခုစားလိုက်မယ်...ကြီးကြီးတိုဲ့ရပ်ကွက်ထဲမှာဖြစ်ဖြစ် ...ဘေးရပ်ကွက်မှာပဲဖြစ်ဖြစ် အဆောင်မေးပေးအုံးနော်ကြီးကြိး ...အဆောင်ကအဆင်မပြေရင်..အခန်းတွဲလဲရတယ်...တပေါင်းတို့ရပ်ကွက်မှာတော့ မနေဘူးနော်...တပေါင်းလဲ ဈေးထဲသွားရင်းစုံးစမ်းလိုက်မယ် "
တပေါင်းပြောလိုက်တော့ ကြီးကြီးက ဘာစကားမှမပြောဘဲငြိမ်ကျသွားတယ်။တပေါင်းနဲ့ပတ်သက်ပြီး ကြိးကြီးတစ်ခုခုပြောချင်ပုံရပေမဲ့ စဉ်းစားတွေးတောနေပုံရတယ်။အတော်လေးကြာတော့မှ သက်ပြင်းကိုချလိုက်ပြိး တပေါင်းကို ကြည့်တယ်။
" တပေါင်းရယ်..ကြီးကြီးက မခေါ်ထားချင်လို့မဟုတ်ဘူးနော်...ကြီးကြီးယောက်ျားအကြောင်းကိုလဲ သမီးသိတယ်မဟုတ်လား...ကြီးကြီးလဲ ကိုယ့်လမ်းကိုယ်မလျှောက်နိုင်သေးတော့ .....အစစအရာရာသည်းခံနေရတာပေါ့ကွယ်...သူကတော့ကြီးကြီးကိုရောကလေးတွေကိုပါ ...အောင်မင်းလိုမျိုးရို*/က်နှက်တတ်တဲ့သူမဟုတ်တော့ ...ကလေးတွေကြီးလာတဲ့အထိ သည်းခံရအုံးမှာပေါ့...ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်..မိဘနဲ့သားသမီးပဲ ေသအောင်တော့ မရို**က်လောက်ပါဘူး....ပြီးတော့ သမီးကအပျိုလေးဖြစ်နေပြီ ..အသက်ကလဲဆယ့်ခြောက်နှစ်ကျော်ပဲရှိသေးတာဆိုတော့
ကြီးကြီးအေးခင်ရဲ့ မေးခွန်းက တပေါင်းရင်ဝကို ဆီးပြီးကန်လိုက်သလိုပါပဲ။ ဖြုန်းခနဲ တပေါင်းဘာပြန်ပြောရမှန်းမသိဖြစ်သွားမိတယ်။ ဒီအချိန်ကြီးမှာ တပေါင်းက ဘယ်ကိုသွားရမှာလဲ။တပေါင်းမှာ ဆွေမျိုးရယ်လို့ ကြီးကြီးအေးခင်နဲ့ အဖေ့အစ်မပဲကြီးကြီးပဲရှိတာလေ။တပေါင်းရင်ထဲက တဆစ်ဆစ်နာကျလာတာကြောင့် နှုတ်ခမ်းလေးကို ခပ်တင်းတင်းဖိကိုက်ထားလိုက်မိပြီး
" ဟို ..ဟို ...ဒီတစ်ညပဲ အိပ်ခွင့်ပြုပါလို့ ....ဘဘကိုပြောပေးပါနော် ကြီးကြီး ..မနက်ဖြန်ကျရင် တပေါင်းအဆောင်လိုက်ရှာမှာပါ .... တောင်းပန်ပါတယ်နော် ကြီးကြီး "
တပေါင်းတောင်းပန်စကားပြောလိုက်တော့ ကြီးကြီးတစ်ချက်တွေခနဲ ဖြစ်သွားခဲ့တယ်။ပြီးတော့မှ ခေါင်းကိုငြိမ့်လိုက်ပြီး
" အေး ....အေး ..ညည်းဒီမှာ ခဏလေးစောင့်အုံး .....ကြီးကြီးသွားပြောလိုက်အုံးမယ် "
ကြီးကြီးအေးခင် အိမ်ထဲပြန်ဝင်သွားတော့ ခြံရှေ့က ပိတောက်ပင်အောက်မှာ တပေါင်းထိုင်ချလိုက်မိတယ်။မနက်ဖြန် အဆောင်ရှာပါမယ်လို့ ကြီးတော်ဖြစ်သူကို ပြောလိုက်ပြီမို့ မနက်ဖြန်တော့ နေဖို့နေရာရအောင် ရှာရမယ်ထင်တယ်။နေဖို့နေရာရရင် စားဖို့အတွက်ဈေးရောင်းတာဖြစ်ဖြစ်လုပ်ရမယ်။ဒီအခြေအနေမျိုးက တပေါင်းကြိုတင်တွေးထားခဲ့ဖူးတဲ့ဘဝမို့ ရင်ထဲမှာကြောက်လန့်မှုတော့သိပ်မရှိတော့ဘူး။ထမင်းနပ်မှန်အောင်မစားရရင်နေပါစေ အရိုက်အနှက်မခံရတော့ဘူးလို့တွေးလိုက်တဲ့အခါမှာ စိတ်ဆင်းရဲသောကတွေပျောက်ပျက်သွားသလိုခံစားလိုက်ရတယ်။နေ့စဉ်ဘဝကို စိုးထိတ်ကြောက်လန့်နေစရာမလိုဘဲ ရှင်သန်နေနိုင်တော့မယ်လို့်တွေ့လိုက်မိတဲ့အခါ နှုတ်ခမ်းတွေကပါအလိုလိုပြုံးလာမိတယ်။အမြဲထိတ်လန့်တုန်လှုပ်ကာ ကြောက်လန့်နေရတဲ့ဘဝကနေ လွတ်မြောက်လာခဲ့ပြီလေ။အဆောင်မှာငှားနေဖို့အတွက်ကတော့ အန်တီကြီးနဲ့ဘွားဘွားကြီးတို့ပေးထားခဲ့တဲ့မုန့်ဖိုးတွေကို အသုံးပြုရမှာပဲပေါ့။အန်တီကြီးကလဲ အရေးပေါ်လိုရင်သုံးဖို့ဆိုပြီး ပေးခဲ့တာလေ။ငွေကသိပ်မများပေးမဲ့လဲ အိမ်ငှားနေမယ်ဆိုရင်သုံးလေးလစာတော့ရမယ်ထင်တယ်။အဆောင်ငှာနေရင်တော့ ပိုပြီးဈေးသက်သာမယ်။ရှေ့ရေးကိုသိပ်ပြီးတော့ တပေါင်းမပူပ
န်တော့ဘူး။မနက်ဖြန်ကစပြီး ကိုယ့်စိတ်နဲ့ကိုယ့်အသက်ရှင်နိုင်ပြီဆိုရင် ထမင်းတစ်နပ်ပဲစားပြီးနေရပါစေ လူ့ဘဝကနေရတာပိုပြီးအဓိပ္ပါယ်ရှိသွားပြီလေ။
အိမ်ရှေ့မှာတစ်နာရီနီးပါးလောက်ထိုင်ပြီးချိန်မှာတော့ အိမ်ထဲကနေ ကြိးကြီးပြန်ထွက်လာခဲ့တယ်။
" တပေါင်းရေ ..လာတော့ ...အိမ်ထဲရောက်လို့်...နင့်ကိုဘာပြောပြော မသိချင်ယောင်ဆောင်နေနော်..."
" ဟုတ်ကဲ့ပါ ကြီးကြီး "
ကြီးကြီးရဲ့သတိပေးစကားကို တပေါင်းခေါင်းငြိမ့်ပြလိုက်တယ်။တစ်ညလေးတော့ ဘာပဲပြောပြော တပေါင်းသည်းခံပေးဖို့စဉ်းစားထားပြီးသားပါ။မိန်းကလေးဆိုတာ ညရေးညတာမှာ စိတ်လိုက်မာန်ပါနဲ့အပြင်ထွက်သွားလို့မှ မရတာ။ပြီးတော့ တပေါင်းလိုမသန်စွမ်းဖြစ်နေတဲ့သူက ပိုဆိုးတာပေါ့။ဘယ်လောက်ပဲမကြောက်တတ်ဘူး စိတ်မာတယ်ပဲပြောပြော တကယ်တမ်းအန္တရာယ်ကို ရင်ဆိုင်လာရပြီးဆိုရင် မပြေးနိုင်တာနဲ့ပဲ တစ်ပန်းရှုံးနေပြီလေ။ဒီတော့လဲ ဘကြီးဘာပဲပြောပြောသည်းခံပေးဖို့ဆုံးဖြတ်ပြီးသားပါ။ဘကြီးက ချိုးချိုးနှိမ်နှိမ်ပဲပြောပါစေအုံး အနည်းဆုံးတော့ တပေါင်းကိုထရို//က်မှာတော့မဟုတ်တာသေချာတယ်။မသာကာ သူပြောနိင်လဲ နာရီဝက်တစ်နာရီပေါ့ ။
တပေါင်းစိတ်ကိုတင်းပြီး ကြီးကြီးနောက်ကနေလိုက်ဝင်လာခဲ့တယ်။အိမ်ပေါ်ကိုလှမ်းတက်လိုက်စဉ်မှာ ဘကြီးကလှမ်းကြည့်လိုက်တာမို့ အသားတွေဆတ်ခနဲတုန်တက်သွားမိတယ်။
" အေး...ဒီတစ်ညပဲနော်...အရင်တစ်ခေါက်တုန်းက.. နင်ဘယ်လိုအပြောခံထားရလဲ မှတ်မိတယ်နော်အေးခင်..ငါကအိမ်မှာမထားချင်လို့ပြောနေတာမဟုတ်ဘူး...ကိုယ်တွေက သနားလို့ခေါ်ထားလိုက်လဲ ...ခိုင်းစားတယ်ဆိုပြီး အပြောခံရတယ် ...စေတနာကိုစော်ကားတဲ့ဟာတွေ "
ဘကြီးက မကျေမချမ်းနဲ့လှမ်းပြောတာကိုတပေါင်း ခေါင်ငုံ့ခံပြီး အိမ်ပေါ်ကိုမဝံ့မရဲနဲ့တက်လာခဲ့လိုက်တယ်။
အိမ်ပေါ်ကိုတက်လာချိန်မှာ ရင်ထဲမှာရှက်ခြင်း၊ ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းတွေကို တပြိုင်တည်း ခံစားနေရပေမဲ့ ပြင်ပ မျက်နှာသွင်ပြင်မှာတော့ အမှတ်သည်းခြေမရှိ၊ဘာခံစားချက်မှ မရှိသလိုမျိုးဖြစ်နေခဲ့တယ်။မနက်ဖြန် ရှေ့ဆက်ဖို့အတွက် ဒီနေ့ကစလို့ တော်ရုံ စိတ်နာကျင်မှုမျိုး တပေါင်း ဥပေက္ခာပြုထားရမယ်ဆိုတာကို ပိုပြီးနားလည်လာသဘောပေါက်လာမိတယ်။မနက်ဖြန်မှာ ဘာတွေဆက်လုပ်ရမလဲဆိုတာကိုတော့ ဒီညမှာ တပေါင်းစဉ်းစားဆုံးဖြတ်ရမှာပေါ့ ။
