803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
ဘယ်သူနဲ့မှစကားမပြောဘဲနေတာက အကောင်းဆုံးပဲလေ။
~~~~
ဈေးဖိုးခြင်းထဲမှာငွေခြောက်သောင်းကိုတွေ့လိုက်ရတယ်။ခင်လေးနွယ်တို့ရဲ့အမေဒေါ်ရီရီနွယ်ပဲလေ။ ဒီလောက်တော့ မာနကြီးလိမ့်မပေါ့လို့ တွေးလိုက်မိတယ်။ကျွန်မ ငွေခြောက်သောင်းကိုကိုင်ပြီး ဈေးကိုထွက်လာခဲ့လိုက်တယ်။
~~~~
"တီ ..တီ "
ဒီနေ့တနင်္ဂနွေနေ့လေ။ခြံဝက ကားဟွန်းသံကြားပေမဲ့ ကျွန်မစက်ခုံပေါ်ကနေ တုပ်တုပ်မှမလှုပ်မိဘူး။စက်ချုပ်သမားလေးက ကျွန်မကိုလှမ်းကြည့်တယ်။
"မလတ် ..ညီမသွားဖွင့်ပေးလိုက်ရမလားဟင် "
"ရတယ် သီတာ ..ထားလိုက်ပါ ....အဲ့ဒါက အငယ်မတို့ ဧည့်သည်လေ... မလတ်နဲ့ မဆိုင်လို့ တံခါးသွားဖွင့်ပေးစရာမလိုဘူး "
ကျွန်မပြောပြီးတာနဲ့ ခေါင်းကိုငုံ့ပြီး စက်ချုပ်နေလိုက်တယ်။အိပ်မက်ထဲကချစ်သူတွေဘာတွေလဲသွားတော့။စိတ်မဝင်စားတော့ဘူး။ ကျွန်မအဖြစ်က အငယ်မပြောတာလဲဟုတ်တယ်။မျိုးဇော်ဆိုတဲ့လူကိုဖူးစာရှင်မှန်းသိသိနဲ့တိုးစည်သူဆိုတဲ့လူက လက်လာကိုင်တော့လဲရင်ခုန်မိပြန်တယ်။တကယ်ပဲအငယ်မပြောသလို ကျွန်မဣန္ဒြေသိက္ခာမဲ့နေခဲ့ပြီလားမသိ။ဒီလိုတွေးမိတော့လဲ ကိုယ့်ကိုယ်ကိုယ်ပင် ရွံရှာမိသလိုလိုဖြစ်လာတယ်။
~~~~
"ပွမ် ..ပွမ်..."
ဈေးဆွဲခြင်းကြီးကို မနိုင်မနင်းဆွဲလာပြီးလျှောက်နေစဉ်မှာ ကားဟွန်းတီးသံကြားလို့ ကျွန်မငဲ့စောင်းကြည့်လိုက်မိတော့ တိုးစည်သူဆိုတဲ့လူကို တွေ့လိုက်ရလို့ အံ့ဩသွားမိတယ်။
" လတ်လတ် ဈေးကပြန်လာတာလား ..ဈေးခြင်းကလေးပုံပဲ...ကျွန်တော်ပြန်လိုက်ပို့ပေးမယ်လေ ....."
ပြောပြောဆိုဆိုနဲ့ ကားပေါ်ကဆင်းလာတဲ့သူ့ကို ကျွန်မအကြောင်းသားနဲ့ ငေးကြည့်နေမိတယ်။သူက ဖျတ်ခနဲကျွန်မဘေးနားရောက်လာပြီး လက်ထဲကဆွဲခြင်းကို ယူသွားတယ်။အဲ့ဒီအချိန်မှ ကျွန်မလဲသတိဝင်လာမိပြီး အတင်းငြင်းမိတော့တာ။ဆွဲခြင်းကတော့ ကားပေါ်ရောက်သွားခဲ့ပြီးလေ။
"ဟို ..ရပါတယ် ကိုတိုးစည်သူ....ကျွန်မလမ်းလျှောက်ပြန်နေကြပါ "
"လာပါ လတ်လတ်ရယ် ... ကျွန်တော်လဲ လမ်းကြုံပါတယ် ..ပြီးတော့ ခြင်းကအလေးကြီးမို့ပါ ...လတ်လတ်ကို ကျွန်တော်ကိုက်မစားပါဘူးဗျာ ...မိတ်ဆွေတွေလိုခင်လို့ပါ "
သူကမွန်မွန်ရည်ရည်နဲ့ ပြောလာတော့လဲ ကျွန်မ မငြင်းတော့ပါဘူး။တော်ကြာ အလကားနေဟန်လုပ်ပြီးမူနေတယ်ထင်မှာစိုးလို့လေ။ သူက ရိုးသားစွာ ခင်မင်တာကို ကိုယ့်ဘက်ကတလွဲတွေးပြီး ဟန်လုပ်နေတာမျိုးကလည်း ကျွန်မပုံစံမဟုတ်ဘူးလေ။
"လတ်လတ် ကျွန်တော့်ကိုတစ်မျိုးမထင်နဲ့နော် ....ကျွန်တော့်စိတ်ထဲမှာလေ...လတ်လတ်ကို ရင်းရင်းနှီးနှီးသိနေသလိုမျိုး ခံစားနေရတယ်..ဒါပေမဲ့ သေချာတာက လတ်လတ်ကို လတ်လတ်တို့အိမ်ကို ပထမဆုံးရောက်ဖူးတဲ့နေ့ကမှ မြင်ဖူးတာဆိုတာသေချာတယ် "
ကျွန်မသူ့ကို ငေးကြည့်နေမိတယ်။
"ကျွန်တော့်အသက် (၂၇) နှစ်ပါလတ်လတ် ... စီးပွားရေးဘွဲ့ယူထားပြီး ... ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလဲရှိပါတယ်....ညီအစ်ကိုနှစ်ယောက်မှာ သားငယ်ပါ ... ကျွန်တော့်ကိုယ်ပိုင်ငွေနဲ့ဝယ်ထားတဲ့.. အိမ်နဲ့ခြံလဲရှိပါတယ်...ဟို...ပြီးတော့ အရင်တုန်းကတော့.... ရည်းစားနှစ်ယောက်လောက်တော့ထားဖူးပါတယ် ... အခုလက်ရှိတော့ ရည်းစားလဲမရှိပါဘူး ....အဖေ့ရဲ့ဈေးဝယ်စင်တာတွေမှာ ..ကိုယ်ပိုင်ဖုန်းဆိုင်နှစ်ဆိုင်လဲရှိပါတယ်..."
"ရှင် ..ဟုတ်ကဲ့ ..၀မ်းသာပါတယ် "
သူပြောပြနေတာကို ကျွန်မ ကြောင်တိကြောင်တောင်နဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။
"ဟို .. ဟို ..လတ်လတ်မှာရော ချစ်သူရှိလားဟင် "
သူ့မေးခွန်းအဆုံးမှာ ကားကခြံဝကို ရောက်လာခဲ့တာမို့ ကျွန်မကားပေါ်ကဆင်းဖို့ပြင် လိုက်တယ်။
"ဟို ..လတ်လတ်ရဲ့ ဖုန်းနံပတ်လေး ကျွန်တော့်ကိုပေးပါလားဟင် "
" ဪ .. ဘယ်သူများလဲလို့ ကိုတိုးစည်သူပါလား...မလတ်နဲ့ လမ်းမှာဆုံလာတာထင်တယ် "
ရုတ်တရက်ခြံဝက ထွက်လာတဲ့ ဖူးငုံရဲ့မေးသံကြောင့် ကျွန်မဆွဲခြင်းကိုဆွဲပြီး ခြံထဲကို အမြန်ဝင်လာခဲ့လိုက်တယ်။
~~~ ~
"ဒါကြီးကတော့ မလတ်တရားလွန်သွားပြီ မမခင်ရဲ့ ... အစကတော့ ကိုမျိုးဇော်ကို စိတ်ဝင်စားဟန်ပြပြီး ..ကိုတိုးစည်သူကိုတွေ့တော့ ..ချက်ချင်းလူပြောင်းပြီး ကပ်သွားတာလေ ... မနက်ကလဲ ဈေးကအပြန်မှာ ကိုတိုးစည်သူရဲ့ကားနဲ့လမ်းကြုံလိုက်လာတာ မမခင်ရဲ့ "
" ဟုတ်လား....အလတ်မက မလွယ်ပါလား ..ဒါနဲ့ဖူးငုံက ဘယ်သူ့ကို စိတ်ဝင်စားတာလဲ ပြောပါအုံး..."
"ဒါကတော့ အရှင်းကြီးပဲလေ မမရယ်... ပညာချင်းရောဥစ္စာ ချင်းရောတူနေမှတော့ ... ရုပ်ရည်ပိုသာတဲ့သူကိုပဲရွေးမှာပေါ့ မမရယ် ....ကိုတိုးစည်သူကလဲ ..ညီမလေးကို စိတ်ဝင်စားလို့သာ ကိုမျိုးဇော်ရဲ့ အလုပ်ကိစ္စမှာ ..သူနဲ့ မဆိုင်ဘဲ လိုက်လိုက်လာတာလေ ... မလတ်ဒီလိုပေါက်ကရလျှောက်လုပ်နေလို့ ...ဖူးငုံတို့ကို အထင်သေးသွားမှာ သိပ်ကြောက်တာပဲ မမခင်ရယ် "
" အင်း .. ဒါတော့ဟုတ်တယ် ..ဒီကိစ္စကို အမေ့ကိုပြောခိုင်းရမယ် ... တို့တွေကိုယ်တိုင်သွားပြောရင်တော့... သူဘယ်လောက်စွာနဲ့ညီမလေးလဲ သိတယ်မဟုတ်လား "
အမေက အသံမာမာနဲ့ ဟန့်လိုက်တာမို့ ကျွန်မတို့အားလုံး ငြိမ်ကျသွားကြတယ်။ရင်ထဲမှာ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာခဲ့တယ်။ကိုယ့်ဘက်ကတော့ ချစ်လိုက်ရတဲ့ ညီအစ်မတွေ။အစ်မဆိုလဲ အစ်မမို့ချစ်လိုက်ရတာ။ သူတို့စာမေးပွဲရက်တွေဆိုရင် ကျွန်မမှာ အလိုက်တသိနဲ့ သူတို့စားဖို့ သောက်ဖို့ လုပ်ပေးလိုက်ရတာ။ ကျောင်းသွားတော့မယ်ဆိုရင်လဲ မီးပူတိုက်ပြီးသား အဝတ်အစားကို အဆင့်သင့်လုပ်ပေးခဲ့တာ။ ဖိနပ်ကအစအဆင်သင့်တိုက်ပေးထားခဲ့တာ။ဒါက မမခင်တစ်ယောက်တည်းကိုပဲ လုပ်ပေးခဲ့တာမဟုတ်ပါဘူး။အငယ်မဖူးငုံကိုလဲ ဒီအတိုင်းပါပဲ။တကယ်ဆို့ဖူးငုံနဲ့က သုံးနှစ်ပဲ ကွာပေမဲ့ ညီမအထွေးဆုံးလေးမို့ ပိုပြီးချစ်ခဲ့မိတာ။ သူတို့တွေနေမကောင်းလို့များ ဟိုဟာဒီဟာစားချင်တယ်ဆိုရင် ကျွန်မမှာမီးဖိုထဲက မထွက်စတမ်းချက်ပြုတ်ပေးခဲ့ရတာ။ ဒါတင်မကသေးဘူး သူတို့သူငယ်ချင်းတွေ အုပ်စုလိုက်ကြီးရောက်လာခဲ့ရင်လည်း ကျွန်မဘယ်တော့မှ မျက်နှာတစ်ချက်မပျက်ခဲ့တဲ့သူပါ။
"အမေ့သမီးကို သိပ်ပြီးအလိုမလိုက်နဲ့နော် အမေ .. သူ့အသက်က ငယ်တော့တာမဟုတ်ဘူး ..ရူးသလိုပေါသလိုနဲ့ သမီးတို့ကို အရှက်ခွဲနေတာ ..ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်မကိုင်နိုင်ရင်လဲ ....အစ်မတွေညီမတွေရှာကျွေးနေတာကို အေးအေးဆေးဆေးထိုင်စားပေါ့ ..အခုတော့ လူကသာ ကိုယ့်ထမင်းကိုယ်မရှာစားနိုင်တာ ..လင်ကလိုချင်သေးတယ် .. ဒါက သမီးတို့ကိုသက်သက် အရှက်ခွဲနေတာ အမေရဲ့ "
မမခင်လေးနွယ်က မညှာမတာပြောချလာတယ်။ဒီတော့ အငယ်မကလဲ ဝင်ပြောပြန်တယ်။
"ဟုတ်တယ် အမေ ... မလတ်က ဖူးငုံတို့ညီအစ်မတွေရှာကျွေးနေတာကို ထိုင်စားပြီး ..အေးအေးမနေဘူး ..ပညာမတတ်အဆင့်မရှိတာကို လူသိအောင်အမြဲလုပ်နေတာ မေမေရဲ့ ... ဟိုအရင်ကလဲ ..သမီးတို့ သူငယ်ချင်းကောင်လေးတွေလာရင် .. အရှက်မရှိသူအတင်းလိုက်ကြည့်နေတာလေ .. အခုလဲ မလတ်လုပ်နေပုံနဲ့ကိုမျိုးဇော်နဲ့ ကိုတိုးစည်သူက ..သမီးတို့ကို ဘယ်လောက် အထင်သေးလိုက်မလဲ...ဖူးငုံတော့ သိပ်ရှက်တာပဲ "
" ဟဲ့ ..ဟဲ့...ငါအမေတစ်ယောက်လုံးပြောနေတယ်လေ .. နင်တို့နှစ်ယောက်လုံး မတော် နိုင်ကြဘူးလား..မိလတ်လဲသွားတော့လို့ ပြောနေတယ် မကြာဘူးလား "
အမေ့အသံက ဟိန်းခနဲထွက်လာတယ်။ကျွန်မအံကိုတင်းတင်းကြိတ်လိုက်ပြီးတော့ ကျွန်မအလုပ်ခန်းထဲကိုပြေးသွားပြီး စာရင်းစာအုပ်ကို
သွားယူလိုက်တယ်။
~~~~
ကျွန်မဧည့်ခန်းထဲကို ပြန်ရောက်ချိန်မှာ အမေနဲ့မခင်လေးရယ်ဖူးငုံတို့ စကားပြောနေတာကိုတွေ့လိုက်ရတယ်။ ကျွန်မ လက်ထဲကစာအုပ်ကို စားပွဲပေါ် ကိုဘုတ်ခနဲ ပစ်ချပေးလိုက်တယ်။အမေတို့သုံးယောက် ကျွန်မကို မျက်လုံးပြူးကြီးတွေနဲ့ မော့ကြည့်လာကြတယ်။
