ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Ultraman: Rising (2024) ⭐IMDB: 7.0/10 (360 Votes) 🎬 #Action #Adventure #Animation #ScienceFiction #Family #Comedy #Fantasy #SciFi 🗓 2024 🎞 movie 🌎 #Japan #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ultraman:Rising ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix က ရိုက်ကူးထားတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝ စူပါဟီးရိုး Ultraman animated ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝ Ultraman ကို မြင်နေကျ တိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲ လူကြီးဆန်ဆန် family drama လေးနဲ့ပါ တွဲထားတာမို့ ဒါက ကလေးကားလို့တောင် မခေါ်နိုင်ပါဘူး။ ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေ အရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့ အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေ ပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါ ရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြား ရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လို ဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရော ဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကို အရမ်းမိုက်တဲ့ animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်က nostalgic feeling လေးပြန်ရဖို့ ကြည့်လိုက် ကြရအောင်နော်...
Basma (2024) ⭐IMDB: 4.2/10 (261 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #SaudiArabia ⏰ 1 နာရီ 45 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာရပ်က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Fatima AlBanawi ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးသရုပ်ဆောင်ထားတဲ့ Netflix တန်းဝင် Basma ဆိုတဲ့မိသားစုဒရာမာဇာတ်လမ်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့ ပုံစံကတော့အမေရိကန်မှာ ပညာတော်သွားသင်တဲ့ ဘတ်စ်မာဆိုတဲ့ အာရပ်က ကောင်မလေးတစ်ယောက် ကိုဗစ်ရောဂါကြောင့် မိသားစုနဲ့မတွေ့ရဘဲ အမေရိကန်မှာပဲသောင်တင်နေခဲ့ပြီး ဘွဲ့ရပြီး ကိုဗစ်တွေလည်းပြီးတဲ့အခါမှာ အိမ်ကိုပြန်လာ ခဲ့တဲ့ပုံစံလေးနဲ့ အစပျိုးပြီးရိုက်ကူးထားပါတယ်။မိသားစုနဲ့ ၂ နှစ်ကြာခွဲခွာခဲ့ရပြီးပြန်လာတဲ့အခါမှာ ဘတ်စ်မာကို မိသားစုဝင်တွေအကုန်လုံးက နွေးနွေးထွေးထွေး ပြန်လည်ကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့် လာကြိုတဲ့ မိသားစုဝင်တွေထဲမှာ သူ့အဖေတော့ မပါဘူးဖြစ်နေတဲ့ အတွက်မေးမြန်းကြည့်ရာမှာတော့လွန်ခဲ့တဲ့ ၂ လ လောက်ကပဲအမေဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး အရင် အိမ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းသွားနေထိုင် နေမှန်းသိလိုက်ရပါတော့တယ်။သူ့အဖေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနည်းငယ် ချို့ယွင်းချက်ရှိသူ ဖြစ်ပြီး ဆေးတွေလည်းမသောက် မိသားစုကိုလည်းပြဿနာ ရှာတာတွေများလာတဲ့အခါမှာ နောက်ဆုံး ဘတ်စ်မာရဲ့ အမေက သည်းမခံနိုင်တော့ဘဲ ကွာရှင်းခဲ့တာပါ။အဲ့ဒီ အကြောင်းတွေကို အဝေးမှာစာကြိုးစားနေတဲ့သမီးဖြစ်သူ မသိစေချင်လို့ ဖုံးကွယ်ထားတာတွေကို သိသွားတဲ့အခါမှာတော့ ဘတ်စ်မာလည်း အမေ့အိမ်ပေါ်ကဆင်းပြီး အဖေ့အိမ်ပေါ်မှာ သွားနေခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့မိသားစု ကြားမှာတွေ့ရမဲ့ မိသားစုဒရာမာတွေကို ကြည့်ရှုရမဲ့ ပုံမှန်နဲ့ ကွဲထွက်နေတဲ့ တစ်မျိုးတစ်ဖုံ ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Formed Police Unit (2024) ⭐TMDB: 60% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 41 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ ပြည်သူ့အချစ်တော် ဝမ်ရိပေါ်ဟာတရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အကျိုးပြုပေါ်လစီကားတစ်ကားနဲ့ ထပ်ပြီး ဖန်သားပြင်ရှေ့ရောက်လာပြန်ပါပြီ…ဒီတစ်ခေါက် ကားလေးကတော့ Formed Police Unit တဲ့.. ကဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ တိုင်းရေးပြည်ရာမငြိမ်မသက်ဖြစ်နေတဲ့ Santa Leonneမှာ လူမျိုးတုံး သတ်ဖြတ်မှုအထိကြုံတွေ့နေရလို့ UN ရဲ့ အကူအညီကို တောင်းခံတာကြောင့်တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးရဲအဖွဲ့ဟာ သူတို့တာဝန်ကိုထမ်းဆောင်ဖို့ ရောက်လာခဲ့တာကနေ စတာပေါ့.. အတိုက်အခံခေါင်းဆောင် အာမီအာကို ရုံးတော်တင်နိုင်ခဲ့ပေမယ့်သက်သေမစုံတာကြောင့် စီရင်ချက်မချနိုင်သေးတဲ့အနေအထားပေါ့…တစ်ဖက်မှာလည်း ခေါင်းဆောင်အာမီအာဟာ လွှတ်တော်အမတ်တို့ရဲ့ခြစားမှုနဲ့ လူဖြူတွေရဲ့ အတိတ်က လုပ်ရပ်ကိုပဲ ဖိပြောနေခဲ့တာပေါ့.. လိုတိုရှင်းပြောရရင်တော့ “All lives are equal and justice knows no borders.”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သက်စွန့်စံဖျား ကြိုးစားပြီး အမျိုးမတူဘာသာမတူ အသားအရောင်မတူတဲ့သူတွေကိုတရုတ်ရဲအဖွဲ့က ကယ်တင်ခဲ့ကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပါပဲ...
