ဇာတ်ညွှန်းများ • FDMN
Canal cerrado
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
The Wheel of Time (2021- )
⭐IMDB: 7.1/10 (108 k Votes)
🎬 #SciFi #Fantasy #Drama #Action #Adventure
🗓️ 2021- 🎞️ Series 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 56 မိနစ် 58 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Wheel of Time Season 1 (2021)အမေဇုံရဲ့ ဘက်ဂျက်အကြီးစားနဲ့ စီးရီးလာပါပြီ။
Game of Thrones ကို အမီလိုက်နိုင်မယ်လို့လည်း ပြောနေကြပါပြီ။
ဇာတ်လမ်းကတော့ the lord of the rings နဲ့ ပိုဆင်ပါတယ်။
first age, second age, thrid age စသည်ဖြင့် သမိုင်းရှိပါတယ်။
ဇာတ်လမ်းအကျဉ်္
စွမ်းအားကြီးတွေနဲ့ မွေးဖွားလာတဲ့ လူတွေဟာ
အမှောင်သခင်ကို အကျဉ်းချထားနိုင်မယ်လို့ ယုံကြည်မိပေမဲ့
မအောင်မြင်ခဲ့တဲ့အခါ ကမ္ဘာကြီး ပျက်စီးလာခဲ့တယ်။
အဲဒီပျက်စီးခြင်းကို ယူဆောင်လာသူကို ဒရက်ဂွန်လို့ ခေါ်ကြတယ်။
အဲဒီပျက်စီးပြီးခေတ်နောက်ပိုင်းမှာ ကမ္ဘာကြီးကို
အိုက်ဆီဒိုင်းညီအစ်မအဖွဲ့ဆိုတဲ့ တန်ခိုးရှင်တွေဟာ
မျှော်စင်ဖြူကြီးကနေ ထိန်းသိမ်းနေခဲ့တယ်။
ဒါပေမဲ့ ကမ္ဘာကြီးအပေါ်ကို လူတွေပြန်ဝင်စားဖို့အတွက်
အချိန်စက်ဘီးဆိုတဲ့ အရာကြီးက လည်ပတ်နေပြန်တယ်။
ဒီတော့ အခု ဇာတ်လမ်းစတင်ချိန်မတိုင်ခင် အနှစ် ၂၀ တုန်းက
ကမ္ဘာကြီးကို ပျက်စီးစေခဲ့တဲ့ ဒရက်ဂွန် ပြန်လည်မွေးဖွားလာပြီဆိုပြီး
ဟောကိန်းတွေ ထွက်လာခဲ့တာပေါ့။
ဒရက်ဂွန်ဟာ ယောကျာ်းလား မိန်းမလား ဘယ်သူလဲဆိုတာ မသိကြပါဘူး။
ဟောကိန်းအရတော့ ကမ္ဘာကြီးကိုပျက်စီးစေခဲ့တဲ့
ဒရက်ဂွန်ကပဲ ကမ္ဘာကြီးကို ပြန်ကယ်တင်မယ်တဲ့။
ဒီတော့ အဲဒီဒရက်ဂွန်ကို အိုက်စီဒိုင်းအဖွဲ့ကရော
အမှောင်သခင်ရဲ့ အဖွဲ့ကရောပါ လိုက်ရှာကြတဲ့အခါ…
ရှုပ်ထွေးတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။
Wheel of Time ထဲက အိုက်စီဒိုင်း မှော်ဆရာမတွေဟာ အရောင်တွေ ခွဲထားကြတာ သတိထားမိမှာပါ။ စီးရီးကို ကြည့်ရတာ ပိုလွယ်ကူစေဖို့ အရောင်တွေရဲ့ တာဝန်တွေကို ဖော်ပြပေးလိုက်ပါတယ်။Red Ajah (အနီရောင် အာဂျာ့)သူတို့တွေကတော့ ဖိုက်တာတွေပါပဲ။ အတုမဲ့စွမ်းအားကို အသုံးပြုတဲ့ ယောကျာ်းတွေကို လိုက်ရှင်းတယ်။ မျှော်စင်ဖြူနဲ့မပူးပေါင်းဘဲ သီးသန့်စွမ်းအားကို အသုံးပြုတဲ့မိန်းမတွေကိုပါ လိုက်ရှာတာပါ။ သူတို့က အိုက်စီဒိုင်းတွေထဲမှာ အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး စောင့်ကြပ်သူနဲ့လည်း ဆက်နွယ်မှုမလုပ်ပါဘူး။ ခေါင်းဆောင်ဟာ အမြင့်ဆုံးဆိုတဲ့ ရာထူးကို ယူပါတယ်။Green Ajah ( အစိမ်းရောင် အာဂျာ့)သူတို့ကတော့ အမှောင်သခင်နဲ့ ဒရက်ဂွန်တို့ရဲ့ နောက်ဆုံးတိုက်ပွဲအတွက် အသင့်ပြင်ထားကြတဲ့ တပ်ဖွဲ့ပါပဲ။ ဒုတိယအင်အားအကြီးဆုံးလို့ ပြောနိုင်ပါတယ်။ စောင့်ကြပ်သူတွေလည်း