es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Canal cerrado

🚩 Channel was restricted by Telegram

Mostrar más
Sin datos
Suscriptores
-524 horas
-47 días
+730 días
Archivo de publicaciones
Snake Skin Beauty (2024) ⭐TMDB: 0% User Score 🎬 #Fantasy #Horror #Mystery #Thriller #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 23 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တောနက်ကြီးထဲမှာအလောင်းကောင်တွေကိုစားသုံးနေတဲ့မြွေကြီးတစ်ကောင်ရှိနေခဲ့တယ်။ မိန်းမလှလေးအဖြစ်အယောင်ဆောင်ထားတဲ့မြွေကြီးလှည့်ဖျားမှုအောက်မှာ အလောင်းပြင်ဆရာတစ်ယောက်ဟာအလောင်းတစ်ခုရဲ့ခေါင်းနဲ့ကိုယ်ကိုတွဲချုပ်ပေးလိုက်ခဲ့မိတယ်။ အဲဒီအချိန်ကစပြီးတော့ အလောင်းပြင်ဆရာတို့လင်မယားရဲ့အေးချမ်းတဲ့ဘဝဟာလှုပ်ခတ်လာခဲ့တယ်။ မြွေမလေးဟာ မျက်နှာလှလှလေးရဲ့နောက်ကွယ်မှာလူတွေကိုစားသုံးနေရင်း အလောင်းပြင်ဆရာရဲ့မိန်းမနေရာမှာအစားနိုင်ဖို့ကြိုးစားလာတဲ့အခါ……မြွေမလေးရဲ့ညှို့ကွက်အောက်ကလွတ်နိုင်ပါ့မလား
...

Silver Haze (2023) ⭐IMDB: 6.3/10 (532 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Netherlands #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်ဒရာမာကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် လိင်တူမိန်းကလေးအချစ် မိသားစုအချစ် အငြိုးအတေး နာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု ခံစားချက်ရသပေါင်းများစွာကို များစွာကိုပေးစွမ်းနိုင်မဲ့ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Silver Haze ဖြစ်ပြီး IMDb Rating 6.6 ရရှိထားတဲ့အတွက် လိုက်ပါစီးမြောပြီးကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဖရန်ကီလို့ခေါ်တဲ့ ကောင်မလေးကညီအစ်မတွေနဲ့အတူတူ အမေဖြစ်သူရဲ့အိမ်မှာနေထိုင်နေတဲ့ သူနာပြုတစ်ယောက်ပဲ ဖြစ်ပါတယ်။အဖေဖြစ်သူမရှိတော့ဘဲ သမီးတွေနဲ့အမေပဲ ဘာလို့ကျန်ခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းက ဖရန်ကီ ငယ်စဉ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုနဲ့ သက်ဆိုင်နေခဲ့ ပါတယ်။ဖရန်ကီငယ်စဉ်က အရက်ဆိုင်တစ်ခုမီးလောင်နေတဲ့ အချိန်အထဲမှာ ပိတ်မိနေခဲ့ပြီးမီးလောင်ဒဏ်တွေအများအပြား ရခဲ့ကာကံကောင်းလို့ မသေဘဲလွတ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမီးကို သူ့အဖေနဲ့ဖောက်ပြန်နေခဲ့တဲ့ မိန်းမကရှို့ခဲ့တဲ့မီးလို့ ဖရန်ကီတို့ မိသားစုကယုံကြည်ထားခဲ့ပြီး သူ့အဖေကလည်း အဲ့ဒီမီးလောင်မှုအပြီးမှာ အဲ့ဒီမိန်းမနောက်ကိုလိုက်သွားပါတော့ တယ်။ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ဆိုးပေါင်းစုံကို ကြုံတွေ့ခဲ့ရတဲ့ ဖရန်ကီတစ်ယောက်ကြီးလာတဲ့အခါမှာလည်း အချစ်ရေးမှာကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် သူနဲ့ဆေးရုံမှာတွေ့ ခဲ့တဲ့ဖလောရန့်စ်ဆိုတဲ့ ကောင်မလေးနဲ့မှ အချစ်စစ်ကိုကြုံတွေ့ ရသလိုဖြစ်ခဲ့တဲ့ ဖရန်ကီအတွက် ရှေ့ဆက်ဘ၀လမ်းက ပန်းခင်းလမ်း ဖြစ်နေပါ့မလား သူ့အတွက်ဘယ်လိုအရာမျိုးတွေကရော စောင့်ကြိုနေဦးမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
...