==================================
အပိုင်း (၁၃)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
သွားဆော့လို့ရို//က်တယ်။ပန်းကန်ကျကွဲလို့်ရို//က်တယ်။ထမင်းအိုးတည်းခိုင်းတာ ထမင်းပျော့လို့ရို/က်တယ်။ထမင်းတူးလို့၊ထမင်းမာလို့စတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ရိုက်ခဲ့တယ်။ခြောက်တန်းအောင်တဲ့အထိကျောင်းတက်ခဲ့ရပေမဲ့လည်း တစ်ရက်မှစိတ်ချမ်းချမ်းသာသာတက်ခဲ့ရတာမဟုတ်ဘူး။ကလေးထိန်းရင်းတန်းလန်းနဲ့ ကျောင်းမီအောင်မနည်းပြေးခဲ့ရတာ။ကျောင်းကပြန်ရောက်လာရင်လဲ ဗိုက်ဆာဆာနဲ့ ထမင်းအရင်မစားရဘူး။ကလေးအရင်းထိန်းရတာ။တစ်ခုခုလုပ်လိုက်လို့် မှားသွားတဲ့နေ့ဆိုရင် အပြစ်ကကင်းလွှတ်ခွင့်ရတယ်ဆိုတာမျိုး လုံးဝကိုမရှိခဲ့ဘူး။အပြစ်ကိုမေးမေးပြိး ခြေသလုံးမှာအရှိုးရာထပ်အောင် အရိုက်ခံခဲ့ရတာ။အိမ်မှာပစ္စည်းပျောက်ရင်လဲ တပေါင်းပဲ အရို/က်ခံရတာ။ညီမလေးက သူ့ဘာသာဆော့ရင်းနဲ့ချော်လဲရင်လဲ တပေါင်းပဲအရို/က်ခံခဲ့ရတာ။ဖခင်ဖြစ်သူနဲ့မိထွေးတို့ စကားများကြရင်လဲ တပေါင်းပဲ အရို//က်ခံခဲ့ရတာ။ညီမလေးကို တပေါင်းပဲထိန်းနေရတယ်ဆိုပေမဲ ညီမလေးအတွက်ဝယ်ထားတဲ့မုန့်ကို တပေါင်းစားမိလို့ တံမြက်စည်းရိုးကျိုးအောင် အရို//က်ခံခဲ့ရတာတွေလဲရှိတယ်။အဲ့ဒါထက်ဆိုးတာက ဖခင်ဖြစ်သူ မုန့်ဝယ်လာတဲ့အခါ တပေါင်းအတွက်မပါဘဲ သူတို့သုံးယောက်ပဲ စားတဲ့အခါမျိုးပေါ့။အဲ့ဒိလိုအချိန်တွေမှာဆိုရင် တပေါင်းေသလုမတတ်ဝမ်းနည်းနာကျင်ခဲ့ရပါတယ်။မိထွေးဖြစ်သူဝယ်လာတဲ့မုန့်ကို မစားရလို့ တပေါင်းဝမ်းမနည်းဘူး။မခံစားရဘူး။ဒါပေမဲ့ ဖခင်ဖြစ်သူက အားလုံးအတွက် မုန့်ဝယ်လာပြီး တပေါင်းအတွက်မပါတာကိုတော့ တပေါင်းရင်နာရပါတယ်။ခံစားရပါတယ်။အစားတစ်လုတ်မစားရလို့ ဘာမှဖြစ်မသွာပေမဲ့ ရင်ထဲကနာကျင်မှုတွေခံစားချက်တွေကတော့ နှလုံးသားမှာ သံမှိုနဲ့ရို//က်ထားသလို စွဲမြဲနေခဲ့တာ။ဖခင်ဖြစ်သူရဲ့အကြောင်းကို ပြန်တွေးတိုင်း ပျော်ရွှင်စရာရယ်လိုရေးရေးလေးမှ ပေါ်မလာတဲ့ဘဝမှာ ဖခင်ရဲ့ကျေးဇူးဆိုတာဘာလဲလို့မေးရမှာပါပဲ။ကလေးထိန်းမှထမင်းကျွေးတာက မိဘကျေးဇူးလား။ရွယ်တူသူငယ်ချင်းတွေနဲ့ အိမ်ရှေ့မှာထွက်ဆော့မိလို့် တံမြက်စည်းရိုးကျိုးအောင် အရို-က်ခံရရုံတင်မကဘဲ တစ်နေကုန်ထမင်းအငတ်ထားတာက မိဘကျေးဇူးလား။ကျောင်းတက်ချင်တယ်လို့်ပြောလိုက်မိလို့ အရိုးတွေကျိုးလုမတတ် အရို**က်ခံရတာက မိဘကျေးဇူးလား။ မိဘကောင်းနဲ့နေခဲ့ရတဲ့သူတွေကတော့ တပေါင်းတို့ဘဝတွေကို ဘယ်စာနာပေးနိုင်မှာလဲ။သူတို့စိတ်ထဲမှာ ကလေးမွေးပြီးစွန့်ပစ်သွားတဲ့သူတွေကိုပဲ မိဘဆိုးလို့ထင်နေကြတာမဟုတ်လာ။သားသမီးမွေးပြီး သူတို့ပိုင်တဲ့အရုပ်လိုမျိုး ခိုင်းချင်ရာခိုင်းမယ်။လုပ်ချင်ရာလုပ်မယ်။အမျိုးမျိုးချိုးနှိမ်ပြောပြီး စိတ်ဆင်းရဲအောင်လုပ်နေတာတွေ။အနုနည်းအကြမ်းနည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်နေတာတွေကိုတော့ အပြစ်မတင်ကြဘူး။ ဘာပဲဖြစ်ဖြစ် သားသမီးကိုမစွန့်ပစ်ရုံနဲ့တင် မိဘကောင်းစာရင်းကိုသွင်းလိုက်ကြတယ်။အဲ့ဒီအစားစွန့်ပစ်လိုက်တာကမှ လူစိတ်ရှိတဲ့ မွေးစားမိဘနဲ့ဆုံနိုင်သေးတာမဟုတ်လား။
သားသမီးမွေးပြီး စွန့်ပစ်ဖို့မတွေးကြပေမဲ့ သူတို့ရဲ့တာဝန်တွေကို သားသမိးတွေကိုကူထမ်းခိုင်းတာ။ပေးတာယူကျွေးတာစားခိုင်းပြီး အရုပ်လေးတွေလို သူတို့စိတ်တိူင်းကျခိုင်းစားမပြီး ရို//က်နှက်နှိပ်စက်နေကြတာတွေကရော မိဘကောင်းတွေပဲလား။
အဖေ့ကိုတပေါင်းမမုန်းပါဘူး။ဒါပေမဲ့ကြောက်တယ်။နာကြည်းတယ်။နောက်ထပ်ပြန်မဆုံချင်လောက်အောင်ကိုကြောက်တယ်။အဖေ့အသံကြားရမှာကိုကြောက်တယ်။အဖေနဲ့မျက်နှာချင်းဆိုင်ဲရမှာကိုလဲ ကြောက်တယ်။ရှင်းရှင်းပြောရရင် အဖေကတပေါင်းကိုအမြဲပြောနေကြစကားဖြစ်တဲ့ " နင့်မျက်နှာမြင်ရတာနေလိုမီးလိုပူတယ် "ဆိုတဲ့စကားလိုပဲ ။တပေါင်းလဲ အဖေနဲ့ဆုံရတိုင်း ရင်ထဲမှာ နေလိုမီးလိုပူပါတယ်။ဒါကတပေါင်းလုပ်ယူခဲ့တာမဟုတ်ဘူး။မိုက်ရိုင်းတာမဟုတ်ဘူး။တပေါင်းရဲ့ရင်ထဲနှလုံသားထဲက ဒီအတိုင်းပဲခံစားနေရတာ ။အဖေ့အသံကိုကြားတာနဲ့ အလိုလို ကြောက်လာမိတာ။ ဒီလိုခံစားချက်တွေနဲ့ မိဘကျေးဇူးဆိုတာကို ဘယ်လိုဆပ်ရမှာလဲ ။ခြေတစ်ဖက်ဆာတာတာဖြစ်သွားတဲ့အထိ ရို*က်နှက်သမျှခံပေးခဲ့လဲ မိဘကျေးဇူးကို စော်ကားတယ်လို့ပြောနေကြတုန်းပါပဲ။ ဒီလိုတွေဝေဖန်ပြောဆိုနေကြမဲ့အစား တပေါင်းတို့ ခံစားနေရတာတွချုပ်ငြိမ်းသွားအောင် အtသပဲ ဝိုင်းသ*တ်လိုက်ကြပါတော့လား ။တစ်နေ့တစ်နေ့ အကြောက်တရားနဲ့ နာကျင်မှုတွေနဲ့ မျှော်လင့်ချက်မဲ့ မေတ္တာတရားမဲ့ရှင်သန်နေရတာထက်စာရင် tသသွားတာကမှ ပိုကောင်းအုံးမှာ မဟုတ်ဘူးလား။
" တပေါင်း ..နင် ..နင် .. ငါ့ဆီလာတာလား "
တပေါင်းကိုယ့်အတွေးနဲ့ ကိုယ် နာကြည်းစရာတွေကို တွေးတောပြီး လျှောက်လာခဲ့လိုက်တာ ရုတ်တရက်ကြီးကြီးအေးခင်ကိုတွေ့လိုက်ရမှ ကြီးကြီးအေးခင်တို့အိမ်ကို တပေါင်းခြေထောက်တွေက သူ့အလိုလို လျှောက်လာမိတာကို သတိထားလိုက်မိတယ်။ကြီးကြီးက တပေါင်းကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်ပြီး
" တ...တပေါင်း ..ညည်း..ညည်းလက်ထဲမှာလဲအထုပ်နဲ့ ...ဘယ်လိုဖြစ်လာတာလဲ .."
" ဟို ..ဟို .. အိမ်ပေါ်က နှင်ချခံလိုက်ရလို့ပါ ကြီးကြီး ... "
" ဘာ ..ဘယ်လို .. သမီးမိန်းကလေးအပျိုပေါက်လေးကို ....ဒီအချိန်ကြီး အိမ်ပေါ်က နှင်ချလိုက်တယ်ဟုတ်လား ..အောင်မင်းဆိုတဲ့ကောင် ...လူမှဟုတ်ရဲ့လား ...ဒါနဲ့ ညည်းက ဘယ်ကိုသွားမှာလဲ ..."