လိုချင်သလောက် ယူနိုင်ပါတယ်။ ခေါင်းဆောင်ဟာ ဗိုလ်ချုပ်ရာထူးကို ယူပါတယ်။Gray Ajah (မီးခိုးရောင် အာဂျာ့)သူတို့က နိုင်ငံရေးနဲ့သံတမန်ရေးတွေကို တာဝန်ယူပါတယ်။ တတိယအင်အားအကြီးဆုံး အဖွဲ့ပါ။ ခေါင်းဆောင်ကတော့ Head Clerk ဆိုတဲ့ ဝန်ကြီးနေရာကို ရပါတယ်။Brown Ajah (အညိုရောင် အာဂျာ့)သူတို့ကတော့ အသိပညာနဲ့ဗဟုသုတတွေ ရှာဖွေထိန်းသိမ်းသူတွေပါ။ စတုတ္ထအကြီးဆုံးအဖွဲ့ဖြစ်ပြီး အုပ်ချုပ်သူကောင်စီအောက်ကနေ အလုပ်လုပ်ပါတယ်။ ခေါင်းဆောင်ကတော့ First Chair ဆိုတဲ့ ဘွဲ့ကိုရပါတယ်။Yellow Ajah (အဝါရောင် အာဂျာ့ )သူတို့တွေက ကုသသူတွေပါ။ ပဉ္စမအကြီးဆုံး အဖွဲ့ဖြစ်ပြီးခေါင်းဆောင်က First Weaver (ရက်လုပ်သူ) ဆိုတဲ့ ဘွဲ့ကိုရပါတယ်။Blue Ajah (အပြာရောင် အာဂျာ့)မမ မိုရိန်းရဲ့အရောင်ပေါ့။ မှန်ကန်မှုနဲ့ တရားမျှတမှုကို ထိန်းသိမ်းသူတွေပါ။ ဆဌမအင်အားအကြီးဆုံးအဖွဲ့ဖြစ်ပေမဲ့ သတင်းကွန်ရက်အကြီးဆုံးလူတွေလည်းဖြစ်ပါတယ်။ ခေါင်းဆောင်က First Selecter (ရွေးချယ်သူ)
ဘွဲ့ကို ရပါတယ်။White Ajah (အဖြူရောင် အာဂျာ့)သူတို့ကတော့ ယုတ္တိ နဲ့ ဒဿနိက သမားတွေပေါ့။ အသေးဆုံးအဖွဲ့ပါပဲ။ ခေါင်းဆောင်က First Reasoner (ကျိုးကြောင်းဆင်ခြင်သူ) ဘွဲ့ကို ရပါတယ်။ သူတို့တွေက ထောက်လှမ်းရေးကွန်ယက်မရှိသလို စောင့်ကြပ်သူတွေနဲ့လည်း ပတ်သတ်တာ ရှားပါတယ်။Black Ajah (အနက်ရောင်အာဂျာ့)သူတို့တွေကတော့ အခြားအာဂျာ့တွေအားလုံးထဲမှာ ဟန်ဆောင်ပြီးနေတဲ့ အမှောင်သခင်ရဲ့ ဘက်တော်သားတွေပါပဲ။ သစ္စာ ၃ ချက်ကို မစောင့်ထိန်းသလို။ ဘယ်သူက ဘာလဲဆိုတာ မသိရပါဘူး။
All the Places (2023)
⭐IMDB: 5.6/10 (232 Votes)
🎬 #Adventure #Comedy #Drama
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Mexico
⏰ 1 နာရီ 38 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All the Places (2023)===============
ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထားတယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီးရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ်ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရနိုင်တာမဟုတ်လား။
ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ်ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှုခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေးဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂)ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။
ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေအချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေအတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင်မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)
