ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Death and Other Details (2024- ) ⭐IMDB: 7.0/10 (3 k Votes) 🎬 #Mystery #Drama #Crime #Thriller 🗓 2024- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 45 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Death and Other Details (2024) Hulu ကထုတ်တဲ့ အလန်းစား စုံထောက်ဇာတ်လမ်းကြီးဖြစ်ပါတယ် Rating 7 နဲ့ Crime ဇာတ်လမ်းတွဲကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ…အညွှန်းကို ဆက်ရရင်….အမွေခံမိသားစုကြီးရဲ့ ၂ ခုရဲ့ ၁၀ ရက်တာ ပင်လယ်သင်္ဘောခရီးစဉ်ကြီးမှာ ကမ္ဘာ့အတော်ဆုံး စုံထောက်ကြီး ရူးဖက်ကော့ဝေါ့နဲ့ သူ့ရဲ့ လက်ထောက် ထရူးဘစ်စကီပါ ပါဝင်လာပါတယ် အကြောင်းကတော့ နှစ်ဖက်မိသားစုက ဘီလီယံဒေါ်လာချီတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလုပ်မှာဖြစ်တဲ့အတွက် စုံထောက်ကြီး ရူးဖက်စ်ကို background check နောက်ကြောင်းစစ်ဖို့အတွက် တစ်ဖက်မိသားစုက ငှားရမ်းလိုက်တာဖြစ်ပါတယ်ဒါပေမယ့် ဖြစ်ချင်တော့ သင်္ဘောရေချပြီး တစ်ညမှာပဲ သူ့ရဲ့လက်ထောက် ထရူဘစ်စကီအသတ်ခံလိုက်ရပါတယ် မိသားစုနှစ်ခုကြားက ဇာတ်ကောင်တစ်ကောင်ချင်းစီကို စုံစမ်းအဖြေရှာရင်းနဲ့ ရှုပ်ထွေးပွေလီတဲ့ လှည့်ကွက်တွေကိုလည်း အသေးစိတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်…စုံထောက်ဇာတ်လမ်းတွေဆိုတာ နောက်ဆုံးမှာ တရားခံဘယ်သူလဲ သိမှာဖြစ်တဲ့အတိုင်း ဒီဇာတ်လမ်းကလည်း သူလား ငါလားပဟေဠိပေါင်းများစွာနဲ့ စုံထောက်ကြီးရူးဖက်ရဲ့ တရားစီရင်ခန်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်...
Johan Falk: Lockdown (2015) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2015 🎞 video movie 🌎 #Sweden #Germany ⏰ 1 နာရီ 40 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆွီဒင် အက်ရှင်စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်ရှင်တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်လိုက်ဖြစ်တဲ့ Johan Falk နဲ့ GSI အဖွဲ့ကိုပဲ အခြေတည်ထားတာဖြစ်ပြီး တစ်နှစ်ထဲထွက်ရှိခဲ့တဲ့ Johan Falk : Blood Diamonds နဲ့ အဓိကဆက်စပ်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂိုသင်ဘတ်မြို့က ရဲစခန်းတစ်ခုမှာ လူသတ်မှုဖြစ်သွားပြီး ရဲစခန်းတစ်ခုလုံးကို လော့ဒေါင်းချပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံးသူက GSI ရဲ့ အဖွဲ့အကြီးအကဲဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk ရဲ့ မိတ်ဆွေလည်းဖြစ်ပါတယ်။ သတ်သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကိုစေခိုင်းသူ ဘယ်သူလဲဆိုတာနဲ့ နောက်ကွယ်က ကြိုးကိုင်သူကို Johan နဲ့ GSI အဖွဲ့သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်ဆက်ထားပါတယ်။ များပြားလှတဲ့ Johan Falk ဇာတ်ကားတွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် စုံထောက် Mystery ဖက်ကို ကိုအသားပေးထားပါတယ်။ ကြည့်နေကျ အမေရိကန်စုံထောက်ဇာတ်လမ်းတွေနဲ့မတူတဲ့ ဥရောပဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်အိမ်က ရှုပ်ထွေးနေတာမျိုးမရှိပေမဲ့ အရင် Johan Falk ဇာတ်ကားတွေကြည့်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။...