"အဲ့ဒီမှာ ဈေးစာရင်းစာအုပ်ပဲ အငယ်မ ..နင်နဲ့မမ အမေ့ကို လခဘယ်လောက်အပ်လဲ ငါစိတ်မ၀င်စားဘူး ... နင်တို့တွေ ဘွဲ့တွေရဖို့ ကုမ္ပဏီကောင်းတွေမှာအလုပ်ရဖို့ ...အမေနဲ့အဖေ ငွေဘယ်လောက်ကုန်ခဲ့လဲ နင်တို့ပိုသိမှာပေါ့ ..ငါ့အတွက်တော့ အပ်ချုပ်စက်လေးတစ်လုံးပဲ ဝယ်ပေးခဲ့တာပါဟဲ့ ..နင်တို့တွေ ပညာတွေသင် ...အလုပ်တွေလုပ်တော့လဲ နင်တို့ဖိနပ်က အစအတွင်းခံအထိ..အခုချိန်ထိငါလျှော်ပေးလာခဲ့တာပါ ..နင်တို့စားဖို့ကိုလဲ ငါပဲအပင်ပန်းခံချက်ပြုတ်ပေးခဲ့တာပါ ...နင်တို့ အလုပ်တွေရတော့ ငါ့ကိုဖိနပ်တစ်ရံတောင်ဝယ်ပေးဖူးကြလား ပြောပါအုံး....မမခင်လေးလဲ မဝတ်ချင်တော့တဲ့ အဝတ်အစားတွေကို မိလတ်ကို ပေးလို့ ကျေးဇူးတင်ပါတယ်နော် ..ပြီးတော့ ပြောရအုံးမယ် ..ဘာတဲ့ ..မိလတ်ကဒီအိမ်မှာထိုင်စားနေတာဟုတ်လား ...အဲ့ဒီမှာ စာရင်းစာအုပ်ရှိတယ်..စျေးနှုန်းတွေကိုကြည့် ..အမေပေးတာက တစ်နေ့ကို ဈေးဖိုးသုံးသောင်း...ဒီအိမ်ရဲ့ ကုန်ကျစရိတ်က ... တစ်နေ့ကိုငါးသောင်းအတွင်းမှာရှိတယ် .. လိုတဲ့ပိုက်ဆံကို ဘယ်ကရတယ်ထင်လို့လဲ ... မိလတ်အလုပ်က ရတာသိကြရဲ့လား ...ဒါတောင် ဟင်းတွေကို ထမင်းချိုင့်ထဲ အကုန်ထည့်ပေးလိုက်လို့ ..အသားဟင်းမပါဘဲစားရတဲ့နေ့တွေအများကြီးရှိတယ် ... မိလတ်ကလင်တရူးနေတာပေါ့ ဟုတ်လားမမခင် ... တိုးစည်သူလား ဘာလား..သူ့ကိုမေးကြည့်လိုက်ပါအုံး ..မိလတ်က သူ့ကိုစကားအရင်သွားပြောတာလားလို့ မေးကြည့်လိုက်အုံး ... စိတ်ချပါ နောက်နောင် မမတို့ဧည့်သည်တွေကို ဧည့်ခံပေးဖို့ စိတ်ကူးလဲမရှိတော့ပါဘူး...မိလတ်ကို အထင်သေးစော်ကားနေတာတွေ ရပ်လိုက်ကြတော့ ..ဒီအိမ်မှာ မိလတ်ကမိဘဆီကငွေကိုမဖြုန်းဆုံးလူ...ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး မမတို့ဆီမှာ ကျွန်ခံပေးနေတာ မမတို့ကိုချစ်လို့ သိရဲ့လား ..မမတို့ မိ လတ်ကို မပတ်သက်ဘဲနေချင်လဲနေကြ ..မိလတ်နဲ့ မမတို့နဲ့ မပတ်သက်ချင်တော့ဘူး "
ပြောချင်တာတွေ ပြောပြီးတာနဲ့ ကျွန်မလှည့်ထွက်လာခဲ့လိုက်တယ်။ အခုလိုတွေပြောချလိုက်ရတော့ ရင်ထဲမှာလဲ ပေါ့သွားသလို ခံစားလိုက်ရတယ်။
~~~~~
ကျွန်မစိတ်ဆိုးနေပေမဲ့ ညစာချက်ပေးပြီးထမင်းဝိုင်းပါပြင်ပေးလိုက်ပါတယ်။ပြီးတော့ စက်ချုပ်ခန်းထဲဝင်ပြီး အတွင်းကနေတံခါးပိတ်ထားလိုက်ပြီး သီချင်းပါဖွင့်ထားလိုက်တယ်။စက်ခုံပေါ်တင်ထားတဲ့ ဖုန်းကတတီတီမြည်နေလို့ ဖုန်းကိုချပစ်လိုက်တယ်။ဒီအချိန်မှာ အမေ့နဲ့လဲ စကားမပြောချင်ဘူး ။ နာနာကြည်းကြည်းနဲ့စကားထဲမှာ ရိုင်းတာတွေပါသွားခဲ့ရင် ကျွန်မပဲ ငရဲကြီးမှာ။ကျွန်မပဲ ရင်နာရမှာလေ။ဒါကြောင့် ဒီအချိန်မှာ
#အလတ်မလေး
(အပိုင်း ၃)
akyiphyu
******
"ရရဲ့လား "
သူ့ဆီကအသံ ထက်ပြီး ထွက်ပေါ်လာတော့မှ ကျွန်မယောင်ယမ်းပြီးသူ့လက်ကို ဖယ်ထုတ်လိုက်မိတယ်။ပြီးတော့ အတင်းကုန်းရုန်းပြီးထရပ်လိုက်မိတယ်။ကိုမျိုးဇော်ဆိုတဲ့လူကတော့ ကျွန်မတို့ကိုရပ်ကြည့်နေခဲ့တယ်လေ။
"ဟို ..ဟို ...အိမ်ထဲမှာ ညီမလေးဖူးငုံရှိပါတယ်... ဝင်သွားကြပါရှင် "
" ဪ..ကိုမျိုးဇော်တို့ရောက်လာကြပြီလား ...လာကြလေ ..၀င်ကြပါ "
ကျွန်မအထစ်ထစ်အငေါ့ငေါ့နဲ့ ပြောနေချိန်မှာပဲ တိုက်တံခါး၀ကိုညီမလေးဖူးငုံထွက်လာပြီး သူတို့ကိုလှမ်း နှုတ်ဆက်သံကြားလိုက်ရတယ်။ ကျွန်မလဲ သူတို့ကိုလှည့်မကြည့်တော့ဘဲ ကျွန်မရဲ့စက်ချုပ်ခန်းလေးဆီကို ပြန်လာခဲ့လိုက်တယ်။ရင်ထဲမှာတော့ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးတစ်ခု ငြိတွယ်ကပ်ပါလာခဲ့တယ်။
~~~~
ကျွန်မကော်ဖီပန်းကန်နဲ့ မုန့်ပန်းကန်တွေကိုဧည့်ခန်းထဲသွားချပေးလိုက်တယ်။ဧည့်သည်လာရင် ပြင်ဆင်ဧည့်ခံရမှာက ကျွန်မရဲ့တာဝန်ပဲမဟုတ်လား။ကျွန်မဧည့်ခန်းထဲကိုရောက်ချိန်မှာ အဖေနဲ့အမေ့ကိုလဲ ဧည့်ခန်းထဲမှာတွေ့လိုက်ရတယ်။ အမေတို့ရဲ့ ရယ်မောသံတွေက ဧည့်ခန်းထဲမှာ ပျံ့လွင့်နေခဲ့တယ်။အမေတို့က သူတို့နဲ့ကျွန်မကို မိတ်ဆက်မပေးသလို ကျွန်မကလဲဘယ်သူ့ကိုမှမကြည့်ဘဲ မျက်လွှာကို အသာချပြီး ကိုယ့်တာဝန်ကိုလုပ်နေလိုက်တယ်။တစ်ချက်မျက်လွှာပင့်အကြည့်မှာ အမေ့ရဲ့မျက်လုံးစူးစူးတွေကို တွေ့လိုက်ရတာမို့ ကျွန်မမီးဖိုခန်းထဲကို ခပ်မြန်မြန်ဝင်ခဲ့လိုက်တယ်။
~~~~~~~
"ပိုက်ဆံကြိုထုတ်ချင်ရင် ကြိုပြောနော်မမော် ... မဟုတ်ရင် လတ်မှာရှိတဲ့ငွေကအိမ်သုံးစရိတ်ထဲပါပါသွားတတ်လို့ပါ "
အိမ်မှာအထည်ယူချုပ်တဲ့မမြင့်မော်ကို ခြံတံခါး၀ထိလိုက်ပို့ပေးရင်းနဲ့ ကျွန်မပြောလိုက်မိတယ်။ဟုတ်တယ်လေ ကျွန်မက အထည်ပို့ပြီးရင်ရတဲ့ ပိုက်ဆံကို နောင်ရေးအတွက်စုတဲ့စုဘူးထဲကို တစ်ပုံထည့်ပြီး ကျန်တာကို လှူသင့်တာကိုလှူပြီး ကျန်တဲ့ငွေကအိမ်စရိတ်ထဲ အကုန်ပါသွားတာမို့ ကြိုပြောထားရတာလေ။ ကျွန်မရဲ့ စက်ချုပ်သမားတွေကို အကြွေးမထားတတ်တာက ကျွန်မရဲ့အကျင့်ပဲ။အထည်ချုပ်ပြီးတာနဲ့ ငွေရှင်းပဲ။ ကြိုတင်ငွေလိုချင်ရင်တော့ကြိုပြောရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာလဲငွေပိုမရှိဘူးလေ။
" ခြေထောက်သက်သာလားဗျ "
ခြံတံခါးပိတ်နေချိန်မှာ နောက်ကျောဘက်က မေးသံကြောင့် ကျွန်မလန့်ပြီးလှည့်ကြည့်လိုက်မိတယ်။ ဒီအခါမှာ ကိုမျိုးဇော်နဲ့ပါလာတဲ့ သူ့ကိုတွေ့လိုက်ရတယ်။ကျွန်မ သူ့ကို ကြောင်ငေးငေးနဲ့ ကြည့်နေမိတယ်။
" တွေ့ရတာဝမ်းသာပါတယ်နော်...ကျွန်တော့်နာမည်က တိုးစည်သူပါ ... မျိုးဇော်နဲ့ညီကိုဝမ်းကွဲတွေပါ ...ဒီကနာမည်ဘယ်လိုခေါ်လဲမသိဘူး "
"ရှင်.. ဟုတ်...ဟုတ်ကဲ့ ...ကျွန်မနာမည်လတ်လတ်နွယ်ပါ
သူ့ရဲ့ဖော်ရွေလှတဲ့ အပြုံးနဲ့ ကြည်လင်ချိုသာတဲ့ အသံကြောင့်ကျွန်မထစ်ထစ်ငေါ့ငေါ့နဲ့ ဖြေလိုက်မိတယ်။သူလိုလူက ကျွန်မကိုလာနှုတ်ဆက်လို့ အံ့ဩနေမိတာတော့အမှန်ပဲ။
"ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်လိုသက်မှတ်ပေးပါနော် "
"ဟုတ်..ဟုတ်ကဲ့ "
ကျွန်မနဲ့သူ စကားပြောနေချိန်မှာ အိမ်ဝကနေ ဖူးငုံလှမ်းကြည့်နေတာကို မြင်လိုက်ရတာမို့ ကျွန်မခေါင်းကိုငုံ့ပြီးခြံတံခါးကိုပဲဖွင့်ပေးလိုက်တယ်။သူကလဲ ကျွန်မပုံစံကိုကြည့်ပြီးအား နာသွားတဲ့ပုံနဲ့ ကားပေါ်ကိုတက်သွားခဲ့တယ်။ကားပေါ်ကသူတို့နှစ်ယောက်ကိုကြည့်ပြီး ကျွန်မရင်ထဲမှာတော့ရှုပ်ထွေးနောက်ကျိနေမိတယ်။
~~~~
"မလတ် ဒီလိုပဲလုပ်နေတော့မှာလား...အသက်ကလဲ မငယ်တော့ဘူး ...ကိုယ့်သိက္ခာနဲ့ကိုယ်နေပါလား...အခုတော့ ယောကျာ်းလေးချောချောမြင်ရင်ဣန္ဒြေကိုမရှိသလိုဖြစ်နေတယ်...ကိုမျိုးဇော်တုန်းကလဲ ကိုမျိုးဇော်မို့ ... အခုကိုတိုးစည်သူကိုမြင်လိုက်တော့လဲ ကြိုက်သွားပြန်ပြီမဟုတ်လား "
" ဘာ..ဘာပြောလိုက်တယ် ဖူးငုံ...နင်ဘာစကားပြောလိုက်တယ်...ငါကဘာတွေလုပ်နေမိလို့လဲ "
ကျွန်မ ဖူးငုံကိုဒေါသတကြီးနဲ့ပြောလိုက်မိတယ်။ဒီအချိန်မှာပဲ အခန်းထဲကို မမခင်လေးနွယ်ဝင်ရောက်လာခဲ့တယ်။
"ဖူးငုံပြောတာဟုတ်တယ် မိလတ်..နင်ကလဲနင်ပဲလေ....ဒီနေ့လဲ ငါကြည့်နေတာ... ယောက်ျားလေးတွေရှေ့မှာ ချောလဲပြရတာနဲ့...ပြီးတော့ ကိုယ့်ကို စကားပြောချင်မှန်းမသိ..မပြောချင်မှန်းမသိစကားတွေ သွားပြောနေတယ်...နင့်အသက်အရွယ်နဲ့ ဣန္ဒြေရှိရှိမနေတတ်ဘူးလားပြောစမ်းပါအုံး "
" တော်တော့ ..တော်တော့နော် မမခင် ... မိလတ်က အဲ့ဒီလိုမိန်းမမျိုးမဟုတ်ဘူး...ကိုမျိုးဇော်လာတုန်းက ကြည့်မိတယ်ဆိုတာလဲ ...အသိနဲ့တူလို့ကြည့်မိတာ...မိလတ်ကလင်တရူး မဟုတ်ဘူး ... မမခင်တို့ သိပ်ကိုစော်ကားအထင်သေးကြတယ်နော် ..စိတ်ချပါ..နောက်ဆို ...မမတို့ဧည့်သည်တွေလာရင်...မိလတ်တံခါးလဲသွားမဖွင့်ပေးဘူး...ဧည့်ခံတာတွေလဲ မလုပ်ပေးတော့ဘူး ..စိတ်ချမမတို့ဧည့်သည်တွေလာရင်..မိလတ်ရဲ့ အရိပ်အယောင်ကို တောင်မမြင်စေရဘူး..."
"ဟဲ့..ဟဲ့ ..အဲ့ဒါဘာတွေဖြစ်နေကြတာလဲ ..ညီအစ်မတွေလူကြားလို့မှမကောင်းဘူး...နင်တို့ အဖေအပြင်ထွက်သွားလို့တော်သေးတယ်...ကဲ တော်ကြတော့ ..မိလတ်သွားတော့ ... အကြီးမ နဲ့အငယ်မလဲတော်ကြတော့ "
စက်ချုပ်ခန်းထဲထိရောက်လာတဲ့ အမေ့ကြောင့် ကျွန်မအံ့ဩသွားမိတယ်။အမေက ကွန်မရဲ့အလုပ်ခန်းထဲကို လာလေ့မရှိဘူးလေ။အမေမှမဟုတ်ပါဘူးလေ။တခြားမိသားစုဝင်တွေလဲ တိုက်ခြေရင်းမှာ အဖီချအခန်းလေး ဆောက်ထားပြီး နေ့ခင်းဆိုရင် အလုပ်သမားသုံးဦးရှိတဲ့ ကျွန်မရဲ့ စက်ချုပ်ခန်းထဲကိုလာလေ့မရှိကြပါဘူး။ကျွန်မက ညဆိုရင်အိမ်အလုပ်တွေပြီးတာနဲ့ ည (၁၂)နာရီတစ်ချက်အထိ စက်ခန်းထဲမှာ ပိတ်ညှပ်တာ စက်ချုပ်တာတွေကို လုပ်လေ့ရှိတယ်။ဒီနေ့တော့ ည (၁၀) နာရီကျော်လောက်မှာ အမေကျွန်မအခန်းထဲကိုရောက်လာခဲ့တာ။ ကျွန်မအံ့ဩဓိတ်နဲ့အမေ့နားမှာ သွားထိုင်လိုက်တယ်။
"အမေမအိပ်သေးဘူးလား ... ဘာခိုင်းစရာရှိလို့လဲ "
" အင်း ..ဘာမှခိုင်းစရာမရှိဘူးပြောစရာရှိလို့.. "
အမေ့ရဲ့ရှုတင်းတင်းအသံကြောင့် ကျွန်မရင်ထဲမှာထိတ်ခနဲတော့ ဖြစ်သွားမိတယ်။'
"ဟုတ်ကဲ့ ... ဘာပြောမလို့လဲ အမေ " .