ရွှေဒင်္ဂါးကိုထွေခင်းကစားမယ်
⭐N/A
🎬 #romance #comedy #cinema
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 49 မိနစ် 32 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
မြယမင်း ရဲ့အချစ်ကိုဟာသဆန်ဆန်နည်းမျိုးစုံကြိုးစားနေတဲ့ ရွှန်းတောက်…ရွှန်းတောက် ရဲ့အချစ်ကိုဟာသဆန်မှု တွေနဲ့လက်ခံသွားမယ့် မြယမင်း…တစ်ရွာလုံးကိုငွေကြေးနဲ့လွှမ်းမိုးထားတဲ့ စိန်အုပ်…အသည်းကွဲသမားလူပျိုကြီး ဦးပိုလျှံ ရဲ့ကောင်းမှုကြောင့်တစ်ရွာလုံး ထိုင်း ထီထိုးခဲ့ပြီးနောက်မှာတော့ ဦးပိုလျှံ ရဲ့ထီပေါက်နေခဲ့ပေမယ့်
ကံမကောင်းမှုကြောင့် ဦးပိုလျှံ ဆုံးပါးသွားပြီးနောက်ထီဆုကိုပိုင်ဆိုင်ဖို့အတွက် ရွှန်းတောက် နဲ့အတူတစ်ရွာလုံး ဘယ်လိုဝက်ဝက်ကွဲအောင်ကြိုးစားသွားမလဲဆိုတာ… ရွှေဒဂါးကိုထွေခင်းကစားမယ့်သူကဘယ်သူတွေဖြစ်သွားကြမလဲဆိုတာ…
သရုပ်ဆောင်
နေတိုး၊ ကျော်ကျော်၊ အိချောပို
ဒါရိုက်တာ
ညီညီထွန်းလွင်
ထုတ်လုပ်ရေး
လူစွမ်းကောင်း
ပါဏာတိပါတာ
⭐N/A
🎬 #crime #drama
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 31 မိနစ် 08 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဘဟိန်း မှာပညာမတတ်ပေမယ့် မိသားစုကိုရိုးရိုးသားလုပ်ကျွေးနေပေမယ့် ဘဟိန်း ရဲ့အကျင့်မှာရပ်ကွက်ထဲကိစ္စများကိုနေရာတကာဝင်ပါမိတာကြောင့် ဇနီးဖြစ်သူ ခိုင်ခိုင်ကြည် မှာဆုံးပါးခဲ့ရတော့_x000D_
သမီးဖြစ်သူ နှင်းစက် မှာဖခင်ဖြစ်သူ ဘဟိန်း ကိုစက်ချုပ်သမဘဝနဲ့လုပ်ကိုင်ကျွေးမွေးပြီး မောင်နှစ်ယောက်ကိုစောင့်ရှောက်ပြီး မထင်မှတ်ဘဲ သာယာအေးချမ်းနေတဲ့ နှင်းစက် ဘဝထဲကို ရဲရင့် နဲ့_x000D_
ပတ်သတ်မိရာကအစပြုပြီး ကံကြမ္မာဆိုးတစ်ခုကဝင်ရောက်ခဲ့တော့ ဘဟိန်း မှာဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ .... ပါဏာတိပါတာ ဆိုတဲ့အဓိပ္ပါယ်ကိုကောဘယ်လိုပုံဖော်မလဲဆိုတာ...
သရုပ်ဆောင်
လူမင်း၊ ကျော်ကျော်၊ အိစိကွေး၊ ခိုင်သင်းကြည်၊ ယွန်းယွန်း
ဒါရိုက်တာ
လူမင်း
ထုတ်လုပ်ရေး
ဧဝရတ်
အော်ရယ်ဂျင်နယ်ဂိုဏ်းစတား (၂)
⭐N/A
🎬 #action #cinema
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 50 မိနစ် 05 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ကြေးစားလူမိုက်တွေဖြစ်ကြတဲ့ ငထူး နဲ့ ငရဲ တို့မှာ မိသားစုတွေကိုယ်စီရှိကြပေမယ့် လူမိုက်အလုပ်ကိုလုပ်ပြီးရှာဖွေကျွေးမွေးနေခဲ့ပေမယ့် လူမိုက်ခေါင်းဆောင်း
အောင်ကြီး နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာကအစပြုပြီး အောင်ကြီး မှာ ငထူး နဲ့ ငရဲ ကို ဦးမိုးကျော် ထံမှအဝယ်တောင်းခဲ့ပေမယ့် ဦးမိုးကျော် ငြင်းဆိုခဲ့တော့ အောင်ကြီး
တစ်ယောက် ဘာဆက်လုပ်မလဲ ... အပစ်မရှိတဲ့ ပန်းအိ ဆုံးပါးသွားတော့ ငထူး နဲ့ ငရဲ တို့ရဲ့ကလဲ့စားကဘယ်လောက်အတိုင်းအတာထိရှိသွားမလဲဆိုတာ ....