The Recall (2017) ⭐IMDB: 4.1/10 (9 k Votes) 🎬 #Action #Horror #Mystery #ScienceFiction #SciFi #Thriller 🗓 2017 🎞 movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 31 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Mauro Borrelli ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fi ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Final Recall ဆိုတဲ့ ဇာတ်ကာလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Wesley Snipes , RJ Mitte နဲ့ မင်းသမီး Laura Bilgeri ,Hannah Rose May တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဒါရိုက်တာ Mauro Borrelli ကအကောင်းဆုံးဒါရိုက်တာ ဆုကိုရရှိထားပါတယ် ဇာတ်လမ်းအစမှာ ချာလီတို့ သူငယ်ချင်းငါးယောက် လူသူကင်းဝေးတဲ့ ရေကန်တစ်ခုဆီကို ပျော်ပွဲစားထွက်လာပုံနဲ့စတင်ထားပါတယ် အဲ့နောက်ခရီးထွက်လာရင်း သူငယ်ချင်းငါးယောက် ဂတ်စ်ဆိုင်မှာ ကားဂတ်စ်ဝင်ဖြည့်နေတုန်း ဘရန်ဒန်ဆိုတဲ့ တစ်ယောက်က အဲ့ဒေသကမုဆိုးတစ်ယောက်နဲ့ ပြဿနာဖြစ်ပါတယ် အဲ့ဒီနောက် ဆက်ပြီးခရီးဆက်လာကြရင်း သူတို့ထွက်လာတဲ့ ရေကန် လေးဆီကိုရောက်လာပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့အချိန်မှာ တစ်ကမ္ဘာလုံးကကောင်းကင်ယံမှာ ထူးဆန်းတဲ့ တိမ်တိုက်တွေဖြစ်ပေါ်လာပါတယ် တချို့ကလည်း ဒါကတခြားကမ္ဘာကဂြိုလ်သားတွေရောက်ရှိလာခြင်း ဖြစ်တယ်လို့ သုံးသပ်ကြသလို တချို့ကလည်း ဒါကမုန်တိုင်း တစ်ခုသာဖြစ်တယ်လို့ အငြင်းပွားနေကြပါတယ် အဲ့ဒီနောက် သူငယ်ချင်းငါးယောက် စခန်းချရာအိမ်ကိုရောက်ရောက်ချင်း ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်ပါတော့တယ် ချာလီ ဘရန်ဒန်နဲ့ အန်နာတို့ တောထဲကို လျှောက်ပတ်သွားရင်း မုဆိုးတစ်ဦးနေထိုင်တဲ့ သစ်သားအိမ်လေးထဲကို ရောက်ရှိ သွားပါတော့တယ် ထူးထူးဆန်းဆန်းအဲ့အိမ်က ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေမှာ လမ်းမှာ ဘရန်ဒန်နဲ့ ပြဿနာတက်ခဲ့တဲ့သူက အာကာသယာဉ်မှူးတစ်ဦးဖြစ်နေတာကို တွေ့ရှိလိုက်ရပါတယ် သူကရောဘာလို့မုဆိုးတစ်ယောက်ယောင်ဆောင်ထားတာလဲ… အာကာသယာဉ်မှူးအလုပ်ကနေ ဘာလို့နှုတ်ထွက်ခဲ့တာလဲ.. အများကအငြင်းပွားနေကြတဲ့ ထူးဆန်းတဲ့တိမ်တိုက်တွေကရော တကယ်ပဲမုန်တိုင်းလား ဒါမှမဟုတ် လူတချို့ပြောတဲ့ ဂြိုလ်သား တွေဖြစ်မလား ချာလီတို့သူငယ်ချင်းတစ်တွေကော ဘယ်လိုမျိုး ထူးဆန်းမှုတွေကို ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး… ဒီဇာတ်ကားက Action, Horror, Mystery, Sci-Fic & Thriller ဇာတ်ကားအမျိုးအစားကိုမှကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်
...

The Whistleblower (2010) ⭐TMDB: 67% User Score 🎬 #Biography #Crime #Drama #Thriller 🗓 2010 🎞 movie 🌎 #Canada #Germany ⏰ 1 နာရီ 52 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာ အမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာ Larysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး Rachel Weisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်း DynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေး စောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ အရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာ အဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာ ဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက် ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှု အဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီး ဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကို အံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကို နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်း ကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့ အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာ အခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီး မတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကို အမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
...

Lousy Carter (2023) ⭐IMDB: 5.8/10 (294 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 5.8/10 ရရှိထားတဲ့ Comedy အမျိုးအစား Lousy Carter ရုပ်ရှင်ဟာ ၂၀၂၄ မတ်လ ၂၉ ရက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Bob Byington က ရိုက်ကူးပေးထားပြီး David Krumholtz ၊ Martin Starr ၊ Olivia Thirlby ၊ Jocelyn Deboer အစရှိသဖြင့် သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ သက်လတ်ပိုင်းအမျိုးသားတစ်ဦးရဲ့အသက်ရှင်ဖို့နောက်ဆုံး ခြောက်လသာကျန်ရှိတော့တဲ့အချိန်ကို ဟာသနှောပြီး ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အင်္ဂလိပ်ရသစာပေပါမောက္ခတစ်ဦးဖြစ်တဲ့လောက်စီကာတာဟာ ဘဝရဲ့ဘယ်နယ်ပယ်မှာမှထူးချွန်အောင်လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘဲ နာမည်နဲ့လိုက်အောင် ဘဝမှာအသုံးမကျသူတစ်ဦး ဖြစ်နေခဲ့ပါတယ်။ ကျောင်းဆရာဘဝကိုငြီးငွေ့ဖွယ်ရာဖြတ်သန်း နေပြီး သူရဲ့အန်နီမေးရှင်းရုပ်ရှင်ကလည်း မအောင်မြင်တာကြောင့် အန်နီမေတာအဖြစ်လည်း မရပ်တည်နိုင်ခဲ့ပါဘူး။ မိခင်ကိုယ်တိုင်က အသုံးမကျသူလို့သတ်မှတ်ထားခဲ့သလို ဇနီးနဲ့လည်းအိမ်ထောင်ရေး အဆင်မပြေခဲ့ပါဘူး။ သူငယ်ချင်းရဲ့မိန်းမနဲ့ ဖောက်ပြန်ခဲ့သလို အသက်ငယ်တဲ့ကျောင်းသူလေးတစ်ယောက်ကိုပါကြိတ်ကြိုက် နေခဲ့တဲ့လောက်စီကာတာရဲ့ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက် နေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူ့မှာအသက်ရှင်ဖို့ခြောက်လသာ ကျန်ရှိတော့တာကိုသိရှိလိုက်ရပြီး သေဖို့နီးကပ်လာတာနဲ့အမျှ သူ့ဘဝက ဘာတွေပြောင်းလဲသွားဦးမှာလဲဆိုတာ ကြည့်ရှု့ခံစားရမှာပါ။ ရုပ်ရှင်ရဲ့ဇာတ်သိမ်းကတော့ မမျှော်လင့်ထားတဲ့ဇာတ်သိမ်းလို့ပဲဆိုရမှာဖြစ်ပါတယ်။
...