" အေး....ဘာပြောမလို့လဲဆိုတော့ ... မနေ့ကသမီးငယ်ရဲ့ မိတ်ဆွေမောင်မျိုးဇော်ကို ... ဘာလို့ ဟိုကချောင်းဒီက ချောင်းနဲ့ ချောင်းကြည့်နေရတာလဲ မိလတ် ... ညည်းမရှက်ဘူးလား...မောင်မျိုးဇော်က ညည်းညီမဖူးငုံကို သဘောကျနေတာ...လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်ရဲ့သား အေ့...ညည်းကိုအထင်သေးသွားတာ အရေးမကြီးဘူး ..အမေတို့ကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲအေ...ငါ့သမီးအချိန်တန်အရွယ်ရောက်လို့ ချစ်စိတ်ခင်စိတ်ဖြစ်တာကို အမေနားလည်ပါတယ် ...ဒါပေမဲ့ လူဆိုတာ စည်းရှိရတယ်လေ...မောင်မျိုးဇော်က သမီးညီမဆီကို လာတယ်ဆိုကတည်းက... သမီးနဲ့ မပတ်သက်တော့ဘူးလေ... ပြီးတော့လူဆိုတာ တူရာတန်ရာကိုပဲ မှန်းရတာ....ရှင်ဘုရင်ကို လိုချင်ရင် ကိုယ်တိုင်ကမိဖုရားတစ်ပါးပုံစံဖြစ်အောင်နေရတယ်...မင်းသားကိုလိုချင်ရင် ကိုယ်တိုင်လဲမင်းသမီးလို နေရတယ်...အရည်အချင်းရှိတဲ့သူကိုလိုချင်ရင် ကိုယ်တိုင်လဲ အရည်အချင်းရှိအောင် နေရတယ်... ကိုယ်ကပညာမတတ်ဘဲပညာတတ်ကို လိုချင်လို့မရဘူး ...ဒါတွေကို အမေကကြိုသိကြိုမြင်ခဲ့လို့ ...သမီးကို ပညာတတ်အောင် သင်လို့ပြောခဲ့တာပေါ့ကွယ် "
ကျွန်မ အမေ့ကိုပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိတယ်။အမေပြောနေတဲ့စကားတွေအတွက် ရှက်ခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့အတူ နေရာကနေ အငွေ့ပျံပျောက်ကွယ်သွားချင်စိတ်တွေဖြစ်နေမိတယ်။
"ဘယ်အချိန်ရှိနေပြီလဲ ... ငွေလေးတစ်ပဲခြောက်ပြားနဲ့ ညနက်ထိလုပ်မနေနဲ့...အိပ်တော့ ...ညည်းတစ်ဝမ်းတစ်ခါးတော့ ငါတို့ရှာတဲ့ထဲကစားပါလိမ့်...အိမ်ထောင်ပြုဖို့ကိုလဲပူမနေနဲ့ ...အချိန်တန်ရင် ညည်း အတွက်စီစဉ်ထားပြီးသား...အကြီးမလက်ထပ်ပြီးတာနဲ့ ညည်းကိုအိမ်ထောင်ချပေးမှာပါ *
အမေပြန်ထွက်သွားတဲ့အထိ ကျွန်မဘာမှမပြောလိုက်နိုင်ဘဲ ပါးစပ်ဟောင်းလောင်းနဲ့ သာကျန်ခဲ့တယ်။အမေပြောသွားတဲ့ စကားတွေအတွက်ရှက်လွန်းလို့ အိမ်ထဲတောင်မဝင်ချင်တာနဲ့ အဝတ်ပုံတွေကြားမှာပဲ ပန်ကာဖွင့်ပြီး အိပ်ပစ်လိုက်တယ်။
~~~
ပန်းစည်းလေးကိုင်ပြီး ကျွန်မနဲ့ မျက်နှာချင်းဆိုင်ကို လျှောက်လာခဲ့တဲ့ လူတစ်ယောက်။ ကျွန်မသူ့ကိုကြည့်ပြီး ရင်တွေတတိတ်ထိတ်ခုန်နေခဲ့မိတယ်။ကျွန်မဘ၀မှာ တစ်ခါမှကို မရရှိခဲ့ဘူးတဲ့အချစ်ဆိုတဲ့ နုညံ့သိမ်မွေ့တဲ့ခံစားချက်ကြောင့် ကျွန်မရင်ထဲမှာ တသိမ့်သိမ့်လှိုက်ဖို့တုန်ခါနေခဲ့တယ်။ကျွန်မရဲလက်ကိုညင်သာစွာ ဆုပ်ကိုင်လိုက်တဲ့ သူ့လက်ကနွေးထွေးမှုတွေက ကျွန်မရဲ့လက်တွေကတဆင့် ကျွန်မနှလုံးသားထိတိုင်အောင် နွေးထွေးစွာစီးစင်းလာခဲ့တယ်။ကျွန်မစိတ်ထဲမှာ ခံစားနေခဲ့ရတဲ့ သောကတွေ လွင့်ပါးပျောက်ရှသွားကြတယ်။ ကျွန်မကြည်းနူးစွာပြုံးလိုက်ရင် သူ့မျက်နှာကို မော့ကြည့်လိုက်မိတယ်။
''ဟင် " နှင်းမှုန်တွေကြားမှာ ပျောက်ကွယ်နေသလိုဖြစ်နေတဲ့ သူ့မျက်နှာကို ကျွန်မသဲကွဲစွာ မမြင်ရတော့ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းနာကျင်လာတယ်။ကျွန်မငိုမိပြန်တယ်။"ရှင်လဲ ကျွန်မမိသားစုတွေလိုပဲ ..ကျွန်မအပေါ်မချစ်ပါဘူး " လို့ ကျွန်မနာနာကြည်းကြည်းရေရွတ်လိုက်မိတယ်။ပြီးတော့ ကျွန်မငိုတယ်။သည်းသည်းထန်ထန်ကိုငိုတယ်။ငိုနေရင်းကနေ နာနာကျင်ကျင်နဲ့ သူ့ကိုပြန်ပြောလိုက်မိတယ် "ရှင့်ကို ကျွန်မမချစ်တော့ဘူး ...တွေ့လဲမတွေ့ချင်တော့ဘူး "လို့ အော်ပြောပစ်လိုက်တယ်။
"ဘုတ် "
" အား "
အမြင့်မှပြုတ်ကျလာသလိုခံစားလိုက်ရပြီး တစ်ကိုယ်လုံးနာကျင်သွားတာမို့ ကျွန်မ မျက်လုံးကို ဖွင့်ကြည့်လိုက်မိတယ်။ ဒီအခါမှကျွန်မအိပ်နေရာ ခုံပေါ်ကပြုတ်ကျခဲ့မှန်းသိလိုက်ရတယ်။ ပါးပြင်ပေါ်မှာလဲ မျက်ရည်တွေရွှဲလို့ပေါ့ ။နံရံမှာ ချိတ်ထားတဲ့တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက်လေးနာရီထိုးနေပြီ။ကျွန်မအိပ်ရာကနေ လူးလဲထလိုက်ပြီး မီးဖိုခန်းဘက်ကိုကူးလာခဲ့လိုက်တယ်။
~~~~
မနက်အစောကြီးထပြီး ချက်ပြုတ်လိုက်တယ်။ ထမင်းချိုင့်တွေကို တန်းစီပြင်ထားပေးလိုက်တယ်။ပြီးတော့ မနက်စာစားဖို့ပြင်ဆင်ပေးထားလိုက်ပြီး အငယ်မလေးဖူးငုံအိပ်ရာက ထမလာခင်မှာ ဈေးသွားဖို့ပြင်ဆင်လိုက်တယ်။ ဟုတ်တယ် သူနဲ့မျက်နှာချင်း မဆိုင်ချင်ဘူးလေ။ဈေးဆွဲခြင်းလေးကိုင်ပြီး အမေဈေးဖိုးထားပေးထားတဲ့ခြင်းထဲက ဈေးဖိုးကိုယူပြီးထွက်လာခဲ့လိုက်တယ်။ဒီနေ့တော့ အိမ်ကလူတွေ အလုပ်သွားချိန်မရောက်မချင်း ဈေးထဲမှာခြေတိုအောင်ကျွန်မလျှောက်မဲ့နေ့ပေါ့။
ဘဲဥတစ်လုံး ငါးရာ၊ ငါးကငါးကြင်းငါးမြစ်ချင်းဆိုရင် တစ်ပိဿကို နှစ်သောင်းကျော်၊ အမေတို့တွေမျက်စောင်းတောင်မထိုးခဲ့တဲ့ ဂျပန်ငါးတွေတောင် အစိတ်သားကို သုံးထောင့်ငါးရာလေးထောင်။ ပြီးတော့ အိမ်မှာ အမြဲချက်စားတဲ့ပုစွန်က သေး သေးမွှားမွှားလေးတွေတောင် တစ်ပိဿသောင်းကျော်တယ်၊ မခင်လေးတို့အကြိုက်ချက်ပေးရတဲ့ ပုစွန်တုပ်ကြီးတွေက တစ်ပိသာကို လေးငါးခြောက်သောင်းအထက်မှာချည်းပဲ။အိမ်မှာတစ်ပိဿလောက်မချက်ရပေမဲ့ ငါးဆယ်သားဆိုတာ အနည်းဆုံးပဲ။ ဒီကြားထဲ ကိုကိုကြီးတို့မိသားစုရောက်လာခဲ့ရင် ဟင်းမလောက်လို့ ထက်ချက်ရတာတွေရှိသလို ကျွန်မမစားဘဲ အငတ်ခံရတာတွေလဲရှိသေးတယ်။ဈေးဖိုးရှေ့ဆက်ရမယ်ဆိုရင် ဟင်းချက်စရာကတစ်နေ့ကို အသားနှစ်မျိုးစားကြတယ်ဆိုတော့ စဉ်းစားသာကြည့်။ဒါတွေထားလိုက်ပါအုံး အရံဟင်းနဲ့ငါးပိရည်တို့စရာတွေကို ကြည့်အုံးမလား။ ကန်စွန်းရွက် တစ်စည်း ငါးရာ၊ခုနှစ်ရာ၊မုန်ညှင်း၊ ဇလပ်၊ ကိုက်လန်၊ ပဲသီလို အိမ်မှာအမြဲစားတာတွေက တစ်စည်းကို ငါးရာကအောက်ထစ်ပဲ။ ဈေးသက်သာတာဆိုလို့ ချဉ်းပေါင်ပဲရှိတာ။ချဉ်ပေါင်ကလဲ သုံးလေးပင် လောက်ပါတာကိုတစ်စည်းသုံးရာတဲ့ ဟင်းချိုတစ်ခွက်တော့ရတာပေါ့။ချဉ်ဟင်းချက်ရင်တော့မျှစ်အပါဆိုရင် နှစ်ထောင်ကျော်လောက်မှရမှာ သခွါးသီးတစ်လုံးသုံးရာက နှစ်ကိုက်စာသာသာရယ်၊ ရှောက်ရွက်တစ်စည်း သုံးရာကနေငါးရာ၊ မြင်းခွါရွက်ကလဲ သုံးရာကနေငါးရာပဲ။ ဒီကြားထဲ အဖေကအသီးအနှံကြိုက်တတ်တော့ အသီးအနှံတွေလဲ ဈေးသွားတိုင်းနှစ်မျိုးလောက်တော့ ဝယ်ရတယ်။ပန်းသီးတစ်လုံးနှစ်ထောင်၊ မာလကာသီးတစ်လုံးတစ်ထောင်၊ စပျစ်သီးကတစ်ဆယ်သားကို သုံးလေးထောင်ကျော်၊ လိမ္မော်သီးကလဲခပ်ရှားရှားပဲ တစ်လုံးတစ်ထောင်ဆိုတာချည်းပဲ။ ကြက်သွန်က အလုံးသေးလေးတွေဆိုရင် တစ်ပိဿာကိုသုံးထောင်ကစတယ်၊ အလုံးကြီး ရင်တစ်သောင်းကျော်၊ ဆီကစားအုန်းဆီဆိုရင် တစ်ပိဿကို သောင်းနှစ်ထောင်၊ ပဲဆီကသောင်းသုံးထောင်ကနေ သုံးလေးသောင်းကျော်အထိ ဈေးအမျိုးမျိုးရှိတယ်။ဘုရားပန်းက လူမသုံးသူမသုံးပန်းတွေတောင် တစ်စည်းထောင့်ငါးရာရှိတယ်။အိမ်မှာက မမအခြေကြီးတွေက လီလီလိုဈေးကြီးတဲ့ ပန်းတွေပဲ ဘုရားကိုကပ်လှူထားမှ ကျေနပ်ကြတာလေ။ဘုရားပန်းကပ်လှူတော့လဲ တစ်စည်းနဲ့ မှမလောက်တာ။နှစ်စည်းသုံးစည်းလှူရတာ။လှူတော့လည်း တစ်ရက်ခြားကပ်လှူရတာလေ စဉ်းစားသာကြည့်ပေါ့။ဒီဈေးတွေက မခင်လေးတို့ဖူးငုံတို့ သွားနေကြ စူပါမက်ကတ်တွေ၊ စီးတီးမက်တွေရဲ့ ဈေးတွေ မဟုတ်ဘူးနော်။ ကျွန်မသွားနေတဲ့ ရပ်ကွက်ရဲ့ဈေးနှုန်းတွေ။ ရှင်းရှင်းပြောရရင် အိမ်ကလူတွေစားပုံနဲ့ ဈေးဖိုးကတစ်နေ့ ငါးသောင်းလောက်မှလောက်ငှရုံရှိတာ။ ကျွန်မမှာဈေးဝယ်ရင် ဆွဲခြင်းကြီးကိုင်ပြီး ဈေးကိုနှစ်ပတ်လောက်အရင်ပတ်ရသေးတာ။ ပြီးမှ ဈေးချိုပြီး လက်ဆက်တဲ့ အသီးအရွက်သည်တွေဆီက အသီးအရွက်တွေအရင်ဝယ်ရတာ။ သားငါးဈေးကတော့ တစ်ဈေးလုံးတူတူပါပဲ။ဈေးသည်တွေဆီမှာများယောင်ယမ်းပြီးတော့ ဈေးသွားမဆစ်နဲ့ ရောင်းရလေရှုံးလေဆိုပြီးငိုပြလိုက်မယ်။ ဒီလိုအချိန်မှာ ကျွန်မတို့အိမ်အတွက်တစ်နေ့ဈေးဖိုးသုံးသောင်းဆိုတာ မလောက်ငှဘူးလေ။ အဲ့ဒီတော့လိုတဲ့ငွေကို ကျွန်မစိုက်ပေါ့။ ဒီကြားထဲ မီတာခတစ်လကိုလေးငါးခြောက်သောင်းကိုလဲ ကျွန်မစိုက်ပေါ့။ကျွန်မအဖြစ်က မီတာဆောင်တော့ကျွန်မ။ အဲကွန်းသုံးတော့ အစ်မနဲ့ညီမလို့ပဲ ပြောရမှာပဲ။ တကယ်ပြောတာပါ ကျွန်မရဲ့စက်ချုပ်ခန်းလေးထဲမှာပန်ကာတစ်လုံးပဲ ရှိတာပါ။ ဒီလိုမျိုးကုန်ကျစရိတ်တွေကို ကျွန်မစိုက်ပေးနေတဲ့ကြားကနေ ကျွန်မလစာကိုမမြင်ဖူးပါဘူးလို့အမေပြောရင်း ကွန်မဝမ်းနည်းမိတာတော့အမှန်ပဲ။ကွန်မလူရယ်လို့ သိတတ်လာကတည်းက အဝတ်အစားဆိုလည်း မခင်လေးအကျကိုပဲ ဝတ်ခဲ့ရတာပါ။ မုန့်ဖိုးဆိုတာလဲ မခင်လေးတို့ ဖူးငုံတို့လိုရခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့်လဲ ကျွန်မ၀တ်ချင်တာတွေဝတ်နိုင် စားနိုင်ဖို့ကို ကျွန်မစက်ချုပ်သင်ခဲ့တာပေါ့.