" ရှင် "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၂)
akyiphyu
************
အိမ်ခြံဝကို အရောက်မှာ မိထွေးဖြစ်သူနဲ့ ညီမငယ်လေးအပါအဝင် မိထွေးတို့မိသားစုကိုတွေ့လိုက်ရတယ်။မိထွေးဖြစ်သူက သူမကိုလှမ်းကြည့်နေတာကို တပေါင်းတွေ့လိုက်ရတယ်။ကျန်တဲ့သူတွေကလဲ မျက်နှာထားတင်းတင်းတွေနဲ့ တပေါင်းကိုလှမ်းကြည့်နေကြတယ်။တပေါင်းမျက်နှာကိုတင်းကာ အားလုံးကိုကျောခိုင်ပြီးထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~
ညမှောင်မှောင်မှာ အဝတ်ထုပ်ကိုဆွဲရင်း တပေါင်းဘယ်ကိုသွားလို့သွားရမှန်းမသိဖြစ်နေမိတယ်။အဖေ့ရဲ့အစ်မအိမ်ကိုလဲ မသွားချင်ဘူး။အဲ့ဒီအိမ်ကိုသွားရင်််် အဖေ့အိမ်နဲ့ သိပ်မကွာလှဘူး။ကြီးကြီးက တပေါင်းကိုတွေ့တာနဲ့ တပေါင်းကပဲ မိဘကိုစော်ကားမိလို့်ချက်ချင်းပဲ ငရဲကျတော့မလိုနဲ့ အပြောခံရတာ။မိဘဆိုတာ မွေးပေးရုံနဲ့တင်ကျေးဇူးဆပ်လို့မကုန်ဘူးဆိုတဲ့ စကားတွေလဲပါတယ်။ဘေးသူစိမ်းကောင်းတယ်ဆိုတာ မိဘခြေဖျားကိုမမှီဘူးဆိုတာတွေရော၊မိဘကျေးဖူးမြင့်မိုရ်တောင်ထက်တောင်ကြီးမားသေးတယ်ဆိုတာတွေရော။မိဘက က်ိုယ့်အပေါ်ကောင်းကောင်း မကောင်းကောင်း မမုန်းရဘူး။မပြစ်မှားရဘူးဆိုတာတွေလဲပြောတယ်။ပြောတာမှ စုံနေအောင်ပြောတာ။မိဘကရို//က်တယ်ဆိုတာ ချစ်လို့ ရို*က်တာတဲ့လေ။ချစ်ရင်ရို*က်ကြတာလား။လူတွေက တပေါင်းမတရားအရို//က်ခံနေရမှန်းသိရဲ့နဲ့ ဘာလို့်များရို/က်နှက်တတ်တဲ့ မိဘတွေကိုမတားမြစ်ကြဘဲ တပေါင်းတို့ကိုပဲ အပြစ်တွေပြောနေကြတာလဲ။တဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ တပေါင်းနားလည်လာမိတာက သားသမီးကို ရို-က်နှက်ဆုံးမတတ်တဲ့ မိဘတွေဟာ လူ့လောကမှာအများအပြားရှိနေကြပေမဲ့ သူတို့ကိုတားမြစ်မဲ့သူမရှိသလို ၊အရိုက်ခံနေရတဲ့ကလေးတွေကို ကူညီရဲသူ၊ ကူညီပေးမဲ့သူမရှိဘူးဆိုတာကိုလဲ ကောင်းကောင်းသိလာခဲ့တယ်။
လောကကြီးမှာ တပေါင်းလို၊ ဖိုးဇင်လို၊ သံလုံးတို့ ညီအစ်ကိုတွေလို နေ့တိုင်းအရို*က်ခံနေရတဲ့ ကလေးတွေ အများကြီးရှိမယ်ထင်တယ်။ဖိုးဇင်ဆိုရင်လဲ မိုးလင်းမိုးချုပ် သူ့အမေကို အလုပ်တွေဝိုင်းကူပေးနေရပေမဲ့ တစ်ခါမှချီးမွမ်းမခံရဘူး။အကောင်းပြော မခံရဘူး။နေ့တိုင်းအရို*က်အနှက်ပဲခံခဲ့ရတာ။ ရို*က်ရုံတင်အားမရလို့ ပါးစပ်ကို အပ်နဲ့ပေါက်တာတွေ၊ လက်တွေကို အပ်နဲ့ ပေါက်တာတွေပါလုပ်ခဲ့တယ်။တပေါင်းကတော့ အပ်နဲ့ အပေါက်မခံခဲ့ရလို့ ကံကောင်းတယ်ပဲပြောရမလား။ဖိုးဇင် ခမျာတော့ နှုတ်ခမ်းသားနုနုလေးနဲ့ လက်ဖဝါးတွေကို မကြာခဏအပ်နဲ့ အပေါက်ခံရတာတဲ့လေ။မထင်ရင်မထင်သလို ရေတိုင်ကီထဲ နှစ်တာတွေလဲပါသေးတယ်တဲ့ ။ ဒါကတော့ တပေါင်းလဲ အနှစ်ခံရပါတယ်။ကြောက်လွန်းလို့ ရပ်ကွက်ထဲ ပတ်ပြေးနေလဲ တပေါင်းတို့ဘက်က ရည်တည်ပေးမဲ့သူရယ်လို့မရှိခဲ့ဘူး။ရှိခဲ့လဲ အဖေကမူးမူးနဲ့ အော်ဆဲလို့ ဘယ်သူမှ ဝင်မပါကြတော့တာလဲပါတယ်။မိဘနဲ့သားသမီး မိဘက ဆုံးမပိုင်ခွင့်ရှိတယ်ဆိုပြီး ဘာမှကိုဝင်မပြောကြတော့ဘူး။ဒီလိုတွေဖြစ်နေချိန်မှာ သားသမီးကနာကျင်ရပါများလွန်းလို့ မတော်တဆများ မိဘအပေါ် ပြန်ရိုင်းပျခဲ့မိရင်တော့ ငရဲအိုးထဲကိုဝိုင်းနှစ်မဲ့သူတွေ အများအပြားပေါ်ပေါက်လာကိုတွေ့ရတော့တာပဲ ။ဆိုဆုံးမမဲ့သူတွေ။ဝိုင်းကဲ့ရဲ့ပြစ်တင်မဲ့သူတွေ။မိဘကျေးဇူးမြင့်မိုရ်ဦးလို့် ပြောဆိုမဲ့သူတွေ နေရာအနှံ့ကပေါ်ပေါက်လာခဲ့တော့တယ်။တပေါင်းနားလည်နိုင်သလောက်ကတော့ တပေါင်းတို့အိမ်နားက ပေါက်ပေါက်တို့မောင်နှမတွေလိုမျိုးနဲ့ကြီးကြီးအေးခင်ရဲ့သားသမီးတွေလိုဘဝမျိုးတွေဆိုရင်တော့ သူ့တို့အတွက် မိဘကျေးဇူးဆိုတာဆပ်လို့မကုန်ဘူးဆိုတာမှန်တာပေါ့။စားချိန်တန်စား၊အိပ်ချိန်တန်အိပ်၊ကစားရမဲ့အချိန်အရွယ်မှာ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရကြတယ်။ပညာသင်ရမဲ့အရွယ်မှာလဲ ပညာသင်ရတယ်။ကလေးတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝရကြတယ်လေ။ သားသမီးတွေကြောင့် ပန်းကန်တွေကျကွဲတာပဲဖြစ်ဖြစ်၊ သား သမီးတွေ မတော်တဆချော်လဲတာပဲဖြစ်ဖြစ် မိဘတွေက ပျာပျာသလဲ စိုးရိမ်တကြီးနဲ့ ပြေးလာကြတော့တာ။ ကြီးကြီး ယောက်ျားဆိုရင် သူ့သားသမီးတစ်ယောက်ယောက်လုပ်လို့ တစ်ခုခုကျကွဲပြီဆိုရင် " ဘာဖြစ်တာလဲ ....လူကိုထိသွားသေးလား " ဆိုပြီး စိုးရိမ်တကြီး အရင်မေးတာ ။တပေါင်းတို့ဘဝကျတော့လဲ အမေးအမြန်းမရှိ ဖြေရှင်းခွင့်မရှိဘဲ အုံးဒိုင်းဆိုပြီး အထုခံရတာ။ပေါက်ပေါက်တို့ဆိုရင်လဲ ကျောင်းသွားချိန်သွား၊ ကျူရှင်သွားချိန်သွားပြီးရင် သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်ရှိတယ်။တပေါင်းမှာတော့ ဆော့ကစားရမဲ့အချိန်မှာလဲ ကလေးအမေတစ်ယောက်လို ကလေးခါးထစ်ခွင်ချီပြီးနေခဲ့ရတာ။လူရယ်လို့သိလာကတည်းက စာကိုလဲစိတ်အေးလက်အေးသင်ခဲ့ရတာမဟုတ်ဘူး။စာအုပ်ဖိုးတောင်းတိုင်း။ကျောင်းကိုပေးသွင်းရမဲ့ငွေတွေ တောင်းတိုင်း အမြဲအဆူခံအပြောခံခဲ့ရတာ။ကျောင်းသွားတိုင်းမျက်ရည်နဲ့မျက်ခွက်သွားခဲ့ရတာ။အမေဆုံးတဲ့အချိန်မှာ တပေါင်းပထမတန်းတက်နေခဲ့တာ။ အမေဆုံးပြီး သိပ်မကြာဘူး။တပေါင်းတို့အိမ်က်ိုအမေသိန်းနုရောက်လာခဲ့တာ။အမေသိန်းနုရောက်လာပြီးနောက်နှစ်နှစ်မှာပဲ ညီမလေးကိုမွေးခဲ့တာ။ ညီမလေးကိုမွေးတာက အမေသိန်းနုဆိုပေမဲ အချိန်ပြည့်တပေါင်းပဲထိန်းခဲ့ရတာ။အိမ်အလုပ်တွေကူလုပ်ပေး၊ကလေးကူထိန်းပေးတဲ့ကြားက အမြဲအရိုက်ခံခဲ့ရတယ်။အမေသိန်းနုကတော့ မရိုက်ပါဘူး။အဖေကရို//က်တာ။ကလေးမထိန်းဘဲ
လက်ဆွဲအိတ်အသစ်လေးကိုဖျတ်ခနဲ သတိရလိုက်မိတော့ တပေါင်းနာနာကျင်ကျင်ပြုံးလိုက်မိတယ်။အိတ်ကလေးက အကောင်းကြီးပဲရှိသေးတာပဲ အမေသိန်းနုသိမ်းပေးထားမယ်ဆိုပြီး ယူသွားခဲ့တဲ့ လက်ဆွဲအိတ်လေးက တပေါင်းဆီကိုပြန်မရောက်လာခဲ့တာ သုံးလေးနှစ်မကရှိနေခဲ့ပြိးလေ။ကြွပ်ကြွပ်အိတ်တစ်လုံးကို ရှာတွေ့တော့ သံသေတ္တာထဲကအဝတ်တချို့ကိုထုတ်ယူကာ အိတ်ထဲကိုထည့်လိုက်တယ်။အားလုံးထည့်လို့ပြီးတော့ ကြွပ်ကြွပ်အိတ်ကိုဆွဲကာ ညာခြေထောက်ကိုဆာတာဆာတာနင်းပြီး အိမ်ထဲကနေ တပေါင်းထွက်လာခဲ့လိုက်တယ်။
==================================
အပိုင်း (၁၂)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
၁၀
https://www.facebook.com/100067151540690/posts/740644458183932