Manhunt (2024) ⭐TMDB: 70% User Score 🎬 #Drama #Crime 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 52 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manhunt (2024)  လွတ်မြောက်ခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး အေဗရာဟမ် လင်ကွန်း လုပ်ကြံသတ်ဖြတ်ခံရတာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး သမိုင်းအချိုးအကွေ့ကြီးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ လင်ကွန်း သမ္မတအဖြစ်အပ်နှင်းခံရပြီး မကြာခင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အခါ တရားခံအဖြစ် တစ်ထချ ယူဆရတဲ့ ပြဇာတ်သရုပ်ဆောင် ဂျွန်ဝိတ်ဘုသ်ကို သမ္မတကြီးလင်ကွန်း ယုံကြည်အားကိုးရတဲ့ အတွင်းရေးမှူး အက်ဒဝင် စတန်တွန်က ၁၂ ရက်တာ သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံ လိုက်လံစုံစမ်းပြီး ရှာပုံတော်ထွက်တဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ သမိုင်းပညာပေးအနေနဲ့ ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် လူဖြူ လူမဲခွဲခြားဆက်ဆံခံရတဲ့ခေတ်၊ ကျွန်စနစ်၊ သမ္မတ လင်ကွန်းယူဆောင်လာပေးတဲ့ လူမဲလွတ်လပ်ခွင့်၊ လင်ကွန်းသေဆုံးသွားတဲ့အခါ မျှော်လင့်ချက်ရောင်ခြည်လေး မှေးမှိန်လာမှု၊ တန်းတူညီမျှမှုရှိတဲ့ ခေတ်သစ်ကိုပြောင်းလဲဖော်ဆောင်လိုတာ၊ လူမဲတွေကို နှိပ်ကွပ်ထားတဲ့ ကျွန်စနစ်မဖျက်သိမ်းစေလိုတာ အစရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားပြိုင်မှု စတာတွေကို လုပ်ကြံသတ်ဖြတ်သူ တရားခံကို လိုက်လံဖမ်းဆီးနေတဲ့ဇာတ်အိမ်ကို အဓိကတည်ပြီး ရိုက်ကူးထားတာဖြစ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့အတွက် မျက်စိမနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။
...

Baghead (2023) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Germany #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းကို စဖွင့်ထားတာကတော့ နေစရာမရှိလို့ သူငယ်ချင်းနဲ့အကူအညီကို ရယူနေရတဲ့ အိုင်းရစ်စ် ဆိုတဲ့ အိမ်ခြေရာမဲ့ကောင်မလေးနဲ့ပါ… တစ်နေ့မှာတော့ သူ့အဖေ ဆုံးသွားလို့ အလောင်းကို အတည်ပြုပေးဖို့ဆိုပြီး အဆက်အသွယ်ရလာပါတယ်… နေစရာမရှိတဲ့အချိန်မှာ သူ့အဖေရဲ့ ပိုင်ဆိုင်မှုဆိုတာကို ကြည့်လိုက်တော့ အရက်ဆိုင်ဖွင့်ခဲ့တဲ့ ရှေးဟောင်း အဆောက်အဦကြီး ဖြစ်နေပါတော့တယ်… အဲဒါကြောင့် ဝမ်းသာအားရနဲ့ မကြာခင်မှာတင် သူ့အဖေရဲ့ အရက်ဆိုင်ဟောင်းမှာ စနေဖြစ်ခဲ့ပါတယ်။ သူမသိခဲ့တာက အမွေလွှဲပြောင်းစာချုပ်မှာ ဒီအဆောက်အအုံကို လက်လွှဲယူပါတယ်ဆိုပြီး လက်မှတ်ထိုးမိလိုက်တာနဲ့ ပြန်လှည့်လို့မရတဲ့ လမ်းကိုလျှောက်ပြီးသား ဖြစ်သွားပြီဆိုတာပါပဲ… အဲဒါရဲ့ အကြောင်းရင်းကတော့ အဆောက်အအုံကြီးအပြင် မြေအောက်ခန်းမှာ ရှိနေတဲ့ ကျိန်စာသင့် စုန်းမတစ်ကောင်ကိုပါ လက်လွှဲယူပြီးသား ဖြစ်နေလို့ပါပဲ… ဒီစုန်းမမှာ သေပြီးသားလူတွေကို ခဏတာ ပြန်ခေါ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်… အဲဒါကို တလွဲဆံပင်ကောင်း အသုံးချခဲ့တဲ့လူတွေကတော့ ဇာတ်သိမ်းမလှခဲ့ကြပါဘူး.. ဒါတွေကို တစ်ခုမှ မသိသေးတဲ့ အိုင်းရစ်စ်က ညဘက်ကြီး ဆိုင်ကို အသံမပေးဘာမပေး ဝင်လာပြီး ဒေါ်လာ ၄၀၀၀ အထိ ကမ်းလှမ်းကာ မြေအောက်ခန်းကမိန်းမနဲ့ တွေ့ချင်လို့ပါလို့ ပြောလာတဲ့ နေးလ် ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ တွေ့အပြီးမှာတော့ သူ့ဘဝကြီးက သိသိသာသာ စတင်ပြောင်းလဲဖို့ဖြစ်ပါတယ်… ချစ်ရတဲ့ ဆုံးပါးသွားသူတွေနဲ့ ပြန်တွေ့ဆုံပြီး စကားလက်ဆုံပြောဖို့ဆိုတာ လူတိုင်းအတွက် အင်မတန်ရခဲတဲ့ အခွင့်အရေးကောင်းတစ်ခုပေမဲ့ အဲဒီနောက်ကွယ်မှာ ဘာတွေကို ပေးဆပ်လိုက်ရမလဲဆိုတာတော့
...