။ကျွန်မစက်ချုပ်တာနဲ့ပတ်သက်လို့ အမေနဲ့ ညီအစ်မတွေက အထင်သေးခဲ့ပေမဲ့အဖေနဲ့ ကိုကိုကြီးကတော့ ဘာမှမပြောပါဘူး။ အဖေဆိုတာလဲ ကျွန်မအပေါ်ဆူငေါက်ခြင်း သိပ်မရှိပေမဲ့ မခင်လေးနဲ့ဖူးငုံတို့အပေါ် ဂရုစိုက်သလိုတော့ ဘယ်ဂရုစိုက်ပါ့မလဲ။ခိုင်းစရာရှိရင်ခိုင်းရုံပေါ့။အဖေက တရားသူကြီးတစ်ယောက်ဆိုတော့ပိုဆိုးတာပေါ့လေ။အဖေ့မှာ အားလပ်ချိန်ဆိုတာလဲ မရှိသလောက်ပါပဲ။ အားလပ်ချိန်ရတော့လဲ မခင်လေးတို့ ဖူးငုံတို့နဲ့ စကားပြောဆွေးနွေးနေရတာနဲ့ ကျွန်မကို ဂရုစိုက်ချိန်မရပါဘူးလေ။တစ်ခုတော့ရှိတာပေါ့လေ အဖေတို့ စကားပြောနေပြီဆိုရင် ကျွန်မကကော်ဖီဖျော်ပေး၊ မုန့်ချပေးရင်းနဲ့ မိသား၀င်တစ်ယောက်အဖြစ် မိသားစုစကားဝိုင်းနားမှာ မယောင်မလည်တော့လုပ်နေခွင့်ရှိတာပေါ့လေ။ ကျွန်မရဲ့ဒီလိုဘဝက သေချာ တွေးကြည့်တော့လဲ ဝမ်းနည်းစရာကြီးလိုလိုဘာလိုလိုပါပဲ။ ဒါကြောင့်မို့ တစ်ခါတလေ စဉ်းစားမိတာက ကွန်မကတကယ်ပဲမွေးစားသမီးများလားပေါ့။ကျွန်မကို တကယ်ပဲဘုရားပွဲဈေးထဲက ခေါ်လာခဲ့တာလားပေါ့။တွေးမိတာပြောပါတယ်။ဒီလိုတွေးမိတိုင်း မိဘတွေကိုမေးချင်ခဲ့တာလဲ အခါခါပါပဲ။နောက်ဆုံးတော့လဲ "ငါက မွေးစားသမီးဆိုရင်လဲ ခြံနဲ့တိုက်နဲ့မိသားစုနဲ့နေနိုင်တာပဲ" လေလို့ပဲတွေးပြီး ဖြေသိမ့်နေလိုက်ပါတော့တယ်။
~~~~~
"သမီးလတ်ကို ပြောစရာရှိတယ် ... စက်ချုပ်ခဏရပ်အုံး `
#အလတ်မလေး
(အပိုင်း ၂)
akyiphyu
******
"မလတ် ... ကော်ဖီနဲ့ မုန့်ပြင်ပေးပါအုံး "
အိမ်ပေါ်ကိုကြောင်ငေးငေးနဲ့ ကျွန်မလိုက်တက်လာမိတော့ ဖူးငုံကနှစ်ကိုယ်ကြားရုံ အသံတိုးတိုးဆက်ဆတ်လေးနဲ့ ပြောလာခဲ့တယ်။ကျွန်မအူတိအူကြောင်နဲ့ မီးဖိုခန်းထဲဝင်လာခဲ့တယ်။မီးဖိုခန်းထဲရောက်ပြန်တော့လဲ ပန်းကန်ကိုင်ရမလို ဇွန်းကိုင်ရမလိုနဲ့ ကျွန်မကြောင်တိကြောင်တောင်ဖြစ်နေမိသေးတာ။အတော်လေးကြာမှ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကော်ဖီဖျော်ဖို့ပြင်ရတယ်။ စိတ်ထဲမှာတော့ ကိုမျိုးဇော်ဆိုတဲ့လူကိုပဲမြင်ယောင်နေမိတယ်။အသားကညိုညိုမျက်နှာကတမင်စူပုတ်ထားသလို စူပုတ်ပုတ်မျက်နှာပေးနဲ့ ဒီမျက်နှာက ကျွန်မအိပ်မက်မက်ခဲ့ပြီး မှတ်မိနေခဲ့တဲ့မျက်နှာဆိုတာ သေချာတယ်။ဒါဆိုရင် ကျွန်မဘာလုပ်ရမှာလဲ။သူကတော့ ကျွန်မကိုမသိပုံပါပဲ။သေချာတာက သူက ကျွန်မရဲ့ဖူးစာရှင်ဆိုတာပါပဲ။
ဧည့်ခန်းထဲမှာ ကော်ဖီချပေးရင်း ကျွန်မသူတို့ကို မသိမသာ အကဲခတ်နေမိတယ်။သူကတော့ ကျွန်မရဲ့မျက်နှာကို မကြည့်ပါဘူး။ ညီမလေး ဖူးငုံမျက်နှာကိုကြည့်ပြီး စကားတွေဖောင်ဖွဲနေခဲ့တယ်။ကျွန်မမှာတော့ ညီမငယ်လေးဖူးငုံကို မသိမသာကြည့်ရင်း ကျွန်မနဲ့ သူ့ကို မိတ်ဆကပေးမလားလို့ မျှော်လင့်နေမိတာ။ ဒါပေမဲ့ ညီမလေးက ကျွန်မကိုဖုတ်လေတဲ့ငပိရှိတယ်ယ်တောင်ထင်ပုံမရပါဘူး။ ဒီတော့ ကျွန်မလဲသူတို့ စကားဝိုင်းနားကို ဟိုဟာသွားချပေးလိုက်၊ဒီဟာသွားချပေးလိုက်နဲ့ မယောင်မလည် သွားနေမိတယ်။ပြီးတော့လဲ အခန်းထောင့်တစ်နေရာကနေ ကိုမျိုးဇော်ဆိုတဲ့လူကို သေချာအောင်အကဲခတ်နေမိတယ်။
သူတို့တွေ နာရီအတော်ကြာအောင် စာရွက်စာတမ်းတွေကြား စကားတွေပြောပြီးတဲ့နောက်မှာ ညီမလေးဖူးငုံက သူ့အိပ်ခန်းရှိရာ အပေါ်ထပ်ကိုတက်သွားခဲ့တယ်။ဒီတော့ကျွန်မလဲ မယောင်မလည်နဲ့ ကော်ဖီခွက်တွေ သိမ်းသလိုလိုနဲ့ သူထိုင်နေတဲ့နားကိုလျှောက်သွားလိုက်တယ်။
"မင်္ဂလာပါ ..ကျွန်မက ညီမလေးဖူးငုံရဲ့အစ်မ လတ်လတ်နွယ်ပါရှင် ... ဟို ..ကိုမျိုးဇော်ကို ညီမလေးသူငယ်ချင်းတွေထဲမှာ မတွေ့ဖူးဘူးနော် .. တာဝန်နဲ့ ပြောင်းလာတာမကြာသေးဘူး ထင်တယ် ..ညီမလေးနဲ့ တရားရုံးတူတူပဲထင်တယ် "
"ဗျာ ..ဟို ..ကျွန်တော်က ဖူးငုံလိုရှေ့နေ့မဟုတ်ပါဘူးခင်ဗျာ...ကျွန်တော်တို့ လုပ်ငန်းအတွက် ဖူးငုံကိုအလုပ်အပ်တဲ့သူပါ "
"ရှင် ...ဪ..ဟုတ်လား ."
ကျွန်မလည်း အမေပြောသလိုပဲ ပညာမတတ်လူဝင်မဆံ့တော့ ကပေါက်တိကပေါက်ချာနဲ့ ဘာတွေပြောလို့ ပြောမိမှန်းလဲမသိဘူး။ ဒီအချိန်မှာပဲ အပေါ်ထပ်ကနေ ညီမလေးပြန်ဆင်းလာပြီး ကျွန်မကိုမျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်ခနတာကိုမြင်လိုက်ရတာမို့ ကျွန်မမီးဖိုခန်းဘက်ကိုပြန်၀င်ခဲ့လိုက်တယ်။
~~~~
"အစ်မ ..ရေသန့်ဘူးဖိုးတွေရှင်းရအုံးမယ်ခင်ဗျ "
" ဪ..အေး... အေး... ဘယ်လောက်လဲ...ရှင်းပေးလိုက်မယ်လေ "
ကျွန်မရေသန့်ဘူးဖိုးတွေ ရှင်းပေးနေချိန်မှာပဲ ဆန်ပို့တဲ့ကောင်လေးရောက်လာပြန်တယ်။အိမ်မှာကရေသန့်ကို အသုံးများလို့ အပတ်စဉ်ရေသန့်ဘူးဖိုးကုန်ကျစရိတ်က မနည်းလှသလို ဆန်ဆိုရင်လည်း အကောင်းဆုံးအစားကိုပဲမှာစားလေ့ရှိပြီး လစဉ်တစ်လစာကိုပိုပိုသာသာလေးမှာထားလေ့ရှိတယ်။ဒီလိုမျိုး ဆန်ဖိုး၊ ရေဖိုး၊ ဆီဖိုးနဲ့အိမ်တွင်းကုန်ကျစရိတ်တွေကို ကျွန်မလုပ်အားခငွေထဲကပဲရှင်းပေးတာပါ။အိမ်မှာလည်း ကျွန်မပဲအချိန်ပြည့်ရှိနေတာလေ။အမေက နေ့စဉ်ဈေးဖိုးပေးနေပေမဲ့ အမေပေးတဲ့ဈေးဖိုးသုံးသောင်းက ဟင်းချက်စရာဝယ်တာတောင်မလောက်ချင်ဘူးလေ။ဟင်းဆိုလို့ ကျွန်မကအသားဟင်းစားလှမှနှစ်တုံးပါပဲ။ကျန်တဲ့လူတွေကတော့ ထမင်းချိုင့်ထည့်ပေးရတာဆိုတော့ ဟင်းကိုတစ်တုံးနှစ်တုံးနဲ့ မရဘူး။ဟင်းချိုင့်ပြည့်လုနီးအောင်ထည့်ပေးရတာလေ။ဒီတော့ ဟင်းအမယ်ဖိုးက သိပ် ကုန်တာ။ ဒါပေမဲ့ကြက်တစ်ပိဿဘယ်ဈေးလဲ အမေသိရဲ့လားမသေချာဘူး။ကျွန်မဆယ်တန်းကျတဲ့နှစ်ကတည်းက အမေက မီးဖိုချောင်မဝင်ခဲ့တော့တာ။ မိုးလင်းလာရင် သူ့ရဲ့ အလှကုန်ဆိုင်ကို ကျော့ကျော့လေးထွက်သွားခဲ့တာ။ ကျန်တဲ့အိမ်အလုပ်တွေအကုန်လုံးကို ကျွန်မလုပ်ရတယ်။ မခင်လေးနဲ့အငယ်မလေး ဖူးငုံကမီးဖိုချောင်ဝင်ဖို့နေနေသာ သူတို့ ပန်းကန်တောင်သူတို့အမြဲဆေးတာမဟုတ်ကြဘူး။ ဒါကလဲ သူတို့ကမလုပ်တာထက် အမေက မလုပ်ခိုင်းတာလေ။မခင်လေးနဲ့ ဖူးငုံက ပညာတဝက်ဆိုတော့ ပညာနဲ့ငွေရှာတာမို့ အိမ်အလုပ်လုပ်စရာမလိုဘူးတဲ့လေ။ဒီတော့ ဆယ်တန်းမအောင်တဲ့ကျွန်မကပဲ အိမ်အလုပ်တွေအကုန်လုပ်ရတာပေါ့။ကျွန်မမှာ အိမ်အလုပ်လုပ်ရင်းနဲ့ စက်ချုပ်တဲ့ပညာကို မနည်းရအောင် အချိန်လုပြီးသင်ခဲ့ရတာ။ဟုတ်တယ်လေ တကယ်လို့များတစ်ချိန်မှာ မိဘတွေမရှိတော့ရင် ကျွန်မဝမ်းရေးကို ကျွန်မဘာသာရှာဖွေစားသောက်ရမှာမဟုတ်လား။ပြောမဲ့သာပြောရတယ် အခုလည်းပဲကျွန်မရှာဖွေတဲ့ငွေက အိမ်စရိတ်အတွက် ဖြည့်ပေးနေရပြီလေ။ဒါကို အမေကတကယ်ပဲမသိတာလားတော့မသိဘူး။သူစိမ်းဧည့်သည်တွေလာတိုင်း ကျွန်မအလုပ်ကို အမေနှိမ်ပြောလေ့ရှိတာတော့ အမှန်ပါပဲ။ အဆိုးဆုံးကတော့ သူ့လုပ်ခလည်း မမြင်ဖူးပါဘူးဆိုတဲ့စကားပဲ။ တကယ်ဆို အမေပေးတဲ့ ဈေးဖိုးကတစ်နေ့ကို သုံးသောင်းပါ။ကြက်သားတစ်ပိဿာကိုတစ်သောင်းခွဲ ဒါကစီပီကြက်ကိုပြောတာ၊ ဝက်သားတစ်ပိဿာကိုသောင်းရှစ်ထောင်နှစ်သောင်း၊ ဆိတ်သားကတစ်ပိဿနှစ်သောင်းကျော်သုံးသောင်းကျော်၊ အမဲသားမစားတော့ဈေးမသိဘူး။ကြက်ဥတစ်လုံးငါးရာ၊
အမေ့စကားသံက ချီးကျူးတာလား။ .ဘာလားမကွဲပြားချင်။ ကျွန်မရဲ့စက်ချုပ်လုပ်ငန်းကို အမေအထင်မကြီးတာကိုတော့ ကျွန်မလဲသိနေပါတယ်။အထည်ချုပ်စက်ရုံအသေးစားတွေဆီက လက်ခစားယူချုပ်ရတဲ့အထည်တွေကို စပေါ်တင်ယူချုပ်ရင်း ပတ်ဝန်းကျင်မှာပါ သုံးလေးဦးကို ပြန်ပေးချုပ်ထားတဲ့ ကျွန်မရဲ့ အိမ်တွင်းစက်ချုပ်လုပ်ငန်းလေးက ကျွန်မအတွက် အဆင်ပြေနေပေမဲ့ မိသားစုမှာတော့ သိမ်ငယ်စရာဖြစ်နေခဲ့တာပေါ့လေ။
~~~~~~
"ဒီအိမ်က ...ဖူးငုံထွေးတို့အိမ်လားခင်ဗျာ "
ခြံဝကမေးသံကြောင့် လက်ထဲက ရေပိုက်ကိုချပြီး ကျွန်မခြံဝကိုပြေးထွက်လာခဲ့မိတယ်။ခြံဝကိုရောက်ချိန်မှာ ခြံရှေ့မှာ ရပ်နေတဲ့သူကိုမြင်လိုက်ရတော့ ကျွန်မအံ့ဩမင်သက်မိသွားတယ်။
"ကိုမျိုးဇော်ရောက်လာပြီလား မြန်သားပဲ....လာလေ ..အိမ်ထဲဝင်လေ ..ဖူးငုံလဲ ကိုမျိုးဇော်ကို မျှော်နေတာ "