လှမ်းပြီး ရန်တွေ့တဲ့မိထွေးဖြစ်သူရဲ့မိခင်ကြီးကို တပေါင်းခပ်စူးစူးလှမ်းကြည်လိုက်မိပြီး
" အဒေါ်ကြီးက လူကြီးဖြစ်ပြီး လူကြီးစကားမပြောဘူး...အဒေါ်ကြီးသားက ပိုက်ဆံတွေခိုးတာလေ...ငရဲ့သွားရမယ်ဆိုရင်လဲ အဒေါ်ကြီးသားပဲသွားရမှာပေါ့...ကျွန်မကဘာလို့သွားလို့ရမှာလဲ ...ငရဲ့ပြည်က အဒေါ်ကြိးလိုဘက်လိုက်မယ်လို့ထင်နေတာလား ...ကိုယ့်သားသမီးကိုမဆုံးမဘဲ ...သူများသားသမီးကိုပဲ အပြစ်တင်နေတယ်...အတ္တကြီးတဲ့သူတွေ ...ကျွန်မကအဒေါ်ကြီးပြောသလိုပဲ အမေတူသမီးမို့...... အဒေါ်ကြီးရဲ့သား ကံကောင်းသွားတာ သိရဲ့လား...အဖေတူသမီးသာဆို အဒေါ်ကြီးသားကို ခြေထောက်ကျိုးအောင် ရို**က်ပြီးပြီ"
တစ်ခွန်းမခံပြန်ပြောနေတဲ့ တပေါင်းကို မသိန်းနုမျက်လုံးအပြူးသားနဲ့ကြည့်နေမိတယ်။အိမ်ပေါက်ဝမှာ တု//တ်ရှည်ကိုကိုင်ကာ ပြန်ပြီးရန်တွေ့နေတဲ့ပုံစံက လုံးဝအကြောက်တရားမရှိတဲ့ပုံစံမျိုး။ဒီအချိန်မှာ သူမကိုသွားရိုက်ရင် တကယ်ပြန်ရို//က်မဲ့ပုံစံမျိုးနဲ့။သူ့အဖေများ ရို**က်ရင်တော့ အသံတောင်မထွက်ရဲတဲ့ကလေးမက အခုချိန်မှာတော့ ကျားဆိုးတစ်ကောင်ကိုရင်ဆိုင်ရမဲ့ဆိုရင်တောင် ရင်ဆိုင်မဲ့ပုံစံမျိုးနဲ့အသင့်ရှိနေတာ။
" နင် ,,,လူကြီးကိုဘယ်လိုပြန်ပြောနေတာလဲ ကလေးမ..ငါတို့မျိုးရိုးမှာ သူခိုးမရှိဘူးဟဲ့...နင့်အဖေပိုက်ဆံတွေကို နင်ပဲခိုးနေတာနေမှာပေါ့ ....ငါ့သားကို မုန့်ဖိုးအပြည့်ပေးပြီးသား ...မဟုတ်တာတွေလာမပြောနဲ့ "
မသိန်းနုရဲ့မိခင်ကြီးက မကျေမချမ်းနဲ့ထပ်ပြောလိုက်တယ်။
" အဒေါ်ကြီးသားခိုးလားမခိုးလားသိချင်ရင် ...သူ့အိတ်ထဲကိုကြည့်လေ..အမေသိန်းနုယူခိုင်းတာလို့ လာမပြောနဲ့ ..ကျွန်မကငတုံးမဟုတ်ဘူး....အဒေါ်ကြီးတို့မျိုးရိုးမှာ အရင်ကသူခိုးမရှိပေမဲ့ အခုရှိနေပြီသိရဲ့လား "
တစ်ယောက်တစ်ပြန်အော်ကြရင်းနဲ့အိမ်ရှေ့မှာလူစုစုဖြစ်လာတာမို့ မသိန်းနုလဲဖခင်ဖြစ်သူကိုကြည့်လိုက်ပြီး မိခင်နဲ့မောင်ဖြစ်သူကို ခေါ်သွားခိုင်းလိုက်တယ်။သူမကတော့ တပေါင်းကိုလှမ်းကြည့်လိုက်ပြီး
" နင်ဖယ်စမ်း တပေါင်း ...ငါ့သမီးကိုခေါ်မလို့ ...သမီးလေး ဆင်းလာခဲ့...အမေတို့ဆီကိုလာခဲ့ "
မသိန်းနုက သမီးဖြစ်သူကိုလှမ်းခေါ်လိုက်ပြီး တစ်မိသားစုလုံး အိမ်ခြံထဲက ထွက်သွားခဲ့ကြတယ်။
~~~~~~~~~~~
နံရံပေါ်က တိုက်ကပ်နာရီကို တပေါင်းလှမ်းကြည့်လိုက်တယ်။ညနေခြောက်နားရီထိုးနေပြီ။တကယ်ဆို ဒိအချိန်က ဖခင်ဖြစ်သူပြန်လာနေကြအချိန်။ဖခင်ဖြစ်သူ အလုပ်ကပြန်လာပြီဆိုရင် တပေါင်းက ဈေးလေးထဲကိုသွားပြီး မိထွေးဖြစ်သူကို ဆိုင်ကူသိမ်းပေးရမှာ။ဒီနေ့တော့ ဖခင်ဖြစ်သူအလုပ်ကပြန်မလာသေးသလို တပေါင်းလဲ ဆိုင်သွားကူသိမ်းပေးစရာမလိုဘူးထင်ပါရဲ့။တပေါင်းတွက်ဆမိသလောက်တော့ မိထွေးဖြစ်သူနဲ့သူ့မိသားစုက လမ်းကသွားစောင့်နေကာ နေ့လယ်ကအဖြစ်ကိုတိုင်နေကြပုံပင်။ဒီအဖြစ်အပျက်ကို ဖခင်ကြီးဘယ်လိုဆုံးဖြတ်မလဲဆိုတာကို တပေါင်းစောင့်မျှော်နေမိတာ။ဒီတစ်ခါရော သူမေသလောက်အောင် အရို//က်ခံရအုံးမှာလား။ရို//က်ရင်လဲ ခံရုံပဲရှိတာပေါ့။
နာရီလက်တံက တဖြည်းဖြည်းရွေ့လျားလာတာနဲ့အမျှ တပေါင်းရင်တွေတဆတ်ဆတ်ခုန်နေမိပြီး အသားတွေပါတုန်ယင်လာခဲ့တယ်။ပြဿနာတစ်ခုမြန်မြန်ပြီးသွားဖို့အရေး ဖခင်ကိုမြန်မြန်ပြန်ရောက်လာစေချင်သလို ၊မသိစိတ်ကလဲ ပြန်မလာစေချင်ပြန်ဘူး။
~~~~~~~~~~~
" တပေါင်း "
အိမ်ရှေ့ဧည့်ခန်းကနေ ဟိန်းခနဲ့ထွက်လာတဲ့ခေါ်သံ ။၊နောက်ဆုံးတော့လဲ တပေါင်းစောင့်နေခဲ့တဲ့ အချိန်ကိုရောက်လာခဲ့ပြီ။တပေါင်းတုန်တုန်ယင်ယင်နဲ့အိမ်ရှေ့ကိုထွက်လာခဲ့မိတယ်။အိမ်ရှေ့ကိုရောက်တော့ ဧည့်ခန်းထဲမှာ ဖခင်တစ်ယောက်တည်းကိုပဲ တွေ့ရတာမို တပေါင်းထိတ်ခနဲ ဝမ်းသာသွားမိတယ်။
" နင်...ဒီနေ့ ဘာတွေလုပ်ခဲ့တာလဲ တပေါင်း...နင်အဲ့ဒီလောက်အထိ ရိုင်းစိုင်းနေတယ်ပေါ့ဟုတ်လား "
ဖခင်ဖြစ်သူရဲ့နှုတ်ကနေ လေသံအေးစက်စက်နဲ့ပြောလာတာမို့ တပေါင်းမျက်လုံးအစုံပြူးကျယ်သွားရပြီး ခေါင်းကိုခါယမ်းကာငြင်းဆန်လိုက်မိတယ်။
" မ..မဟုတ်ဘူးအဖေ...တ..တပေါင်းရှင်းပြပါမယ်...ကိုဇော်မင်းကအဖေ့ပိုက်ဆံကိုခိုးလို့် စဖြစ်ကြတာပါအဖေ "
" တော်စမ်း...နင့်ပါးစပ်ကိုပိတ်ထားစမ်း...နင့်အသံကိုမကြားချငိဘူး....နင့်မျက်နှာကိုလဲ မကြည့်ချင်ဘူး...နင်ဒီအိမ်မှာရှိနေတာ ကျက်သရေတုံးတယ်...နင့်မျက်နှာကိုမြင်ရတာ နေလိုမီးလိုပူတယ်...ငါ့ဘဝအေးချမ်းတော့မယ်ဆိုရင် နင့်ကြောင့်အမြဲပျက်စီးရတယ်....နင် ..ဒီအိမ်မှာမနေနဲ့တော့ နင့်ပစ္စည်းတွေအကုန်ယူပြီးထွက်သွားတော့ ...နင့်အဝတ်တွေတစ်ထည်မှမထားခဲ့နဲ့နော်...ထားခဲ့ရင်မီးရှို့ပစ်မှာ ..နာရီဝက်အတွင်း နင့်ပစ္စည်းတွေကိုသိမ်းပြီး ထွက်သွားလိုက်တော့ "
ပြောပြီးတာနဲ့နေရာကထထွက်သွားပြီး အခန်းထဲဝင်သွားတဲ့ ဖခင်ကြီးကို တပေါင်းမျက်လုံးေသနဲ့လိုက်ကြည့်နေမိတယ်။ဒီနေ့တော့ သူမတစ်ချက်မှအရိုက်မခံရပါဘူး။သို့ပေမဲ့ ဒီနေ့ကအနာကျင်ဆုံးခံစားရတဲ့နေ့ပါပဲ ။ မမြင်ချင်ဘူးလို့ပြောနေတဲ့ဖခင်ကို သူမကိုယ်တိုင်လဲ ဘာဆိုဘာမှ ရှင်းမပြချင်တော့ပါဘူး။တပေါင်းအံကိုကြိတ်ကာ နောက်ဖေးကသူမအိပ်တဲ့နေရာကိုထွက်လာခဲ့လိုက်တယ်။ပြီးတော့ ကြွပ်ကြွပ်အိတ်တစ်လုံးကိုအမြန်ရှာလိုက်တယ်။အန်တီကြီးတို့ ပေးလိုက်တဲ့
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၁)
akyiphyu
************
ဇော်မင်းအရှောင်မြန်လို့ ပခုံးနဲ့ လက်မောင်းကိုပဲ ရို***က်ချက်ကထိသွားခဲ့တယ်။
" လာလေ ..လာစမ်းပါသူခိုးရဲ့ ..နင့်ကိုများ ကြောက်မယ်ထင်နေလား ...သတ္တိရှိရင် ငါ့အသားကိုထိကြည့်စမ်း ... လာထိ ကြည့်စမ်း သူခိုးကောင်ရဲ့...နင်ကများ ငါ့အဖေကန်သလိုမျိုး ....ငါ့ကိုလာကန်တယ်ပေါ့ ဟုတ်လား...လာစမ်း "
တပေါင်းစိတ်လွတ်သွားသူလို အော်ပစ်လိုက်ပြီး တု*တ်ကို မြှောက်ကာလှမ်းရိုက်ပစ်လိုက်တယ်။ဒီတစ်ခါ ရို*က်ချက်က ဇော်မင်းရဲ့ခြေထောက်တွေကို မိမိရရထိသွားခဲ့တယ်။နောက်တစ်ချက် ထပ်ပြီး တပေါင်းလှမ်းရိုက်တာကိုမြင်တော့ ဇော်မင်းက ကမန်းကတန်းထရှောင်းပြေးတာမို့ အုတ်ခဲကိုခလုတ်တိုက်ပြီး လဲကျသွားခဲ့တယ်။
ဇော်မင်းလဲကျသွားတာကို ကြည့်ပြီး တပေါင်းကတု*တ်ကို အသင့်ကိုင်မြှောက်ထားလိုက်တယ်။
" ဟဲ့ ..ဟဲ့ ...ဘာဖြစ်ကြတာလဲ ...မင်းက သိန်းနုရဲ့မောင်မဟုတ်လား "
" ဒုက္ခတွေတော့ ဖြစ်ကုန်တော့မှာပဲ ... တပေါင်းကလက်ရဲဇက်ရဲနဲ့ ...ဟဲ့ သိန်းနုတို့ကို သွားခေါ်ကြပါဟဲ့ ..တပေါင်းမလုပ်နဲ့နော်... "
