es
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
We Love (2018) ⭐IMDB: 4.8/10 (260 Votes) 🎬 #Comedy #Drama #Romance 🗓 2018 🎞 movie 🌎 #Japan ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 We love (2018) IMDb – 4.8My Drama List – 6.6 ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကိုကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။ တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီးယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလားစတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာဆက်လက်ပြီး ကြည့်လိုက်ကြရအောင်
...

The Patriot (2000) ⭐TMDB: 72% User Score 🎬 #Action #Drama #History #War 🗓 2000 🎞 movie 🌎 #Germany #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 55 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာ သူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာ သူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီး မိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။ သို့သော်က မပါတ်သတ်လိုပေမယ့် ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့ တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့ သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။ တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကို စောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူက ဒဏ်ရာရလာခဲ့ပါတယ်။ သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီး နှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန် ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကို ဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန် ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက် တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့ တပိုင်းတစကူညီရပါတော့တယ်။ Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားက ထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲ တမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်း ဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေက အမြင်ဆန်းသစ်နေပါတယ်။ နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ် အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ ဒီဇတ်ကားကို ဘာသာပြန်ပေးသူကတော့ ထက်အောင်လင်း ဖြစ်ပြီး အညွှန်းကိုလဲ သူကိုယ်တိုင် ရေးပေးထားပါတယ်
...

Wild Things (1998) ⭐TMDB: 64% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 1998 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wild Things(1998) ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့တစ်ချက်သတိပေးပါရစေ။ 18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူး ဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ်။ သူတို့ကတော့… 1.ဆမ်လွမ်ဘာဒို ဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။ 2. ကယ်လီဗန်ရိုင်ယန် ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက်ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။ 3.ဆူဇန်မာရီတိုလာ ဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့်ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။ အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိူင်ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင်ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။ 4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာ သူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲကစုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ ဒါကတော့ဇာတ်လမ်းရဲ့ အစကျောင်းဆရာလေးဆမ်ရဲ့ အမှုဖြစ်ပေါ်လာပုံဖြစ်ပါတယ်။spoilerမဟုတ်ပါဘူး ဒါဟာဇာတ်လမ်းရဲ့ အစပိုင်းလေးပဲရှိပါသေးတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းရဲ့ ထင်မထားတဲ့အချိုးအကွေ့ အချိတ်အဆက်တွေကပရိတ်သတ်ကိုပါးစပ်အဟောင်းသား ဖြစ်စေပါလိမ့်မယ်။ အညှီအဟောက်အခန်းလေးတွေလဲပါမှ ဇာတ်အိမ်ကလဲခိုင်မှ မင်းသားမင်းသမီးကလဲချောမှ twistတွေကလဲကြမ်းမှ ကြည့်ချင်တယ်ဆိုသူတွေ အတွက်ကတော့ Wild Things ဟာလုံးဝကိုလက်လွတ်မခံသင့်တဲ့ဘေကုန်ရကျိုးနပ်မယ့် ကားကောင်းတစ်ကားဖြစ်တဲ့အကြောင်း အာမခံလိုက်ပါတယ်။ Kaung Khant Win က ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
...

My Best Summer (2019) ⭐IMDB: 6.0/10 (338 Votes) 🎬 #Drama #Romance 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 49 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးဟာ 2019ထွက် တရုတ်ကျောင်းသားအချစ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်…Imdb6 ရထားပြီး တရုတ်နိုင်ငံမှာ လူကြိုက်များလှတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ.. ကန်ကန်ဆိုတဲ့သာမန်ကျောင်းသူလေးကတရုတ်ပြည်မှာနံပါတ်၁ကျောင်းဖြစ်တဲ့ ကျိန့်ဟွာအထက်တန်းကျောင်းကိုဝင်ရောက်ခဲ့တဲ့ပထမနေ့မှာပဲ ရူပဗေဒဉာဏ်ကြီးရှင် ယွီဟိုင်တို့တွေ့ဆုံပြီးတစ်ခုံတည်းအတူထိုင်ဖို့ဖြစ်လာတဲ့အခါ.. သူတို့နှစ်ယောက်ကြားမှာသူငယ်ချင်းသံယောဇဉ်တွေခိုင်မာလာပြီး အပြန်အလှန်သဘောကျနေပေမယ့်မျိုသိပ်ပြီးရင်ထဲမှာသိမ်းဆည်းထားကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..သူတို့နှစ်ယောက်ဆုံဆည်းနိုင်ပါ့မလား ဒီကားလေးထဲမှာသူတို့နှစ်ယောက်အပြင် သူငယ်ချင်းတစ်သိုက်ကြားကအဖြစ်အပျက်လေးတွေကိုပြန်မြင်ရပြီး အထက်တန်းကျောင်းသား/သူဘဝကိုပြန်ပြီးအမှတ်ရစေမှာအမှန်ပါပဲ
...