အသံနဲ့အတူအိမ်ထဲက ထွက်လာတဲ့ ညီမလေးဖူးငုံက ကျွန်မကိုတွန်းဖယ်လိုက်ပြီး တံခါးကိုဖွင့်လိုက်တယ် ။ကျွန်မကတော့ ကိုမျိုးဇော်ဆိုတဲ့ မျက်နှာစူပုတ်ပုတ်နဲ့လူကို မျက်လုံး အကြောင်သားနဲ့ ငေးနေမိတုန်းပါပဲ။
@@@@@@@@@@@@@@@@
အပိုင်း(၂ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
ဝတ္ထုက 5 ပိုင်းသာ ပါတဲ့အပိုင်းတိုလေးပါနော်
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
ကျွန်မလဲ အလှဆုံးပန်းတစ်ပွင့်ကိုယူပြီး ထွက်လာခဲ့လိုက်တယ်။ပြီးတော့ ကားလမ်းမကြီးဘေးနားမှာရပ်နေတဲ့ ယောကျာ်းလေးနှစ်ယောက်ဆီကို လျှောက်သွားလိုက်ပြီး ကျွန်မနဲ့အနီးဆုံးကောင်လေးကို ကြည့်လိုက်မိတယ်။ကောင်လေးက ကျွန်မကိုပြန်ကြည့်လာတော့ ချောလိုက်တာလို့ တွေးလိုက်မိသေးတယ်။ပြီးတော့ ခေါင်းကို ခါယမ်းလိုက်မိတယ်။ဟုတ်တယ်လေ ဒီလိုချောတဲ့ ကောင်လေးက ကျွန်မရဲ့ဖူးစာရှင်မဖြစ်နိုင်ဘူး။ သူ့ဘေးမှာ ရပ်နေတဲ့ စူပုတ်ပုတ်ရုပ်ဆိုးဆိုးကောင်လေးကသာ ကျွန်မနဲ့လိုက်ဖက်တာမို့ ကျွန်မရဲ့ဖူးစာရှင်ဖြစ်မှာ။ကျွန်မလက်ထဲက ပန်းလေးကို ခပ်ချောချောကောင်လေးဆီကို ပေးလိုက်ပြီး "သူ့ကို ပေးပေးပါနော် " လို့ပြောပြီး ပြေးထွက်လာခဲ့မိတယ်။အဲ့ဒီနောက်မှာ ကျွန်မအိပ်မက်ကလန့်နိုးလာခဲ့တယ်။အိပ်မက်က လနဲ့နိုးချိန်မှာ ကျွန်မရင်တွေခုန်နေသလိုလို တုန်နေသလိုလို ခံစားနေခဲ့ရပေမဲ့ နောက်ရက်တွေမှာ အိပ်မက်ကို မေ့သွားခဲ့မိတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ ကျွန်မစိတ်ညစ်တဲ့အခါတိုင်း သူ့ကိုအိပ်မက်မက်တယ်။အိပ်မက်မက်တယ်ဆိုပေမဲ့လဲ ဒုတိယအကြိမ်မြောက်အိပ်မက်ကစပြီး သူ့မျက်နှာ ပီပြင်စွာမမြင်ရတော့ဘူး။ သူက အိပ်မက်ထဲမှာ စကားလဲမပြောဘူး။ ကျွန်မလက်ကိုကိုင်ပြီး အားပေးတယ်။ ကျွန်မတို့ တူတူလျှောက်လည်ကြတယ်။ ဒါပေမဲ့ကျွန်မ သူ့မျက်နှာကိုမော့ကြည့်လိုက်မိတိုင်းမှာ သူ့မျက်နှာက ပျောက်ကွယ်သွားတတ်တယ်။ ဒီလိုနဲ့ ကျွန်မစိတ်ညစ်တဲ့အခါတိုင်း သူ့ကိုအိပ်မက်မက် တယ်။သူ့ကို အိပ်မက်မက်တိုင်း သူ့မျက်နှာကိုမတွေ့ရတော့ ငိုမိတယ်။ကံကောင်းတာက ပထမဆုံးအကြိမ်အိပ်မက်မက်စဉ်က သူ့ရဲ့စူပုတ်ပုတ်ရုပ်ဆိုးဆိုး မျက်နှာကို ကျွန်မမှတ်မိနေလို့သာ ဖြေသာနေရတာ။ ဒီလို့နဲ့ ကျွန်မမှာ အိပ်မက်ထဲက ဖူးစာရှင်ချစ်သူကို မျှော်လင့်စောင့်စားရင်း အသက် (၁၇)နှစ်ကနေ (၂၆) နှစ်ထဲကို ရောက်လာခဲ့ပြီလေ ။ ကျွန်မအဖြစ်က ဖူးစာရှင်သူ့ကို စောင့်မျှော်ရင်း အထီးကျန်ဘ၀ကို ရောက်မှန်းမသိရောက်လာခဲ့မိတယ်။တစ်ယောက်ယောက်ကများ ကျွန်မကိုချစ်သူရှိလားမေးလာခဲ့ရင် ရှိတယ်လို့ ကျွန်မပြန်ပြောနေကြပါပဲ။သို့ပေမဲ့ လက်တွေ့ချပြစရာဖြင့်တော့ မရှိခဲ့ဘူးပေါ့လေ။
"ဟယ် ..မိလတ် ဘာတွေတွေးနေတာတုန်း ..ဟင်းတွေ တူးကုန်ပြီလေ .. ဒုက္ခပါပဲမိလတ်ရယ် ...ငါတို့အလုပ်နောက်ကျတော့ မယ်ဟဲ့ ..နင်နဲ့တော့ ခက်ပါတယ် .... "
အစ်မဖြစ်သူခင်လေးနွယ်ရဲ့ ပြစ်တင်ပြောဆိုသံကိုကြားမှ ကျွန်မလဲ သတိဝင်လာခဲ့မိတယ်။ဪ ..မမခင်လေးစိတ်ဆိုးတာလဲ မပြောနဲ့လေ ။ထမင်းချိုင့်အတွက်ချက်ထားတဲ့ ကြက်သားဟင်းက ဒယ်အိုးကပ်နေပြီလေ "
ဘယ်လောက်ပဲ လုပ်ပေး လုပ်ပေး အပြစ်မလွှတ်အပြော မလွတ်တဲ့ ကျွန်မ။တကယ်ဆို ကျွန်မလုပ်ပုံတွေနဲ့ မိသားစု ကပြောတာလဲ မလွန်ပါဘူးလေ။ဘာမှကိုအဖြစ်ရှိအောင် မလုပ်တတ်တာက ကျွန်မကတကယ် ပဲဘုရားပွဲစျေးက ကောက်ရလာခဲ့တဲ့ ကလေးတစ်ယောက်ဖြစ်နေလို့များလားလို့ ယောင်ဝါးဝါးနဲ့ တွေးနေမိတုန်းပါပဲ။
~~~~~
"သမီးကြီးခင်လေးက အသက် ( ၂၉)နှစ်လေ ...သိပ်လိမ္မာတာ...တက္ကသိုလ်မှာ ဆရာမဖြစ်နေပြီလေ အေးရယ် ... စေ့စပ်ထားသူတော့ရှိတယ် ..မိဘတွေကို မခွဲနိုင်ဘူးဆိုပြီးလက်မထပ်သေးတာလေ..အငယ်မလေး ဖူးငုံက အသက် (၂၄)နှစ်ထဲမှာ ...သူကတော့အဖေတူသမီးပေါ့အေးရယ်..အခုဆိုရင် ရှေ့နေမကြီးဖြစ်နေပြီလေ...သားကြီးကတော့ အိမ်ထောင်ကျလို့မြေးလေးတစ်ယောက်ရနေပြီ "
အမေ့ရဲ့ဂုဏ်ယူဝင့်ကြွားနေတဲ့စကားသံတွေက အိမ်ရှေ့ ဧည့်ခန်းကနေ နောက်ဖေးမီးဖိုခန်းအထိ ပျံ့လွင့်လာခဲ့တယ်။ကျွန်မကော်ဖီနဲ့ မုန့်ပန်းကန်တွေယူသွားပြီး ဧည့်ခန်းထဲကို ထွက်လာခဲ့လိုက်တယ်။
~~~~~~~
"သူလေးက ဘယ်သူလဲရီရီ ...အလတ်မလေးထင်တယ် "
အမေ့ရဲ့ သူငယ်ချင်းက ကျွန်မကိုကြည့်ပြီးမေးတယ်။ ကျွန်မက အမေ့သူငယ်ချင်းကို ကြည့်ပြီး ဝမ်းသာအားရနဲ့ကို ပြုံးပြပစ်လိုက်တယ်။ ဟုတ်တယ်လေ အမေဘယ်လိုပဲ မပြောချင်အုံးတော့ ရုပ်ချောပြီး ပညာတွေတတ်လှတဲ့ အမေ့ရဲ့သားသမီးသုံးယောက်ကို လူတိုင်းမှတ်မိနေကြသလိုပဲ အသားညိုညိုမျက်လုံးပြူးပြူးနဲ့ ကျွန်မကိုလဲလူတိုင်းမမေ့ဘူးဆိုတာ အမေသိသွားတာကို ကျွန်မဝမ်းသာလွန်းလို့ ပြုံးရယ်ပြလိုက်မိတယ်။
" အလတ်မလေးတောင် ချောလာတယ်နော် .. အလုပ်ရော ဘယ်မှာလုပ်နေတာလဲ .."
ရွက်ကြမ်းရေကျိုပါလို့ မိသားစုကိုယ်တိုင်က သက်မှတ်ထားတဲ့ ကျွန်မကိုချောလာတယ်ပြောတာကိုတော့ ရယ်ချင်မိတာအမှန်ပါပဲ။နောက်ဆက်တွဲမေးခွန်းကိုလဲ ကျွန်မကိုယ်တိုင် ဖြေစရာမလိုပါဘူးလေ။အမေက ဆင်ဝှေ့ရန်ရှောင်နည်းနဲ့ဖြေပေးပါလိမ့်မယ် ။
" သူကတော့ အကြီးတွေနဲ့ရော အငယ်မနဲ့ပါမတူဘူး အေးရေ ... အိမ်မှာပဲ ဝိုင်းကူခိုင်းထားရတယ်....ရီရိနဲ့ဆိုင်ကိုလဲ လိုက် ခိုင်းလို့လဲ မဖြစ်ဘူးလေ .. ဆိုင်ရှေ့လာရပ်သမျှ တောင်းရမ်းသူတွေကို ..တစ်ယောက်မကျန် အလှူငွေထည့်နေတာအေးရေ ..အဲ့ဒီတော့ အိမ်မှာမီးဖိုချောင် တာဝန်ယူခိုင်းထားရတယ်...အားတဲ့အချိန်စက်လေးချုပ်ပေါ့အေးရယ်... အိမ်ခြေရင်းကအခန်းက သူ့အလုပ်ခန်းလေ..တစ်လတစ်လသူရတဲ့ လစာလဲ ရီတို့မမြင်ရပါဘူး အေးရယ် "
" ဟယ် ..မရှိပါဘူးဟဲ့ ..ငါက သဘောပြောတာပါ ..ငါလိုလူကို ဘယ်သူကကြိုက်ပါ့မလဲ "
ကျွန်မအားငယ်သလို ပြောလိုက်တော့သူငယ်ချင်းတွေ အရယ်ရပ်သွားကြတယ်။သူတို့ ကျွန်မကို သနားသွားကြတာပဲလားမသိဘူး။အသားညိုညို၊ ပုပုလုံးလုံးနဲ့ကျွန်မပုံစံက ခန္ဓာကိုယ်ထဲက ရှိတဲ့အားအင်တွေကြောင့် အရပ်ကတော့ရှည်ထွက်မလာဘဲ မျက်နှာမှာပဲကြီးကြီးလာတယ်လေ။ မျက်လုံးကပြူးပြူး၊ မျက်ခုံးက ပါးပါးမျှင်မျှင်တစ်ကြောင်းတည်းပဲရှိတယ်။နှုတ်ခမ်းကလဲပါးပါးသေးသေးလေး ၊ နှာခေါင်းကပြားပြားနဲ့ဆိုတော့ စဉ်းစားသာကြည့်။လူတွေပြောတာတော့အသက်ငယ်ရင်သရဲတောင်ချောတယ်တဲ့။ကျွန်မကတော့ အသက်သာငယ်တာမချောခဲ့ပါဘူး။ ဒီကြားထဲ ထမင်းတစ်လုတ်စားရင်တစ်လုတ်စာသိသိသာပူလာတတ်တဲ့ ဗိုက်ခေါက်ထူထူတွေကလဲ ရှိသေးတယ်။ ဒါကြောင့်မို့လဲ ထင်ပါရဲ့။ဆွေမျိုးတွေစုံပြီဆိုရင် အားလုံးကျွန်မကို ဝိုင်းစကြတယ်လေ။
"မိလက်ကို ဘုရားပွဲဈေးမှာလူမှားခေါ်လာခဲ့မိတာလေ...အဲ့ဒီတုန်းက ..သမီးကြီးထင်လို့ လက်ဆွဲခေါ်လာခဲ့မိတာလေ... တော်သေးတာပေါ့ ..သမီးကြီးကလဲ သူ့အဖေနဲ့ ပါလာခဲ့လို့ "
"ဟယ်..ဟုတ်လား..ဒါဆို မိလတ်က မမကြီးတို့သမီးမဟုတ်ဘူးပေါ့ "
မိဘနှစ်ပါးနဲ့ ဦးလေးတွေ အဒေါ်တွေက ဒီလိုဝိုင်းစကြတိုင်း ကျွန်မငိုခဲ့ရတယ်။လူကြီးတွေက ကျွန်မကိုကြည့်ပြီးရယ်နေခဲ့ကြသလို ကျွန်မလဲအလူးအလဲငိုခဲ့ရတယ်။အသက်အရွယ်ရလာချိန်မှာ ဒီစကားတွေက စတဲ့စကားတွေမှန်းသိသိနဲ့ပဲ ကျွန်မတကယ်ပဲ မွေးစားသမီးဖြစ်နေခဲ့မလားဆိုတဲ့စိတ်က နှလုံးသားထဲမှာစွဲမြဲနေခဲ့တယ်။ဘုရားပွဲဈေးတွေကို သွားတိုင်း ဈေးသည်တွေထဲက ဈေးသည်တစ်ယောက်ယောက်က ကျွန်မရဲ့မိဘအရင်းတွေများဖြစ်နေမလားလို့ တွေးမိခဲ့တယ်။ဒီလိုတွေးမိလောက်အောင်လဲ ကျွန်မရဲ့ ရုပ်ရည်ကတခြားညီကိုမောင်နှမတွေနဲ့ကွဲထွက်နေခဲ့တယ်လေ။ကျွန်မတို့မှာ မောင်နှမလေးယောက်ရှိတယ်။အကြီးဆုံးကအစ်ကိုကြီးသီဟ။ပြီးတော့မမခင်လေးနွယ်။ပြီးတော့ ကျွန်မပေါ့။ကျွန်မပြီးတော့ ညီမလေးဖူးငုံထွေး။ပြောရရင် ကျွန်မကလွဲပြီး ကျန်သုံးယောက်က ချောချောလှလှလေးတွေချည်းပဲ။သူတို့ချောလှကြတာလဲ မပြောနဲ့။ အဖေနဲ့အမေကလဲ ချောကြတယ်လေ။မချောမလှတာဆိုလို့ ကျွန်မပဲရှိတာလေ။
"ဟဲ့ မိလတ်..ဘာတွေစဉ်းစားနေတာလဲ...ငါတို့ ပြောတာကြားရဲ့လား "
" ဟင် .ဘာပြောတာလဲ "
"ဒီလိုလေဟာ ...ငါတို့တွေ ဖူးစာရှင်ကိုအိပ်မက်မက်တဲ့ အစီအရင်လုပ်ကြမလို့ ...နင်ရော လုပ်မလား "
" ဟင် .. ဘာပြောတယ်...ဖူးစာရှင်ကို အိပ်မက်မက်တာ ဟုတ်လား .. မဟုတ်တာတွေ ဟယ်..."