The Great Lillian Hall (2024) ⭐IMDB: 7.7/10 (685 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ် နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်း အော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင် ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိက သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hall ဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင် ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။ သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လို ရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင် ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကို ကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်း သရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အော်စကားတန်းဝင် ကားတွေကြိုက်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...
Người Mặt Trời (2023) ⭐TMDB: 10% User Score 🎬 #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #Vietnam ⏰ 2 နာရီ 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Day Dreamers ဟာ ဗီယက်နမ်နွယ်ဖွားအမေရိကန် ရုပ်ရှင်ရိုက်ကူးသူ Timothy Linh Bui ရိုက်ကူး တင်ဆက်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ပထမဆုံးသော နာမည်ကျော်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်ဖြစ်ပါတယ်။ တစ်ဦးကလူတွေကြားမှာထင်ထင်ပေါ်ပေါ်နေထိုင်ပြီး တစ်ဦးကတစ်ယောက်တည်းပုန်းအောင်းနေထိုင်တဲ့ သွေးစုတ်ဖုတ်ကောင်ညီအစ်ကိုနှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေထဲမှာလည်း ဗီယက်နမ်နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်တဲ့ Chi Pu နဲ့တက်သစ်စမင်းသား Thuan Nguyen တို့ပါဝင်နေတာကိုမြင်တွေ့ရပါတယ်။ Horror ၊ Thriller နဲ့ Drama အမျိုးအစားဖြစ်ပေမယ့် Drama ဘက်ကိုပိုသွားတဲ့ သွေးစုပ်ဖုတ်ကောင်ကားဖြစ်သလို အက်ရှင်ခန်းတွေကလည်း ဗီယက်နမ်ရုပ်ရှင်ကားတစ်ကား အတွက် အတော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်။ ရုပ်ရှင်အစမှာနတ်အပါအဝင် သွေးစုပ်ဖုတ်ကောင်တစ်စုဟာ တစ်နေ့မှာနေရောင်အောက်ကိုပြန်သွားနိုင်ရမယ်ဆိုတဲ့ အိပ်မက်နဲ့ တိရစ္ဆာန်သွေးကိုသာသောက်သုံးရင်း ရွာငယ်လေး တစ်ခုမှာ ပုန်းအောင်းနေထိုင်လျက်ရှိတာကိုပြသထားပါတယ်။ ဒါပေမဲ့ နတ်ဆီကို တစ်ချိန်ကပျောက်သွားခဲ့တဲ့အစ်ကိုဖြစ်သူ သန်ပြန်လည်ရောက်ရှိလာပြီး ညီဖြစ်သူနတ်ကို သူကျက်စား နေထိုင်ရာလူတွေကြားထဲခေါ်ဆောင်သွားခဲ့ပါတယ်။ နတ်နဲ့ သန်တို့ညီအစ်ကိုဟာ တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြပြီး နတ်ကလည်း အစ်ကိုပြောသမျှကို ယုံစားခဲ့ပါတယ်။ နတ်မသိတာက တကယ်တော့သန်ဟာ လူတွေကိုသတ်ဖြတ်ပြီး လူတွေရဲ့သွေးကိုသောက်သုံးပြီးတာနဲ့ အလောင်းတွေကို ဖျောက်ဖျက်နေတဲ့လူသတ်သမားတစ်ယောက်ဆိုတာပါပဲ။ ဒါပေမဲ့ တစ်ရက်မှာတော့ အရမ်းချစ်ကြတဲ့သွေးစုတ် ဖုတ်ကောင်ညီအစ်ကိုနှစ်ဦးရဲ့ကြားကို ဟာဆိုတဲ့လူသား ကောင်မလေးတစ်ယောက်ဝင်ရောက်လာချိန်မှာ ညီအစ်ကိုနှစ်ယောက်ကြားကအားပြိုင်မှုတွေနဲ့ ချစ်ခြင်း မေတ္တာတွေကို ရုပ်ရှင်နဲ့အတူလိုက်ပါစီးမျောရင်း ခံစား ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။...
