ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Greatest Night in Pop (2024)
⭐IMDB: 8.0/10 (6 k Votes)
🎬 #Documentary #Music
🗓 2024 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ “We are the world”သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေမီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။
အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။
စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။
မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်)...
Steal Your Heart (2023)
⭐IMDB: 5.7/10 (72 Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ro တာလေးတွေကိုမှကြည့်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်
ဇာတ်ကားနာမည်အတိုင်းပရိသတ်တွေရဲ့အသည်းနှလုံးကိုခိုးသွားမဲ့
Steal Your Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 5.7 ရရှိထားပြီးအချစ်ကားငြိမ့်ငြိမ့်လေးတွေ
ကြည့်ချင်တဲ့သူတွေအတွက်တော့အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။
ဒီကားထဲမှာအဓိကဇာတ်ကောင်တွေကတော့ဂျိတ်နဲ့မလစ်ဆာတို့ဖြစ်ပြီး
ဂျိတ်က ဗလဲ လို့ခေါ်တဲ့ဒီဇိုင်နာကုမ္ပဏီကြီးရဲ့အကြီးတန်းဒီဇိုင်နာဖြစ်သလို
ကုမ္ပဏီဥက္ကဌရဲ့သားလည်းဖြစ်ပါတယ်။မလစ်ဆာဆိုတဲ့ ကောင်မလေး
ကတော့ အစ်မဖြစ်သူနဲ့အတူတူဖက်ရှင်ဆိုင်လေးဖွင့်ထားတဲ့ လက်ဝတ်
လက်စား ဒီဇိုင်းဆွဲပြီး လုပ်ရောင်းရတာကို ဝါသနာပါတဲ့ သာမန်
ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဝါသနာတွေက
တူညီကြပေမဲ့ အခြေအနေတွေကတော့မိုးနဲ့ မြေလိုကွာခြားနေကြ
ပါတယ်။ဒီလိုကွာခြားနေတဲ့ လူနှစ်ယောက်ကိုဆုံစည်းစေခဲ့တာကတော့
ဂျိတ်အမေကော်ဒီလီယာပဲဖြစ်ပါတယ်။ကော်ဒီလီယာကမလစ်ဆာရဲ့
ဆိုင်လေးမှာ ပစ္စည်းလေးတစ်ခုသွားဝယ်ရင်းနဲ့ မလစ်ဆာတို့မိသားစု
အတွက် အရမ်းအရေးကြီးတဲ့ ဆောင်းနှင်းဆီဆိုတဲ့လည်ဆွဲလေး
မှားပါသွားပါတော့တယ်။အဲ့ဒါနဲ့ မလစ်ဆာပြန်သွားတောင်းတဲ့
အခါမှာတော့ ဂျိတ်နဲ့ဆုံစည်းခဲ့ပြီး သူတို့နှစ်ယောက်အတူတူမဖြစ်မနေ
လက်တွဲလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ဘယ်သူက ဘယ်သူ့အသည်း
နှလုံးကိုခိုးယူသွားမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကား
လေးပဲဖြစ်ပါတယ်...
Float (2024)
⭐TMDB: 63.0% User Score
🎬 #Drama #Romance
🗓 2024 🎞 movie
🌎 #Canada #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ Wattpadမှာ ဖတ်ရှုသူပေါင်း
26Millionအထိရခဲ့တဲ့ romance stroyလေးပါ။
စာရေးဆရာမ Kate Marchantကရေးသားထားခဲ့ပြီး
wattpad platformမှာ စတင်ဖြန့်ဝေခဲ့ပေမယ့် အခုဆိုရင်
ရောင်းအားအကောင်းဆုံးစာအုပ်လည်းဖြစ်၊ webcomicလည်းထွက်
Movieပါထွက်ရှိလာပါပြီ..။
ချစ်စရာဇာတ်လမ်းလေးတွေမှ ကြည့်ချင်တယ်ဆိုရင်တော့
ဒီဇာတ်လမ်းလေးကလည်း တစ်မျိုးကြည့်ကောင်းနေမှာပါ။
ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဝေ့ဗ်လီဟာ နွေရာသီ
အားလပ်ရက်မှာ မိဘတွေနဲ့တွေ့ဖို့ တိုင်ပေကိုပြန်ချင်တာပေါ့…။
သို့ပေမဲ့ မိဘတွေရဲ့စီစဥ်မှုကြောင့် ခရီးစဥ်ပျက်သွားတော့
ဖြစ်ချင်ရာဖြစ်ဆိုပြီး အဒေါ်ရှိရာ ကျွန်းလေးဆီကိုသာ ခြေဦး
လှည့်လာခဲ့ပါတယ်…။
ဒီကျွန်းလေးမှာပဲ မိတ်တွေအသစ်တွေရ၊ အားလပ်ရက်နေဖို့ကြံရင်း
ရေကူးနည်းပြလေးတစ်ယောက်နဲ့ဆုံခဲ့ပါတော့တယ်….။
နွေရာသီကျွန်းလေးမှာ နွေရာသီအချစ်ဇာတ်လမ်းလေးက
ဘယ်လိုလေးဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ
ကြည့်ရှုနိုင်ပါပြီ...