" ဟုတ်မဟုတ်ကတော့ လုပ်ကြည့်ရမှာပေါ့ဟယ် ..ငါတော့ ဒီညစမ်းလုပ်ကြည့်မလို့ "
ယုယုကပြုံးစိစိနဲ့ ပြောတော့ ကျွန်မလဲစိတ်၀င်စားသွားမိတယ်။ဟုတ်တယ်လေ ကျွန်မလို ရုပ်ဆိုးတဲ့သူဆီမှာရော ဖူးစာရှင် ရှိလားသီချင်လာမိတယ်။ ဒါနဲ့ ယုယုတို့ကိုနည်းမေးလိုက်မိတယ်။
"ငါလဲ လုပ်ကြည့်ချင်တယ်ဟယ် ..ဘာတွေလုပ်ရမှာလဲ ပြောအုံး "
" အေးပါ ..နည်းတွေကမခက်ပါဘူးဟယ် .. ပထမတစ်နည်းက ..ဘဲဥပြုတ်ကိုလူမသိအောင်ပြုတ်ပြီး ...အိပ်ခါနီးမှာ လူမသိအောင်စားရမယ်..ပြီးရင်ရေမသောက်ဘဲ ..တန်းအိပ်ရမယ် ... အဲဒါဆိုရင် ညကျရင်နင့်ရဲ့ဖူးစာရှင်က အိပ်မက်ထဲမှာနင့်ကို ရေလာတိုက်လိမ့်မယ်တဲ့ ..နောက်တစ်နည်းက...(Kiss Me Quick) ပန်းသိတယ် မဟုတ်လား ....အဲ့ဒီပန်းကိုမှတစ်ခိုင်မှာသုံးပွင့်တည်းပွင့်တဲ့ ပန်းခိုင်ကို ..ညကိုးနာရီတိတိမှာ လက်နောက်ပြန်ခူးပြီး... ခေါင်းအုံးအောက်မှာထားအိပ်ရမှာတဲ့...ညရောက်ရင်ဖူးစာရှင်ကို အိပ်မက်မက်လိမ့်မယ်တဲ့ "
"ဟယ် ...မလွယ်ပါဘူးဟယ် ..ဘဲဥပြုတ်ကိုခိုးပြုတ်ခိုးစားဖို့က မလွယ်ပါဘူးဟာ .. ပြီးတော့ (Kiss Me Quick)ပန်းက သုံးပွင့်တစ်ခိုင်ပွင့်ခဲတယ်ဟဲ့ ..အိမ်မှာတော့ အဆုပ်လိုက်ကြီးတွေ ပွင့်တာ "
" မိလတ်ရယ် ..ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ကို ကြိုတင်သိရအောင်လုပ်ပါတယ်ဆိုမှ ... ဒီလောက်တော့ ခက်ခဲတာပေါ့ဟဲ့ ..တကယ်တည်း အပျင်းမမိလတ် "
သူငယ်ချင်းတွေကို ခက်ခဲတယ်လို့ ပြောခဲ့မိပေမဲ့ အိမ်ပြန်ရောက်တော့ အဆူခံအပြောခံ အနှိမ်ခံနေရတဲ့ကြားကနေ အမေ့ရဲ့ (Kiss Me Quick ) ပန်းအိုးတွေကို မျက်စောင်းထိုးကြည့်မိသေးတယ်။ဖြစ်ချင်တော့ သုံးပွင့်တည်းပွင့်နေတဲ့ပန်းခိုင်နဲ့မှ မျက်လုံးက တည့်တည့်တိုးမိတာ။ ညရောက်တော့ ဘယ်သူမှမသိအောင်ပန်းအိုးနားသွားရပ်နေပြီး လက်ကနာရီကို တကြည့်ကြည့်နဲ့ ညကိုးနာရီကွက်တိမှာ ပန်းပင်ကို ကျောခိုင်းပြီး ပန်းခိုင်ကိုဆတ်ခနဲခူးယူပြီး အိမ်ပေါ်တက်ခဲ့လိုက်တယ်။မှတ်မှတ်ရရပြောရရင် အိပ်မက်ထဲယောင်ပြီးငိုတတ်တဲ့အကျင့်က အဲ့ဒီနေ့ကစခဲ့တာပဲပြောရမလား။
~~~~
နေရာကတောင်ပေါ်မြို့လေးတစ်မြို့။သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်း။ကျွန်မနဲ့ သူငယ်ချင်းတစ်ယောက် ပန်းတွေခူးနေကြတယ်။ ဒီအချိန်မှာ သူငယ်ချင်းက လှမ်းပြောတယ်။
"ဟေ့ မီလတ် ..ဟိုမှာ နင့်ကောင်လေးရောက်နေပြီ ..ပန်းတွေ သွားပေးလိုက်လေတဲ့ "
"အေး .. အေး "
#အလတ်မလေး
(အပိုင်း ၁)
akyiphyu
******
အချိန်ကနေ့လား၊ ညလားဆိုတာကို ကျွန်မသေချာမခွဲခြားနိုင်ဘူးဖြစ်နေတယ်။ရှေ့မှာမြင်မြင်ရသမျှ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဒါပေမဲ့ ကောင်းကင်ပေါ်မှာနေရောင်ကို မတွေ့ရဘူး။ လရောင်ကြယ်ရောင်ကိုလဲမတွေ့ရဘူး။ ဖြူပိတ်ပိတ်ကောင်းကင်ကြီးရဲ့အောက်မှာ သပ်ရပ်လှပတဲ့ အိမ်တွေအများအပြားကို တွေ့မြင်နေရတယ်။အိမ်တွေအများကြီး လှပစွာ တည်ရှိနေကြတယ်။သို့ပေမဲ့ လူရိပ်လူယောင်ကို လုံးဝမတွေ့ရဘူး။လမ်းတွေပေါ်မှာ လူမပြောနဲ့ ခွေးတစ်ကောင်ကြောင်တစ်မြီးမှမတွေးရဘဲ တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့တယ်။
ကျွန်မတစ်ယောက်တည်းအိမ်တွေရှေ့ကနေ လျှောက်လှမ်းလာခဲ့ရင်း တစ်အိမ်ပြီးတစ်အိမ်ကို အသေအချာလိုက်ကြည့်နေမိတယ်။အိမ်တွေအားလုံး တံခါးတွေပိတ်ထားကြတယ်။ပြတင်းပေါက်တံခါးတစ်ချပ်တောင်ဖွင့်မထားကြတဲ့ အိမ်တွေကိုကြည့်ပြီး ကျွန်မအထီးကျန်လာတယ်။ဝမ်းနည်းလာတယ်။ရင်ထဲမှာတလှိုက်လှိုက်နဲ့ဆို့ဆို့နင့်နင့်ကြီးခံစားလာရတယ်။ဝမ်းနည်းနာကျင်လာတယ်ဆိုတဲ့ခံစားချက်ကြီးနဲ့ ကျွန်မရင်ထဲမှာ ဆွေးမြေ့ကြေကွဲနေခဲ့တယ်။ပိတ်ထားတဲ့အိမ်တံခါးတွေကို ငေးကြည့်ရင်း ကျွန်မရဲ့ခြေလှမ်းတွေ နှေးကွေးလေးလံလာခဲ့တယ်။ဒီအချိန်မှာပဲအဖြူရောင်အဆင်းရှိတဲ့ လှပတဲ့အိမ်ကြီးတစ်လုံးကို ခြံတံခါး၊ အိမ်တံခါးတွေ ဖွင့်ထားလျက် တွေ့လိုက်ရတယ်။တံခါးဖွင့်ထားတဲ့ အိမ်ကြီးကိုကြည့်ပြီး ကျွန်မရင်ထဲမှာလှိုက်ခနဲခုန်လှုပ်သွားခဲ့တယ်။ခြေလှမ်းတွေက အားအင်တွေပြန်ပြည့်လာခဲ့တယ်။အေးစက်နေတဲ့ နှလုံးသားကတထိတ်ထိတ်နဲ့အခုန်မြန်လာတယ်။ရင်ထဲမှာဘာမှန်းမသိတဲ့ ခံစားချက်ကြီးတစ်ခု။ခြေလှမ်းတွေက အိမ်ကြီးရှိရာဆီကို အလိုလိုဦးတည်လျှောက်လှမ်းသွားခဲ့မိတယ်။
ကျွန်မအိမ်ထဲကို ၀င်လာခဲ့တယ်။အိမ်ဟာရှင်းလင်း တိတ်ဆိတ်လွန်းနေခဲ့တယ်။အိမ်ထဲမှာ ဘာအရိပ်အခြည်မှကို မတွေ့ရဘူး။အိမ်ရဲ့ဝင်ပေါက် ဧည့်ခန်းကနေတဆင့်တစ်ခန်းပြီးတစ်ခန်း ၀င်လာခဲ့ချိန်မှာ အရာရာဟာ ငြိမ်သက်တိတ်ဆိတ်အေးစက်လွန်းနေခဲ့တယ်။ကျွန်မထင်ထားခဲ့သလို၊ မသိစိတ်က မျှော်လင့်ထားခဲ့မိသလို ဘယ်အရာကမှ ကျွန်မကို ဆီးကြိုမနေခဲ့ဘူး။အေးစက်လွန်းတဲ့ အခြေအနေကိုကြည့်ပြီး ကျွန်မဝမ်းနည်းပက်လက်ဖြစ်လာမိတယ်။ထိန်းချုပ်ထားတဲ့ကြားကနေ ရှိုက်ကြီးတငင်ငိုချလိုက်မိတယ်။
"အီး..ဟီး..ဟီး "
"မိလတ်...မိလတ်ထစမ်း...ဘာတွေယောင်နေပြန်ပြီလဲ ..."
ခန္ဒာကိုယ်ကိုကိုင်လှုပ်ပြီး ခပ်ဆတ်ဆတ်ငေါက်ငမ်းသံကြောင့် ကျွန်မမျက်လုံးအစုံကို ပြူးပြဲဖွင့်ကြည့်လိုက်မိတယ်။ဒီအခါမှာ ကျွန်မမြင်လိုက်ရတာက မွေးသမိခင်ရဲ့ဒေါသမျက်နှာ။
"ဘယ်အချိန်ရှိနေပြီလဲ ..မိုးလင်းတော့မယ် မိလတ်ရဲ့ ...အားအားရှိအိပ်မက်ထဲယောင်ပြီးငိုနေတာပဲ...ကလေးလဲမဟုတ်တော့ဘူး...ထတော့နင့်အစ်မနဲ့ နင့်ညီမအတွက် ထမင်းချိုင့်ပြင်ပေးရအုံးမယ်လေ...ငါဘုရားရှိခိုးလိုက်အုံးမယ် ... ထတော့နော်"
အမေကပြောပြောပြောဆိုဆိုနဲ့ အိပ်ခန်းထဲက ထွက်သွားတယ်။အမေထွက်သွားတော့ ကျွန်မလဲအိပ်ရာထဲကလူးလဲထလိုက်ပြီး မီးဖိုခန်းကိုပြေးရတယ်။
~~~~
ဆန်ဆေးပြီးတော့ ပေါင်အိုးဖင်ကို ရေစင်အောင် လက်နှီးဝတ်နဲ့ပွတ်ရတယ်။ပြီးတော့မှအိုးခုံထဲထည့် ပလပ်ပေါက်တပ်ပြီး ခလုတ်ဖွင့်လိုက်တယ်။ထမင်းအိုးတည်ပြီးတော့ ဟင်းချက်ဖို့ပြင်ဆင်ရတယ်။ဟင်းချက်နေရင်း အိပ်မက် အကြောင်းကိုတွေးလိုက်မိတော့ စိတ်ထဲမှာဝမ်းနည်းလာသလိုလိုခံစားလိုက်မိတယ်။ကြိုဆိုသူမရှိတဲ့အိမ်၊ထွေးပွေ့မဲ့ သူမရှိတဲ့ အိမ်အလွတ်ကြီးထဲမှာ ကျွန်မအမြဲဝမ်းနည်းနာကျင်ခဲ့ရတဲ့ အိပ်မက်။ ဒီအိပ်မက်ကို ကျွန်မမက်နေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီလေ။မှတ်မှတ်ရရပြောရရင် ကျွန်မ ဆယ်တန်းကျခဲ့တဲ့နှစ်ကလို့ပဲ ပြောရလေမလား။ စာမေးပွဲကျတဲ့သူငယ်ချင်းတွေအချင်းချင်း အားပေးကြငိုကြယိုကြတဲ့နေ့ကပေါ့။ကျွန်မကတော့ အဲ့ဒီအချိန်တုန်းက မျက်ရည်မကျခဲ့ပေမဲ့အိမ်ပြန်ရောက်ရင်တစ်မိသားစုလုံးက နှိမ်ကြ၊ ဆူပူကြမှာကိုသိနေလို့ စိတ်ညစ်ပြီး သူငယ်ချင်းတွေနဲ့ထိုင်နေခဲ့မိတာ။ ကိုယ်မဖြေနိုင်တဲ့ စာမေးပွဲကိုကျမယ်ဆိုတာ သိပြီးသားမို့ ကျွန်မငိုစရာ အကြောင်းလဲမရှိခဲ့ဘူးလေ။
"ဟဲ့..မိလတ် နင်ကမငိုဘူးပေါ့ ..ဘာလဲ....နင့်အိမ်က အေးအေးဆေးဆေးပဲလား...စာမေးပွဲကျလို့ မဆူဘူးလား ... ငါအိမ်ကတော့ အမေက မဆူပေမဲ့ငိုမှာသေချာတယ် "
"အမယ်လေး ယုယုရယ်....ငါကတွက်စာတွေရပေမဲ့ ...စာတွေကို အလွတ်မကျက်နိုင်တော့ ဖြေမှမဖြေနိုင်ခဲ့တာ...အဲ့ဒါကြောင့် အစကတည်းကမအောင်မှန်းသိပြီးသား ... ငိုချင်စိတ်လဲမရှိပါဘူးဟယ်....ပြီးတော့ ..အိမ်ကမဆူလို့မဟုတ်ဘူးဟေ ... အိမ်ကလဲ ပြောထားတယ်... စာမေးပွဲကျရင် ကျောင်းထွက်ပြီး အိမ်အလုပ်တွေလုပ်ရမယ်တဲ့လေ ... အဲ့ဒါ ထက်ဆိုးတာက ..တစ်မျိုးလုံးက ငါ့ကိုမမနဲ့နှိုင်းယှဉ်ပြီးနှိမ်ကြအုံးမှာ ... ငါလေ ဒီအချိန်မှာ လင်နောက်လိုက်သွားပစ်လိုက်ချင်တယ် .. အဲ့ဒီကျမှငါ့မိဘတွေဘယ်လိုခံစားရလဲသိချင်လို့ "
ကျွန်မရွှဲ့ပြီးဖြေလိုက်တော့ ယုယုတို့ ဝင်းမာတို့က ဝိုင်းကြည့်ပြီး စကြတယ်။
"မိလတ် အစုတ်ပလုတ်မ ..စာမေးပွဲတော့ အောင်အောင် မဖြေဘူး...လင်နောက်ကလိုက်ချင်နေပြီ ..ဘာလဲနင့်မှာ ရည်းစားရှိလို့လား "
" ဟင် " မြင်လိုက်ရသော မျက်နှာများကြောင့် မပိုးဖြူ ခေါင်းထဲတွင် မိုက်ခနဲလိုဖြစ်သွားရပြီး အံကိုတင်းတင်းကြိတ်လိုက်မိသည်။
မျိုးမမကတော့ ခပ်တည်တည်ပင်မပိုးဖြူကိုကြည့်နေသည်။ မျိုးမမသည် ၀င်တိုက်မိသူမှာ မပိုးဖြူ မှန်းသိလိုက်သည်နှင့် ကိုဇင်မောင်၏ လက်မောင်းကို ချက်ချင်းပင်ဖက်တွယ်လိုက်သည်။ကိုဇင်မောင်မှာမူ သူတို့ရှေ့တည့်တည့်တွင်လဲကျနေသောမပိုးဖြူကို ကြောင်ငေး၍ ကြည့်နေမိသည်။
" အစ်ကို သွားမယ်လေ ... ဘာကြည့်နေတာလဲ .."
မျိုးမမက ကိုဇင်မောင်ကို ကြည့်လိုက်ပြီး အသံမာမာနှင့်ပြောလိုက်ကာ နေရာမှထွက်ခွါရန် ပြင်လိုက်သည်။
မျိုးမမ၏အပြုအမူကို ကြည့်ပြီး မပိုးဖြူလဲကျနေရာမှ ပြန်ကုန်းထလိုက်ပြီးလျှင် လှည့်ထွက်သွားကြသောမျိုးမမတို့ကို လှမ်းခေါ်လိုက်သည်။
"ဟေ့ ...ဒီမှာ ဟိုနှစ်ယောက် ...ရှင်တို့လူတွေ မဟုတ်ဘူးလား ... မတော်တဆဝင်တိုက်မိရင်လဲ အနည်းဆုံး ဆောရီးလို့တော့ပြောရမယ်လေ ...လူ့ယဉ်ကျေးမှုကို မသိတာလား ....လူတွေမဟုတ်တာလား "
" ဘာ...ဘာပြောတယ် "
"လာ ..လာပါကွာမျိုးရာ ....အစ်ကိုတောင်းပန်ပါတယ် ..သွားရအောင်နော် "
သူတို့နှစ်ယောက်မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး အသံမာမာနှင့်ပြောနေသော မပိုးဖြူကို ကြည့်ပြီး မျိုးမမတစ်ယောက် ဆွေ့ဆွေ့ခုန်မတက်ဒေါသဖြစ်သွားရလေသည်။ကိုဇင်မောင်က မျိုးမမ၏လက်ကိုအတင်းဆွဲခေါ်လျက် အပေါ်ထပ်သို့တက်သော စက်လှေကားရှိရာဆီသို့ ခပ်မြန်မြန်ပင် လျှောက်သွားလိုက်သည်။
မပိုးဖြူအံလေးကိုတင်းတင်းကြိတ်လျက် အထုပ်များကို တစ်ခုချင်းစီလိုက်ကောက်လိုက်သည်။ထိုစဉ်မှာပင် လူတစ်ယောက်က မပိုးဖြူ၏အထုပ်များကို ကူ၍ကောက်ပေးလေသည်။အထုပ်များကို ကူကောက်ပေးနေသူကို မပိုးဖြူမော့ကြည့်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေး....ကျေးဇူးပါရှင် ...ဟင် ... ရှင် ..ရှင် ကိုမိုးထက် "
" ဟုတ်ကဲ့ ကျွန်တော်မိုးထက်ပါ ...ပိုးဖြူ ကျွန်တော့်ကိုမှတ်မိသားပဲ ....ဘာလဲ ဒီမှာဈေးလာဝယ်တာလား ...၀ယ်လို့ပြီးပြီလား .. ကျွန်တော့်ကားကို ငှားစီးလို့ရတယ်နော် ....ကျွန်တော်လဲ အပိုဝင်ငွေလေးဘာလေးရလိုရငြား ရှာနေတာဆိုတော့လေ ... ဘယ်လိုလဲ ကားငှားမှာလား "
မိုးထက်မျက်နှာကိုကြည့်ပြီး မပိုးဖြူ တစ်ခဏမျှစဉ်းစားလိုက်သည်။ပြီးမှ အားနာနာဖြင့်မေးလိုက်သည်။
"ဟို ...တကယ်ပဲ ရှင့်ကားကို ငှားလို့ရလားဟင် "
"ရပါတယ်ဆိုဗျာ ... ကားငှါးခသာပေးရင် တစ်နေကုန်အောင်ငှားလို့ရတယ် "
"တကယ်လား ..ဒါဆို တစ်နေကုန် ငှါးမယ် ... ဒီနေ့ တစ်နေကုန်ရသလောက်လိုက်ဝယ်ချင်တာ ...အထုပ်တွေကို တက္ကစီကားပေါ်မှာမထားခဲ့ရဲလို့ ဘယ်လိုလုပ်ရမလဲစိတ်ညစ်နေတာ ... ကိုမိုးထက်ကိုတော့ ကျွန်မယုံပါတယ် "
"ဪ ..ဟုတ်ကဲ့ ....ကျွန်တော့်ကို ယုံပေးလို့ကျေးဇူးပါဗျာ....ကဲ ဒီမှာဝယ်အုံးမှာလား .... ဘယ်သွားမှာလဲ .... ယုံတယ်ဆိုရင် အထုပ်တွေပေးလေဗျာ ...မင်းရဲ့အထုပ်တွေ ကျွန်တော်ယူမပြေးပါဘူးဗျာ ."
ပြောပြောဆိုဆိုနှင့်မပိုးဖြူလက်ထဲမှ အထုပ်များကို မိုးထက်ယူလိုက်သည်။မပိုးဖြူက တုံ့နှေးနှေးနှင့် အထုပ်တချို့ကို မိုးထက် ဆီသို့ ပေးလိုက်သည်။
~~~~~
" အထည်ဆိုင်ဖွင့်မလို့လား ...အရင်အိမ်မှာပဲလား ..."
နောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး မိုးထက်မသိဟန် ပြုလျက် မေးလိုက်သည်။ကားပေါ်ပါလာအောင်မနည်းခေါ်လာခဲ့ရ၍ စကားမမှားအောင်လည်း မိုးထက်မှာ ဂရုစိုက်နေရသည်။
" ဟုတ်တယ် အထည်ဆိုင်ဖွင့်မလို့ ....ပြီးတော့ ကျွန်မအိမ်ပြောင်းသွားပြီ အရင်နေရာမဟုတ်တော့ဘူး ... "
"ဟုတ်လား ...ကိုယ်ပိုင်အလုပ်ရှိတော့ ကောင်းတာပေါ့ ...အွန်လိုင်းကရောရောင်းမှာလား....အထည် ဝယ်ဖို့သွားတာဖြစ်ဖြစ်...စျေးဝယ်ထွက်ရင်ကျွန်တော့်ကားကို ငှါးလေဗျာ ... ပိုးဖြူကိုယ်တိုင် မသွားချင်ရင်လဲ ကျွန်တော်လိုက်ယူပေးလို့ရပါတယ် ....ဖုန်းနံပတ်ပေးထားတာရှိသေးတယ် မဟုတ်လား "
မိုးထက်၏အမေးကြောင့် မပိုးဖြူမျက်လုံးဝင့်ကြည့်လိုက်ပြီး
" အဲ့ဒီဖုန်းက ပျောက်သွားပြီ "
" ဟုတ်လား ...အဲ့ဒါဆို ဖုန်းနံပတ်အသစ်ပေးလေ "
မိုးထက်ပြောရင်း မပိုးဖြူ ထံမှ ဖုန်းနံပတ်တောင်းလိုက်သည်။မပိုးဖြူကနောက်ခုံမှနေ၍မိုးထက် နောက်ကျောကို ကြည့်နေလိုက်ပြီး တုံးတိတိနှင့် မေးလိုက်သည်။
"ဒီကားက တက္ကစီမှမဟုတ်တာ ... ရှင်က ဘာအလုပ်လုပ်တာလဲ "
မပိုးဖြူ၏ အမေးကြောင့် မိုးထက်ဖြုန်းခနဲဘာဖြေရမှန်းမသိဖြစ်သွားရသည်။
'' ဟို ..ဟိုဗျာ .... ကားအရောင်းဆိုင်မှာ အလုပ်လုပ်တာ..."
"ဪ ... ဟုတ်လား ... "
မပိုးဖြူမိုးထက်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ကာ ပြတင်းပေါက် အပြင်သို့ ငေးကြည့်ရင်း လိုက်ပါလာခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၆ ) ဆက်ရန်
#ဧကြည်ဖြူ
"ဆေးထိုးမှာသာထိုးပေးစမ်းပါကွာ...မင်းမသိပါဘူး ... လူလဲဖျားချင်သလိုဖြစ်နေပြီ "
မိုးထက်က ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပေးလိုက်ရင်း ပြောလိုက်သည်။
"ဟ ...မသိလို့ မေးတာပေါ့ကွ ..."
ရဲသူက မိုးထက်ကိုဆေးထိုးပေးလိုက်ရင်းပြန်ပြောလိုက်သည်။
"အေးကွာ ရဲသူရာ ...ငါ့တစ်သက်နဲ့တစ်ကိုယ်ကွာ ... သူ့လောက်လမ်းလျှောက်နိုင်တဲ့သူ မတွေ့ဖူးဘူးကွာ ... သုံးလေးထပ်ရှိတဲ့ကုန်တိုက်ကိုနေရာလပ်မကျန်စေရအောင်သွားတယ်..ပြီးရင်မနားသေးဘူး ....နောက်ကုန်တိုက်တစ်ခုကိုထပ်သွားတယ်ကွာ.... တစ်ခါတစ်လေစိတ်ပေါက်ပေါက်နဲ့ .. သူ့ကိုချီပြေးပြီးတစ်နေရာမှာကြိုးနဲ့သာတုပ်ထားပစ်လိုက်ချင်တာ "
" မင်း ဘာတွေပြောနေတာလဲ ... ဘယ်သူ့ကိုပြောနေတာလဲ..နိုး..နိုး ...မဟုတ်သေးဘူး .... မင်းဘယ်သူ့နောက် လျှောက်လိုက်နေတာလဲ
မိုးထက်သတိလက်လွတ် ပြောနေသည်ကို ရဲသူက အငိုက်ဖမ်းပြီး မေးလိုက်သည်။ရဲသူ၏ အမေးကြောင့်မိုးထက်မှာ သူခိုးလူမိဖြစ်သွားရပြီး ရှက်ရယ်ရယ်လိုက်မိသည်။
" မင်းကလဲ လိမ်လို့ကို မရဘူးနော် ...ဆရာဝန်မလုပ်ဘဲ စုံထောက်လုပ်ခဲ့ရမှာ "
"ဟေ့ကောင် မိုးထက်ရ ..ငါကပါးနပ်တာမဟုတ်ဘူး .. မင်းက လွန်လွန်မင်းမင်းဖြစ်နေတာ ....မင်းသူသွားရာနောက် လျှောက်လိုက်နေတာလား ... မင်းတကယ်မလွယ်ဘူးပဲ ... နေစမ်းပါအုံး ဒီလိုတွေလုပ်နေရအောင် မင်းက (၁၆)နှစ်သားလား ...သူလဲ အခုလူလွတ်ဖြစ်သွားပြီ မဟုတ်လား ..မင်းကြိုက်ရင် ကြိုက်တယ်လို့ ဒဲ့ပြောလိုက်လေကွာ "
ရဲသူ၏စကားကြောင့် မိုးထက်တည်ငြိမ်စွာပင် ခေါင်းကိုခါယမ်းလိုက်မိသည်။
"ငါ သူ့နောက်ကို လျှောက်လိုက်နေတာက စိုးရိမ်လို့ကွ ...လမ်းမှာ သူတစ်ခုခုဖြစ်သွားမှာစိုးလို့ ... အခု ချက်ချင်းဖွင့်ပြောလိုက်ရအောင် ... ငါသူ့အပေါ်ထားတဲ့စိတ်က အဲ့လောက်မပေါ့ပျက်ဘူး...သူ့ကိုသန်မာစေချင်တယ် ...သတ္တိရှိစေချင်တယ် ... သူဘယ်လိုလူပဲဖြစ်ဖြစ် ငါတန်ဖိုးထားနိုင်တယ်ဆိုတာကို ပါးစပ်က မပြောချင်ဘူး ... ဒီထက်လေးလေးနက်နက်ဖော်ပြချင်တာ "
"ဟူး ...မင်းအဖြစ်ကတော့ မလွယ်ပါလား .....ဒါနဲ့ နေပါအုံ့ ...မင်းအဲ့ဒီလို လျှောက်လိုက်နေတာသူသိလား "
" ဟင့်အင်း ... သိဖို့နေနေသာသာ ... တစ်လောကလုံး သူတစ်ယောက်တည်ရှိနေသလို သွားလာနေတာလေ ..."
"အင်း ..... သူ့ရင်တွင်းဝေဒနာတွေကို မေ့ဖျောက်ဖို့အတွက်... ခန္ဓာကိုယ်ကို အလုပ်ပေးနေတာ နေမှာပေါ့ ..."
ရဲသူ၏စကားကြောင့် မိုးထက်သက်ပြင်းရှည်ကြီးချလိုက်မိရင်း အပြုံးအရယ်ကင်းမဲ့နေသော သူမမျက်နှာကို မိုးထက်မြင်ယောင်လိုက်မိသည်။
~~~~~
တစ်နှစ်စာ စာချုပ်ချုပ်ဆိုလိုက်သောအခန်းလေးကို မပိုးဖြူ စိတ်တိုင်းကျပြင်ဆင်နေမိသည်။အခန်းလေးက မျက်နှာဝ(၁၂)ပေ အရှေ့အနောက် (၄၅)ပေရှိသည်။လူနေဆိုင်ခန်းအနေနှင့် ကျယ်သည်ဟုမဆိုသာသော်လည်း မပိုးဖြူလိုတစ်ယောက်တည်းသမား အတွက်ကအဆင်ပြေသည်။အဆင်ပြေလှစွာပင်တစ်ဝက်ထပ်ခိုးလေးလည်းပါသည်။လူက ထပ်ခိုးပေါ်တက်အိပ်ရလိမ့်မည်။အောက်ထပ်တွင် ပစွည်းများခင်းကျင်းလိုက်လျှင် ဆိုင်အပြည့်ဖြစ်သွားလိမ့်မည်။ဆိုင်ခန်းရပြီဆိုတော့ မပိုးဖြူအလုပ်များရတော့သည်။ဆိုင်ခန်းတွင်းကိုအရင်ပြင်ဆင်ရသည်။တစ်ယောက်တည်းမှတစ်ယောက်တည်းဖြစ်နေသော ဘဝတွင် ပင်တော့ပင်ပန်းလှသည်။ အလုပ်ပင်ပန်းလွန်း၍ မပိုးဖြူ၏ ရင်တွင်းမှဝေဒနာများသည်လည်းနာကျင်ကြေကွဲနေဖို့ရန်အချိန်လည်းမရတော့ပေ။
~~~~~~
"ရလားမျိုး ....ခဏလေးပါကွာ ... အစ်ကို့ဘော်ဒါက သူ့ဆိုင်ကိုလာဖို့ပြောထားလို့ပါ "
ရှူပ်ထွေးစည်းကားနေသော ပလာဇာထဲသို့ဝင်လာစဉ် မျိုးမမမျက်နှာကို ရှုံ့မဲ့ထားမိသည်။မျိုးမမကဈေးဝယ်ထွက်လျှင် အဲ့ကွန်းအပြည့်လွှတ်ထားသော ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာကြီးများတွင်သာဝယ်သူ။ ယခုလို ပလာဇာမျိုးကို မျက်စောင်းပင်ထိုးကြည့်သူမဟုတ်ခဲ့။အဝတ်အစားချင်းတူလျှင်တောင် ယခုလို့နေရာမျိုးကနေမဝယ်ခဲ့။ ဆိုင်အကြီးကြီးတွေမှာပဲဝယ်ခဲ့သူ။ရန်ကင်းစင်လောက်တောင် သိပ်အရေးမစိုက်ချင်သောမျိုးမမက ကိုဇင်မောင်၏ တောင်းတောင်းပန်ပန်ခေါ်ဆိုမှုကြောင့်ပါလာခဲ့ရခြင်းဖြစ်သည်။ကိုဇင်မောင်ကလည်း မိတ်ဆွေတစ်ယောက်၏ဖုန်းဆိုင်ကို မဖြစ်မနေလာခဲ့ရခြင်းဖြစ်သည်။ဖုန်းဆိုင် တော်တော်များများက ကိုဇင်မောင်ဆီမှ တဆင့်ယူရောင်းကြသည်လေ။
~~~~~
လက်နှစ်ဖက်တွင် အထုပ်များတပွေ့တပိုက်နှင့် ဈေးဆိုင်ခန်းလမ်းကျဉ်းလေးများမှ မပိုးဖြူမနည်းပင်တိုးထွက်လျှောက်လာခဲ့ရသည်။အဖော်တစ်ယောက်သာပါလျှင်သော် အထုပ်များနှင့်တစ်နေရာမှာစောင့်ထားခိုင်းရုံပင်။ယခုတော့လက်နှစ်ဖက်လုံးလက်အံသေလျက် လူတစ်ကိုယ်လုံးလည်း နုံချိမောပန်းနေပေပြီ။
"ဘုတ် "
" အ "
ရုတ်တရက်တစ်ဖက်မှ အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်လိုက်လိုက်ရာ မပိုးဖြူမှာအထုပ်များနှင့်မနိုင်မနင်းဖြစ်နေသောကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ ဖင်ထိုင်ရက်လဲကျသွားရတော့သည်။ရုတ်တရက်မို့ မပိုးဖြူ နာလဲနာသွားသလို ရှက်လဲရှက်သွားသောကြောင့် ၀င်တိုက်မိသူကို မော့ကြည့်လိုက်မိသည်။
"လာပါအုံး ကိုယ်တော်ရယ် ... မင်းကို တွေ့ရဖို့ကလဲခက်ခဲလိုက်တာနော် ... ဒီပွဲကို မင်းလာမယ်ဆိုတာ သိလို့ .... တို့တွေကလာကြိုစောင့်နေတာသိရဲ့လား "
ရုတ်တရက် မိုးထက်၏ လက်ကိုဆွဲပြီးပြောလိုက်သော မမကျော့၏အပြုအမူကြောင့် မျိုးမမအံ့ဩသွားရလေသည်။သူတို့နှစ်ယောက်၏ ရင်းနှီးပတ်သက်မှုမှာမည်ကဲ့သို့များလည်းဟု မျိုးမမဇဝေဇဝါဖြစ်သွားရပြီး မိုးထက်တို့ကို မျက်လုံးပြူးလေးနှင့် ကြည့်နေမိသည် ။
"ရတနာနဲ့မျိုးကိုတော့ အားနာပါတယ်ကွာ ..သူများပါတီပွဲမှာ တို့ကဆွေမျိုးစပ်သလိုဖြစ်နေပြိ ... "
မမကျော့က မျိုးမမတို့ဘက်ကို လှည့်ပြောလိုက်ရင်း မိုးထက် ကို သူမဘေးကခုံတွင်ထိုင်စေလိုက်လေသည်။
"ဒီရက်ပိုင်းတွေ ဖုန်းဆက်လို့လဲ မရ ...လာရှာရင်လဲမတွေ့နဲ့ ဘာတွေလုပ်နေတာလဲ ပြောအုံး ... "
" နည်းနည်းအလုပ်များနေလို့ပါ မမရယ် ... ဖုန်းဆက်မရလဲစာပို့ထားလိုက်လေမမကလဲ ဘာခက်လို့လဲ ...ကျွန်တော်က ဧည့်သည်တွေနဲ့စကားပြောနေရင် ဖုန်းအသံပိတ်ထားတတ်လို့ပါ "
"ပြောလိုက်ရင် အဲ့ဒီလိုပဲ ... အိမ်ကိုလာခဲ့အုံး...ကလေးတွေကလဲ မေးနေတယ် "
" ဟုတ်ကဲ့ပါ မမ ...ဒီတစ်ပတ် အတွင်း လာခဲ့ပါမယ် "
" ဘာဒီတစ်ပတ်လဲ ....ခုညပဲလိုက်ခဲ့ရမယ်...မမ မင်းရဲ့ကားနဲ့ လိုက်ခဲ့မှာ "
စကားပြောနေကြသော မိုးထက်နှင့်မမကျော့ကို မျိုးမမ အကဲခတ်နေမိသည်။ကိုနောင်ဆိုသူကလည်း ကိုဇင်မောင်နှင့် စကားပြောနေရင်းမှ တစ်ချက်တစ်ချက်မှာတော့ မိုးထက်ကိုပြုံးမြမြနှင့်ကြည့်တတ်သည်။ဤစကားဝိုင်းနှစ်ခုတွင် ဟိုဘက်သည်ဘက် ငေးနေရသူများမှာမျိုးမမ နှင့်ရတနာစိုးပင်ဖြစ်ပါလေသည်။
" အားလုံးပဲ ရတနာတို့ကို ခွင့်ပြုပါအုံးနော် ...သွားမယ်လေ မျိုး "
နှုတ်ဆက်စကားပြောပြီး ထထွက်သွားသော ရတနာစိုး၏ နောက်မှ မျိုးမမထလိုက်လာခဲ့ရသည်။စားပွဲဝိုင်းမှထလာစဉ် မိုးထက်ကိုမသိမသာကြည့်လိုက်မိသောအခါ မိုးထက်ကလည်းလှမ်းကြည့်သည်ကိုတွေ့လိုက်ရသည်။ကိုဇင်မောင်ကိုမူ မျိုးမမလှည့်မကြည့်ဖြစ်လိုက်ပါ။
~~~~
"သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ ရတနာ "
စကားဝိုင်းနှင့်ခပ်လှမ်းလှမ်းသို့ရောက်ချိန်တွင် ရတနာစိုးကို မျိုးမမမေးလိုက်မိသည်
"ဘယ်သူတွေကို မေးတာလဲ ...မမကျော့နဲ့ကိုမိုးထက်ကိုမေးတာလား ... သူ့တို့ကမောင်နှမဝမ်းကွဲတွေလေ ... မျိုးကိုမပြောပြမိဘူးလား...မမကျော့အမေနဲ့ကိုမိုးထက်ရဲ့အဖေက မောင်နှမအရင်းလေ "
"ဟယ် ..ဟုတ်လား "
ရတနာစိုး၏အဖြေစကားကြောင့်မျိုးမမ၏ရင်ထဲတွင် ဘာရယ်မှန်းမသိသောခံစားချက်ဖြစ်သွားမိသည်။
~~~~~
ဧည့်ခံပွဲမှအပြန် ကားပေါ်တွင် မျိုးမမတိတ်ဆိတ်စွာပါလာခဲ့သည်။
" မျိုး တိတ်လှချည်းလား ...နေမကောင်းဘူးလား "
နှုတ်ဆိတ်ငြိမ်သက်နေသော မျိုးမမကိုကြည့်ပြီးကိုဇင်မောင်ကမေးလိုက်သည်။
ကိုဇင်မောင်၏ အမေးကို မျိုးမမက ခေါင်းငြိမ့်ပြလိုက်ပြီး
"ဒီနေ့ မျိုးသိပ်မလန်းဘူး ဖြစ်နေတယ် အစ်ကိုရယ် ...ဒီညတော့ အမေနဲ့ ပြန်အိပ်လိုက်အုံးမယ် ...အစ်ကို အိမ်ပြန်လိုက်နော် "
" နေမကောင်းရင်လဲ ဆေးခန်းသွားမယ်လေ မျိုးရယ် "
မျိုးမမကိုကြည့်ပြီးကိုဇင်မောင်က ထပ်ပြောလိုက်သည်။
"ရပါတယ် အစ်ကို ...ဆေးခန်းမသွားတော့ပါဘူး ... အမျိုးသမီး ပြဿနာပါ ...ဒီညတော့အိမ်မှာပဲ နားချင်လို့ပါ "
"အင်းပါ မျိုးရယ် ....အဲ့ဒါဆို အစ်ကို အိမ်ပြန်လိုက်ပါ့မယ်ကွာ ..အရေးအကြောင်းရှိရင် ဖုန်းဆက်လိုက်နော် "
~~~~~~
"ကမာရွတ်နဲ့ တောင်ဥက္ကလာ ကတော့တခြားစီပါ ... နေရာကကားလမ်းမကြီးမဟုတ်ပေမဲ့ မိန်းလမ်းမကြီးလို့ပြောတယ် .... နေရာကို ဖြူဖြူစိတ်ဝင်စားရင်သွားကြည့်လိုက်လေ ....တို့လိပ်စာပို့ ပေးလိုက်မယ် "
" အင်း ... သွားကြည့်လိုက်မယ် ဝေဝေ .. အဆင်ပြေရင် တစ်ခါတည်း ငှါးခဲ့လိုက်တော့မယ် ...အခုပဲဆယ်ရက်ကျော်နေပြီ
... နေရာကြိုက်တော့ ငွေမနိုင် ... ငွေနိုင်တော့ နေရာမကြိုက်နဲ့ အချိန်တွေကုန်တယ် "
" အင်းပါ ... နေရာတော့ သေချာကြည့်အုံး ....ဝေဝေက ဒီနေ့မအားလို့ပါ ...မဟုတ်ရင်အဖော်လိုက်ပေးပါတယ် "
"ရပါတယ် ဝေဝေရယ် ....ဒါပဲနော် ... သွားဖို့ပြင်ဆင်လိုက်အုံးမယ် "
ဝေဝေဖုန်းချသွားသည်နှင် အပြင်ထွက်ရန် မပိုးဖြူပြင်ဆင်လိုက်သည်။ဆယ်ရက်ကျော်အတွင်း အလုပ်မရှိသည်နှင့်နေရာအနှံ့လျှောက်သွားထားခဲ့သောကြောင့် လူမှာပို၍ပိန်သွားသလို အသားအရည်များပင်ညိုသွားသယောင်ထင်ရသည်။မည်သို့ပင်ဖြစ်စေ ရန်ကုန်တစ်မြို့လုံး မပိုးဖြူမရောက်ဖူးသည့်နေရာခပ်ရှားရှားဖြစ်သွားခဲ့လေပြီ။တောင်ဥက္ကလာနှင့် ရန်ကင်းဘက်ကလွဲလျှင် မပိုးဖြူမသွားခဲ့သောနေရာမရှိခဲ့။အစတုန်းကတော့ ဈေးကွက်လေ့လာရန်ဈေးများကို လျှောက်ကြည့်ခြင်းဖြစ်သည်။နောက်တော့ တိုက်ခန်းထဲမှာ တစ်ယောက်တည်းနေလျှင် မွန်းကြပ်လွန်း၍ ရောက်မိရောက်ရာ လျှောက်သွားနေခဲ့ခြင်းဖြစ်သည်။ရင်ထဲမှ ဒဏ်ရာများကျက်ဖို့ရန် မပိုးဖြူအတွက် အချိန်တစ်ခုလိုအပ်နေသည်မှာတော့ အမှန်ပါပင်။
~~~~
"ဘာလဲကွ.....သွားလေရာကားနဲ့ သွားနေတဲ့ကောင်က ဘာကိစ္စ ခြေထောက်က ညောင်းကိုက်နေရတာလဲ ..."