အိမ်နီးချင်းတွေက တပေါင်းတို့ကိုကြည့်ပြီး ပြူးပြူးပျာပျာနဲ့ အော်ကြတယ် ။စောစောက တပေါင်းခံနေရတုန်းကတော့ ဘယ်သူမှမသိကြတာလားပဲ။ သူတို့စိတ်ထဲမှာ တပေါင်းက အဖေကိုတစ်ခါပြန်လုပ်ဖူးတာနဲ့ တပေါင်းကို အရိုင်းအစိုင်းဖြစ်သက်မှတ်လိုက်ကြတာလေ။တစ်သက်လုံးတပေါင်း ရိုက်နှက်နှိပ်စက်ခံနေရတာကိုတော့ မိဘက သားသမီးကို ဆုံးမတာဆိုပြီး မသိချင်ယောင်ဆောင်ခဲ့ကြတာလေ။တပေါင်းအနေနဲ့ အဖေ့ကို ဖန်ခွက်ကွဲနဲ့ ပြန်ထိုးမိတာကလဲ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်မိလုပ်ရာလုပ်လိုက်မိတာ။ အသားတွေနာကျင်လွန်းလို့ သတိလွတ်ပြီး လုပ်လိုက်မိတာ ။အဖေ ရို*က်သမျှကို တပေါင်းသည်းခံခဲ့ပါတယ်။ပေါင်ကို ဆေးလိပ်မီးနဲ့ တို့လဲ ငြိမ်ခံ၊ ဗိုက်ခေါက်ကို ဆေးလိပ်မီးနဲ့တို့လဲ တပေါင်း အမြဲအံကြိတ်ခံခဲ့တာပါ။စိတ်လွတ်ပြီး ပြန်လုပ်လိုက်မိတော့ သားသမီးဆိုးတဲ့လေ။မိဘစော်ကားလို့ ငရဲသွားရမှာတဲ့။လက်ရဲဇက်ရဲမတဲ့။တခြားသူတွေ ပြောချင်တာတွေပြောကြပါစေတော့ တပေါင်းကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ဇော်မင်းခြေလှမ်းပြင်လိုက်တာနဲ့ ရို*က်ချပစ်ဖို့ အသင့်ချိန်ရွယ်ထားလိုက်တယ်။
"မမ ..မမ ...ဦးဦးကို မရို*က်ပါနဲ့ "
နောက်ကနေ ညီမလေးရဲ့ အော်သံကို ကြားလိုက်ရတော့ တပေါင်း ကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ်။သို့ပေမဲ့ တပေါင်း နောက်ကိုလှည့်မကြည့်ဘဲ
" ညီမလေး အခန်းထဲမှာသွားနေ ..အပြင်ကို ထွက်မလာနဲ့နော် "
ညီမဖြစ်သူကို လှမ်းပြောလိုက်ပြီး အားလုံးကို ရင်ဆိုင်ဖို့ တပေါင်းအသင့်ပြင်ထားလိုက်တယ်။ဒီလောကကြီးမှာ အဖေ တစ်ယောက်ကလွဲပြီး ဘယ်သူမှ တပေါင်းရဲ့အသားကိုနာအောင် လုပ်ခွင့်မရှိဘူး။ နာအောင် လုပ်ခဲ့ရင်လဲ အဲ့ဒီလူကိုပြန်လုပ်ပစ်ဖို့ တပေါင်းဆုံးဖြတ်လိုက်တယ်။
" ဟဲ့ ..ဟဲ့ ...ဘာတွေဖြစ်ကြတာလဲ ... တပေါင်း နင်ဘာလုပ်တာလဲ ..စိတ်မှမှန်သေးရဲ့လားဟဲ့ ...လက်ထဲက တု*** တ်ကိုချလိုက်စမ်း..အရူးမရဲ့ "
မသိန်းနုနဲ့ မိဘနှစ်ပါး ရောက်လာပြီး အိမ်ရှေ့က မြင်ကွင်းကိုကြည့်ကာ အထိတ်တလန့်နဲ့အော်ဟစ်ကြတယ်။
" အမေသိန်းနုမောင်က အဖေ့ပိုက်ဆံကိုခိုးတာ.....အဲ့ဒါကြောင့်ပြန်ထားခဲ့လို့ ပြောတော့ ကျွန်မကိုကန်တယ် ..ကန်တာမှ သုံးလေးချက်ကန်တာ ...သူကလဲ ပိုက်ဆံလာခိုးသေးတယ် .. ကျွန်မကိုလဲ ကန်ကျောက်ပြီး နှိပ်စက်သေးတယ် .. ပြီးတော့ လက်သီးနဲ့ထိုးဖို့ပြေးလာလို့ ...တု*တ်နဲ့ရို*က်ပစ်လိုက်တာ ဘာဖြစ်လဲ...သူခိုးကောင်ရဲ့ ...နင့်ကြောင့် ငါ့မှာ သူခိုးလို့စွပ်စွဲခံရပြီး ...ငါ့အဖေရိုက်တာကိုခံနေရတယ်...ဒီနေ့ နင့်ကို ပြန်ရို*က်ပြမယ် "
တပေါင်းရဲ့ ဒေါသတွေ နာကြည်းမှုတွေက ဘယ်သူ့ကို မှ မကြောက်တော့ဘဲ စိန်ခေါ် ပစ်လိုက်တယ်။
တပေါင်းရဲ့ စကားအဆုံးမှာ မသိန်းနုက မောင်ဖြစ်သူကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးမှ တပေါင်းကို ပြန်ကြည့်လိုက်ပြီး လေသံမာမာနဲ့ အော်လိုက်တယ်။
" သူပိုက်ဆံခိုးတာမဟုတ်ဘူး ..ငါယူခိုင်းလိုက်တာဟဲ့ ..နင်က ဘာတွေ အပိုလုပ်နေတာလဲ တပေါင်းရဲ့ "
" အမေသိန်းနု ယူခိုင်းလိုက်တာ ဆိုရင်လဲ ...အိမ်မှာရှိတဲ့လူကို ပြောရမယ်လေ....အသက်ကြီးပြီး လူလိုမသိဘူးလား .... သူက မပြောမဆိုနဲ့ ဝင်ယူသွားတော့ ..အဖေလာရင် ကျွန်မပဲ အရိုက်ခံရမှာလေ ..အမေသိန်းနုမောင် ဒီလိုတွေလုပ်နေတာကြာပြီ ...အဖေ့ပိုက်ဆံတွေကို ခိုးခိုးနေတာလေ.. "
" ဟဲ့ ..ပိုက်ဆံကို ငါယူခိုင်းလိုက်တာလို့ ဘယ်နှစ်ခါပြောရမလဲဟဲ့ ..လူလိုပြောနေတာကို နင်နားမလည်ဘူးလား ...ငါ့မောင်မှာ အဲ့ဒီအကျင့်မရှိဘူးဟဲ့ "
မသိန်းနုက စိတ်တိုတိုနဲ့ လှမ်းအော်တယ်။မိဘနှစ်ပါးကလဲ သားဖြစ်တဲ့ဇော်မင်းကို ဖမ်းဆွဲထားလိုက်ကြပြီး တပေါင်းကို စားမတတ်ဝါးမတတ်လှမ်းကြည့်လိုက်ကြတယ်။မိခင်ဖြစ်သူက သားဖြစ်သူရဲ့ နဖူးကဒဏ်ရာကိုကြည့်ပြီး တပေါင်းကိုလှမ်းဆူဆဲလိုက်တယ်။
" ရိုင်းစိုင်းလိုက်တာ .... မအေတူသမီး....မောင်အောင်မင်းနဲ့ ကို မတူပါဘူး...လူလေးကြည့်တော့ လက်တောက်လောက်နဲ့ ထစ်ခနဲဆိုလက်ပါမယ်ဆိုတဲ့ စရိုက်မျိုး....အဝိစိငရဲသွားမဲ့ ဟာမလေး "
နှစ်ချက်သုံးချက်ဆင့်ပြီး အကန်ခံလိုက်ရတာကြောင့် တပေါင်းကြမ်းပြင်ပေါ်မှောက်ရက်လဲကျပြီး မထနိုင်ဖြစ်နေမိတယ်။အကန်ခံနေရချိန်မှာ အင်အားချင်း မမျှတာမို့ တပေါင်းမှာ လှိမ့်ခံနေရတယ်။တပေါင်း အံကိုတင်းတင်းကြိတ်ပြီး ဇော်မင်းကို မုန်းတီးစက်ဆုပ်စွာကြည့်လိုက်တယ်။
ဇော်မင်းက အားရအောင် ကန်ပြီးတော့မှ အိမ်ပေါ်ကဆင်းသွားခဲ့တယ်။ဇော်မင်း အိမ်ပေါ်က ဆင်းသွားတာနဲ့ တပေါင်းနေရာကနေ အတင်းကုန်းရုန်းထလိုက်ပြီး စားပွဲပေါ်ကဆေးလိပ်ပြာခွက်ကိုကောက်ယူလိုက်တယ်။ပြီးတော့ အိမ်ပေါက်ဝကိုအမြန်လျှောက်သွားလိုက်ပြီး ဇော်မင်းကိုလှမ်းအော်လိုက်တယ်။
"ဟဲ့ကောင် သူခိုး ...အိမ်က ပိုက်ဆံတွေလာလာခိုးနေတဲ့ သူခိုး ... သူခိုးပါဗျို့..သူခိုးပါ... "
တပေါင်းအသံပြဲကြီးနဲ့ အော်လိုက်ပြီး ဆေးလိပ်ပြာခွက်နဲ့ .လှမ်းပစ်ပေါက်လိုက်တယ်။တပေါင်းလှမ်းပစ်လိုက်ချိန် ဇော်မင်းကလဲလှည့်ကြည့်လိုက်တာမို့ ဆေးလိပ်ပြာခွက်က ဇော်မင်းရဲ့နဖူးပြင်ကိုထိမှန်သွားခဲ့တယ်။
ဇော်မင်းက သူ့အသားနာသွားတာမို့ ဒေါသထွက်သွားပြီး တပေါင်းကို လက်သီးနဲ့ထိုးဖို့ ပြေးချလာတယ်။တပေါင်းကလဲ အိမ်တံခါးနောက်မှာ အမြဲထိုးထားတဲ့ တုတ်ရှည်ကို အမြန်ထုတ်ယူလိုက်ပြီး ပြေးလာတဲ့ ဇော်မင်းကို ဦးအောင်ရို****ချပစ်လိုက်တယ်။
==================================
အပိုင်း (၁၁)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
၉
https://www.facebook.com/100067151540690/posts/740077244907320/
ညီမလေးနဲ့အတူ ပါလာတဲ့အမေသိန်းနုမောင်ကိုဇော်မင်းကိုကြည့်ပြီး တပေါင်းစိတ်ညစ်သွားမိတယ်။သူ့ပုံစံက အိမ်ထဲဝင်လာကတည်းက ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေတော့ မသင်္ကာစရာကောင်းလှတေယ်။ညီမလေးက ကျောင်းကပြန်လာတာမို့ တပေါင်းကအဝတ်အစားလဲဖို့ကို သူ့ကိုစိတ်မချနိုင်တာနဲ့ အဝတ်တက်ိုင်ကိုင်နဲ့သူ့ဆိကိုပဲ လှမ်းကြည့်နေမိတယ်။သူကလဲ တပေါင်းကြည့်နေတာသိပုံရတယ်။မျက်လုံးပြူးကြီးတွေနဲ့ တပေါင်းကိုတစ်ချက်တစ်ချက်လှမ်းကြည့်တာကိုတွေ့ရတယ်။