သရုပ်ဆောင်
မြင့်မြတ်၊ ယုန်လေး၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ ယုသန္တာတင်၊ ပန်းအိ
ဒါရိုက်တာ
ဂျိုး
ထုတ်လုပ်ရေး
Royal Hero
ရိုက်ကွင်းမှတ်တမ်း
⭐N/A
🎬 #romance #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 50 မိနစ် 24 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဒါရိုက်တာ မီးတောက် မှာလူငယ်ဒါရိုက်တာဆိုပေမယ့် ငွေမရှိတာကြောင့် Producer တွေရဲ့ငွေပေးမှုမှာနည်းနေပေမယ့် ဇာတ်ကားဖြစ်မြောက်ရေးအတွက် အဆင်ပြေအောင် ဇွတ်ကျားထားတဲ့ မင်းသား ပြေတိုး နဲ့
မင်းသမီး လွန့်လွန့်လူး ဆီမှာငွေယူကာ ဇာတ်ကားကိုအဆင်ပြေအောင်ရိုက်ကူးခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့ရိုက်ကူးထားတဲ့ အခွေမှာ မထင်မှတ်ဘဲပျောက်ဆုံးသွားတော့
ဒါရိုက်တာ မီးတောက် မှာနာမည်နဲ့လိုက်အောင် ခေါင်းမီးတောက်သွားတော့ မင်းသမီး လွန့်လွန့်လူး ကိုဘယ်လိုဖြေရှင်းမလဲ ... မင်းသား ပြေတိုး ကိုကော ဘယ်လိုဖြေရှင်းရမလဲ ... နောက်ဆုံး
Producer ကိုတော့ ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ .....
သရုပ်ဆောင်
မြင့်မြတ်၊ ခင်လှိုင်၊ ရွှေသမီး
ဒါရိုက်တာ
သားကြီး
ထုတ်လုပ်ရေး
Dragon
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ
⭐N/A
🎬 #action #crime #cinema
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 49 မိနစ် 02 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ယောကျာ်းဖြစ်သူ ကိုသံဟိတ် ရဲ့သူငယ်ချင်းနဲ့ တိတ်တခိုးဖောက်ပြန်နေတဲ့ ခင်ခင်စိန် တစ်ယောက် ယောကျာ်းဆုံးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
ကိုသံဟိတ် ကကောအမှန်တကယ်ပဲသေဆုံးသွားတာလား ...ဆိတ်ဖွား နဲ့ သံဟိတ် နှစ်ယောက်ဘယ်လိုပတ်သတ်မှုရှိနေမလဲ ...မြိုင်ရာဇာတာတေ ဆိုတာ
ဘယ်သူလဲ ... ကိုသံဟိတ် တစ်ယောက်ဖောက်ပြန်နေတဲ့ဇနီးဖြစ်သူ ခင်ခင်စိန် ကိုဘယ်လိုလက်စားချေသွားမလဲ ...
သရုပ်ဆောင်
ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ အေးမြတ်သူ၊ ဘေဘီမောင်
ဒါရိုက်တာ
ခင်စောမျိုး (အဖေ့ပညာ)
ထုတ်လုပ်ရေး
လပ်ကီးဆဲဗင်း
ရည်းစားလာဂါထာရွတ်တဲ့လိပ်ပြာ
⭐N/A
🎬 #romance #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 30 မိနစ် 32 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ကျော်ကျော်ဝင်းမြင့် မှာအိမ်သဘောတူထားပေမယ့်အချစ်စစ်ကိုလိုချင်တာကြောင့် ပင်လယ်ဖြူ ရဲ့အချစ်ကိုပိုင်ဆိုင်ရဖို့အတွက်မြားနတ်မယ်အဖြစ်ကူညီပေးတဲ့ မာမာ နဲ့ပေါင်းကာ ပင်လယ်ဖြူ ရဲ့အချစ်ကိုဟာသဆန်ဆန်လေး_x000D_
ဘယ်လိုတွေကြိုးစားသွားမလဲ ... အမှန်တကယ်ပဲ ပင်လယ်ဖြူ ရဲ့အချစ်ကိုပိုင်ဆိုင်ရပါ့မလား ... မြားနတ်မယ်အဖြစ်ကူညီနေတဲ့ မာမာ ရဲ့အချစ်ကဘယ်သူ့ဆီကိုရောက်သွားမလဲ ....