What We Did on Our Holiday (2014)
⭐IMDB: 6.9/10 (24 k Votes)
🎬 #Comedy #Drama
🗓 2014 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 36 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပေါ့ပေါ့ပါးပါးနဲ့ မိသားစုလိုက်ထိုင်ကြည့်ပြီး ခွီးလို့ရမယ့် ၂၀၁၄ ခုနှစ်ထွက် ဗြိတိသျှ black comedy- drama ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။
Outnumbered ဆိုတဲ့ BBC Show တစ်ခုကို အတုခိုးပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Doctor Who (2005) မှာပါဝင်တဲ့ David Tennant နဲ့ Jack Reacher (2012)၊ Die another day (2002) စတဲ့နာမည်ကြီးဇာတ်ကားတွေမှာ ပါဝင်တဲ့ မင်းသမီးချော Rosamund Pike တို့ခေါင်းဆောင်ပါဝင်ထားပြီး Billy Connolly၊ Ben Miller၊ Lewis Davie၊ Celia Imrie၊ Amelia Bullmore စတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ Andy Hamilton နဲ့ Guy Jenkin တို့ကပူးတွဲရိုက်ကူးထားပြီး BBC Films၊ Creative Scotland စတဲ့ကုမ္ပဏီများကထုတ်လုပ်ထားပြီး UK၊ US နိုင်ငံတွေမှာ Lionsgate ကဖြန့်ဖြူးပေးထားပါတယ်။ ကုန်ကျစရိတ် ပေါင် ၃.၅ သန်းဝန်းကျင် ဘတ်ဂျက်သုံးစွဲထားပြီး Box Office မှာတင် ဒေါ်လာ ၁၀.၇ သန်း ပြန်ရတာဖြစ်လို့ တွက်ချေကိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ကင်ဆာရောဂါနဲ့ကွယ်လွန်ခါနီး ဖခင်ကြီးဖြစ်သူ ဂေါ်ဒီမက်ကလောက်ရဲ့ဆန္ဒအရ သားငယ်ဖြစ်သူ ဒေါက်မက်ကလောက်နဲ့ ချွေးမဖြစ်သူ အဘီတို့ဟာ ကလေးဘုစုခရုသုံးကောင်ကို လက်ဆွဲပြီး လန်ဒန်ကနေ စကော့တလန်ကို လာတွေ့တဲ့အကြောင်းပါ။
ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးအတွက် အစ်ကိုကြီးဖြစ်သူ ဂယ်ဗင်မက်ကလောက်က ခမ်းခမ်းနားနား ပါတီကြီးတစ်ခုကျင်းပပေးဖို့ စီစဥ်ရင်း ညီဖြစ်သူတို့မိသားစုကိုပါ အဖေဖြစ်သူနဲ့ တွေ့ရအောင် စီစဥ်လိုက်တာပါ။ အမှန်တော့ ညီတော်မောင်လင်မယားက ကလေးသုံးယောက်ရပြီးကာမှ ယောကျ်ားဖြစ်သူရဲ့ဖောက်ပြန်မှုကြောင့် လင်မယားနှစ်ယောက် အိမ်ခွဲနေကြရင်း ကွာရှင်းဖို့အထိ အခြေအနေတွေဖြစ်နေကြတာပါ။ ကလေးသုံးယောက်ကလည်း တကယ့်ကိုမိမနိုင်၊ဖမနိုင် မျောက်လောင်းလေးတွေဖြစ်ကြပြီး အမှန်တော့ ဇာတ်လမ်းတစ်ခုလုံးဟာလည်း ကလေးသုံးယောက်မွှေသမျှကို ကျောရိုးတည်ထားတင်ပြထားသလို ဖြစ်နေတာပါ။
ဘဝနေဝင်ချိန်ရောက်နေတဲ့ ဖခင်ကြီးစိတ်မချမ်းမသာမဖြစ်ရစေဖို့ ကလေးတွေကို သူတို့အတူမနေကြောင်းအဘိုးကို သွားမပြောဖို့ ဖခင်ဖြစ်သူ ဒေါက်က စည်းရုံးရာကနေ မအောင်မမြင်ဖြစ်ပြီး တလွဲတွေတောက်လျှောက်ဖြစ်ပါတယ်။ လွဲချက်လက်လွန်ပြီး အဘိုးဖြစ်သူခမျာ မျောက်လောင်းသုံးကောင်မွှေတဲ့ဒဏ်နဲ့ သူ့အတွက်စီစဥ်ပေးတဲ့ ပါတီကိုပါ မတက်လိုက်ရတဲ့အထိ အလွဲလွဲအချော်ချော်တွေချည့်ဖြစ်ကြပုံကို တစ်ကားလုံးခွီးရင်း ကြည့်ကြရမှာပဲဖြစ်ပါတယ်။
မိသားစုဝင်များကြား၊ လင်မယားနဲ့ သားသမီးမိဘကြား ဖြစ်တတ်တဲ့စိတ်သဘောထားမတိုက်ဆိုင်မှုတွေ၊ လွဲချော်မှုတွေအကြောင်း ဟာသနှောတင်ပြရင်း ဘဝမှာထားသင့်ထားအပ်တဲ့ စိတ်ထားမျိုး၊ ရှင်သန်မှုပုံစံမျိုးကိုလည်း တစ်စွန်းတစ်စလှစ်ဟပြသထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဝေဖန်ရေးပိုင်းမှာလည်း IMDb rating 6.9 နဲ့ Rotten Tomatoes လည်း 75% ရထားတာဖြစ်လို့ ဆက်ဆက်ကြည့်ရှုကြဖို့ လက်တို့လိုက်ရပါတယ်။...
Wish You Were the One (2023)
⭐IMDB: 6.3/10 (53 Votes)
🎬 #Romance #Drama
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 49 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wish You Were The One (2023)
~ IMDb – 6.3/10, MyDramaList – 7.5/10 ~
လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။
“အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှလေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။
ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။
ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
Love on the Right Course (2024)
⭐IMDB: 6.2/10 (506 Votes)
🎬 #Comedy #Romance #TVMovie
🗓 2024 🎞 tv movie
🌎 #Canada #Hungary
⏰ 1 နာရီ 24 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love on the Right Course (2024)
~ IMDb – 6.2/10, Rotten Tomatoes – 60% ~
Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။
ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ အကုန်ရောင်းချပြီး တခြားနေရာမှာသွားနေဖို့ စီစဉ်နေတာပါ။ အထီးကျန်နေတဲ့ ဖခင်ကို အဖော်ရအောင်လုပ်ပေးပြီး ပြိုင်ပွဲအတွက် ကွင်းမှာလေ့ကျင့်ရင်း ကက်ဒီ ဒယ်နီရယ်နဲ့ဆုံခဲ့ပါတယ်။ ဒယ်နီရယ်က ဝှစ်တနီကို ကိုယ်လုပ်တဲ့အရာကို ချစ်ဖို့ လမ်းညွှန်ပေးရင်း ပြိုင်ပွဲအတွက် ကူပေးခဲ့ပါတယ်။
အတားအဆီးတွေကိုကျော်ဖြတ်လို့ နောက်ဆုံးမှာ ဝှစ်တနီတစ်ယောက် အမေ့ခြေရာနင်းပြီး ချန်ပီယံဆုဖလားအနိုင်ရရုံမက အချစ်ကိုပါ တွေ့သွားတာကို ကြည့်ကြရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Atharva (2023)
⭐IMDB: 7.5/10 (7 k Votes)
🎬 #Bollywood #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 55 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Atharva (2023) “သိလိုဇော”IMDb-7.1/10