Crazy Alien (2019) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Comedy #SciFi #ScienceFiction 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 55 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီးဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်းအပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံးကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ်တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကိုတခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီးကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာမျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူကဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ် ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ
...

Cabrini (2024) ⭐IMDB: 7.5/10 (5 k Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 2 နာရီ 22 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “ကြွက်တွေလောက်တောင် ကလေးတွေက သားသားနားနား ဘဝနဲ့ မနေရဘူး” IMDb – 7.5, RT – 90% အမေရိကန်နိုင်ငံလို့ပြောလိုက်တာနဲ့ ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံတစ်ခုလို့မြင်မိတဲ့အပြင် လူအချင်းချင်းတန်းတူညီမျှမှု ရနေတဲ့နိုင်ငံလို့ တခါတည်းပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့သမိုင်းကတော့ အခု၂၁ရာစုက အခြေနေမျိုးမဟုတ်ဘဲ မရှု့မလှပါပဲ။ ပြောရရင် အမေရိကန်သမိုင်းကြောင်းအမှန်က အခု လူတွေမြင်နေကြသလို ဒီမိုကရေစီထွန်းကားတဲ့တိုင်းပြည်မို့လို့ လူအချင်းချင်း တန်းတူညီမျှမှုတွေက နိုင်ငံဖွဲ့စည်းစဥ်ကတည်းက ရှိလာတာ မဟုတ်ဘူးပေါ့လေ။ အမေရိကန်နိုင်ငံကလည်း ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပါပဲ သမိုင်းစတင်ရေးထိုးကတည်းက ဖြစ်တည်လာတဲ့ သမိုင်း အမဲစက်က ကြောက်မခမ်းလိလိပါပဲ။ ယခုရုပ်ရှင်ကတော့ ၁၈၈၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အမေရိကန်နိုင်ငံရဲ့သမိုင်းအမဲစက်တွေထဲက တစ်ခုဖြစ်တဲ့ ပြောင်းရွှေ့နေထိုင်သူတွေအပေါ်ကို ဖိနှိပ်ချုပ်ချယ်တဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကောင်းတကာ့အကောင်းဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ မျှော်လင့်ချက်အသစ်တွေနဲ့ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရဖို့ အီတလီလူမျိုးတွေက အမေရိကကို လာရောက်အခြေချနေထိုင်ပါတော့တယ်။ သို့သော် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ မျက်နှာဖြူအမေရိကန်တွေရဲ့ဖိနှိပ်ချုပ်ချယ်တာတွေ လျစ်လျူရှု့ခံရတာတွေနဲ့ ကြုံတွေနေရပါတယ်။ ကာဘရီနီဆိုတဲ့ သီလရှင်ဖြစ်သူ မာသာဟာ လုံဘာဒီမှာ မိဘမဲ့ဂေဟာဖွင့်ထားရင်း ကလေးတွေကို စောင့်ရှောက်ရင်းကနေ နယူးယောခ့်မြို့ကို ပုပ်ရဟန်းမင်းကြီးရဲ့ သာသနာပြုမစ်ရှင်အတွက် မိဘမဲ့ဂေဟာထောင်ရင်း မျှော်လင့်ချက်အင်ပါယာကို တည်ထောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။ အမေရိကန်ရောက်သွားတဲ့အခါမှာ အီတလီလူမျိုးတွေ ကြုံတွေ့နေရတဲ့ အခက်ခဲတွေ၊ ဆင်းရဲနွမ်းပါးနေတာတွေ၊ ဖိနှိပ်ခံနေရတာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ … ယောကျ်ားတွေတောင် ကျရှုံးနေခဲ့တဲ့ မစ်ရှင်ကို မိန်းမသားဖြစ်သူ ကာဘရီနီက ထမ်းဆောင်နိုင်ပါ့မလား။ သူ့ပေါ်ဝင်နေကြတဲ့ သံသယတွေကို မှားကြောင်း သူသက်သေပြနိုင်ပါ့မလား၊ ကြွက်တွေလောက်တောင် ကောင်းကောင်မွန်မွန် သားသားနာနား မနေရတဲ့ ကလေးတွေရဲ့ဘဝကို သူကယ်တင်နိုင်ပါ့မလား၊ အမေရိကန်ကနေ စတင်ပြီး သူ့ရဲ့မျှော်လင့်ချက်အင်ပါယာကြီးကို တကမ္ဘာလုံးထိ တည်ထောင်နိုင်ပါ့မလားဆိုတာကို သူကြုံတွေနေရတဲ့ အခက်ခဲတွေ၊ ကြုံတွေ့လာရမယ့် အခက်ခဲတွေကို ကာဘရီနီက စွမ်းသမျှအားကုန်သုံးပြီး ကြိုးစားပေးပုံတွေကို ဒရမ်မာဆန်ဆန်ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

