es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Alone (2023) ⭐IMDB: 4.3/10 (447 Votes) 🎬 #Bollywood #Thriller #Mystery 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 01 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Alone 2023 ဒီဇာတ်ကားလေးမှာ Drishyam(Tamil Version)ရဲ့မင်းသားကြီး Mohanlal ကဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးက မင်းနဲ့စပြီး မင်းနဲ့ဆုံးတယ်လို့ ပြောရလောက်အောင်ကိုဗစ်ကာလမှာ မင်းသားတစ်ယောက်တည်း ဖုန်းတွေပတ်ပြောနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ ကျွန်တော်တို့အနေနဲ့ ရှယ်ခြောက်ပါတယ်ဆိုတဲ့ Annabelle တို့Conjuring တို့လိုမျိုး jumpscare တွေနဲ့ရှယ်ဖြဲခြောက်ခံရတဲ့အရသာမျိုးကိုသဘောကျမှာပါ ဒီကားလေးမှာတော့ jumpscare တွေသိပ်မထည့်ဘဲနဲ့ကာလာတွေကလဲလင်းချင်းနေပြီး တစ်ယောက်တည်းပါလားဆိုတဲ့ခံစားချက်ကြောင့် တွေးရင်းနဲ့ ကျောထဲထိစိမ့်စိမ့်လာမှာပါ ဟုတ်ပါတယ် ကိုဗစ်ကာလတိုက်ခန်းအသစ်ကိုပြောင်းလာတဲ့မင်းသားဟာ သူတစ်ယောက်တည်း စကားပြောသံတွေကိုကြားနေရတဲ့အခါမှာ ဒါကစိတ်ထင်မှားတာလား ဘာဖြစ်တာလဲဆိုတာသူကိုယ်တိုင်အဖြေရှာရင်းနဲ့ အဲ့အသံတွေနောက်ကဇာတ်လမ်းကိုအဖြေရှာဖို့ကြိုးစားမဲ့ ရုပ်ရှင်ကားလေးပါတစ်စိမ့်စိမ့်တွေးကြောက်ရင်း ဘာကြောင့်လဲဆိုတာသိချင်တဲ့သူတွေအတွက်ဒီ horror/thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်

George & Tammy (2022-2023) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Biography #Drama #History #Music 🗓️ 2022-2023 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 06 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 George & Tammy (2022) CompleteGeorge & Tammy (2022) Completed Limited Series  ~ IMDb 7.5/10, Rotten Tomatoes – 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ… ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ… နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်… ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့… ” The Three of Us: Growing Up with Tammy and George ” ဝတ္ထုကို ပြန်ပြီး အသက်သွင်း ရိုက်ကူးထားတာဖြစ်လို့ အပိုအလိုတွေ သိပ်မပါဘဲ တကယ်ကို Realistic ဆန်လှပါတယ်။ “သေခါမှပဲ ချစ်ခြင်းတွေ ရပ်တန့်မယ်” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခွင့်ရမယ့်ဇာတ်လမ်းတစ်ပုဒ်မလို့ ပရိသတ်ကြီးကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါကြောင်း၊ ကြည့်ပြီးရင်လည်း နောင်တရမှာမဟုတ်ဘဲ စိတ်နှလုံးအိမ်ထဲ စွဲမြဲနေမယ့် သီချင်းကောင်းတွေချန်ရစ်ခဲ့မယ့် စီးရီးကောင်းတစ်ခုဖြစ်ပါကြောင်း၊ George နဲ့ Tammy တို့နေရာမှာ သရုပ်ဆောင်ထားတဲ့သူတွေကလည်း ရုပ်ရှင်ချစ်သူတိုင်းနဲ့ ရင်းနှီးမယ့်သူတွေဖြစ်ကြတဲ့ Michael Shannon နဲ့ Jessica Chastain Recommend ပေးလိုက်ရပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Act Molemy ပဲဖြစ်ပါတယ်)Size ~ 600MB+

Dragon Quest: The Soul Coffin (2023) ⭐⁉️ 🎬 #Adventure #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 28 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့CMပရိသတ်ကြီးအတွက်လျို့ဝှက်ဆန်းကြယ်ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဟိုးရှေးရှေးတုန်းက ဝိဉာဉ်ချင်းလဲပြီးအသက်ဆက်ရှင်နိုင်စေတဲ့နဂါးပုလဲလုံးဆိုတဲ့ရတနာပုလဲလုံးကို သဲကန္တာရကြီးတစ်ခုရဲ့အောက်မှာဝိဉာဉ်အခေါင်းထဲမှာထည့်သွင်းပြီးမြုပ်နှံထားတယ်တဲ့….. တော်လှန်ရေးခေတ်မှာ ပညာအသီးသီးရှိတဲ့လူတစ်စုဟာရည်ရွယ်ချက်အသီးသီးနဲ့ သင်္ချိုင်းဖောက်ထွင်းဖို့စုမိကြပါတယ်။ရှေးဟောင်းမြေပုံတစ်ခုကိုယူပြီး သဲကန္တာရကြီးထဲမှာဒဏ္ဍာရီထဲကရှေးဟောင်းသင်္ချိုင်းကိုရှာဖွေခဲ့ကြတယ်။ရှေးဟောင်းသင်္ချိုင်းကြီးထဲမှာ သူတို့ကိုဘယ်လိုဆန်းကြယ်တဲ့အရာတွေကစောင့်နေမလဲ ……ဝိဉာဉ်ချင်းလဲပြီးသူများခန္ဓာနဲ့အသက်ရှင်စေနိုင်မယ့်နဂါးပုလဲလုံးဆိုတာကရော ဘယ်လိုအရာဖြစ်နေမလဲ…..

ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ⭐N/A 🎬 #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 12 မိနစ် 21 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 "စိတ်ရောဂါအထူးကုဆရာဝန်် ကြည်သာ မှာ စိတ်ဝေဒနာသည်လေး ထားထား ကိုကုသဖို့အကြောင်းဖန်လာတော့ ထားထား ကိုဆေးကုသရင်း ကြည်သာ မှာ ဘယ်လိုသံယောဇဉ်တွယ်သွားမလဲဆိုတာ ... ထားထား ကိုစိတ်ဝေဒနာသည်ဖြစ်အောင်လုပ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲ .... ကြည်သာ နဲ့ ထားထား တို့ရဲ့ သံယောဇဉ် မှာဘယ်လောက်အတိုင်းအတာထိဖြစ်သွားမလဲဆိုတာ ...." သရုပ်ဆောင် ပြေတီဦး၊ ဖွေးဖွေး ဒါရိုက်တာ ဝိုင်း ထုတ်လုပ်ရေး ခရေဖြူ

ဝိညာဉ်ကကြိုး ⭐N/A 🎬 #cinema #romance 🗓️ N/A 🎞️ Movie 📺 720p HD 🌎 #Myanmar ⏰ 2 နာရီ 19 မိနစ် 12 စက္ကန့် 👑 FDMN ဇာတ်ညွှန်း 📜 ရိုးသားပြီးကျေးဇူးသိတတ်တဲ့ ခေတ် မှာချစ်ခြင်းမေတ္တာငတ်ပြီး လိုချင်တာကိုမရရင်ဖျက်ဆီးတတ်တဲ့သူငယ်ချင်း ရွှေဖြူ တစ်ယောက်ရှိနေခဲ့ရာ ခေတ် နဲ့ ရွှေဖြူ ရဲ့_x000D_ ဘဝထဲကို သစ်ခက်ညို တစ်ယောက်ဝင်ရောက်လာချိန်ကအစပြုပြီး ခေတ် နဲ့ သစ်ခက်ညို တို့ရဲ့အချစ်ရေးကို ရွှေဖြူ တစ်ယောက်ဘယ်လိုနည်းမျိုးစုံသုံးပြီး_x000D_ နှောင့်ယှက်သွားမလဲ... နှောင့်ယှက်ရတဲ့အကြောင်းတရားဘာဖြစ်မလဲ... သရုပ်ဆောင် အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်၊ ရွှေမှုံရတီ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ထုတ်လုပ်ရေး ခရေဖြူ

Dragons: The Nine Realms (2021- ) ⭐IMDB: 5.4/10 (652 Votes) 🎬 #Animation #Action #Adventure #Comedy #Drama #Family #Fantasy 🗓️ 2021- 🎞️ Series 📺 1080p FHD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 44 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dragons: The Nine Realms – Season (01)(02)(03)(04)Dragons: The Nine Realms – Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း သူတို့စူးစမ်းနေတဲ့ ချောက်ကြီးအောက်မှာ နဂါးကမ္ဘာကြီး တစ်ခုလုံးရှင်သန်နေပြီး သီးသန့် သက်ရှိလောကတစ်ခုရှိနေကြောင်းသိလိုက်ရတဲ့အခါမှာတော့ သောမတ်စ်နဲ့ Night Fury တို့အတွက် လူသားကမ္ဘာနဲ့ နဂါးတွေအတွက် ယှဉ်တွဲနေထိုင် ရေး စွန့်စားခန်းကြီးဖြစ်လာပါတော့တယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size………….(400 MB)

The Chestnut Man (2021- ) ⭐IMDB: 7.7/10 (48 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓️ 2021- 🎞️ Series 📺 1080p FHD 🌎 #Denmark ⏰ 52 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Chestnut Man (2021) Season 01The Chestnut Man (2021) S01  ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးကတော့ ပရိသတ်နဲ့သိပ်ရင်းနှီးမှာမဟုတ်တဲ့ ဒိန်းမတ် စီးရီးလေးတစ်ခုပါပဲ။ ဒီစီးရီးကို Netflix ကတင်ဆက်ထားတာဖြစ်ပြီး Season 1 မှာတော့ အပိုင်းခြောက်ပိုင်းပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်… ဒိန်းမတ်နိုင်ငံအနှံ့အပြားမှာ အသက်လတ်ပိုင်းအမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်သတ်ခံရတဲ့ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းဖို့ သူလင်မ်ဆိုတဲ့စုံထောက်အမျိုးသမီးနဲ့ ဟက်စ်ဆိုတဲ့နယ်ပြောင်းစုံထောက်အမျိုးသားတစ်ဦးက ဘယ်လိုလိုက်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ထဲက Chestnut Man ဆိုတာကတော့ အဲဒီလူသတ်မှုတွေအားလုံးနဲ့ဆက်စပ်နေတဲ့တစ်ခုထဲသောသဲလွန်စက တရားခံဟာ သစ်အယ်သီးကိုတုတ်လေးတွေထိုးပြီးလုပ်ထားတဲ့ အရုပ်လေးတွေကို အခင်းဖြစ်ပွားရာတိုင်းမှာ ချန်ခဲ့တတ်လို့ပါပဲ။ ဒီသဲလွန်စတစ်ခုကိုခြေရာကောက်ပြီး သစ်အယ်သီးလူသားလို့အမည်တပ်ထားတဲ့ ကွင်းဆက်လူသတ်တရားခံကို သူလင်မ်နဲ့ဟက်စ်တို့ ဘယ်လိုရှာဖွေဖော်ထုတ်ကြမှာလဲ… ဘာကြောင့်ဒီအရွယ်အမျိုးသမီးတွေကိုမှ လူသတ်သမားကပစ်မှတ်ထားတာလဲ… ဆိုတာတွေကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်ကွက်နဲ့  Plot Twist တွေကလည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ရလောက်အောင် ကောင်းမွန်ပြီး အဆင့်သတ်မှတ်ချက်ကောင်းတွေလည်းရရှိထားတာကြောင့် လက်မလွှတ်သင့်တဲ့ လျှို့ဝှက်သည်းဖို၊ စုံထောက်စီးရီးတစ်ခုလို့ပဲ ညွှန်းလိုက်ပါရစေ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Min Khant Bo ပဲဖြစ်ပါတယ်)Size ~ 450MB+