ဒီတစ်ခေါက်မှာတော့ မှုခင်းဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ကာနာဆိုတဲ့ကောင်လေးက ရဲအရာရှိဖြစ်ချင်လွန်းလို့ ရဲအရာရှိစာမေးပွဲတိုင်းကို ဝင်ဖြေနေပေမဲ့လည်းကံမကောင်းစွာနဲ့ဘဲ စာမေးပွဲကို ခဏခဏကျလို့နေပါတယ်။ သူစာမေးပွဲ ဘယ်လောက်ကျလဲဆိုရင်တစ်ရွာလုံးကတောင်မှ သူစာမေးပွဲဖြေတိုင်း အောင်သွားပြီလား မမေးဘဲ ကျပြန်ပြီလားပဲ မေးတတ်ကြတဲ့အထိပါပဲအဲဒီကနေ တစ်နေ့မှာ သူတို့ရွာက ရဲဦးလေးကြီးရဲ့ ပြောပြချက်အရ “သဲလွန်စရှာဖွေရေးအဖွဲ့”အကြောင်းကို သိပြီးတော့ သွားလျှောက်ခဲ့ပြီးနောက်မှ အလုပ်ရခဲ့ပါတယ်။
“သဲလွန်စရှာဖွေရေးအဖွဲ့”ကတော့ မှုခင်းတစ်ခုဖြစ်ပြီဆိုရင် သူတို့က ရာဇဝတ်ကောင်တွေလုပ်ခဲ့တဲ့သဲလွန်စတွေကို ရှာဖွေပေးပြီးတော့ စုံစမ်းရေးအဖွဲ့ဆီကို လက်လွှဲပေးရတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။
ကာနာတစ်ယောက် “သဲလွန်စရှာဖွေရေးအဖွဲ့”ကို ရောက်လာပြီးနောက်မှာတော့ သူတို့အဖွဲ့ပေါင်းပြီးတော့အမှုတွေရဲ့ သဲလွန်စတွေကို ဘယ်လိုရှာဖွေသွားမလဲ ……ဘယ်လို လျှို့ဝှက်ဆန်တဲ့ အမှုတွေကိုရော ကြုံတွေ့ရမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Alex~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Mercator Trail (2022)
⭐IMDB: 6.1/10 (153 Votes)
🎬 #Adventure #Family
🗓 2022 🎞 movie
🌎 #Belgium
⏰ 1 နာရီ 38 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Indiana Jones လိုမျိုးစွန့်စားခန်းဇာတ်ကားကောင်းတွေကို
ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Mercator Trail ဆိုတဲ့
ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 6.1 ရရှိထားပြီး 2022 ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။
ဘန်ဂျမင်ဆိုတဲ့ ကောင်လေးကနည်းပညာကျွမ်းကျင်တဲ့
ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့အဖေရဲ့
အမွေတွေကို ဆက်ခံရရှိခဲ့ပါတယ်။အမွေဆက်ခံရတယ်ဆိုလို့
သူ့အဖေကသေသွားတာလားဆိုတော့လည်း မဟုတ်ပါဘူး။ဒါပေမယ့်
ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့အတွက်
သေစာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ ဘန်ဂျမင် သူ့အဖေဆီက
ရခဲ့တဲ့ အမွေပစ္စည်းကတော့ တခြားမဟုတ်ဘဲ အရင်ခေတ်က
ရှေးဟောင်းမြေပုံ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။သူ့အတွက်ဘာမှ
အသုံးမဝင်ပေမဲ့ ကျောင်းကသူ့ Crush လေးဖြစ်တဲ့ဆလီရန်က
ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် အဲ့ဒါကိုသုံးပြီး
နီးစပ်အောင် ဂွင်ဖန်ပါတော့တယ်။ဒါပေမယ့် အဲ့ဒီနောက်မှာတော့
သူ့အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် စိတ်ပူပြီးစာအုပ်ငှားသွားတဲ့
ဆလီရန်ကို သွားသတိပေးနေတဲ့အချိန်မှာ လူဆိုးတွေရဲ့ လိုက်လံ
ဖမ်းဆီးခြင်းကိုခံရပြီး ကံကောင်းထောက်မစွာနဲ့ ဇက်ပိုဆိုတဲ့
လူတစ်ယောက်ကသူတို့ကို ကယ်ထုတ်ပေးခဲ့ပါတော့တယ်။နောက်မှ
သိလိုက်ရတာက ဒီစာအုပ်ကတကယ့် အဖိုးတန်ပစ္စည်းဖြစ်ပြီး
ရွှေကို ထုတ်လုပ်နိုင်တဲ့ဖော်မြူလာကိုရှာတွေ့နိုင်ဖို့ လမ်းစဆိုတာကို
သိလိုက်ရတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့စွန့်စားခန်းခရီးစတင်ခဲ့ပြီး
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမဲ့
ဇာတ်ကားလေးပဲဖြစ်ပါတယ်...
Lone Survivor (2013)
⭐IMDB: 7.5/10 (304 k Votes)
🎬 #Action #Biography #Drama #War
🗓 2013 🎞 movie
🌎 #USA #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lone Survivor (2013)
အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ကလည်း ၂၀၁၂ မှာ Mark Wahlberg နဲ့ Battleship ကိုရိုက်ပြီးခါစဆိုတော့ စစ်ကားအပိုင်းမှာ ဒါရိုက်တာကော မင်းသားပါ အရှိန်ရနေခဲ့တဲ့ကာလလို့ပြောရမယ်။
ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးရဲ့ တာဝန်က Ahmad Shah ဆိုတဲ့ တာလီဘန်ခေါင်းဆောင်ကိုရှင်းဖို့။ သူက တာလီဘန်အဖွဲ့တစ်ခုဖြစ်တဲ့ Hezb-e-Islami Gulbulddin (HIG) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဖဂန်မှာ အမေရိကန်တပ်သားတွေကို ချုံခိုရှင်းခဲ့တာတင်မကဘဲ အမေရိကန်စစ်တပ်ကိုကူညီတဲ့ အာဖဂန်ရွာသားတွေကိုပါ ရှင်းတာကြောင့် သူ့ကိုအန္တရာယ်ကြီးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ထားတယ်။ သူ့ကိုရှင်းထုတ်ဖို့ SEAL အဖွဲ့ဝင် ၄ ယောက်က တာဝန်ပေးခံရတယ်။
သူတို့ ၄ ယောက်က တောင်ပံနီစစ်ဆင်ရေးအတွက် တာဝန်ကျနေရာကိုရောက်ပြီး နေရာယူထားတဲ့အထိ အားလုံးကအဆင်ပြေနေသေးတယ်။ ဆိတ်ကျောင်းသားမြေးအဖိုးတွေ မရောက်လာခင်အထိပေါ့။ ဆိတ်ကျောင်းသားတွေကိုမိတဲ့အချိန် သူတို့အနေနဲ့ သတ်မလား…လွှတ်မလား… ရွေးရတော့တယ်။ ရှင်းလိုက်ရင် သူတို့နေရာမပေါက်ကြားတော့ဘူး။ တာဝန်ကိုဖြောင့်အောင်ဆက်လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒါကသူတို့ရဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို ချိုးဖောက်ရာရောက်သွားမယ်။ လွှတ်လိုက်ရင် သူတို့နေရာပေါက်ကြားပြီး တာလီဘန်အယောက် ၂၀၀ လောက်က သူတို့ကို အမဲလိုက်ဖျက်တာခံရမယ်။ ဘာရွေးခဲ့လဲ။ သူတို့စည်းမျဉ်းအတိုင်းပဲ လွှတ်ပေးခဲ့တယ်။ အကျိုးဆက်ကတော့ ရာနဲ့ချီတဲ့တာလီဘန်တွေကို ၄ ယောက်တည်းနဲ့ ခံတိုက်ရတာပဲ။