Franklin (2024) ⭐TMDB: 81% User Score 🎬 #Drama #War #Politics 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Franklin (2024) ဗြိတိန်နှင့် အမေရိက နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေပြီး အမေရိက အရေးနိမ့်နေတဲ့ကာလမှာ လျှပ်စစ်နဲ့ပတ်သက်တဲ့စမ်းသပ်ချက်တွေကြောင့် ကမ္ဘာကျော်လာခဲ့တဲ့ ဒေါက်တာ ဘင်ဂျမင်ဖရန်ကလင်ဟာ သူ့ရဲ့ မြေးလေး တန်ပယ်နှင့်အတူ ပြင်သစ်ပြည်ကို လူအင်အား လက်နက်ခဲယမ်းအင်အား ငွေအင်အားတို့ကို စစ်ကူအဖြစ် တောင်းခံဖို့အတွက် ပါရီကို ရောက်ရှိလာပါတော့တယ်။တရားဝင်သံတမန်အဖြစ် လာရောက်ကြောင်းလမ်းတာမဟုတ်တဲ့ ဒေါက်တာဖရန်ကလင်အနေနဲ့ ဘုရင်စနစ်ကျင့်သုံးနေဆဲဖြစ်တဲ့ ပြငသစ်နန်းတွင်းမှာ ဘယ်လိုအဆက်အသွယ်ရှာပြီး အမေရိကဖက်က စစ်ကူပေးအောင် ဘယ်လိုပညာသားပါပါ စည်းရုံးမလဲ၊ ဗြိတိန်ရဲ့ အင်အားကြီးမားမှုကြောင့် အရင်စစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ပြင်သစ်ပြည်ကရော အမေရိကကို နောက်ကွယ်ကနေ အကူအညီပေးမလား အစရှိသဖြင့် အမေရိကန်ရဲ့ လွတ်လပ်ရေးအတွက် ဒေါက်တာဖရန်ကလင်တစ်ယောက် တိုင်းတပါးမှာ ဘယ်လိုကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အတ္ထုပ္ပတ္တိဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။...
Outer Range (2022- ) ⭐IMDB: 7.1/10 (39 k Votes) 🎬 #Drama #Mystery #SciFi #Fantasy #Thriller 🗓 2022- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 56 မိနစ် 42 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Outer Range Season 2 (2022)Outer Range (2022)================IMDb Rating – 8.2/10ဒီစီးရီးကတော့ ထွက်ထွက်ချင်း IMDb 9 အထိ ပေးကြတဲ့ စီးရီးအသစ်လေးပါပဲ။ ခေါင်းဆောင်မင်းသားကတော့ Old Boy, Thanos, Cable ဇာတ်ကောင်တွေနဲ့ လူတွေရင်းနှီးပြီးသား ဂျို့ရှ် ဘရိုလင်ပါ။ အမျိုးအစားကတော့ သည်းထိပ်ရင်ဖို့ ထူးခြားဆန်းကြယ် အမျိုးအစားပါပဲ။ Stranger Things လိုစတိုင်ပါ။ဇာတ်လမ်းကိုတော့ ဂရိနတ်ဘုရား ခရိုနို့စ် အပေါ်မှာအခြေခံထားပါတယ်။ ခရိုနို့စ်ဟာ သူ့ရဲ့ တံစဉ်းလက်နက်နဲ့ ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးကြားထဲက အာကာသနေရာတစ်ခုကို အပေါက်တစ်ခုဖြစ်အောင် ခုတ်ဖြဲခဲ့ပါတယ်။ အဲဒီကနေ လက်ရှိကမ္ဘာနဲ့ အခြားကမ္ဘာကို ခြားနားပေးထားလိုက်တာပါပဲ။ ဒီစီးရီးထဲမှာတော့ မင်းသား ဂျို့ရှ်က ရိုင်ရယ်ဆိုတဲ့ နာမည်နဲ့ နွားခြံပိုင်ရှင်ကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူ့အတိတ်ကို သူမမှတ်မိ၊ သူ့နောက်ကြောင်းကို ဘယ်သူမှမသိကြပေမဲ့ သူ့မှာ မိန်းမတစ်ယောက် နဲ့ သားတွေနဲ့ မိသားစုရှိနေပြီ၊ ရီဘက်ကာဆိုတဲ့ မိန်းကလေးတစ်ယောက် သူတို့မိသားစုထဲကနေ ထူးထူးခြားခြားပျောက်ဆုံးသွားခဲ့တာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်။ ကျန်တာတွေကိုတော့ သို့လော သို့လောနဲ့ ဆက်ကြည့်လိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)...