Bhakshak (2024) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Bollywood #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bhakshak (2024) “ဘာ့ခ်ရှာ့ခ်”IMDb – 7.4/10 Netflixကနေ ထုတ်လွှင့်လိုက်တဲ့ မှုခင်းဒရာမာရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။မိဘမဲ့ဂေဟာတချို့မှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးလေးတွေအပေါ် အနိုင်ကျင့်စော်ကားမှုဖြစ်ရပ်မှန်တွေကိုအခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Toilet: Ek Prem Katha(2017)မှာ အိမ်သာမရှိလို့ လင်တော်မောင်ကိုပစ်ထားခဲ့တဲ့ ဂျာယာနေရာကနေသဘာ၀ကျကျသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဘူမီးပတ်နေခါ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဗိုင်ရှာလီက သုံးနှစ်ကြာအောင် သတင်းချန်နယ်တစ်ခုကို တင်ဆက်နေပေမဲ့ကြည့်ရှုသူမရှိဖြစ်နေပါတယ်။တစ်ရက် သတင်းပေးတစ်ယောက်ဆီက သိလိုက်ရတာလူမှုရေးစစ်တမ်းအစီရင်ခံစာတစ်ခုမှာ ပြည်နယ်တစ်ခုက အမျိုးသမီးမိဘမဲ့ဂေဟာမှာနေထိုင်တဲ့အမျိုးသမီးလေးတွေ မတော်မတရားပြုကျင့်ခံနေရတယ်ဆိုတာပါပဲ။ ဒီကိစ္စကို အစိုးရကသိပေမဲ့ ရေငုံနှုတ်ပိတ်နေနေတာကြောင့် ဗိုင်ရှာလီတစ်ယောက်လိုက်စုံစမ်းရင်း ရာဇဝတ်မှုအကြီးကြီးကို အစဆွဲထုတ်မိပါတော့တယ်။ ဒီမှာပဲ “ဘာ့ခ်ရှာ့ခ်”ဆိုတဲ့ ပရိုဂရမ်နဲ့အတူ ဒီရာဇဝတ်မှုကြီးကို ဖော်ထုတ်တင်ဆက်တဲ့နောက်မှာတော့မိသားစုအသိုင်းအဝိုင်းအသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံရ၊ပါဝင်ပတ်သက်နေသူတွေကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်တွေဆိုတော့ကာဗိုင်ရှာလီတစ်ယောက် အမှန်တရားကို ဘယ်လိုကြိုးစားဖော်ထုတ်သွားမလဲ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Love on Your Doorstep (2023) ⭐IMDB: 5.3/10 (143 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 30 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်တော့ ပရိတ်သတ်ကြီးတို့အတွက် romance ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ် ဆက်ဆံရေးတစ်ခုမှာ ကိုယ်လိုချင်တဲ့အခြေအနေမဟုတ်တော့ရင် နှစ်ဘက်စလုံးကလည်းမညှိနှိုင်းပေးနိုင်တော့ရင် ပြေပြေလည်လည်နဲ့ လမ်းခွဲပြီး healthy relationship တစ်ခုကိုတည်ဆောက်လို့ရတယ်ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ အဓိကပုံဖော်ထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…. ရုပ်သံလှိုင်းတစ်ခုမှာ အရည်အချင်းရှိပြီး အလုပ်ကိုစိတ်အားထက်သန်တဲ့ မေစီကတော့ သူ့ရဲ့ရှိုးအစီအစဉ်အသစ်ကိုရဖို့ အသည်းအသန်ကြိုးစားနေပါတယ်။အဲဒီအချိန်မှာပဲ ဂုဏ်ပြုဖို့အတွက်ပန်းခြင်းလာပို့ပေးတဲ့ Bloom app ကိုတည်ထောင်ထားတဲ့ ဝါရန်တို့လုပ်နေတဲ့ ပန်းပို့ပေးတဲ့စီးပွားရေးကို မေစီတစ်ယောက် သိပ်ကိုစိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ မေစီနောက်ကနေလိုက်စည်းရုံးပေမဲ့ ဝါရန်တစ်ယောက်သဘောမတူတဲ့အခါမှာတော့ မေစီတစ်ယောက် ဝါရန်ကို ဘယ်လိုသဘောတူအောင်သိမ်းသွင်းမှာလဲ သူ့ရဲ့အလုပ်မှာနစ်မြောနေတဲ့ ရည်းစားလေးနဲ့ပဲရေရှည်လက်တွဲသွားမလားဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။...

Johan Falk: Slutet (2015) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2015 🎞 video movie 🌎 #Sweden #Germany ⏰ 1 နာရီ 43 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Johan Falk film series တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဥရောပတိုက်ရဲ့ နိုင်ငံတော်တော်များများက ဒုစရိုက်အဖွဲ့အစည်းတွေ အားလုံးလိုလိုကို လက်ဝါးကြီးအုပ်ထားတဲ့ အင်အားကြီးမာဖီးယားအဖွဲ့အစည်းကြီးနဲ့ ရဲတစ်ယောက်ဖြစ်တဲ့ Johan Falkတို့ ထိပ်တိုက်တွေ့ဆုံကြပြီး အားပြိုင်ကြတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအညွှန်းကတော့ Johan Falk ဟာ သူ့ရဲ့ မိသားစုကို ဒုက္ခပေးဖို့ကြိုးစားနေတဲ့ အရှေ့ဥရောပက မာဖီးယားနဲ့ ပြဿနာတွေဖြေရှင်းဖို့ကြိုးစားနေတာပါ။ ထိုမာဖီးယားရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာမသိသေးဘဲနဲ့ပေါ့။ ထိုအချိန်မှာပဲ သူ့ရဲ့ အလုပ်ဖော်တစ်ယောက်ကလဲ ဒုစရိုက်မှုတွေကို နောက်ကွယ်မှာလုပ်နေတဲ့ ကုမ္ပဏီကနေ အရေးကြီးစာရွက်စာတမ်းတွေကို ခိုးခဲ့ပြီး Johan ရဲ့ မိန်းမကိုပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ထိုစာရွက်စာတမ်းတွေဟာ သူတို့ထင်ထားတာထက်ကို အများကြီး အရေးပါနေတာကိုတော့ သူတို့ကလုံးဝမသိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့မိသားစုကို လုပ်ကြံတဲ့လူတွေ တစ်နေ့တစ်ခြားများလာတဲ့အခါ အဖြေရှာတော့မှ ဒီစာရွက်စာတမ်းတွေနဲ့ သက်ဆိုင်နေတာကို သိလိုက်ရပြီးနောက်မှာ Johan တစ်ယောက် သူ့ရဲ့မိသားစုကို ဘေးကင်းအောင်ထားနိုင်မှာလား? ထိုစာရွက်စာတမ်းတွေက ဘာလို့ ဒီလောက်အရေးကြီးနေတာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး...