The Captives (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery #ScienceFiction #Thriller 🗓 2024 🎞 Movie 🌎 #China ⏰ 2 နာရီ 22 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၁၅၀ခုနှစ်မှာ ကမ္ဘာပေါ်ကို တခြားဂြိုလ်ကပိုးကောင်သားရဲတွေဝင်ရောက်ကျူးကျော်လာတဲ့အကြောင်းကို ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားဖြစ်ပါတယ်။၂၁၅၀ခုနှစ်မှာ တခြားဂြိုလ်ကပိုးကောင်သားရဲတွေဟာကမ္ဘာကိုရောက်လာပြီး လူသားတွေကိုတိုက်ခိုက်ခဲ့တယ်။ လူသားနဲ့ပိုးကောင်စစ်ပွဲကြီးဟာ နှစ်(၂၀)ကြာတဲ့အထိပြီးဆုံးမသွားသေးပါဘူး။ဒီပိုးကောင်မျိုးနွယ်ဟာ အရေခွံမာပြီး အားကြီးတဲ့ပြင် မှန်းဆလို့မရတဲ့ဉာဏ်ရည်တွေရှိတာကြောင့် လူသားတွေဟာသူတို့ကိုအပြီးသတ်နှိမ်နင်းနိုင်ဖို့ခက်ခဲနေပါတယ်။ နှစ်လရှည်ကြာလာတာနဲ့အမျှ ပိုးကောင်တွေဟာကမ္ဘာမှာနေသားကျပြီး မျိုးရိုးဗီဇတစ်ဆင့်တက် ဆင့်ကဲပြောင်းလဲလာပါတယ်။ကမ္ဘာကြီးပေါ်မှာရှိတဲ့လူသားတွေမျိုးသုန်းသွားမယ့်အန္တရာယ်ကျရောက်တော့မယ့် အရေးပေါ်အခြေနေကိုရောက်ရှိလာပါပြီ။ဒီဉာဏ်ရည်ရှိတဲ့ဂြိုလ်သားပိုးကောင်တွေကိုဘယ်လိုအနိုင်ယူနိုင်မလဲ……ကမ္ဘာကြီးဟာဒီပိုးကောင်တွေရဲ့နယ်ချဲ့ရန်ကနေလွတ်မြောက်နိုင်ပါ့မလား
...

Paarijathaparvam (2024) ⭐IMDB: 8.0/10 (2 k Votes) 🎬 #Bollywood #Comedy #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Parijatha Parvam (2024)မင်းသားတစ်ယောက် ဖြစ်ဖို့အရေး ဒီတစ်ခါမှာတော့ Comedy, Thriller အမျိုးအစားအိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ နယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်ကဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်းဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ် အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက်နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ် ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင်ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ်ဒီတော့ ဘာတွေဆက်ဖြစ်မလဲ…. ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ….နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား…သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team က ဖြစ်ပါတယ်)
...