" ဟဲ့ ..ထော့ကျိုး ..ငါ့တူမကိုထမင်းကျွေးတော့လေ...ကလေးဗိုက်ဆာနေပြီပေါ့ "
လူကိုခပ်နှိမ်နှိမ်ခေါ်တဲ့ သူ့ကိုတပေါင်းမုန်းတီးစွာကြည့်လိုက်မိတယ်။ညီမလေးကျောင်းကပြန်လာရင် အဝတ်အစားလဲပေးပြီး ထမင်းကျွေးရမယ်ဆိုတာကို တပေါင်းသိတာပေါ့။ဒါပေမဲ့ တပေါင်းမိးဖိုခန်းထဲဝင်ပြီး ထမင်းသွားထည့်တာနဲ့ သူခိုးကျင့်သူခိုးကြံနဲ့သူက အဖေတို့အခန်းထဲကိုဝင်ပြိးပိုက်ဆံခိုးမှာလေ။ဒါကိုသိသိနဲ့ တပေါင်းက မီးဖိုထဲကို ဘယ်လိုဝင်ရမှာလဲ ။အရင်နေ့တွေကဆိုရင် ညီမလေးကို သူတို့အဘွားပဲ လိုက်ပို့တာများတယ်။တပေါင်းက အိမ်အလုပ်အကုန်လုပ်ရပေမဲ့ ညီမလေးကို ကျောင်းပို့ကျောင်းကြိုတော့ မခိုင်းကြဘူး။ဘာလို့်မခိုင်းကြတာလဲကို တပေါင်းသေချာတော့ မသိဘူး။ဒါပေမဲ့ မခိုင်းလို့ကျေးဇူးတင်မိတယ်။ကျောင်းကိုသွားရင် ကိုယ်သင်ခဲ့တဲ့ ဆရာမတွေနဲ့ပြန်တွေ့ရမှာကို တပေါင်းကြောက်တယ်။စာသိပ်တော်ပြီး အတန်းထဲမှာ အတော်ဆုံးစာရင်းဝင်ခဲ့တဲ့ တပေါင်းက အခုတော့လဲ ခြေတစ်ဖက်မသန်တော့တဲ့ဘဝနဲ့ထမင်းချက်ဘဝရောက်နေခဲ့ပြီလေ။ခြေထောက်ကို ဆေးရုံပြပေးမယ်ဆိုတဲ့ အမေသိန်းနုရဲ့စကားတွေကလဲ လေထဲမှာပျောက်ကွယ်သွားခဲ့တယ်။တစ်နှစ်ပဲကျောင်းနားပြီး ကျောင်းပြန်တက်ခိုင်းမယ်ဆိုတဲ့စကားတွေကလဲ ပုံပြင်တွေပဲဖြစ်ခဲ့တယ်။
" ဟဲ့ ...ငါပြောနေတာမကြားဘူးလား..ငါ့တူမကိုထမင်းကျွေးတော့လေ ..ကလေးဗိုက်ဆာနေပြီလို့ပြောနေတာ နင်မကြားဘူးလား ထော့**ကျိုးမရဲ့ "
သူ့ဆီကစကားသံထပ်ထွက်လာချိန်မှာ တပေါင်းညီမလေးလက်ကိုဆွဲပြိးထမင်းစားခန်းထဲကိုဝင်လာခဲ့တယ်။ညီမလေးအတွက် ထမင်းဟင်းတွေမြန်မြန်ခူးနေရင်းက စိတ်ကမဖြောင့်ဘဲဖြစ်နေမိတယ်။
"ညီမလေး ...မမ အိမ်ရှေ့သွားလိုက်အုံးမယ် ..တစ်ယောက်တည်း စားတတ်တယ်မဟုတ်လား "
တပေါင်းပြောပြီးတာနဲ့ ညီမလေးကို ထမင်းပန်းကန်ပေးလိုက်ပြီး အိမ်ရှေ့ကို မြန်မြန်ထွက်လာခဲ့တယ်။ညီမလေးကိုတောင်မစောင့်ဘဲ တပေါင်းအမြန်ထွက်လာလိုက်တာ မှန်သွားတယ်လို့ပဲပြောရမလား။တပေါင်းအိမ်ရှေ့ကိုရောက်တော့ ကိုဇော်မင်းကိုအိမ်ရှေ့မှာမတွေ့တော့ဘူး။တပေါင်းထူပူဒေါသထွက်သွားကာ ဖခင်ဖြစ်သူတို့ရဲ့အခန်းကိုအမြန်သွားဖွင့်ကြည့်လိုက်မိတယ်။
" ဟင် "
တပေါင်းတံခါးဖွင့်လိုက်ချိန်မှာပဲ အဖေ့အိတ်ထဲက ပိုက်ဆံကို နှိုက်ယူလိုက်တဲ့ ကိုဇော်မင်းကိုတွေ့လိုက်ရတာမို့ ဒေါသထွက်သွားပြိး အော်ပစ်လိုက်တယ်။
" ကိုဇော်မင်း ..အဲ့ဒါဘာလုပ်နေတာလဲ ...ပိုက်ဆံခိုးနေတာ မဟုတ်လား...အဖေတို့ ပိုက်ဆံတွေမကြာခဏပျောက်နေတာ ကိုဇော်မင်းခိုးနေတာကိုး ...အခုတော့လက်ပူးလက်ကြပ်မိပြီ "
" ဘာ ..ထော့ကျိုးမ ..နင်ကများ ငါ့ကိုသူခိုးစွပ်စွဲတယ်ပေါ့ ဟုတ်လား ...ပိုက်ဆံလိုချင်ရင် ငါ့အစ်မဆီမှာ တောင်းလို့ရတယ် ....ငါနားထောင်ချင်တဲ့ သီချင်းခွေမရှိလို့ လာဝင်ရှာတာ ..နင်ကများ ငါ့ကိုသူခိုးစွပ်စွဲချင်သေးတယ်ပေါ့ ဟုတ်လား ..နင်နာချင်နေတာလား ထော့ကျိုးမ "
" နင်ခိုးလာ ..မခိုးလား နင်အသိဆုံးနေမှာပေါ့ဟဲ့ သူခိုးရဲ့ ..နင် ..ငါတို့အိမ်ကို ကလေးလာပို့သလိုလိုနဲ့ ပိုက်ဆံလာလာခိုးနေတာကို ငါမသိဘူးထင်နေလား ...နင့်အကြောင်းကိုသိလို့... လက်ပူးလက်ကြပ် ဖမ်းဖို့စောင့်နေတာ သိရဲ့လားဟဲ့ "
ထော့ကျိုးမလို့ ပါးစပ်ကမ နားတမ်းခေါ်နေပြီး ဇွတ်ငြင်းနေတဲ့ ဇော်မင်းကိုကြည့်ပြီး တပေါင်းလဲ ခပ်ရိုင်းရိုင်းပဲ ပြ အော်ပစ်လိုက်တယ်။
" ဟာ ...တောက် ....ဒီထော့**ကျိုးမတော့ နာတော့ မယ် .. "
" နင်...ငါ့အဖေအိတ်ထဲက ပိုက်ဆံခိုးထားတယ် မဟုတ်လား ..ခုချက်ချင်းပြန်ပေးစမ်း "
တပေါင်းအသံမာမာနဲ့လှမ်းတောင်းလိုက်တယ်။ဇော်မင်းက တပေါင်းပြောတာကို ဂရုမစိုက်ဘဲ တပေါင်းကို ဆောင့်ထွန်းလိုက်ပြီး အခန်းပြင်ကိုထွက်ကာ ပြန်ဖို့ပြင်လိုက်တယ်။
" ဟဲ့ကောင် ..ငါ့အဖေ ပိုက်ဆံပြန်ထားခဲ့နော် ....မထားခဲ့ဘဲ ပြန်ရင် ..သူခိုးလို့လိုက်အော်မှာ "
" ဘာ ..တောက် ... နင် tသချင်နေတာလား ထော့ **ကျိုးမ... ငါ( .....) "
" ဘုံး "
" အား "
တပေါင်းလှမ်းပြောလိုက်တော့ ဇော်မင်းကမိုက်မိုက်ရိုင်းရိုင်းဆဲဆိုကာ တပေါင်းကိုပိတ်ကန်ပစ်လိုက်တယ်။ကန်တာမှ တပေါင်းရဲ့ဖခင်ကိုအောင်မင်းကန်သလို သုံးလေးချက်ဆင့်ကန်ပစ်တာ။ သူ့ရှေ့မှာ ကိုအောင်မင်းက တပါင်းကို ကန်ကျောက်ရို*က်နှက်နေတာကို မကြာခဏမြင်နေကြဆိုတော့ ကိုအောင်မင်းပုံစံမျိုးချိုးနေတာ။
" အသံမထွက်နဲ့နော် ထော့ကျိုးမ ..နောက်တစ်ခါ ငါ့ကိုပြောရဲပြောကြည့်...ဒါနမူနာပဲရှိသေးတယ် "
အဖေ့စကားကြောင့် တပေါင်းတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်ကာ အဖေ့ကိုမော့ကြည့်လိုက်မိတယ်။အဖေက စာအုပ်တွေကိုဆွဲယူပြီးမီးဖိုထဲကို တစ်ရွက်ချင်းစုတ်ကာပစ်ထည့်တယ်။ဒီမြင်ကွင်းကို တပေါင်းမျက်လုံးအကြောင်သားနဲ့ငေးကြည့်နေမိတယ်။စာရွက်တွေကိုစုတ်ဖြဲနေတဲ့အသံတွေက တပေါင်းရဲ့အသွေးအသားတွေကို တစ်စစီဆွဲစုတ်နေသလိုခံစားနေရတယ်။အသက်ဆယ့်ငါးနှစ်ပြည့်လာပြီးတဲ့အချိန်အထိအသက်ရှင်နေခဲ့တဲ့တလျှောက်မှာ ဒီတစ်ကြိမ်ကတော့ တပေါင်းရင်ထဲအနာကျင်ဆုံးပါပဲ။မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားတဲ့ စာအုပ်တွေကိုကြည့်ရင်း တပေါင်းအံကိုတင်းတင်းကြိတ်ထားမိတယ်။
~~~~~~~~~~
" တပေါင်းရေ..တပေါင်း "
ခြံရှေ့ကခေါ်သံကြောင့် တပေါင်းညာဘက်ပေါင်ကိုလက်ဝါးနဲ့ဖိထိန်းကာ အိမ်ရှေ့ကိုထွက်ခဲ့လိုက်တယ်။အိမ်ရှေ့ရောက်တော့ ဖိုးဇင်ကိုတွေ့လိုက်ရတာမို့ အံ့ဩသွားမိတယ်။ဖိုးဇင်က ခြံဝမှာရပ်ပြီး သူမကိုလှမ်းကြည့်နေခဲ့တယ်။
တပေါင်းအိမ်ပေါ်ကဆင်းခဲ့လိုက်ပြီး ဖိုးဇင်ရပ်နေတဲ့ခြံရှေ့ဆီကိုထွက်သွားလိုက်တယ်။
" ဖိုးဇင်...ဘာဖြစ်လို့လဲဟင် "
တပေါင်းရင်တုန်ပန်းတုန်နဲ့မေးလိုက်မိတယ်။ဖိုးဇင်ပုံစံကပြေးလာတာဖြစ်ပုံရပြီး မျက်နှာပြင်ပေါ်မှာလဲ ချွေးတွေ စီးကျနေတာကိုတွေ့ရတယ်။
ဖိုးဇင်က တပေါင်းကိုကြည့်လိုက်တယ်။ဒီအခါမှာ မတော်တရော်ဘောင်းဘီတိုတိုပွပွကြီးအောက်ကခြေသလုံးသားဖြူဖြူတွေပေါ်မှာ နီရဲနေတဲ့ အရှိုးရာတွေကို တွေ့လိုက်ရတာမို့ ဖိုးဖင်စိတ်မကောင်းဖြစ်သွားမိတယ်။
" တပေါင်း...နင့်ခြေထောက်ကဘာဖြစ်တာလဲ...နင့်အဖေခါးပက်နဲ့ရို/*က်ပြန်ပြီလား "
ဖိုးဇင်ရဲ့အမေးကိုတပေါင်းလေးလေးတွဲတွဲနဲ့ခေါင်းငြိမ့်ပြလိုက်မိပြီး