သရုပ်ဆောင်
ဇေရဲထက်၊ ပက်ထရစ်ရှာ
ဒါရိုက်တာ
ရာဇဝင်ကို
ထုတ်လုပ်ရေး
ရွှေစည်တော်
မွှေချက်ကတော့လွန်လွန်းတယ်
⭐N/A
🎬 #romance #cinema #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 55 မိနစ် 27 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
အရာရာကိုပတ်မွှေနေတဲ့ ရွှေတိုး တစ်ယောက်သူကြီးသမီး ဝတ်မှုံ ကိုချစ်ကြိုက်မိနေပေမယ့်သူကြီးကသဘောမတူတော့ ရွှေတိုး နဲ့
ဝတ်မှုံ တို့ရဲ့အချစ်ဇာတ်လမ်းဘယ်လိုရှိမလဲ...ရွှေတိုး ရဲ့အလွဲကြားထဲမှာသူကြီးရဲ့တူမဖြစ်သူအပျိုကြီး မိဝါ တစ်ယောက် ရွှေတိုး ရဲ့လှည့်ကွက်ကြားထဲမှာ
အောင်မင်းနိုင် နဲ့ဘယ်လိုဖြစ်ပြီးအိမ်ထောင်ကျသွားမလဲဆိုတာ...ရွှေတိုး ရဲ့မွှေချက်လွန်လွန်းသွားတာကြောင့် ဝတ်မှုံ နဲ့နီးစပ်နိုင်ပါ့မလားဆိုတာ...
သရုပ်ဆောင်
နေတိုး၊ သက်မွန်မြင့်
ဒါရိုက်တာ
ကျော်ဇောလင်း
ထုတ်လုပ်ရေး
အောင်တိုင်းကျော်
တံခါးလေးစေ့ထားရုံ
⭐N/A
🎬 #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 33 မိနစ် 38 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ရာစု မှာရည်းစားများပေမယ့် မေ နဲ့မထင်မှတ်ဘဲဆုံတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်ခဲ့ပေမယ့် ရာစု နဲ့ မေ မှာလိုတာထက်ပိုပြီးသံယောဇဉ်တွေဖြစ်ခဲ့ရတာကြောင့် သူငယ်ချင်းဆိုတဲ့စည်းခြားနေခဲ့တာကြောင့်_x000D_
တစ်ယောက်နဲ့တစ်ယောက်ချစ်ပေမယ့် ဖွင့်မပြောဘဲနေလာခဲ့ရင်း နှစ်ပေါင်းများစွာကြာလာခဲ့တော့ မေ ရဲ့ရည်မှန်းချက်အတိုင်း Fashion Designer တစ်ယောက်ဖြစ်ခဲ့သည့်တိုင် ရာစု နဲ့ မေ မှာချစ်သူတွေမဖြစ်ခဲ့ဘဲ_x000D_
နေလာခဲ့ရင်း တစ်နေ့ ရာစု မှ မေ ကိုချစ်ရေးဆိုလိုက်ချိန်မှာတော့ မေ ကပြန်ချစ်နိုင်ပါတော့မလား .... ဒါမှမဟုတ် မေ ကဘယ်သူနဲ့လက်ထပ်မလဲဆိုတာ .....
သရုပ်ဆောင်
အောင်ရဲလင်း၊ ပက်ထရစ်ရှာ
ဒါရိုက်တာ
အရုဏ်ဦး၊ပွင့်သိင်္ဂ ီဇော်
ထုတ်လုပ်ရေး
ရွှေတောင်ရတနာ
လှလေးစိန်ရဲ့လှလေးစိန်
⭐N/A
🎬 #romance #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 55 မိနစ် 15 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
လူတွေကိုခင်မင်ကူညီတတ်ပြီးစိတ်သဘောထားပြည့်ဝတဲ့ ဘုန်းကြီးကောျင်းသား လှလေးစိန် မှာ ဘွားလေးသက် ရဲ့အကူညီတောင်းခံမှုကြောင့် ဘွားလေးသက်ရဲ့ မြေးနှစ်ယောက်ကိုရှာပုံတော်ဖွင့်ဖို့_x000D_
ရန်ကုန်ကိုလာရင်း ငယ်သူငယ်ချင်း ခင်နှင်းဆီ နဲ့တွေ့ဆုံကာ မြေးနှစ်ယောက်ကိုတွေ့ရှိပြီးရွာကိုပြန်ခေါ်ခဲ့ရာ လှလေးစိန် ရဲ့လူတစ်ဖက်သားကိုကူညီတတ်တဲ့စိတ်ကြောင့် မထင်မှတ်ဘဲ_x000D_
ချစ်ရတဲ့ ခင်နှင်းဆီ နဲ့လွဲမှန်းမသိလွဲခဲ့ရာတော့ လှလေးစိန် တစ်ယောက် ခင်နှင်းဆီ ကိုလက်လွတ်ဆုံးရှုံးရမှာလား အဲဒီအလွဲကကောဘာလဲ ....
