cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Revolutionary Youths (RY)

Mostrar más
Publicaciones publicitarias
679
Suscriptores
Sin datos24 horas
-37 días
-1530 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
ပဇီကြီးရွာကို ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ် ဧပြီလ ၁၁ ရက် ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်က ပဇီကြီးရွာနဲ့ အနီးတစ်ဝိုက်ကို အခုညနေ ၅ နာရီ ၃၀ မိနစ် ပတ်ဝန်းကျင် စစ်ကောင်စီက နောက်ထပ်တစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုကို ထပ်မံလုပ်ဆောင်နေပါတယ်။ Burma VJ က ဆက်သွယ်မေးမြန်းစဉ်မှာ လေယာဉ်သံတွေနဲ့ သေနတ်သံတွေကို ကြားခဲ့ရပါတယ်။ ပဇီကြီးရွာ ဒေသခံတစ်ဦးကို Burma VJ က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မပျက်စီးတဲ့အလောင်း က ၅၉ ဦး  ကျော်ပြီး ပုံပျက်သွားတဲ့အလောင်းတွေက အများကြီးရှိတဲ့ သေဆုံးသူ ၁၀၀ ကျော်ပြီလို့ ပြော ပါတယ်၊ “လူဦးရေ အရေအတွက် အတိအကျ မသိရသေးဘူး။ ရှင်းလင်းရေးတွေ လုပ်နေတုန်း ခန့်မှန်းတာက ၁၀၀ ကျော်မယ်။ အလောင်းတွေက ပုံပျက်နေတယ်။ တချို့တွေက ခါးပြတ်နေတယ်။ ခါးနဲ့ ခြေထောက်တစ်ပိုင်းစီဖြစ်နေတဲ့ဟာတွေရော၊ တစ်ချို့ဆို ရုပ်အလောင်းတောင် မပီတော့ဘူး” လို့ပြောပါတယ်။ ဒေသခံက Burma VJ ရဲ့ မေးမြန်းချက်ကိုဖြေကြားနေစဉ်မှာပဲ ညနေ ၅ နာရီ ၃၀ မိနစ်မှာ လေကြောင်း တိုက်ခိုက်မှုကို ဒုတိယအကြိမ် ထပ်ပံပြုလုပ်လာပါတယ်။ ©BVJ Hlaing Info
Mostrar todo...
ရေနံငွေတွေနဲ့ငါတို့ကိုသတ်နေတာ! ရဲဘော်တို့…… အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းက တတိယအကြိမ်မြောက် သွေးငွေ ဖြတ်တောက်ရေး လူပ်ရှားမူကြီး စတင်ပါတော့မယ်။ အခုလာမယ့် မတ်လ ၁၁ ရက်နေ့ ကစပြီး ၁၉ ရက်နေ့အထိ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ဓာတ်ပုံ ကမ်ပိန်းများ ( မတ်လ ၁၁ မှ ၁၃ရက်ထိ)၊Twitter Mass Trending လှုပ်ရှားမှုများ ( မတ်လ ၁၁ မှ ၁၂ထိ)၊Google Map ကမ်ပိန်းများ ( မတ်လ ၁၅ မှ ၁၆ ထိ)၊အီးမေး ကမ်ပိန်းများ ( မတ်လ ၁၈ မှ ၁၉ထိ )စတဲ့ အစီစဉ်တွေမှာ ပါဝင်ပေးခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ကြပါစို့။
Mostrar todo...
Photo unavailableShow in Telegram
တစ်ယောက်ကို ၇၀၀၀နှုန်းနဲ့ လူ ၁၅ယောက်လာလှူရင် ၁သိန်းနဲ့၅ထောင် တစ်နေ့ ၁သိန်းဆို ၇ရက်နေရင် ၇သိန်းလောက်ရပြီလေကိုယ့်လူတို့ရေ တဂယ်မနောက်ပါဘူးဗျာ ဒီနေ့ day 1 မှာတင် ၆သောင်းကျော်လေးပဲရသေးလို့ပါ လာလှူပေးကြပါဦးလို့😭 https://m.facebook.com/story.php?story_fbid=pfbid02M3YZXaF3zTMC9uPLbRes6HsPjW3bGhq9kWx9Sor1F6avhpWNGbrskWbd6wkiPeLKl&id=100083534107987&mibextid=Nif5oz @dmkofug #RY
Mostrar todo...
မဲကအခုမှနည်းနည်းပဲရောင်းရသေးလို့ လာဝယ်ကြပါဦးဗျ🥺😞 @cranesofug
Mostrar todo...