The Voyagers (2022) ⭐IMDB: 4.3/10 (179 Votes) 🎬 #Adventure #Fantasy #TVMovie 🗓 2022 🎞 movie 🌎 #Italy ⏰ 1 နာရီ 48 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်ခရီးသွားတဲ့ Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်တွေက ကမ္ဘာကြီးကိုကယ်တင်မဲ့အစား ဒီတစ်ခါတော့ အီတာလျံတွေ ကမ္ဘာကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကိုဖြစ်သူ ဘီယိုက သိပ္ပံသုတေသန Lab တစ်ခုမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ခြေရာလက်ရာမကျန်ဘဲ လုံးဝပျောက်ဆုံးသွားပါတယ်။ တစ်နှစ်အကြာမှာ အစ်ကိုဖြစ်သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်သား ဖောက်ထွင်းဝင်ရောက်ရာကနေ စက်တစ်ခုကို မတော်တဆဖွင့်မိရင်း သူငယ်ချင်းသုံးယောက်လုံး အတိတ်ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်သွားတဲ့အတိတ်က ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး မူဆိုလီနီအုပ်ချုပ်နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်မိပြီး မူဆိုလီနီက ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ပြီး သမိုင်းကိုပြောင်းဖို့အတွက် ပြီးပြည့်စုံတဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်ရဲ့အစ်ကို ဘီယိုကိုလည်း ဖမ်းဆီးထားတာကို သိလိုက်ရချိန်မှာတော့ ကလေးသုံးယောက် မူဆိုလီနီရဲ့အကြံကို တားဆီးရပါတော့တယ်။ ဇာတ်လမ်းက ကြည့်ရတာပေါ့ပါးပြီး ဇာတ်အိမ်ရိုးရှင်းပေမဲ့ ဒရာမာ elements တွေလည်း ထည့်သွင်းထားလို့ အားလုံးခြုံကြည့်ရင် ကြည့်ပျော်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Time Travel ဇာတ်ကားဆိုပေမဲ့ ခေါင်းစားစရာတွေမပါတာကြောင့် စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်။...
Johan Falk: Blodsdiamanter (2015)
⭐IMDB: 7.0/10 (2 k Votes) 🎬 #Action #Crime #Thriller 🗓 2015 🎞 video movie 🌎 #Sweden #Germany ⏰ 1 နာရီ 39 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။...
True Justice: Family Ties (2024)
⭐IMDB: 6.4/10 (391 Votes) 🎬 #Crime #Mystery #TVMovie #Drama 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ စုံထောက်ကားလိုမျိုး အမှုလိုက်ရတဲ့ဇာတ်ကားအမျိုးအစားပါပဲ။ စိတ်ဝင်စားစရာကောင်းတဲ့အပြင် Endingကိုကြိုပြီးခန့်မှန်းလို့မရတဲ့ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း ကေစီက ဥပဒေကျောင်းတက်နေတဲ့သူဖြစ်ပြီး မောင်တစ်ယောက်ရှိပါတယ်။ မောင်နှမနှစ်ယောက်ရဲ့အမေဆုံးပြီးကတည်းက ခနခန ခိုးမှု၊အလစ်သုတ်မှုတွေနဲ့အဖမ်းခံရပြီး ပျက်စီးနေတဲ့ ကေစီ့ရဲ့မောင်လေးက တနေ့မှာ လူသတ်မှုနဲ့စွပ်စွဲခံခဲ့ရပြီးထောင်ကျခဲ့ပါတယ်။ မောင်ဖြစ်သူကို အမှုကနေကွင်းလုံးကျွတ်လွတ်အောင်ကယ်တင်ဖို့ ကေစီနဲ့ ကေစီ့သူငယ်ချင်းတွေပူးပေါင်းပြီး လူသတ်တရားခံအစစ်ကိုရှာဖွေရမှာပါ..Murder mysteryဆိုပေမဲ့Friendship, Family life, Dramaအငွေ့အသက်တွေလည်းပါဝင်ပါတယ်။...