The Way Home (2023- ) ⭐IMDB: 7.7/10 (692 Votes) 🎬 #Drama #Family 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #Mexico #Canada #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 42 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Way Home (2022)The Way Home (2022)အပိုင်းသစ် – ၅ ကျွန်တော်တို့တစ်ခါတလေ လောကဓံလှိုင်းတွေရဲ့ အထုအထောင်းအောက်မှာ ပြားပြားဝပ်နေတဲ့အခါ ခိုလှုံစရာနေရာတစ်ခု နွေးထွေးတဲ့နေရာတစ်ခုကို တောင့်တတတ်ကြပါတယ်။ ဒီနေရာကတော့ ချစ်သူခင်သူတွေရှိတဲ့နေရာ အမှတ်တရကောင်းတွေရှိတဲ့နေရာ နွေးထွေးမှုတွေပေးနိုင်တဲ့နေရာဖြစ်တဲ့ မိသားစုဝင်တွေရှိနေတဲ့အိမ်ပါပဲ။ခင်ပွန်းဖြစ်သူ Bradyနဲ့ ခွဲနေရာကနေ မကြာခင် ကွာရှင်းပြတ်ဆဲတော့မဲ့ Kat နဲ့ မိဘနှစ်ပါးရဲ့ အဆင်မပြေမှုတွေကြားက အရိုင်းစိတ်တွေဝင်ပြီး အမေကိုမုန်းနေတဲ့ rebellious teenageလေး Alice … သမီးဖြစ်သူကကျောင်းထုတ်ခံရတဲ့အပြင် သူကိုယ်တိုင်ကပါအလုပ်ပြုတ်သွားတော့ အကြံကုန်နေတဲ့ Kat ဆီကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သူအဆက်အသွယ်မလုပ်ခဲ့တဲ့ Kat ရဲ့ အမေ ဒယ်ဆီက စာတစ်စောင်ရောက်လာပါတယ်။ဒီလိုနဲ့ပဲ Katတစ်ယောက် သမီးဖြစ်သူ Alice ကို ခေါ်ရင်းနဲ့ သူတို့ရဲ့ မိသားစုအမွေဖြစ်တဲ့ Landry Farm ရှိရာလည်းဖြစ်တဲ့ သူ့ရဲ့ ဇာတိကိုပြန်ဖို့ ဖြစ်လာပါတယ်။မြို့ကြီးသူဖြစ်တဲ့ Alice အတွက်ကတော့ ဖုန်းလိုင်းတောင် အနိုင်နိုင်ဖြစ်နေတဲ့ စိုက်ပျိုးရေးခြံဟာ အိပ်မက်ဆိုးပါပဲ။ အဖေ့ဆီကိုသာ ပြန်ဖို့ စိတ်အားထက်သန်နေတဲ့ Aliceတစ်ယောက် မိဘတွေ ကွာရှင်းတဲ့သတင်းနဲ့အတူ မျှော်လင့်ချက် ရိုက်ချိုးခံလိုက်ရပြီး ဒီမြို့ငယ်လေးမှာပဲ အမေနဲ့အတူ ဘဝသစ်စရဖို့ဖြစ်လာတဲ့အခါမှာတော့…Kat ကရောဘာလို့ Del နဲ့ အနှစ် ၂၀ ကျော် အဆက်အသွယ်ဖြတ်ထားခဲ့ရတာလဲ? Del ရဲ့ လက်ရေးစာကို Del မဟုတ်ဘဲ Kat ဆီကို ပို့လိုက်တဲ့လူကရော ဘယ်သူလဲ? ထူးဆန်းတဲ့ ဒေသခံဒဏ္ဍာရီလေးတွေရှိတဲ့ ဒီမြို့မှာ Alice တစ်ယောက် ဘယ်လိုထူးဆန်းအံ့ဩဖွယ်ရာအဖြစ်တွေနဲ့ကြုံရမလဲ? ပြဿနာပေါင်းစုံနဲ့ ခိုနားရာရှာဖွေနေတဲ့ Kat တို့သားအမိအတွက် Landry Farmက အဖြေဖြစ်မလား? ဆိုတာကတော့ The Way Home ဆိုတဲ့ ဒီ စီးရီးလေးကို ကြည့်ရင်း အတူတကွ အဖြေရှာကြစို့နော်။(ဇာတ်လမ်းအညွှန်းကိုတော့ Jane က ရေးပေးထားပါတယ်။)Aired: Jan 15, 2023 —