Photo unavailableShow in Telegram
777 ဆိုလို့ကိတ်လို့မထင်နဲ့ဦး ပရောဂျက်နမည်ပါ:3 ကျွန်တော်တို့သိထားတဲ့ 7 ဆိုတဲ့ကိန်းဂဏန်းဟာ လက်ကီးနံပတ်လို့သိထားကြတယ်ဟုတ်? ဒီတစ်ခေါက်မှာတော့မြို့ပြယူဂျီတွေအတွက် 777 Project လေးနဲ့ Ticket,တစ်စောင် ၇၀၀၀ကျပ်ကို ၇ရက်အတွင်း ၇သိန်းရှာမဲ့ပရောဂျက်လေးပေါ့ ကျွန်တော်တို့ RY ကနေလစဉ်ကူနေရတဲ့ UG အဖွဲ့တွေဟာအခုဆိုပွဲတွေကထားတာရော ပွဲကဖို့လိုအပ်နေတာကော အရေးပေါ်လိုအပ်နေတာကော မျိုးစုံအခက်ခဲကိုယ်စီနဲ့မို့လို့ ကျွန်တော်တို့ဒီပရောဂျက်လေးကိုစတင်လိုက်ရတာဖြစ်ပါတယ် ရဲဘော်တွေမှာ အစားဆိုလဲဆင်းရဲ အလုပ်ဆိုလဲလူမသိသူမသိလုပ်ရ ပွဲကရင်တောင်ပြည်သူတွေမထိခိုက်အောင်လုပ်ရတယ် နောက်ဆုံးသူတို့ဖမ်းခံရရင်တောင် လူမသိသူမသိပါပဲ ဒါ့ကြောင့်ယူဂျီတွေမှာ လိုအပ်ချက်တွေကများစွာရှိနေကြသလို လူထုရဲ့ပူးပေါင်းပါဝင်မှုတွေအများကြီးလိုအပ်နေဆဲပါခင်ဗျာ ဒါကြောင့်မို့မြို့ပြရဲဘော်တွေအတွက် Ticket တစ်စောင် 7,000 ကျပ်ထဲနဲ့ထောက်ပံ့ချင်ရင် ကျွန်တော်တို့ RY Fundraising Team ရဲ့ Cb ကိုလာခဲ့ပါဗျ🫶 https://m.facebook.com/story.php?story_fbid=173879932073143&id=100083534107987&mibextid=Nif5oz #RY
Mostrar todo...
Photo unavailableShow in Telegram
အမျိူးသမီးများနေ့မှာ ဒီရဲရဲတောက်အမျိုးသမီးတွေကို သင်တို့အမှတ်ရနေပါသလား? ယနေ့ ၂၀၂၃ခုနှစ် မတ်လ ၈ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ကျွန်ုပ်တို့ Revolutionary Youth - RY အဖွဲ့သားများမှ ဂုဏ်ယူဝမ်းမြောက်အပ်ပါတယ် နွေဦးတော်လှန်ရေးမှာအမျိုးသမီးတွေဟာ ယနေ့အချိန်ထိအဘက်ဘက်ကနေသွေးမအေးစွာနဲ့ပါဝင်နေကြသလို မြို့ပြမှာဆိုရင် Strike, UG, Union တော်တောင်မှာဆို PDF, LDF အခြားသော Fundraiser, Media စသည့်နေရာတွေတိုင်းမှာအမျိုးသမီးများဟာ တင်ကြွစွာတော်လှန်ရေးအပေါ်ပါဝင်နေတာတွေ့မြင်ကြမှာပါ ဒါ့အပြင် အကျဉ်းထောင်ထဲမှာနိုင်ငံရေးနဲ့ကျရောက်နေတဲ့အမျိုးစမီးတွေ ကျဆုံးလေပြီးသောအာဇာနည်သူရဲကောင်းအမျိုးသမီးတွေများစွာရှိနေပါတယ် အမျိုးသမီးများနေ့မှာ ဒီလိုတော်လှန်ရေးမှာဘက်စုံပေးဆပ်နေရတဲ့အမျိုးသမီးတွေကိုမေ့ထားလို့မရသလို အမြဲအမှတ်ရနေမှာပါ။ https://m.facebook.com/story.php?story_fbid=173795265414943&id=100083534107987&mibextid=Nif5oz #RY
Mostrar todo...
Photo unavailableShow in Telegram
ဗကသရဲဘော် ကိုညီမင်းသူ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ သဝဏ်လွှာအမှတ် - ၂/ဗကသ/၂၀၂၃ ရက်စွဲ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် Read More - ဗဟိုအမှုဆောင်အဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
Mostrar todo...