Rebel (2024) ⭐IMDB: 7.4/10 (105 Votes) 🎬 #Bollywood #Reality #RealityTV 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rebel (2024)တမီလ်နာမည်ကျော်တေးရေးဆရာတဖြစ်လဲ အဆိုတော်၊သရုပ်ဆောင်နဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ဂျေဗွီပရာတ်ကတ်ရှ်ကူးမားရဲ့ရုပ်ရှင်ကားအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၀ဝန်းကျင်က မူနာမှာ ကောလိပ်ကျောင်းတက်နေတဲ့တော်လှန်ကျောင်းသားတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့ အိန္ဒိယပြည်ဟာ ဘာသာစကားပေါ်မူတည်ပြီးပြည်နယ်တွေပိုင်းခြားခံခဲ့ရတယ်။အင်္ဂလိပ်တွေအုပ်စိုးစဉ်ကာလမှာ တမီလ်လူမျိုးတွေကအမြတ်ကြီးထုတ်ဂုတ်သွေးစုပ်ကြတဲ့ ကုမ္ပဏီတွေရဲ့လက်ဖက်စိုက်ခင်းတွေမှာမငတ်ရုံတမယ်စားသောက်ဖို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရတယ်။ ဒီလို ပင်ပန်းဆင်းရဲကြီးစွာနဲ့ လုပ်ကိုင်ရတဲ့လူမျိုးတွေက လူငယ်တွေမှာလည်းကောလိပ်ဆက်တက်ဖို့လျောက်ရင် တစ်နှစ်မှ နှစ်ယောက် သုံးယောက်ပဲ တက်ခွင့်ရကြတယ်။တက်ခွင့်ရလို့တက်တဲ့အခါမှာလည်း လူမျိုးစွဲ ဝါဒစွဲတွေနဲ့နှိမ်ချဆက်ဆံခံကြတာကို မခံနိုင်တဲ့ဆုံးမှာပြန်လည်တွန်းလှန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်အကြောင်းကိုတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

The Tearsmith (2024) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Drama #Fantasy #Romance 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 45 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိ ထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့ The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi က ရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့ Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီး Gen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက် နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီး ဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာ အရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့ အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲ လိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝ ရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက် ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်က သူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကို သိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။
...

The New Dragon Inn (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက် cmကတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ရှုပ်ထွေးတဲ့လောကကြီးမှာထွက်ပြေးနေရတဲ့ သစ္စာရှိအမတ်သမီးချိုးမော့ယန်နဲ့ သူ့လက်ထဲကမင်ခေတ်ပင်လယ်ကာကွယ်ရေးလျှို့ဝှက်မြေပုံအကြောင်းပါ လုံမန်တည်းခိုဆောင်ပိုင်ရှင် ကျင်းရှန်းယွိနဲ့ သိုင်းလောကသူရဲကောင်းလေးကျိုးဟွိုင်အန်းတို့က ပူးပေါင်းပြီးတော့ လျှို့ဝှက်အင်အားကြီးတဲ့ပင်လယ်ဓားပြကြိုးကိုင်သူကို ရင်ဆိုင်ခဲ့ကြပြီး လာရောက်ဖမ်းဆီးတဲ့သုန်းချန်နဲ့ သိုင်းလောကလုယက်မှုတွေဖြစ်ခဲ့ကြတယ် အဘက်ဘက်အားအင်တွေက လုံမန်တည်းခိုဆောင်သင်္ဘောပေါ်မှာတိုက်ခိုက်နေကြကာ ဒီလိုအန္တရာယ်တွေကြားထဲမှာကျင်းရှန်းယွိနဲ့ကျိုးဟွိုင်အန်းတို့ ဘယ်လိုအတူတိုက်ခိုက်ကြမလဲသူတို့အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားပေးပါ
...