Amber Girls School (2024) ⭐TMDB: 0% User Score 🎬 #Drama #Comedy 🗓 2024 🎞 Series 🌎 #India ⏰ 21 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Amber Girls School (2024)“Amber Girls School”Amber မိန်းကလေး သီးသန့်ကျောင်း အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ series လေးကတော့ 2024 ခုနှစ်ထွက် Amber Girls School ပဲ ဖြစ်ပါတယ် IMDb rating အနေနဲ့ကတော့ 7.4 ရရှိထားတာမလို့ ကြည့်လို့ကောင်းမဲ့ series လေးဖြစ်မှာကတော့ သေချာပါတယ်ရှင့်ဒီ series လေးရဲ့ အကျဉ်းကတော့ အိုဂျက်စ်ဆိုတဲ့ 15 နှစ်အရွယ် ကောင်မလေးဟာ ချန်ဒီဂါရ်မှာရှိတဲ့ Amber မိန်းကလေးသီးသန့်ကျောင်းက အတန်း 9 မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ သူမမှာ 2008 ခုနှစ် မကုန်ခင် ဖြစ်အောင် လုပ်ချင်တဲ့ ရည်မှန်းချက်နှစ်ခု ရှိပါတယ် အဲ့ဒါကတော့ ကျောင်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ဖို့နဲ့ ကောင်လေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းနမ်းခွင့်ရဖို့ပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း သူမဟာ အရမ်းကို ရှက်တတ်ပြီးတော့ သတ္တိလည်း နည်းတဲ့ သူတစ်ယောက်ပါ။ အိုဂျက်စ်ဟာ သူမရဲ့ စိတ်နဲ့ နှလုံးသားကြားမှာ ပြီးပြည့်စုံတဲ့ ကျောင်းသူဖြစ်ဖို့နဲ့ သူ့ပုံစံအတိုင်းပဲ နေဖို့ ရုန်းကန်နေရင်း သူ့သူငယ်ချင်းတွေ အကြံပေးတဲ့အတိုင်း လိုက်လုပ်ရာကနေ တလွဲတွေ ဖြစ်ကုန်ပါရော။ သူမရဲ့ ကိုယ်ပိုင်ဘဝလေးဂာလည်း ပျက်စီးလာသလို ပထမဆုံးချိန်းတွေ့တာကလည်း ပျက်စီးသွားခဲ့တာ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ပါ ရန်ဖြစ်တဲ့အထိပါပဲ။ဒီ series လေးဟာဆိုရင်ဖြင့် အိုဂျက်စ်တစ်ယောက် လိမ္မာပြီး ရိုးအတဲ့ ကောင်မလေးတစ်ယောက်အဖြစ်ကနေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးငယ်လေးအဖြစ် ပြောင်းလဲသွားပုံအဆင့်ဆင့်ကို ဖော်ပြရိုက်ကူးထားတာပါ။ အနိုင်ကျင့်ခံရမှုတွေ ပညာရေးနဲ့ ရွယ်တူကြား ယှဉ်ပြိုင်မှုတွေ လူငယ်အချစ်ဇာတ်လမ်း ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရင်း ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အိုဂျက်စ်တစ်ယောက် သူဖြစ်ချင်တာတွေ လုပ်နိုင်ပါ့မလားဆိုတာကိုတော့ Amber Girls School series လေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Sweet Tooth (2021-2024) ⭐IMDB: 7.7/10 (69 k Votes) 🎬 #Drama #SciFi #Fantasy #Action #Adventure 🗓 2021-2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sweet Tooth Season 3 [ဇာတ်ကြောင်းနားလည်ဖို့ ရှေ့စီစန်တွေကို ကြည့်ဖို့ လိုအပ်ပါတယ်]အားလုံးချစ်တဲ့ သမင်တစ်ပိုင်းလူတစ်ပိုင်း ဆွိတုလေး ပြန်လာပါပြီ CM ပရိသတ်ကြီးရေ။စီစန်သရီးမှာတော့ … The Sick ဆိုတဲ့ ကူးစက်ရောဂါကြီးကြောင့် လူသားမျိုးနွယ်တစ်ခုလုံး မျိုးသုဉ်းဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တဲ့ အခြေအနေဖြစ်လို့နေပါပြီ။ Sick အတွက် ဖြေဆေးကို ရှာဖို့ အဖွဲ့ပေါင်းစုံကလည်း ပထမဆုံး hybrid ဖြစ်တဲ့ ဆွိတုလေးကို အသည်းအသန် လိုက်ရှာ ဖမ်းဆီးဖို့ ပြင်ဆင်နေကြပါပြီ။ ဆွိတုလေးဟာလည်း ဖြေဆေးရှာပေးနိုင်မယ်လို့ ယုံကြည်တဲ့ သူ့အမေရှိရာ အလက်စကာကို ခရီးဆက်ဖို့ ကြိုးစားလို့နေပါတယ်။ ဒီတော့ ဒီအန္တရာယ်တွေကြားကနေ ဆွိတုလေး လွတ်မြောက်သွားမလား။ လူသားတွေနဲ့ မျိုးစပ်တွေကြား ဘယ်လို သဘောထားတွေ ကွဲလွဲပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူအားပေးကြပါဦး။...
Winnie-the-Pooh: Blood and Honey (2023) ⭐IMDB: 2.9/10 (29 k Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Winnie-the-Pooh: Blood and Honey (2023)============================== ဝင်နီ သပုချ်ကာတွန်းရုပ်လေးတွေကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။ဒီရုပ်ရှင်ကတော့ ဟော်ရာအမျိုးအစားဖြစ်ပြီး ဝင်နီသပုချ်ဟာ အရိုင်းစိတ်ဝင်နေတဲ့ စိတ္တဇလူသတ်ဝက်ဝံဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးတော့နောက်တစ်ကားအဆက်လည်း ရိုက်နေပြီဖြစ်ကြောင်းတောင် ပြောကြားထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း———————ခရစ္စတိုဖာရော်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တောထဲမှာမျိုးစိတ်မတူဘဲ စပ်ပြီးမွေးဖွားလာတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါလေးကောင်နဲ့ မိတ်ဖွဲ့မိခဲ့ပါတယ်။ သူတို့ကိုစားစရာတွေယူပေး၊ အတူကစားရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီးမှ အရွယ်ရောက်လာတဲ့ ခရစ္စတိုဖာဟာ ဆေးကျောင်းတက်ဖို့ သူတို့ကိုထားခဲ့ပြီး မြို့တက်သွားရပါတော့တယ်။ ခရစ်မရှိတော့တဲ့အချိန်မှာ အရမ်းကြမ်းတမ်းတဲ့ဆောင်းရာသီကြောင့် ပုချ်တို့တွေ အရမ်းငတ်မွတ်လာပြီး အစာငတ်သေရမလိုဖြစ်လာတဲ့အချိန်မှာ သူတို့လေးကောင်ထဲက တစ်ကောင်ကိုအချင်းချင်းပြန်စားပြီး အသက်ဆက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့စိတ်တွေကြမ်းတမ်းရက်စက်လာပြီး သူတို့ကို ထားခဲ့တဲ့ ခရစ္စတိုဖာကိုရောလူသားတွေကိုရော မုန်းတီးလာတဲ့အခါ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andersonဖြစ်ပါတယ်)...
မင်္ဂလာပါ Triggered...
💤 Welcome to FDMN Bot သည် အသုံးပြုသူမရှိဘဲ အချိန်ကြာမြင့်လာပါက အနားယူတတ်ပါသည်။
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။
🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပုံမှန်လည်ပတ်ပါမည်။
🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။
Do Aur Do Pyaar (2024) ⭐IMDB: 6.4/10 (5 k Votes) 🎬 #Bollywood #Drama #Romance #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Do Aur Do Pyaar (2024)”နှစ် အပေါင်း နှစ်”================================== ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး ဗီဒယာဘာလန်ရဲ့ IMDb 6.5/10 ရအသစ်ထွက် dark fantasy ဆန်ဆန် အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။အချစ်ဆိုတာ သွားတိုက်ဆေးနဲ့တူတယ်။ မကုန်မချင်း ဖျစ်ညှစ်ခြစ်ကုပ်ပြီး သုံးကြပေမဲ့ ကုန်သွားရင်တော့ လွှင့်ပစ်ပြီး အသစ်ဝယ်ရတော့တာပဲတဲ့။အန်နီနဲ့ ကာဗ်ရာတို့ လင်မယားနှစ်ယောက်ဟာ ချစ်လွန်းလို့ ခိုးပြေးလက်ထပ်ခဲ့ကြတဲ့သူတွေပါ။ သူတို့ဟာ ချစ်စကြင်နာစမှာတော့ ပျော်ရွှင်ခဲ့ကြပေမဲ့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှတစ်ယောက်နဲ့တစ်ယောက် အေးစက်လာပြီး အချစ်သစ်တွေရှာမိကြပါတော့တယ်။သူတို့နှစ်ယောက်လုံးဟာ အသစ်တွေ့နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားနာပြီးသူက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း လမ်းမခွဲဘဲ တအုံ့နွေးနွေးဖြစ်နေကြတာပါ။ သူတို့တွေ တစ်ယောက်အကြောင်းကို တစ်ယောက်သိသွားကြမှာလား၊ ဖွင့်ပြောရင်ရော ဘယ်လိုတွေဖြစ်ကုန်မှာလဲ၊လေးပွင့်ဆိုင်ဇာတ်ကို ဘယ်လိုကကြမလဲဆိုတာကို ဒီဒီရုပ်ရှင်ထဲမှာ ပုံစံတစ်မျိုးနဲ့မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL~ ToMo ~ KKKZ ~ Alex ~ Zwe Yan တို့ဖြစ်ပါတယ်။)...