လူနာခုတင်ပေါ်တွင် လှဲအိပ်ချလိုက်သော မိုးထက်ကိုကြည့်ပြီး ရဲသူမေးလိုက်သည်။
#နွေလယ်အိပ်မက်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၅)
*****
ကားပေါ်သို့ကြပ်ကြပ်သိပ်သိပ်တိုးတက်ခဲ့ပြီး မပိုးဖြူလိုက်လာခဲ့မိသည်။ ကားက ဘယ်ဆီကိုမောင်းလို့မောင်းနေမှန်းပင်မသိ။မပိုးဖြူမျက်လုံးအိမ်ထဲမှာတော့ စိမ်းကားအေးစက်နေသောသမီးငယ်၏အကြည့်စိမ်းများကိုသာမြင်ယောင်နေမိသည်။မပိုးဖြူ ကိုယ့်လက်ဖဝါးကို ပြန်ပြီးဆွဲညှစ်နေမိသည်။သမီးလေးက မပိုးဖြူ၏နှလုံးသားကို စကားလုံးများဖြင့်ရိုက်နှက်ခဲ့သည်။တန်ပြန်အနေဖြင့် မပိုးဖြူက သမီးလေး၏ပါးပြင်ကို ရိုက်ခဲ့မိသည်။သူတို့နှင့်ပတ်သက်၍ နှလုံးသာက အေးစက်ထုံကျင်သွားပြီဟုထင်ခဲ့မိသော်လည်း သမီးဖြစ်သူနှင့် မျက်နှာချင်းဆိုင်ဆုံမိသောအခါ နှလုံးသားသည် ဆတ်ဆတ်ခါနာကျင်နေမိမြဲပင်။
~~~~~~~
" အစ်မ ဂိတ်ဆုံးပြီခင်ဗျ "
"ရှင် "
အနားသို့ ကပ်ပြီးပြောလိုက်သော ကားဆရာ၏အသံကိုကြားမှ မပိုးဖြူရေတင်နည်းပြန်၍သတိဝင်လာခဲ့မိသည်။ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသောအခါတွင် ကျောင်းကဲ့သို့အဆောက်အဦးကြီးများနှင့် သစ်ပင်မြင့်ကြီးများကို တွေ့လိုက်ရလေသည်။
" ဒါ ..ဒါဘယ်နေရာလဲရှင် "
ကားဆရာကို မပိုးဖြူ အထိတ်တလန့်နှင့် မေးလိုက်မိသည်။
"ဒါ ....ဒဂုံတက္ကသိုလ်လေ .... ဘယ်ကိုသွားမှာလဲ "
" ရှင် .. ဒဂုံတက္ကသိုလ်ရောက်လာတာလား ..ဟို ... ဟို .. သိမ်ကြီးဈေးသွားချင်လို့ပါ "
မပိုးဖြူ၏ စကားကြောင့် ကားဆရာက အံ့ဩသလိုမျက်လုံးများဖြင့် ကြည့်သည်။
"ဒီကားကပြန်ထွက်လဲ သိမ်ကြီးဈေးမရောက်ဘူး ...သခင်မြပန်းခြံပဲ ရောက်တာ .. ဟိုးဘက်က ဂိတ်ကိုသွားပြီးစီး ....အဲ့ဒီကားက မြို့တော်ခန်းမရှေ့ရောက်တယ်...ခန်းမရှေ့ရောက်ရင်တော့ သိမ်ကြီးစျေးသွားတတ်မှာပေါ့ . "
"ဟုတ် ..ဟုတ်ကဲ့ .... ကျေးဇူးပါရှင် "
ကားဆရာကို ကျေးဇူးတင်စကားပြောပြီး ကားဆရာညွှန်ပြသောလမ်းအတိုင်းမပိုးဖြူ ယောင် အအနှင့် လျှောက်လာခဲ့သည်။ တစ်သက်နှင့်တစ်ကိုယ်မရောက်ခဲ့ဖူးသော နေရာများသို့ပင် ရောက်ရှိလာခဲ့သည်။ရှည်လျားသော လမ်းများနှင့် သစ်ပင်မြင့်ကြီးများကြား မပိုးဖြူ တရွေ့ရွေ့လျှောက်လာခဲ့မိသည်။
~~~~~~~~
" မျိုးမမနိုင်ကတော့ အမြဲလှနေတာပဲနော် "
" ဒီလိုပြောပေးလို့ ကျေးဇူးတင်ပါတယ်ကိုရန်ပိုင် "
" ကျွန်တော်ကလဲ မျိုးမမကိုကျေးဇူးတင်ပါတယ်ဗျာ ...ကျွန်တော့်ပွဲကို တက်ပေးလို့ပါ "
ဧည့်ခံပွဲအတွင်း လျှောက်လာခဲ့ရင်း မျိုးမမ၏အကြည့်များမှာ ဧည့်ခံပွဲတစ်ခုလုံးသို့ မျက်လုံး ဝေ့ကြည့်လိုက်မိသည်။တွေ့ပါပြီ မျိုးမမရှာနေသောသူ။ ခဲရောင်စတိုင်ပန်ဘောင်းဘီနှင့် အဖြူရောင်ရှပ်ကိုတွဲဝတ်ထားသောသူ။ ဆံပင်ရှည်များကိုနောက်သို့လှန်စီးထားပုံက မျက်နှာပုံစံနှင့်လိုက်ဖက်လွန်းနေသည်။ဘေးကလူနှင့်စကားပြောရင်းရယ်နေပုံက မျိုးမမသိပ်ကြိုက်သော နိုင်ငံခြားမင်းသားနှင့်ပင်တူနေသည်။မျိုးမမ ကိုဇင်မောင်နှင့်တွဲလျှောက်နေရင်းမှ မသမသာလူချင်းခွါလိုက်သည်။
"ဟော ..မျိုးရောက်လာပြီလား . "
လာရောက်ဆွဲခေါ်သော ရတနာ့ကို မျိုးမမစိတ်ထဲမှကျေးဇူးတင်သွားမိသည်။ရတနာ စိုးကမျိုးမမကို ဆွဲခေါ်လာရင်းမှ မိုးထက်ရှိရာသို့ မျက်စပစ်ပြလိုက်သည်။ရတနာစိုး၏ အမူအရာကို ရိပ်မိသဖြင့် မျိုးမမကမခို့တရို့ ပြုံးလိုက်သည်။ရတနာစိုး၏ခြေလှမ်းများသည် မိုးထက် နှင့် အနီးဆုံးသို့ရောက်ရှိသွားခဲ့သည်။
"လာမျိုး ... ဒီမှာပဲထိုင်ရအောင် ..."
မျိုးမမတို့ထိုင်လိုက်သော စားပွဲဝိုင်းတွင် ခေတ်ဆန်လှပသောအမျိုးသမီးတစ်ယောက်နှင့်အတူ အသက်လေးဆယ်ခန့်ရှိ အမျိုးသားတစ်ယောက်ကိုတွေ့ရသည်။
"မမကျော့နဲ့ကိုနောင်မင်္ဂလာပါနော် ... မတွေ့တာတောင်ကြာပြီ ....မျိုးမှတ်ထားနော် ... ဒီကအစ်ကိုနောင်နဲ့မကျော့တို့က ( .....)ကုမ္ပဏီပိုင်ရှင်တွေလေ ...."
ရတနာစိုး၏ မိတ်ဆက်ပေးမှုကြောင့် ထိုစုံတွဲအားမျိုးမမ အံ့ဩအားကျစွာကြည့်လိုက်မိသည်။ရတနာစိုးပြောသော ကုမ္ပဏီမှာ မြန်မာနိုင်ငံ၏ ထိတ်ထိတ်ကြဲ စာရင်းဝင်ကုမ္ပဏီကြီးဖြစ်သည်လေ။ သူတို့ပိုင်ဆိုင်သောဟိုတယ်၊ ကုန်တိုက်နှင့်အိမ်ရာများမှာ မြန်မာတစ်နိုင်ငံလုံးလက်ညှိုးထိုးမလွဲရှိသည်။မျိုးမမ စင်္ကာပူမှာနေစဉ်ကတည်းက ကုမ္ပဏီ၏ အရှိန်အဝါကြီးမှုကို ကြားသိနေခဲ့ရသည်။သို့သော်လည်း ပိုင်ရှင်များမှာ ဤမျှအသက်ငယ်ရွယ်လိမ့်မည်ဟုမျိုးမမ မထင်ခဲ့မိ။မျက်မြင်တွေ့လိုက်ရချိန်တွင် နှစ်ယောက်လုံးမှာအသက်လေးဆယ်ဝန်းကျင်သာရှိလေသည်။
" ရတနာ့သူငယ်ချင်းက... မင်းသမီးများလားဟင် သိပ်လှတာပဲ "
"မဟုတ်တာပဲ မမကျော့ရယ် ... မျိုးလှတယ်ဆိုတာ မမကျော့ကို ဘယ်မီမလဲရှင်
မမကျော့ဆိုသောသူဋ္ဌေးမဆီမှ ချီးကျူးစကားကြောင့် မျိုးမမကျေးနပ်စွာပြုံးလိုက်မိရင်းအလိုက်သင့် ပြန်ပြောလိုက်သည်။ဒီဘက်မှာ မျိုးမမတို့မိန်းမသားသုံးယောက် အဖွဲ့ကျနေသလို တစ်ဖက်တွင်လည်း ကိုဇင်မောင်နှင့်သူဋ္ဌေးကိုနောင်တို့မှာစကား ဖောင်ဖွဲ့နေကြလေသည်။
ထိုစဉ်မှာပင်မျိုးမမတို့ရှိရာစားပွဲဝိုင်းဆီသို့ မိုးထက် ရောက်လာခဲ့လေသည်။စားပွဲဝိုင်းနားသို့ မိုးထက်ရောက်လာသည်ကို တွေ့မြင်လိုက်ရသောအခါ မျိုးမမ၏ရင်ထဲတဒိန်းဒိန်းဆောင့်ခုန်လာလေသည်။မျိုးမမရှက်ပြုံးလေးပြုံးလျက် မိုးထက်ကို မသိမသာလှမ်းကြည့်လိုက်မိသည်။
မပိုးဖြူ၏နေ့စဉ်ခရီးကို လျှောက်သွားနေခြင်းဖြစ်သည်။ဤသို့လျှောက်သွားနေခြင်းဖြစ် လည်း မပိုးဖြူ၏ရင်မှဝေဒနာများကို မေ့ထားနိုင်စွမ်းရှိလေသည်။မပိုးဖြူထိုင်နေရင်းမှ ရေဘူးကိုဖွင့်၍မော့သောက်လိုက်သည်။မပိုးဖြူရေသောက်နေစဉ် မျက်လုံး ရှေ့တည့်တည့်သို့ ရောက်လာသော လူငယ်စုံတွဲကို ကြည့်ပြီး ရေသောက်ရင်းတန်းလန်းမှ အသက်ရှူရပ်သလိုပင်ဖြစ်သွားရသည်။မပိုးဖြူ၏ရှေ့တွင် သမီးဖြစ်သူပိုးအိဇင်နှင့်အတူကောင်လေးတစ်ယောက်။ကောင်လေးကပိုးအိဇင်၏ ပခုံးကိုပိုင်ပိုင်နိုင်နိုင်ပင်သိုင်းဖက်ထားလေသည်။မပိုးဖြူကြောင်ငေး၍ကြည့်နေမိစဉ်မှာပင် ပိုးအိဇင်ကလည်း မြင်တွေ့သွားသည်။သားအမိနှစ်ယောက်လုံး ကိုယ်စီကြက်သေသေလျက်ငေးမောကြည့်နေမိကြသည်။အတန်ကြာလျှင် ပိုအိဇင်က ဦးစွာမျက်နှာကိုလွှဲလိုက်ပြီး ချစ်သူ၏လက်ကိုဆွဲ၍ စင်တာထဲသို့ခပ်မြန်မြန်လျှောက်ဝင်သွားလေသည်။မပိုးဖြူ ခပ်မဲ့မဲ့လေးပြုံးလိုက်ရင်း စင်တာရှေ့မှထွက်လာခဲ့ပြီး တွေ့ရာကားတစ်စီးပေါ် တက်ခဲလိုက်သည်။ယနေ့အဖို့မှာတော့ မိုးမချုပ်မချင်း မပိုးဖြူရွက်လွှင့်ပေအုံးမည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၅) ဆက်ရန်
#ဧကြည်ဖြူ