Heaven and Earth Are Righteous (2024) ⭐TMDB: 0% User Score 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 13 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နတ်တွေသရဲတွေက သူရဲကောင်းကိုမတားကြဘူး၊ တောင်တန်းပေါ်ကနေရာတိုင်းမှာသစ္စာရှိအရိုးတွေ မြှုပ်ထားတယ်တဲ့။ ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်လေးက၁၉၃၉ ခုနှစ်က ခေတ်ပြောင်းလဲချိန်ကို အခြေခံ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ အခေါင်းသယ်သူ စုန့်ကျုံးယိကို မုဆိုးမယန်ထောင်ကအခေါင်းသယ်ပေးဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ ဆုံးပါးသွားတဲ့ခင်ပွန်းရဲ့ အခေါင်းကို လဲ့ရှန်းတောင် အန်းဂူမြို့မှာ မြှုပ်နှံသင်္ဂြိုလ်ဖို့တဲ့။ဒါပေမဲ့ အဲ့ဒါဟာ လိမ်နေကြောင်း စုန့်ကျုံးယိက သိတဲ့အတွက် ငြင်းခဲ့ပါတယ်။အဲ့ဒီအခါ ယန့်ထောင်တစ်ယောက် အခေါင်းကိုဂိတ်ဖြတ်ခွင့်ပေးဖို့ ဝမ့်ဖူရွာက ဌာနမှူးကျန်းကို ခွင်းတောင်းရပါတယ်။ ယန်ထောင်တစ်ယောက် ဂိတ်ဖြတ်ခွင့်တောင်းတဲ့ ညမှာပဲ ဌာနမှူးကျန်းရဲ့အကောက်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စုန့်ကျုံးယိဆီကိုရောက်လာတဲ့ အခေါင်း ၂ခေါင်း ဖြစ်သွားပါတယ်။ အဲ့လို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာပဲ ဌာနမှူးကျန်းတို့အိမ်မှာ နိမိတ်ဆိုးတွေ စပြလာပါတော့တယ်။ လည်ပင်းမှာ အခေါင်းကွင်းလို့ခေါ်တဲ့ ယားနာဖုလို အဝိုင်းကြီးပေါ်လာတဲ့အခါ……သေသွားတဲ့ မိန်းကလေးယန်ထောင်ရဲ့ မျက်နှာမူရာအရပ်အတိုင်း သွားရှာလိုက်တဲ့အခါ……စုန့်ကျုံးယိတစ်ယောက် ဘယ်လို လျှို့ဝှက်ချက်တွေကိုရှာဖွေတွေရှိသွားမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

DarkGame (2024) ⭐IMDB: 5.4/10 (672 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 42 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ စုံထောက်အမှုလိုက် ဇာတ်ကားမျိုးဖြစ်ပြီး အသက်နဲ့ရင်းပြီးကစားရတဲ့ ကစားပွဲတစ်ခုကို စုံစမ်းထောက်လှမ်းရတဲ့ကားပါ။ ဒီကစားပွဲမှာဆိုရင် လူတွေကို ပြန်ပေးဆွဲပြီးဂိမ်းတွေ ကစားခိုင်းတယ်… ရှုံးတဲ့သူကို နည်းမျိုးစုံနဲ့ အဆုံးစီရင်ခိုင်းတယ်ပေါ့.။ ဒါ့အပြင် ဒီကစားပွဲစဥ်တွေကို dark webကနေတစ်ဆင့် လူတကာကြည့်နိုင် လောင်းကြေးထပ်နိုင်အောင်ပါ စီစဥ်ထားတာပါ….။ Gameshow တစ်ခုနဲ့ ရာဇဝတ်မှုမျိုးစုံကို ရဲတွေမျက်စိ ရှေ့အောက်တင်ကို ပေါ်တင်ကျူးလွန်နေကြတာပါ…။ ရဲတွေဘက်က ဒီရာဇဝတ်သားတွေကို ဘယ်လိုခြေရာ ခံနိုင်မလဲ၊ တကယ်တမ်းရောဖမ်းဆီးနိုင်မလား… ဒီကစားပွဲစဥ်တွေမှာရော အသက်ကိုရင်းရတဲ့ ဘယ်လိုစိတ်ဝင်စားစရာကစားနည်းတွေပါမလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ
...

Northern Comfort (2023) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Iceland #UnitedKingdom #Germany #France ⏰ 1 နာရီ 33 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ လေယာဉ်စီးရမှာကို အလွန်ကြောက်ရွံ့တဲ့ဆာရာတစ်ယောက် တစ်နေ့မှာ သူမရဲ့ချစ်သူ မိသားစုနဲ့ခရီးသွားဖို့ ဖြစ်လာပါတော့တယ်။ မိမိလေယာဉ်စီးရတာကို အလွန်ကြောက်တတ်မှန်းမသိစေချင်တဲ့ဆာရာဟာ ချစ်သူမသိအောင် လေယာဉ်စီးမကြောက်တတ်အောင်‌ လေ့ကျင့်ပေးတဲ့အတန်းကိုသွားတတ်ပါတော့တယ်။ ခရီးစဉ်မတိုင်ခင် သင်တန်းနှင့်အတူ လေယာဉ်ကိုစမ်းသပ်စီးနင်းပြီး အကြောက်တရားကို ကျော်ဖြတ်ဖို့ကြိုးစားကာ ချစ်သူနဲ့အတူခရီးထွက်ဖို့ စီစဉ်ထားရာမှ ရုတ်တရတ် သင်တန်းအချိန်စာရင်း အပြောင်းအလဲဖြစ်သွားသောအခါ ဆာရာတစ်ယောက် ချစ်သူနဲ့အတူခရီးသွားနိုင်ပါ့မလား သင်တန်းနဲ့အတူ စမ်းသပ်စီးနင်းသော လေယာဉ်ခရီးစဉ်ကရော အဆင်ပြေချောမွေ့ပါ့မလား လေယာဉ်စီးရတာကြောက်သူတွေစုပြီး ဘယ်လို‌‌တွေပြဿနာဖြစ်လာမလဲ စသည်တို့ကို ဟာသနှောကာပေါ့ပေါ့ပါးပါးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
...