Repost from YANGON - RANGERS
မိဘပြည်သူများခင်ဗျာ။ ကျွန်တော်တို့ YANGON RANGERS အနေဖြင့် ယခင်က တော်လှန်ရေးနှင့်မသက်ဆိုင်သော မည်သည့်ကိစ္စများကိုမျှ ၀င်ရောက်ပြောဆိုခြင်းမပြုခဲ့ပါ။ သို့သော် ယနေ့တွင် တစ်ချို့သော မိဘပြည်သူများ၏ အပျော်အပါး မက်မောလိုက်စားမှုများသည် အလွန်အကျွံ ဖြစ်နေပါသည်ခင်ဗျာ။ ယခင်က click to donate / Thardin /play 2 support ကဲ့သို့သော page များတွင် လူသန်းပေါင်းများစွာကြည့်ရှူ၍ တော်လှန်ရေးအတွက် များစွာအထောက်အကူဖြစ်ရပါသည်။ သို့သော်ယခုနောက်ပိုင်းတွင် post ကြည့်ရှုသူအရေအတွက်မှာ သောင်းဂဏန်းသာ ရှိတော့ပြီး အရေးမပါသောအရာများ အထူးသဖြင့်( boycott ထားသော သရုပ်ဆောင်များ၏ (ပွဲ) များတွင်သာ )ကြည့်ရှူသူနှင့်အရေးပေးသူများ များ​နေသဖြင့် အလွန် စိတ်မကောင်းဖြစ်ရပါသည်ခင်ဗျာ။ လူကြီးမိဘများခင်ဗျာ။ တော်လှန်ရေးဆိုသည်မှာ ပါးစပ်ကလေးနှင့်တော်လှန်ရုံဖြင့် အောင်မြင်လာမည်မဟုတ်ပါ။ အားလုံးတစ်ညီတစ်ညွတ်တည်း ပါ၀င်အားဖြည့်ပါမှ မြန်မြန်အနိုင်ရမည်ဖြစ်ပြီး စစ်မှန်သောဒီမိုကရေစီကို ရရှိနိုင်မည်ဖြစ်ပါသည်ခင်ဗျာ။တော်လှန်ရေးအရှိန် အားကောင်းလာသည်နှင့်အမျှ စကစ ဘက်မှလည်း သွေးပျက်၍ ပြည်သူလူထုအား မသိမသာ အာရုံလွဲပြားအောင် လုပ်ဆောင်နေပါသည်ခင်ဗျာ။ ထို့ကြောင့်လူကြီးမိဘများအနေဖြင့် အရေးမပါသည့်နေရာ(ပွဲ)များ၌ အာရုံလွဲမသွားကြဘဲ တော်လှန်ရေးကို ပိုမိုပါ၀င်ပြီး စကစများကို စစ်ခွေးနိဂုံး-၂၀၂၃ ဆိုတဲ့အတိုင်း နိဂုံးချုပ်ပေးကြရအောင်ပါခင်ဗျာ။ လေးစားစွာဖြင့် -YANGON RANGERS
Mostrar todo...
စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်သူတင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတအပါအဝင် ခေါင်းဆောင်များကို မတရားဖမ်းဆီးထောင်ချပြီး ပြည်သူ့အာဏာကို လုယူထားခဲ့တာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ၂နှစ်တင်းတင်းပြည့်ပြီ ဖြစ်ပါတယ်။ ဒီ၂နှစ်တာကာလမှာ ကျွန်တော်တို့ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ အမိန့်ဟူသမျှ ဖီဆန်ပြီး အဖက်ဖက်က တိုက်ပွဲဝင်နေကြပါတယ် ၂နှစ်ကြာတဲ့အထိ ကျွန်တော်တို့သွေးတွေ မအေးသေးပါဘူး။ အကြမ်းဖက်စစ်တပ်ကို ရွံရှာမုန်းတီးနေဆဲဖြစ်တဲ့ ပြည်သူ့အင်အားကို ၁ရက်နေ့မှာ အသံတိတ်သပိတ်ပြုလုပ်ပြီး ပြသကြပါမယ်။ အသံတိတ်သပိတ်လုပ်မည့်အချိန်။ ။မနက်၁၀နာရီမှ ၁၂နာရီထိ(အချိန်၂နာရီမျှသာ) ဆောင်ရန်။ ။ ဆေးများနှင့် အစားအစာများအား ကြိုဝယ်ထားကြပါ ဆိုင်များ ဖွင့်ထားကြပါ သပိတ်ပြုလုပ်သည့်အချိန်၂နာရီအတွင်း delivery manများ ပါဝင်နိုင်အောင် မုန့်များ ကြိုဝာင်ဝယ်ယူခြင်းဖြင့် ကူညီပေးကြပါ ရှောင်ရန်။ ။ အာဏာရူးတစ်သိုက်က ၁ရက်နေ့မှာ တပ်ထောက်ခံပွဲပြုလုပ်ကြမည်ဖြစ်ပါသဖြင့် အကြမ်းဖက်အားပေးများ အနီးမှာ မနေပါနဲ့ သတိပြုရန်။ ။ ကလိမ်ကကျစ်ညဏ်အပြည့်နဲ့ စစ်ကောင်စီက စားသောက်ကုန်များ လျှော့စျေးနဲ့ရောင်းချခြင်း၊ အခမဲ့ဝေငှခြင်းများပြုလုပ်၍ ဓာတ်ပုံများရိုက်ပြီး အသံတိတ်သပိတ်ကို ပုံဖျက်နိုင်ပါသည်။ #Silent_Strike #WhatsHappeningInMyanmar
Mostrar todo...
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.