Isi & Ossi (2020) ⭐IMDB: 6.4/10 (10 k Votes) 🎬 #Comedy #Romance 🗓 2020 🎞 Movie 🌎 #Germany ⏰ 1 နာရီ 53 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ညဘက်မှာ romance လေးတွေနဲ့ chillချင်တဲ့ သူတွေအတွက် germanအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ Ratingကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲမှာနွေးထွေးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေးဆိုတော့ အခုပဲလက်မနှေးဘဲ ရှုစားလိုက်ကြပါစို။ အစ်စီဟာ ဂျာမန်မှာအချမ်းသာဆုံး လူ 50 စာရင်းဝင် ဘီလျံနာသူဌေးကြီးရဲ့ တစ်ဦးတည်းသောသမီး စည်းကမ်းတင်းကြပ်လွန်းတဲ့ အဖေနဲ့အမေရဲ့ ပုံစံခွက်ထဲက ပျင်းခြောက်ခြောက်ဘဝကြီးမှာ ရှင်သန်လာခဲ့ရသူတစ်ယောက် ဒီလိုနဲ့တစ်နေ့မှာ ကောလိပ်ကိုအတင်းတက်စေချင်တဲ့ အဖေနဲ့အမေကိုဆန့်ကျင်ပြီး နယူးယောက်က နာမည်ကြီး အချက်အပြုတ်သင်တန်းကိုတက်ဖိုအတွက် အစ်စီ တစ်ယောက် မန်းဟိုင်းမ်ကိုဆင်းလာပြီး အဆိုးအတေ ဘဲတစ်ယောက်ရှာပြီး မိဘဆီက ငွေညှစ်ဖိုလုပ်ပါတော့တယ်။ အဲဒီမှာအော်စီဆိုတဲ့ကောင်လေးနဲ့ ဆုံဖိုဖြစ်လာတာပေါ့။ မိဘတွေရဲ့မျက်စိထဲ လုံးဝကန့်လန့်ဖြစ်စေမယ့် ဘဲတစ်ပွေ လိုနေတဲ့အစ်စီရယ်၊ ပွဲထိုးခါနီးမှ စပွန်ဆာပျောက်သွားတဲ့ လက်ဝှေ့သမားလေးအော်စီတို အပေးအယူတစ်ခုလုပ်ဖို ဖြစ်လာတဲ့အခါမှာတော့…. အကျိုးအမြတ်ကိုယ်စီမျှော်ကိုးပြီး စခဲ့တဲ့ သူတိုနှစ်ယောက်ရဲ့ ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။
...

Superman: Unbound (2013) ⭐IMDB: 6.5/10 (14 k Votes) 🎬 #Action #Adventure #Animation 🗓 2013 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Superman Unbound (2013) IMDb: 6.5/10Rotten Tomatoes: 100% Superman Unbound ဟာ ၂၀၁၃ ခုနှစ်ထွက် DC Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ကာရာ(စူပါဂဲလ်) ဟာကမ္ဘာမြေက်ိုရောက်ကာစအချိန်ဖြစ်ပါတယ်။ လိုးဝစ်စ်ကို လူဆိုးတွေဖမ်းသွားလို့ကယ်လ်(စူပါမန်း) နဲ့ ကာရာလို့လိုက်ကယ်ကြပါတယ်။ ကာရာဟာ ကမ္ဘာကိုရောက်လာတာအကြောင်းရှိပါတယ်။ ဘရိန်းနီးရာ့ခ် လို့ခေါ်တဲ့ အရာဟာ ဂြိုလ်တိုင်းမှာရှိတဲ့ အဓိကမြို့တွေကိုဖမ်းယူပြီး အသိပညာဉာဏ်ရည်တွေကိုစုပ်ယူထားတဲ့ ဉာဏ်ရည်မြင့်သတ္တဝါဖြစ်ပါတယ်။ ကာရာ ကမ္ဘာကိုရောက်လာတာကလည်း ကန်ဒေါလို့ခေါ်တဲ့ ခရစ်ပတွန်က မြို့တော် ဘရိန်းနီးရာ့ခ်လက်အောက်ကိုရောက်သွားတာကြောင့် ကာရာရဲ့မိဘ ကယ်လ်ရဲ့ဦးလေးတွေက စိတ်ပူပြီး ကမ္ဘာကိုလွှတ်လိုက်တာဖြစ်ပါတယ်။ အကြောင်းဖန်လာတော့ ဘရိန်းနီးရာခ့်ဟာ ကမ္ဘာကိုဦးတည်လာခဲ့ပါတယ်။ ကာရာနဲ့ကယ်လ် တို့နှစ်ယောက်ဘယ်လိုမျိုး ဉာဏ်ကြီးရှင် ဘရိန်းနီးရာခ့်ရန်ကနေ ကမ္ဘာကိုကာကွယ်ပေးမှာလဲ။
...