သာမန်အားဖြင့်ဆိုရင် SEAL တွေက ဒီလိုအခြေအနေတွေကိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့ လေ့ကျင့်ပြီးသားပါ။ မြေပြန့်မှာဆိုရင်ပေါ့။ ဖြစ်ချင်တော့ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက တောင်တွေအတော်ထူထပ်တဲ့ အာဖဂန် အရှေ့မြောက်ပိုင်းဖြစ်နေတယ်။ အဲဒီမှာ မြေပြင်အနေအထားအရ တာလီဘန်တွေအသာစီးရပြီး SEAL တွေအတော်ထိသွားတယ်။ တောင်ပေါ်ကပြုတ်ကျတာလည်းအကြိမ်ကြိမ်၊ ကျည်ဆန်မှန်တာလည်းအကြိမ်ကြိမ်နဲ့ပေါ့။ နောက်ဆုံးမှာ Marcus Luttrell တစ်ယောက်ပဲ အသက်ရှင်ခဲ့တဲ့အထိပဲ။ မစ်ရှင်ကတော့ မအောင်မြင်ခဲ့ဘူး။ ဒီရုပ်ရှင်က SEAL တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုတွေကို တမ်းတအောက်မေ့တဲ့အနေနဲ့ ရိုက်ခဲ့တာဖြစ်တယ်။
ရိုက်ကူးတုန်းကလည်း တကယ့် Navy SEAL တွေ စစ်ပြန်တွေက ရိုက်ကွင်းအကြံပေးတွေအနေနဲ့ပါခဲ့ကြတယ်။ လက်တွေ့ဘဝက Marcus Luttrell တောင်မှ cameo အနေနဲ့ပါခဲ့သေးတယ်။ တောင်ပေါ်က ပြုတ်ကျတဲ့အခန်းတွေဆိုရင်လည်း CGI နဲ့ရိုက်တာမဟုတ်ဘဲ Stunt double တွေနဲ့ အမှန်အကန်ရိုက်ခဲ့တယ်။ အရိုက်လွန်ပြီး Mark Wahlberg ရဲ့ စတန့်သမားတောင် တစ်ခန်းအပြီး ဆေးရုံတင်လိုက်ရသတဲ့။ အဓိကချီးကျူးစရာက အသံပိုင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့်လည်း အသံပိုင်းမှာ Academy ဆု ဆန်ခါတင် ၂ ခုဝင်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Mark Wahlberg တို့ Taylor Kitsch တို့ Ben foster တို့လို ဆရာကြီးတွေပါတဲ့အတွက် အပြစ်ပြောစရာမရှိဘူး။ ဖြစ်ရပ်မှန်စစ်ကားကောင်းကောင်းလေးမှကြိုက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ပါလိမ့်မယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)...
Ayalaan (2024)
⭐IMDB: 6.3/10 (2 k Votes)
🎬 #Action #Adventure #Bollywood #SciFi #ScienceFiction
🗓 2024 🎞 movie
🌎 #India
⏰ 2 နာရီ 35 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ayalaan 2024 ချစ်သောဤကမ္ဘာIMDb – 6.4
ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။
တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင်ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင်တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆိုတစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။
ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကိုကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။
ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်းလည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကိုကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ…
သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်းအလွဲလေးတွေကြုံရမလဲဆိုတာ ကြည့်ရှုခံစားရင်း ဘဝအမောတွေဖြေဖျောက်လိုက်ရအောင်ပါ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Book of Clarence (2023)
⭐IMDB: 5.7/10 (3 k Votes)
🎬 #Adventure #Comedy #Drama #History
🗓 2023 🎞 movie
🌎 #UnitedStates #Italy #UnitedStatesofAmerica
⏰ 2 နာရီ 10 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပိတ်ရက်လည်းနီးပြီဆိုတော့ အခွီဓာတ်လေးလည်းပါရမယ်
ပေါကားကြီးလည်း မကြိုက်ဘူးဆိုသူတွေအတွက်
Biblical comedyလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
သမ္မာကျမ်းစာက အသုံးအနှုန်းတွေများတဲ့ကားလေးဆိုတော့
အမှားပါခဲ့ရင် မေတ္တာရှေ့ထား သည်းခံပေးကြဖို့ တောင်းဆိုရင်းနဲ့ပဲ
ဇာတ်လမ်းလေးကို ဆက်လိုက်ရအောင်ပါ။
ကလဲရန့်စ်ဆိုတာ ရွာထဲကပြဿနာအိုးငမွှေထိုး သူခိုး ကြမ်းပိုး
တစ်ယောက်၊ ညိုကီတို့တောင် တချီတချီထထလုပ်ချင်တဲ့
ဝိစိုက်ရောင်းတဲ့အလုပ်ကို အကောင်အထည်ဖော်ထားတဲ့သူပေါ့။
မကောင်းတာမှန်သမျှ အကုန်လုပ်တဲ့သူဟာ ခရစ်တော်ကို
မယုံကြည်တဲ့ ဘာသာမဲ့ အပယ်ခံလည်း ဖြစ်နေပါသေးသတဲ့။
ဒီလိုနဲ့တစ်နေ့မှာ ကံလေးများတက်မလားဆိုပြီး မယ်ရီဆိုတဲ့
စော်လေးနဲ့ ရထားပြိုင်မောင်းရာက ချော်တောငေါ့ပြီးရှုံး၊
ငွေတိုးချေးစားတဲ့ ဂျေဒဒိုင်ယာဆိုတဲ့ ရက်စက်တဲ့နေရာမှာ
နှစ်ယောက်မရှိတဲ့ဘဲကြီးဆီမှာ အကြွေးတင်သွားပါတော့တယ်။
ရက် ၃၀ အတွင်းအကြွေးမဆပ်ရင် လည်ကုပ်နားဝဲနေတဲ့
ဂျေဒဒိုင်ယာရဲ့ဓားကိုလည်းကြောက်ရ၊ တသက်လုံး ရုန်းကန်ခဲ့ရတဲ့
အမေ့ကိုလည်း အိမ်ကောင်းကောင်းနဲ့ထားချင်၊ နှလုံးသားထဲက
ချစ်ဦးသူဖြစ်တဲ့ ဂျေဒဒိုင်ယာရဲ့ညီမလေး ဗာရီယာနဲ့လည်း
အကြောင်းပါချင်တဲ့ ကလဲရန့်စ်တစ်ယောက် သူငယ်ချင်းတစ်စုနဲ့
ဘူရှိန်းဘိန်းရှူရင်းနဲ့ အတွေးပေါက်သွားပါသတဲ့။ ဒါကတော့
သူ့ကိုယ်သူ ယေရှုရဲ့ ၁၃ ယောက်မြောက် တမန်တော်မေရှိယအဖြစ်
ခံယူပြီးတော့ လှူစာကမ်းစာတွေကို တစ်ဝစားလို့ အကြွေးပါဆပ်ပြီး
လူချမ်းသာလုပ်မယ်ဆိုတဲ့ ဘုရားစူးအတွေးလေးပါပဲ။
ဘာသာမဲ့မှသည် ဘုရားသခင်ရဲ့တမန်တော်လုပ်မယ့် ရွှေဉာဏ်တော်နဲ့
သူ့ရဲ့အတွေးကို အကောင်အထည်ဖော်ဖို့ ခရီးထွက်လာတဲ့ ကလဲရန့်စ်
တစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူ
ရှုစားလိုက်ရအောင်ပါ...