" ဒီဒဏ်ရာတွေက ဘာမှမဖြစ်ပါဘူးဟာ...ဒါ...ဒါပေမဲ့ ..ငါ့စာအုပ်တွေမရှိတော့ဘူးဟ...အကုန်လုံးအဖေမီးရှို့ပစ်လိုက်ပြီ "
ဖိုးဇင်ရဲ့အမေးကို တပေါင်းဖြေရင်းမှ အံလေးကိုတင်းတင်းကြိတ်ထားကာမျက်ရည်တွေ ပါးပြင်ပေါ်ကိုစီးကျလာခဲ့မိတယ်။
" မ...မငိုပါနဲ့ တပေါင်းရာ..ငါ့ကိုငါ့ဘကြီးလာခေါ်လို့် ...အခုပဲငါလိုက်သွားရတော့မယ်...အဲ့ဒါကြောင့် နင့်ကိုလာနှုတ်ဆက်တာဟ...ငါအလုပ်လုပ်လို့်ပိုက်ဆံရရင် ...နင့်ကိုစာအုပ်တွေဝယ်ပေးမယ်သိလား...ငါလုပ်အားခရလာပြီဆိုရင်.... နင့်အတွက်ပါ ပိုက်ဆံစုပေးမယ်နော်သိလား...နင့်အရိုက်မခံရအောင်နေနော်..ငါ့သွားတော့မယ်နော် "
ဖိုးဇင်ရဲ့နှုတ်ဆက်စကားကြောင့် တပေါင်းဆွံ့အနေမိတယ်။ဒီတစ်ရပ်ကွက်လုံးမှာ သူမကိုစာနာသူ။သူမကိုအမြဲအားပေးစကားပြောခဲ့တဲ့သူ။အခုတော့သူလဲပဲ အဝေးကိုသွားတော့မယ်။နှုတ်ဆက်ပြုံးပြနေတဲ့ ဖိုးဇင်ကို တပေါင်းအားတင်းကာပြုံးပြလိုက်တယ်။ဖိုးဇင်တစ်ယောက်ကတော့ အရို**က်ခံနေရတဲ့ဘဝကနေလွတ်သွားခဲ့ပြီ။တပေါင်းကရောဘယ်နေ့လွတ်မှာလဲ ။အသက်ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့လား။ဒါမှမဟုတ် အသက်ေ//သမှလွတ်မှာများလား။ရပ်ကွက်ထဲက တပေါင်းနဲ့အသက်အရွယ်တူတဲ့သူတွေရော တပေါင်းထက်ငယ်တဲ့သူတွေပါ အထည်ချုပ်စက်ရုံ၊ဖိနပ်စက်ရုံစတဲ့ ပညာရေးမလိုတဲ့ စက်ရုံတွေမှာ ဝင်လုပ်နေကြချိန်မှာ တပေါင်းကတော့ ထမင်းချက်အဝတ်လျှော်ဘဝနဲ့ပဲ အိမ်ထဲကအိမ်ပြင်မထွက်နိုင်ခဲ့။အလုပ်ရှင်တွေကလဲ တပေါင်းကိုမခန့်ကြသလို အိမ်ကလဲ အလုပ်ထွက်လုပ်ဖို့ကိုခွင့်မပြုခဲ့ဘူး။အကြောင်းအရင်းကိုမသိသူတွေအဖို့ကတော့ တပေါင်းဘဝက ဖအေနဲ့မိထွေးရှာကျွေးနေတာကို အေးအေးလူလူထိုင်စားနေရတယ်ဆိုပြီး အားတောင်ကျနေကြလေရဲ့။တကယ့်တမ်း အိမ်တွင်းအပူကိုတော့ ဘယ်သူကမှစာနာပေးနိုင်ကြမယ်မထင်။ရပ်ကွက်ထဲက ဖိနပ်ဘော်ကြယ်ထိုးတာလေးတွေယူထိုးတော့လဲ အိမ်အလုပ်တွေလစ်ဟင်းတယ်ဆိုကာ အရို/*က်ခံရတယ်။တပေါင်းမှာ ဝင်ငွေရတဲ့အလုပ်ကိုလုပ်ခွင့်မရတဲ့ဘဝပါ။မုန့်ဖိုးဆိုတာလဲ မရဘူး။မုန့်ဆိုတာလဲ တစ်ခါမှကိုဝယ်မကျွေးဘူး။ထမင်းနဲ့ဟင်းနပ်မှန်အောင်စားနေရရင်ကျေးဇူးတင်ဆိုတဲ့လက်သုံးစကားက ဖခင်ကြီးအမြဲပြောနေကြလက်သုံးစကားပါပဲ ။မုန့်ဟင်းခါးအသုပ်ဆိုတာလဲ ညီမလေးစားလို့ ပိုမှစားရတာ။အဝတ်အစားဆိုတာ မိထွေးဖြစ်သူက မကြိုက်လို့ပေးတာကိုဝတ်ရတာ။ဒီလိုမတော်မရော်အဝတ်တွေကိုပဲ တပေါင်းဝတ်ခဲ့ရတာကြာခဲ့ပါပြီ။အန်တီကြီးတို့ဝယ်ပေးလိုက်တဲ့ အင်္ကျီတွေကလဲ တပေါင်းနဲ့မတော်တော့ဘူးလေ။တပေါင်းကအရပ်နည်းနည်းရှည်လာတော့ အင်္ကျီတွေက အကုန်သေးကုန်တယ်။အန်တီကြီးတို့ပေးလိုက်တဲ့ လက်ဆောင်ဆိုလို့် တပေါင်းဆီမှာ ပိုက်ဆံတွေပဲကျန်တော့တာ။ပိုက်ဆံကိုတော့ ဘယ်သူမှမသိနိုင်တဲ့ လုံခြုံတဲ့နေရာမှာတပေါင်းသိမ်းထားခဲ့တာ။မတော် အန်တိကြီးမုန့်ဖိုးပေးခဲ့တဲ့ပိုက်ဆံတွေကို ခိုးထားတဲ့ပိုက်ဆံတွေပါလို့် ဖခင်ကြီးက စွပ်စွဲနေမှာစိုးလို့် ဘယ်သူမှမသိနိုင်တဲ့နေရာမှာ ဝှက်ထားခဲ့တာ။အဲ့ဒီငွေတွေက တပေါင်းအသက်ဆယ့်ရှစ်နှစ်ပြည့်လို့အိမ်ကထွက်သွားတဲ့အခါ အရေးပေါ်သုံးဖို့သိမ်းထားတာပါ။တပေါင်းဘဝကရှေ့ဆက်ဘာဆက်ဖြစ်မယ်ဆိုတာကိုမပြောနိုင်ဘူးလေ။
~~~~~~~~~~~
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၀)
akyiphyu
**********
" တပေါင်း ...တပေါင်း...ဒီကိုမြန်မြန်လာစမ်း "
အဖေ့ရဲ့ခေါ်သံကြောင့် တပေါင်းအိမ်ရှေ့ကိုအမြန်ထွက်လာခဲ့တယ်။အမြန်သွားပါတယ်ဆိုမှ ညာခြေထောက်ကထုံးစံအတိုင်း တရွတ်ဆွဲချင်နေပြန်တယ်။
" ဟုတ်...ဟုတ်ကဲ့အဖေ...ဘာခိုင်းမလို့လဲ ... တပေါင်းဘာလုပ်ပေးရမလဲ "
အဖေ့ကိုတွေ့ မြင်လိုက်ရတာနဲ့ တပေါင်းတစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြစ်လာမိပြီး အသံတွေပါအထစ်ထစ်အငေါ့ငေါ့ဖြစ်လာပြန်တယ်။
" နင်လာစမ်း တပေါင်း...ငါတို့အခန်းထဲကို နင်ဝင်သေးလား ...ပိုက်ဆံငါးထောင်ပျောက်နေတယ် ..နင်ယူသေးလား "
" ရှင်..မယူပါဘူး....အဖေတို့အခန်းထဲကိုလဲ တပေါင်းမဝင်ပါဘူး "
"ဘာ ...အိမ်မှာ နင်ပဲကျန်ခဲ့တာ ...နင်မယူလို့ ဘယ်သူကယူမှာလဲ ...ပြောလေ..ငါ့သီချင်းခွေတွေလဲ ဖွထားတယ် ..နင်က ..ငါတို့အိမ်မှာမရှိတုန်း ..တီဗီတွေဖွင့်ကြည့်ပြီး လုပ်ချင်တာတွေလုပ်နေတာလား...ပိုက်ဆံငါးထောင်ဘယ်မှာလဲ ပြန်ပေးစမ်း "
" ဟင့်အင်း..တပေါင်းမယူပါဘူးအဖေ...တီဗီလဲ ဖွင့်မကြည့်ပါဘူး..."
တပေါင်းအသည်းအသန်ငြင်းလိုက်မိတယ်။တပေါင်းတို့အိမ်မှာ တီဗီနဲ့ဗွီစီဒီစက်ရှိပေမဲ့ တပေါင်းလုံးဝကိုဖွင့်မကြည့်တာပါ။ဖွင့်လဲမကြည့်ရဲပါဘူး။တော်ကြာ တပေါင်းဖွင့်ကြည့်မှ စက်ပျက်သွားတာမျိုးဖြစ်မှာစိုးလို့တစ်ခါမှကိုဖွင့်မကြည့်တာပါ။
" အ်မ်မှာ နင်တစ်ယောက်တည်းရှိတာကို... နင်မယူလို့်ဘယ်သူယူမလဲ ...လက်ပိုက်ပြိးတိုင်မှာကပ်စမ်း "
အဖေကအသံမာမာနဲ့ပြောလိုက်ရင်း ခါးပက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်တယ်။
" တပေါင်းမယူဘူးအဖေ...မနက်တုန်းက အမေသိန်းနုမောင် ကိုဇော်မင်းအိမ်ကိုလာတယ်...ပြီးတော့ အဖေတို့အခန်းထဲကိုလဲဝင်တယ်...ညီမလေးနဲ့တီဗီလဲကြည့်ကြတယ် "
ဒီစကားကိုတပေါင်းမပြောချင်ပေမဲ့ပြောလိုက်ရတယ်။အမေသိန်းနုရဲ့မိဘတွေကတပေါင်းတို့ရပ်ကွက်ထဲကိုပြောင်းလာတာမကြာသေးဘူး။အမေသိန်းနုမှာမောင်တစ်ယောက်ရှိတယ်။အသက်က တပေါင်းတို့ထက်တော့ကြီးတယ်။သူကအိမ်လာရင် အရမ်းမွှေတယ်။သူလာတဲ့အချိန်အမေသိန်းနုရှိနေရင် ပိုဆိုးတယ်။အမေသိန်းနုကလဲ သူ့မောင်ကိုသိပ်အလိုလိုက်တာ ဘာမွှေမွှေဘာမှကိုမပြောဘူး။အမေသိန်းနုမရှိတဲအချိန်ဆိုရင်တော့ တပေါင်းက အိမ်ရှေ့တံခါးကိုပိတ်ထားတာ ဘယ်သူလာလာဖွင့်မပေးဘူး။မနက်တုန်းကတော့ ညီမလေးနဲ့လာတာဆိုတော့ တံခါးဖွင့်ပေးလိုက်ရတယ်။တပေါင်းတံခါးဖွင့်ပေးလိုက်တော့ သူပါအိမ်ပေါ်တက်လာပြီး ဟိုဝင်ဒီထွက်လုပ်ပြီး သီချင်းတွေဖွင့်ကာရာအိုကေတွေဆိုပြီးမှပြန်သွားတာ။ပိုက်ဆံကိုသူယူသွားလာဆိုတာ တပေါင်း သေချာတော့မမြင်လိုက်ပါဘူး။ဒါပေမဲ့ အဖေကပိုက်ဆံပျောက်တာသေချာတယ်ဆိုရင် အဲ့ဒီပိုက်ဆံကို သူယူတာဖြစ်ဖို့များတယ်။ဟုတ်တယ် သူလာတုန်းက တပေါင်းကိုထော့ကျိုးမရေ ..ဘာဟင်းချက်လဲ လက်ဖက်လေးသုပ်ပေးပါလား "ဆိုပြီး ခိုင်းသေးတာ။ဒါကလက်ဖက်သုပ်စားချင်လို့မဖြစ်နိုင်ဘူး။သူ့ကို တပေါင်းစောင့်ကြည့်နေမှန်းသိလို့ တမင်သက်သက်အလုပ်ခိုင်းတာပဲဖြစ်မှာ ။