Pensive (2022)
⭐IMDB: 5.7/10 (743 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Lithuania #UnitedKingdom ⏰ 1 နာရီ 25 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတိုင်းရဲ့မသိစိတ်တစ်နေရာမှာ ကိန်းအောင်းနေတတ်တဲ့ Dark side၊ အမြဲတမ်း မြင်ရလေ့မရှိပေမဲ့ စိတ်ထဲကနတ်ဆိုး အပြင်ကိုရောက်လာပြီဆိုရင်တော့ ကံဆိုးခြင်းတွေ ပျက်စီးခြင်းတွေကိုပါ အတူတကွ သယ်ဆောင်လာတတ်ပါသတဲ့။ မာရွတ်စ်တို့သူငယ်ချင်းတစ်အုပ် ဘွဲ့ရပြီးသွားတဲ့ နောက်မှာတော့ ဘွဲရတဲ့အထိန်းအမှတ်အနေနဲ့ ဘွဲ့ရတဲ့အထိန်းအမှတ်ပါတီလေးလုပ်ဖို့ လူစုပြီးလုပ်ကြပါတော့တယ်။ ဖြစ်ချင်တော့ သူတို့ပါတီကျင်းပဖို့ လုပ်ထားတဲ့နေရာက အဆင်မပြေဖြစ်ပြီး ပျက်သွားပါတော့တယ်။ သူတို့တွေ ချက်ချင်း တခြားနေရာကို ပြောင်းငှားဖို့ လုပ်ကြပေမဲ့ နေရာတိုင်းက ဘိုကင်တွေနဲ့ပြည့်နေတော့ အကျပ်ရိုက်ကုန်ကြပါ တော့တယ်။ အဲဒီအချိန်မှာပဲ ကယ်တင်ရှင်မာရွတ်စ်က သူ့ရဲ့ အိမ်ခြံမြေပွဲစားအမေဖြစ်သူ ရောင်းလို့မထွက်ဖြစ်နေတဲ့ အိမ်အကြောင်းကို ကြားသွားပြီးတော့ အဲဒီအိမ်မှာ ပါတီလုပ်ဖို့ အကြံကို ရသွားပါတော့တယ်။ အဲဒီအိမ် ရောင်းမထွက်ရတဲ့ အကြောင်းအရင်းကတော့ အရင်က အဲဒီအိမ်မှာ နေခဲ့တဲ့မိသားစုမှာ ခင်ပွန်းဖြစ်သူက လွဲပြီးတော့ ကျန်တဲ့မိသားစုဝင်တွေအကုန် မီးလောင်ပြီး သေဆုံးသွားတဲ့ရာဇဝင်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို မသိတဲ့ မာရွတ်စ်ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ပါတီလုပ်ဖို့ အဲဒီအိမ်ကြီးဆီကို ထွက်လာကြပါတော့တယ်။ အိမ်ကြီးဆီကို ရောက်တဲ့အခါမှာတော့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ထွင်းထုထားတဲ့ သစ်သားပန်းပုရုပ်တွေကို မြင်တွေ့ခဲ့ကြရပြီးနောက်မှာ ပါတီလုပ်ကြရင်း သစ်သားပန်းပုရုပ်ကို ထင်းအဖြစ်လုပ်ဖို့ ကြံစည်ရာကနေ စပြီးတော့ ဘယ်ကမှန်းမသိတဲ့ လျှို့ဝှက်လူသတ်သမားတစ်ယောက် ရောက်လာပြီးတော့ သူတို့ သူငယ်ချင်းတစ်သိုက်ကို လိုက်လဲပြီးတော့ သတ်ဖြတ်ပါတော့တယ်။ အဲဒီလူသတ်သမားဆီကနေ သူတို့ ဘယ်လိုလွတ်မြောက်အောင် လုပ်ကြမလဲ …… လူသတ်သမားကရော ဒီအိမ်ကြီးနဲ့ ဘယ်လိုဆက်နွယ်နေလဲ …… ရုပ်ထုတွေကို ထိတော့မှပဲ ဘာလို့ လူသတ်သမားက ပေါ်လာလဲ…. ဆိုတာတွေကို စိတ်လှုပ်ရှားစွာနဲ့ ဟော်ရာဆန်ဆန် ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။...