သရုပ်ဆောင်
မြင့်မြတ်၊ ရွှေသမီး
ဒါရိုက်တာ
ကိုကျော်ကိုကို
ထုတ်လုပ်ရေး
Dragon
အရွယ်သုံးပါးချစ်တတ်သည် (ယောက္ခမဆိုတာတစ်ခါတုန်းကသမက်ပါပဲ-၂) - (13.3.2020)
⭐N/A
🎬 #romance #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 37 မိနစ် 39 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
သီဟ နဲ့ ကူးကူး တို့မှာချစ်နေပေမယ့် ကူးကူး တစ်ယောက် သီဟ ကိုအဖြေမပေးသေးဘဲစဉ်းစားနေချိန်မှာဖခင်ဖြစ်သူ ချစ်ဦးမောင် ရဲ့လုပ်ရပ်ကြောင့် ကူးကူး တစ်ယောက်
သီဟ ကိုဘယ်လိုအဖြေပေးဖြစ်သွားမလဲဆိုတာ...ချစ်ဦးမောင် မှာအသက်ကြီးပေမေယ့်သူငယ်ချင်းတွေနဲ့ချောင်းသာခရီးစဉ်သွားချင်တာကြောင့်မိသားစုအပေါ်
ဟာသဆန်ဆန်ဘယ်လိုလှည့်ကွက်သုံးမလဲ...ချစ်ဦးမောင် နဲ့ ခင်မဒီ မှာအမှတ်မထင်တွေ့ဆုံရင်းဟာသဆန်ဆန်ဘယ်လိုချစ်စခန်းသွားကြမလဲဆိုတာ...
သရုပ်ဆောင်
ရန်အောင်၊ ကျော်ရဲအောင်၊ ပြေတီဦး၊ ကျော်ကျော်၊ မို့မို့မြင့်အောင်၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည်
ဒါရိုက်တာ
မောင်မျိုးမင်း (ရင်တွင်းဖြစ်)
ထုတ်လုပ်ရေး
လက်ကီးဆဲဗင်း
နှင်းဆီမိုးတိမ်
⭐N/A
🎬 #drama #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 46 မိနစ် 38 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
"မိဘနှစ်ပါးရဲ့ကွာရှင်းမှုကြောင့်သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက် ကိုထက် နဲ့ ဖြိုးမင်းဖွေး...မိခင်နောက်ကိုလိုက်ပါခဲ့ရတဲ့ ဖြိုးမင်းဖွေး မှာပထွေးရဲ့ရန်က
လွတ်ပါ့မလား... ကိုထက် နဲ့ပြန်ဆုံခဲ့ရပြီး ဖြိုးမင်းဖွေး ရဲ့ဘဝဘယ်လိုပြောင်းလဲသွားမလဲ... မိခင်ကကော ကိုထက် ကိုသားဖြစ်အသိအမှတ်ပြုပါ့မလား...
မောင်နှမနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ..."
သရုပ်ဆောင်
ဒွေး၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ အိန္ဒြာကျော်ဇင်
ဒါရိုက်တာ
ဒွေး
ထုတ်လုပ်ရေး
ပေပါမွန်း
အရွယ်သုံးပါးချစ်တတ်သည် (ယောက္ခမဆိုတာတစ်ခါတုန်းကသမက်ပါပဲ-၂) - (13.3.2020)
⭐N/A
🎬 #romance #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 37 မိနစ် 39 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
သီဟ နဲ့ ကူးကူး တို့မှာချစ်နေပေမယ့် ကူးကူး တစ်ယောက် သီဟ ကိုအဖြေမပေးသေးဘဲစဉ်းစားနေချိန်မှာဖခင်ဖြစ်သူ ချစ်ဦးမောင် ရဲ့လုပ်ရပ်ကြောင့် ကူးကူး တစ်ယောက်
သီဟ ကိုဘယ်လိုအဖြေပေးဖြစ်သွားမလဲဆိုတာ...ချစ်ဦးမောင် မှာအသက်ကြီးပေမေယ့်သူငယ်ချင်းတွေနဲ့ချောင်းသာခရီးစဉ်သွားချင်တာကြောင့်မိသားစုအပေါ်
ဟာသဆန်ဆန်ဘယ်လိုလှည့်ကွက်သုံးမလဲ...ချစ်ဦးမောင် နဲ့ ခင်မဒီ မှာအမှတ်မထင်တွေ့ဆုံရင်းဟာသဆန်ဆန်ဘယ်လိုချစ်စခန်းသွားကြမလဲဆိုတာ...