A Tale of Two Guns (2022)
⭐IMDB: 3.9/10 (351 Votes)
🎬 #Western
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အနောက်တိုင်းကောင်းဘွိုင်ကားတွေကိုကြိုက်တဲ့သူတွေအတွက်
၂၀၂၂ တုန်းကထွက်ရှိခဲ့တဲ့ A Tale Of Two Guns ဆိုတဲ့
ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကောင်းဘွိုင်ကားတွေ
ထုံးစံအတိုင်း ဘိုင်ဝမ်းသေနတ်ယှဉ်ပစ်တာတွေနဲ့ သေနတ်ပစ်
စကေးတွေကိုတစ်၀ကြီးကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ညွှန်းကလည်း
မဆိုးတဲ့အတွက်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။
ဇာတ်ကားအစမှာတော့ ကောင်းဘွိုင်များလို့ခေါ်တဲ့ လူဆိုးအဖွဲ့နဲ့
အရာရှိကြီးမက်တိတို့ တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပြီး နှစ်ဖက်လုံး
အထိနာခဲ့ကြပြီး လူဆိုးအဖွဲ့ထဲက အေဘယ်ဆိုတဲ့တစ်ယောက်က
လွတ်သွားပါတော့တယ်။အရာရှိကြီးလည်း သူ့ရဲ့ ညာလက်ရုံးကို
ဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။အဲ့ဒါကြောင့်
ညာလက်ရုံးအသစ် လိုအပ်နေတဲ့အရာရှိကြီးဆီကို ဟိုလင်ဂျာဆိုတဲ့
လူတစ်ယောက်ရောက်ရှိလာပါတော့တယ်။ သူကလည်း
ရာဇဝတ်သားတွေကို နှိမ်နင်းရာမှာအရမ်းနာမည်ကြီးတဲ့ အရာရှိ
တစ်ယောက်ဖြစ်ပါတယ်။ဟိုလင်ဂျာရဲ့ အရည်အချင်းအစစ်အမှန်
တွေကို အရာရှိကြီးတွေ့ပြီးနောက်မှာတော့ လွတ်မြောက်သွားတဲ့
အေဘယ်ဆိုတဲ့ ၀ရမ်းပြေးကိုလိုက်လံဖမ်းဆီးဖို့ယုံယုံကြည်ကြည်
တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟိုလင်ဂျာတစ်ယောက်
အေဘယ်ကိုဘယ်လိုလိုက်ဖမ်းမလဲ လမ်းမှာရောဘယ်လို အခက်အခဲ
တွေနဲ့ကြုံတွေ့ရမလဲ နောက်ဆုံးမှာရောဘယ်လိုအဆုံးသတ်သွားမလဲ
ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲ
ဖြစ်ပါတယ်။...
Prime (2023)
⭐IMDB: 3.6/10 (112 Votes)
🎬 #Drama #Horror #Thriller
🗓 2023 🎞 movie
🌎 #SouthAfrica
⏰ 1 နာရီ 35 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်ခါတစ်လေကျရင် ကိုယ့်ဘ၀မှာတကယ်တမ်း အရေးကြီးတဲ့
အရာတွေကိုမေ့ထားပြီး မကောင်းတဲ့ အရေးမပါတဲ့အရာတွေ
နောက်ကိုလိုက်မိနေတဲ့ အခိုက်အတန့်တွေဆိုတာလူတိုင်းမှာ
ရှိတတ်ပါတယ်။ကိုယ့်စိတ်ဆန္ဒအလျောက် လုပ်မိတဲ့အရာတွေရှိသလို
သွေးဆောင်ဖြားယောင်းမှုတွေကြောင့်လည်း လမ်းမှားရောက်
သွားတတ်ကြပါတယ်။အဲ့ဒီလိုလမ်းမှားကနေအချိန်မှီပြန်လည်
ပြင်ဆင်ပြီး လမ်းမှန်ကိုပြန်မလျှောက်နိုင်ရင်ဆုံးရှုံးနစ်နာမှုတွေ
တစ်ခုမဟုတ်တစ်ခုတော့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။
အခုတင်ဆက်ပေးမဲ့ Prime ဆိုတဲ့ဇာတ်ကားထဲမှာလည်း
မာရီရက်စ်ဆိုတဲ့ လူတစ်ယောက်ကအလုပ်မှာအောင်မြင်ပြီး
အချစ်ရေးမှာလည်း ငါးနှစ်တာလက်တွဲလာတဲ့အရမ်းချစ်ရတဲ့
ချစ်သူတစ်ယောက်ရှိပြီး သူ့အဖေဆုံးသွားတဲ့သတင်းကိုကြားလိုက်
ရတဲ့အခါမှာတော့ သူ့ဘ၀ကြီးကတစ်ဆစ်ချိုးပြောင်းလဲသွားပါ
တော့တယ်။တကယ်တမ်းမရှိတဲ့ အရာတွေကိုမြင်နေရပြီး သတိ
ပြန်ဝင်လာတဲ့အချိန်မှာ ကြားထဲက ကာလတွေမှာ ဘာတွေလုပ်ခဲ့
တယ်ဆိုတာကိုမသိဘဲ အချိန်တွေကျော်ခွနေပါတော့တယ်။
သူအဓိကမြင်တဲ့အရာကတော့ သေဆုံးသွားတဲ့ သူ့အမေရဲ့ပုံရိပ်
တွေကိုဖြစ်ပြီး သူ့အမေကသူ့အဖေကြောင့် ကိုယ့်ကိုယ်ကိုယ်
သတ်သေသွားတဲ့အတွက် သူ့အဖေဆုံးသွားတာကိုကြားလိုက်ရတဲ့
အခါမှာ အဲ့လိုပုံရိပ်တွေကို စမြင်လာရတာဖြစ်ပါတယ်။ဒါပေမယ့်
အဲ့ဒီအရာတွေကိုသူကိုယ်တိုင်က စွဲလမ်းနေပြီး လက်တွေ့ဘ၀ကို
ပါလာထိခိုက်စေတဲ့အခါမှာတော့ မာရီရက်စ်တစ်ယောက်ဘာတွေ
ဆက်ဖြစ်မလဲဆိုတာကိုကြည့်ရမဲ့ ဒရာမာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးပဲ
ဖြစ်ပါတယ်။...