A Real Bug's Life (2024- )
⭐IMDB: 7.0/10 (174 Votes)
🎬 #Documentary #Adventure
🗓 2024- 🎞 tv series
🌎 #UnitedStates
⏰ 31 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Real Bug’s Life (2024)A Real Bug’s Life (2024)
IMDb – 6.9အင်းဆက်ပိုးကောင်လေးတွေရဲ့ ကမ္ဘာငယ်လေးတွေဆီကို အလည်သွားကြည့်ကြရအောင်။
အခုစီးရီးကတော့ National Geographic ကရိုက်ကူးထားပြီးDisney+ မှာထုတ်လွှင့်ပြသခဲ့တဲ့ Documentary Series အသစ်လေးဖြစ်ပြီး“A Bug’s Life” ဆိုတဲ့ Disney နဲ့ Pixar ထုတ် ကာတွန်းစီးရီးကို မှီငြိမ်းထားတာပါ။ သဘာဝတရားကြီးထဲကို လူတွေကျူးကျော်လာတာနဲ့အမျှပိုးကောင်လေးတွေရဲ့ ကျက်စားနေရာလေးတွေလည်းပျက်စီးလာခဲ့ပြီးဂေဟစနစ်ဟန်ချက်ပျက်လာခဲ့ပါပြီ။ အင်းဆက်ပိုးကောင်လေးတွေဟာလည်းအရွယ်သာငယ်ပေမဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေနဲ့ သဘာဝဂေဟစနစ်ကိုဟန်ချက်ညီအောင် ထိန်းသိမ်းပေးတဲ့နေရာမှာအံ့သြဖို့ကောင်းလောက်အောင်ကို အရေးပါတဲ့ကဏ္ဍက ပါဝင်နေကြပါတယ်။ ဒီ Documentary ထဲမှာတော့ နယူးယော့ခ်မြို့ရဲ့ လမ်းပေါ်မှာနားခိုရာနေရာသစ်ရှာဖွေနေရတဲ့ ပင့်ကူငယ်လေးကနေကိုစတာရီကာ သစ်ခွပျားလေးရဲ့ ရနံ့ရှာဖွေတဲ့ စွန့်စားခန်းအထိသေးငယ်လှတဲ့ ပိုးကောင်လေးတွေရဲ့ဘဝကို ရိုက်ကူးထားတဲ့အပြင်မြို့ပေါ်နဲ့ တောတွင်းမှာနေထိုင်ကျက်စားကြတဲ့ ပိုးကောင်လေးတွေနေ့စဉ်ဖြတ်ကျော်ရတဲ့အခက်အခဲအတားအဆီးတွေ၊ အရွယ်သာငယ်ပေမဲ့သူတို့ပါဝင်တဲ့ ကဏ္ဍကအရေးပါပုံတွေ၊ သဘာဝတရားကြီးကိုဟန်ချက်ညီနေအောင် လုပ်ဆောင်ပေးကြပုံတွေ၊ အချင်းချင်းစုစည်းညီညွတ်စွာဝီရိယရှိရှိနဲ့ အလုပ်ကြိုးစားကြပြီး အခက်အခဲကျော်လွှားကြပုံတွေအပြင်အင်းဆက်ပိုးကောင်လေးတွေရဲ့ အမူအကျင့်တွေနဲ့ လုပ်နိုင်စွမ်းတွေကိုအနီးကပ် macro shot တွေနဲ့ရိုက်ကူးထားလို့ ရပ်သပ်ရှုမောဖွယ် ကြည့်ရှုကြရမှာပါ။ သရုပ်ဆောင်မင်းသမီး Awkwafina နောက်ခံစကားပြောပေးထားတာဖြစ်ပြီးကမ္ဘာပေါ်ကမတူညီတဲ့ ပိုးကောင်လောက (၉) နေရာကို နည်းပညာတွေ၊ ကင်မရာစွမ်းရည်တွေနဲ့ပေါင်းစပ်ပြီး အသေးစိတ်ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမဲ့ စီးရီးလေးတစ်ခုပါ။ ပိုးကောင်ငယ်လေးတွေရဲ့ ကမ္ဘာကိုအလည်သွားပြီးသူတို့ရဲ့နေ့စဉ်ဘဝနဲ့ အမူအကျင့်တွေကို လေ့လာရင်းခံစားကြည့်ရှုလိုက်ကြပါဦးဗျ။...