High School Return of a Gangster (2024) ⭐TMDB: 70% User Score 🎬 #SciFi #Fantasy #Drama 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 55 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 High School Return of a Gangster (2024)High School Return of a Gangster (2024)*************************************** အပိုင်းသစ် (၅+၆) ဒီကားလေးကတော့ နာမည်ကြီး BL Novel ရဲ့ ကျောရိုးကိုယူပြီးဒရာမာအဖြစ် ပြန်လည်အသက်အသွင်းထားတဲ့ ကားလေးပဲဖြစ်ပါတယ်။All of Us Are Dead ထဲက မင်းသား Yoon Chan-Young နဲ့Golden Child အဖွဲ့မှ Bong Jae-Hyun တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Lee Seo-Jin  ကcameo ဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအညွှန်း-အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂန်းစတား Kim Deuk Pal (Lee Seo-Jin) ဟာငယ်ငယ်က တက္ကသိုလ်ကို တက်ချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ချို့တဲ့တဲ့မိဘတွေကြောင့် ကျောင်းစာကောင်းကောင်း မသင်ခဲ့ရသူဖြစ်ပါတယ် ။တစ်နေ့မှာတော့ Song Yi-Heon (Yoon Chan-Young) ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က အ‌ဆောက်အအုံပေါ်ကနေခုန်ချ အဆုံးစီရင်ဖို့လုပ်နေတာကို တွေ့ပြီး ဝင်တားရာကနေKim Deuk Pal ရဲ့ဝိဉာဉ်ဟာ အထက်တန်းကျောင်းသားလေးရဲ့ကိုယ်ထဲရောက်သွားပါတော့တယ် ။အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသားလေးရဲ့ အကြောင်းကိုသိသွားတဲ့Kim Deuk Pal ဟာ အနိုင်ကျင့်ခဲ့တဲ့ သူတွေကိုအပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက်စံပြကျောင်းသားဖြစ်ပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ Choi Se-Kyung(Bong Jae-Hyun) နဲ့ ရင်းနှီးလာပါတော့တယ်။၁၉ နှစ်အရွယ် ကျောင်းသားလေးရဲ့ ကိုယ်ထဲက ၄၇ နှစ်အရွယ်ဂန်းစတားတစ်ယောက်က အနိုင်ကျင့်တဲ့ကျောင်းသားတွေကို ဘယ်လို ပညာပြန်ပေးမလဲ။သူငယ်ချင်းကိုလည်း အကြမ်းဖက်မှုကလွတ်အောင် ဘယ်လိုကူညီပေးသွားမလဲဆိုတာကိုအတူကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)
...

The Boys (2019) ⭐TMDB: 85% User Score 🎬 #SciFi #Fantasy #Action #Adventure 🗓 2019 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Boys Season (1+2+3+4)The Boys(2020) Season (1+2+3+4 Ongoing)****************************** ဒီစီးရီးက 2019 မှာ စထွက်ခဲ့ပြီး Season တစ်ခုမှာ အပိုင်း ၈ ပိုင်းရှိပါတယ်…CM အနေနဲ့ ထွက်ရှိသမျှတွေကို ဘာသာပြန်တင်ဆက်ခဲ့ပြီးပါပြီ…. ဇာတ်လမ်းတွဲအညွှန်းက ထွေထွေထူးထူးတော့ထပ်ပြောစရာမရှိဘူး…စူပါ ပါဝါရှိပြီး လူတွေကိုအကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ မိစ္ဆာလိုကောင်တွေလည်းအများကြီးရှိပါတယ်… ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ အများစွာထိခိုက်နေပေမယ့်လည်း Supervillain လိုကောင်တွေဟာ အင်အားကြီးတာရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်… ဒီအထဲမှာမှ ဘဝက သေလည်းမထူးဘူး …ဒီလိုစူပါပါဝါရနေတဲ့ အရူးတွေကို ရသလောက်ပြန်သတ်မယ်ဆိုပြီး The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာတဲ့အချိန်မှာတော့….SE1 ထဲက ရှယ်ကြမ်းသလို နောက်ပိုင်းမှာလည်းပိုတောင်ကြမ်းလာပါတယ်…ဒီစီးရီးက စိတ်ဝင်စားဖို့ကောင်းတာက ကျွန်တော်တို့မြင်တွေ့နေကြ ကိုးကွယ်ရတဲ့စူပါဟီးရိုးတွေမဟုတ်ဘဲ ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီး အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်…ပြီးတော့ ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို လိုက်ရှာပြီး ဗျင်းဖို့လိုက်စဉ်းစားရတာလည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်…အက်ရှင်ခန်းတွေ ဘယ်လောက်မိုက်ပြီး နင်းကန်ပီပြင်လည်းဆိုတာတော့ ထပ်ပြီးမပြောတော့ဘူး….ဒီနေ့ကတော့ အပိုင်း(၃)ခုထွက်ရှိထားမှာဖြစ်ပြီး ကျန်တဲ့(၅)ပိုင်းကိုတော့ တစ်ပတ် တစ်ပိုင်းနှုန်းပဲထွက်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြပါကုန်….။+++++++++++++++++++++++Season (4) Ongoing Season  Ep-1 (4K) >>>> CM AppEp-1 (1080p)>> YoteShin / Megaup / UsersdriveEp-1 (720p) >>> YoteShin / Telegram / Megaup / Usersdrive / StreamSb ကျန်ရှိသောအပိုင်းများကိုလဲ ဆက်လက်တင်ဆက်သွားပါမည်။
...