Anyone But You (2023)
⭐IMDB: 6.6/10 (19 k Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #Australia #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 44 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anyone But You (2023)
~ IMDb – 6.6/10, RT – 52%, Meta – 52% ~
ကျန်တာမပြောခင် အရင်ဆုံးဝန်ခံရမှာက ဒီရုပ်ရှင်မှာ အဖမ်းစားဆုံးနိုင်ဆုံးက ဇာတ်လည်းမဟုတ်သလို ဒိုင်ယာလော့လည်းမဟုတ်ပါဘူး။ Sydney Sweeney ပါပဲ။ Euphoria နဲ့ အားလုံးသိပြီးသားဖြစ်မှာပါ။ Madame Web ထဲပါထားသလို The Voyeurs ထဲလည်း သူ့အလှတွေတော်တော်ပြပြီးပါပြီ။ ဆွဲဆောင်မှု တော်တော်ရှိတဲ့ မင်းသမီးပေါ့။ Friends with Benefits, Easy A နဲ့ Peter Rabbit တို့ရဲ့ ဒါရိုက်တာ Will Gluck ပဲ ရိုက်ထားတာပါ။ သူ့ကားတွေအကုန်ကြည့်ကောင်းတယ်ဆိုတော့ ဒီကားလည်း ကြည့်မကောင်းမှာတော့ ပူစရာမရှိဘူး။ ဒါရိုက်တာဟာ အင်တာတိန်မာတစ်ယောက်ပီသပါတယ်။ ဒါရိုက်တာဟာ ဆစ်ဒနီကို ခေါင်းအစခြေအဆုံး အကုန်သုံးပြီး ဒီရုပ်ရှင်အတွက် ညှို့ဓာတ်ကို ဖန်တီးသွားခဲ့တယ်။ တမင်ကို ဆစ်ဒနီကိုပဲ ရိုက်ပြထားသလားမှတ်ရအောင်လည်း သေသေချာချာကို တစ်နေရာမလွတ်ရအောင် သုံးသွားခဲ့တာပါပဲ။ တခြားမင်းသမီးတွေကိုလည်း ဒီလိုသုံးထားသေးပေမဲ့ သူ့ကိုတော့ အပြည့်အဝသုံးသွားခဲ့တယ်ပြောရပါမယ်။ ဒီတစ်ချက်နဲ့တင် ဒီရုပ်ရှင်က တော်တော်ကြည့်လို့တန်နေတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ဆို ပိုမှန်ပါလိမ့်မယ်။
ရှိတ်စပီးယားရဲ့ Much Ado About Nothing ကို ကျောရိုးယူပြီး ခေတ်သစ်မှာ ရိုက်ထားတဲ့ Rom-Com ဖြစ်ပြီး ဇာတ်ကတော့ ဘယ်လိုမှမတည့်တဲ့ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အမြဲသတ်နေရတဲ့လူနှစ်ယောက် အမုန်းကနေ အချစ်ဖြစ်သွားတဲ့ဇာတ်ပါပဲ။ ဒီလိုဇာတ်မျိုးတွေ တော်တော်များနေပြီဆိုပေမဲ့ ဒီဇာတ်ကတော့ ဟိုကနည်းနည်းဖြတ်လိုက် ဒီကနည်းနည်းကပ်လိုက် အချစ်နဲ့ပတ်သက်တဲ့ လှတပတတွေအကုန်ထည့်ထားတာမို့ ကောင်းတော့ကောင်းရှာပါတယ်။ When Harry Met Sally… ထဲက အဆုံးဒိုင်နဲ့ခပ်ဆင်ဆင်ဒိုင်တွေကိုတောင် ယူသုံးထားပါသေးတယ်။
ဩစတေးလျရဲ့ လှပတဲ့ဆစ်ဒနီမြို့မှာ တည်ထားတာမို့ ဆစ်ဒနီရဲ့ အလှအပတွေကို… ဆစ်ဒနီရဲ့အလှအပတွေကို မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ မင်းသားကတော့ Top Gun: Maverick ထဲက Glen Powell ပေါ့။ အဲဒါတွေ ထားပါ။ ထပ်ပြောချင်တာကတော့ ဆစ်ဒနီရဲ့ အလှအပတွေကို တဝကြီးရှုစားရမယ်ဆိုတာပါပဲ။ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာသိပ်လှပါတယ်။ ပြီးတော့ ဆစ်ဒနီမဟုတ်တဲ့ ဆစ်ဒနီဟာလည်း သိပ်လှပါတယ်။ Anyone but You ဟာ ဆစ်ဒနီတို့ရဲ့ အလှအပတွေကို တဝကြီးခံစားကြရမယ့်ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Bubblegum (2023)
⭐IMDB: 8.8/10 (608 Votes)
🎬 #Action #Bollywood #Drama #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 26 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bubble Gum 2023 (ပီကေလိုအချစ်)
IMDb-6.9/10
Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီးRavikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ်
ငြီးငွေ့ဖို့ကောင်းတဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင်လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ်အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီးထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲ
ဒီဇာတ်ကားမှာ……..
ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီ
မပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ်
မပြည့်စုံနိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲသူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက်ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲ
အချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ်
တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ်ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလားသူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား…
အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
A Killer Paradox (2024- )
⭐IMDB: 8.3/10 (20 Votes)
🎬 #Crime #Comedy #Mystery #Thriller
🗓 2024- 🎞 tv series
🌎 #SouthKorea
⏰ 58 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Killer Paradox(2024) [Complete]A Killer Paradox(2024)*********************
အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး
Our Beloved Summer ထဲက ပန်းချီဆရာလေးချွဲအွန်း (Choi Woo-shik) က နူးညံ့ခဲ့သလောက်
ဒီတစ်ခေါက်ဇာတ်ကားထဲမှာတော့ ကြမ်းတမ်းတဲ့လူသတ်သမားအဖြစ်တွေ့ရမှာပါ။ Son Suk-ku ကလည်း
My Liberation Notes, The Roundup ဆိုတဲ့နာမည်ကြီးဇာတ်ကားတွေမှာပါဝင်ထားတဲ့
ဝါရင့်သရုပ်ဆောင်တစ်ဦးမို့လို့ cast တွေကတော့ လူတိုင်းနဲ့ရင်းနှီးနေမှာပါဇာတ်လမ်းအကျဥ်း
အီထန်း (Choi Woo-shik) က ဘဝကိုကြမ်းတမ်းစွာနေထိုင်ခဲ့ရင်းနဲ့ တစ်နေ့မှာတော့
လူသတ်မှုတွေကို အမှတ်မထင်ကျုးလွန်မိလိုက်ပါတယ်။ ဒါပေမယ့် သူသတ်ခဲ့တဲ့သူတွေအကုန်လုံးက
အယုတ်မာဆုံးလူတွေဖြစ်နေပြီးတော့ သူ့မှာ မကောင်းတဲ့သူတွေကို ရှာဖွေနိုင်တဲ့ မွေးရာပါ ပါရမီရှိတာကို
သူနားလည်သွားပါတော့တယ်။ ဒီလိုနဲ့ လူသတ်မှုတွေဆက်တိုက်ကျူးလွန်လာတဲ့အခါမှတော့..ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့အကြား လူသတ်သမားကို ဖမ်းဆီးဖို့အရေးထိပ်တန်းတာဝန်တစ်ခုဖြစ်လာတဲ့အခါမှာတော့...