Sanam Bewafa (1991)
⭐TMDB: 53.0% User Score
🎬 #Bollywood #Drama #Romance #Family
🗓 1991 🎞 video movie
🌎 #India
⏰ 2 နာရီ 41 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sanam Bewafa (1991)Drama, RomanceIMDb 5.2/10 (1.5K)
အခုတစ်ခါမှာတော့ ဆလ်မန်းခန်းရဲ့ငယ်ရွယ်နုပျိုစဉ်အခါတုန်းက ရိုက်ခဲ့ဖူးတဲ့ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်နော်။ဒီဇာတ်ကားလေးဟာ Budge သိန်း၉၀သာ သုံးခဲ့ပေမယ့် Box Office မှာ ၁၀.၂၅ကုဋေရရှိခဲ့ပါတယ်။အဲ့ဒီတုန်းက တော်တော်လေးအောင်မြင်ခဲ့တဲ့ ကားလည်းဆိုရမယ်။၃၇ကြိမ်မြောက် Film Fare ဆုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး။အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ကားလေးပါပဲ။
မာနတွေ အာဃာတတွေ အမုန်းတွေနဲ့ ရန်ငြှိုးထားနေတဲ့ ပထန်မိသားစုနှစ်စုရဲ့အကြောင်းပေါ့ဗျာ။နှစ်ရှည်လများ နယ်နိမိတ်တွေ ပိုင်ခြားသတ်မှတ်ပြီးနယ်ကျော်သူ သေပွဲဝင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိမ်းမောင်းနေခဲ့ကြတာပေါ့။
ဒီစစ်ပွဲတွေကြားထဲကို နူးညံ့တဲ့ချစ်ခြင်းမေတ္တာလေးဝင်လာခဲ့ပါတော့တယ်။ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာပါပဲ။သူတို့နှစ်ဦးကတော့ နှစ်ရှည်လများ ရန်ငြှိုးရှိနေခဲ့ကြတဲ့ နှစ်ဖက်မိသားစုရဲ့သားနဲ့သမီးပါ။မိဘတွေက လူသတ်ဖို့ဝန်မလေးသလို သားသမီးနဲ့ယှဉ်လာရင်လည်း အသက်ပေးကြမယ့်လူစားမျိုးတွေပါပဲ။
ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာက ဒီမိသားစုနှစ်စုကိုပြန်လည်ပေါင်းဆည်းစေနိုင်မလား…။
ဒါမှမဟုတ် သေပွဲဝင်သွားကြရမလား…။
အချစ်နဲ့စစ် ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးပါဦးနော်။
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
War (2007)
⭐TMDB: 63.0% User Score
🎬 #Action #Adventure #Fantasy #Thriller
🗓 2007 🎞 movie
🌎 #Canada #USA #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unicode
ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား
တင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား
တွေကလည်း အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့
အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး
ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော်
ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျက်လီဟာ
ကြေးစားလူသတ်သမား
ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့
သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား
ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား
အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့်
ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့်
ဇာတ်ကားကောင်းတစ်ကား
လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ
ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ 😀
Zawgyi
ကဲဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားတစ်ကား
တင်ဆက်ပေးလိုက်ပါတယ် ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား
တွေကလညး္ အကြမ်းအရမ်း အလန်းတွေကြီးပဲမို့ လက်မလွတ်သင့်တာတော့
အမှန်ပါဗျ ပြီးတော့ IMDb rating ကလည်း 6.3 ထိရရှိထားတာမို့ပရိတ်သတ်ကြီး
ကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော်
ဇာတ်လမ်း အကျဥ်းလေးကတော့ ဂျက်လီဟာ
ေၾကးစားလူသတ္သမား
ရော့အဖြစ်သရုပ်ဆောင်ထားပြီး ဂျေဆန်စတန်ရဲ့
သူငယ်ချင်းမိသားစုကို လုပ်ကြံသတ်ဖြတ်သွား
ရာမှ ဂျေဆန်စတန်က လိုက်လံ လက်စားချေတာကို အလန်းစား
အသတ်အပုတ်တွေနဲ့ ရိုက်ပြထားတာကြောင့်
ပရိသတ်သတ်ကြီးအနေနဲ့ကတော့ မထတမ်းကြည့်ရှူကြမယ့်
ဇာတ်ကားကောင်းတစ်ကား
လို့ပဲ ပြောလိုက်ပါရစေတော့ ဗျာ
ဘာသာပြန်သူကတော့ Nge Hein Jr ဖြစ်ပါတယ်ဗျ...