Copenhagen (2014) ⭐IMDB: 7.0/10 (14 k Votes) 🎬 #Adventure #Drama #Romance 🗓 2014 🎞 movie 🌎 #Canada #UnitedStates #Denmark #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဝီလျံဖို့ဒ်ဆိုတဲ့ အမေရိကန်လူငယ်လေးဟာ သူ့သူငယ်ချင်းအတွဲတစ်တွဲနဲ့အတူဥရောပကိုခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်ရဲ့ရည်ရွယ်ချက်က သူ့ဖခင်ဆုံးသွားတဲ့နောက် ပစ္စည်းအဟောင်းလေးတွေကိုလှန်လှောရင်းရှာတွေ့ခဲ့တဲ့ စာလေးတစ်စောင်ကြောင့်ပဲ။ လိပ်စာ၊ရည်ညွှန်းချက်အပြည့်အစုံပါပေမယ့် သူ့အဖေမပို့ဖြစ်ခဲ့တဲ့စာလေးကို သူ့အလှည့်မှာရောက်အောင်ပို့မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲ့ဒီလိုဆုံးဖြတ်မိတာ ဘာကြောင့်လဲ သူကိုယ်တိုင်ရေရေရာရာမသိဘူး။ဖခင်ဖြစ်သူအပေါ်လည်း အဲ့ဒီလောက်လေးလေးနက်နက်ခံစားချက်ရှိတဲ့သူမဟုတ်ဘူး။ သူ့စရိုက်ဟာ ညစ်ကျယ်ကျယ်ခပ်ရိုင်းရိုင်းဖြစ်တယ်။ အဲ့ဒီစရိုက်ကြောင့်ပဲ အတူခရီးသွားဖော် သူငယ်ချင်းအတွဲနဲ့ရန်ဖြစ်ပြီးလူချင်းကွဲသွားသလို အဲ့ဒီစရိုက်ကြောင့်ပဲ မြို့ခံမိန်းမငယ်လေး အက်ဖီနဲ့ ဘုဘောက်ကျပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်။ကိုပင်ဟေဂင်ဟာ သာမန်ဥရောပမြို့တစ်မြို့မဟုတ်ပဲ ဒင်နီယယ့် ဖခင်ရဲ့မွေးရပ်မြေဖြစ်ပါတယ်။ ဒင်နီယယ်ရဲ့ ဘာသာစကားအခက်အခဲကိုသိသွားတဲ့ အက်ဖီဟာ ဒင်နီယယ်သွားလိုတဲ့အရပ်ကို ကူညီစုံစမ်းရင်းနဲ့ ခရီးတိုလေးတစ်ခုကို စတင်မိခဲ့ကြပါတယ်။ အဲ့ဒီခရီးတိုလေးဟာ သူတို့နှစ်ဦးအတွက် တစ်သက်မမေ့နိုင်စရာ အဓိပ္ပါယ်တွေအများကြီးဆောင်ယူလာခဲ့မယ့် ခရီးလေးတစ်ခုဖြစ်လာပါတော့တယ်။ Copenhagen က ၂၀၁၄တုန်းကထွက်ထားတဲ့ အင်ဒီကားလေးတစ်ကားပါ။ပရိသတ်တွေဆီကရော ဝေဖန်ရောဆရာတွေဆီကပါ ရီဗျူးအကောင်းတွေပိုင်ဆိုင်ထားပြီး၊ ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုတွေရထားပါတယ်။ အင်ဒီကားဆိုပေမယ့် နားလည်ရခက်အောင် ပညာပြထားတာတွေမပါဝင်ပဲ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောလို့ရမယ့် ဇာတ်ကားလှလှလေးတစ်ကားလည်းဖြစ်ပါတယ်။
...