Belle and Sébastien: The New Generation (2022) ⭐IMDB: 6.2/10 (224 Votes) 🎬 #Action #Adventure #Drama #Family 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #France ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Belle and Sébastien: The New Generation (2022) ဒီတစ်ခါ​တော့ Pet Lover ​လေး​တွေအတွက် 2022 မှာထွက်ရှိထားတဲ့ ဒရာမာ အက်ရှင်ပြင်သစ်ကား​လေး Belle and Sébastien: The New Generation ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ 1965 ကစ တီဗွီစီးရီးအဖြစ်ထွက်ရှိထားပြီး ​နောက်ပိုင်း စီးရီးက​နေ ရုပ်ရှင်အဖြစ်လည်း အများကြီးထွက်ရှိထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ 2022 မှာထွက်ထားတဲ့ ခုကား​လေးက​တော့ ဒီဘက်​ခေတ်နဲ့ လိုက်‌လျောညီ​ထွေ​အောင်ရိုက်ပြထားတဲ့ ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ၁၀ နှစ်အရွယ် ပြင်သစ်မြို့ကြီးသားလေး ဆက်​ဗေးစတန်း တစ်​ယောက် အ​မေခရီးသွားစရာရှိလို့ အဘွားဖြစ်သူရှိတဲ့ရွာကို သွားပြီး​နောက် ဘယ်လ်ဆိုတဲ့​ခွေး​လေးနဲ့ ​တွေ့ဖြစ်တဲ့အခါ သူတို့နှစ်​ယောက်ကြားဘယ်လို​တွေ ​သံ​ယောဇဥ်​​တွေဖြစ်သွားကြလဲဆိုတာကို ကြည့်ရမယ့် ဒရာမာရုပ်ရှင်​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးထဲမှာ သိုးအ​ကြောင်း​တွေလည်းပါတာမို့ တိချစ်သူ​တွေအတွက်​တော့ ကြည့်ရတာ​​တန်ပြီး ဗဟုသုတ​တွေလည်း​တိုးမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Belle and Sébastien: The New Generation (2022) ⭐IMDB: 6.2/10 (224 Votes) 🎬 #Action #Adventure #Drama #Family 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Belle and Sébastien: The New Generation (2022) ဒီတစ်ခါ​တော့ Pet Lover ​လေး​တွေအတွက် 2022 မှာထွက်ရှိထားတဲ့ ဒရာမာ အက်ရှင်ပြင်သစ်ကား​လေး Belle and Sébastien: The New Generation ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ 1965 ကစ တီဗွီစီးရီးအဖြစ်ထွက်ရှိထားပြီး ​နောက်ပိုင်း စီးရီးက​နေ ရုပ်ရှင်အဖြစ်လည်း အများကြီးထွက်ရှိထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ 2022 မှာထွက်ထားတဲ့ ခုကား​လေးက​တော့ ဒီဘက်​ခေတ်နဲ့ လိုက်‌လျောညီ​ထွေ​အောင်ရိုက်ပြထားတဲ့ ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ၁၀ နှစ်အရွယ် ပြင်သစ်မြို့ကြီးသားလေး ဆက်​ဗေးစတန်း တစ်​ယောက် အ​မေခရီးသွားစရာရှိလို့ အဘွားဖြစ်သူရှိတဲ့ရွာကို သွားပြီး​နောက် ဘယ်လ်ဆိုတဲ့​ခွေး​လေးနဲ့ ​တွေ့ဖြစ်တဲ့အခါ သူတို့နှစ်​ယောက်ကြားဘယ်လို​တွေ ​သံ​ယောဇဥ်​​တွေဖြစ်သွားကြလဲဆိုတာကို ကြည့်ရမယ့် ဒရာမာရုပ်ရှင်​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးထဲမှာ သိုးအ​ကြောင်း​တွေလည်းပါတာမို့ တိချစ်သူ​တွေအတွက်​တော့ ကြည့်ရတာ​​တန်ပြီး ဗဟုသုတ​တွေလည်း​တိုးမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Above The Fire (2023) ⭐⁉️ 🎬 #Action #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 34 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှုခင်းရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် မော့ကောင်းရဲ့ မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကိုနှိမ်နင်းတဲ့အကြောင်းအဓိကထားရိုက်ပြပေးထားတာပါ ။ ဆေးစွဲနေတဲ့ ဆေးသမား ရှီကျန့်က ဆေးသုံးရင်းအသိစိတ်ပျောက်ကာသူ့ရဲ့ရည်းစားဟောင်း ရွှီလုလုကို ဓားနဲ့ထိုးသတ်တဲ့ အမှုကနေ စရပါမယ် ။ဒီလိုနဲ့ ဒီအမှုကို တာဝန်ယူဖြေရှင်းဖို့အတွက် ခေါင်းဆောင်မော့ဦးဆောင်တဲ့အဖွဲ့ဟာ လှုပ်ရှားမှုတွေ စတင်လုပ်ကိုင်ခဲ့ကြပါတော့တယ် ။ ဒီလိုမူးယစ်ဆေး နှိမ်နှင်းရေး အမှုတွေကို လုပ်ကိုင်ခဲ့ကြရင်းလုပ်ဖော်ကိုက်ဖက်တွေ ကျဆုံးလာခဲ့သောအခါ…? ရည်းစားဖြစ်သူရှောင်ဝူနဲ့လဲ အဆင်မပြေ ကွာဟချက်တွေ ရင်ဆိုင်ကြုံတွေလာရတဲ့အခါမှာ – ခေါင်းဆောင်မော့တစ်ယောက် ဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ ?မူးယစ်ဆေး အမှုတွေကိုရော သူဖြေရှင်းနိုင်ပါ့မလား ?ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