Rheingold (2022)
⭐IMDB: 6.8/10 (3 k Votes)
🎬 #Biography #Crime #Drama #History #Music
🗓 2022 🎞 movie
🌎 #Germany #Italy #Netherlands
⏰ 2 နာရီ 18 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.8 || Rotten Tomatoes 71%
ဂျာမန် rapper နဲ့ တေးသံသွင်းပိုင်ရှင် Xatar (Giwar Hajabi)ရဲ့ အထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ Crime/Drama ဖြစ်ပါတယ်
ရပ်ဂီတနဲ့ ဒုစရိုက်ဆိုတာ လိုက်ဖက်ညီတဲ့ အဓိပ္ပာယ်နှစ်ခုလို့ ပြောလို့ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် rap အပိုင်းထက် Xatar ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဝရမ်းပြေးဘဝ/ဒုစရိုက်လောကထဲ ပါဝင်ပတ်သက်မိပုံတွေ အဓိကအလေးပေးပြီး ဖော်ပြထားတာပါ
G ရဲ့ အစောဆုံးမှတ်ဉာဏ်တွေက ထောင်ထဲမှာပါပဲ အီရန်-အီရတ် ပဋိပက္ခတွေရဲ့ အလယ် အကျဥ်းထောင် မွေးဖွားခဲ့ပြီး လွတ်မြောက်လာတော့ ဒုက္ခသည်စခန်း၊ ဒီကနေတစ်ဆင့် ဥရောပ ဂျာမနီကို ရွှေ့ပြောင်းလာခဲ့ရတယ်
သူ့ရဲ့အဖေက သူတို့ Kurd မျိုးနွယ်တို့ လေးစားကြတဲ့ နာမည်ကြီး ဂီတဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သား G ကို ငယ်ငယ်လေးကတည်းက classical ဂီတကို လက်ဆင့်ကမ်းဖို့ရည်ရွယ်ချက်နဲ့ စန္ဒရားသင်ပေးခဲ့ပေမဲ့ သူတို့နေထိုင်ရာ ဂျာမန်ရပ်ကွက်လေးရဲ့ စရိုက်ဆန်မှု၊ လူနေမှုဘဝတွေက Giwar ကို rap ဂီတ ဝါသနာပါအောင် တွန်းပို့ခဲ့တယ်
ငယ်ငယ်ကတည်းက အပေါင်းအသင်းကြောင့် ဆေးခြောက်ရောင်းခဲ့ပြီး မဟုတ်တာတွေလည်း အစုံတတ်ခဲ့တဲ့နောက် ကြီးလာတော့ အမှုတစ်ခုကြောင့် ဟော်လန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်
ဟော်လန်မှာ ငယ်သူငယ်ချင်းရဲ့ကောင်းမှုနဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြန်ပြီး ဂျာမနီကို ပြန်ရောက်တယ်
သူချစ်ရတဲ့ ကောင်မလေးက သူ့ရဲ့စရိုက်ကို မကြိုက်ခဲ့ပေမဲ့ Giwar က စိတ်ရင်းကောင်းပြီး သူ့ရဲ့ ရည်ရွယ်ချက်က အခွေမထုတ်နိုင်တဲ့ rapper တွေကို တေးသံသွင်းကုမ္ပဏီထောင်ပြီး စင်တင်ပေးချင်တာပါ
ဒီအတွက် ပိုက်ဆံရှာဖို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိရင်း သူ့ရဲ့အိပ်မက်ကို တက်လှမ်းနိုင်မှာလား သူ့ဘဝခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ လူနေမှုဘဝ ပုံစံ၊ သူတို့ဝန်းကျင်နဲ့ အသိုင်းအဝိုင်း ယဥ်ကျေးမှုတွေကို တဝကြီး ခံစားရမှာဖြစ်ပြီး ဖျော်ဖြေရေးဆန်အောင်လည်း တင်ဆက်ထားတာမို့ မပျင်းစေရမဲ့ ကားလေးပါ...
Bullhead (2011)
⭐IMDB: 7.3/10 (24 k Votes)
🎬 #Crime #Drama
🗓 2011 🎞 movie
🌎 #Belgium #Netherlands
⏰ 2 နာရီ 9 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ ဘယ်ဂျီယံဇာတ်ကားလေးတစ်ပါးဖြစ်တဲ့ Bullhead ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းလေးကတော့
ဂျက်ကီဟာ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့မွေးမြူရေးသမားတစ်ယောက်ပါ တစ်နေ့သူတို့ဆီကအသားတွေကိုတင်သွင်းချင်တယ်ဆိုပြီး မာဖီယာတစ်ယောက်ကဆက်သွယ်လာပါတယ် အဲ့ရက်ပိုင်းအတွင်းမှာပဲ အသားပိုတိုးအောင်တိရစ္ဆာန်တွေထဲကို ဟော်မုန်းဆေးတွေတရားမဝင်ထိုးခြင်းကို စုံစမ်းစစ်ဆေးရတဲ့ ဒါအဲမ်ဆိုတဲ့ရဲတစ်ယောက်အသတ်ခံရပါတယ် ဂျက်ကီကလည်း အဲ့ဒီလူသတ်မှုမှာညသူတို့နဲ့အလုပ်တွဲလုပ်ချင်ပါတယ်ဆိုတဲ့သူတွေနဲ့ပက့သက်နေမလားဆိုပြီး သံသယဝင်နေခဲ့ပါတယ် သူတို့နဲ့တွေ့ဆုံကြည့်တဲ့အခါမှာ အဲ့ဒီမာဖီယာရဲ့တပည့်တစ်ယောက်က သူ့ရဲ့ငယ်ငယ်ကသူငယ်ချင်းဒီယဲဒရစ်ဖြစ်နေတာကိုသိလိုက်ရပါတယ် အဲ့အချိန်မှာ သူ့ရဲ့ငယ်ငယ်ကနာကျင်စရာအဖြစ်အပျက်ဆိုးကြီးကအတွေးထဲပြန်ဝင်လာပါတယ်
ဂျက်ကီငယ်ငယ်က ဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ သူငယ်ချင်းဒီယဲဒရစ်နဲ့ရောဘာလို့ဝေးကွါခဲ့ရတာလဲ မာဖီယားတွေလက်အောက်မှာအလုပ်လုပ်နေတဲ့ဒီယဲဒရစ်ရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ...