The Beautiful Game (2024) ⭐IMDB: 6.3/10 (3 k Votes) 🎬 #Drama #Sport 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates ⏰ 2 နာရီ 6 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.3/10, Rt 88% ရရှိထားတဲ့ Sport/Drama ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကြီး Bill Nighy (Pirates of the Caribbean film ထဲက ရေဘဝဲလူသားကြီး Davy Jones) နဲ့ Micheal Ward (Top Boy ထဲက Jamie) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ နည်းပြ မယ်လ်က အကျော်ဇေယျ ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘောလုံးအသင်းကို ရောမမှာပြုလုပ်တဲ့ နှစ်စဉ် အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆု ရရှိအောင် အစွမ်းကုန် ကြိုးစားနေသူပါ။ အိမ်ခြေမဲ့ကမ္ဘာ့ဖလားဆိုတာကတော့ နိုင်ငံအနှံ့က အိမ်ခြေမဲ့တွေကပဲ ဝင်ပြိုင်နိုင်တဲ့ ပုံမှန် ဘောလုံးပွဲနဲ့ မတူတဲ့ ၄ယောက်တစ်သင်း ဘောလုံးပြိုင်ပွဲပါ။ နှစ်စဉ်ယှဉ်ပြိုင်ခဲ့ပေမဲ့လည်း တစ်ခါမှ အနိုင်မရဖူးဘဲ ရှုံးပဲရှုံးနေလို့ အပူတပြင်း နိုင်လိုစိတ်ပြင်းပြနေတဲ့ နည်းပြမယ်လ်က နဂိုလေ့ကျင့်နေတဲ့ကစားသမားတွေအပြင် နောက်ထပ် ကစားသမားအသစ်တစ်ယောက်ကိုပါ ဝင်ပြိုင်စေခဲ့ပါတယ်။ သူကတော့ ဗင်နီဖြစ်ပြီး သူမတူ ထူးချွန်တဲ့ အရည်အချင်းတွေရှိသူပါ။ ရုတ်တရက်ကြီး ပြိုင်ပွဲနီးမှ အဖွဲ့ဝင်အသစ်ရောက်လာတာမို့ အသင်းသားတွေနဲ့ အံဝင်ဂွင်ကျမဖြစ်ဘဲ အချင်းတွေများ ကတောက်ကဆတွေဖြစ်ကာ အခက်ကြုံရမယ့်အခြေအနေတွေကို ရင်ဆိုင်လာခဲ့ရချိန်မှာတော့.. မယ်လ်က ဘာဖြစ်လို့များ ဗင်နီ့ကို ရုတ်တရက်ကြီး ခေါ်သွင်းခဲ့တာလဲ.. ဗင်နီကရော သူမတူတဲ့ အရည်အချင်းတွေရှိပါလျက် ဘာလို့ အတည်တကျ ဘောလုံးအသင်း မရှိရတာလဲ.. အသင်းသားတွေနဲ့ အဆင်ပြေပြေနေနိုင်ပြီး အိမ်ခြေမဲ့ကမ္ဘာ့ဖလားကိုရော အရယူနိုင်ပါ့မလား.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)
...

Hot Rod (2007) ⭐TMDB: 64% User Score 🎬 #Action #Comedy #Drama 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ဆက်လက်အားပေးနိုင်ပါပြီ။
...

The Bank Job (2008) ⭐TMDB: 68% User Score 🎬 #Crime #Drama #Thriller #Uncategorized 🗓 2008 🎞 movie 🌎 #Australia #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း သည်းထိပ်ရင်ဖိုဘဏ်ဖောက်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာတော့ Jason Statham က အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ ဟာကင်မ်ဆိုတဲ့ မူးယစ်ဆေးမှောင်ခို ဒုစရိုက်သမားတစ်ယောက်ဟာ ဗြိတိသျှတော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ညစ်ညမ်းတဲ့ဓာတ်ပုံတချို့ကို မှတ်တမ်းတင်ရိုက်ကူးထားပြီး ခြိမ်းခြောက်အကျပ်ကိုင်နေတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို ဘဏ်တစ်ဘဏ်ရဲ့ အလုံပိတ်ခန်းတစ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားတယ်လို့ ဗြိတိသျှထောက်လှမ်းရေးက သတင်းရတယ်။ အဲဒီအခါမှာ ဒီဘဏ်ကိုဖောက်ထွင်းဖို့အတွက် အကြောင်းဖန်လာတော့တယ်။ ဒါကြောင့် ဘဏ်ကိုဖောက်ဖို့အတွက် တယ်ရီ( Jason Statham)ဦးဆောင်တဲ့ လူဆိုးတစ်ဖွဲ့ကို ငှားပြီး အကောင်အထည်ဖော်ပါတော့တယ်။ ဒီဇာတ်ကားဟာ တခြားစိတ်ကူးယဉ် ဘဏ်ဖောက်ကားတွေလိုမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်တာကြောင့် လက်တွေ့ဆန်တယ်၊ စိတ်လှုပ်ရှားစရာကောင်းတယ်။ အပိုအလိုတွေမပါဘဲ ထိထိမိမိရိုက်ကူးတင်ဆက်ထားနိုင်တယ်။ အစိုးရအရာရှိကြီး‌တွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ အကွက်ချကြံစည်မှုတွေကို အရှိကိုအရှိအတိုင်း မချန်လှပ်ပဲပြသထားတာပါ
...