The New Toy (2022) ⭐IMDB: 6.0/10 (489 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #France ⏰ 1 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The New Toy (2022)================IMDb Rating – 6.0/10 ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းကထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသားတွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေလူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာလွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်းအလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ်အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုကကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီးကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ်ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့်တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီးလက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘောမကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေတေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီးပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါးရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားရမှာပါ။ ငွေရှိပေမယ့် နွေးထွေးမှုမရှိ ပျော်စရာမရှိတဲ့ သူဌေးသားအဖတို့နဲ့ငွေမရှိပေမယ့် ဘဝကို ရိုးရှင်းစွာဖြတ်သန်းကြတဲ့လူတစ်ယောက်အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်သွားအောင် ဘယ်လိုအရာတွေကို ဘယ်လိုညှိယူကြမလဲဆိုတဲ့ ငွေနဲ့ ပျော်ရွှင်မှုအကြောင်းပညာပေးထားတဲ့ကားလေးပါပဲ၊ သားအဖတွေကြားက ဖြစ်တတ်တဲ့လွဲမှားနေမှုလေးတွေကိုလည်း ပါးပါးလေးပုတ်ပြထားပါတယ်။ ဟာသကားဆိုပေမယ့် အတင်းရယ်ရအောင် ကလိထိုးလုပ်ကွက်တွေနဲ့မဟုတ်ပဲ ခပ်ငေါ့ငေါ့ ခပ်ထေ့ထေ့ ဒိုင်ယာလော့ခ်လေးတွေ သဘာဝကျတဲ့ရယ်မောစရာအလွဲလေးတွေနဲ့ ပုံဖော်ထားလို့ ခက်ခဲပင်ပန်းနေတဲ့အချိန်တစ်ခဏတာ ဘဝအမောပြေသွားစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura ဖြစ်ပါတယ်)

The New Toy (2022) ⭐IMDB: 6.0/10 (489 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #France ⏰ 1 နာရီ 52 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The New Toy (2022)================IMDb Rating – 6.0/10 ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းကထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသားတွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေလူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာလွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်းအလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ်အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုကကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီးကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ်ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့်တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီးလက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘောမကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေတေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီးပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါးရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားရမှာပါ။ ငွေရှိပေမယ့် နွေးထွေးမှုမရှိ ပျော်စရာမရှိတဲ့ သူဌေးသားအဖတို့နဲ့ငွေမရှိပေမယ့် ဘဝကို ရိုးရှင်းစွာဖြတ်သန်းကြတဲ့လူတစ်ယောက်အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်သွားအောင် ဘယ်လိုအရာတွေကို ဘယ်လိုညှိယူကြမလဲဆိုတဲ့ ငွေနဲ့ ပျော်ရွှင်မှုအကြောင်းပညာပေးထားတဲ့ကားလေးပါပဲ၊ သားအဖတွေကြားက ဖြစ်တတ်တဲ့လွဲမှားနေမှုလေးတွေကိုလည်း ပါးပါးလေးပုတ်ပြထားပါတယ်။ ဟာသကားဆိုပေမယ့် အတင်းရယ်ရအောင် ကလိထိုးလုပ်ကွက်တွေနဲ့မဟုတ်ပဲ ခပ်ငေါ့ငေါ့ ခပ်ထေ့ထေ့ ဒိုင်ယာလော့ခ်လေးတွေ သဘာဝကျတဲ့ရယ်မောစရာအလွဲလေးတွေနဲ့ ပုံဖော်ထားလို့ ခက်ခဲပင်ပန်းနေတဲ့အချိန်တစ်ခဏတာ ဘဝအမောပြေသွားစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura ဖြစ်ပါတယ်)

Vasantha Mullai (2023) ⭐IMDB: 8.3/10 (1 k Votes) 🎬 #Bollywood #Drama #Thriller #Mystery 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 1 နာရီ 46 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vasantha Mullai (2023) IMDb 8.3/10 ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ် ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်​နေတဲ့ဝန်ထမ်းတစ်​ယောက်က ​နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်​နေလွန်းလို့မကြာခဏသတိ​လစ်​တတ်တဲ့ အလုပ်ရူးတစ်​ယောက်ဖြစ်ပါတယ် သူဒီလိုကြိုးစား​နေရတဲ့အ​ကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့မိန်းက​လေးကိုမ​ကြောင့်မကြ​ရွှေ​ပေါ်မြတင်ထားနိုင်ဖို့ပါပဲဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီးတစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့….