Minxiong Haunted House (2022) ⭐TMDB: 45% User Score 🎬 #Asian #Crime #Horror 🗓 2022 🎞 movie 🌎 #Taiwan ⏰ 1 နာရီ 19 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Minxiong Haunted House (2023) ================= He Sheng Xin ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့သမီးပျောက်လို့လိုက်ရှာရာကနေ He မိသားစုရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆန်းကြယ်မှုတွေကို တွေ့ကြုံရပါတော့တယ်။ အတိတ်က သေဆုံးသွားခဲ့တဲ့ သူ့အစ်မရဲ့ဝိဉာဥ်က သူ့ဆီကိုပြန်ရောက်လာပြီး ခြောက်လှန့်တဲ့အခါမှာတော့ Sheng Xin ဘယ်လိုကြိုးစားပြီး သူ့သမီးကိုကယ်တင်မလဲ၊ ဘယ်လိုလှည့်ကွက်တွေနဲ့ အမှန်တရားက သူထင်ထားသလိုရောဟုတ်ပါ့မလားဆိုတာကို ကျောချမ်းစွာကြည့်ရှုရမယ့် Taiwanese Horror ကားကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Jananam 1947 Pranayam Thudarunnu (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 46 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jananam 1947 Pranayam Thudarunnu (2024)“အဆုံးအစမဲ့အချစ်” CM ပရိသတ်ကြီးအတွက် ရင်ကိုနွေးစေမယ့်မလေယာလမ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ကီရယ်လာက သက်ကြီးရွယ်အိုတွေရဲ့ အထီးကျန်ဆန်ခြင်းနဲ့အတူအချစ်ကို တဖန်ရှာဖွေပုံကို ရှုစားရမှာပါ ရိပ်သာတစ်ခုမှာ အငြိမ်းစားဆရာမ ဂေါ်ရီဟာ အမြဲလိုလို အိမ်လွမ်းနေတတ်ပြီးချွေးမဖြစ်သူနဲ့ အဆင်မပြေတာကြောင့် ရိပ်သာပို့ခံရတဲ့ဘဝကို နေသားမကျနိုင်သူရယ်ပါ အဘိုးကြီး ရှီဗာကတော့ ရိပ်သာက ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဆုံးသွားလို့တစ်ကိုယ်တည်း အထီးကျန်စွာ ဘဝကို ဖြတ်သန်းနေရသူ ဘဝနေဝင်ချိန်မှာ မှီခိုလို့ရမယ့် ပုခုံးတစ်ဖက်ကို တောင့်တမိတဲ့ အထီးကျန်ဆန်လူသားနှစ်ယောက်… လူမှုပတ်ဝန်းကျင်က စကားသံတွေ၊ သားသမီးတွေရဲ့ ကန့်ကွက်မှုတွေကိုကျော်လွှားပြီး အတူနေခွင့်ရနိုင်မလားဆိုတာ ပရိသတ်ကြီးကပဲ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ်...