Perfume: The Story of a Murderer (2006) ⭐TMDB: 74% User Score 🎬 #Adult #Crime #Drama #Fantasy 🗓 2006 🎞 movie 🌎 #Belgium #France #Germany #Spain #UnitedStatesofAmerica ⏰ 2 နာရီ 27 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ လူသားကို ပေါက်စီထဲ ထည့်ပြီး စားတာ ရှိမယ်၊ steak အဖြစ်နဲ့ medium rare လေး ချက်စားကြတာမျိုး ရုပ်ရှင်တွေ ရှိပါတယ်။ ဒါပေမယ့် လူတွေကိုသတ်ဖြတ်ပြီး ရေမွှေးလုပ်တာတော့ မရှိသေးပါဘူး။ ဒီအတွက်ကြောင့် ဦးဦးဖျားဖျားလေးဖြစ်အောင် လူသတ်ပြီး ရေမွှေးလုပ်ဆွတ်တဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကို ပဲရစ်မြို့ ၁၇၃၈-၁၇၆၇ ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ ဂျင်းဗတ္တိစ်ဂရန်နျူရီက ပဲရစ်မြို့ ငါးစိမ်းတန်းမှာ မွေးဖွားခဲ့တဲ့ အနံ့ခံကောင်းတဲ့ ပါရမီရှင်လေးပါ။ သူ့ရဲ့ပါရမီက ဘုရားက အပ်နှင်းတဲ့ လက်ဆောင်လို့ပဲဆိုရမလား ကျိန်စာလို့ပဲဆိုရမလား၊ သူရဲ့ အနံ့ခံပါရမီကြောင့် မွေးမွေးချင်းမှာတင် သူ့အမေက ကြိုးစင်ပေါ်တက်လိုက်ရပါတယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာ ရောက်သွားပြီး ထိုကနေမှတဆင့် စက်ရုံတစ်ခုမှာ ကျွန်အဖြစ်ရောင်းစားခံလိုက်ရပါတယ်။ ဂရင်းမဲ သားရေသန့်စင်စက်ရုံမှာ အလုပ်လုပ်ရင်း မြို့ထဲမှာ ပစ္စည်းသွားပို့နေတုန်း အလွန်တရာကို ထူးခြားတဲ့ အနံတစ်ခုကို ရလိုက်ပါတော့တယ်။ ထိုအနံ့ကတော့ မိန်းကလေး တစ်ယောက်ကို သတ်လိုက်ပြီး ထွက်ပေါ်လာတဲ့ အနံ့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ မိန်းကလေးတွေကို သတ်ပြီး ရတဲ့အနံ့ကို အလွန်စွဲလန်းသွားပြီး ရေမွှေးလုပ်ဆွတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ သူ ဘယ်လို မိန်းကလေးတွေကို သတ်မလဲ၊ ရေမွှေးကို ဘယ်လိုဖန်တီးမလဲ၊ သူရဲ့ ရက်စက်လှတဲ့ လူသတ်မှုတွေကနေ မိန်းကလေးတွေ လွတ်မြောက်နိုင်ပါ့မလား၊ သူရဲ့လုပ်ရပ်အတွက်ရော သူအပြစ်ပေးခံရမှာလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ ဇာတ်လမ်းဦးစားပေးအနေနဲ့ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

Hitman (2007) ⭐TMDB: 61% User Score 🎬 #Action #Drama #Thriller 🗓 2007 🎞 movie 🌎 #France #Turkey #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Welcome Home, Brother! (2022) ⭐TMDB: 20% User Score 🎬 #Comedy 🗓 2022 🎞 movie 🌎 #CzechRepublic #Slovakia #Serbia ⏰ 1 နာရီ 46 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ အိမ်မှာ အေးအေးဆေးဆေးထိုင်ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးသောစိတ်ကျေနပ်မှုတွေကို ပေးစေနိုင်မှာပါ။ ဇာတ်ကားလေးရဲ့ဇာတ်လမ်း ဇာတ်ကြောင်းက ပေါ့ပေါ့ပါးပါးလေးပဲ တည်ဆောက်ထားပြီး စိတ်အပန်းပြေသွားနိုင်တဲ့ခံစားမှုတွေရချင်သူတွေကြည့်သင့်ပါတယ်။ ဇာတ်လမ်းအညွှန်းကို ရှင်းရှင်းလေးပဲပြောပြရရင် လက်ထပ်ခါနီးစုံတွဲတစ်တွဲက ကောင်မလေးရဲ့မွေးရပ်မြေရွာလေးမှာ လက်ထပ်ပွဲ‌လုပ်ဖို့ပြန်သွားကြ‌တာပေါ့။ အဲဒီရွာကလူတွေကလဲ တော်ရုံတန်ရုံအပူအပင်တွေမရှိပဲနဲ့ အမြဲတမ်းနေချင်သလိုနေပြီး ဘာပဲဖြစ်ဖြစ်သောက်မယ်ဆိုတဲ့ရွာတစ်ရွာပါပဲ။ ဖြစ်ချင်တော့ သတို့သားကရိုးရိုးအေးအေး‌နဲ့ သတ်သတ်လွတ်စားပြီး အရက်ဆို အနံ့တောင်မခံတဲ့လူပါ။ အဲဒီမှာ အရက်မသောက်တဲ့သူနဲ့ တစ်ရက်မှာ ၂၄နာရီအရက်သောက်တဲ့ရွာနဲ့တွေ့ပြီး သတို့သားလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအနေနဲ့ အမြဲတမ်းတစ်လွဲတွေလုပ်နေတဲ့ ထိုရွာကလူတွေကိုကြည့်ပြီး ပြုံးပျော်ရမှာသေချာတဲ့အတွက် အေးအေးဆေးဆေးရှိတဲ့အချိန်မှာကြည့်ရှုခံစားပေးကြပါဦး။
...