The Price of Family (2022) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Italy #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Price of Family (2022)===================IMDb Rating – 5.8/10 ဇာတ်လမ်းလေးကတော့ အမ်မီလီယိုနဲ့ အဲလက်စန်ဒရာတို့ မောင်နှမအဖေနဲ့ အမေကို ထားခဲ့ပြီး အိမ်ခွဲနေကြတာကနေ စပါတယ်။ သိပ်မကြာခင်မှာပဲ အလုပ်တွေကိုယ်စီနဲ့ ရှုပ်နေကြတဲ့ မောင်နှမ မိဘတွေကိုအချိန်ပေးဖို့ ခက်လာပါတယ် မွေးနေ့လို နေ့မျိုးမှာတောင် မိသားစုမဆုံနိုင်ကြတော့ပါဘူး။ ခရစ္စမတ်လို မိသားစုတွေ ဆုံကြတဲ့ပွဲမျိုးမှာတောင် အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်‌တော့ပါဘူး ဒီလိုနဲ့ မိဘတွေဖြစ်တဲ့ အန်နာနဲ့ ကာလို သားသမီးတွေကို ပညာပြဖို့အကြံထုတ်ပါတော့တယ်။ သူတို့မှာ ပိုက်ဆံ‌ရှိရင်တော့ လာကပ်ကြမှာပဲဆိုပြီး ယူရို ၆သန်း အမွေရထားတယ်ဆိုပြီး ပြောလိုက်ပါတော့တယ်။အဲတော့ အရင်က မအားကြတဲ့ မောင်နှမ အကြောင်းအမျိုးမျိုးရှာပြီး မိဘတွေဆီ ကပ်လာကြပါပြီ။ တစ်ဖက်မှာလည်း အန်နာနဲ့ ကာလိုဟာ သန်းကြွယ်သူဌေးဂုဏ်ပုဒ်နဲ့အညီ သုံးပြဖြုန်းပြ ရပါတယ်။အစီအစဉ်ကတော့ ခရစ္စမတ်မတိုင်ခင်ထိပါပဲ ခရစ္စမတ်ပြီးရင် သားသမီးတွေကို အမှန်အတိုင်း ပြောပြပါတော့မယ်။ ဒါအပြင့် အလိမ်အညာဆိုတာ ကြာကြာဖုံးထားလို့ မရလေတော့ သူတို့ခရစ္စမတ်အထိ ဟန်ဆောင်နိုင်ပါ့မလား၊ အလိမ်အညာတွေကို ဆက်တိုက်ဖုံးဖိဖို့ ဘာတွေလုပ်ကြမလဲ၊ သားသမီးတွေနဲ့ ဝေးပြီး အထီးကျန်နေတဲ့အဖေနဲ့ အမေ၊ ခရစ္စမတ်မှာ မိသားစုဆုံရဖို့ ကြံမိကြံရာ လုပ်ကြတာတွေကိုဟာသနှောပြီး ရိုက်ပြထားပါတယ်။ စိတ်မကောင်းစရာဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါး ကြည့်ရမှာမို့ ခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)

Black Sails (2014-2017) ⭐IMDB: 8.1/10 (77 k Votes) 🎬 #Drama #History #Romance #War 🗓️ 2007-2010 🎞️ Series 📺 1080p FHD 🌎 #Ireland #Canada #UnitedStates #UnitedKingdom ⏰ 49 မိနစ် 10 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Tudors(2007) Season 1The Tudors(2007) Season 1 ဇာတ်လမ်းတွဲအညွှန်း****************************************** အပိုင်း( ၁ မှ ၁၀ ) ထိ*****အထူးသတိပေးချက်….မိသားစုနဲ့ အတူမကြည့်သင့်ပါ….*****စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်… သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာသမိုင်းကို ပြောင်းလဲစေသူ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့  မှတ်ကျောက်တင်ခံရမယ်လို့ရှေးယခင်က မှတ်ယူခဲ့ကြတယ်…စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက်ပြဿနာတစ်စုံတစ်ရာတက်တာနဲ့  စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်နေကြတယ်..ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိက ထားရိုက်ပြထားတာပါ…အဓိက မင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့  Jonathan Rhys Meyers တို့ပါဝင်ထားပါတယ်….ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်…. ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ…အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေအမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်… ပြီးတော့  Adults scenes တွေများလွန်းတာပါပဲ…. ဘုရင်က ရာဂလွန်ကဲသူဆိုတော့ဒီလိုအခန်းတွေများတာ မဆန်းပါဘူး… NATALIE DORMER ဆိုတာ GAME OF THRONES မှာထဲက အဖော်အချွတ်ကြမ်းခဲ့တာ အားလုံးအသိပဲမလား…ညှို့အားတွေတော့ အရှိန်ပြင်းပြင်းနဲ့တောက်လောက်နေဆဲပါပဲ…ဒီစီးရီးထဲတော့ Main Lead ဆိုတော့ တစ်ဝကြီးကြည့်ရမှာပါ…  Episodes: 10Quality : Blu-Ray 1080p5.1Ch,720pFile Size: 1.13 GB & 400MBGenres:Drama ,Action