Wake of Death (2004)
⭐TMDB: 61.0% User Score
🎬 #Action #Adventure #Drama
🗓 2004 🎞 video movie
🌎 #France #Germany #SouthAfrica #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wake of Death (2004)
2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။
~ ဇာတ်လမ်းအညွှန်း ~
မကြာခင် ကလပ်လောကကနေ အနားယူတော့မယ်လို့ ဘန်အာချာတစ်ယောက် လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြီးနောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်ယောက် ကင်မ်ဆိုတဲ့ တရားမဝင်ရွေ့ပြောင်းနေထိုင်သူကလေးကို ကူညီပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှုနောက်ကွယ်က တရုတ်ဂိုဏ်းနောက် ဘန်တစ်ယောက်လိုက်လံချေမှုန်းရာကနေ ဘယ်လိုဆုံးရှုံးမှုတွေ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ရမလဲ… ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Jorugaa Husharugaa (2023)
⭐IMDB: 7.3/10 (711 Votes)
🎬 #Bollywood #Drama #Romance #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 12 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jorugaa Husharugaa (2023) “နှစ်ပွင့်ခွဲဆိုင်”===================================
စီအမ်ဖန်တွေအတွက် IMDb 7.7 ရ ပေါ့ပေါ့ပါးပါး တေလဂူးစကားပြော အချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။
ဆန်တို့ဆိုတဲ့ ပရိုဂရမ်မာလေးဟာ အလုပ်မှာ ရာထူးတိုးချင်လို့ ဂေါ်မစွံ ဘော့စ်ဖြစ်သူကို စော်ရှာပေးဖို့ကြိုးစားရင်းကပ်ဖားယပ်ဖားလုပ်နေရသူပါ။ သူ့မှာ နီတရာဆိုတဲ့ ခပ်ဟော့ဟော့ ချစ်သူကောင်မလေးလည်းရှိပြီးသူတို့နှစ်ဦးက သိပ်ကို ကဲကြတဲ့ချစ်သူတွေပေါ့။
ဒီလိုနေ့ တနေ့မှာ ဆန်တို့ရဲ့ရုံးကို နီတရာက မပြောမဆိုအလုပ်ဝင်လာတဲ့အတွက် သူတို့ချင်းချစ်သူတွေဖြစ်ကြောင်း ဖုံးကွယ်ထားရင်းကနေ ဆန်တို့ရဲ့ ဘော့စ်ဖြစ်သူ ဂေါ်မစွံက နီတရာကို သဘောကျလာတဲ့အခါမှာတော့…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Zehan (2024)
⭐TMDB: 0.0% User Score
🎬 #Bollywood #Crime #Thriller
🗓 2024 🎞 video movie
🌎 #
⏰ 1 နာရီ 53 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zehan (2024) (စိတ္တဇအချစ်)
လူတွေဟာ စိတ်ရဲ့အလိုနောက်ကိုလိုက်ရင်း တချို့က မှန်ကန်တဲ့နည်းလမ်းတွေ ရှာတွေ့သွားကြသလိုတချို့ကလည်း လမ်းမှားကိုလိုက်ရင်း ပျော်မွေ့နေတတ်ကြတယ်။ စိတ်ဆိုတဲ့အရာက သိပ်ကိုအံ့ဩဖို့ကောင်းပါတယ်။လူတစ်ယောက်ကို ကမ္ဘာသစ်တစ်ခုထဲ ခေါ်သွားနိုင်ပါတယ်။ သူသာလျှင် အဲ့ဒီကမ္ဘာမှာကြီးစိုးနေတဲ့တစ်ယောက်ပေါ့ဗျာ။သူသာလျှင်လူတိုင်းအပေါ် ဩဇာရှိသူပေါ့။ အဲ့ဒီလိုမျိုး စိတ္တဇသမားတွေလည်း ရှိတတ်ကြတယ်။သူတို့ကို အနိုင်ယူဖို့ဆိုတာမျိုးက လွယ်လှတဲ့ကိစ္စမဟုတ်ဘူး။ ဘာလို့လဲဆိုတော့သူ့ကမ္ဘာမှာ သူက မင်းကိုအတွေးတွေနဲ့တင်နိုင်ပြီးသားလေ။ သူ့စိတ္တဇကမ္ဘာမှာ သူသာလျှင် ဘုရင်ပဲမို့လေ။
သူတို့တွေ အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံကိုရှိနေပါတယ်။ တချို့က ငယ်စဉ်ကတည်းကမိဘမေတ္တာကိုငတ်နေကြတဲ့သူတွေ၊ တချို့ကတော့ နိုင့်ထက်စီးနင်းပြုကျင့်ခံရသူတွေ၊တချို့ကတော့ မကောင်းတဲ့အတတ်တွေကြောင့် ဘဝပျက်ခဲ့ရသူတွေပေါ့။
ကဲ ဒီဇာတ်လမ်းလေးထဲမှာလည်း စိတ္တဇဆန်တဲ့အချစ်မျိုးကို မြင်တွေ့ရမှာဖြစ်ပြီးဘာကြောင့် စိတ္တဇဆန်ဆန်အရူးတစ်ယောက်လိုဖြစ်သွားရတာလဲဆိုတာကိုလည်းရှင်းပြထားပါတယ်။ ပြောနေရတာကြာတယ်ကွာ..ခုပဲ ဒေါင်းကြည့်လိုက်တော့နော်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...