Iron Lady Sniper (2024) ⭐TMDB: 0% User Score 🎬 #Action #War 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ်1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေတော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီးပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီးတရုတ်ပြည်က တော်လှန်သူမှန်သမျှကိုရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။ အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီးသူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာတစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာသေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါ‌တယ် ။ သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ?ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော်
...

The Legend of Catclaws Mountain (2024) ⭐IMDB: 5.4/10 (102 Votes) 🎬 #Family #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချန်နယ်မြန်မာပရိတ်သတ်ကြီး ခုတခေါက် ကြည့်ရှူရမှာကတော့ ၂၀၂၄ မှထွက်ရှိထားတဲ့ ကြောင်လက်သည်းတောင်ရဲ့ ဒဏ္ဍာရီ ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်.. ဇာတ်လမ်းကတော့ပေါ့ပေါ့ပါးပါးကလေးပုံပြင်လို ဇာတ်လမ်းသွားမျိုးလေးဖြစ်ပါတယ် နယ်မြို့လေးမှာ နိစ္စဓူဝပုံမှန်ဘဝထဲမှာပဲ အသားကျနေတဲ့ မင်ဒီတို့ မိသားစုမှာ မင်ဒီကတော့အများနဲ့မတူပဲ သူက တစ်ခုခုထူးခြားတာတွေကိုလုပ်ဖို့အတွက် မွေးဖွားလာတာလို့ယုံကြည်နေပါတယ်.. ဇာတ်လမ်းအစမှာတော့ မမျှော်လင့်ပဲ သူတို့ရဲ့အဖေ အိမ်ထောင်ဦးစီးရဲ့ ပန်းခြံကပိတ်ရတော့မဲ့ အနေအထားကို ကြုံလာပါတယ် ငွေကြေးအခက်အခဲကြောင့် ရေကြည်ရာ မြက်နုရာ အလုပ်ပြောင်းတဲ့နေရာကိုရွှေ့ရတော့မလို ဖြစ်နေချိန်မှာ မင်ဒီဟာ ထူးခြားတဲ့ ယူနီကွန်းလို စွတ်စွတ်ဖြူဖွေးနေတဲ့ မြင်းပုလေးတစ်ကောင်နဲ့ တွေ့ခဲ့ရပါတယ် ဒီနယ်တစ်ဝိုက်မှာ တစ်နေ့ကျရင် မြင်းပုလေးတစ်ကောင်ကထိုက်တန်တဲ့သူကို ကြောင် လက်သည်းတောင်မှာဖွက်ထားတဲ့ ရွှေတွေဆီကို လမ်းပြပေးလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီတွေကလည်း နာမည်ကြီးနေတာမလို့ မင်ဒီကတော့ ဒီမြင်းပုလေးကို ထူးခြားတဲ့မြင်းပုလေးလို့ထင်မှတ်လိုက်ပါပြီ ဒါပေမဲ့ ကလေးပဲရှိသေးတဲ့ မင်ဒီတစ်ယောက် သူထင်ရာ မြင်ရာကလေးအတွေးတွေပဲတွေးနေတာလား တကယ်ဆိုရင်ရောတောကြီးမျက်မည်းထဲက ရွှေတွေဆီကိုဘယ်လိုများသွားနိုင်မှာလဲ ပြီးတော့ ရွှေဆိုရင်ငမ်းငမ်းတက်မက်မောကြတဲ့ လူတို့သဘာဝ အတိုင်း သွေးနံ့ရလို့ဝိုင်းလာတဲ့ငါးမန်းလိုလူတွေကိုရော သူတို့ဘယ်လိုများရင်ဆိုင်ရမလဲကို ပေါ့ပေါ့ပါးပါးကြည့်ရှူနိုင်မှာပါ
...