Black Hunting Operation (2022) ⭐⁉️ 🎬 #Action #Crime 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #China ⏰ 1 နာရီ 22 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်နိုင်ငံအတွင်းမှာ အမြတ်ကြီးစား လက်ဝါးကြီးအုပ်ချင်ကြတဲ့ဒုစရိုက်ဂိုဏ်းသားတွေဟာ အပြစ်မဲ့ပြည်သူတွေကို ချုပ်ကိုင်ပြီးငွေတိုးချေးခြင်း လောင်းကစားရုံတွေဖွင့်ခြင်း အစရှိတဲ့ဥပဒေချိုးဖောက်တဲ့ အလုပ်တွေကို လုပ်ကိုင်လျှက်ရှိကြပါတယ် ။ ငွေတိုးအဆမတန်ချေပြီး ပြန်မပေးနိုင်ပါက ပြည်သူတွေကိုဓားစာခံအဖြစ် ခေါ်ယူနှိပ်စက်မှုတွေ ကြုံလာတဲ့အခါမှာတော့ပြည်သူ့ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး နှိမ်နင်းဖို့အထိ ဖြစ်လာခဲ့ပါတယ် ။အဲ့အထဲမှာလဲ ရဲတပ်ဖွဲ့ခေါင်းဆောင် ချင်ဖုန်းကလဲ အပါအဝင်ပါ ။ ပြည်သူတွေအတွက် လက်စားချေပေးဖို့အရေး နောက်ကွယ်ကကြိုးကိုင်သူကို ဖမ်းဆီးဖို့အတွက် ရဲတပ်ဖွဲ့ခေါင်းဆောင်ချင်ဖုန်းကိုယ်တိုင်ဒုစရိုက်ဂိုဏ်းအတွင်း ဝင်ရောက်ကာ ချဥ်းကပ်ခဲ့ပါတော့တယ် ။ ❏ ဒီတော့ ခေါင်းဆောင်ချင်ဖုန်း နဲ့ သူ့ရဲ့ ရဲဘော်တွေဒီဒုစရိုက်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ရှာတွေ့နိုင်ပါ့မလား ? ❏ သက်သေအထောက်အထား စုံစုံလင်လင်နဲ့ ကြိုးကိုင်သူ ခေါင်းဆောင်ကိုဖမ်းဆီးကာ ပြည်သူတွေအတွက် တရားမျှတမှုကို ရှာပေးနိုင်ပါ့မလား ?ဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုရအောင်ပါနော် ။

The Witcher (2019- ) ⭐IMDB: 8.1/10 (509 k Votes) 🎬 #Action #Adventure #Drama #SciFi #Fantasy #Mystery 🗓️ 2019- 🎞️ Series 📺 1080p FHD 🌎 #Poland #UnitedStates #Hungary #UnitedStatesofAmerica ⏰ 55 မိနစ် 24 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Witcher (2019-2021) Season 1+ 2The Witcher (2019)Season 1  (စ/ဆုံး) နှင့် Season 2 အပိုင်းသစ်(၁)********************************************************* စူပါမန်းမင်းသား ဟင်နရီကဗေး ပါဝင်ထားတဲ့ နက်ဖလစ်ရဲ့ ဝစ်ချာ စီးရီးလာပါပြီနာမည်ကျော်စာအုပ်နဲ့ ဂိမ်းတွေကို အခြေခံထားတာမို့ အတော်ကောင်းမှာပါတိုက်ခိုက်ခန်းတွေက game of thrones ထက် ကြမ်းတမ်းတာကိုတော့ သတိပြုပါဝစ်ချာဆိုတာ မှော်ပညာနဲ့ ပြောင်းလဲခံထားရတဲ့လူသားတွေပါတိုက်ရည်ခိုက်ရည်ကောင်းပြီး အေးစက်စက် လူသားတွေပါပဲမှော်ပညာ အသေးစားနဲ့ဆေးရည်တွေကိုလည်း အသုံးချနိုင်ပါတယ်အောက်လမ်းနည်းနည်းဆန်လို့ လူတွေမုန်းတီးခံရပါတယ်သူတို့က သူရဲကောင်းမဟုတ် လူဆိုးမဟုတ်တွေပါပဲမိစ္ဆာကောင်တွေကို ကြေးစားလိုက်သတ်ပြိး အသက်မွေးပါတယ်ဒီစိးရီးမှာတော့ မိစ္ဆာတွေ စုန်းတွေ နတ်ဘုရားတွေ တိုင်းပြည်ကိစ္စတွေနဲ့ ဇာတ်လမ်းဖွဲ့ထားပဲ ဖြစ်ပါတယ်စုစုပေါင်း ၈ပိုင်းရှိပြီး ဆက်တိုက် တင်ပေးသွားပါ့မယ်(ဘာသာပြန်တင်ဆက်ထားသူတွေတော့ CM Team ပဲ ဖြစ်ပါတယ်)  Quality – 720p NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, DramaSource : 720p.NF.WEBRip.DDP5.1.Atmos.x264-STAR