Father & Son (2022) ⭐IMDB: 6.1/10 (390 Votes) 🎬 #Drama #Fantasy 🗓 2022 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 18 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Father & Son (2023) =============== အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Linya (2024) ⭐IMDB: 6.5/10 (14 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 44 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ============== ဂျီယာက နယ်မှာကျန်ခဲ့တဲ့ မိသားစုကိုထောက်ပံ့ဖို့ကြိုးစားနေရတဲ့ ဘားမယ်လေးတစ်ယောက်ပါ။ ဘားမယ်အလုပ်ကရတဲ့ငွေနဲ့မလုံလောက်တဲ့အတွက် ဘေးပေါက်အနေနဲ့ ဩဇာကြီးနိုင်ငံရေးသမားတစ်ယောက်ရဲ့အငယ်အနှောင်းဘ၀ကိုခံယူထားပါသေးတယ်။သူဟာ ငယ်စဉ်ကတည်းက အသုံးမကျတဲ့မိခင်ဖြစ်သူကြောင့် အပျိုစင်ဘ၀ကို အသက်မပြည့်ခင်ထဲကဆုံးရှုံးထားရတဲ့သူလည်းဖြစ်ပါတယ်။လိင်ကိစ္စကို အလိုမတူပဲ၊ ဒါမှမဟုတ် ငွေအတွက်ပဲကြုံဆုံဖူးခဲ့ရတဲ့သူဟာဒီကိစ္စကနေ တကယ်တမ်း သူ့အတွက် သာယာမှုပေးနိုင်တဲ့လူတစ်ယောက်ကို ကြုံလာရချိန်မှာတော့.. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Gangs of Godavari (2024) ⭐IMDB: 5.5/10 (343 Votes) 🎬 #Action #Bollywood #Comedy #Drama #History 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gangs of Godavari (2024) “ဂိုဒါဗာရီလူမိုက်ကြီးများ”IMDb – 5.7/10 အိန္ဒိယအက်ရှင်ရုပ်ရှင်နှစ်သက်သူတို့ စောင့်မျှော်နေကြတဲ့တလေဂူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Netflixကနေထုတ်လွှင့်ခဲ့ပြီမို့ မနှေးအမြန်တင်ဆက်ပေးလိုက်ရပါတယ်။တလေဂူးနာမည်ကျော်တေးရေးဆရာတဖြစ်လဲ ဒါရိုက်တာကြီး ခရစ်ရှ်နာချိုင်တန်ယာရဲ့ ရိုက်ကူးပုံဖော်ထားပြီးHit(2020)ရုပ်ရှင်ထဲက မင်းသားကြီး Vishwak Senအဓိကပါဝင်ထားပါတယ်။ ၁၉၈၀နှောင်းပိုင်းကာလ ဂိုဒါဗာရီမြစ်ကမ်းအနီး ကျွန်းစုလေးတွေက နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ဒုစရိုက်မှုတွေကြားက အဖြစ်အပျက်တွေ။ ရာသ်နာဆိုတာ ဆာလောင်တပ်မက်မှုဆိုတာကိုဗဟိုပြုပြီး ရှင်သန်နေရတာကို မုန်းတီးတဲ့သူ။ဉာဏ်ကောင်းပြီး ဘ၀ကိုနေချင်သလိုနေတတ်သူ၊ နေရာတစ်ခုရောက်ဖို့ ဘာမဆိုလုပ်ဝံ့တဲ့သူ။ဒီလိုလူမျိုးက ဒေသတစ်ခုလုံးကို ချုပ်ကိုင်နေတဲ့ ဂိုဏ်းတွေကြားကိုရောက်သွားတဲ့အခါ။အတိုက်အခိုက်များစွာနဲ့မို့ အက်ရှင်ကားကြိုက်တတ်သူတို့အတွက် ရေကြည်တစ်ပေါက်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Score (1973) ⭐TMDB: 0% User Score 🎬 #Adult #Comedy #Drama 🗓 1973 🎞 movie 🌎 #USA ⏰ 1 နာရီ 25 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Score (1973)IMDb – 5.8/10 ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကိုရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ |အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ်သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီးအချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။ အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကိုနောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုခံစားကြည့်ရှုကြရမှာပါ။ အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက်တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)...