Kaatera (2023)
⭐IMDB: 8.2/10 (3 k Votes)
🎬 #Action #Bollywood #Drama #Family #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 51 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaatera (2023) (ကာတီရာ – လျှို့ဝှက်ချက်များနဲ့လူတစ်ယောက်)အခုတစ်ခါမှာတော့ ကန်နန်ဒါဘာသာစကားနဲ့ထွက်ရှိလာတဲ့ Action ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါဦးမယ်။လူအယောက် 2.4K က IMDb 8.3 အထိ ပေးထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးပေါ့နော်။
မင်းသားဒါရှန်အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီကားလေးကို ဇာတ်လမ်းအစအနေနဲ့ လူအရိုးစု107ခုရှာတွေ့ပုံနဲ့ ဇာတ်အိမ်ပျိုးထားပါတယ်။ဒီလူအရိုးစုတွေဟာလည်း ထူးထူးဆန်းဆန်းပဲ လူမသိ သူမသိ မြှုပ်နှံခံထားရပါတယ်။ ဘာ့ကြောင့်လဲဆိုတာတော့ ဘယ်သူ့မှလဲ မသိကြပါဘူး။တစ်ဖက်မှာလည်း မြို့သူ မြို့သားများဟာ ထောင်ကျနေတဲ့လူတစ်ယောက်ကို အသည်းအသန်လွှတ်ပေးကြဖို့ တောင်းဆိုကြိုးစားနေကြပါတယ်။
1970ခုနှစ်ကိုနောက်ခံထားပြီး လယ်သမားတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ရိုက်ပြထားတဲ့ဒီကားလေးမှာဒီအရိုးစုတွေ ဒီထောင်သားဟာ ဆက်စပ်ပတ်သက်နေလား….။
ဒီထောင်သားကို မြို့သူ မြို့သားတွေက ဘာလို့ လွတ်စေချင်နေကြတာလဲ…။ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ကြောင်းတွေနဲ့နောက်ကွယ်က ဇာတ်လမ်းတွေကို မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကနေ တင်ဆက်ပေးထားတာဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Lost Medallion: The Adventures of Billy Stone (2013)
⭐IMDB: 4.9/10 (2 k Votes)
🎬 #Adventure #Family #Fantasy
🗓 2013 🎞 movie
🌎 #Thailand #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lost Medallion : The Adventures of Billy Stone [2013]( IMDb 4.8/10, RT 52%)
ဒန်နီရယ်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ သွားရင်း မစ္စဆယ်လီ့အိမ်က မိဘမဲ့တွေအတွက် ပစ္စည်းပစ္စယတွေ လမ်းကြုံသွားပို့ခဲ့ပါတယ်…ဖြစ်ချင်တော့ အဲ့နေ့ဟာ ကလေးတွေအတွက် ပုံပြင်ပြောပေးနေကျ အမျိုးသမီး နာမကျန်းနေတာကြောင့်ပုံပြောတာဝန်ဟာ ဒန်နီရယ့်အပေါ် ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာပါတော့တယ်…ဒီလိုနဲ့ ဒန်နီရယ်ဟာလည်း ဘောလုံးပွဲကို ကြည့်ချင်သော်ငြား မိဘမဲ့ကလေးတွေရဲ့ စိတ်ဆန္ဒကိုတစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးလိုတာကြောင့် ပုံပြင်ပြောပေးဖို့ ရွေးချယ်လိုက်ပါတော့တယ်…ဒန်နီရယ်ဟာ ပုံပြောနေကျသူ မဟုတ်တာမို့ မိဘမဲ့ကလေးတွေဖြစ်ကြတဲ့ ဆွမ်းသွမ်းတဲ့ ဟူကို၊ဘုရားသခင်ကို မေးခွန်းထုတ်နေတဲ့ အယ်လီ နဲ့ ဉာဏ်ကောင်းပါလျက် လူတောမတိုး နှုတ်ဆိတ်နေတဲ့ ဘီလီတို့ကို အခြေတည်ပြီးအက်ရှင်အပြည့်နဲ့ စွန့်စားခန်းတွေပါတဲ့ မှော်ဝင်လည်ဘယက် ရှာပုံတော်ကြီးအကြောင်း ပြောပြပါတော့တယ်…ဒန်နီရယ်ပြောပြတဲ့ ပုံပြင်အကြောင်းနဲ့ ဒီထဲက သင်ခန်းစာတွေကို ပရီတ်သတ်တို့ ကိုယ်တိုင် ရှုစားလိုက်ကြပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Tokyo Vice (2022- )
⭐IMDB: 8.0/10 (36 k Votes)
🎬 #Crime #Drama #Thriller
🗓 2022- 🎞 tv series
🌎 #UnitedStates #Japan #UnitedStatesofAmerica
⏰ 58 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tokyo Vice (2022)Tokyo Vice (2022)IMDb – 9.5/10
သတင်းထောက်တစ်ယောက်အတွက် သတင်းကောင်းကောင်း လိုက်နိုင်လေ ရန်သူများလေလို့ ဆိုကြစမြဲပါ၊
အထူးသဖြင့် ဒုစရိုက်အဖွဲ့တွေနဲ့နွယ်တဲ့ သတင်းတွေကို ရေးရတဲ့
သတင်းထောက်တွေအနေနဲ့ သတင်းမှန်လေ၊ အသက်အန္တရာယ်ကြီးလေပါ၊ဒီစီးရီးကတော့Tokyo Viceလို့ ခေါ်တဲ့ မူရင်းစာအုပ်ကို
ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊
HBO maxကနေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊Castတွေအနေနဲ့ကတော့
– Baby Driver, West Side Storyထဲက မင်းသား Ansel Elgort
– Inception, Memoirs of a Geishaလို ဇာတ်ကားကြီးတွေမှာ ပါဝင်ထားတဲ့
ဝါရင့်သရုပ်ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊အမေရိကန်သတင်းထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀ကျော် ကာလတွေမှာ