Foundation (2021- ) ⭐IMDB: 7.4/10 (63 k Votes) 🎬 #Drama #Sci-Fi #SciFi 🗓️ 2021- 🎞️ Series 📺 HD 🌎 #Ireland #UnitedStates ⏰ 1 နာရီ 00 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Foundation(2021)ဒီ Seriesဟာ Apple Tvက​နေ ဒီ​နေ့မှထွက်ရှိလာတဲ့ Scientific drama seriesပဲဖြစ်ပါတယ်၊အ​မေရိကန်စာ​ရေးဆရာ Issac Asimovရဲ့ နာမည်​ကျော် Foundation ဝတ္ထုသုံးအုပ်တွဲကို အ​ခြေခံရိုက်ကူးထားတာပါ၊ဇာတ်လမ်းအညွှန်းက​တော့ မ​ဝေး​တော့တဲ့အနာဂတ်မှာဖြစ်လာမယ့် Galactic Empireထဲကသင်္ချာပညာရှင် Hari Seldonဟာသူကျွမ်းကျင်တဲ့ Psychohistoryပညာရပ်မှတဆင့်ဒီEmpireကြီးဟာ ​နောက်လာမယ့် ရာစုနှစ်အတွင်း ပျက်​ဆီးခြင်းကပ်ဆိုက်​တော့မှာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်၊Psychohistroyဆိုတာက လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အပြုအမူ​တွေက​နေ အနာဂတ်ကိုသင်္ချာနည်းနဲ့ကြိုတင်ခန့်မှန်းတဲ့ ပညာရပ်ပါ၊ ကောင်းတဲ့သူတတ်​မြောက်သွားရင်အကျိုးရှိသ​လောက်၊ မ​ကောင်းတဲ့သူ တတ်​မြောက်သွားရင် လူသားမျိုးနွယ်ကြီး ပျက်စီးမယ့်ကိန်းဆိုက်နိုင်တဲ့ ပညာပါအဲ့ဒီပျက်စီးခြင်းကပ် လူသား​တွေရဲ့အ​မှောင်ခတ် (Dark Age)ဟာ လုံးဝမလွှဲ​ရှောင်နိုင်ပဲကျိန်း​သေဖြစ်​ပေါ်လာပြီး နှစ်​ပေါင်း ၃၀၀၀၀အထိ ကြာမြင့်နိုင်တာ​ကြောင့်Hail Seldonတစ်​ယောက် အနှစ် ၁၀၀၀​​လောက်ပဲ ကြာမယ့်နည်းလမ်းကို စဉ်းစားရပါ​တော့တယ်၊သူ​တွေ့တဲ့အ​ဖြေက​တော့ လက်ရှိ​ခေတ်ရဲ့ဗဟုသုတ​တွေ၊ နည်းပညာ​တွေကို Dark Age ရောက်တဲ့အထိထိန်းသိမ်းထားနိုင်တဲ့ Foundationဆိုတဲ့အဖွဲ့ကြီးကိုတည်​ထောင်ဖို့ပါ၊ ဒီနည်းလမ်းနဲ့ပဲDark Ageရဲ့သက်တမ်းကို ချုံ့နိုင်မယ်လို့ယုံကြည်ထားတာပါ၊ဒီလိုနဲ့ပဲ Hail Seldonနဲ့ သူ့ရဲ့ဉာဏ်ကြီးရှင်တပည့်မ​လေး Gaal Dornickတို့ဟာEmpireသ​ဘောမတူတဲ့ကြားက​နေFoundationကို တည်ထောင်ဖို့ ကြိုးစားကြပါ​တော့တယ်တစ်ဖက်မှာလည်း Empireတို့ရဲ့ထုံးစံအတိုင်း Galaxy ထဲက တစ်နိုင်ငံနဲ့ တစ်နိုင်ငံစစ်ပွဲ​တွေ၊Psychohistory ပညာရပ်ကို လုယူဖို့ ကြံစည်သူ​တွေ၊Foundationကို ဖျက်ဆီးမယ့် ရန်စွယ်​တွေ စသဖြင့် ​ခေတ်လွန်သိပ္ပံဇာတ်လမ်း​ကောင်းတစ်ခုကိုApple Tv shows​တွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်၊VFX​ကောင်း​ကောင်း၊ Sound quality​ကောင်း​ကောင်းနဲ့ ခမ်းနားကြီးကျယ်စွာ ကြည့်ရှုခံစားရမှာပါ  File Size – [email protected]Quality –720pDuration – 1h  9minute (@Episode)Total Episodes:10Subtitle – Myanmar HardsubFormat – Mp4Genre : Drama /Sci Fi

Black Sails (2014-2017) ⭐IMDB: 8.2/10 (107 k Votes) 🎬 #Action #Adventure #Drama 🗓️ 2014-2017 🎞️ Series 📺 720p HD 🌎 #SouthAfrica #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 11 မိနစ် 35 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Sails {Complete}ချစ်သော CM Fan တွေ အတွက်Game Of Thrones လိုမျိုး ဇတ်လမ်းတွဲကောင်း တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရိုးအီလှအောင် Episode တွေ များမှာမဟုတ်ပါဘူးSeason တစ်ခုမှာ Episode 8 ပိုင်း ကနေ 10 ပိုင်း ဝန်းကျင်ပဲ ပါပါတယ်Episode တစ်ခုကို တစ်နာရီကျော် ကြာပါတယ်တစ်ပိုင်းခြင်းစီဟာလဲရင်သက်ရှုမောစရာကောင်းလောက်အောင် ကောင်းပါတယ်ဇတ်လမ်းတွဲ နာမည်ကတော့ Black Sails ဖြစ်ပါတယ်Season 4 ခု ထွက်ရှိထားပြီးIMDb 8.3/10 ထိ ရရှိထားတာဖြစ်လို့ ကြည့်ရှုရန် မလွဲသင့်ပါဘူးဒီဇတ်လမ်းတွဲဟာ ပင်လယ်ဓါးပြ တွေရဲ့ အကြောင်းဖြစ်ပြီးကျွန်တော်တို့ မသိသေးတဲ့ ပင်လယ်ဓါးပြတွေ ရဲ့ ထုံးတမ်းဓလေ့တွေဝေစုခွဲပုံတွေ အရောင်းအဝယ် ဖောက်ကားမှု နဲ့ ခွဲတမ်းချပုံတွေ အပြင်များစွာလှသော စိတ်ဝင်စားစရာတွေ နဲ့ ပြည့်နှပ်နေပါတယ်….ဇတ်လမ်း အပိုင်းတိုင်းမှာ ကိုယ်လုံးတီး အခန်းတွေလိင်ဆက်ဆံမှုတွေ အများကြီး ပါဝင်လို့ မိသားစု နှင့် အတူကြည့်ရှုရန်တော့ မသင့်တော်ပါဘူး….ဇတ်လမ်းတွဲကောင်း တစ်ခုဖြစ်လို့ ကြည့်ရှုရန်တင်ဆက်ပေးလိုက်ပါတယ်… File Size –  22GB (Special Pack)Quality – BluRay 1080p 5.1chSubtitle –  Burmese