Shuigui Bride (2024) ⭐TMDB: 0% User Score 🎬 #Drama #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 20 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mysterious ဆန်ဆန်ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် The water trick Bride လို့ခေါ်တဲ့ဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ရှင်းကျီမြို့ပိုင်ရှားတံတားအောက်မြစ်မှာ ရေသရဲတွေနှစ်နဲ့ချီသောင်းကျန်းနေလို့ လူပျိုအပျိုကလေးတွေကို စတေးလိုက်တော့မှတစ်မြို့လုံးအေးအေးချမ်းချမ်းနေရတယ်ဆိုတဲ့ဒဏ္ဍာရီလိုလိုပုံပြင်လိုလို ဇာတ်လမ်းတွေက မြို့တစ်ခွင်ပျံ့နှံ့လျက်ရှိပါတယ် ။ ၇လပိုင်း၁၅ရက်နေ့ မိုးတွေသည်းလျက်ရှိနေတဲ့နေ့မှာ ရှင်းကျီမြို့နဲ့မနီးမဝေးဘုရားကျောင်းပျက်ကြီးမှာ လက်သမားတစ်ယောက် ၊စစ်ပြေးတစ်ယောက် ၊ နတ်ဆရာမ ၊ ကုန်သည်လင်မယားနှစ်ယောက်နဲ့အတူ ဓားပြတိုက်တဲ့အပြစ်သားကို အထက်ကအမိန့်နဲ့အတူရှင်းကျီမြို့ကိုလာပို့တဲ့ ရဲအရာရှိတို့ မိုးခိုရင်းဆုံမိကြပါတော့တယ် ။ အဲဒီအချိန်မှာ အပေါ်မှာပြောထားတဲ့ဒဏ္ဍာရီပုံပြင်လိုဟာကိုလက်သမားဖြစ်တဲ့သူက စစ်ပြေးဖြစ်တဲ့သူကိုပုံပြင်ပြောရင်းစစ်ပြေးကပါ သူလည်းခုတလော ချန်အိမ်တော်ကသတို့သမီးသေဆုံးတဲ့အကြောင်းကြားထားပြီး သေသွားတဲ့ပုံကလည်းအရှင်လက်လက်အခေါင်းထဲထည့်ပိတ်ပြီးမြစ်ထဲပစ်ချမြစ်သရဲဖြစ်သွားတဲ့အကြောင်းကိုပြန်ပြောပြဖြစ်ပါတော့တယ်။ ဒီသတင်းတွေကိုကြားသွားတဲ့ တစ္ဆေသရဲတွေကိုမယုံကြည်တဲ့ရဲအရာရှိဖြစ်သူက သေချာစစ်မေးကြည့်တဲ့အခါမှာဝောာ့..တရားခံအစစ်ဟာ သူတို့ထဲမှာပုန်းအောင်းနေကြောင်းသိသွားခဲ့ပါတယ် ။ဒါပေမဲ့လည်း လှည့်ကွက်တွေအများကြီးနဲ့ လူသတ်သမားကသူတို့တွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်သွားတာကိုသတ်သွားပါတယ် ။ ကဲအကုန်မသေကုန်ခင် လူသတ်သမားကိုဖမ်းမိမလား ?လူသတ်သမားကပဲသူတို့အကုန်လုံးကိုသတ်သွားမလား ?သူတို့ကရော သိလျက်နဲ့ငြိမ်ခံနေမလား ဘာကြောင့်ဒီလိုတွေသတ်နေရသလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံးနော်...
Winnie-the-Pooh: Blood and Honey 2 (2024) ⭐IMDB: 4.8/10 (4 k Votes) 🎬 #Horror #Thriller #Mystery #Comedy 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 34 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Winnie the Pooh: Blood and Honey 2023 ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယရုပ်ရှင်လာပါပြီ။ ဇာတ်လမ်းအရဆို ထပ်လည်းထွက်ဦးမှာပါ။ ဘာလို့ ဒီဇာတ်လမ်းကိုမနှစ်က ရိုက်ခဲ့ပြီး ဒီနှစ် အပိုင်း ၂ ထပ်ရိုက်ပြီး နောက်ထပ် ၃ လည်း ရိုက်ချင်တာလဲတော့ နားမလည်ပါဘူး။ ကြမ်းကြမ်းတမ်းတမ်းဆော်တာကြိုက်တဲ့ ဟော်ရာဖန်တွေတော့ အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဉ်း *************** ခရစ္စတိုဖာရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း Pooh တို့အုပ်စုဟာ မနှစ်က ဧက ၁၀၀ တောအုပ် ထဲမှာ အကြီးအကျယ်သောင်းကျန်းခဲ့ကြပြီး ဒါကို ခရစ္စတိုဖာက လူတွေကို သတိပေးပေမဲ့ မယုံခဲ့ကြပါဘူး။ ဒါပေမဲ့ ယုံတဲ့ လူနည်းစုကတော့ တောနင်းပြီး ဒီအကောင်တွေကို လိုက်သတ်ကြပါတယ်။ အဲဒီတော့ ပြေးစရာမြေမရှိတဲ့ Pooh တို့ကလည်း လိုက်ရှာတဲ့ လူတွေကို ပြန်သတ်ရုံသာမက မြို့ထဲအထိပါ ဝင်လာပြီး ပြန်လိုက်ဆော်ကြပါတယ်။ ကျန်တာကတော့ ပြကွက်အသားပေးမို့ ဇာတ်လမ်းထဲမှာသာ ဆက်ကြည့်ရမှာပါပဲ။...