" သူယူသွားတာဖြစ်နိုင်တယ်အဖေ...သူက တပေါင်းကိုလက်ဖက်သုပ်ခိုင်းတယ်...ပြီးတော့ အဖေတို့အခန်းထဲကို သူဝင်သွားတာတွေ့တယ် "
တပေါင်းအကျိုးအကြောင်းရှင်းပြလိုက်တော့ တပေါင်းကိုရိုက်နေတဲ့အဖေ့ရဲ့လက်တွေ တစ်ခဏငြိမ်ကျသွားခဲ့တယ်။ပြီးတော့ အဖေ့ဆီကလေသံမာမာထွက်လာခဲ့ပြန်တယ်။
" အေး..အဲ့ဒီလိုဝင်သွားတော့ နင်ကကြည့်နေတာပဲလား...သူယူသွားတာကို နင်မြင်လိုက်လား....ပြောလေ...မြင်လိုက်လား "
" မ..မမြင်ပါဘူးအဖေ "
"မမြင်ဘဲနဲ့ ... ငါ့ကိုဆင်ခြေပေးနေတာပေါ့ ဟုတ်လား...ငွေငါးထောင်ကိုယူပြိး နင်ဘာလုပ်လိုက်လဲ ...စာအုပ်တွေဝယ်တာလား..ငှားဖတ်တာလား ပြောစမ်း..အမှန်တိုင်းဖြေနော် "
"မ..မဟုတ်ပါဘူး အဖေ.....ပိုက်ဆံကို တပေါင်းမယူပါဘူး "
တပေါင်းဘယ်လိုငြင်းငြင်း အဖေ့လက်ထဲက ခါးပက်က တပေါင်းရဲ့တင်ပါးနဲ့နောက်ကျောတစ်လျှောက်ပေါ်အရှိန်ပြင်းပြင်းနဲ့ကျရောက်လာခဲ့တယ်။
" လာစမ်း ..နင့်သေတ္တာဖွင့်ပြစမ်း "
ရို//က်လို့ဝသွားတော့လဲ အဖေကကျေနပ်သေးပုံမရဘဲ တပေါင်းကို မိးဖိုချောင်ဘက်ကိုတရွတ်တိုက်ဆွဲခေါ်လာခဲ့ပြီး တပေါင်းရဲ့ သေတ္တာကိုဖွင့်ပြခိုင်းတယ်။တပေါင်းတုန်ုတုန်ယင်ယင်နဲ့ သံသေတ္တာအဟောင်းလေးကို ဖွင့်ပြလိုက်တယ်။ဒီအခါတပေါင်းရဲ့သေတ္တာထဲမှာ အဝတ်ဟောင်းသုံးလေးစုံနဲ့စာအုပ်တွေထွက်လာခဲ့တယ်။စာအုပ်တွေက အိမ်မှာရှိသမျှပုံပြင်ဘုရားစာအုပ်တွေနဲ့ အန်တီကြီးပေးထားတဲ့စာအုပ်တွေပဲရှိတာ။ဘွားဘွားကြီးဆုံးသွားပြီးတော့ အန်တီကြိး သူ့ညီမနဲ့မြို့ထဲကိုပြောင်းသွားချိန်က ပေးခဲ့တဲ့စာအုပ်တွေလဲရှိတော့ တပေါင်းရဲ့သေတ္တာထဲမှာ စာအုပ်တွေနဲ့ပြည့်နေခဲ့တာ။
" ပြစမ်း..စာအုပ်တွေကများလှချည်လား..ဒီစာအုပ်တွေ နင်ဘယ်ကရတာလဲ ...ပိုက်ဆံတွေခိုးပြီး ဝယ်ထားတာမဟုတ်လား ...ဒီစာအုပ်တွေဖတ်တော့ရောဘာအကျိုးရှိလဲ ...မိဘကိုစော်ကားဖို့နဲ့ ပြန်ခံပက်ဖို့ပဲသိတာမဟုတ်လား ..ပေးစမ်းနင့်စာအုပ်တွေ အကုန်မီးရှို့ပစ်မယ်..."
မိခင်ရဲ့ စကားကြောင့် အမှိုက်ပုံရှိရာဆီကို ဖိုးဇင်ယောင်ယမ်းပြီး အကြည့်ရောက်သွားမိတယ်။အမှိုက်ကောက်ရမှာကို ဖိုးဇင်မကြောက်ပါဘူး။ ဒါပေမဲ့ သံလုံးတို့ဘဝလဲ သူနဲ့ သိပ်မကွာလှဘူးလေ။တစ်နေကုန် ပလုံလိုက်ကောက်ပြီး ညနေအိမ်ပြန်ရောက်ရင် ရတဲ့ငွေနည်းတဲ့အခါ သံလုံးတို့လဲ သူတို့မိဘတွေရို*က်တာကို ခံရတာပဲ။ ခံရတယ်ဆိုပေမဲ့ သံလုံးကလည်တယ်။သူ့ကိုရို*က်တော့မယ်ဆိုရင်ပြေးတော့တာပဲ ။ပြေးရင်းလဲကောင်းကောင်းပြေးတာမဟုတ်ဘူး။ပါးစပ်ကလဲ မျိုးစုံအောင် ပြောဆိုသွားသေးတာ။နောက်ကနေ သူ့အဖေနဲ့အမေက လိုက်ရိုက်ရင်လဲ ရိုက်ရို**က်ပဲ။သံလုံးကကြောက်တတ်တဲ့ကောင်မဟုတ်ဘူး။သူ့အဖေက တစ်ချက်ရို*က်ရင် သူကတစ်ခါပြေးတယ်။ဒါကြောင့် ကိုယ့်ဘဝနဲ့သိပ်မကွာတဲ့ သံလုံးဘဝကိုတော့ ဖိုးဇင်အားမကျဘူး။ဖြစ်နိုင်ရင် အဖေ့လို မိုးလင်းမိုးချုပ်ဆိုက်ကားဂိတ်မှာနေပြီး ဆိုက်ကားလေးနင်းလိုက်၊ ကျားလေးထိုးလိုက်၊ အရက်လေးပြေးသောက်လိုက်နဲ့ နေချင်တာ။လူဆိုတာကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်လာရတယ်ဆိုပေမဲ့ ဖိုးဇင်ကိုယ့်ဘဝဖြစ်တည်မှုကိုတော့ လုံးဝသဘောမကျဘူး။ဖြစ်နိုင်ရင် ဘဝကိုပြန်စလို့ရင် တခြားအမေတစ်ယောက်ရဲ့ ဗိုက်ထဲမှာပြန်ဝင်စားပြီး ဘဝသစ်ပြန်လိုချင်မိတယ်။
" ဟဲ့ ...ပြောနေတဲ့ကြားက ဘာငိုင်နေတာလဲ ....အလုပ်ထလုပ်လေ... tသချင်နေပြီလား ..... အရည်မရအဖက်မရတဲ့ စာတွေဖတ်ပြီး အပျင်းထူနေတာလား ... မှတ်လောက်သားလောက်အောင် နင့်ကိုထမင်းမကျွေးဘဲ အငတ်ထားရမယ် "
မအေးလှိုင်က သူ့ဝသီအတိုင်း ပွစိပွစိပြောရင်းနဲ့ လက်ကလဲ ဖိုးဇင်ရဲ့ခေါင်းကို ဒေါက်ခနဲဒေါ်ခနဲ ခေါက်ပစ်လိုက်တယ်။
မိခင်ကမကျေမနပ်ပြောရင်းနဲ့ ခေါင်းကိုခေါက်တော့လဲ ဖိုးဇင်မျက်လုံးတောင် ဝံ့မကြည့်ရဲဘဲ ငြိမ်ခံနေလိုက်တာပဲ။ဒါကိုမကျေနပ်သေးလို့ တွေ့ရာပစ္စည်းတွေနဲ့ထုရိုက်ရင်လဲ ငြိမ်ခံနေလိုက်တာပဲ။ဘာဆိုဘာမှပြောခွင့်မရှိ၊ အကျေိုးအကြောင်းရှင်းပြခွင့်မရှိတဲ့ဘဝမှာ ဖိုးဇင်နေသားကျနေခဲ့ပါပြီ။ဆယ့်လေးနှစ်ကျော်လို့ ဆယ့်ငါးနှစ်ထဲဝင်လာပြီးဖြစ်တဲ့ဖိုးဇင်အတွက် အကြောက်တရားထက် အရှက်တရားကကြီးစိုးလာခဲ့ပေမဲ့ ရှက်ဖို့ကိုမတွေးရဲဘူး။မိခင်ကစိတ်ဆိုးနေရင် လူကြားထဲ ပါးရိုက်ရင်လဲခံ၊မိုးမွန်အောင်ဆဲရင်လဲခံ၊တံမြက်စည်းရိုးနဲ့လိုက်ရိုက်ရင်လဲငြိမ်ခံနေရာတာပဲ။တစ်ခါတစ်ခါတော့လဲ ဖိုးဇင်တွေးမိတာက သူလူဖြစ်လာရတာက မိခင်ရဲ့အရို//က်အနှက်အပြောအဆိုကိုခံဖို့သက်သက် လူဖြစ်လာတာများလားလို့်တွေးမိတယ်။စာဖတ်ကျင့်ရအောင် ပြောပြပေးခဲ့တဲ့တပေါင်းကြောင့် ဖိုးဇင်စာအုပ်ဖတ်တာဝါသနာပါလာခဲ့ပေမဲ့ စာအုပ်ဖတ်တိုင်း မိခင်နဲ့ပြဿနာဖြစ်ရတယ်။စာအုပ်တွေလွှင့်ပစ်ခံရတယ်။ဆွဲစုတ်ခံရတယ်။စာအုပ်ဆိုင်က ငှားဖတ်တဲ့စာအုပ်ဖိုးတွေ လျော်ပေးရတဲ့အကြိမ်ပေါင်းလဲ မနည်းတော့ဘူး။
" ဟဲ့ ..ေ*သနာလေး..မြန်မြန်သွက်သွက်လုပ်စမ်း ....စားနှေးသွားနှေးနဲ့လက်တွေက ကျိုးနေလို့လား ..အလုပ်လုပ်နေတာမပြိးတော့ဘူး "
စာအုပ်လေးတစ်အုပ်ဖတ်မိတာကို ပြောလို့မဆုံးဆူလို့မဆုံးဖြစ်နေတဲ့မိခင်ကြောင့် အပြစ်မရှိတဲ့စာအုပ်တွေကိုတောင် ဖိုးဇင်စိတ်နာသလိုဖြစ်လာမိတယ်။အခုလဲ ကျူရှင်လွှတ်လိုက်တဲ့ ကျောင်းသူလေးတွေ ဆိုင်ထဲရောက်လာတာမို့ ဖိုးဇင်ရှက်သလိုလိုဖြစ်နေမိတယ်။အမေကတစ်ခါဆဲလိုက်တိုင်းမှာ သူ့မျက်နှာကို လှမ်းကြည့်တတ်တဲ့ကောင်မလေးတွေကြောင့် ဖိုးဇင်မျက်နှာမမော့ရဲအောင်အတော်လေးရှက်နေမိတယ်။ဘာပဲဖြစ်ဖြစ် နောက်သုံးလေးလဆိုရင် ဘကြီးရဲ့ဝပ်ရှော့ကိုသွားရတော့မှာမို့အဲ့ဒီအချိန်တွေကိုပဲ ဖိုးဇင်မျှော်နေမိတော့တယ်။
==================================
အပိုင်း (၁ဝ)ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
၂
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
၄
https://www.facebook.com/100067151540690/posts/736235605291484/
၅
https://www.facebook.com/100067151540690/posts/736791991902512/
၆
https://www.facebook.com/100067151540690/posts/737913055123739/
၇
https://www.facebook.com/100067151540690/posts/738456585069386/
၈
https://www.facebook.com/100067151540690/posts/739012378347140/