နိုင်ငံခြားသတင်းထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ရောက်သွားခဲ့ပါတယ်၊
သူသတင်းလိုက်တဲ့ အပိုင်းကတော့ တခြားမဟုတ်ဘဲ မှုခင်းရေးရာအပိုင်းဖြစ်နေတာပါ၊
ဖခင်ဖြစ်သူ သေမှုသေခင်းအရာရှိဆီကနေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က
ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်လောက ကို အထူးစိတ်ဝင်စားကာ
မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်းထောက်ဖြစ်အောင် တကူးတကကြိုးပမ်းပါတော့တယ်၊မှုခင်းသတင်းထောက်ဖြစ်တာနဲ့အညီ ဟိရိုတို ကတဂိရိ ဆိုတဲ့ အငြိမ်းစားစုံထောက်ကြီးနဲ့ဆုံပြီး
Vice Sqaud ဆိုတဲ့ အဖွဲ့နဲ့အတူ ဂျပန်နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ယာကူဇာဂိုဏ်းတွေနဲ့
သူတို့ရဲ့ရာဇဝတ်မှုတွေအကြောင်း အတွင်းကျကျ သက်စွန့်ဆံဖျား သတင်းလိုက်ရပါတော့တယ်၊
တိုင်းတပါးသား မျက်နှာဖြူ ဖြစ်နေတာက တကြောင်း၊
ဒုစရိုက်လောကနဲ့ ဆက်နွယ်နေတာ တကြောင်းဖြစ်လို့
ကြုံတွေ့လာရမယ့် အခက်အခဲနဲ့ အသက်အန္တရာယ်တွေကို
ဂျိတ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဖြစ်ရပ်မှန် မှုခင်းအက်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်၊အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။...
Fargo (2014-2024)
⭐IMDB: 8.9/10 (413 k Votes)
🎬 #Crime #Drama #Thriller
🗓 2014-2024 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 4 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fargo (2014)
Fargo ( ၂၀၁၄ ~ လက်ရှိ )IMDb 8.9 / Ava Tomatometer – 93%ထိ ရရှိထားတဲ့ American black comedy crime dram television အမျိုးစားဖြစ်သည့် Nominations ၂၃၄ခု ဝင်ခဲ့ပြီး ဆုပေါင်း ၅၁ဆု ဆုခူးခဲ့တဲ့ series တစ်ခုကို CM team ကနေ တင်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ စတင်ပြသခဲ့တဲ့ Noah Hawley ဖန်တီးထားတဲ့ အဆိုပါစီးရီးဟာ မူရင်းရုပ်ရှင်ရဲ့ အနှစ်သာရကို ယူဆောင်နိုင်ကာ ထူးခြားပြီး စွဲမက်ဖွယ်ကောင်းလှတဲ့ ဇာတ်ကြောင်းအဖြစ် ချဲ့ထွင်ထားတာကို Billy Bob Thorntonနှင့် Martin Freemanတို့လို ဇာတ်ဆောင်တွေကိုမှ Allison Tolmanတို့နှင့် Colin Hanksတို့လို ဇာတ်ပို့တွေနှင့်အတူ များစွာသော နာမည်ကျော်သရုပ်ဆောင်ပေါင်းများစွာနဲ့ ပုံဖော်ထားတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အာမခံအရောင်းသမား လက်စတာ နိုင်းဂါ (Martin Freeman) နှင့် လျှို့ဝှက်ဆန်းကြယ်တဲ့ လုပ်ကြံရေးသမား လောရန် မယ်ဗို (Billy Bob Thornton) တို့ ၂ယောက် နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဘတ်မစ်ဂျီမြို့လေးမှာ ပထမဆုံး အမှတ်မထင် တွေ့ဆုံမှုကနေ ဇာတ်အိမ်တည်ထားပါတယ်။ မထင်မှတ်ပဲ လူသတ်ဖို့ မယ်ဗိုကို ခိုင်းစေမိသွားတဲ့ လက်စတာ နိုင်းဂါ တစ်ယောက် ရာဇ၀တ်မှုတွေကို တစ်ခုခုပြီး ပရမ်းပတာ ကျူးလွန်မိလာပါတော့တယ်။ပရမ်းပတာနိုင်လှတဲ့ လက်စတာ,နေရာမှာ သရုပ်ဆောင်ထားတဲ့ Martin Freeman ရဲ့ သရုပ်ဆောင်စကေးတွေက ထက်မြတ်လှပြီး၊ ခန့်မှန်းလို့ မရတဲ့ Characterဖြစ်တဲ့ လောရန် မယ်ဗို ကို သရုပ်ဆောင်ထားတဲ့ Billy Bob Thorntonရဲ့ သရုင်ဆောင် စကေးက ကျောချမ်းဖွယ်ကောင်းလှပါတယ်။ဇာတ်လမ်းကြောင်းက မူလဇာတ်လမ်းပိုင်ရှင် Coen Brothersရဲ့ ထူးခြားဆန်းကြယ်ပြီး အမိုက်စား ပုံစံကို ဖမ်းစားထားပြီး Noahတို့ အသစ်ထည့်ထားတဲ့ ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်အိမ်ကို စိတ်ဝင်စားစွာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။“Fargo” ကို အမှန်တကယ် ခြားနားစေတဲ့အရာက အဆိုပါစီးရီးရဲ့ ပြင်းထန်လှတဲ့ အကြမ်းဖက်မှု အခိုက်အတန့်တွေကို Comedy, Dark Humorတွေနဲ့ ချိန်ခွင်လျှာညှိပေးနိုင်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲက ဒရာမာနဲ့ အမိုက်စားဟာသကြားက မျဉ်းကြောင်းကို အောင်မြင်စွာ လမ်းကြောင်းရှာနိုင်ပြီး ပရိသတ်ကို စေ့စေ့တွေးခေါ်နိုင်စေမယ့် ထူးခြားတဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။ယခုလိုမျိုး ဇာတ်လမ်းဇာတ်အိမ်၊ သရုပ်ဆောင်ကောင်းတွေအပြင်ကို ရသမျိုးစုံပေးစွမ်းနိုင်မယ့် စီးရီးကောင်း တစ်ခုဖြစ်တာကြောင့် အကောင်းကြိုက် CM ပရိသတ်တွေ အားပေးမယ်မှန်း ယုံကြည်လို့ CM Team ကနေ ဂုဏ်ယူစွာနဲ့ တင်ဆက်လိုက်ပါတယ်။...