သရုပ်ဆောင်
ရန်အောင်၊ ကျော်ရဲအောင်၊ ပြေတီဦး၊ ကျော်ကျော်၊ မို့မို့မြင့်အောင်၊ မေသဉ္ဇာဦး၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည်
ဒါရိုက်တာ
မောင်မျိုးမင်း (ရင်တွင်းဖြစ်)
ထုတ်လုပ်ရေး
လက်ကီးဆဲဗင်း
စပွန်ဆာ
⭐N/A
🎬 #drama
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 51 မိနစ် 55 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
မိဘတွေရဲ့အဆင်မပြေမှုတွေကြောင့်ညီနဲ့ညီမကိုအတွက်ဝမ်းရေးဖြေရှင်းပေးရမယ့် တိုးဝေ...ညီဖြစ်သူ မိုးဝေ ရဲ့မသိတတ်မှုတွေကြောင့်မိသားစုအတွက်စပွန်ဆာဆိုတဲ့လမ်းမှားကိုလျှောက်မှန်းမသိလျှောက်ခဲ့ရတဲ့ တိုးဝေ...ဖခင်ရဲ့နောင်တတရားတွေကိုပြန်လည်ပြုစုစောင့်ရှောက်ခွင့်ရခဲ့တဲ့ တိုးဝေ တို့မောင်နှမ...မိသားစုအတွက်ဘဝကိုပေးဆပ်ရင်စပွန်ဆာဆိုတဲ့းလမ်းမှားကိုလျှောက်ခဲ့မိတဲ့အတွက်ကံကြမ္မာရဲ့ရင်နာစရာပြစ်ဒဏ်ချမှတ်ခြင်းကိုရင်ဆိုင်ရမယ့် တိုးဝေ....
သရုပ်ဆောင်
နေတိုး၊ ရဲလေး၊ပိုင်ဖြိုးသု၊ မြတ်ကေသီအောင်
ဒါရိုက်တာ
အောင်ဇော်လင်း
ထုတ်လုပ်ရေး
နယူးဖိုးဝ
Young Flesh Slave (1985)
⭐IMDB: 6.8/10 (31 Votes)
🎬 #Adult #Drama #Romance #Thriller
🗓️ 1985 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 07 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မပွင့်လင်းတာက မိန်းကလေးတွေရဲ့ပြယုဒ်တစ်ခုလားမိန်းကလေးတွေအတွက် အချစ်ဆိုတာ ထွက်ပေါက်တစ်ခုလားသူ့တို့အတွက် အချစ်ဆိုတာရောရှိလား ခံရောခံစားဖူးလားဒီဇာတ်ကားလေးကိုကြည့်ကြည့်ပါ ပြည့်စုံပေမဲ့ မပြည့်စုံတဲ့လှပချောမောတဲ့ သူဌေးသမီးလေး
သူအဖေရဲ့ဆန္ဒတစ်ခုကြောင့် ကောင်လေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်တယ် ပြီးတော့ သူဝါသနာပါတဲ့ ပန်ချီဆွဲတဲ့အလုပ်ထဲနှစ်ထားပြီးနာမည်ကြီးတဲ့တစ်နေ့မှ လက်ထပ်မယ်ဆိုပြီး အချိန်ဆွဲထားလိုက်တယ်သူ့မှာလည်းသူ့ခံစားချက်နဲ့သူလေသူကမွေးစားသမီး သူဌေးမှာက သမီးရင်းတစ်ယောက်ရှိနေတာသူ့ကိုယ်သူ သိမ်ငယ်နေတယ်လေသူက အိမ်ကြီးတစ်လုံးထဲမှာတစ်ယောက်တည်းနေပြီး အစေခံ တစ်ယောက်လည်းရှိပါတယ်
တစ်နေ့ ညီမဖြစ်သူက အစေခံကောင်လေးကို တီးတိုးကပ်ပြီးအကူညီတောင်းပါတယ်ဇာတ်လမ်းလေးက အချစ်ရဲ့သဘောသဘာဝ တွေကို ဖေါ်ကြူးထားပြီးလူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို သူမငြင်းနိုင်ဘူးဆိုတာကိုခဏခဏပြထားတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
A Sunday Affair (2023)
⭐IMDB: 4.6/10 (149 Votes)
🎬 #Drama #Romance
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #Nigeria
⏰ 1 နာရီ 37 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Sunday Affair (2023)=================Romance, Drama
Netflix ကရိုက်တဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းတွေမဟုတ်ပဲ 30 ကျော် လူ 3 ယောက်ရဲ့ လူကြီးဆန်ဆန် တစ်ယောက်နဲ့တစ်ယောက် Play ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။အူချေးနဲ့ တိုရင်းဟာ ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့
သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ် ။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင်စီးပွားရေးကိုယ်စီနဲ့ရပ်တည်နေနိုင်တဲ့ strong woman တွေပါပေါ့။သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ဆန်းဒေးဆိုတဲ့ player တစ်ယောက်ရောက်လာပြီး သူငယ်ချင်းနှစ်ယောက်လုံးကို အပျော်အဖြစ် ပြိုင်တွဲရင်းနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကို တကယ်ချစ်မိသွားလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)
A Sunday Affair (2023)
⭐IMDB: 4.6/10 (149 Votes)
🎬 #Drama #Romance
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Nigeria