The Last Frenzy (2024) ⭐TMDB: 48% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 46 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CMကနေဒီတစ်ခါမှာတော့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကပ်စေးနည်းခြင်းအမွေကိုဆက်ခံလာတဲ့ ကျာယိုဝေ တစ်ယောက် သန်းချီလှဲလျောင်းခြင်းအစီစဉ်ကိုအကောင်ထည်ဖော်ဖို့အတွက် မစားရက်မသောက်ရက်နဲ့ ငွေတွေစုနေခဲ့တာပါ ဒါပေမယ့် တစ်ရက်မှာ မူးလဲပြီးဆေးရုံရောက်သွားချိန်မှာ သိလိုက်ရတာတော့ဦးနှောက်အကျိတ်ရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီးအကျိတ်ရဲ့ကြီးထွားနှုန်းက အရမ်းမြန်နေပြီး ၁၀ရက်ပဲအသက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်က သတ်မှတ်ပေးလိုက်ပါတယ် အဲ့လိုနဲ့ ကျာယိုဝေတစ်ယောက် သူ့မှာစုထားတဲ့ငွေတွေအပြင်အိမ်ခန်းကိုပါရောင်းပြီးတော့ သူ့ငယ်သူငယ်ချင်းတွေကိုပြန်ခေါ်ပြီးပိုက်ဆံဖြုန်းတဲ့အစီစဉ်ကို စတင်ပါတော့တယ်၁၀ရက်ပြည့်တဲ့ညမှာ ကျာယိုဝေတစ်ယောက် မူးလဲအော့အန်ပြီးဆေးရုံရောက်သွားတဲ့နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲတကယ်သေသွားမှာလားဆိုတာကို ဟာသ‌အနှောလေးနဲ့ကြည့်ရမှာမို့လို့ပေါ့ပေါ့ပါးပါးအပန်းဖြေချင်တဲ့သူတွေ‌အနေနဲ့ကြည့်ရှုသင့်တဲ့ကားလေးဖြစ်လို့ CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်
...

Wicker Park (2004) ⭐TMDB: 68% User Score 🎬 #Drama #Mystery #Romance #Thriller 🗓 2004 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ……ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်…..သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ…..ရှိနေကြ…..ရှိလာကြဦးမှာပါပဲ…… ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ…..ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့
...

Requiem for the American Dream (2015) ⭐IMDB: 8.0/10 (10 k Votes) 🎬 #Biography #Documentary #News 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 13 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Requiem for the American Dream (2015)IMDb 8.0/10 အေဗရမ် နွန်ချန့်စကီး ဟာ ဂျူးလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးနာမည်ကြီးလူသိများတဲ့ ဘာသာဗေဒ ပညာရှင် တက်ကြွလှုပ်ရှားသူနဲ့ဝေဖန် ရေးသမား တစ်ယောက်ပါ။ ခေတ်သစ်ဘာသာဗေဒ ပညာရပ်ရဲ့ဖခင်ကြီးလို့တောင်ပြောစမှတ်ပြုကြပါတယ်။ မက်ဆာချူးဆက် နည်ပညာကျောင်းရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေပြီး ပညာရပ်ဆိုင်ရာစာအုပ်တွေ နဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာစာအုပ်ပေါင်း ၁၅၀ ကျော်ကိုလည်းရေးသားပြုစုခဲ့ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့တော့ အလုပ်သမားတွေရဲ့ အရေးကိုအလေးထားဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားတွေကြားမှာ လွတ်လပ်စွာပြောဆိုခွင့် နဲ့အသင်းအဖွဲ့ထူထောင်ခွင့်ရှိရမယ်ဆိုတဲ့ မူဝါဒကို စွဲကိုင်ထားသူပါ။ပြီးတော့ နိုင်ငံရေးလောကကြီးကို ဓနရှင် လုပ်ငန်းရှင် လူနည်းစုက နည်မျိုးစုံသုံးကာလက်ဝါးကြီးအုပ်ချယ်လှယ်ထားတယ်လို့ တစိုက်မတ်မတ်ပြောဆိုခဲ့ပါတယ်။အဲဒီအချက်ကိုဒီရုပ်ရှင်ထဲမှာလည်း အချက်အလက်စုံစုံလင်လင်နဲ့ ဖော်ပြထားပါတယ်။ အဲဒီလို လူနည်းစုကလုပ်ချင်တိုင်းလုပ်နေတာကို လူထုကသိရှိပြီး စုပေါင်းအင်အားနဲ့တွန်းလှန်မှသာ ဖိနှိပ်ခံရတာ ဆင်းရဲတွင်းနက်တာ နဲ့တန်းတူညီမျှမှု မရှိတာ စတဲ့အခက်အခဲတွေပြေလည်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ဟာဆိုရင် ချန့်စကီးကို လေးနှစ်ကျော်လောက် အင်တာဗျူးတွေလုပ်ခဲ့ပြီးအဲဒီထဲကမှ ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့သူ့ရဲ့အယူအဆတွေကိုကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင်ဖော်ပြထားပြီး လူတွေသိပ်မသိတဲ့နိုင်ငံရေးလောကရဲ့လှည့်ကွက်တွေ နဲ့ သူတို့ရဲ့ဦးတည်ချက်တွေ သူတို့ကြောက်လန့်တဲ့အကြောင်းတရားတွေကဘာတွေပါဆိုတာကို သိမြင်လာမှာပါ။ အမေရိကန်နိုင်ငံလို လွတ်လပ်မှုအရှိဆုံးလို့ကြွေးကြော်ထားတဲ့နိုင်ငံမှာတောင် ဓနရှင်တွေရဲ့ပြည်သူအပေါ်ဖိနှိပ်မှုက ပုံစံမျိုးစုံနဲ့ ခေတ်အဆက်ဆက်တည်ရှိခဲ့ပါတယ်။ဥပဒေကို လိုတစ်မျိုး မလိုတစ်မျိုး အလျှော့အတင်းလုပ်ကြတာတွေ ကိုယ်ကျိုးကိုပဲရှေ့တန်းတင်ကြတာတွေ နဲ့ နိုင်ငံမှာအခက်အခဲကြုံရတဲ့အခါ ပြည်သူကိုချနင်းဖို့ပဲ ကြိုးစားကြတာမျိုး‌တွေပါ။နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ စိတ်ဝင်စားရတော့မှာပါလားလို့ အတွေးပေါ်လာတဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ သူပြောတဲ့ အယူအဆတွေ သူ့ခံယူချက်တွေကို သဘောမကျဘူးဆိုရင်တောင် ကြည့်မိလို့နောင်တမရစေရဘူးလို့ အာမခံပါတယ်။ 2015 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 8 ရှိထားပါတယ်။ 2017 ခုနှစ်မှာတော့ အဆိုပါနာမည်နဲ့ပဲ စာအုပ်အဖြစ်ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။
...