⏰ 1 နာရီ 37 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Sunday Affair (2023)=================Romance, Drama
Netflix ကရိုက်တဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ။ ဆယ်ကျော်သက်အရွယ်အချစ်ဇာတ်လမ်းတွေမဟုတ်ပဲ 30 ကျော် လူ 3 ယောက်ရဲ့ လူကြီးဆန်ဆန် တစ်ယောက်နဲ့တစ်ယောက် Play ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။အူချေးနဲ့ တိုရင်းဟာ ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့
သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ် ။ နှစ်ယောက်လုံးဟာ ကိုယ်ပိုင်စီးပွားရေးကိုယ်စီနဲ့ရပ်တည်နေနိုင်တဲ့ strong woman တွေပါပေါ့။သူတို့နှစ်ယောက်ရဲ့ ဘ၀ထဲကို ဆန်းဒေးဆိုတဲ့ player တစ်ယောက်ရောက်လာပြီး သူငယ်ချင်းနှစ်ယောက်လုံးကို အပျော်အဖြစ် ပြိုင်တွဲရင်းနဲ့ နောက်ဆုံးမှာတော့ ဘယ်သူ့ကို တကယ်ချစ်မိသွားလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)
Nikita (1990)
⭐IMDB: 7.3/10 (73 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 1990 🎞️ Movie 📺 720p HD
🌎 #France #Italy
⏰ 1 နာရီ 58 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
La Femme Nikita (1990)
~ IMDb – 7.3/10, RT – 89%, Meta – 56% ~
ဒီတစ်ခါကတော့ အက်ရှင်ကားကောင်းကောင်းတွေကြည့်ချင်နေတဲ့ ညီအစ်ကိုတို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆုပေါင်းများစွာပိုင်ဆိုင်ထားတဲ့အပြင် Critics Rating တွေလည်း ကောင်း၊ Series ပါပြန်ရိုက်ရလောက်အောင် အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။
ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ဆရာတစ်ဆူလို့ပြောလို့ရတဲ့ ဆရာသမားရဲ့ကားဆိုတော့ တကယ့်ကို အက်ရှင်ဇာတ်ကြမ်းအလန်းကားကြီးပေါ့။
သာမန်အပေအတေဘဝကနေ ထောင်ထဲပို့ခံရပေမယ့် ထောင်ထဲမရောက်ပဲ အေးဂျင့်အဖြစ် သင်တန်းပေးခံရတဲ့ နီကီတာ တစ်ယောက် အေးဂျင့်ဖြစ်ပြီးနောက်ပိုင်း မစ်ရှင်တွေကို ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ… တစ်ဖက်မှာလည်း သူ့ဘဝလောက်ချစ်ရတဲ့သူကိုတွေ့ပေမဲ့ သူ့ရဲ့အလုပ်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာရော ဘယ်လိုအခက်အခဲတွေတွေ့ခဲ့ရလဲဆိုတာကို အက်ရှင်ရိုမန့်အကြမ်းအလန်းတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
Nikita (1990)
⭐IMDB: 7.3/10 (73 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 1990 🎞️ Movie 📺 1080p FHD
🌎 #France #Italy
⏰ 1 နာရီ 58 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
La Femme Nikita (1990)
~ IMDb – 7.3/10, RT – 89%, Meta – 56% ~
ဒီတစ်ခါကတော့ အက်ရှင်ကားကောင်းကောင်းတွေကြည့်ချင်နေတဲ့ ညီအစ်ကိုတို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆုပေါင်းများစွာပိုင်ဆိုင်ထားတဲ့အပြင် Critics Rating တွေလည်း ကောင်း၊ Series ပါပြန်ရိုက်ရလောက်အောင် အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။
ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ဆရာတစ်ဆူလို့ပြောလို့ရတဲ့ ဆရာသမားရဲ့ကားဆိုတော့ တကယ့်ကို အက်ရှင်ဇာတ်ကြမ်းအလန်းကားကြီးပေါ့။
သာမန်အပေအတေဘဝကနေ ထောင်ထဲပို့ခံရပေမယ့် ထောင်ထဲမရောက်ပဲ အေးဂျင့်အဖြစ် သင်တန်းပေးခံရတဲ့ နီကီတာ တစ်ယောက် အေးဂျင့်ဖြစ်ပြီးနောက်ပိုင်း မစ်ရှင်တွေကို ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ… တစ်ဖက်မှာလည်း သူ့ဘဝလောက်ချစ်ရတဲ့သူကိုတွေ့ပေမဲ့ သူ့ရဲ့အလုပ်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာရော ဘယ်လိုအခက်အခဲတွေတွေ့ခဲ့ရလဲဆိုတာကို အက်ရှင်ရိုမန့်အကြမ်းအလန်းတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