Yolo (2024) ⭐TMDB: 60% User Score 🎬 #Action #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 10 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေးပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာအရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင်ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီးဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ်တုလော့ယင်တစ်ယောက်ဘာကိုမှမလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူတုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူသုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာလုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့်တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီးတနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီးကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်းမထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက်ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်ကသူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီးဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့်လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်
...

Hovering Blade (2024) ⭐IMDB: 6.4/10 (46 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 47 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။ မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက်အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာမြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီးသမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကိုဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာတရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက်အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက်လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်
...

Kill Craft (2024) ⭐IMDB: 2.6/10 (117 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kill Craft ရုပ်ရှင်ဇာတ်ကားကတော့ ဒီနှစ်ထဲမှာမှ ထွက်ရှိလာခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားကောင်းတခုပါ။ Marina ဟာ အတန်းထဲမှာ အမြဲအဆင့်တစ်ရတဲ့ အထက်တန်း‌ကျောင်းသူလေးတဦးပါ။ သူ့အမေက လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းဒုက္ခိတဦးဖြစ်ပြီး သူ့အဖေကတော့ ကြေးစားလူသတ်သမားပါ။ ဒီလိုနဲ့ သူ့ဖခင်ဟာ မစ်ရှင်တခုမှာ အသတ်ခံလိုက်ရပြီး မိသားစုတာဝန်တွေက Marina ရဲ့ ပခုံးပေါ်ကို ရောက်ရှိ လာပါတယ်။ လျင်မြန်စွာပြောင်းလဲသွားတဲ့ Marina ရဲ့ဘဝဟာ ဖခင်ဖြစ်သူရဲ့လုပ်လက်စ ကြေးစားလူသတ်အလုပ်တွေကို လျှိဝှက်စွာလုပ်ကိုင်ဖို ဖြစ်လာပါတော့တယ်။ သူ့ရဲ့ဖခင်ကို သတ်သွားတဲ့ အလုပ်ရှင်ကို ပြန်လည်လက်စားချေဖို အထက်တန်းကျောင်းသူ Marina တယောက် ဘယ်လိုတွေ ကြိုးစားမှာလဲ၊ လူမိုက်လောကထဲကို ဘယ်လိုဝင်ရောက် သွားမလဲ၊ ဒုက္ခိတဖြစ်နေတဲ့ မိခင်ကိုရော သူကာကွယ် စောင့်ရှောက်နိုင်ပါ့မလား၊ နောက်ဆုံးမှာ သူ့ရဲ့လက်တုံ ပြန်မှုက ဘယ်လောက်ထိ အောင်မြင်သွားနိုင်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ စီးမျောကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
...

ဇာတ်ညွှန်းများ • FDMN - Estadísticas y analítica del canal de Telegram